← Chapters

သွေးရင်း

Vol. 25 Ch. 412

သွေးရင်း

Vol. 25 Ch. 412

“ဘော့စ်…”

စစ်ထူရှင်းက ကုန်းထျန်းဟောက်ရဲ့အခန်းဆီ ဂရုတစိုက်လျှောက်သွားလိုက်ပြီး အော်သံကိုကြားလိုက်ရကာ

“အား၊ မင်းကဘယ်သူလဲ? ငါ့ဘော့စ်ဘယ်မှာလဲ?”

“ထွက်သွားစမ်းကွာ!”

အေးစက်တဲ့အမိန့်တစ်ခုပဲ သူ့ကိုပြန်ဖြေသည်။

“အိုး ဘော့စ်ဖြစ်နေတုန်းပဲကိုး!”

စစ်ထူရှင်းက သူ့ရင်ဘတ်ကို ပုတ်လိုက်ကာ သိသိသာသာကြောက်လန့်နေသည်။

“ကျွန်တော်သေလောက်အောင်ကြောက်သွားတာ။ ကျွန်တော့်အထင် တစ်ယောက်ယောက်က…”

တစ်ယောက်ယောက်က သူ့ကိုသတ်ပြီး သူ့နေရာကို ယူသွားတယ်လို့ ပြောချင်ပေမယ့် သူ့ဘော့စ်က ဒါကိုကြိုက်မယ်လို့ မထင်ပေ။ စစ်ထူရှင်းက သူ့စိတ်ခံစားချက်တွေကို ထိန်းညှိလိုက်ပြီး စူးစမ်းစွာမေးမြန်းကာ

“ဘော့စ်၊ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ? ဘော့စ်က… ဘော့စ်ကို တော့မှတ်တောင်မမှတ်မိတော့ဘူး”

အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်ရဲ့မုတ်ဆိတ်မွေးက ကပိုကရိုဖြစ်နေပြီး သူ့မျက်နှာက မျက်တွင်းကျနေကာ မျက်လုံးတွေက မှေးမိန်နေသည်။ အနံ့အသက်တွေကို အရမ်းအထိမခံဖြစ်တဲ့ စစ်ထူရှင်းက ထူးဆန်းတဲ့ခပ်ရေးရေးအနံ့တစ်ခုကို တကယ်ကြီးရလိုက်သည်။

စစ်ထူရှင်းက သူ့‌နှာခေါင်းကိုရှုံ့လိုက်ပြီး ကုန်းထျန်းဟောက်ကို အံ့ဩကြောက်လန့်စွာ ကြည့်လိုက်သည်။

‘အိုးဂေ့ါဒ်၊ ဘော့စ်နောက်ဆုံးရေချိုးထားတာ ဘယ်နေ့ကတည်းကပါလိမ့်?’

သူ့ဘော့စ်က ဘယ်လောက်သန့်ပြန့်မှန်း သူသိသည်။ ဒါပေမယ့်လည်း အခု သူ့ဘော့စ်က သူတောင်းစားတစ်ယောက်နဲ့တူနေသည်။ ၎င်းက အရမ်းအံ့ဩစရာကောင်းသည်။

သူ့ဘော့စ်က ဘယ်လောက်အခက်အခဲကြီးတွေကို ကြုံခဲ့ရတာပါလိမ့်?

ဘော့စ်က သူ့မိန်းမနဲ့ စကားများထားမှန်း ရှောင်မိသားစုနဲ့ သခင်ကြီး‌ဆီကနေ သူသိထားသည်။ ဒါပေမယ့်လည်း ဘယ်လိုအချင်းများမှုမျိုးက ငရဲဘုရင်ကြီးကို ဒီလိုသူတောင်းစားအဖြစ် ပြောင်းပစ်လိုက်တာလဲ?

စစ်ထူရှင်းရဲ့ စိတ်က သိချင်စိတ်တွေပြင်းပြနေသည်။ စစ်ထူရှင်းက အရသာရှိတဲ့အစားအစာတွေနဲ့ သူ့ကိုသူ သတိပေးလိုက်ပြီး ဘွားဘွားရှောင် သူ့ကိုပေးထားတဲ့တာဝန်ကို ပြီးဆုံးစေဖို့ ကျိန်ဆိုလိုက်သည်။ ဒါပေမယ့်လည်း သူ့ဘော့စ်က သူ့ကိုနားမထောင်ချင်မှန်း သူသိသည်။

စစ်ထူရှင်းက ဂရုတစိုက်နဲ့ ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်သည်…

“ရပ်စမ်း!”

