← Chapters

ပင်း၏ ဝန်ခံချက်

Vol. 11 Ch. 106

ပင်း၏ ဝန်ခံချက်

Vol. 11 Ch. 106

စက္ကန့်ပိုင်းအတွင်း ပင်းတယောက် လက်ထိပ်ခတ်ခံလိုက်ရရှာလေပြီ။

ထို့နောက် ကျန်းကျင်းခိုင်က ပင်းကို သေနတ်နှင့်ချိန်ပြီး အလွန်တရာ အေးဆေးသောလေသံနှင့် ပြောလိုက်လေသည်။

"ဝမ်းနည်းပါတယ်ကိုယ့်လူ ကျုပ်တို့က ရဲတွေပဲ မင်းဘော်ဒါ အခုဘယ်မှာလဲဆိုတာ ပြောပြဖို့လိုလိမ့်မယ်"

ထိုအချိန်တွင် လူရှောက်ချိန်က အလိုက်တသိပင် မစ္စတာစုန့်နှင့်ချင်းချိန်ကို အခန်းပြင်ခေါ်ထုတ်သွား၏။

"အင်စပက်တာကျန်း ဟိုဘက်က ကောက်ပဲသီးနှံပုံထဲမှာလဲ ဟီးရိုးအင်းတွေ ဝှက်ထားတယ်"

အခန်းထဲပြန်ဝင်လာသောလူရှောက်ချိန်က ကျန်းကျင်းခိုင်ကို ထပ်မံအသိပေးလိုက်ပြန်သည်။

"ကြည့်ရသလောက် ဒီလိုအထုပ်တွေ အများကြီးပဲ ရှိအုံးမဲ့သဘောမှာရှိတယ်"

"ဟုတ်လား"

ထို့နောက် ကျန်းကျင်းခိုင်က ပင်းကို ပြောလိုက်၏။

"မင်းမှာ ရွေးစရာနှစ်ခုရှိတယ် တစ်ခုက မင်းတို့ဂိုဏ်းရဲ့မူးယစ်ဆေးဝါးလုပ်ငန်းတွေအတွက် မင်းတယောက်တည်း တာဝန်ယူမလား ဒါမှမဟုတ် မင်းဂိုဏ်းကို သစ္စာဖောက်ပြီး လျှော့ရက်ယူမလား"

"သတ်ပစ်လိုက်စမ်းပါကွာ"

ပင်းက ပြန်အော်လိုက်၏။

"ဟေ့ ရဲစုတ် သတ္တိရှိရင် ပစ်လိုက်ကွ ငါသာ ကြောက်တတ်နေရင် ဒီအလုပ်မလုပ်ဘူး"

"ကောင်းပြီလေ"

ကလန်ကဆန်လုပ်နေသောပင်း၏ပေါင်ခြံကို ကျန်းကျင်းခိုင် ဆောင့်ကန်လိုက်၏။

"အား" နာကျင်မှုကြောင့် ပင်း ငယ်သံပါအောင် အော်လိုက်လေသည်။

"မင်း..ခွေးမသား"

ပင်း မြေကြီးပေါ် ပြုတ်ကျသွား၏။ သို့သော် ကျန်းကျင်းခိုင်က ၎င်းကိုဆွဲထူပြီး နောက်တကြိမ် ပညာပေးလိုက်ပြန်သည်။

"အား တော်ပါတော့ ကျွန်တော် ပြောပါတော့မယ်"

နာကျင်မှုကြောင့် ပင်းတယောက် တွန့်လိန်ကွေးကောက်နေရှာသည်။

"ကျွန်တော် ပြောမယ် အားလုံးကို ပြောပြပါတော့မယ်"

"သိပ်ကောင်းတာပေါ့ကွာ"

