← Chapters

ဂိုဒေါင်ထဲမှ သဘောတူညီမှု

Vol. 11 Ch. 107

ဂိုဒေါင်ထဲမှ သဘောတူညီမှု

Vol. 11 Ch. 107

ကျန်းကျင်းခိုင်တယောက် က မူးယစ်ဆေးဝါးဂိုဒေါင်ပတ်ပတ်လည်တွင် ဟာကွက်မရှိအောင် ပြင်ဆင်နေစဥ်မှာပင် အနီးအနားရှိ မြို့တစ်မြို့ပူးပေါင်းလာသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိနှစ်ယောက် ကျန်းနန်၏ ရုံးခန်းသို့ ရောက်လာခဲ့၏။ ကျန်းနန်၏ အကူအညီနှင့် သူတို့နှစ်ယောက်သည် ရဲဆေးရုံရှိ အလောင်းတစ်လောင်းထံမှ ဖြတ်ယူထားသည့် နားရွက်တစ်ဖက်နှင့် စာအိတ်တစ်အိတ်ကို စွေ့ကျုံးယီနှင့်စွေ့ကျုံးလီတို့လက်ထဲ အရောက်ပို့နိုင်ခဲ့၏။

"ဟားဟားဟား ခွေးမသားတောက်က သတ္တိရှိသားပဲ ဒီကောင် သူ့ညီမလေးကို ပြန်ရဖို့ ငါတို့နဲ့ အပေးအယူလုပ်ချင်ပုံရတယ်"

နားရွက်နှင့်အတူပါလာသော စာကိုဖတ်ပြီး စွေ့ကျုံးယီက စွေ့ကျုံးလီကို ပြောလိုက်၏။

"သူက စာနဲ့အတူ လက်ဆောင်ပါ ပေးလိုက်သေးတယ်ဟေ့"

ထို့နောက် သူ နားရွက်ကို စာအိတ်ထဲမှထုတ်ယူပြီး ကြည့်လိုက်၏။

"ဒါ ပင်းရဲ့နားရွက်လား ဝမ်ရဲ့နားရွက်လား မင်းဘယ်လိုထင်လဲကွ"

စွေ့ကျုံးလီ ဒေါသတကြီးနှင့်ထပ်ရပ်လိုက်သည်။

"ဘာလဲ ဒီကောင်တွေ ကျွန်တော်တို့ဂိုဒေါင်ကို စီးနင်းလိုက်တဲ့သဘောလား"

"ဟုတ်တယ်ကွ"

စွေ့ကျုံးယီက စာကိုကမ်းပေးရင်း ပြန်ဖြေလိုက်၏။

"ဒီမှာကြည့်လေ တောက်က သူတို့ ငါတို့ဂိုဒေါင်ကို ထိန်းချုပ်လိုက်ပြီတဲ့ ငါတို့မူးယစ်ဆေးဝါးအားလုံး သူ့လက်ထဲ ရောက်နေပြီလို့ ရေးထားတယ်"

"ခွေးမသား ဒီကောင်က ကျွန်တော်တို့လူတစ်ယောက်ကို သတ်ပြီး ဂိုဒေါင်ကို သိမ်းလိုက်တယ်ပေါ့ ဟုတ်လား ကျွန်တော် ဟိုခွေးမကို အခုပဲ သွားသတ်တော့မယ်"

စွေ့ကျုံးလီ စာကိုဖတ်ပြီး အော်ဟစ်သောင်းကျန်းနေလေသည်။

"စိတ်မပူပါနဲ့ ညီလေး"

စွေ့ကျုံးယီက အပြုံးပင်မပျက်ပဲ သူ့ညီကို နှစ်သိမ့်လိုက်၏။

"သူက သာမာန် မိန်းမတစ်ယောက်ပါပဲကွာ တောက် က သူ့ကို ပြန်လိုချင်တယ်ဆိုရင် ငါတို့က သူ့ကို ပေးရုံပဲပေါ့ ဒီလောက်နဲ့ ငါတို့ရဲ့စီးပွားရေးကို ထိခိုက်ခံစရာမလိုဘူးလေကွာ ပြီးတော့ သူက လမ်းကြားထဲသွားတဲ့ ငါတို့ညီအစ်ကိုတွေကို သတ်ခဲ့တာ ဟုတ်မဟုတ် ငါတို့မသိသေးဘူး၊ ဒါကြောင့် ငါတို့အနေနဲ့ အလောသုံးဆယ် မလုပ်မိဖို့ လိုတယ် အလောသုံးဆယ်လုပ်လို့ အမှားကြီးတွေဖြစ်ကုန်ရင် ကြားထဲက ရဲတွေပျော်ကုန်လိမ့်မယ်"