ကုန်းထျန်းဟောက်က ခပ်တင်းတင်းအော်လိုက်သည်။

စစ်ထူရှင်းက ချက်ချင်းရပ်လိုက်ပြီး နောက်ထပ်ခြေတစ်လှမ်း မလှမ်းရဲပေ။

“သွားစမ်းကွာ!”

ကုန်းထျန်းဟောက်က ထပ်ပြီး တင်းတင်းမာမာပြောလိုက်သည်။

စစ်ထူရှင်းက ချက်ချင်းလှည့်ထွက်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။ ဒါပေမယ့်လည်း သူလှည့်လိုက်တဲ့အချိန်မှာ မျက်လုံးတွေက လှစ်ကနဲရွေ့ကာ သူ့ဟာသူရေရွတ်လိုက်သည်။

“ဟူး၊ဒီနေရာကတစ်ယောက်ကလည်း မစားချင်ဘူး။ ရှောင်မိသားစုကတစ်ယောက်ကလည်း မစားချင်ပြန်ဘူး။ ဒီလူတွေက မသေမျိုးတွေမှမဟုတ်ဘဲ။ ဒါသူတို့ ကျန်းမာရေးအတွက် မကောင်းဘူးလေ”

ဒါကိုပြောပြီးတော့ သူက တံခါးတည့်တည့်ကို လမ်းလျှောက်သွားလိုက်သည်။

“ရပ်လိုက်!”

ကုန်းထျန်းဟောက်က ချက်ချင်းသူ့ကိုတားလိုက်သည်။

စစ်ထူရှင်းက ရပ်တန့်လိုက်ပြီး ကုန်းထျန်းဟောက်ဆီ ကူကယ်ရာမဲ့စွာလှည့်လိုက်ကာ

“ဘော့စ်၊ ကျွန်တော့်ကို နေစေချင်တာလား။ ထွက်သွားစေချင်တာလား?”

သူက သူ့လက်တွေကို ဖြန့်လိုက်သည်။

ကုန်းထျန်းဟောက်ရဲ့ မှေးမှိန်နေတဲ့မျက်လုံးတွေက ချက်ချင်းစူးရှလာပြီး စစ်ထူရှင်းဆီ တည့်တည့်ကြည့်လိုက်သည်။

“ရှောင်မိသားစုမှာ ဘယ်သူကမစားတာလဲ?”

စစ်ထူရှင်းက နှုတ်ခမ်းကွေးလိုက်သည်။ သူ့ဘော့စ်က ဒါကို ဂရုစိုက်မယ်မှန်း သူသိသည်။ ဒါပေမယ့်လည်း ဒါက သူ့ကိုပိုပြီး ရှုပ်ထွေးစေသည်။

သူတို့နှစ်ယောက်လုံးကို ဗိုက်အဆာခံနေစေရတဲ့အထိ သူတို့ကြားထဲက အချင်းများမှုကဘာလဲ?

သူ၎င်းကို ကုသပြေလည်စေနိုင်အောင် သူတို့အချင်းများမှုရဲ့ အခရာကိုရှာရမည်။ တစ်ချိန်တည်းမှာပဲ သူက ရှောင်လင်းယွီကို ပိုအထင်ကြီးသွားသည်။ သူက သူ့ဘော့စ်နဲ့ သခင်ကြီးရဲ့ ထောက်ခံမှုကို အနိုင်ယူလိုက်နိုင်သည်။ သူ့ဘော့စ်က သူမအတွက် သူတောင်းစားတစ်ယောက်အဖြစ်တောင် ပြောင်းသွားသည်။ သူ့ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့သာမမြင်ဘူးဆိုရင် ၎င်းကို သူယုံကြည်မှာမဟုတ်ပေ။

သူဌာနချုပ်‌ဆီ ပြန်သွားရင် သူ့ရဲ့အပေါင်းအပါတွေကို‌ ဘော့စ်ရဲ့အနိမ့်ဆုံးအခြေအနေကို မြင်ဖူးတယ်ဆိုတာကို ကြွားလို့ရပြီဖြစ်သည်။

စစ်ထူရှင်းက ချက်ကျလက်ကျနဲ့

“ဘယ်သူဖြစ်ရဦးမှာလဲ? အဲ့ဒါမရီး… ရှောင်လင်းယွီလေ”

“ယွီအာလား?”

