← Chapters

အငြင်းပွားမှု

Vol. 25 Ch. 410

အငြင်းပွားမှု

Vol. 25 Ch. 410

သခင်ကြီးကုန်းက ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပြီး သူ့မျက်လုံးတွေက အခန်းဆီကို တစ်ချိန်ပြီးတစ်ချိန်ရွေ့ကာ မျက်ခုံးတွေက တွန့်ချိုးနေသည်။

‘ဘယ်နှရက်တောင်ရှိနေပြီလဲ? ခုကတည်းက သုံးရက်ရှိနေပြီ’

ဒီသုံးရက်အတွင်းမှာ ကုန်း‌ထျန်းဟောက်က သူ့အခန်းထဲမှာပဲနေပြီး လုံးဝထွက်မလာပေ။ ဒါက အရင်တုန်းက ဘယ်တုန်းကမှ မဖြစ်ဖူးတာမျိုးဖြစ်သည်။ သူရှောင်လင်းယွီကို လိုက်ဖို့ စီစဉ်ခဲ့တဲ့အချိန်ကတည်းက ရှောင်မိသားစုကို နေ့တိုင်း အချိန်မီ အစီရင်ခံသည်။ ပြီးနောက်မှာ သူက ရှောင်လင်းယွီကို အရမ်းဂရုတစိုက် ပြုစုသည်။

ဒါပေမယ့်အခု သူက ရှောင်မိသားစုဆီ ခြေတစ်လှမ်းမပြောနဲ့ ကုန်းမိသားစုတံခါးကနေတောင် ခြေတစ်လှမ်းမှမထွက်ပေ။

ဧည့်ခန်းထဲက စစ်ထူရှင်းက သစ်သီးတွေစားနေသည်။ ဒီသစ်သီးတွေကို ရှောင်မိသားစုကပို့လိုက်ပြီး ထူးထူးခြားခြားကိုအရသာကောင်းသည်။ အစားသမားစစ်ထူရှင်းက ၎င်းတို့ကို ဖုန်စုပ်စက်လိုပဲ မျိုချပစ်လိုက်သည်။ သူက အိမ်နားက သခင်ကြီးကုန်းကိုကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။

သူက နားမလည်နိုင်စွာနဲ့

“သခင်ကြီးကုန်း၊ ဘာတွေဖြစ်နေတာလဲ? သခင်ကြီး ဘာလို့လှည့်ပတ်လျှောက်နေတာလဲ? လာပြီး သစ်သီးတွေစားဦးလေ။ ဒီသစ်သီးတွေက ကျွန်တော်စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ။ ပြောရဦးမယ် ဒီသစ်သီးတွေကို ဘယ်ကဝယ်ခဲ့တာလဲ? ဘာလို့အရမ်းအရသာရှိနေရတာတုန်း?”

သခင်ကြီးကုန်းက အပူအပင်ကင်းတဲ့စစ်ထူရှင်းကိုကြည့်လိုက်ပြီး မပျော်မရွှင်နဲ့

“စား စား စား၊ မင်းသာ ကောင်းကောင်းစား!”

စစ်ထူရှင်းက တရိုတသေခေါင်းညိတ်ကာ

“ဟုတ် ကျွန်တော်သေချာပေါက် ကောင်းကောင်းစားမှာပါ။ သခင်ကြီး ဘာလို့ဒီလိုကြီးလမ်းလျှောက်နေတာလဲ? သခင်ကြီးစိတ်ထဲတစ်ခုခုဖြစ်နေလို့လား? ကျွန်တော့်ကိုပြောလေ။ ကျွန်တော်တို့ အတူတူဖြေရှင်းရင် ဖြေရှင်းနိုင်မှာပေါ့”

“ငါ့မှာရှိတယ်…”

သခင်ကြီးကုန်းက အစချီလိုက်ပေမယ့် ငယ်ရွယ်တဲ့စစ်ထူရှင်းကိုမြင်လိုက်ပြီး သူရဲလည်ဝယ်တဲ့မျက်လုံးတွေက လတ်ခနဲဖြစ်သွားသည်။ သူက ထိုင်ချလိုက်ပြီး ပြုံးကာ

“ကောင်လေးရှင်း၊ မင်းဒီရောက်နေတာ ဘယ်နှရက်ရှိပြီလဲ?”

