လီဟုန်းပင် ရူးသွားခြင်း
Vol. 11 Ch. 103
ရဲတပ်ဖွဲ့ကြီးတခုလုံးက တစ်စုံတစ်ယောက်ကို ရှာဖွေရန် အားထုတ်လိုက်သည့်အခါ မြို့ကြီးတစ်မြို့သည် သေးသွားသည်ဟု ထင်ရ၏။ သို့သော် ရဲအရာရှိတစ်ဦးချင်းစီအတွက်တော့ မြို့ကြီးတစ်မြို့သည် အလွန်တရာ ကြီးမားနေဆဲပင်။
လူရှောက်ချိန်နှင့် သူ့အဖော်နှစ်ဦးသည် လီဟုန်းပင်ကို သုံးရက်တိုင်တိုင် နောက်ယောင်ခံလိုက်နေကြ၏။ ထိုသုံးရက်အတွင်းဝယ် လီဟုန်းပင်သည် သူ့ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနေ၏။ နေ့ခင်းဘက်များတွင် သူသည် သူများငွေကို အချောင်ရအောင် နည်းအမျိုးမျိုးနှင့် ကြံစည်နေ၏။ ညဘက်တွင်တော့ သူသည် အမျိုးသမီးပေါင်းစုံကို ကုတင်ပေါ်ခေါ်တင်ကာ ပျော်ပွဲဆင်နေ၏။ သို့သော်အဆိုပါ ကံမကောင်းသော အမျိုးသမီးများထဲတွင် ယင်ကျီးယွမ်တော့ မပါချေ။ ထို့ကြောင့် လီဟုန်းပင်ကို သုံးရက်ကြာနောက်ယောင်ခံပြီးနောက် အားကျောက်ကို ပြန်ပေးဆွဲသူမှာ လီဟုန်းပင်မဟုတ်နိုင်ဟု လူရှောက်ချိန်က ကောက်ချက်ချလိုက်၏။ ထို့နောက်သူတို့သုံးဦး ဌာနသို့ တပ်ခေါက်ပြန်လာခဲ့ကြလေသည်။
ကံမကောင်းသည်မှာ လူရှောက်ချိန်တို့အဖွဲ့ တပ်ခေါက်ပြန်လာခဲ့ချိန်တွင် နောက်ထပ်အဖွဲ့တစ်ဖွဲ့က လီဟုန်းပင်ကို လိုက်လံခြေရာခံနေခဲ့ပြီ ဖြစ်သည်။ ထိုအဖွဲ့ကတော့ကတော့ လူရှောက်ချိန်တို့အဖွဲ့လောက် ဗျူဟာမကျသလို ထိန်းထိန်းသိမ်းသိမ်း မရှိလှချေ။ သူတို့သည် လီဟုန်းပင်တယောက် သူ့နောက်ဆုံး သားကောင်နှင့် ရွှေလက်တွဲပျော်ပွဲဝင်မည့်အခန်းထဲသို့ တန်းတန်းမတ်မတ်ပင် ဝင်သွားပြီး သူ့ကိုယ်လုံးတီးခန္ဓာကိုယ်ကို အိပ်ရာထဲကနေ ဆွဲထုတ်ခဲ့ကြလေသည်။
"ဘာ... ဘာ...ဘာလုပ်တာလဲဟ"
ထိတ်လန့်နေသောလီဟုန်းပင်တယောက် ကြယ်ငါးပွင့်ဟိုတယ်ခန်း၏ ကြမ်းပြင်ပေါ်ကို ဖင်ဗလာနှင့် ပြုတ်ကျသွား၏။
"မင်းတို့ ဘာလိုချင်တာလဲ"
"ဘာလိုချင်တာလဲ ဟုတ်လား ခွေးမသား"
ဗလကောင်းကောင်းလူတယောက် လီဟုန်းပင်၏ လည်ပင်းကိုညှစ်ကာ ဆဲဆိုရင်း ပြောလိုက်သည်။
"မင်းကို မေးစရာရှိလို့ လာတာ"
"အား..."