‌ဒီအဖြေကိုကြားတော့ ကုန်းထျန်းဟောက်က မျက်မှောင်ကျုံ့ပြီး ရေရွတ်လိုက်ကာ

“မဖြစ်နိုင်တာ၊ သူက ကလေးတစ်ယောက်နဲ့ ကိုယ်ဝန်ရှိနေတာ။ သူဘယ်လိုလုပ်မစားဘဲနေနိုင်မှာလဲ?”

သူက စကားနှစ်ခွန်းကို တစ်ခါတည်းပြောလိုက်ပေမယ့် သူ့လေသံက စိုးရိမ်မှုတွေ ပူပန်မှုတွေနဲ့ ပြည့်နေသည်။ ဘာတွေပဲဖြစ်ဖြစ် သူက သူမအတွက် စိုးရိမ်နေတုန်းဖြစ်သည်။ သူက သူမကို စွဲလမ်းနေသည်။

ကုန်းထျန်းဟောက်က ခါးခါးသီးသီးပြုံးလိုက်သည်။ ချစ်မိသွားတဲ့အတွက် ပထမဆုံးအရာကတော့ ရှုံးဖို့ ကြမ္မာဖန်လာခြင်းပဲဖြစ်သည်။

'ရှောင်လင်းယွီက ငါ့ကိုသဘောကျနေတာလားလို့တောင် ငါမပြောနိုင်ပေမယ့် သူ့အတွက်စိုးရိမ်နေတာကို ငါရပ်လို့မရဘူး’

စစ်ထူရှင်းက ကုန်းထျန်းဟောက်ရဲ့အမူအယာကို အာရုံစိုက်နေခဲ့သည်။ ဒါပေါ့ သူ့မျက်နှာပေါ်က ခါးသီးတဲ့အပြုံးကိုလည်း မြင်လိုက်ရတယ်လေ။

ရုတ်တရက်ကြီး သူတိတ်ဆိတ်သွားသည်။ သူက စိတ်ထဲက သက်ပြင်းချလိုက်သည်။

‘ကြည့်ရတာ ဘော့စ်က တကယ်ချစ်မိသွားတာနဲ့တူတယ်’

အချစ်က ငရဲဘုရင်ကြီးကို ရရှိမှုနဲ့ ဆုံးရှုံးမှုတွေကို အရမ်းဂရုစိုက်တတ်တဲ့တစ်စုံတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်။

စစ်ထူရှင်းမှာ ရုတ်တရက် အချစ်ရဲ့နားလည်ရခက်တဲ့ကြောက်ရွံ့မှုကြီးရှိသွားသည်။ အချစ်က တကယ့်ကို နှိပ်စက်တတ်သည်။ သူကတော့ မချစ်ချင်ပေ။

စစ်ထူရှင်းက ရုတ်တရက် စူးစမ်းစွာနဲ့

“ဘော့စ်၊ ဘော့စ်နဲ့ မရီးကြားမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ?”

ကုန်းထျန်းဟောက်က ချက်ချင်းထလိုက်ပြီး သူမစားသောက်နေလားဆိုတာကို သေချာစေဖို့ ရှောင်မိသားစုဆီ ပြေးသွားလိုက်ချင်သည်။ ဒါပေမယ့်လည်း သူ့ခြေထောက်တွေကို မြှောက်လိုက်ပြီး ရုတ်သိမ်းလိုက်ကာ ကုလားထိုင်ပေါ် ပြန်လဲသွားသည်။

သူက စစ်ထူရှင်းမေးတာကို လုံးဝမကြားသလိုပဲဖြစ်သည်။ ဒါက သူနဲ့ ရှောင်လင်းယွီကြားက ကိစ္စဖြစ်သည်။ တခြားသူတွေကို ဒီအကြောင်းပြောပြဖို့ မလိုပေ။