စစ်ထူရှင်းက သူ့လက်ချောင်းတွေကို ရေတွက်လိုက်ပြီး

“သုံးရက်”

သခင်ကြီးကုန်း၊ “…”

မင်းဒါအတွက် လက်ချောင်းတွေနဲ့ ရေနေဖို့ လိုလို့လား?

“သုံးရက်”

သခင်ကြီးကုန်းက ထပ်ပြောလိုက်သည်။ ပြီးနောက်မှာ သူက

“ဒီသုံးရက်မှာ ဟောက်အာက တစ်ခုခုမှားနေတာကို အာရုံခံမိလား?”

စစ်ထူရှင်းက ခနလောက်တွေးလိုက်ပြီး

“ဟင့်အင်း၊ အားလုံးက ပုံမှန်ပဲလို့ ကျွန်တော်ခံစားရတယ်”

ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက ပုံမှန်အားဖြင့် တရင်းတနှီးရှိကြတယ်ဆိုတာကို သူမသိပေ။ ဒါကြောင့် သူက မူမမှန်တာတစ်ခုမှမတွေ့ခဲ့ပေ။

သခင်ကြီးကုန်း၊ “…”

သူက သက်ပြင်းချလိုက်ပြီး

“မေ့လိုက်တော့ မင်းကအကူအညီမရဘူး”

စစ်ထူရှင်းက သူ့ပါးစပ်ထဲကို စပျစ်သီးတစ်လုံးထည့်လိုက်ပြီး နှစ်ကြိမ်ဝါးကာ မျိုချပစ်လိုက်သည်။

ပြီးနောက်မှာ သူက နားမလည်နိုင်စွာနဲ့

“သခင်ကြီး ဘာတွေတွေးနေတာလဲ? ကျွန်တော်နားထောင်ပေးနေပါတယ်။ ကျွန်တော် ကူညီချင် ကူညီနိုင်မှာပေါ့”

သခင်ကြီးကုန်းက ထောင်ယွမ်ရွာကို လာကတည်းက မရပ်မနားစားသောက်နေတဲ့ စစ်ထူရှင်းကို ကြည့်လိုက်သည်။ သူ့မှာ ထပ်မေးချင်တဲ့ စိတ်မရှိတော့ပေ။ သူက သူ့လက်ကို မြှောက်ပြလိုက်ကာ

“ထားလိုက်တော့၊ မင်းကိုမေးမယ့်အစား ရှောင်မိသားစုကိုပဲသွားပြီး သူတို့ကိုပဲ ဒီအကြောင်းမေးလိုက်တော့မယ်”

စစ်ထူရှင်း၊ “…”

ဘာတွေဖြစ်ခဲ့မှန်း သူတကယ်ကိုမသိပေ။ သခင်ကြီးကလည်း သူ့ကိုဘာမှ မပြောပြဘူးလေ။ အင်းလေ သခင်ကြီးကုန်းက သူ့ကိုပြောပြချင်ရင် ပြောပြလိမ့်မယ်ပေါ့။

ဒါပေမယ့်လည်း သခင်ကြီးကုန်းက ရှောင်မိသားစုကိုသွားတော့ စစ်ထူရှင်းက သူနဲ့ လိုက်သွားခဲ့သည်။ တကယ်တော့ သူနဲ့အတူလိုက်သွားရတဲ့အကြောင်းရင်းက အရမ်းရိုးရှင်းသည်။ ရှောင်မိသားစုမှာ အရသာရှိတဲ့စားစရာတွေ အများကြီးရှိသည်။