ပင်းကို ကြမ်းပြင်ပေါ်ပစ်ချရင်း ကျန်းကျင်းခိုင်က ခပ်တည်တည်နှင့် ပြောလိုက်သည်။ ထို့နောက် သူက သတ္တုကုလားထိုင်တစ်လုံးကိုယူကာ ပင်းကိုယ်ပေါ် ခွတင်ထားလိုက်၏။ တဖန် ပင်း၏ရင်ဘတ်ကို သူ ခြေထောက်နှင့် နင်းထားလိိုက်ပြန်သည်။

"ကောင်းပြီ ၊ မင်း ငါ့ကို ဘာပြောချင်တာလဲ ပြောစမ်းပါအုံး"

"မင်း ဘယ်လိုရဲလဲကွ"

ပင်ကြမ်းပြင်ပေါ်တွင် ပက်လက်လန်လျက် ငြီးငြူနေလေသည်။ သူ့တကိုယ်လုံးသည် ကျန်းကျင်းခိုင်၏ ခြေထောက်အောက်တွင် ပိနေပြီး ကုလားထိုင်ခြေထောက်များကလည်း သူ့လက်အစုံကို လှုပ်ရှားလို့ မရအောင် ကန့်သတ်ထားပြန်၏။ သူ့ပုံစံမှာ ပက်လက်ကြီး ကားစင်တာထားခံရသည်နှင့်ပင် တူနေသေးသည်။

ကျန်းကျင်းခိုင် အော်ဟစ်ရယ်မောလိုက်၏။

"မင်းပဲ ပြောစမ်းပါအုံးကွာ ငါက ဘယ်လိုရဲမှန်း ငါ့ကိုယ်ငါတောင် မသ်ိဘူး"

"မင်းက ခွေးမသားတောက်ရဲ့ လခစားရဲပဲနေမှာပေါ့ မင်းငါ့ကို ဘာလုပ်လုပ် အစ်ကိုလီက တောက်ရဲ့ကောင်မလေးကို ဒီထက် ဆယ်ဆမက ဆိုးအောင်ပြန်လုပ်လိမ့်မယ်"

"တောက်ရဲ့ကောင်မလေး ဟုတ်လား"

ပင်း ဘာပြောမှန်း ကျန်းကျင်းခိုင် နားမလည်ပဲ ဖြစ်နေ၏။

"ဟုတ်တယ် အဲဒီ သူငယ်တန်းဆရာမ ကောင်မလေးကို ပြောတာ"

ပင်း ငယ်သံပါအောင် အော်ဟစ်လိုက်ပြန်၏။ ကျန်းကျင်းခိုင်က သူ့ရင်ဘတ်ပေါ်ရှိ ခြေထောက်ကို ဖိ၍လှည့်နေသည် မဟုတ်ပါလား။

"သတ္တိရှိရင် ငါ့ကို သတ်လိုက်ပါလားကွ မင်းနဲ့ငါ ငရဲမှာတွေ့ကြမယ် အား!!!"

"မင်းက လူဆိုးသာလုပ်နေပေမဲ့ တော်တော်ဉာဏ်ကောင်းသားပဲကွ"

ပင်း၏စိတ်ထဲတွင် ကျန်းကျင်းခိုင်ကို ပြိုင်ဘက်ဂိုဏ်းမှ ဝယ်ထားသည့်အကျင့်ပျက်ရဲအရာဟု ထင်နေပုံရသည်။ ကျန်းကျင်းခိုင်ကလည်း ထိုအခြေအနေကို ပုံမှားဆက်ရိုက်ရန် စဥ်းစားလိုက်၏။

"ဒါဆိုရင်တော့ မင်းကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်တော့ဘူးနဲ့တူတယ်"

သူပြောရင်း လူရှောက်ချိန်ဆီ လက်လှမ်းလိုက်၏။ လူရှောက်ချိန်ကလည်း ဟီးရိုးအင်းအထုပ်သေးတထုပ်ကို ထည့်ပေးလိိုက်လေသည်။