ကုန်းထျန်းဟောက်ရဲ့အမူအယာကိုကြည့်ရင်း စစ်ထူရှင်းက ချက်ချင်း စိုးရိမ်လာသည်။

သူက

“ဘော့စ် ပြဿနာတစ်ခုခုရှိရင် ကျွန်တော်တို့ ဖြေရှင်းဖို့လိုတယ်လေ။ ဒါကို မစားမသောက်ဘဲနဲ့ ဖြေရှင်းလို့မှမရဘဲ။ အထူးသဖြင့် ရှောင်လင်းယွီလေ။ သူက ကိုယ်ဝန်ရှိနေတုန်းပဲ။ သူ ကျန်းကျန်းမာမာစားသောက်ဖို့လိုတယ်”

ကုန်းထျန်းဟောက် နည်းနည်းလှုပ်ရှားလာသည်။ သူက ခါးခါးသီးသီးရယ်မောလိုက်ကာ ကိုယ့်ဖာကိုယ်အပြစ်တင်စွာနဲ့

“သူကဘာလို့ စားချင်စိတ်ဆုံးရှုံးရမှာလဲ? သူက ငါ့ကို သူ့ချစ်သူကောင်လေးအနေနဲ့တောင် လုံးဝမြင်တာမှမဟုတ်ဘဲ၊ ဒီတော့ သူက ဒါအတွက် ဘာလို့စားချင်စိတ်မရှိရမှာလဲ?”

ကုန်းထျန်းဟောက်ရဲ့စကားတွေကိုကြားတော့ စစ်ထူရှင်း က ရှော့ခ်ရသွားသည်။ ရှောင်လင်းယွီက သူ့ကို သူမရဲ့ချစ်သူကောင်လေး‌အနေနဲ့ ဝန်မခံတဲ့အတွက် သူ့ဘော့စ်က စိတ်ဓာတ်ကျဆင်းနေသည်။ ဒါက တကယ့်ကို ပြဿနာကြီးဖြစ်သည်။ ၎င်းကိုသာ မဖြေရှင်းရင် အကျိုးဆက်တွေက စိတ်ကူးမယဉ်ရဲစရာပဲဖြစ်သည်။ စီးပွားရေးစူပါစတားကြီး ဖျက်ဆီးခံရတော့မလိုမျိုးပဲဖြစ်သည်။

စစ်ထူရှင်းက ရုတ်တရက် ကြီးမားတဲ့တာဝန်ကြီးတစ်ခုကို ခံစားလိုက်ရသည်။ ကုန်းထျန်းဟောက်သာပြိုလဲသွားရင် သူက အလုပ်သမား သိန်းချီ ဒါမှမဟုတ် သန်းချီနဲ့ သန်းနဲ့ချီတဲ့မိသားစုတွေရဲ့ပျော်ရွှင်မှုတွေကို ဆွဲချမိသွားလိမ့်မည်။

“အဟမ်း...”

စစ်ထူရှင်းက သူ့လက်သီးကို‌ဆုပ်ထားလိုက်ပြီး ပါးစပ်နားတွင်ကာရင်း အသံတိုးတိုးနဲ့

“အမ်းးး ဘော့စ်၊ ဘော့စ်နဲ့ မရီးကြားက ပြဿနာက ဘာလဲ‌ဆိုတာ ကျွန်တော့်ကိုပြောပြလို့ရမလား? ဒါဆိုရင် ဘော့စ်အတွက် ကျွန်တော်စီစစ်ပေးမယ်။ ကျွန်တော်တို့ ပြဿနာရဲ့အခရာကိုရှာတွေ့ပြီး ဖြေရှင်းနိုင်မလားဆိုတာကို ကြည့်ကြတာပေါ့”

ငရဲဘုရင်ကြီးက သူ့အစားအသောက်ကို လက်လျှော့ရလောက်တဲ့အထိဆိုတော့ ပြဿနာကကြီးမားရမည်။ ဒါပေမယ့် ဒီလို‌ဆိုရင်တောင် ပြဿနာကိုတော့ ဖြေရှင်းရမည်။ မဟုတ်ရင် အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်အောင် ဖြစ်လာလိမ့်မည်။

ကုန်းထျန်းဟောက်က နောက်ဆုံးမှာ စကားပြောချင်စိတ်နည်းနည်းပေါ်လာသည်။ သူက မျက်မှောင်ကျုံ့ပြီး အတွေးထဲမှာ နစ်နေပုံပေါ်သည်။ ခနလောက်နေတော့ သူက

“ရှောင်လင်းယွီက ငါ့ကိုလက်ထပ်ဖို့ ဘယ်တုန်းကမှ မစီစဉ်ထားခဲ့ဘူး”

“ဟ?!”

