အခန်း (၉၂၁-၉၂၅)
Vol. 62 Ch. 921-925
အခန်း ၉၂၁ စုံစမ်းခြင်းမရှိဘဲ စွပ်စွဲခြင်း
ရဲမေမှာ အသက်၂၇နှစ်လောက်ရှိပြီဖြစ်ကာ ရက်စက်သည့်စရိုက်ရှိပုံရသည်။
ကုနင်း၏တမူထူးခြားသည့်အလှနှင့် သူမဘေးမှခန့်ညားသည့်အမျိုးသားကို မြင်လိုက်သည်နှင့် ထိုရဲမေ၏မျက်လုံးထဲတွင် မနာလိုမှုအလင်းတန်းများ ဖြတ်ပြေးသွားလေသည်။
လူသတ်မှုဆိုသည့်စကားကြားသည်နှင့် အနားမှုဖြတ်သွားဖြတ်လာများကလဲ အနားသို့ဝန်းရံလာကာ ကုနင်းကို စောင်းကြည့်လာကြသည်။ ရဲမေကိုယ်တိုင်က ကုနင်းတို့ကိုဖမ်းလိုက်ဖို့ပြောနေတာကြောင့် ဖြတ်လျှောက်များကလဲ ကုနင်းကို လူသတ်သမားဟု ယုံကြည်လာကြသည်။
ရဲသားကျောင်းက ရဲမေ၏အပြောကြောင့် စိတ်အနှောင့်အယှက်ဖြစ်လို့သွားသည်။ “ရဲမေကျန်း၊ ငါတို့အခုထိ ဘာကိုမှစုံစမ်းစစ်ဆေးတာမလုပ်ရသေးဘူး။ တဖက်သတ်ကောက်ချက်ချတာမျိုးမလုပ်ပါနဲ့။”
ပုံစံအရ ရဲသားကျောင်းက လူဖြောင့်လူမှန်တစ်ယောက်ဖြစ်ပုံရသည်။
“ရဲသားကျောင်း၊ မိန်းကလေးကျင်းကို သူတို့သတ်တယ်ဆိုတာ အသိသာကြီးပဲလေ။ ဒီထက်သိသာနေတဲ့အချက်မရှိတော့ဘူး။ ဒီအမှုကို မြန်နိုင်သမျှအမြန်ဆုံး ပိတ်အောင်ရှင်မလုပ်ဘူးဆိုရင် ကျွန်မတို့ကို ပိုပြဿနာကြီးစေလိမ့်မယ်။” ရဲမေကျန်းက အေးအေးလူလူပင်ပြောလိုက်သည်။ ကုနင်းအပြစ်ကင်းတာမကင်းတာကို သူမလုံးဝဂရုမစိုက်ပေ။ သူမအနေနှင့် ဒီအမှုကို အမြန်ဆုံးပိတ်သွားဖို့သာဖြစ်စေချင်နေသည်။ သူမတွင် တရားမျှတလိုစိတ်ဟူသည် တစိုးတစိလေးမှပင်ရှိမနေပေ။
လုံခြုံရေးကင်မရာများမှမြင်ထားတာဆိုတော့ သူမထင်မြင်ချက်ကို ဘယ်သူမှသံသယဝင်ကြမည်မဟုတ်ပေ။ သူမအပြစ်ဖို့ချင်သည့်လူကိုဖို့ပစ်ဖို့က အလွယ်လေးသာဖြစ်သည်။
ကုနင်းနှင့်အခြားလူများကတော့ ရဲမေကျန်း၏အပြောကြောင့် ဒေါသထွက်ကုန်ကြတော့သည်။ လင်ရှောင်းထင်က သူတို့ကိုယ်သူတို့ ကာကွယ်ပြောဆိုခြင်းလုပ်လိုပေမည့် ကုနင်းက သူ့ကိုတားလိုက်တာကြောင့် ဆက်ငြိမ်နေလိုက်သည်။
ကုနင်းနှာခေါင်းရှုံ့လိုက်ကာ၊ “ဟမ့်၊ ဒီတော့ ရှင်ပြောချင်တာက ဘာကိုမှစုံစမ်းနေစရာမလိုဘဲ၊ ကျွန်မတို့မှာ အပြစ်ရှိပါတယ်ဆိုပြီး ရှင်ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့ရတယ်ပေါ့?”
“မိန်းကလေး၊ ကျွန်တော်တို့ကို အထင်မမှားပါနဲ့။”
ရဲမေကျန်း ပြန်မပြောနိုင်ခင်မှာဘဲ ရဲသားကျောင်းက ဝင်ပြောလိုက်သည်။ ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာအား ရဲမေကျန်းဖျက်စီးပစ်မည်ကို သူဒီအတိုင်းလွှတ်ပေးမထားနိုင်ပေ။
သို့ပေမည့် ကုနင်းကတော့ ပြန်လည်ငြင်းဆန်ခဲ့သည်။ “ရှင်တို့ကို အထင်မမှားနဲ့တဲ့လား? ရဲသားကျောင်း၊ ကျွန်မတို့က ငတုံးတွေမဟုတ်သလို ရဲမေကျန်းဘာကိုပြောလဲဆိုတာကို ကောင်းကောင်းကြီးနားလည်နိုင်စွမ်းရှိတယ်။ သူက သေသွားတဲ့မိန်းကလေးရဲ့နောက်ခံကြောင့် အမှုမြန်မြန်ပိတ်ချင်နေတာလေ။ လူသတ်သမားအစစ်ကိုရှာဖို့ ဘာလို့အချိန်လေးနည်းနည်းလောက် ပိုမသုံးချင်ကြရတာလဲ? ရှင်က ပြည်သူ့ဝန်ထမ်းမဟုတ်လို့လား၊ ရဲမေကျန်း?”
ကျန်းမေကျန်း ထိတ်လန့်သွားကာ ရှက်သွားတော့သည်။
ကုနင်း၏ပြန်လည်ခုခံစကားကိုနားထောင်ပြီးနောက် ဘေးနားမှဝိုင်းကြည့်နေကြသူများစွာသည်လဲ ဒေါသထွက်သွားကြသည်။
“ဘယ်လိုများလုပ်နိုင်ရတာလဲ?”
“အရင်ဆုံး စုံစမ်းစစ်ဆေးမှုတွေလုပ်သင့်တာပေါ့!”
“ပြည်သူ့ဝန်ထမ်းတွေဖြစ်မှတော့ ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်သင့်တာပေါ့။”
“ငါတော့ အနာဂါတ်မှာ အကူညီတစ်ခုခုလိုခဲ့ရင်တောင် ရဲစခန်းကိုသွားရဲတဲ့ သတ္တိရှိတော့မယ်မထင်ဘူး။”
……..
ပြစ်တင်ဝေဖန်မှုများကြောင့် ရဲမေကျန်း အလွန်ဒေါသထွက်လာတော့သည်။
ရဲသားကျောင်းသည်လဲ ရဲဌာနအပေါ် အမြင်ဆိုးများရှိသွားမည့်အဖြစ်မျိုး ဘယ်လိုမှမဖြစ်စေချင်ပေမည့် အခုတော့ အခြေအနေတွေက လွတ်ထွက်ကုန်ပေပြီ။ တကယ်တော့ ဒီအခြေအနေကနေပြီး ရဲမေကျန်းကိုလဲ သင်ခန်းစာရသွားစေဖို့ပါ မျှော်လင့်လို့နေမိသည်။
ရဲသားကျောင်းက ရဲမေကျန်းကို ဘယ်တုန်းကမှသဘောမကျခဲ့ပေ။ သူမက လုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ သူမစိတ်သဘောကျ ဆုံးဖြတ်ချက်များချပစ်တတ်သည်။ သူမက ဆာဂျင်၏တူမဖြစ်နေတာနဲ့ အရာရာတိုင်း သူမစိတ်ကြိုက်ချယ်လှယ်နိုင်မည်ဟု စုံလုံးကန်းနေသူဖြစ်သည်။
ရဲမေကျန်းက ပြန်လည်ငြင်းခုံပြောဆိုတော့သည်။ “နင်တို့မှာ အပြစ်မရှိပါဘူးဆိုတာသက်သေပြဖို့ အထောက်အထားရှိလို့လား? မျက်မြင်သက်သေရှိလို့လား?”
ထိုစကားကြောင့် ကုနင်းလှောင်ပြုံးသာပြုံးမိသွားတော့သည်။ “သက်သေစုဆောင်းရမှာက ရှင်တို့တာဝန်မဟုတ်ဘူးလား?”