စစ်ထူရှင်းရဲ့ဘဝမှာ ဝါသနာနှစ်ခုရှိသည်။

တစ်ခုက ဦးနှောက်တွေ လေ့လာဖို့နဲ့ တခြားတစ်ခုကတော့ စားဖို့ပဲဖြစ်သည်။

ဟုတ်တယ်။

ဒီလူကအစားသမားတစ်ယောက်ဖြစ်ပြီး အသေးစိတ်ဆိုရရင် အကောင်းကြိုက်သူတစ်ယောက်ဖြစ်သည်။ သူ့မှာ အရမ်းကောင်းတဲ့အစားအသောက်တွေအတွက် နက်ရှိုင်းတဲ့နှစ်သက်မှုရှိသည်။ မေမေရှောင်ရဲ့ခေါက်ဆွဲတွေကို စားပြီးသွားတော့ သူက နေ့တိုင်းစားရဖို့ ရှောင်မိသားစုနဲ့နေဖို့ ဆုံးဖြတ်ခဲ့သည်။ မေမေရှောင်က ဒီလိုတော်တဲ့စားဖိုမှုတစ်ယောက်မှန်း သူမသိခဲ့ပေ။ သူမက အကောင်းတကာ့အကောင်းဆုံးပဲဖြစ်သည်။ သူမက ကြယ်ခုနစ်လုံးစားဖိုမှုးတွေလုပ်တဲ့ဟင်းတွေထက်တောင် ပိုကောင်းသေးသည်။

ဒါပေမယ့်လည်း ရှောင်မိသားစုမှာနေဖို့နဲ့ နေ့တိုင်း သူတို့အစားအသောက်တွေကို မျှော်နေဖို့ထိ သူကဘယ်သူမိုလို့လဲ?

ကံကောင်းစွာပဲ သူက ကုန်းထျန်းဟောက်ရဲ့ညီလေးဖြစ်ပြီး ‌ကုန်းထျန်းဟောက်က ရှောင်မိသားစုကို နေ့တိုင်းလာကတည်းက သူက နောက်ကနေ လိုက်လိုက်လာသည်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့သုံးရက်လုံးလုံး ကုန်းထျန်းဟောက်က သူ့အခန်းထဲမှာ ပုန်းနေခဲ့သည်။ သူက အိမ်ကနေလည်း မထွက်ပေ။

ကပ်ပါးရပ်ပါးစစ်ထူရှင်းက ရှောင်မိသားစုကို သွားဖို့ အကြောင်းရင်းထပ်မရှိတော့ပေ။ ဒါပေမယ့်လည်း အစားစားချိန်တိုင်း သူ့ကို တစ်ယောက်ယောက်မြင်ပြီး စားသောက်ဖို့ မဖိတ်ခေါ်ခင်အထိ ရှောင်မိသားစု တံခါးဝမှာလျှောက်သွားနေသည်။ အဲ့ဒီကစပြီး သူ့ရဲ့ဂုန်းဆင်းမှုက ပိုပြီးတရားဝင်ဖြစ်လာသည်။

ရှောင်မိသားစုက အရမ်းအလုပ်များသည်။ ရှောင်လင်းယွီကလွဲရင် ကလေးတွေအပါအဝင် စားသောက်ပြီးတဲ့အခါ လူတိုင်းလမ်းလျှောက်ကြသည်။

စစ်ထူရှင်းက အခန်းထဲမှာ ရှောင်လင်းယွီနဲ့ နှစ်ယောက်တည်းမနေနိုင်ပေ။ သူသာနေရင် သူ့ဘော့စ်က သူ့ကိုထုလိမ့်မည်။ ဒါကြောင့် သူက စားသောက်ပြီးတိုင်း ထွက်ခွာရသည်။