လီဟုန်းပင် နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။ သူ့ပါးစပ်ထောင့်မှလည်း သွေးများစီးကျလာလေသည်။
"အံမလေး"
ထိုအချိန်မှာပင် နောက်ထပ် ကြောက်လန့်တကြား အော်သံတသံ ပေါ်လာ၏။ အသံရှင်မှာ ကိုယ်လုံးတီးအမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။ သူမ ဟိုတယ်၏ အဖြူရောင် အိပ်ရာခင်းများနှင့် ကိုယ့်ကိုယ်ကိုယ် အသည်းအသန် ဖုံးကွယ်ရန် ကြိုးစားနေသည်။
"နင့်ပါးစပ်ပိတ်ကို ပိတ်ထားစမ်း"
ထိုလူက အမျိုးသမီးကို လှည့်မကြည့်ပဲ အော်လိုက်သည်။
"မဟုတ်လို့ကတော့ ဒီည မင်းစုပ်ရမှာ ဒီကောင့်ဟာ တချောင်းတည်းမဟုတ်ဘူး ဖြစ်သွားမယ်"
"ဟုတ်...ဟုတ်ကဲ့"
အမျိုးသမီး ပြန်ဖြေလိုက်၏။ သူမ၏ ခန္ဓာကိုယ်မှာကား တဆတ်ဆတ်တုန်ယင်နေလေသည်။
"ကဲ မစ္စတာလီ မင်းသတိပြန်ရပြီလား"
ထိုလူက လီဟုန်းပင်၏ မျက်နှာကို ကိုင်ရန် လက်လှမ်းရင်း မေးလိုက်သည်။ ထိုလူ၏ ဆန့်တန်းလာသော လက်ကို မြင်လိုက်ရသည်နှင့် လီဟုန်းပင် နောက်သို့အလိုအလျောက် ဆုတ်သွား၏။
"ဆ....ဆရာ ကျေးဇူးပြုပြီး ကျွန်တော့ကို ဒါမျိုးမလုပ်ပါနဲ့ဗျာ"
"ဘာဖြစ်လို့လဲ နာလို့လားကွ ဒါဆို မင်း ငါ့မေးခွန်းတွေကို ဖြေဖို့ အဆင်သင့်ဖြစ်ပြီလား"
"ကျွန်တော်... ကျွန်တော့အဖေက လီကန်းပါ ကော်မရှင်နာလီကန်းပါ ဆရာတို့ ဘာမှမိုက်မိုက်မဲမဲ မလုပ်ကြပါနဲ့ဗျာ"
လီဟုန်းပင် အထက်ပါအတိုင်း ပြောလိုက်သည်။ သူ့စိတ်ထဲတွင်လည်း သူ့အဖေ၏ အရှိန်အဝါက သူ့ကို ကာကွယ်လိမ့်မည်ဟု ထင်မှတ်နေ၏။
"အိုး ဟုတ်လား"
ထိုလူက ဟန်လုပ်ထားသောအသံနှင့် လီဟုန်းပင်၏ စကားကို ထောက်ပေးလိုက်သည်။ တဆက်တည်းမှာပင် သူက လီဟုန်းပင်၏ မျက်နှာကို တွန်းထည့်လိုက်သည်။ ထို့နောက် သူက ဘွတ်ဖိနပ်ကြီးနှင့် လီဟုန်းပင်၏ ရင်ဘတ်ကို ဖိနင်းထား၏။ စက္ကန့်ပိုင်းအတွင် လီဟုန်းပင်ခမျာ စုတ်ပြတ်သပ်သွားအောင် အထိုးခံရတော့သည်။
ထိုလူသည် လီဟုန်းပင်၏ မျက်နှာကို အားရအောင်ထိုးကြိတ်ပြီးသည်နှင့် သူ့ရင်ဘတ်ကို ခြေထောက်နှင့်နင်းထားလိုက်ပြန်သည်။ ဖိအားမှာပြင်းထန်လှ၍ လီဟုန်းပင်ခများ အသက်ရှုရခက်ပြီး ယက်ကန်ယက်ကန် ဖြစ်နေရှာသည်။
လီဟုန်းပင်၏ အခြေအနေကို မြင်သည်နှင့် ကုတင်ပေါ်မှ မိန်းကလေးက စူးစူးဝါးဝါး ထအော်လိုက်ပြန်၏။
"ဟဲဟဲ ဒီကောင်မ စကားကိုနားမထောင်ဘူးပဲ"
ထိုလူက အထက်ပါအတိုင်းပြောပြီး မိန်းကလေး၏ ဆံပင်ကိုဆွဲကာ ကုတင်ပေါ်မှ ပစ်ချလိုက်၏။
"အံမလေး တောင်းပန်ပါတယ်ရှင် နောက်တစ်ခါ အသံမထွက်တော့ပါဘူး"
မိန်းကလေး ရှိုက်ကြီးတငင် ငိုယိုရင်း တောင်းပန်နေရှာ၏။
"ဘာအတွက် တောင်းပန်နေတာလဲ မင်း ဘာမှ မမှားဘူးကွ"
ထိုလူ၏ပုံစံမှာ မိန်းကလေးကို တအားကြီးဂရုစိုက်ပြနေဟန်ပေါ်နေသည်။
"ပြောစမ်းပါဦး မင်းဘာမှားလို့လဲ"
"ဟုတ်...ဟုတ်ကဲ့...မမှားပါဘူးရှင့်..."