ထို့နောက် ကျန်းကျင်းခိုင်က ဟီးရိုးအင်းထုပ်ကို ပင်း၏ ပါးစပ်နားထားပြီး ပြောလိုက်သည်။

"မင်းတို့ဂိုဏ်းရဲ့ ဟီးရိုးအင်းက တော်တော်ညံ့တယ် တချို့က ဂျုံမှုန့်သာသာပဲလို့တောင် ပြောကြတယ် စမ်းကြည့်မလား"

ပြောရင်းနှင့် သူက ဟီးရိုးအင်းထုပ်ကို ပင်း၏ပါးစပ်ထဲ လောင်းထည့်ရန် ပြင်လိုက်သည်။

"ကျေးဇူးပြုပြီး မလုပ်ပါနဲ့...တောင်းပန်ပါတယ်ဗျာ"

ကျန်းကျင်းခိုင်၏လုပ်ရပ်ကြောင့် ပင်း အကြီးအကျယ် ကြောက်ရွံ့သွား၏။ ထိုတထုပ်လုံး သူ့ပါးစပ်ထဲဝင်သွားလျင် ဘာဖြစ်သွားမည်မှန်း ပင်း ကောင်းကောင်းသိထားသည် မဟုတ်ပါလား။

"တောင်းပန်တယ် ဟုတ်လား ဘာလို့ တောင်းပန်တာလဲ"

"ကျွန်တော်… ကျွန်တော်…"

ပင်းခမျာ စိတ်လှုပ်ရှားလွန်း၍ စကားပင်မပြောနိုင်ရှာတော့။

"တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး မလုပ်ပါနဲ့"

"ကောင်းပြီလေ မင်းကိုယ်မင်း ကယ်တင်ဖို့ အခွင့်အရေးပေးလိုက်မယ်"

ကျန်းကျင်းခိုင်၏ လေသံမှာ တင်းမာနေ၏။

"ပြောစမ်း မင်းပြောတဲ့ကောင်မလေး ဘယ်မှာလဲ မင်း သူ့ကို ဘယ်မှာဝှက်ထားတာလဲ"

"သူ… သူ အသက်ရှင်နေပါသေးတယ်"

ပင်း ကြောက်ကြောက်လန့်လန့်နှင့် ပြန်ဖြေလိုက်၏။

"ဒါပေမဲ့… ဒါပေမဲ့ ကျွန်တော် မသိဘူး… သူ ဘယ်မှာလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူးဗျာ"

ထိုအဖြေကို မကျေနပ်ဟန်ဖြင့် ကျန်းကျင်းခိုင်က ဘိန်းဖြူထုပ်ကို ပင်း၏ပါးစပ်အနီးကို စောင်းထားလိုက်သည်။ ဘိန်းဖြူမှုန့်များသည် သူ့ပါးစပ်နှင့် မီလီမီတာအနည်းငယ်မျှသာ ကွာတော့၏။

"အား အံမလေး ကျွန်တော် တကယ်မသိပါဘူးဗျ တောင်းပန်ပါတယ်"

ပင်း ကြောက်အားလန့်အားနှင့် အော်ဟစ်နေလေသည်။

"ကောင်းပြီ ဒီဘိန်းဖြူတွေက ဘယ်သူ့ပစ္စည်းလဲဆိုတာ ပြောပြစမ်း"

ကျန်းကျင်းခိုင်က ချက်ချင်း ခေါင်းစဥ်ပြောင်းမေးလိုက်သည်။

"အစ်ကိုယီနဲ့အစ်ကိုလီ...ဟိုဟာ...စွေ့ကျုံးယီနဲ့စွေ့ကျုံးလီတို့ ပစ္စည်းတွေပါ"

"တော်တယ်"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။

"ပစ္စည်းတွေထိမ်းသိမ်းဖို့ လူဘယ်နှစ်ယောက်ထားသလဲ"

"နှစ်ယောက် ကျွန်တော်နဲ့ ဝမ်နဲ့ပဲ"