ထောင်ယွမ်ရွာမှာ သူဘာမှလုပ်စရာမရှိပေ။ ဒါကြောင့် သူက အချိန်အများစုမှာ ကုန်းမိသားစုနဲ့နေသည်။ သူက ဘာမှများများစားစားဂရုစိုက်မနေပေ။ သဘာဝကျကျပဲ သူက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ တစ်ခုခုလွဲနေတာကိုလည်း မတွေ့ပေ။

တစ်ချိန်တည်းမှာပဲ ရှောင်လင်းယွီရဲ့ နီရဲပြီးဖူးယောင်နေတဲ့မျက်လုံးတွေကို ရှောင်မိသားစုဝင်တွေ သတိပြုမိလိုက်ကြသည်။ ပြီးနောက်မှာ အချင်းချင်း နားမလည်စွာကြည့်လိုက်ကြသည်။ ဒါ့ပြင် ကုန်းထျန်းဟောက်က ရှောင်လင်းယွီကိုပြုစုဖို့ နေ့တိုင်းလာတတ်သည်။ ဒါပေမယ့်လည်း သူက ပြီးခဲ့တဲ့သုံးရက်လုံးလုံး ပေါ်မလာပေ။ ဒါက စုံတွဲတွေရဲ့ရန်ဖြစ်တာလို့ ရှောင်မိသားစု ခန့်မှန်းခဲ့သည်။

“ယွီအာ စားပြီးပြီလား? ထပ်စားသင့်တယ်နော်”

မေမေရှောင်က သူမရဲ့တူတွေကိုကိုင်နေတာမြင်လိုက်ပြီး တစ်လုတ်ချင်းစားနေတာကို မြင်လိုက်သည်။ သူမကို စိုးရိမ်တကြီး ဖျောင်း‌ဖျပေးဖို့ ကြိုးစားနေသည်။

သူမရဲ့သမီးက သုံးရက်လုံးလုံးဒီလိုဖြစ်နေတာဖြစ်သည်။ သူမက အစားအစာတိုင်းမှာ ပါးစပ်ပြည့်တစ်လုတ်နှစ်လုတ်ပဲစားပြီး ပြည့်သွားပြီလို့ ပြောသည်။ ရှောင်လင်းယွီ ကိုယ်အလေးချိန်တွေကျနေတာကို လူတိုင်းမြင်နိုင်သည်။ သူမသာ ကိုယ်ဝန်မရှိရင်တော့ ဒါကအဆင်ပြေသည်။

ဒါပေမယ့်လည်း သူမက ရှိနေတယ်လေ!

ဒီလိုသာဆက်ဖြစ်နေရင် ဒါက ကလေးအပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိနိုင်သည်။

ရှောင်လင်းယွီက သူမ တူတွေကို ချလိုက်ပြီး အေးဆေးစွာနဲ့

“အမေ သမီးဗိုက်ပြည့်နေပြီ”

ဒါကိုပြောပြီးတော့ သူမကထပြီး သူမအခန်းဆီ ပြန်ထွက်သွားသည်။

ရှောင်မိသားစုဝင်တွေက သူမကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

“ယွီအာဘာဖြစ်နေတာလဲ?”

ဒေါ်လေးရှောင်က သိချင်စိတ်နဲ့ မေးလိုက်သည်။

သူတို့က သုံးရက်လုံးလုံး တူညီတဲ့မေးခွန်းကိုပဲ မေးနေကြသည်။

မေမေရှောင်က ခန့်မှန်းကာ

“သူ ထျန်းဟောက်နဲ့ စကားများထားတာများလား? ထျန်းဟောက်လည်း ဒီကို သုံးရက်တောင်မလာဘူး”