မိန်းကလေးမှာ ထိတ်လန့်တကြားနှင့် ထိုလူ၏စကားအတိုင်း သံယောင်လိုက်ရရှာသည်။
"မမှားဘူး ဟုတ်လား"
ထိုလူက ပြောပြောဆိုဆို မိန်းကလေး၏ ဆံပင်ရှည်များကို အတင်းဆောင့်ဆွဲလိုက်ရာ သူမ၏ ကျောကွေးသွားပြီး ပါးစပ်ကလည်း အလိုအလျောက် ပွင့်သွားတော့သည်။ ထိုအချိန်မှာပင် ထိုလူက မိန်းကလေး၏ပါးစပ်ကို ထိုးချလိုက်ရာ မေးရိုးကျိုးသံများ ပေါ် ထွက်လာ၏။ ထို့နောက် သူသည် သူမပါးစပ်ထဲကို လက်ထိုးထည့်ပြီး လျှာကိုအရှင်လတ်လတ် ဆွဲနှုတ်လိုက်လေသည်။
"မင်း အသံထွက်ရင် ဒီညစုပ်ရမှာ ဒီကော့ဟာတခုတည်းမဟုတ်ဘူးလို့ ပြောထားတယ်မလား"
ထိုလူက သေလုမြောပါးဖြစ်နေသော မိန်းကလေးကို အထက်ပါအတိုင်း ပြောလိုက်၏။ ထို့နောက် သူက လီဟုန်းပင်ဘက်လှည့်ပြီး သရော်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ကဲ၊ မစ္စတာလီ မင်းကောင်မလေးရဲ့လျှာက နည်းနည်းရှည်နေတယ်မလား ဒါပေမဲ့ ကြည့်ပါအုံး ကျုပ် မင်းအတွက် ပြင်ပေးလိုက်ပြီ"
သူက ထိုသို့ပြောရင်းနှင့်ပင် သူ့လက်ထဲမှ လျှာပြတ်ကြီးကို လီဟုန်းပင်ရှေ့သို့ပစ်ချလိုက်၏။
"ဒါဆို အခု မင်း ငါ့မေးခွန်းတွေကို ဖြေတော့မလား"
"အံမလေး ကြောက်ပါပြီဗျ"
လီဟုန်းပင် ကြောက်လန့်တကြား အော်ဟစ်နေလေသည်။
"ကျွန်တော် ပြောပါ့မယ် ကျွန်တော် ပြောပါ့မယ် ခင်ဗျား သိချင်တာမှန်သမျှ ပြောပါတော့မယ်"
တချိန်တည်းမှာပင် လီဟုန်းပင်တယောက် ကြောက်သေးများပန်းချလိုက်တော့သည်။
"ဟုတ်ပြီ သိပ်ကောင်းတယ် မစ္စတာလီ"
ထိုလူ လီဟုန်းပင် ကြောက်သေးပန်းနေသည်ကို ဘာမှသဘောထားပုံမရ။ ထို့နောက် သူက မေးလိုက်၏။
"ဒါဆို ပြောပါဦး ပြီးခဲ့တဲ့တစ်ပတ်အတွင်း မင်းဘာတွေ လုပ်နေခဲ့လဲ"
ထိုလူက လီဟုန်းပင်၏ပါးကိုပုတ်ရင်း ပြောလိုက်သည်။
"အလျင်စလိုလုပ်စရာ မလိုပါ အေးအေးဆေးဆေး ပြောပါ"
"ဟုတ်...ဟုတ်ကဲ... ကျွန်တော်..."