"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ အစ်ကိုကြီ"

စွေ့ကျွုံးလီက ထိုင်ခုံတွင် ပြန်ထိုင်ရင်း မကျေမနပ်နှင့် မေးလိုက်သည်။

"လွယ်ပါတယ်"

ထိုသို့ပြောပြီး စွေ့ကျုံးယီ ကွန်ပျူတာဖွင့်ရင်း လျှို့ဝှက်ကုတ်များ ရိုက်ထည့်လိုက်၏။

"ဒီကောင်တွေ ငါ့ကင်မရာတွေအကြောင်း သိမှာမဟုတ်သေးဘူး"

သူက စွေ့ကျုံးလီကို ပြန်ကြည့်ရင်း ရှင်းပြလိုက်သည်။

"ဒီနားရွက်က ဝမ်ရဲ့နားရွက် ဖြစ်မဲ့ပုံပဲ"

ပင်းနှင့်ဝမ်တို့ကို ဂိုဒေါင်ထောင့်တစ်နေရာတွင် ကြိုးနှင့်တုပ်ထားကြောင်း ကွန်ပျူတာမျက်နှာပြင်တွင် သူတို့ မြင်နေရသည်။

"ဒါဆို ဘာလုပ်ကြမလဲ"

စွေ့ကျုံးလီက ထပ်မေးလိုက်ပြန်သည်။

"စိတ်မပူပါနဲ့ကွာ ဒီကောင်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါသိပါတယ် သူက သုံးရက်နေရင် သဘောတူညီမှုယူမယ်လို့ ပြောခဲ့တယ်မဟုတ်လား ဒီတော့ ငါတို့ သူတို့ကို သုံးရက်လောက် စောင့်ကြည့်မယ် ဂိုဒေါင်ထဲမှာ လူဘယ်နှစ်ယောက်ရှိလဲဆိုတာ ရှာမယ် မင်းက ငါတို့ညီအစ်ကိုတွေကို စုပြီး လက်နက်တွေ ပြင်ဆင်ထား တောက် ဆိုတဲ့ကောင်က လက်နက်မဲ့တိုက်ခိုက်ရေးမှာ တော်တယ်လို့ သိရတယ် ဒီတော့ သေနတ်တွေယူသွားကြတာပေါ့ ဟုတ်ပြီလား"

"ကောင်းပြီ အစ်ကိုကြီး အဲဒီအတိုင်း ကျွန်တော် လုပ်မယ်"

ထို့နောက် စွေ့ကျုံးလီ ရုံးခန်းထဲမှ ချက်ချင်းပင် ထွက်ခွာသွား၏။

တစ်ချိန်တည်းမှာပင် ကျန်းနန်သည် တောက်နှင့်သူ့အဖွဲ့ဝင်များ၏ သတင်းအချက်အလက်များကို လမ်းကြားထဲမှ မိန်းကလေးများထံတွင် လိုက်လံစုံစမ်းနေ၏။ ထို့နောက် သူတို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိနှစ်ယောက်ကိုဖောက်သည်များအဖြစ် အသွင်ယူပြီး ပြည့်တန်ဆာရပ်ကွက်ထဲ သတင်းအမှားများ ပျံ့လွင့်လိုက်စေ၏။ ထိုသတင်းများထဲတွင် အားကျောက်ကို စွေ့ကျုံးယီက ဖမ်းဆီးထားပြီး မြို့ထဲရှိ အပန်းဖြေစခန်းတစ်ခု၏ မြေအောက်ဂိုဒေါင်ထဲတွင် ဖွက်ထားကြောင်း၊ စွေ့ကျုံးယီသည် သုံးရက်အတွင်း ဂိုဒေါင်ထဲတွင်အရောင်းအဝယ်တစ်ခု ပြုလုပ်တော့မည်ဖြစ်ကြောင်း စသည်တို့ ပါဝင်လေသည်။ သိပ်မကြာမီ ထိုသတင်းများ အားတောက်ထံ ရောက်ရှိသွားတော့၏။