စစ်ထူရှင်း မျက်လုံးပြူးသွားသည်။ သူရှော့ခ်ရသွားသည်။ ပြဿနာကကြီးမှ‌န်းတော့ သူသိပေမယ့် ၎င်းက ဒီလောက်ကြီးကြီးမယ်လို့တော့ သူထင်မထားပေ။ ရှောင်လင်းယွီက သူ့ဘော့စ်ကို ကြိုးရှည်ရှည်နဲ့လှန်းထားချင်ပြီး သူ့ကိုလက်မထပ်ချင်ပေ။

"သူဘာလို့အရမ်းရက်စက်ရတာလဲ?"

ကုန်းထျန်းဟောက်က နားမလည်နိုင်ဖြစ်သွားသည်။

“ရက်စက်တယ်? မင်းဘာကိုဆိုလိုတာလဲ?”

အဲ့ဒီကျမှပဲ သူ့အတွေးတွေကို အသံထွက်ပြောလိုက်မိပြီမှန်း စစ်ထူရှင်း သဘောပေါက်သွားသည်။

သူ့နှာခေါင်းကိုတို့လိုက်ပြီး နှစ်ကြိမ်ချောင်းဟန့်လိုက်ကာ

“ဘော့စ်၊ လက်မထပ်ဖို့အကြောင်းပြချက်နဲ့ ဆက်ဆံရေးတစ်ခုထဲဝင်ရောက်တာက ရက်စက်ရာကျမှန်း ဘော့စ်မသိဘူးလား?”

ဒီတစ်ကြိမ်တော့ ကုန်းထျန်းဟောက်ရဲ့ အနည်းငယ်အံ့ဩသွားကလှည့်ပဲဖြစ်သည်။ စစ်ထူရှင်းက သူ့မျက်လုံးတွေက ဆွံ့အစွာ ကစားလိုက်သည်။ သူ့ဘော့စ်မှာ ၂၀၀အထက်ရှိတဲ့ အရမ်းမြင့်တဲ့အိုင်ကျူရှိသည်။ သူ့ဆီကနေ ဘာလှည့်ကွက်မှ မလွတ်နိုင်ပေ။ ဒါကြောင့် စီးပွားရေးလောကမှာ သူက အရာအားလုံးမှာ အောင်မြင်သည်။

သူ့အီးကျူကလည်း တကယ်တော့ အရမ်းမြင့်သည်။ ဒါပေမယ့် ၎င်းက သူ့မိတိဆွေအပေါင်းအသင်းတွေအတွက်သာဖြစ်သည်။ အချစ်ဆိုရင်တော့ သူ့အီးကျူက အရမ်းနိမ့်သည်။

ဒါပေ့ါ ဒါက ကုန်းထျန်းဟောက်အတွက် လူတိုင်းရဲ့ထင်မြင်ချက်ပဲလေ။

စစ်ထူရှင်းက ကုန်းထျန်းဟောက်ကို ဆယ်စုနှစ်တစ်ခုနီးနီးသိလာခဲ့တဲ့အတွက် ကုန်းထျန်းဟောက်ရဲ့ပထမဆုံးအချစ်တုန်းက သူရှိနေခဲ့သည်။ ၎င်းက ထူးထူးခြားခြားကို ဝမ်းနည်းဖွယ်ကောင်းသည်။

သူ့ရဲ့ရည်းစားဟောင်းကောင်မလေးက သူ့ကိုစွန့်ပစ်သွားပြီးတော့ သူ့ဘော့စ်က တစ်နေကုန်အရက်ပဲသောက်နေခဲ့ပြီး သတ်သေတော့မလိုဖြစ်ခဲ့သည်။ အဲ့ဒီအချိန်မှာ စစ်ထူရှင်းက စိတ်ထဲကနေပဲ သက်ပြင်းချနေခဲ့သည်။ သူက အဲ့ဒီမိန်းကလေးကို အရင်ကမြင်ဖူးသည်။ သူမက အကြံသမားမိန်းကလေးမှန်း ရှင်းလင်းနေပေမယ့် သူ့ဘော့စ်က ဒါကိုလုံးဝမပြောနိုင်ပေ။

ဒါပေ့ါ အဲ့ဒီအချိန်က အဲ့ဒီမိန်းကလေးက သူတို့ဘော့စ်ကိုနာကျင်စေမယ်မှန်း ဘယ်သူမှ မတွေးမိခဲ့တဲ့အတွက် အလိုလိုပဲ ဘယ်သူမှကြားမဝင်ခဲ့ပေ။

ဒါပေမယ့် အဲ့ဒီအရာတွေက အရမ်းမမျှော်လင့်ထားသလိုမျိုးဖြစ်လာမယ်လို့ ဘယ်သူကတွေးမိမှာလဲ?