လီဟုန်းပင် အကြီးအကျယ် သွေးပျက်နေရှာ၏။ ဆီးများမှာလည်း ထိန်းမရအောင်ပင် တရစပ်သွားနေလေသည်။ ထို့နောက် သူ ကိုယ့်ကိုယ်ကိုအားတင်းကာ ပြီးခဲ့သည့် တစ်ပတ်အတွင်း လုပ်ဆောင်ခဲ့သည်များကို ပြန်ပြောပြလိုက်လေသည်။
"အစ်ကိုတောက် သူလုပ်ခဲ့တာ မဟုတ်ဘူးနဲ့တူတယ်"
နောက်ထပ်လူတစ်ယောက်က တောက်ဟုခေါ်သောလူ၏ ဘေးနားသို့ကပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"အင်း"
အစ်ကိုတောက်ကလည်း ခေါင်းတချက်ညိတ်ရင်း လီဟုန်းပင်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်းပြောတာဟုတ်တယ် သူလုပ်ခဲ့တာမဟုတ်ဘူးနဲ့တူတယ်"
"ဒါဆို ကျွန်တော်တို့ သွားကြမလား ဒါမှမဟုတ်..."
ထိုလူ၏စကားက တဝက်တပျက်နှင့် ရပ်သွား၏။
"လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ကြတာပေါ့ကွာ"
ထို့နောက် အစ်ကိုတောက်က လက်ဟန်ခြေဟန်ပြလိုက်ရာ နောက်လူတယောက်က သူ့လက်ထဲ ဓားမြောင်တချောင်းထည့်ပေးလိုက်သည်။
"အား မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်တော့ကို မလုပ်ကြပါနဲ့ဗျာ"
ထိုအပြုအမူကို မြင်သည်နှင့် လီဟုန်းပင်သည် ထိန်းမနိုင်သိမ်းမရပင် စတင်ငိုကြွေးတော့၏။
"ဆရာ....ဆရာရယ်...ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူးဗျာ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး"
"ဟဲ ဟဲ"
အစ်ကိုတောက်က လှောင်ရယ်လိုက်ပြီး လီဟုန်းပင်ရှေ့တွင် ဒူးထောက်ထိုင်လိုက်၏။
"မစ္စတာလီ မင်းတခုခုလုပ်ခဲ့တယ်လို့လဲ ငါမပြောရသေးပါဘူးကွာ"
သူကပြောရင်း လီဟုန်းပင်၏ ပေါင်ခြံကို ဓားနှင့်ရစ်လိုက်၏။
"အံမလေး ကြောက်ပါပြီဗျ ကျေးဇူးပြုပြီး၊ မလုပ်ပါနဲ့"
လီဟုန်းပင် အူယားဖားယားပင် ထအော်လိုက်သည်။ သူ့လက်များကလည်း လက်လှမ်းမီသမျှ အရာတိုင်းကို ကုတ်ခြစ်နေ၏။
"ကျွန်တော် ဘာမှ မသိဘူး ဟားဟားဟား ကျွန်တော် ဘာမှ မလုပ်ခဲ့ဘူး"
"အစ်ကိုတောက် ဒီကောင့်ကိုကြည့်ရတာ ရူးသွားပြီနဲ့တူတယ်"
ဒုတိယလူက လီဟုန်းပင်ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
အစ်ကိုတောက် ခေါင်းညိတ်လိုက်၏။
"မင်းပြောတာအမှန်ပဲ ဒီကောင်တကယ်ရူးသွားပြီ လျှာဖြတ်နေစရာမလိုတော့ဘူးကွာ"
နောက်တစ်နေ့မနက်တွင် ဟိုတယ်ဝန်ထမ်းများသည် ထိတ်လန့်စရာ မြင်ကွင်းကို တွေ့ရှိပြီး ရဲများကို အကြောင်းကြားလိုက်ကြ၏။ ရဲများ ရောက်လာသည့်အချိန်တွင် မိန်းကလေး၏ အလောင်းက အေးစက်တောင့်တင်းနေခဲ့လေပြီ။ လီဟုန်းပင်မူကား သွက်သွက်ခါအောင် ရူးသွားပြီဖြစ်သည်။
ဤဖြစ်ရပ်သည် လီကန်းကို အကြီးအကျယ် စိတ်ထိခိုက်သွားစေ၏။ သူ ချက်ချင်းပင် သတိလစ်သွားပြီး ဆေးရုံတင်လိုက်ရရှာသည်။
ရဲအရာရှိတစ်ဦးအနေနှင့် လီကန်းသည် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သော်ငြား သူ့သားကို မကယ်တင်နိုင်ခဲ့သည်မှာကား ဝမ်းနည်းစရာပင်။