ဒါမတိုင်ခင်က ကုန်းထျန်းဟောက်က သူမတို့သမီးကို အမြဲတမ်းဂရုစိုက်ပေးနေသည်။ သူတို့ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပေ။ ဒါပေမယ့်လည်း သူပေါ်လာပြီးကတည်းက သုံးရက်တောင်ရှိနေပြီဖြစ်သည်။ သူမတို့ရဲ့သမီးက အခန်းထဲမှာ လော့ခ်ချနေသည်။ အစာစားချိန်ကလွဲရင် သူမက ပေါ်လာခဲသည်။ အရင်က ရှောင်လင်းယွီမှာ အချိန်ရှိတတ်တိုင်း လမ်းလျှောက်ထွက်သည်။ ကုန်းထျန်းဟောက်က သူမနောက်က လိုက်သည်။ ဒါမှမဟုတ် သူမက အချိန်ကုန်စေဖို့ စာအုပ်ဖတ်သည်။ ကုန်းထျန်းဟောက်ကလည်း သူမဘေးမှာရပ်နေပြီး သူမကို လက်ဖက်ရည်၊ ရေနဲ့ သစ်သီးတွေ ပေးတတ်သည်။

ဒါပေမယ့် အခုကျ…

“ဒါပေမယ့် ဘယ်လိုစကားများတာမျိုး သူတို့ဖြစ်ထားတာလဲ?”

ရှောင်လင်းယွင်က စိုးရိမ်စွာနဲ့

“အစ်မကို ဒီလိုဆက်လုပ်စေနေလို့ မဖြစ်တော့ဘူး”

ရှောင်လင်းယွီက ကလေးမွေးမယ့်ရက်နဲ့ အရမ်းနီးကပ်နေပြီ။ ၎င်းက သေချာပေါက် နောက်ရမယ့်အရာတစ်ခု မဟုတ်ပေ။

“သုံးရက်အတွင်းမှာ ကလေးက ကိုယ်အလေးအချိန်တွေအများကြီးကျသွားတယ်”

ဒေါ်လေးရှောင်က စိတ်ပူစွာနဲ့

“ဒါသာ ရက်နည်းနည်းလောက် ဆက်နေရင်တော့ မကောင်းတော့ဘူး”

“ဒါပေမယ့် ငါတို့ဘာလုပ်နိုင်မှာလဲ?”

မေမေရှောင်က မျက်မှောင်ကျုံ့လိုက်သည်။

“ငါတို့သူ့ကို ဒီအကြောင်းမေးပြီးပြီလေ။ ဒါပေမယ့် သူက ငါတို့ကို ဘာမှမပြောပြဘဲ”

“ငါတို့တာဝန်ရှိတဲ့သူကိုတော့ ရှာရဦးမှာပဲ။ ဒါက ထျန်းဟောက်နဲ့ ယွီအာကြားက သဘောထားကွဲလွဲမှုကြောင့် ဖြစ်တာဆိုရင် ငါတို့ ထျန်းဟောက်ကိုပဲ ရှာလို့ရတော့မယ်”

ဘွားဘွားရှောင်က ပြောလိုက်သည်။

“ဒါပေမယ့် ထျန်းဟောက်ကလည်း ဒီမှာမရှိတာ သုံးရက်တောင်ရှိပြီ”

မေမေရှောင်က စိုးရိမ်စွာပြောလိုက်သည်။

“သူက ဒီကိုမလာရင် ငါတို့တွေ သူ့အတွက် သူ့နေရာကိုသွားကြမယ်လေ”

ဘွားဘွားရှောင်က ပြတ်ပြတ်သားသားပြောလိုက်သည်။

“ချိုးယင်၊ နင်ဘာကို စိုးရိမ်နေမှန်း ငါသိတယ်။ ဒါပေမယ့် ယွီအာက အခုပိုအရေးကြီးတယ်လေ”

မေမေရှောင်က ခနလောက် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ

“အမေ မှန်တယ်။ သမီးတို့ ယွီအာရဲ့ကျန်းမာရေးကိုပဲ အာရုံစိုက်ရမယ်”