“ရှင်ပဲ လုံခြုံရေးကင်မရာတွေစစ်ကြည့်တော့ ကျွန်မတို့နှစ်ယောက်တည်းရှိနေတာကိုပဲတွေ့တယ်ဆို၊ ကျွန်မက ဘယ်လိုလုပ် မျက်မြင်သက်သေတစ်ယောက် သွားရှာလို့ရမတဲ့လဲ? ကျွန်မတို့သတ်ပါတယ်ဆိုပြီးကော ရှင်မြင်ခဲ့လို့လား။ ကျွန်မတို့မှာ သေချာပေါက် အပြစ်ရှိပါတယ်ဆိုပြီး ဘယ်လိုများပြောနိုင်တာလဲ? စုံစမ်းစစ်ဆေးမှုတောင်မလုပ်ရသေးဘဲ ကျွန်မတို့မှာအပြစ်ရှိပါတယ်ဆိုပြီး တစ်ထစ်ချပြောလို့ရမလား။”
ကုနင်း၏ဒေါသအရှိန်အဟုန်က အနည်းငယ်လွတ်ထွက်လာခဲ့သည်။
ရဲဘက်က အခုထိ ဘာစုံစမ်းစစ်ဆေးမှုမှမပြုလုပ်ရသေးပေ။ သေဆုံးသည့်မိန်းကလေးအား ရှာတွေ့ခဲ့သူသည် ရဲဌာနနှင့်ပတ်သတ်နေသူဖြစ်တာကြောင့် သူ့မှာအပြစ်ရှိတယ်လို့ ဘယ်သူကမှမတွေးကြပေ။
ဒါကြောင့် အခင်းနေရာတွင် ကုနင်းနှင့်လင်ရှောင်းထင်တို့ ပေါ်လာသည်နှင့် သူတို့ကသာ လူသတ်သမားဖြစ်သည်ဟု ရဲမေကျန်းဇွတ်ပြောနေခြင်းဖြစ်သည်။
ရဲမေကျန်းတစ်ယောက်သာ ကုနင်းနှင့်လင်ရှောင်းထင်ကို အပြစ်ရှိပါတယ်ဆိုပြီး ပြောနေတာဖြစ်ပြီး ကျန်ရဲအရာရှိများကတော့ သူမတို့ကို စုံစမ်းစစ်ဆေးမှုတွင် သူတို့နှင့်ပူးပေါင်းစေလိုခြင်းသာဖြစ်သည်။
ကုနင်းက ထပ်ပြီးပြောလာပြန်သည်။ “ကျွန်မတို့ အဲ့နေရာမှာရှိနေခဲ့တဲ့အတွက် ကျွန်မတို့ကို သံသယဝင်တယ်ဆိုတာက နားလည်ပေးလို့ရပါတယ်။ ကျွန်မတို့ဘက်ကလဲ စုံစမ်းရေးမှာ ပူးပေါင်းပေးဖို့ ဆန္ဒရှိတယ်၊ ဒါပေမယ့် နောက်ဆုံးစုံစမ်းမှုရလဒ်မထွက်ခင် ကျွန်မတို့မှာ အပြစ်ရှိတယ်ဆိုပြီးတော့ ကြေညာလို့တော့မရဘူးလေ။ ကျွန်မတို့က သာမာန်နိုင်ငံသူနိုင်ငံသားတွေဆိုပေမယ့် ကျွန်မတို့ဂုဏ်သိက္ခာကိုညှိုးနွမ်းစေတဲ့အတွက်ကြောင့်ဆိုပြီး ရှင့်ကိုပြန်တရားဆွဲပိုင်ခွင့် မရှိတော့ဘူးလို့တော့ မဆိုလိုဘူး။”
ရဲမေကျန်း ဤတစ်ကြိမ်မှာတော့ ဘယ်လိုပြန်ပြောလို့ပြောရမှန်းမသိတော့ပေ။
“ရဲမေကျန်း၊ ဒီအမှုကို ငါတာဝန်ယူထားတာ။ မင်းဒီအမှုကို လက်လွှဲယူချင်တယ်ဆိုရင် အရင်ဆုံး ဆာဂျင်ကိုတင်ပြပြီး ငါ့ကိုဖယ်ထုတ်လိုက်ဦး။” ထိုအချိန်မှာပဲ ရဲသားကျောင်းကထပ်ပြီး ဖြတ်ပြောလိုက်ပြန်သည်။
ရဲမေကျန်းသည် အရည်အချင်းအများကြီးမရှိသော်လည်း လူသတိထားခံရတာကိုတော့ သဘောကျသည်။ သူမအခုလုပ်လိုက်တာတွေက လုံးဝအသုံးမဝင်ပေ။
ရဲမေကျန်း စိတ်တိုလာပေမည့် ဘာမှထပ်မပြောရဲတော့ပေ။ သူမဦးလေးက ဆာဂျင်ဖြစ်နေတာကြောင့် အလွန်မောက်မာနေတယ်ဆိုသော်လည်း သူမဦးလေးကိုတော့ ကြောက်ရသေးသည်။
***
အခန်း ၉၂၂ မိန်းကလေးထန်
“မိန်းကလေးရော ဒီဘက်ကလူကြီးမင်းရော ရဲမေကျန်းပြောတာတွေကို စိတ်ထဲမထားကြပါနဲ့။ ခင်ဗျားတို့ စုံစမ်းမှုပါ ပူးပေါင်းပါဝင်ပေးနိုင်ကြဖို့ မျှော်လင့်မိပါတယ်။” ရဲသားကျောင်းက ယဉ်ကျေးစွာပင် ကုနင်းနှင့်လင်ရှောင်းထင်ကို ပြောလိုက်သည်။
“ကျွန်မတို့ကို သံသယရှိနေတယ်ဆိုမှတော့ စုံစမ်းမှုပါ ပူးပေါင်းပေးနိုင်ပါတယ်၊ ဒါပေမယ့် ဒီအမှုက ကျွန်မတို့နဲ့ပတ်သတ်မှုလုံးဝမရှိဘူးဆိုတာကိုတော့ ပြောထားပါရစေ။ ဒီမနေ့ ၈နာရီ၅၀လေယာဉ်နဲ့ ကျွန်မတို့Bမြို့ကိုပြန်ကြမှာ။ စုံစမ်းစစ်ဆေးမှုကြောင့် ကျွန်မတို့လေယာဉ်လွတ်သွားမယ်ဆိုရင်တော့ လျော်ကြေးပေးရပါမယ်။”
ကုနင်း တမင်တကာ သူတို့ကိုခြောက်လှန့်လိုက်ခြင်းဖြစ်သည်။
ထိုစကားကြောင့် ရဲသားကျောင်းတို့အဖွဲ့မှာ တုံ့ဆိုင်းလို့သွားကြသည်။ လျော်ကြေးပေးမပေးက သူတို့နဲ့မှမဆိုင်ဘဲ။
“မိန်းကလေး၊ ကျွန်တော်တို့ကလဲ စုံစမ်းစစ်ဆေးမှုကြောင့် ဆုံးရှုံးမှုတစ်စုံတစ်ရာရှိလာမှာမျိုး မဖြစ်စေချင်ပါဘူး၊ ဒါပေမယ့် ဒီအမှုမှာ မင်းတို့ပါဝင်နေတဲ့အတွက် မင်းတို့မှာ ကျွန်တော်တို့နဲ့ပူးပေါင်းပေးဖို့ တာဝန်ရှိပါတယ်။” ရဲသားကျောင်းက လေသံမာမာဖြင့်ပြန်ပြောလိုက်သည်။
ဤအချိန်မှာတော့ လင်ရှောင်းထင်ဆက်ပြီးတိတ်မနေတော့ပေ။ သူက သူ့ရဲ့စစ်တပ်အရာရှိတံဆိပ်ကို ထုတ်ယူကာ ရဲသားကျောင်းကို ပြလိုက်သည်။ “ခင်ဗျား ကျွန်တော်တို့ကို သံသယရှိနေတုန်းဆိုရင် ကျွန်တော့်စစ်ဆေးမှုမလုပ်ခင် ကျွန်တော်တို့နိုင်ငံရဲ့စစ်တပ်ကခွင့်ပြုမိန့်ကို အရင်ဆုံးတောင်းရပါမယ်။”
လင်ရှောင်းထင်၏ စစ်အရာရှိအမှတ်တံဆိပ်ကိုမြင်ပြီးနောက် ရဲသားကျောင်းတို့အဖွဲ့ မျက်လုံးပြူး မျက်စံပြူးဖြစ်ကုန်ကြတော့သည်။
ဘာ? ဗိုလ်ချုပ်တဲ့လား?
ဒီလောက်ငယ်ငယ်လေးနဲ့လေ!
လင်ရှောင်းထင်က ဗိုလ်ချုပ်တစ်ယောက်ဆိုမှတော့ သူတို့မှာ သူ့ကိုစုံစမ်းမေးမြန်းပိုင်ခွင့်မရှိတော့ပေ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဗိုလ်ချုပ်ဖြစ်ဖို့ အရမ်းငယ်လွန်းတယ်!” ရဲမေကျန်းက မယုံကြည်နိုင်စွာပြောလိုက်သည်။
“ဘာပြောလိုက်တယ်? ဗိုလ်ချုပ်တဲ့လား?”