ပင်းက ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ ကျွန်တော်တို့က ဒီကို ပစ္စည်းတွေရှိမှပဲလာလေ့ရှိတယ်"

"ဒါဆို အခု ဝမ်ဘယ်မှာလဲ"

"သူ… သူ အစားအသောက်တွေ သွားဝယ်ပါတယ်…"

ပင်းက ပြန်ဖြေလိုက်သည်။

"အစားအသောက်သွားဝယ်တယ် ဟုတ်လား"

ကျန်းကျင်းခိုင်၏ လက်က ပင်း၏ ပါးစပ်နားသို့ နောက်တစ်ကြိမ် နီးကပ်လာ၏။

"အား...မလုပ်ပါနဲ့...တကယ်ပါ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ"

ပင်း သွေးရူးသွေးတန်းနှင့် ထအော်လိုက်ပြန်သည်။

"သူ တစ်ပတ်စာရိက္ခာသွားဝယ်တာ ကျွန်တော် မလိမ်ပါဘူးဗျာ"

"တစ်ပတ်စာတောင်လား"

"ဟုတ်ကဲ့ ပစ္စည်းတွေက ခုမှရောက်တာမို့လို့ ဖြန့်ဖြူးပြီးဖို့ဆိုရင် ဒီမှာ တစ်ပတ်လောက် နေရမယ်"

ပင်းက မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေလိုက်၏။

"တံခါးဖွင့်ဖို့ လျှို့ဝှက်ကုဒ်ရှိသလား ဒီပစ္စည်းတွေ ဘေးကင်းတယ်ဆိုတာ စွေ့ကျုံးယီ ဘယ်လိုလုပ်သိနိုင်မလဲ"

"ကင်မရာတွေရှိတယ်"

ပင်း ဂိုဒေါင်မျက်နှာကျက်ကို လက်ညှိုးထိုးရင်း ပြန်ဖြေလိုက်သည်။

"ကင်မရာတွေအားလုံးကို ချိတ်ဆက်ထားတယ် လျှို့ဝှက်ကုဒ်သိတဲ့သူတိုင်း ဝင်ကြည့်လို့ရတယ် စွေ့ကျုံးယီအပါအဝင် တခြားဂိုဏ်းခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ တပတ်မှာ ၂၄နာရီ ဒီပစ္စည်းတွေ ဘေးကင်းမကင်း စစ်ကြည့်လို့ရတယ"

"တကယ်လား"

ကျန်းကျင်းခိုင် ရုတ်တရက် ကျောစိမ့်သွား၏။ လူရှောက်ချိန်၏ ရှာဖွေမှုကို ကင်မရာမှ စွေ့ကျုံးယီတို့ သိသွားနိုင်သည် မဟုတ်ပါလား။

"ကျွန်တော် အမှန်အတိုင်း ပြောနေတာပါဗျာ"

ပင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

"တံခါးဖွင့်တဲ့ စကားဝှက်က ဘာလဲ"

ကျန်းကျင်းခိုင်က ထပ်မေးလိုက်၏။

"စကားဝှက် မရှိပါဘူးဗျာ တံခါးအပြင်ဘက်မှာ နောက်ထပ် ကင်မရာတစ်လုံး ရှိပါတယ် အဲဒီကင်မရာကနေ အပြင်မှာ ဘယ်သူရောက်နေလဲဆိုတာ မြင်နေရတယ်လေ တစ်ယောက်ယောက်က ကင်မရာကို ကြည့်ဖို့ပဲ လိုတယ် သူတို့ကို မှတ်မိရင် အထဲကနေ တံခါးဖွင့်ပေးလိုက်ရုံပဲ"

"စုစုပေါင်း ကင်မရာ ဘယ်နှစ်လုံးရှိလဲ"

"ရှစ်လုံး"

