← Chapters

သခင်အဖြစ် မှတ်ယူခြင်း

Vol. 29 Ch. 395

သခင်အဖြစ် မှတ်ယူခြင်း

Vol. 29 Ch. 395

" ဘယ်လို . ၊ အကြီးအကဲပိုင် .. ကျွန်မကို အလုပ်ထုတ်မလို့လား ။ ဘာဖြစ်လို့လဲ .. ခုနက ဟို လူကြောင့်လား .. "

သက်လတ်ပိုင်အရွယ် အမျိုးသမီးမှာ လောထျန်း ထွက်သွားသည့်ဘက် လက်ညိုးထိုးပြပြီး  စိတ်ရှုပ် ၊ ဒေါသထွက်နေဟန် တူပါ၏။

သို့သော် ထိုအချိန်မှာပင် ..

ဖြောင်း ..

အကြီးအကဲပိုင်က သူမ၏ လက်ချောင်းကို ရုတ်တရက် ချိုးလိုက်သည်။

" အား ... "

အမျိုးသမီးထံမှ နာကျင်နေသော အော်သံ​ကြီး ထွက်လာပြီး သူမ၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှုတို့ဖြင့် ပြည့်သွား၏။

အကြီးအကဲ ပိုင်က မျက်နှာထား တင်းတင်းဖြင့် ထပ်ပြောလာသည်။

" အဲ့ဒါ ငါတို့ လေလံရုံးရဲ့ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ပဲကွ ။ မင်းလို ဘာမဟုတ်တဲ့ လူမျိုးက သူ့ကို လက်ညိုးထိုးနေစရာ အကြောင်းကို မရှိဘူး "

အမျိုးသမီး၏ နဖူးတွင် ဇောချွေးများ ပြန်လာ၏။ သို့သော် သူမက အံကြိတ်၍ ပြန်ပြောသည်။

" အရေးကြီးတဲ့ ဧည့်သည် ဟုတ်လား ။ ဘယ်က အရေးကြီးတဲ့ ဧည့်သည် ဟုတ်ရမှာလဲ ။ အဲ့ကောင်လေးက ရှောက်ချီ ခေါ်လာတဲ့ နိုင်ငံငယ်လေးတစ်ခုက တောသားတစ်ယောက်ပဲ သခင်ကြီးပိုင် ရဲ့။ အဲ့လူက သေခါနီး သားရဲတစ်ကောင်ပဲ ဝယ်သွားတာ။ အဲ့လို လူ တစ်ယောက်အတွက်နဲ့ သခင်ကြီးပိုင်က ကျွန်မကို နာကျင်အောင် လုပ်နေတာလား။ သခင်ကြီးပိုင်က ကိုယ်ရေးကိုယ်တာ မကျေနပ်ချက် အတွက်နဲ့ ကျွန်မအပေါ်ကို အခွင့်ကောင်း ယူနေတယ်လို့ပဲ ကျွန်မ ထင်တယ် "

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကျယ်လောင်စွာပင် အော်ပြောလိုက်သည်။

အကြီးအကဲပိုင် မျက်ခုံးပင့်သွားပြီး ရှောက်ချီအား လှည့်ကြည့်၏။

" ရှောက်ချီ ၊ အဲ့ဧည့်သည်ကို မင်း ခေါ်လာတာလား "

ရှောက်ချီမှာလည်း ထိုအချိန်တွင် မည်သို့ ဆက်ဖြစ်မည်ကို မသိသဖြင့် အလွန်ပင် ထိတ်လန့်နေသည်။ သို့သော် သူမ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

" ဟုတ်ပါတယ်ရှင် "

အကြီးအကဲပိုင် မျက်မှောင် အနည်းငယ်ကြုံ့သွားကာ ထပ်မေး၏။

" မင်း သူ့ရဲ့ ငွေကြေးအခြေအနေကိုရော စစ်ဆေးကြည့်ခဲ့သေးလား "

ရှောက်ချီက ခေါင်းညိတ်ပြသည်။

" စစ်ဆေးကြည့်ခဲ့ပါတယ်ရှင် "

" ဘယ်လောက်ရှိလဲ "

အကြီးအကဲပိုင် ထပ်မေး၏။

" အနည်းဆုံး .. အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံးတွေ ကုဍေ ထောင်ချီပြီး ရှိတယ်ရှင့်။ အဲ့ထက်တောင် များနိုင်သေးတယ် "

ရှောက်ချီက ပြန်ဖြေလိုက်သည်။

" ဟမ့် .. သခင်ကြီးပိုင် ၊ အဲ့ခွေးမလေး လျှောက်ပြောနေတာကို နားထောင်မနေနဲ့ ။ တကယ်တမ်း အပြစ်ပေးခံသင့်တာက သူပဲ ။ သူပြောသလို စိတ်စွမ်းအင်ကျောက်တုံးတွေ ကုဍေ ထောင်ချီပြီး ချမ်းသာတဲ့ သူတစ်ယောက်က ဘာမဟုတ်တဲ့ သေခါနီး သားရဲတစ်ကောင်ကို ဝယ်ပါ့မလား "