သမိုင်းက သူ့ဟာသူ တစ်ကျော့ပြန်လာတာလား?

အဲ့ဒီမိန်းကလေးက သူတို့ဘော့စ်ကို အချစ်ထဲဆွဲချသွားခဲ့ပြီး ထွက်သွားကာ စိတ်ဒုက္ခတွေနဲ့လူးလှိမ့်စေရင်း ချန်ထားခဲ့သည်။ အခုလည်း သူ့ဘော့စ်က ဆက်‌ဆံရေးတစ်ခုမှာ ရှိချင်ပေမယ့် လက်မထပ်ချင်တဲ့မိန်းကလေးတစ်ယောက်ကို တွေ့ပြန်သည်။

‘ဒါပေမယ့် နေပါဦး။ ရှောင်လင်းယွီက ဘော့စ်ရဲ့ကလေးနဲ့ ကိုယ်ဝန်ရှိနေတာမဟုတ်ဘူးလား? မဟုတ်ဘူး သူမဟုတ်ဘူးဟ!’

စစ်ထူရှင်းက အစကမသိခဲ့ပေမယ့် ထောင်ယွမ်ရွာမှာ ရက်အနည်းငယ်နေပြီးတော့ ရှောင်လင်းယွီရဲ့မကောင်းတဲ့ကလေးအကြောင်း ရွာသားတွေပြောနေတာကို သူကြားခဲ့သည်။ သခင်လေးကုန်းက ဒါကို ဘယ်လိုသဘောမကျမှုမရှိဘဲ ကလေးကို သူ့ကလေးလိုမျိုး ဆက်ဆံတယ်ဆိုတာကို ပြောခဲ့ကြသည်။ စစ်ထူရှင်းက စဉ်းစားတွေးတောဖို့ ငြိမ်သက်လိုက်သည်။ သူ့ရဲ့ဘော့စ်ကို နောက်ထပ်မိန်းကလေးတစ်ယောက်ဆီကနေ နာကျင်ခွင့်မပြုပေ။

သူ့ရဲ့ဘော့စ်သာ ရှောင်လင်းယွီကို အဲ့ဒီလောက်ကြိုက်ရင် သူ့ဘော့စ်ကိုလက်ထပ်ဖို့ သူမကို သူပြန်ပေးဆွဲမည်။ ဘာလို့ သူတို့ကိုခွဲဖို့နည်းလမ်းတွေကို စစ်ထူရှင်း မစဉ်းစားတာလဲ?

ရှောင်မိသားစုနဲ့ အချိန်တွေကုန်ဆုံးပြီးတော့ စစ်ထူရှင်းက သူတို့ကို လက်ခံလိုက်သည်။ ရှောင်မိသားစုက ရိုးသားစစ်မှန်ပြီး ကြင်နာသည်။ ဒါ့ပြင် ရှောင်လင်းယွီက သခင်ကြီးကုန်းလက်ခံထားတဲ့ အနာဂတ်မြေးချွေးမဖြစ်သည်။ ၎င်းက အရင်က အဲ့ဒီမိန်းကလေးနဲ့ ကွာခြားသည်။

သခင်ကြီးကုန်းနဲ့ လက်အောက်ငယ်သားတွေကတောင် အဲ့ဒီမိန်းကလေးကို သဘောမကျပေ။ လက်အောက်ငယ်သားတွေက သခင်ကြီးကုန်းကို ယုံကြည်ကြသည်။ သခင်ကြီးကုန်းက သူ့မြေးကို ရှောင်လင်းယွီနဲ့ တွဲပေးဖို့ကြိုးစားနေတာလေ။ ဒီတော့ ကန့်ကွက်ရအောင် သူတို့က ဘယ်သူတွေမိုလို့လဲ?