ဖြတ်လျှောက်များလဲ အလွန်အံ့ဩသွားကြသည်။
သာမာန်လူများအမြင်မှာတော့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ဖို့ဆိုလျှင် အနည်းဆုံးအသက်၄၀လောက်ရှိဖို့လိုသည်။ သို့ပေမည့် လင်ရှောင်းထင်ကတော့ ၂၀ကျော်သာရှိသေးပေသည်။
သူသာ တကယ်ပဲဗိုလ်ချုပ်တစ်ယောက်ဆိုလျှင် အရင်ကကြီးကျယ်သည့်စွမ်းဆောင်မှုများစွာလုပ်ထားလောက်သည်။ ဒီလိုသာဆို ကောင်မလေးတစ်ယောက်ကို သူသတ်မယ်ဆိုတဲ့အချက်က တွေးကြည့်ဖို့တောင် ခက်လွန်းသွားပေပြီ။ စစ်သားတွေအားလုံးက ဖြောင့်မတ်ကာ သစ္စာရှိသည်ဟုပဲ လူတိုင်းယုံကြည်ထားကြပေသည်။
လင်ရှောင်းထင်က ချက်ချင်းပဲ ဖုန်းထုတ်ကာ တစ်ယောက်ယောက်ကို ဖုန်းဆက်လိုက်သည်။
လင်ရှောင်းထင် ဘာကြောင့်ဖုန်းဆက်နေမှန်း ရဲသားကျောင်းသိတာကြောင့် တားမြစ်ခြင်းမပြုရဲပေ။ လင်ရှောင်းထင်က တကယ်ပဲဗိုလ်ချုပ်ဖြစ်မည်ဟုလဲ သူသေချာလို့နေသည်။
လင်ရှောင်းထင်က သူ ကုန်းဟောင်ဟိုတယ်အပြင်ဘက်တွင် ဘာဖြစ်နေလဲဆိုသည်အား ဖုန်းတစ်ဖက်မှလူအား အကျဉ်းချုပ်ရှင်းပြပြီးနောက် ဖုန်းပြချလိုက်တော့သည်။ နှစ်မိနစ်အတွင်းမှာပဲ ရဲသားကျန်း၏ဖုန်းက မြည်လာခဲ့ကာ ဆာဂျင်ဆိုသူက ခေါ်ဆိုလာခြင်းပင်ဖြစ်သည်။
ဆာဂျင်က လင်ရှောင်းထင်ကို ချက်ချင်းသွားခွင့်ပေးလိုက်ဖို့ အမိန့်ပေးလာခဲ့ခြင်းဖြစ်သည်။
ထိုအခါ ရဲသားကျန်းလဲ လင်ရှောင်းထင်ကို လေးစားမှုအပြည့်ဖြင့် တောင်းပန်စကားဆိုတော့သည်။ “တောင်းပန်ပါတယ်၊ ဗိုလ်ချုပ်လင်၊ အခု သွားလို့ရပါပြီ။”
ထိုစကားကိုကြားလိုက်သည်နှင့် သူတို့ရှေ့မှလူငယ်က တကယ်ကို စစ်တပ်မှဗိုလ်ချုပ်တစ်ဦးမှန်း သေချာသွားကြတော့သည်။
ရဲမေကျန်းဆိုလျှင် အခုချိန်မှာ ဘာစကားတစ်ခွန်းမှမပြေတိုင်တော့ပေမည့် ဒီလောက်အသက်ငယ်ငယ်လေးနှင့် လင်ရှောင်းထင်က ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပါပြီဆိုသည့်အမှန်တရားကိုတော့ လက်မခံနိုင်ဖြစ်နေတုန်းပင်။
လင်ရှောင်းထင်ကလဲ ဤနေရာမှာ ဆက်ပြီးအချိန်ဖြုန်းမနေလိုတော့ဘဲ ကုနင်းကိုခေါ်ကာ ထွက်သွားတော့သည်။
လူသတ်သမားက နတ်ဆိုးကျင့်ကြံရေးနှင့်ဆက်နွှယ်နေမှာဖြစ်တာကြောင့် ကုနင်း ရဲတွေဘက်ကို ဘာမှပြောမနေတော့ပေ။ ရဲဘက်က နတ်ဆိုးကျင့်ကြံရေးနှင့် မယှဉ်နိုင်မှန်းလဲ သူမသိနေသည်။
………
ကံကောင်းလို့ ကုနင်းတို့အဖွဲ့ လေဆိပ်ကို အချိန်မီရောက်သွားကြသည်။
နှစ်နာရီမျှ လေယာဉ်စီးပြီးနောက်မှာတော့ Bမြို့သို့ပြန်လည်ရောက်ရှိသွားကြတော့သည်။
ကုနင်းက အစကတည်းက လေဆိပ်မှာ သူမကားကိုရပ်ခဲ့တာကြောင့် အခုပြန်ရောက်လာချိန်မှာ ကိုယ့်ကားကိုယ်စီးကာ တန်းပြန်နိုင်ပေသည်။
အစောပိုင်း သူမတို့လေယာဉ်ပေါ်တွင် ရှိနေကြစဉ်တုန်းက လေယာဉ်မယ်များစွာက လင်ရှောင်းထင်နှင့်စကားပြောဖို့ ကြိုးစားကြပေမည့် လင်ရှောင်းထင်ကတော့ တစ်ချိန်လုံး ကုနင်းအပေါ်တွင်သာ အာရုံရှိနေခဲ့တာကြောင့် အဆုံးမှာတော့ သူမတို့အားလုံး လက်လျှော့လိုက်ကြရသည်။
Bမြို့သို့ပြန်ရောက်ချိန်သည် နေ့လည်စာစားချိန်ဖြစ်နေတာကြောင့် လေဆိပ်မှနေပြီး ဟွမ်းဒင်ဟိုတယ်သို့ဝင်လိုက်ကြသည်။
ဟွမ်းဒင်ဟိုတယ်အပြင်ဘက်မှာတော့ အနုပညာနယ်ပယ်မှသတင်းထောက်များစွာ စုဝေးနေကာ သူတို့က အလယ်မှလူနှစ်ယောက်ကို ဝန်းရံထားကြခြင်းဖြစ်သည်။ အလယ်မှလူနှစ်ယောက်ထဲမှတစ်ယောက်သည် အသက်သုံးဆယ်ဝန်းကျင်လောက်ဖြစ်ကာ သူမမျက်နှာကိုကာဖို့အတွက် ဘေ့စ်ဘောဦးထုပ်နှင့်နေကာမျက်မှန်အကြီးကြီးကိုတပ်ထားသည်။
သူမကတော့ အနုပညာရှင်ဖြစ်လောက်သည်။
“မိန်းကလေးထန်၊ ‘နန်းတော်’ရဲ့ ခေါင်းဆောင်မင်းသမီးနေရာက တစ်စုံတစ်ယောက်ဖြစ်သင့်တယ်ဆိုပေမယ့် မင်းက ရုတ်တရက်ကြီး အဲ့ဒီနေရာရသွားခဲ့တယ်နော်။ အဲ့လိုဖြစ်တာက မင်းနဲ့ သခင်ခန်ကြားမှာ အထူးတလည်ဆက်ဆံရေးမျိုးရှိနေတာကြောင့်လား?”
“မိန်းကလေးထန်၊ သခင်ခန်က လက်ထပ်ပြီးသားလူတစ်ယောက်ဆိုတာကိုရော သိရဲ့လား?”
“မိန်းကလေးထန်….”
……
အနုပညာသတင်းထောက်များက မိန်းကလေးထန်၊ မိန်းကလေးထန်နှင့် ခေါ်နေတာကြောင့် ကုနင်းမှာ သူမကိုများခေါ်နေတာလားဟုပင် တွေးမိသွားပေမည့် တခြားတစ်ယောက်ကိုခေါ်နေခြင်းမှန်း ပြန်အမှတ်ရသွားသည်။ မိန်းကလေးထန်ဆိုသည်က ဘေ့စ်ဘောဦးထုပ်နှင့်နေကာမျက်မှန်တပ်ထားသည့် မင်းသမီးပင်ဖြစ်သည်။
အနုပညာသတင်းထောက်များသည် ကောလဟလများကိုကြီးအောင်လုပ်ကာ သတင်းမှားများဖြန့်ရသည်အား နှစ်ခြိုက်သူများဖြစ်တာကြောင့် သူတို့မေးမြန်းနေသည့်မေးခွန်းများနှင့်ပတ်သတ်ပြီး ကုနင်းသံသယဝင်မိသည်။
ဘာပဲဖြစ်ဖြစ် အနုပညာလောကသည် အတော်အတန်အနှစ်သာရကင်းမဲ့နေပြီဖြစ်ကာ မင်းသမီးတော်တော်များများက ဇာတ်ဆောင်နေရာတစ်ခုရဖို့ရန် သူတို့ခန္ဓာကိုယ်နှင့်လဲလှယ်တတ်ကြသည်က အမှန်တရားပင်ဖြစ်သည်။
အခုချိန်မှာ ဘယ်မင်းသမီးကတော့ ရိုးသားကာအပြစ်ကင်းစင်သူဖြစ်ပါသည်ဟု ပြောဖို့ရာပင် ခက်လှပေသည်။