လူတိုင်းက ဒီဆုံးဖြတ်ချက်ကို ဆွေးနွေးနေတုန်း သခင်ကြီးကုန်းက သူ့ရဲ့လမ်းလျှောက်တုတ်နဲ့ ရှောင်မိသားစုခြံထဲကို လမ်းလျှောက်လာပြီး အော်လိုက်ကာ

“အစ်မကြီး ဒီတော့ အစ်မကြီးလည်းဒီမှာကိုး"

အစ်မကြီး‌ဆိုတာက အလိုလိုပဲ ဘွားဘွားရှောင်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ဘွားဘွားရှောင်က မတ်တပ်ရပ်လိုက်ပြီး

“အစ်ကိုကြီး ကြိုဆိုပါတယ်။ ထိုင်ပါဦး၊ ကျွန်မတို့မစားရသေးဘူး။ အတူတူစားကြတာပေါ့။ ယွင်အာ ဇွန်းခက်ရင်းနှစ်စုံထပ်ထည့်လိုက်”

နောက်ထပ်အပိုတစ်စုံကတော့ ဒါပေါ့ စစ်ထူရှင်း အတွက်လေ။

သခင်ကြီးကုန်းက သူ့လက်ကို ခါပြလိုက်ပြီး

“အစ်မကြီး၊ ကျွန်တော်အခု ဘယ်လိုလုပ် စားချင်စိတ်ရှိမှာတုန်း?”

ဘွားဘွားရှောင်က ခန့်မှန်းလိုက်ပေမယ့် နားမလည်နိုင်ပုံဟန်ဆောင်ကာ

“အစ်ကိုကြီး ဘာများဖြစ်လို့လဲ?”

သခင်ကြီးကုန်းက သက်ပြင်းချလိုက်ကာ

“ဒါတွေအကုန် ကျွန်တော့်ရဲ့ သေနာကောင်လေးကြောင့်ပေါ့”

“ထျန်းဟောက် ဘာဖြစ်လို့လဲ?”

ဘွားဘွားရှောင်က စိုးရိမ်စွာမေးကာ

“ထျန်းဟောက် တစ်ခုခုဖြစ်လို့လား? သူတစ်ခုခု ဖြစ်နေတာလား?”

သခင်ကြီးကုန်းက မကျေမချမ်းနဲ့

“အဲ့ဒီကောင်လေးက သူ့အခန်းထဲမှာ လော့ခ်ချပြီး မစားတာ သုံးရက်ရှိပြီ။ သူက ရေတစ်စက်တောင်မသောက်ဘူး”

“အမ်?”

ဒါကိုကြားတော့ ရှောင်မိသားစုရဲ့အမူအယာက ပြောင်းလဲသွားသည်။

ဘွားဘွားရှောင်က စိုးရိမ်လာကာ

“ဒီကလေးက ဘာဖြစ်နေတာလဲ? သူဘယ်လိုလုပ် သုံးရက်တောင် မစားမသောက်ရတာလဲ? သူ့ခန္ဓာကိုယ်က ဒါကိုတောင့်ခံနိုင်မှာမဟုတ်ဘူး။ သူက စတီးနဲ့လုပ်ထားတာမှမဟုတ်ဘဲ”

သခင်ကြီးကုန်းက သဘောတူစွာ ခေါင်းညိတ်ကာ

“ဒါကျွန်တော်သူ့ကို ပြောတာပဲ”

ပြီးနောက်မှာ သူက သက်ပြင်းချကာ

“သူဘာခံစားနေရမှန်း ကျွန်တော်မသိဘူး။ သူ့ကို ဘယ်လောက်ပဲ ဖျောင်းဖျဖို့ ကြိုးစားကြိုးစား ကျွန်တော့်ကို ပြန်မဖြေဘူး။ ကျွန်တော့်ကိုကူညီဖို့ ကောင်လေးရှင်းရှိနေတာတောင် အသုံးမဝင်ဘူး”