စွေ့ညီအစ်ကိုများကဲ့သို့ပင် အားတောက်သည်လည်း သတင်းရရချင်း အပန်းဖြေစခန်းကို စတင်ထောက်လှမ်းတော့သည်။ အပန်းဖြေစခန်း၏ မြေအောက်သိုလှောင်ခန်းနှင်ပတ်သက်သည့်အချက်အလက်များ ရရှိပြီးနောက် မြေအောက်ဂိုဒေါင်ထဲ တိုက်ရိုက်ဝင်ရောက်ရန် နည်းလမ်းမရှိသည်ကို အားတောက် သိလာ၏။ ဂိုဒေါင်တွင် ဝင်ပေါက်တစ်ခုသာရှိပြီး ထိုဝင်ပေါက်ကိုလည်း လုံခြုံရေးကင်မရာနှစ်လုံးက အချိန်တိုင်း စောင့်ကြည့်နေလေသည်။ ထို့ကြောင့် ဂိုဒေါင်ထဲသို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ရန် အကောင်းဆုံးအချိန်မှာ အရောင်းအဝယ်လုပ်နေချိန်ဟု သူ ဆုံးဖြတ်လိုက်၏။ ဤမျှဆိုလျင် အားတောက်အနေနှင့် အားကျောက်ကို အထူးတလည် လိုက်လံရှာဖွေနေရန် မလိုတော့။ ထိုအစားသူက သုံးရက်အကြာတွင် စတင်မည့်စစ်ဆင်ရေးအတွက် လူသူလက်နက်စုဆောင်းခြင်းကိုသာ ဦးစားပေး ဆောင်ရွက်နေလေသည်။

"အစ်ကိုတောက် ဒီတခေါက်မှာ ကျွန်တော်တို့ အားမင်ကို ခေါ်သွားအုံးမလား"

အားလုံးပြင်ဆင်ပြီးသည်နှင့် အားလုံက အားတောက်ကို မေးလိုက်သည်။

"သူ့အခြေအနေဘယ်လိုလဲ"

"တော်တော်တိုးတက်လာပါပြီ"

အားလုံက ပြန်ဖြေလိုက်သည်။

"အစ်မကျောက် ပြန်ပေးဆွဲခံလိုက်ရတဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်နေတယ် စိတ်ဓာတ်ကျနေတယ် သူ့ကို အခွင့်အရေး နောက်တခေါက်လောက် ပေးလိုက်ရင် မကောင်းဘူးလား"

"မဟုတ်ဘူး သူ့ကို ဆေးရုံမှာပဲ ဆက်နေခိုင်းလိုက်ပါ"

အားတောက်က ခေါင်းခါပြလိုက်သည်။

"နောက်ပိုင်းမှာ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးအများကြီး ရအုံးမှာပါ"

တကယ်တော့ အားတောက်၏စိတ်ထဲတွင် အားမင်ကို ပါဝင်စေချင်၏။ သို့သော် သူ တခုခုကို စိတ်ထင့်နေသည်။ ဤစီးနင်းမှုတွင် အမှားအယွင်းတခုခု ဖြစ်ပေါ်လာခဲ့လျင် အားမင်သည်လည်း ထိခိုက်သွားနိုင်သည် ။ ထိုသို့ဖြစ်လာမည်ကို အားတောက် မလိုလား။ သူ မရှိသောအခါ အားကျောက်ကိုစောင့်ရှောက်ရန် ယုံကြည်စိတ်ချရသည်ဟူ၍ အားမင်သာရှိသည် မဟုတ်ပါလား။