“ဒီလိုမျိုးမေးခွန်းတွေ ဆက်မမေးကြပါနဲ့။ ရှောင်ရှောင်နဲ့ သခင်ခန်ကြား ဘာမှအထူးတလည်ဆက်ဆံရေးမျိုးမရှိသလို ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးမျိုးလဲ မရှိပါဘူး။ ရှောင်ရှောင်က မိသားစုတစ်ခုကို ဖျက်ဆီးတယ်ဆိုတာကြီးက အဓိပ္ပါယ်မရှိတဲ့မေးခွန်းကြီးပါ။” ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်ကာ ဒေါသထွက်နေတာတောင်မှ အတတ်နိုင်ဆုံးထိန်းချုပ်ရင်း ပြန်လည်ဖြေကြားနေသည်။
“အခုအင်တာနက်ပေါ်မှာ မိန်းကလေးထန်နဲ့ သခင်ခန်တို့ နှစ်ယောက်တည်း ညစာစားနေတဲ့ပုံတွေတက်နေတယ်လေ။” တစ်ယောက်က ထပ်ပြောလာသည်။
“သူတို့နှစ်ယောက်တည်း စားနေကြတာမဟုတ်ဘူး၊ ကျွန်မလဲရှိတယ်။ ကျွန်မတို့ စီးပွားရေးကိစ္စပြောခဲ့ကြတာပါ။ ကျွန်မ သန့်စင်ခန်းသွားနေတဲ့အချိန်ဖြစ်နေလို့ ဓါတ်ပုံထဲမှာမပါသွားတာပါ။” ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်က ရှင်းပြနေသော်လည်း ဘယ်သူကမှတော့ သူမကိုမယုံကြည်ပေ။
***
အခန်း ၉၂၃ ဆာလ်ဖျူရစ်အက်ဆစ်နဲ့ပက်ခြင်း
တကယ်တော့ အမှန်တရားကိုသာ သိလိုလျှင် စားသောက်ဆိုင်မှလုံခြုံရေးကင်မရာကို စစ်ကြည့်လိုက်ရုံဖြင့် တန်းပေါ်လာမှာဖြစ်သည်။ သို့သော်လည်း သတင်းသမားများအနေနဲ့ အမှန်တရားဘာဖြစ်ဖြစ်ဆိုတာကို စိတ်မဝင်စားကြသည်က အသိသာပင်။ သူတို့အတွက် လူစိတ်ဝင်စားမှုများစေမည့် စိတ်လှုပ်ရှားစရာသတင်းထူးဖြစ်နေဖို့သာ လိုအပ်သည်။
“မဟုတ်ဘူးဆို ‘နန်းတော်’ဇာတ်လမ်းရဲ့ ခေါင်းဆောင်မင်းသမီးနေရာက ဘာလို့ရုတ်တရက်ကြီး ပြောင်းသွားရတာပါလဲ?” သတင်းထောက်တစ်ဦးက မေးလိုက်ပြန်သည်။
“သခင်ခန်ဘက်ကအရင် ထန်ရှောင်ရှောင်ကို သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောချင်တာလား?” နောက်ထပ်သတင်းထောက်တစ်ယောက်ကလဲ အလုအယက်ဆက်မေးလာပြန်သည်။
“‘နန်းတော်’ရဲ့ ခေါင်းဆောင်မင်းသမီးနေရာက အစကတည်းကသတ်မှတ်ပြီးလားမပြီးလားဆိုတာ ကျွန်မတို့မသိပါဘူး။ ရှောင်ရှောင်က ဝင်ခွင့်ဖြေဖို့သွားခဲ့ပြီးတော့မှ အဲ့ဒီဇာတ်ကောင်နေရာကိုရခဲ့တာပါ။” ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်က ပြန်ရှင်းပြခဲ့သည်။ သူမဒီထပ်ပြီးရင်းထပ်နေတဲ့မေးခွန်းတွေကို ဆက်မဖြေချင်တော့ပေမယ့်လဲ ထိုပုံစံကိုပြလိုက်ပါက ထိုးနှက်မှုများပိုများလာနိုင်တာကြောင့် ဂရုတစိုက်ပြန်လည်ဖြေကြားပေးနေခဲ့သည်။
သတင်းထောက်များဘက်မှ နောက်ထပ်မေးခွန်းလှိုင်းလုံးကြီး ထပ်ရိုက်နှက်လာတော့မည့်အချိန်မှာပဲ မတော်တဆမှုတစ်ခုက ရုတ်ချည်းဖြစ်သွားသွားတော့သည်။
“သေလိုက်စမ်း၊ မယားငယ်မ!” ရုတ်တရက်ဆိုသလို လွန်စွာဒေါသထွက်နေပုံရသည့် အမျိုးသမီးသံတစ်သံက လူအုပ်ကြားထဲမှ ဟိန်းထွက်လာကာ တပြိုင်နက်တည်းမှာပဲ ထန်ရှောင်ရှောင်ကို အရည်ပုလင်းတစ်လုံးနှင့်ပစ်လိုက်တော့သည်။
ထိုပုလင်းထဲမှအရည်တွေက ဆာလ်ဖျူရစ်အက်ဆစ်တွေဖြစ်ကြောင်း သိလိုက်ရသည်ကုနင်းမှာတော့ ရုတ်တရက် အံဩသွားရသည်။
သူမလဲပဲ မယားငယ်တွေဆိုရင်မုန်းတယ်ဆိုပေမယ့် အမှန်တရားမပေါ်ထွက်မချင်း ထန်ရှောင်ရှောင်က ဒီလိုပုံစံမျိုးနှင့်အပြစ်ပေးခံရသင့်သည်ဟု မထင်မိပေ။
ဖျော်ဖြေရေးနယ်ပယ်ဆိုသည်က သတင်းအမှန်ရောအမှားတွေပါ ရောထွေးနေတတ်တာဖြစ်သည်။
ဒါကြောင့် အခင်းနေရာကို ကုနင်းချက်ချင်းပြေးဝင်သွားလိုက်ပေမည့် ထန်ရှောင်ရှောင်ကိုက သတင်းထောက်များစွာ ဝိုင်းညှပ်ထားတာကြောင့် သူမခြေတစ်လှမ်းနောက်ကျသွားရသည်။
ဘာတွေဖြစ်ကုန်လဲ လူတိုင်းအသိမဝင်လိုက်ခင်မှာဘဲ ထန်ရှောင်ရှောင် နာကျင်စွာအော်ဟစ်သံက ထွက်ပေါ်လာတော့သည်။
အက်ဆစ်နှင့်ထိတွေ့သွားသည့် ထန်ရှောင်ရှောင်၏ခန္ဓာကိုယ်မှ အဖြူရောင်အငွေ့များထွက်လာသလို သူမအင်္ကျီသည်လဲ အက်ဆစ်ဓါတ်ကြောင့် တိုက်စားခြင်းခံခဲ့ရသည်။ ထိုမျှနှင့်မပြီးသွားသေးဘဲ တိုက်စားခံလိုက်ရသည့်အရေပြားနေရာက ပိုလို့ကျယ်ပြန်လာခဲ့သည်။
အနားရှိလူများမှာ လွန်စွာထိတ်လန့်သွားပြီး ကြောက်လန့်တကြားနောက်သို့ ဆုတ်ကုန်ကြပေမည့် ထန်ရှောင်ရှောင်အပေါ် ချိန်ရွယ်ထားသည့် ကင်မရာတွေကတော့ ပျောက်ကွယ်မသွားခဲ့ပေ။ အဆုံးမှာတော့ ဒီလူတွေက အနုပညာရှင်များ၏နာကျင်မှုအပေါ်တွင် မှီခိုနေကြသည့် အနုပညာသတင်းထောက်များသာဖြစ်ပေသည်။
ကုနင်းကတော့ ထိုလူများ၏အပြုအမူကြောင့် ဒေါသထွက်လာတော့သည်။
“ရှောင်ရှောင်!” ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်က ချက်ချင်းပင် ထန်ရှောင်ရှောင်ကို လှမ်းထိန်းပေးလိုက်သည်။
သို့ပေမည့် ထန်ရှောင်ရှောက်၏ကိုယ်ပေါ်က အက်ဆစ်ရည်က သူမကိုပါ မတော်တဆထိမိသွားကာ သူမကိုပါလောင်ကျွမ်းသွားပြီး ထိန်းပေးရသည့်လက်အားလဲ လျော့ကျသွားသည်။
ထိန်းပေးနေသည့်လက်အားလျော့သွားသည်နှင့် ထန်ရှောင်ရှောင်သည်လဲ ဟန်ချက်ပျက်ကာ မြေပေါ်သို့လဲကျတော့သည်။
ဤတစ်ခေါက်မှာတော့ ကုနင်းအချိန်မီဖမ်းမိသွားခဲ့သည်။ ကုနင်းက သူမပြေးသွားကတည်းက စွမ်းအင်သလင်းကျောက်ကို ထုတ်ထားခဲ့ကာ ထန်ရှောင်ရှောင်နားရောက်သည်နှင့် ချက်ချင်းပါးစပ်ထဲတန်းထည့်ပေးလိုက်သည်။