ပင်း အလျင်အမြန် ပြန်ဖြေလိုက်၏။

"ဘယ်နေရာတွေလဲ"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။

"ကျွန်တော် ကင်မရာတွေ ဘယ်မှာရှိသလဲဆိုတာ ပြပေးလို့ရပါတယ်"

ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ တံခါးခေါင်းလောင်းသံ မြည်လာ၏။ အိတ်များစွာကိုစုပြုံကိုင်ထားသော လူတဦး ပင်း၏ မော်နီတာပေါ်တွင် ပေါ်လာလေသည်။ ထိုလူမှာ ဝမ်ဖြစ်ပေလိမ့်မည်။

"တံခါးကို ဘယ်လိုဖွင့်ရမလဲ"

ကျန်းကျင်းခိုင်က ကွန်ပျူတာမော်နီတာကို ကြည့်ရင်း ပင်းကို မေးလိုက်ပြန်သည်။

"မော်နီတာအောက်မှာ ခလုတ်တစ်ခု ရှိတယ်…"

ပင်းတယောက် အတော်လေး အမိန့်နာခံနေ၏။

ကျန်းကျင်းခိုင်၏ နောက်တွင်ရပ်နေသည့် လူရှောက်ချိန်သည် ပင်းစကားကိုကြားသည်နှင့် သူ့ပစ္စတိုကို ဆွဲထုတ်ပြီး ရှေ့တံခါးဆီသို့ ပြေးသွား၏။ ဝမ်တယောက် ဝင်လာသည်နှင့် သူမြင်လိုက်ရသည်မှာ သူ့ခေါင်းကို ချိန်ထားသော လူရှောက်ချိန်၏ပစ္စတိုကိုပင် ဖြစ်လေသည်။

နောက်ဆုံးတော့ ဝမ်နှင့်ပင်းတို့၏ ဝန်ခံချက်များအရ လုံခြုံရေးကင်မရာ ရှစ်လုံး၏ တည်နေရာများကို ကျန်းကျင်းခိုင် ရှာဖွေနိုင်ခဲ့၏။ သူ့အနေနှင့် စွေ့ကျုံးယီနှင့် စွေ့ကျုံးလီတို့ထံတွင်သာ ကင်မရာများကို ဝင်ကြည့်နိုင်သည့် လျှို့ဝှက်ကုဒ်များရှိကြောင်း သိထားခဲ့ပြိး ဖြစ်သည်။ ပို၍အားသာသွားသည်မှာ စွေ့ကျုံးယီတို့ညီအစ်ကိုနှစ်ယောက်သည် အလုပ်ကိစ္စနှင့် နိုင်ငံခြားက ယနေ့မှပြန်လာမည်ဖြစ်၍ မူယစ်ဆေးဝါးများ ဖမ်းဆီးခံရသည့်ကိစ္စကို မသိနိုင်သေးကြောင်း ကြားလိုက်ခြင်းပင်။ သိပ်မကြာမီ စွေ့ကျုံးယီ သိုလှောင်ရုံသို့ ဖုန်းခေါ်လာ၏။ သူ ပြန်ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားလာခြင်းပင်။

ဂိုဏ်းခေါင်းဆောင်များ အခြေအနေကို မျက်ခြေပြတ်နေသည်ဖြစ်၍ လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိနိုင်ဟု ကျန်းကျင်းခိုင် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် လက်ထောက်ခရိုင်ရုံးမှာ အရာရှိများကို သိုလှောင်ရုံများအတွင်း လျှို့ဝှက်ပုန်းအောင်းစေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ယောက်ထန်းယုကိုပါ အခြေအနေအရပ်ရပ်အား သတင်းပို့လိုက်၏။ ယောက်ထန်းယုကလည်း သိုလှောင်ရုံပတ်ပတ်လည်တွင် ရဲအင်အားအများအပြား ချထားလိုက်သည်။

ပိုက်ကတော့ ချပြီးလေပြီ။ ငါးဝင်တိုးရန်သာ ကျန်တော့သည်။

All Chapters