ကျန်းကျင်းခိုင်အတွက်လည်း ဤသုံးရက်သည် သူ့ဘဝတွင် အရှည်ဆုံးနေ့ရက်များ ဖြစ်နေနိုင်၏။ ဤရက်များအတွင်း သူ ဂိုဒေါင်ထဲမှ အပြင်သို့လုံးဝ မထွက်ခဲ့ချေ။ လာမည့်ရက်များအတွင်း စွေ့ကျုံးယီနှင့်တောက်တို့နှစ်ယောက်လုံး ဂိုဒေါင်ကို ရောက်လာကြပြီး တိုက်ပွဲဖြစ်မည်ကို သူ သိနေပေသည်။ သို့သော် သူ့အတွက် စိုးရိမ်စရာတခုတော့ရှိ၏။ ၎င်းမှာ အားကျောက်၏ လုံခြုံရေးပင်။ သူ မည်မျှပင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားစေကာမူ အားကျောက်၏ လုံခြုံရေးကို အာမခံနိုင်ရန် မည်သည့်နည်းလမ်းမျှ မရှိချေ။ သို့သော် ကျန်းကျင်းခိုင် သိနေသည်မှာ သူသာ အားကျောက်၏အသက်ကို အလောင်းအစားမလုပ်လျင် သူမသည် ဤကမ္ဘာကြီးထဲမှ တကယ်ပင် ထာဝရ ပျောက်ကွယ်သွားနိုင်ချေ ရှိနေခြင်းပင်။

အားလုံးမှာ ကျန်းကျင်းခိုင် စီမံထားသည့်အတိုင်း ဖြစ်ပျက်လာ၏။ စွေ့ညီအစ်က်ိုများသည် လူဒါဇင်ပေါင်းများစွာကို ခေါ်ပြီး တတိယမြောက်နေ့ညနေတွင် ဂိုဒေါင်သို့ ရောက်လာကြ၏။ ကားတစီးထဲတွင်တော့ အားကျောက် ရှိနေလေသည်။ စွေ့ကျုံးယီ၏ ကားတန်းကြီး ဂိုဒေါင်အဓိကဝင်ပေါက်အနီးသို့ ချဉ်းကပ်လာသည်နှင့် တံခါးမှာ အတွင်းဘက်မှ အလိုအလျောက် ပွင့်လာ၏။ စွေ့ကျုံးယီနှင့် သူ့လူများ ကားပေါ်မှဆင်းပြီး အားကျောက်ကို သူတို့နှင့်အတူ ဂိုဒေါင်ထဲသို့ ခေါ်သွားလေသည်။

ဂိုဒေါင်နှင့်အဝေးတနေရာမှ စောင့်ကြည့်နေသောအားတောက်ကား စွေ့ကျုံးယီက အားကျောက်ကို အပြင်တနေရာမှ ခေါ်လာကြောင်းတွေ့လိုက်၍ အံ့သြသင့်သည်နှင့်အမျှ စိတ်မသက်မသာပါ ဖြစ်သွား၏။ သို့သော် ထိုသံသယကို အားကျောက်အား ကယ်တင်ရန်ဆန္ဒက လွှမ်းမိုးသွားပုံရသည်။ ဂိုဒေါင်တံခါးပွင့်လျက်သား ကျန်ခဲ့သည်ကို အခွင့်ကောင်းယူပြီး သူသည် သူ့လူများနှင့်အတူ အထဲသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့၏။ ထို့နောက် သူ့လူများကို ဂိုဒေါင်ပတ်ပတ်လည်တွင် နေရာယူပြီး ချုံခိုတိုက်ခိုက်ရန် တိတ်တဆိတ် စောင့်ဆိုင်းနေကြလေသည်။

တချိန်တည်းမှာပင် စွေ့ကျုံးယီနှင့် အားတောက်တို့ တစ်ယောက်ပြီးတစ်ယောက် ဂိုဒေါင်ထဲ ဝင်သွားသည်ကို တွေ့နေရသော ယောက်ထန်းယုကလည်း ရဲတပ်ဖွဲ့ဝင်များအားလုံးကို စတင်တပ်လှန့်လိုက်၏။

"ကဲ တောက် မင်းလိုချင်တဲ့လူကို ငါခေါ်လာပြီ"