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်ကာ ကုနင်း၏လုပ်ရပ်ကို သတိပြုမိကာ တားလိုက်ချင်ပေမည့် လူကြားထဲမှာတော့ ကုနင်းက ထန်ရှောင်ရှောင်ကို ထိခိုက်အောင်မလုပ်လောက်ဘူးဟု ပြန်တွေးမိကာ ငြိမ်နေလိုက်တော့သည်။
ထို့နောက် ကုနင်းက စွမ်းအင်သလင်းကျောက်ထည့်ထားသည့် ရေတစ်ဘူးကိုထုတ်ယူလိုက်ကာ “သူ့ဒဏ်ရာကို ဆေးပေးလိုက်” ဟု ကိုယ်စားလှယ်ဖြစ်သူအား အလောတကြီးပြောလိုက်သည်။
ကိုယ်စားလှယ်အမျိုးသမီးလဲ များများစားစားတွေးတောဆင်ခြင်နေဖို့အချိန်မရှိဘဲ ချက်ချင်းဆိုသလို ထိုရေဖြင့် ထန်ရှောင်ရှောင်၏ကိုယ်ပေါ်မှ ဒဏ်ရာကို ဆေးပေးလိုက်သည်။
ထန်ရှောင်ရှောင့်ကိုယ်ပေါ်မှ လောင်ကျွမ်းသွားဧရိယာသည် တော်တော်လေးကြီးပေမည့် လူကြားထဲမှာ ချက်ချင်းကြီး သူမအင်္ကျီကို ချွတ်လိုက်လို့မရတာကြောင့် သူမဒဏ်ရာအားလုံးကို သူမကိုယ်စားလှယ်လဲ ဆေးထည့်မပေးနိုင်ပေ။ ကံကောင်းစွာဖြင့် ကုနင်း၏စွမ်းအင်သလင်းကျောက်နှင့် ကိုယ်တိုင်သွင်းပေးနေသည့် မှော်စွမ်းအားများကြောင့် နာကျင်မှုဒဏ်က အတော်လေးလျော့ကျသွားပြီဖြစ်သည်။
အခုဆို ဆာလ်ဖျူရစ်အက်ဆစ်က သူမကို ဆက်ပြီးထိခိုက်စေတော့မည်မဟုတ်ပေ။
“ချောင်ယ၊ အဲ့မိန်းမကိုဖမ်းလိုက်!” ကုနင်းက ချောင်ယကိုပြောလိုက်သည်နှင့် ချောင်ယလဲ ချက်ချင်းဆိုသလို ထန်ရှောင်ရှောင်အား ဆာလ်ဖျူရစ်အက်ဆစ်နှင့်ပတ်သွားသည့် အမျိုးသမီးကို လိုက်ဖမ်းတော့သည်။
ထို့နောက် ကုနင်းက ထန်ရှောင်ရှောင်ကို ပွေ့လိုက်ကာ ဟိုတယ်ထဲသို့ဝင်သွားသည်။ ဒဏ်ရာအားလုံးကို ဆေးထည့်ဖို့ဆိုလျှင် အခန်းတစ်ခန်းထဲမှလုပ်မှရပေမည်။
သတင်းထောက်များကတော့ ကုနင်း၏ခွန်အားကိုကြည့်ကာ အံ့အားသင့်လို့နေသည်။ သူတို့က ကုနင်းကိုမေးခွန်းများမေးရန် ရှေ့သို့ခြေလှမ်းဖို့ ကြိုးစားလိုက်ကြပေမည့် လင်ရှောင်းထင်နှင့်ကောင်းယိတို့က သူတို့လမ်းကိုပိတ်လိုက်ကြသည်။
လင်ရှောင်းထင်ရော ကောင်းယိသည်ပါ အရပ်ရှည်ကာသန်မာကြသူများဖြစ်တာကြောင့် ဘယ်သူမှရှေ့ကို ခြေတစ်လှမ်းဆက်မတိုးရဲကြတော့ပေ။
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်သည်လဲ ကုနင်းနောက်မှ ချက်ချင်းကပ်လိုက်သွားခဲ့သည်။ “မိန်းကလေး၊ ရှောင်ရှောင့်ကို အခုချက်ချင်းဆေးရုံပို့မှဖြစ်မယ်။”
“ရှင့်ရဲ့လက်ဖမိုးကိုကြည့်လိုက်။” ကုနင်းက ကိုယ်စားလှယ်ကိုပြောလိုက်သည်။ “စိတ်မပူနဲ့။ သူ့ဒဏ်ရာကို ကျွန်မကုသနိုင်တယ်။”
ကိုယ်စားလှယ်လဲ သူမလက်ဖမိုးကိုကြည့်လိုက်ပြီးသည်နှင့် သူမလက်ဖမိုးက ပုံမှန်အတိုင်းပြန်ဖြစ်နေပြီကို မြင်လိုက်တာကြောင့် လွန်စွာအံ့အားသင့်သွားတော့သည်။
ဒီအချက်နဲ့တင် ကုနင်းကိုယုံကြည်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သော်လည်း သူမစိတ်ထဲမှာတော့ မေးချင်တာတွေရှိနေသေးသည်။
“လေဒီနင်း၊ ကျွန်တော်သယ်လိုက်ပါ့မယ်။” ကောင်းယိက ကုနင်းရှေ့သို့ ချက်ချင်းကျော်တက်လိုက်ကာ ထန်ရှောင်ရှောင်ကို လက်လွှဲယူဖို့ လက်လှမ်းလိုက်သည်။ ကုနင်း၏သက်တော်စောင့်တစ်ယောက်အနေနှင့် ဒါမျိုးကိုသူလုပ်ပေးသင့်ပေသည်။
“ကျေးဇူးပဲ။” ကုနင်းလဲ ပြန်ငြင်းမနေတော့ပေ။
လင်ရှောင်းထင်ကတော့ .သေချာပေါက်လိုအပ်နေသည့်အခြေအနေသာမဟုတ်လျှင် သူစိမ်းအမျိုးသမီးတစ်ယောက်ကို ထိချင်စိတ်မရှိတာကြောင့် ထန်ရှောင်ရှောင်ကိုသယ်ပေးမည်ဟု မပြောခဲ့ပေ။
အစကတော့ ဧည့်ကြိုက ထန်ရှောင်ရှောင်၏မတော်တဆအတွက် ဟိုတယ်ဘက်က တာဝန်ယူရမည်စိုးတာကြောင့် ထန်ရှောင်ရှောင်ကို အထဲခေါ်သွားဖို့ ကုနင်းကို ခွင့်မပြုချင်သလိုဖြစ်နေပေမည့် လင်ရှောင်းထင်က ကုနင်း၏ဘလက်ခ်ကဒ်ကိုပြလိုက်သည်နှင့် ချက်ချင်းပင် ကြိုဆိုတော့သည်။
ထန်ရှောင်ရှောင်က ဟိုတယ်တွင် အခန်းတစ်ခုငှားထားပြီးသားဖြစ်တာကြောင့် ကိုယ်စားလှယ်ကလဲ သူတို့ငှားထားသည့်အခန်းရှိရာကို လမ်းပြခေါ်ဆောင်လို့သွားသည်။
ထန်ရှောင်ရှောင်သည် နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တာကြောင့် အထူးခန်းတွင်သာနေပေသည်။
အထူးခန်းထဲဝင်ပြီးသည်နှင့် လင်ရှောင်းထင်နှင့်ကောင်းယိတို့က ဧည့်ခန်းထဲတွင်နေရစ်ခဲ့ကာ ကျန်လူများကတော့ အိပ်ခန်းထဲသို့ ဝင်သွားကြသည်။
အိပ်ခန်းထဲရောက်သည်နှင့် ထန်ရှောင်ရှောင်၏အင်္ကျီများကို ကူညီဖယ်ရှားပေးကြသည်။
ထန်ရှောင်ရှောင်လဲ အခုမှသာအသိစိတ်ပြန်ကပ်လာခဲ့သည်။ ကုနင်း၏စွမ်းအင်သလင်းကျောက်သာမက မှော်စွမ်းအင်ကိုပါ လက်ခံထားပြီးပြီဖြစ်သော်လည်း ထန်ရှောင်ရှောင်၏ဒဏ်ရာက ပြင်းထန်တာကြောင့် ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်တော့ယူရပေမည်။
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်လက်ပေါ်မှ ဒဏ်ရာကတော့ အမာရွတ်လေးကျန်ရှိနေသေးတုန်းဆိုပေမယ့် ကောင်းသွားပြီဖြစ်သည်။
ထန်ရှောင်ရှောင် စိတ်ငြိမ်သွားကာ ကုနင်းမျက်နှာကိုမြင်လိုက်ချိန်မှာတော့ အံ့ဩသွားတော့သည်။ “မိန်းကလေးကုလား?”