သခင်ကြီးကုန်းရဲ့အတည်ပြုချက်က ရှောင်လင်းယွီက သူ့ဘော့စ်နဲ့သေချာပေါက်ထိုက်တန်တယ်လို့ ဆိုလိုနေသည်။

ရှောင်လင်းယွီ ဘာလို့လက်မထပ်ချင်ရလဲ‌ဆိုတာတော့ သူ့ရဲ့အလိုလိုသိစိတ်အရ ရှောင်လင်းယွီက သူမစိတ်ထဲမှာ ဒွိဟတစ်မျိုးမျိုးရှိနေတာဖြစ်ရမည်။ ကုန်းထျန်းဟောက်က ကိစ္စတွေကိုမြင်ဖို့ထိ ရုန်းမထွက်နိုင်ပေ။ ဒါပေမယ့်လည်း စစ်ထူရှင်းက ရှောင်လင်းယွီကို မြင်လိုက်တဲ့အချိန်ကတည်းက သူ့ဘော့စ်အတွက် သူမရဲ့ချစ်ခင်မှုကို သူမြင်နိုင်သည်။

စစ်ထူရှင်း ခနလောက်တွေးလိုက်ပြီး ပြတ်ပြတ်သားသားမေးကာ

“ဘော့စ်၊ ဘာလို့ မရီးက ဘော့စ်ကိုလက်မထပ်ချင်ရလဲ‌ဆိုတာကို သိလား?”

ကုန်းထျန်းဟောက်၊ “…”

သူ့အမူအယာက ကြက်သေသေသွားသည်။ သူက ခေါင်းခါလိုက်သည်။

ရှောင်လင်းယွီက သူ့ကိုလက်ထပ်ဖို့ ဘယ်တုန်းကမှ ထည့်မစဉ်းစားဖူးဘူးဆိုတာကို သူသိသွားတော့ သူနှလုံးသားကြေကွဲသွားသည်။ ပြီးတော့ သူက ဘာရှင်းပြချက်မှကို နားမထောင်ဘဲ ထွက်လာခဲ့သည်။

“ငါမသိဘူး”

ကုန်းထျန်းဟောက်က သူ့ခေါင်းကိုခါပြီး ခါးသီးတဲ့အပြုံးနဲ့ပြောလိုက်သည်။

“ငါက သူ့ကိုလိုက်ခဲ့တဲ့သူလေ။ သူက ငါ့ကို အစကတည်းက ဟက်ဟက်ပက်ပက်မရှိခဲ့တာ။ ငါ့ချစ်သူကောင်မလေးဖြစ်ဖို့ သူသဘောတူပြီးတာတောင် ငါချစ်သလိုမျိုး သူက ဆက်ဆံရေးထဲမှာ စိတ်ပါမလာဘူး။ သူက အရမ်းကိုတည်ငြိမ်လွန်းတယ်”

“ဒီတော့ ငါသူ့မိသားစုအတွက် လုပ်ပေးခဲ့တဲ့အရာတွေကို ကျေးဇူးတင်ဖို့ ငါ့ကောင်မလေးဖြစ်ဖို့ သဘောတူလိုက်တာလို့ပဲ ငါသံသယရှိတယ်။ “ဒါပေမယ့် ပြီးခဲ့တဲ့နှစ်လပြီးတော့ ငါသူ့ကိုကောင်းကောင်းသိတယ်လို့ ပြောလို့ရတယ်။ သူကအရမ်းတည့်တိုးကျပြီး ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပဲ။ ငါ့ကိုကျေးဇူးတင်တဲ့နည်းလမ်းတစ်ခုအနေနဲ့ သူ့ခန္ဒာကိုယ်ကို သုံးမှာမဟုတ်ဘူး။ သူနောင်ထပ်နည်းလမ်းတစ်ခုရှာမှာပဲ”

စစ်ထူရှင်းက ဒါကိုကြားပြီးတော့ ခေါင်းညိတ်လိုက်သည်။

“ဒီတော့ ဘော့စ်၊ ဘာလို့ မရီးက ဘော့စ်ကို လက်မထပ်ချင်ရတာလဲ? ဘော့စ်သူ့ကို တကယ်သဘောကျတယ်လို့ ကျွန်တော်ယုံတယ်။ ပြီးတော့ လူတိုင်းဒါကိုခံစားမိတယ်လို့လည်း ကျွန်တော်ထင်တယ်။ ရှောင်လင်းယွီက အရူးမှမဟုတ်ဘဲ။ သူလည်းခံစားမိမှာပဲ”