ဂိုဒေါင်ထဲရောက်သည်နှင့် စွေ့ကျုံးယီက အော်ဟစ်လိုက်၏။

"သိပ်ကောင်းတယ် သူ့ကို ဒီခေါ်လာခဲ့"

မျက်နှာဖုံးနက်ဝတ်ဆင်ထားသော လူတစ်ယောက်က စွေ့ကျုံးယီကို အမိန့်ပေးလိုက်၏။

"ဟား ဟား ဟား မင်းက ဟာသပဲ"

စွေ့ကျုံးယီ အားရပါးရ ရယ်မောလိုက်၏

"ငါ ကောင်မလေးကို ပြပြီးပြီ အခု မင်းက ငါ့ကို ပစ္စည်းတွေပြ"

"ပစ္စည်းတွေ ဟုတ်လား"

မျက်နှာဖုံးစွပ်လူက အေးစက်စက်လေသံနှင့် ရယ်မောလိုက်ပြီး သူ့နောက်ကလူများကို အချက်ပြလိုက်၏။ ထိုလူများက ချက်ချင်းပင် အဖြူရောင်အထုပ်များ ပြည့်နေသည့် ခရီးဆောင်အိတ်ကြီးနှစ်လုံးကို ယူလာခဲ့လေသည်။

"မင်းလူတစ်ယောက်ကို စစ်ဆေးဖို့ ဒီဖက်ကို လွှတ်လိုက်"

စွေ့ကျုံးယီဘက်မှ လူတယောက် ရှေ့ထွက်လာပြီး ဘိန်းဖြူများကို စစ်ဆေးလိုက်၏။

"ဒါ ကျွန်တော်တို့ဟာတွေပဲ အစ်ကိုယီ"

ထိုအခါ စွေ့ကျုံးယီက ထပ်မေးလိုက်ပြန်သည်။

"ကောင်းပြီ မင်းတို့ဖမ်းထားတဲ့ ငါ့လူတွေ ဘယ်မှာလဲ"

"ကောင်မလေးကို အရင်လွှတ်ပေး"

မျက်နှာဖုံးစွပ်ထားသောလူက တောင်းဆိုလိုက်သည်။

"ဒီနေ့ မင်းတို့ပစ္စည်းတွေကို ယူသွားနိုင်တယ်၊ ဒါပေမယ့် အာမခံအနေနဲ့ မင်းလူတွေကိုတော့ ခနတဖြုတ် ထားခဲ့ရလိမ့်မယ်"

"ကောင်းပြီလေ ပြဿနာမရှိဘူး"

စွေ့ကျုံးယီက သဘောတူလိုက်၏။ ထို့နောက် သူက သူ့လူများအား အားကျောက်ကိုလွှတ်ပေးရန် အချက်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် စွေ့ကျုံးယီ၏ လူသည် ဘီဖြူထုပ်များထည့်ထားသည့် ခရီးဆောင်အိတ်နှစ်လုံးနှင့် ပြန်လာနေပြီ ဖြစ်သည်။ အားကျောက်နှင့်ထိုလူ လမ်းတစ်ဝက်ရောက်နေချိန်မှာပင် လူတစ်ယောက်က ရုတ်တရက် ခုန်ထွက်လာပြီး အားကျောက်ထံသို့ ခုန်ဝင်လိုက်၏။ ထို့နောက် သူသည် သူမကို မြေကြီးပေါ် လှဲချလိုက်ပြီး စွေ့ကျုံးယီ၏လူကို ပစ္စတိုနှင့် ပစ်ထည့်လိုက်လေသည်။ တဆက်တည်းမှာပင် ထိုလူသည် အားကျောက်ကိုချီပြီး ဂိုဒေါင်တဖက်ခြမ်း ကျည်ကွယ်ရာနေရာသို့ ပြေးဝင်သွား၏။

ထိုလူ၏ သူရဲကောင်းဆန်ဆန်လုပ်ရပ်အပြီး စက္ကန့်ပိုင်းမှာပင် စွေ့ကျုံးယီနှင့်သူ့လူများအပေါ် ကျည်ဆန်မိုးရွာကျလာတော့သည်။

All Chapters