ထန်ရှောင်ရှောင် သူမကို သိနေမည်ဟု မမျှော်လင့်ထားခဲ့တာကြောင့် ကုနင်းရုတ်တရက်ကြောင်အလို့သွားခဲ့သည်။ သို့ပေမည့် သိပ်မကြာလိုက်ပါဘဲ သူမကို အင်တာနက်ပေါ်ကနေတဆင့် မြင်ဖူးနေတာဖြစ်လောက်ကြောင်း ကုနင်းသိသွားခဲ့သည်။
“ဟုတ်တယ်၊ ကျွန်မပါပဲ။” ကုနင်း ကြင်ကြင်နာနာပြုံးပြလိုက်သည်။
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်ကတော့ ကုနင်းကို ထန်ရှောင်ရှောင်သိနေ၍ အနည်းငယ်အံ့အားသင့်ကာနေသည်။
***
အခန်း ၉၂၄ လုပ်ကြံမှု
“မိန်းကလေးကု၊ ကျွန်မအသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်!” ထန်ရှောင်ရှောင် စိတ်ရင်းအပြည့်ဖြင့် ကုနင်းကိုကျေးဇူးတင်လိုက်သည်။
အေအဆင့်နာမည်ကျော်မင်းသမီးတစ်ယောက်အနေနှင့် ထန်ရှောင်ရှောင်၏နာမည်သည် Weiboပေါ်မှ လူပြောအများဆုံးသတင်းတွင် မကြာခဏဆိုသလို ပေါ်လာတတ်သည်။ သူမအကြောင်း သတင်းတွေကို အာရုံစိုက်ကာ စူးစမ်းနေလေ့ရှိတာကြောင့် ကုနင်းအကြောင်းကိုလဲ များစွာသိထားသည်။ ကုနင်း၏ငယ်ငယ်ရွယ်ရွယ်နှင့်ရရှိထားသည့် မယုံနိုင်စရာအောင်မြင်မှုများကြောင့် သူမလေးစားနေမိသည်မှာကြာပေပြီ။
ဖျော်ဖြေရေးနယ်ပယ်မှလူအများစုက ကုနင်းလုပ်ခဲ့သည့်အကြောင်းကိစ္စများကို သိထားကြကာ ထိုထဲတွင် ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်လဲပါပေမည့် လက်ရှိဗျာများနေသည့်ကိစ္စကြောင့် ကုနင်းမျက်နှာကို သေချာမကြည့်နိုင်ခဲ့ပေ။ ဒါကြောင့်လဲ အစကတည်းက ကုနင်းကို သူမမမှတ်မိခဲ့ခြင်းဖြစ်သည်။
“ဒါကိစ္စကြီးမဟုတ်ပါဘူး။”
“အစောက သူတို့ကျွန်မကိုပြောနေတဲ့စကားတွေ မိန်းကလေးကုလဲ ကြားလိုက်ရောပေါ့?” ထန်ရှောင်ရှောင်ကမေးလိုက်သည်။
“အွန်း။” ကုနင်းခေါင်းညိတ်ပြကာ ရှည်ရှည်ဝေးဝေးမပြောခဲ့ပေ။
ဖျော်ဖြေရေးနယ်ပယ်တွင် အတင်းအဖျင်းသတင်းများကြားရသည်က ပုံမှန်သာဖြစ်ပြီး ထန်ရှောင်ရှောင်လဲ ကျင့်သားရနေပြီဖြစ်သည်။ သူမကို လူစိတ်ဝင်စားမှုရှိနေဖို့လိုကာ ကုမ္ပဏီကလဲ လူစိတ်ဝင်စားမှုမှတဆင့် ငွေရှာဖို့လိုတာကြောင့် သူမလဲ ထိုသို့သောဖွင့်ဟထားခြင်းမရှိသည့် စည်းမျဉ်းများကို လက်ခံပေးခဲ့ရသည်။
သို့ပေမည့် ဒီတစ်ခေါက်ကတော့ မတူပေ။ သူမနှင့်သခင်ခန်ကြားက အတင်းအဖျင်းသတင်းက သူမလုပ်နေသည့်ကုမ္ပဏီဘက်က စီစဉ်ထားခြင်းမဟုတ်ပေ။ သခင်ခန်က အိမ်ထောင်ကျပြီးသားလူတစ်ယောက်ဖြစ်တာကြောင့် ဒီသတင်းက ထန်ရှောင်ရှောင်၏ဂုဏ်သတင်းကိုပါ ပျက်စီးလုနီးပါးဖြစ်စေခဲ့သည်။
ကုနင်းက သာမာန်ကောင်မလေးမဟုတ်မှန်း သူမလဲသိတာကြောင့် ကုနင်း သူမကိုကူညီပေးနိုင်ဖို့ မျှော်လင့်နေမိသည်။
“မိန်းကလေးကု၊” ထန်ရှောင်ရှောင်က ထထိုင်ဖို့ကြိုးစားလိုက်ပေမည့် သူမဒဏ်ရာကို ဆေးထည့်လို့မပြီးသေးသည့် ကိုယ်စားလှယ်ကတော့ ကြောက်လန့်သွားကာ၊ “လှဲနေဦး! မပြီးသေးဘူး။”ဟု စိုးရိမ်တကြီး ဆူပူလိုက်သည်။
“လှဲနေရင်းနဲ့ပဲ စကားပြောလို့ရပါတယ်။” ကုနင်းလဲ ထန်ရှောင်ရှောင် မထအောင် တားလိုက်သည်။
ထန်ရှောင်ရှောင်က အတင်းအဖျင်းသတင်းနှင့်ပတ်သတ်ပြီး သူမနှင့်စကားပြောချင်နေကြောင်း ကုနင်းသိလိုက်သည်။
“မိန်းကလေးကု၊ ဒါလုပ်ကြံထားကြတာပါ၊ ကျွန်မက သခင်ခန်ရဲ့မိသားစုမှာ တတိယလူမဟုတ်ပါဘူး။ ကျွန်မတို့ စီးပွားရေးအကြောင်းပြောရင်း ညစာအတူစားရုံစားခဲ့ပေမည့် ဒီလိုမျိုးလုပ်ကြံခံလိုက်ရတာပါ။ မိန်းကလေးကု၊ ရှင်ရဲ့မယုံနိုင်စရာအရည်အချင်းတွေအကြောင်း ကျွန်မတို့အသိပါပဲ။ ဒီတစ်ခေါက်ပြဿနာကနေ ကျွန်မလွတ်နိုင်အောင် ကူညီပေးပါလား? ကျွန်မလုပ်နိုင်စွမ်းရှိသလောက် ဘာမဆို ရှင့်အတွက်ပြန်လုပ်ပေးပါ့မယ်။” ထန်ရှောင်ရှောင်က စိတ်ခံစားချက်ပြင်းပြစွာတောင်းဆိုလိုက်သည်။
ဒီအတင်းအဖျင်းသတင်းက လုပ်ကြံမှုတစ်ခုဖြစ်ကြောင်း ကုနင်းကြားလိုက်ရချိန်မှာ ထူးထွေပြီးအံ့ဩသွားခြင်းမရှိပေ။ ဖျော်ဖြေရေးနယ်ပယ်သည်လဲ နိုင်ငံရေးလောကမှအရှုပ်အထွေးတွေထက် လျော့တာမှမဟုတ်ဘဲ။
အခုခေတ်မှာ အင်အားတောင့်တောင့်နှင့်ထောက်ခံပေးမှုမရှိဘဲ သရုပ်ဆောင်ကောင်းရုံတစ်ခုနှင့် နာမည်ကြီးလာဖို့ခက်လှသည်။ သရုပ်ဆောင်တစ်ယောက်မှာ အင်အားကြီးအထောက်အပံ့မရှိနေလျှင် သူတို့ရဲ့အရည်အချင်းနှင့်လုပ်နိုင်စွမ်းပေါ်မှာသာ အားထားကြရပေမည်။
ကုနင်းအမြင်အရတော့ ထန်ရှောင်ရှောင်သည် သရုပ်ဆောင်နှင့် အဆိုရောအကမှပါ ကောင်းသည့် ထူးချွန်မင်းသမီးတစ်ယောက်ပင်။
ထန်ရှောင်ရှောင်မှာ ထူးချွန်ဆုတစ်ခုမှမရှိသေးသော်လည်း သူမအချိန်တိုတိုနှင့်အောင်မြင်လာသည်က ပုံမှန်သာဖြစ်သည်။ ဒါ့အပြင် ထိုသို့သောထူးချွန်ဆုများဆိုသည် အင်အားကြီးနောက်ခံရှိသူများကို အဓိကပေးကြတာဖြစ်သည်။
ထန်ရှောင်ရှောင်အကြောင်းကို ကုနင်းအများကြီးမသိဘဲ အင်တာနက်ပေါ်မှ သရုပ်ဆောင်များအကြောင်း ဖတ်ကြည့်ရင်းကနေ သူမနာမည်နှင့်ရုပ်ရည်ကို မှတ်မိနေရုံသာဖြစ်သည်။
ထန်ရှောင်ရှောင်အကြောင်း အတင်းအဖျင်းသတင်းများစွာရှိနေပေမည့် ကိုယ်ကျင့်တရားမနှင့်မညီညွတ်သည့်ကိစ္စများကိုတော့ မလုပ်ထားပေ။ ဒါကြောင့် သူမသ တကယ်ပဲဖြောင့်မှန်သည့်လူတစ်ယောက်ဆိုလျှင် ကုနင်းလဲ သူမနှင့်စာချုပ်ချုပ်လိုပေသည်။