“သူက ဖြောင့်မတ်တဲ့မိန်းကလေးတစ်ယောက်လို့ပြောတယ်နော်။ ဘော့စ်ရဲ့ကြင်နာမှုကိုပြန်ပေးဆပ်ဖို့ ဒါက သူရွေးချယ်လိုက်တဲ့နည်းလမ်းဆိုရင်တောင် ဒါက ပြန်ပေးဆပ်တာမှမဟုတ်ဘဲနဲ့ ဘော့စ်ရဲ့ခံစားချက်တွေနဲ့ကစားပြီး လက်စားချေတာပဲ။ ဘော့စ် တကယ်တော့ အပြင်လူတစ်ယောက်ရဲ့ ရှုထောင့်အနေနဲ့ ရှောင်လင်းယွီကလည်း ဘော့စ်ကို တကယ်သဘောကျတာကို ကျွန်တော်မြင်နိုင်တယ်။ ဒီလိုဆိုရင် ဘယ်ပြဿနာကိုများဖြေရှင်းလို့မရဘဲ နေမှာလဲ?”

“မင်းဘာပြောလိုက်တာလဲ? ထပ်ပြောဦး?”

ကုန်းထျန်းဟောက်က ရုတ်တရက် စိတ်လှုပ်ရှားစွာရပ်လိုက်ပြီး စစ်ထူရှင်း ရဲ့ ကော်လံကိုဆွဲလိုက်သည်။

သူက ထပ်ပြီးမေးကာ

“မင်းအခုလေးတင် ဘာပြောလိုက်တာ?”

စစ်ထူရှင်းက နားမလည်နိုင်ဖြစ်သွားပြီး ပြန်ဖြေကာ

“ဒီလိုဆိုရင် ဘယ်ပြဿနာကိုများဖြေရှင်းလို့မရဘဲနေမှာလဲ?”

“မဟုတ်ဘူး အဲ့ဒိရှေ့ကတစ်ခု”

ကုန်းထျန်းဟောက်က ပြောလိုက်သည်။

စစ်ထူရှင်းက ခနလောက်တွေးလိုက်ပြီး

“ရှောင်လင်းယွီကလည်း ဘော့စ်ကို တကယ်သဘောကျတာကို ကျွန်တော်မြင်နိုင်တယ်”

“ဟုတ်တယ် ဒါပဲ”

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ ပြီးနောက် သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်သွားပြီး

“စစ်ထူရှင်း၊ မင်းသေချာလား?”

စစ်ထူရှင်းက မူးမိုက်မိုက်နဲ့ခေါင်းညိတ်ကာ

“အင်းလေ”

ကုန်းထျန်းဟောက်က စစ်ထူရှင်း ရဲ့ကော်လံကို လွှတ်လိုက်ပြီး နားမလည်နိုင်စွာ ရေရွတ်ကာ

“ယွီအာက ငါ့ကိုသဘောကျမှတော့ ဘာလို့ငါ့ကို လက်မထပ်ချင်ရတာလဲ?”

သူ့ဘော့စ်က နောက်ထပ်ဘေးကျပ်နံကျပ်ထဲ မျောသွားတာကိုမြင်ရင်း စစ်ထူရှင်းက ဂရုတစိုက်နဲ့

“ဘော့စ် ရှောင်လင်းယွီက တခြားတစ်ယောက်ရဲ့ကလေးနဲ့ ကိုယ်ဝန်ရှိနေတာများလား။ ဒါကြောင့်.?.”

သူက ဘော့စ်ကို လက်မထပ်ရဲတာ....

ဒါပေမယ့် သူ့စကားမဆုံးသေးခင်မှာပဲ။ ကုန်းထျန်းဟောက်က သူ့ကို ကြားဖြတ်လိုက်ကာ

“မဖြစ်နိုင်တာ၊ အဲ့ဒီကလေးက ငါ့ကလေးအရင်းပဲ။ အဲ့ဒါငါ့ကလေးလေ။ ယွီအာက ဒါကို ကောင်းကောင်းကြီးသိတယ်”

“ဟာ!”

စစ်ထူရှင်း မျက်လုံးတွေက ရှော့ခ်ရပြီး ထပ်ပြူးသွားကာ အရမ်းမယုံသင်္ကာဖြစ်ပုံပေါ်နေသည်။

ဘာတွေဖြစ်နေတာလဲ?

***

All Chapters