စစ်ထူရှင်းရဲ့စိတ်က စားပွဲပေါ်က အစားအစာတွေရဲ့ ဆွဲဆောင်ခံရေလေသည်။ သခင်ကြီးက သူ့နာမည်ကိုခေါ်တာကြားလိုက်တော့ ခေါင်းညိတ်ပြီး

“ဟုတ်တယ် အမှန်ပဲ”

သူတို့ဘာတွေပြောနေကြမှန်း သူတကယ်မသိပေ။ ဒါပေမယ့်လည်း ၎င်းကိုခန့်မှန်းဖိုအထိတော့ သူလည်ဝယ်သည်။ ၎င်းက ဘော့စ်ရဲ့စားသောက်မှုလျော့နည်းတာပဲ ဖြစ်ရမည်။

“သူတို့နှစ်ယောက်လုံး တစ်ပုံစံတည်း လုပ်နေတာပဲ”

ရှောင်လင်းယွင်က အံ့အားသင့်စွာပြောလိုက်သည်။

“သူလည်း အစားအစာတိုင်းကို ပါးစပ်အပြည့် တစ်လုပ်နှစ်လုပ်ပဲစားတယ်”

ဒါကိုကြားတော့ သခင်ကြီးကုန်းက မျက်မှောင်ကျုံ့လိုက်သည်။ သူက မျက်လုံးတွေကျုံ့လိုက်ပြီး

“ကောင်မလေးလည်း မစားဘူးလား?”

ရှောင်မိသားစုဝင်တွေ ခေါင်းညိတ်လိုက်ကြသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

သခင်ကြီးကုန်းက ရုတ်တရပ်ထလိုက်ပြီး လေးလေးနက်နက်နဲ့

“ယွီအာက ကိုယ်ဝန်ရှိနေတာ! သူဘယ်လိုလုပ် မစားဘဲနေရတာလဲ။ သူက ဒါကို ဟာသလုပ်နေတာလား?”

“ဟုတ်ပါ့”

ရှောင်မိသားစုဝင်တွေက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ကျွန်မတို့ သူ့ကို ဖျောင်းဖျဖို့ကြိုးစားကြည့်တော့ သူမစားနိုင်ဘူးပဲပြောတယ်။ သူ့ကိုစားဖို့ ဖိအားပေးလို့မရဘူးလေ ဟုတ်တယ်မလား?”

သခင်ကြီးကုန်း၊ “…”

ဒါကအရေးကြီးမှန်း သူသိပေမယ့် ၎င်းက သူ့မြစ်လေးအကြောင်းစိုးရိမ်ခြင်းကို မရပ်တန့်စေပေ။ ဒီအချိန်အတွင်းမှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?

သူ့ကောင်‌ဆိုးလေးက သူ့မိန်းမနဲ့ စကားများထားတာ သိသာသည်။ ဒီကိစ္စကို အခုဖြေရှင်းဖို့ သော့ချက်က သူတို့ကို ပြန်လည်သင့်မြတ်စေဖို့ဖြစ်သည်။ ၎င်းကို ဆက်ဖြစ်ပွားခွင့်မပြုနိုင်ပေ။

သခင်ကြီးကုန်းက စိုးရိမ်စွာနဲ့

“ငါတို့ဘာလုပ်သင့်လဲ?”

ပြီးတော့ သူတို့အားလုံးက ဒီဆက်ဆံရေးမှာ ဘေးလူသာဖြစ်သည်။ အဘိုးကြီးကုန်းက ဒါကိုမေးတော့ ရှောင်မိသားစုက တိတ်ဆိတ်သွားသည်။ သူတို့သာ ဘာလုပ်ရမယ်မှန်းသိရင် ပြီးကတည်းက လုပ်ပြီးလောက်ပြီပေါ့။ သူတို့က ရှောင်လင်းယွီကိုသုံးရက် တောင် အဆာခံစေမှာမဟုတ်ဘူးလေ။

ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတဲ့အတွက် ရှောင်မိသားစုက တကယ့်ကိုစိုးရိမ်နေသည်။ သူမသာမရှိရင်တော့ သူတို့ဂရုမစိုက်ပေ။ သူမက ကလေးတစ်ယောက်မဟုတ်ဘူးလေ။ ဒါဆို ဘာလို့သူမကို အရမ်းဂရုတစိုက် စောင့်ကြည့်နေရမှာလဲ?