ထန်ရှောင်ရှောင်က နာမည်ရပြီးသားမင်းသမီးတစ်လက်ပင်။ ဒီကောလဟာလကိုသာ သူမဖြေရှင်းနိုင်သွားမည်ဆိုလျှင် ဒီထက်ပိုနာမည်ကြီးလာဖို့သာရှိသည်။ သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဒီတစ်ခေါက်ပြဿနာမှာ သူမကျရှုံးသွားပါက သူမအလုပ်အကိုင်လမ်းကြောင်းပါ ပျက်စီးသွားပေမည်။
ကုနင်းကို သူမအကူအညီတောင်းလာမှတော့ ဒီပြဿနာကို ကုနင်းသေချာပေါက် ဖြေရှင်းပေးပေလိမ့်မည်။
“ဒီကိစ္စဘယ်သူကြံစည်လဲဆိုတာ သိလား?” ကုနင်းမေးလိုက်သည်။
“သိတယ်၊ သူ(မ)နာမည်က ဖန်းရှီရွှမ်ပဲ။”
ထန်ရှောင်ရှောင်နှင့် ဖန်းရှီရွှမ်တို့သည် တက္ကသိုလ်တုန်းကဆိုလျှင် အတန်းဖော် အခန်းဖော်များဖြစ်ကြသည်။ သူတို့အရမ်းရင်းနှီးကြကာ ဘွဲ့ရပြီးနောက်မှာကိုပင် အခန်းအတူတူငှားနေခဲ့ကြသေးသည်။ သို့ပေမည့် ထန်ရှောင်ရှောင်က ဖန်းရှီရွှမ်ထက် အများကြီးကံကောင်းကာ အစမ်းသရုပ်ဆောင်ခဲ့ပြီးနောက် ဇာတ်ကောင်နေရာများစွာရရှိခဲ့ပေမည့် ဖန်းရှီရွှမ်ကတော့ ဇာတ်ရံနေရာတစ်ခုလောက်သာရခဲ့သည်။
တကယ်တော့ အခုလိုဖြစ်သွားတာက ဖန်းရှီရွှမ်ထက် ထန်ရှောင်ရှောင်၏သရုပ်ဆောင်စွမ်းရည်က ပိုကောင်းနေတာကြောင့်သာဖြစ်သည်။
အချိန်ကြာလသည်နှင့် ဖန်းရှီရွှမ်လဲ ထန်ရှောင်ရှောင်အပေါ် မနာလိုဝန်တိုလာဖြစ်လာတော့သည်။
တစ်နေ့ဖန်းရှီရွှမ် ငွေပြတ်နေချိန် ထန်ရှောင်ရှောင်က သူမစိတ်အလိုအရ ငွေချေးပေးဖို့ ကမ်းလှမ်းချိန်မှစကာ သူတို့နှစ်ယောက်၏ဆက်ဆံရေးက လုံးဝပြတ်တောက်သွားတော့သည်။ အကြောင်းကတော့ ထန်ရှောင်ရှောင်က သူမကိုအရှက်ခွဲလို၍ ငွေချေးပေးချင်နေသည်ဟု ဖန်းရှီရွှမ်တွေးလိုက်တာကြောင့်ဖြစ်သည်။
ထန်ရှောင်ရှောင်ဘက်က ဘယ်လောက်ပဲ ရှင်းပြခဲ့ပါစေ ဖန်းရှီရွှမ်က လုံးဝနားမထောင်ဘဲ အခန်းမှပြောင်းရွှေ့သွားခဲ့သည်။ နောက်ပိုင်းမှာတော့ သူတို့ချင်းမဆက်သွယ်သလောက်ကို ဖြစ်သွားသည်။
ထန်ရှောင်ရှောင်လဲ ဖန်းရှီရွှမ်နှင့်မတွေ့ဖြစ်တာကြောင့် တဖြည်းဖြည်းမေ့ပျောက်သွားတော့သည်။
လွန့်ခဲ့သည့်တစ်နှစ်မှာပဲ သူတို့နှစ်ယောက်ပြန်ဆုံခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက တီဗီအစီဇာတ်လမ်းတွဲတစ်ခုတည်းတွင် ဇာတ်ကောင်နေရာဝင်ဖြေခဲ့ကြကာ ထန်ရှောင်ရှောင်က ခေါင်းဆောင်မင်းသမီးနေရာရပြီး ဖန်းရှီရွှမ်ကတော့ ဇာတ်ပို့နေရာရသွားသည်။ ဖန်းရှီရွှမ်၏ ထန်ရှောင်ရှောင်အပေါ်ထားသည့် မနာလိုစိတ်များကြောင့် သူမ၏အကျင့်မကောင်းသည့်ဇာတ်ကောင်နေရာက ပိုလို့သရုပ်ပေါ်သွားခဲ့သည်။
ဒီလိုနဲ့ပဲ ဖန်းရှီရွှမ်က လူများစွာ၏ စိတ်ဝင်စားခြင်းခံလိုက်ရသလို ပြစ်တင်ဝေဖန်မှုများစွာလဲရရှိခဲ့သည်။
ထို့နောက် ဖန်ရှီရွှမ်လဲ တီဗီဇာတ်လမ်းတွဲများတွင် ပါဝင်ဖို့အခွင့်အလမ်းများစွာရရှိလာခဲ့ပြီး အခုဆိုလျှင် ဘီအဆင့်သရုပ်ဆောင်တစ်ယောက်ပင် ဖြစ်လို့နေပေပြီ။
ခန်မိသားစုက ရင်းနှီးမြှုပ်နှံသည့် ‘နန်းတော်’ဇာတ်လမ်းတွဲမှာ ထန်ရှောင်ရှောင်က အစမ်းသရုပ်ဆောင်ခွင့်တစ်နေရာရခဲ့သည်။ ထိုဖြေဆိုမှုကို သူမအောင်မြင်သွားကာ စာချုပ်မှာလဲ လက်မှတ်ထိုးခဲ့သည်။
နောက်တော့ ဇာတ်လမ်းအကြောင်းပြောဖို့ဆိုကာ သခင်ခန်က သူမကိုညစာဖိတ်ကျွေးခဲ့ပေမည့် ဒီလိုကောလဟာလတစ်ခုသာ ထွက်လာခဲ့တော့သည်။
ကောလဟာလထွက်သွားသည်နှင့် ထန်ရှောင်ရှောင်လုပ်သည့်ကုမ္ပဏီက ပြဿနာကိုကူညီဖြေရှင်းပေးခြင်းမပြုသည့်အပြင် သူမနှင့်စာချုပ်ဖျက်သိမ်းဖို့ရန်ပြောလာခဲ့သည်။ သူမလုပ်နေသည့် ကုမ္ပဏီလဲ ခန်မိသားစုနှင့်ရင်ဆိုင်ရ၍ ဖိအားတော်တော်များနေမှန်းသိသာလှသည်။
မနေ့ကတော့ ဖန်ရှီရွှမ်က ထန်ရှောင်ရှောင်ကို ဖုန်းခေါ်လာကာ သူမအကြံအစည်များသာဖြစ်ကြောင်း ပြောလာခဲ့သည်။
***
အခန်း ၉၂၅ ထန်ရှောင်ရှောင်၏စီးပွားရေးအရတန်ဖိုး
ဖန်းရှီရွှမ်က ထန်ရှောင်ရှောင် ပျက်စီးရာလမ်းကြောင်းကို တမင်ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သခင်ခန်ဆိုသူက တကယ်တမ်း ဖန်းရှီရွှမ်၏ရူးဂါးဒယ်ဒီဖြစ်တာကြောင့် ထန်ရှောင်ရှောင်ကို ထောင်ချောက်ဆင်ဖို့ အလိုတူအလိုပါ,ပါဝင်လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ခန်မိသားစုသည် Bမြို့တွင် ကျိကျိတက်ချမ်းသာသည့်မိသားစုထဲပါကာ လူအများစုက သူတို့ကိုဆန့်ကျင်ရဲခြင်းမရှိပေ။
ကုနင်းနှင့်မတွေ့ခင်တုန်းကတော့ ထန်ရှောင်ရှောင်တစ်ယောက် ကူကယ်ရာမဲ့နေခဲ့ရပေမည့် အခုတော့ ကုနင်းသာဆိုလျှင် သူမကိုဒီပြဿနာထဲမှ ဆွဲထုတ်ပေးနိုင်လောက်မည်ဟူသည့် မျှော်လင့်ချက်ရှိလာခဲ့သည်။
ကုနင်းတွင်က အာဏာကြီးသည့်အဆက်အသွယ်များစွာရှိနေတာကြောင့် ကုနင်းမှာသာ သူမကိုကူညီပေးလိုစိတ်ရှိလျှင် အလွယ်လေးပင်။
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်ကတော့ အစပိုင်းမှာ ထန်ရှောင်ရှောင် ဘာကြောင့်များ ကောင်မလေးတစ်ယောက်ကို အကူအညီတောင်းနေလဲ နားမလည်နိုင်ဖြစ်နေခဲ့ပေမည့် ကုနင်းက သာမာန်မိန်းကလေးမဟုတ်ဟု ထန်ရှောင်ရှောင်ပြောနေတာကြောင့် ကုနင်း၏နောက်ခံမိသားစုက အာဏာရှိလောက်မည်ဟု ယုံကြည်သွားသည်။
သို့ပေမည့် ကုနင်းကို အချိန်တစ်ခုအထိ လေ့လာကြည့်ပြီးနောက်မှာတော့ သူမကိုအရမ်းရင်းနှီးနေသည်ဟု ခံစားမိလာခဲ့ကာ မကြာခင်မှာပဲ ကုနင်းကိုမှတ်မိသွားတော့သည်။ ဒီကုနင်းက အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ကုနတ်ဘုရားမပဲမဟုတ်လား!
ကုနင်းကို လက်တွေ့ဘဝတွင် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့နေရတာကြောင့် ကိုယ်စားလှယ်မှာ လွန်စွာစိတ်လှုပ်ရှားလာတော့သည်။
“မိန်းကလေးကု၊ တစ်ကြိမ်လောက် ကျွန်မတို့ကိုကူညီပေးပါ။ ရှောင်ရှောင်ကိုသာ ဒီပြဿနာထဲကနေ မိန်းကလေးကု ကယ်ထုတ်ပြီး ဖျော်ဖြေရေးနယ်ပယ်က သူ့လက်ရှိနေရာကို ထိန်းသိမ်းပေးနိုင်မယ်ဆိုရင် ရှောင်ရှောင်နဲ့ လက်မှတ်ထိုးလိုက်လို့လဲ မင်းကိုစိတ်မပျက်စေရပါဘူး။” ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်က ကုနင်းကိုတောင်းဆိုလိုက်သည်။
ထန်ရှောင်ရှောင်က အေအဆင့်အနုပညာရှင်ဖြစ်တာကြောင့် ဒီလိုသဘောတူညီမှုမျိုးက ကုနင်းအတွက် အကျိုးအမြတ်ရစေတာကြောင့် ကုနင်းကလဲ ကူညီပေးဖို့ သဘောတူလိုက်သည်။
“မင်းဖန်ရှီရွှမ်နဲ့ဖုန်းပြောတုန်းက အသံသွင်းထားတာရှိလား?” ကုနင်းက ထန်ရှောင်ရှောင်ကို မေးလိုက်သည်။
“မရှိဘူး၊ အဲ့တုန်းက အရမ်းဒေါသထွက်နေလို့ အသံသွင်းထားဖို့ မေ့သွားတယ်။”
“သခင်ခန်ရဲ့ နာမည်အပြည့်အစုံကဘာလဲ?” ကုနင်းထပ်မေးလိုက်ပြန်သည်။
“ခန်ယန်ဟန်ပါ။”
“ကောင်းပြီ။” ကုနင်း ပြောပြီးသည်နှင့် ကေ့ကိုဖုန်းဆက်လိုက်တော့သည်။
“ဘာကိစ္စလဲ ဘော့စ်?” ကေက မြူးမြူးကြွကြွပင် မေးလာခဲ့သည်။
ဒီလိုအသံဖြစ်နေတာက မူမိသားစုကြောင့်မှန်း ကုနင်းတန်းသိလိုက်သည်။
အခုဆိုလျှင် မူမိသားစု၏စီးပွားရေးမှာ အတော်ပြဿနာတက်နေပြီဖြစ်ကာ မူရွှီရှင်းသည်လဲ ပြဿနာပေါင်းစုံနှင့် နေ့တိုင်းအလုပ်ရှုပ်လို့နေသည်။ သူ့ဇနီးဖြစ်သူကတောင်မှ မူဝမ်ချီကို အာမခံဖြင့်မထုတ်ပေးနိုင်သည့်ကိစ္စကို သူ့အပေါ်သာ အပြစ်တင်နေတာကြောင့် လင်မယားချင်းစကားများသည့်အကြိမ်ရေကလဲစိတ်လာခဲ့သည်။
ကေကတော့ မူမိသားစု ဒုက္ခပင်လယ်ဝေနေသည့်အပေါ် လွန်စွာကျေနပ်အားရလို့နေလေသည်။
“ငါ့ကို Bမြို့ခန်မိသားစုက ခန်ယန်ဟန်ဆိုတဲ့လူနဲ့ ဘီအဆင့်မင်းသမီး ဖန်ရှီရွှမ်အကြောင်း စုံစမ်းပေးပါဦး။ သူတို့ရဲ့မကောင်းတဲ့ကိစ္စအားလုံးရဲ့ သက်သေတွေလိုချင်တယ်။”
ကုနင်း၏စကားကိုကြားသည်နှင့် ထန်ရှောင်ရှောင်ရော သူမကိုယ်စားလှယ်ပါ ဝမ်းသာသွားကြသည်။
“ရတယ်လေ။” ကေက ပြန်ဖြေလိုက်သည်။ “အိုး၊ ဒါနဲ့ ဘော့စ်၊ ငါမင်းကို အစီရင်ခံစရာနှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ ငါလုပ်နေတဲ့ မိုဘိုင်းလ်ဂိမ်းက ပြီးသွားပြီ၊ အယ်ဖာစစ်ဆေးမှုပြီးတာနဲ့ ဈေးကွက်ပေါ်တင်လို့ရပြီ။ မင်းနောက်တစ်ကြိမ် မြို့တော်ကိုလာရင် ဂိမ်းကုမ္ပဏီတစ်ခုလောက် စာရင်းသွင်းပေးပါလား? ဒုတိယတစ်ခုကတော့ မကြာခင်တုန်းက အလိုရှိစာရင်းပေါ်က ‘သတ္တိခဲ လင်းယုန်’ ဆိုတဲ့ကျွမ်းကျင်လူသတ်သမားတစ်ယောက်ကို ငါသတိထားမိထားတယ်။ ငါသူ့ကိုဆက်သွယ်ထားပြီး မင်းအကြောင်းလဲပြောပြခဲ့တယ်။ အစပိုင်းတုန်းကတော့ သူမယုံပေမယ့် ငါသူ့နာမည်ကို အလိုရှိစာရင်းကနေ ဖယ်ပေးပြီးတဲ့အချိန်မှာတော့ ငါတို့နဲ့တွေ့ဖို့သဘောတူသွားတယ်၊ ဒီညပဲ ငါသူနဲ့သွားတွေ့မလို့။”
“ကောင်းသားပဲ၊ နင့်လုံခြုံရေးအတွက် သွားတွေ့ရင် ပါ့ထျန်းယန်ကိုပါအတူ ခေါ်သွားဦး။”
ကေက အားနည်းသူတစ်ယောက်မဟုတ်ပေမည့် ကျွမ်းကျင်လူသတ်သမားတစ်ယောက်ကို ရင်ဆိုင်ဖို့ကတော့ အလွန်အလှမ်းဝေးနေတုန်းပင်။
ပါ့ထျန်းယန်ကတော့ သူတို့အဖွဲ့ဝင်ဖြစ်နေပြီဖြစ်တာကြောင့် ယုံကြည်ရပေသည်။
“ခေါ်သွားလိုက်ပါ့မယ်။” တကယ်တော့ ကေလဲ အစကတည်းက ထိုသို့တွေးထားပြီးသားဖြစ်သည်။
‘သတ္တိခဲ လင်းယုန်’က သူ့ကိုတွေ့ဖို့လက်ခံလိုက်သည်က အနည်းငယ် ထူးဆန်းနေလျှင်တောင်မှ သူသာ ပြန်ရောက်မလာလျှင် ‘သတ္တိခဲလင်းယုန်’၏နာမည်ကို အလိုရှိစာရင်းထဲပြန်ထည့်ပစ်မည်ဟု ခြိမ်းခြောက်နိုင်သေးသည်။ သို့သော်လည်း သူတို့တွေ့ပြီးလို့ အလိုရှိစာရင်းက သူ့နာမည်ဖျက်ပြီးတာသေချာသွားကာမှလဲ ‘သတ္တိခဲလင်းယုန်’က သူ့ကိုသတ်ပစ်နိုင်ချေရှိသေးသည်။
ဘာပဲဖြစ်ဖြစ် ‘သတ္တိခဲလင်းယုန်’ဆိုသူက ကျွမ်းကျင်လူသတ်သမားတစ်ယောက်ဖြစ်တာကြောင့် လူတစ်ယောက်ကို သတ်ပစ်ဖို့ဆိုတာက လွန်စွာလွယ်ကူလှသည်။
ကေနှင့်ဖုန်းပြောပြီးနောက်မှာတော့ ကုနင်းက ထုံရှောင်ရှောင်ကို ဆက်ပြောလိုက်သည်။ “စိတ်မပူနဲ့တော့ ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ်။ မင်းတို့က ဟိုတယ်မှာပဲ အနားယူနေလိုက်ကြ။ အတင်းအဖျင်းသတင်းတွေနဲ့ပတ်သတ်ပြီး ဘာမှပြန်မတုံ့ပြန်ကြနဲ့။ ငါနဲ့ပဲလွှဲပေးထား။”
“ကျေးဇူးတင်ပါတယ်!” ထန်ရှောင်ရှောင်နှင့် သူမကိုယ်စားလှယ်တို့ ကျေးဇူးတင်လိုက်ကြသည်။ ကုနင်းအကြောင်းကိုသိပြီးကတည်းက ကုနင်းကို အလုံးစုံပုံအပ်ကာယုံကြည်ထားလိုက်ပေပြီ။
“မိန်းကလေးကု၊ အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်!” ထန်ရှောင်ရှောင်မှာ အမှန်တကယ်ကိုကျေးဇူးတင်လွန်း၍ မျက်ရည်များပင် ရစ်ဝိုင်းလာခဲ့သည်။ အခုမှပဲ သူမစိတ်အေးသွားရခြင်းဖြစ်သည်။
“ဒါက ငါ့မျက်လုံးထဲမှာ မင်းကတန်ဖိုးရှိနေတာကြောင့်ပဲ။ ငါ့ကုမ္ပဏီမှာ အလုပ်ဆက်လုပ်သွားမယ်ဆိုမှတော့ ပုံမှန်အတိုင်း မင်းအလုပ်ကိုအကောင်းဆုံးလုပ်သွားနိုင်ဖို့ မျှော်လင့်တယ်။”
“ကျွန်မအကောင်းဆုံး ကြိုးစားသွားမှာပါ။”
“ဒါနဲ့၊ မင်းအခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့စာချုပ်,ချုပ်ထားတာကို အမြန်ဆုံး,အဆုံးသတ်လိုက်တာကောင်းမယ်။ သူတို့ဘက်ကအရင် မင်းကိုဖြုတ်ချဖို့လုပ်တာဆိုတော့ မင်းဘက်က စာချုပ်ဖျက်တဲ့အတွက် လျော်ကြေးပေးဖို့မလိုဘူး။”
“ကောင်းပြီ၊ ကျွန်မခနနေ သူတို့ကိုဖုန်းလှမ်းဆက်လိုက်မယ်။” ဤတစ်ကြိမ်မှာတော့ ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်က ဝင်ပြောလိုက်သည်။
ထို့နောက် ကုနင်းက သူမနာမည်ကဒ်ကိုထုတ်ကာ ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်အားပေးလိုက်သည်။ “ဒါ ကျွန်မနာမည်ကဒ်ပဲ။ တစ်ခုခုဖြစ်ရင် အချိန်မရွေးခေါ်လိုက်လို့ရတယ်။”
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်လဲ ကျေးဇူးတင်စကားပြောကာ လက်ခံလိုက်ပြီး သူမကဒ်ကိုလဲ ပြန်ပေးလိုက်သည်။
ထန်ရှောင်ရှောင်၏ကိုယ်စားလှယ်ကို လင်းလုဟုခေါ်ပေသည်။
ကုနင်းမထွက်သွားခင် ပတ်တီးတစ်လိပ်ကိုထုတ်ယူလိုက်သေးသည်။ “သူ့ဒဏ်ရာကို စည်းပေးထား၊ ရေမထိစေနဲ့ဦး။”
ထန်ရှောင်ရှောင်၏ဒဏ်ရာက အတော်ပြင်းတာကြောင့် လုံးဝပြန်ကောင်းလာဖို့ အချိန်ယူရပေမည်။
“ကောင်းပါပြီ။” လင်းလုက ပြန်ဖြေလိုက်သည်။
“ကျွန်မ ဆေးရုံသွားဖို့လိုသေးလား?” ထန်ရှောင်ရှောင်က နာကျင်မှုများစွာမခံစားရတော့ပေမည့် သူ့မခန္ဓာကိုယ်ပေါ် လောင်ကျွမ်းမှုဖြစ်ခဲ့တာကြောင့် မေးလိုက်သေးသည်။