ဒါပေမယ့် ပြဿနာက သူမက လောလောဆယ်မှာ ကလေးတစ်ယောက်ကို လွယ်ထားသည်။

အဲ့ဒီအချိန်မှာ ပါးစပ်ထဲကို အစားအစာတွေထည့်နေတဲ့စစ်ထူရှင်းက ရုတ်တရက်

“သဘောထားကွဲလွဲတာရဲ့ အခရာကို ကျွန်တော်တို့ရှာတွေ့ရင်တော့ ဖြေရှင်းရတာ လွယ်မှာပေါ့”

သူ့မှာအခြေခံအနေနဲ့ သူ့အတွက် တစ်စားပွဲလုံးကိုရှိသည်။ သူ အရမ်းပျော်ရွှင်နေသည်။ လူတိုင်းက မျက်စိလှည့်လိုက်ကြသည်။ ဒါပေ့ါ သူတို့ ဒါကိုသိတာပဲဥစ္စာ။

“ရှောင်ရှင်းရယ်၊ ဒါပေမယ့် သူတို့အချင်းများတာရဲ့ အဓိကအချက်ကိုမှ ငါတို့မသိဘဲ”

မေမေရှောင်က မျက်မှောင်ကျုံ့လိုက်သည်။

“ဒါဆိုရင် မေးလိုက်လေ။ ဒါက အဖြေရဖို့ တည့်တိုးအဆန်ဆုံးနည်းပဲကို”

စစ်ထူရှင်းက နောက်ထပ် အစားတစ်ခုကို ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။

“ဒါတကယ့်ကိုအရမ်းအရသာရှိတယ်။ ကောင်းလွန်းလို့ ကျွန်တော်ငိုမိတော့မယ်”

ရှောင်မိသားစုက ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။

အဲ့ဒီအချိန်မှာ ဘွားဘွားရှောင်ရဲ့မျက်လုံးတွေက တောက်ပသွားပြီး

“လူငယ်လေးရှင်း၊ မင်းအဒေါ်ရဲ့ ဟင်းချက်လက်ရာက အအရသာရှိလား?”

စစ်ထူရှင်းက ခေါင်းညိတ်ပြီး ပြန်ဖြေကာ

“ဒါပေါ့၊ ဒေါ်လေးချန်ရဲ့အချက်အပြုတ်လက်ရာက တကယ်ကို အရသာရှိတာ”

ဘွားဘွားရှောင်ကပြုံးကာ

“လူငယ်လေးရှင်း၊ ဘွာဘွားရှောင်က မင်းကို တာဝန်တစ်ခုပေးချင်တယ်။ မင်းဒီတာဝန်ကို အောင်မြင်တာနဲ့ နောက်ကျရင် မင်းစားချင်တဲ့ဘယ်ဟင်းမဆို ပြောလို့ရတယ်။ မင်းအတွက် ဒေါ်လေးချန်ကို ငါချက်ခိုင်းပေးမယ်။ မင်းဘယ်လိုထင်လဲ?”

စစ်ထူရှင်းရဲ့မျက်လုံးတွေဝင်းလက်သွားပြဖိး စိတ်လှုပ်ရှားစွာနဲ့

“အဘွား၊ အဘွားပြောတာ တကယ်ပဲလား?”

ဘွားဘွားရှောင်က လေးလေးနက်နက် ခေါင်းညိတ်ကာ

“ဒါပေ့ါ အမှန်ပဲလေ”

“ဒါဆိုရင် အဘွား၊ တာဝန်ကဘာလဲ?”

***

All Chapters