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက မကျေမနပ်ဟန်ဖြင့် ထပ်ပြောလာ၏။

" သေခါနီး သားရဲတစ်ကောင် ဟုတ်လား ၊ အဲ့သားရဲအတွက် သူ ပိုက်ဆံ ဘယ်လောက်ပေးပြီး ဝယ်သွားလဲဆိုတာ မင်း သိလား "

အကြီးအကဲပိုင် က အေးစက်စက်အသံဖြင့် မေးလိုက်သည်။

" ဘယ်လောက်လဲ .. အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း ဆိုရင်တောင် များနေပြီလေ "

အမျိုးသမီးက မကျေနပ်သေးဟန်ဖြင့်ပင် ဆက်ပြော၏။

အကြီးအကဲ ပိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

" တစ်သိန်း ဟုတ်လား ... ၊ သူက သန်း ၁၀၀ သုံးသွားတာကွ ။ သန်း ၁၀၀ "

" ရှင် .... "

သူ့စကားကြောင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးရော ၊ ရှောက်ချီပါ အံ့သြမှင်သက်ကုန်ကြသည်။

သေခါနီး သားရဲတစ်ကောင်ကို သန်း ၁၀၀ ပေး၍ ဝယ်သွားခဲ့ သတဲ့လား ..

၎င်းမှာ လွန်လွန်းလှသည် မဟုတ်ပါလား...

ထိုလူက ရူးများ နေသည်လား ..

" မဖြစ်နိုင်တာ .. အကြီးအကဲ အမှတ်မှားတာပဲ ဖြစ်ရမယ် ။ အဲ့လူမှာ ဘယ်လိုလုပ်ပြီး အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ရှိနိုင်မှာလဲ "

သက်လတ်ပိုင်းအရွယ် အမျိုးသမီးမှာ မျက်နှာကြီး ဆိုးရွားစွာပင် ပျက်နေတော့၏။

အကြီးအကဲပိုင်က အေးစက်စက် ဆက်ပြောသည်။

" ဟမ့် .. သူက အဲ့သားရဲကို သန်း ၁၀၀ ပေးပြီး ဝယ်သွားရုံတင် မကဘူး ။ နောက်ထပ် လျှို့ဝှက်နည်း စာအုပ် ၂ အုပ်ကိုလဲ သန်း ၁၀၀ စီ ပေးပြီး ထပ်ဝယ်သွားသေးတယ်ကွ ။ သူက ဒီ လေလံပွဲမှာတင် သန်း ၃၀၀ သုံးသွားခဲ့တာ "

သန်း ၃၀၀ တဲ့လား ..

ထိုစကားကို ကြားသည်နှင့် ရှောက်ချီရော သက်လတ်ပိုင်းအရွယ် အမျိုးသမီးပါ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြန်သည်။

ထို ပမာဏက သူမတို့ လေလံရုံးအတွက်ပင် အလွန် ရခဲလှသည့် ပမာဏ ဖြစ်ပါသည်။

ဤမျှ ငွေကြေးပမာဏကို သုံးနိုင်သူအား သခင်ကြီးတစ်ယောက် အဖြစ်သာ သေချာ ဆက်ဆံရမည် ဖြစ်ပါ၏။

အကြီးအကဲပိုင် အလွန် စိတ်ဆိုးနေသည်မှာ မဆန်းတော့ပါချေ။

" ရှောက်ချီ ၊ ဒီတစ်ခေါက် နင်လုပ်သွားတာ သိပ်ကောင်းတယ် ။ ခုချိန်က စပြီးတော့ နင်က သူ့ရာထူးကို ယာယီ တာဝန်ယူလိုက်ပါ။ ဒီ တုံးအတဲ့ မိန်းမလို အမှားမျိုးတော့ ထပ်မလုပ်မိစေနဲ့နော် "

အကြီးအကဲပိုင်က အေးစက်စက် ဆက်ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ "

ရှောက်ချီ အလွန်ပင် အံ့အားသင့်သွားရ၏။

သူမ၏ လူတိုင်းအပေါ် တလေးတစား ဆက်ဆံတတ်ခြင်းမှ နေ၍ ယခုလို ရလဒ်မျိုး ရလာလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိခဲ့ပေ။

တဖက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးမှာမူ ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်သက်နေသည်။

လောထျန်းက အဘယ့်ကြောင့် ဤမျှ ချမ်းသာနေရသည်ကိုလည်း သူမ နားမလည်နိုင် ဖြစ်နေပါ၏။

ထိုစဥ် လေလံရုံးမှ ထွက်လာသည့် လောထျန်းတို့ လူအုပ်မှာ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ ပြင်ဆင်ပေးထားသည့် တည်းခိုဆောင်သို့ပင် ရောက်သွားခဲ့ကြလေပြီ။

ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ အလွန်ကြီးမား ကျယ်ဝန်းသော နေရာကြီးတစ်ခုဟု ပြော၍ ရပါသည်။

လောထျန်းတို့ လူစုက ကောင်းကင်ဘုံသားရဲခန်းမ မှ ရခဲ့သော ကဒ်ပြားအား ပြလိုက်သည်နှင့်  လူတစ်ယောက်က သူတို့ တည်းခိုရမည့် အဆောင်သို့ ဦးဆောင် ခေါ်သွားပေး၏။

၎င်းမှာ အလွန်​ကြီးကျယ်ခမ်းနားသော အိမ်တစ်လုံးဖြစ်ပြီး အိမ်ထဲတွင် ခန်းမကျယ်ကြီး တစ်ခုသာမက ၊ သိုင်းပညာလေ့ကျင့်ရန် နေရာတစ်ခု နှင့် လျှို့ဝှက် လေ့ကျင့်ရေး အခန်းတစ်ခန်း အပြင် အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်ရန် သေချာ စီစဥ်ထားသော မီးဖိုခန်းတစ်ခန်းလည်း ပါဝင်ပါသေးသည်။

ဟွမ်ယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ငိုချလိုက်တော့မလိုပင် ဖြစ်သွားရှာသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ယွမ်ရှောက်မြို့ထဲ၌ သူမ နေခဲ့သော တဲစုတ်လေးမှာ ယခုနေရာနှင့် မိုးနှင့်မြေလို ကွာခြားနေပါသည်။

" ကဲ .. အခု လောလောဆယ် လျှို့ဝှက်အခန်းထဲကိုပဲ အရင်ဆုံးသွားပြီး လေ့ကျင့်ကြတာပေါ့ "

လောထျန်းက ပြောလိုက်သည်။။

" အင် ... ကောင်းပါပြီ "

ဟွမ်ယင်မှာ အိမ်ကြီးကို ခေတ္တမျှ ဆက်ကြည့်နေပြီးမှသော လောထျန်းနှင့် ပန်းလင်တို့နောက်မှ နေ၍ လျှို့ဝှက်အခန်းအတွင်းသို့ လိုက်လာ၏။

ဝုန်း ..

လောထျန်းက သူ သယ်လာသည့် လှောင်အိမ်အား လျှို့ဝှက်ခန်း ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။

လှောင်အိမ်ထဲမှ မျောက်ငယ်လေးမှာမူ နာကျင်နေဟန် ရှိတာ အသံပင် မပြုပါချေ။

" မင်းက တော်တော်စိတ်ရှည်တာပဲ "

လောထျန်းက မျောက်ကို ကြည့်ကာ သဘောကျဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်၏။

သို့သော် မျောက်လေးကမူ သူ့အား လုံးဝ လျစ်လျူရှုထားဆဲပင်။

" လောထျန်း .. နတ်ဘုရာအဆင့်နီးပါး သားရဲတွေကတောင် အရမ်း မောက်မာကြတယ်။ သူ့ကို သိမ်းသွင်းဖို့ဆိုရင် ထူးခြားတဲ့ နည်းမျိုး လိုကို လိုမှာ "

ပန်းလင်က ဘေးမှ ဝင်ရှင်းပြသည်။

လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။

" ဒါပေါ့ဗျာ .. ကျုပ် သိပါတယ် "

ထို့နောက် သူ လှောင်အိမ်ဆီသို့ လျှောက်သွားကာ မျောက်လေးအား သေချာ ကြည့်လိုက်သည်။

လှောင်အိမ်ထဲမှ မျောက်မှာ အလွန်ပိန်လှီနေပြီး တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေပါ၏။ သု့အသွင်မှာ ကျားတစ်ကောင်၏ အစားကို ခံ​ရတော့မည့် ဝက်တစ်ကောင်လိုပင် ..

" မင်းက ကွေ့ရှအဆင့်ကို ရောက်ထားပြီးသား ဆိုတော့ လူစကားလဲ ပြောတတ်မှာပေါ့ ၊ ဟုတ်လား .. "

လောထျန်း မေးလိုက်သည်။

သို့သော် မျောက်လေးက သူ့အား  လျှစ်လျူရှုထားဆဲ ဖြစ်သည်။

လောထျန်းက ၎င်းကို စိတ်ထဲရှိဟန် မတူဘဲ ဆက်ပြော၏။

" မင်းအကြောင်းကို ငါ ကြားခဲ့ရတယ်ကွ။ မင်းက သွေနီ ယူနီကွန်းတစ်ကောင်ရဲ့ အနိုင်ယူတာကို ခံခဲ့ရပြီးတော့ မင်းရဲ့ အရိုးတွေ အထုတ်ခံရပြီး မင်းရဲ့ သွေးတွေပါ အစုပ်ခံထားရတာဆို။ မင်းက မျောက်တစ်ကောင် ဖြစ်နေလို့သာပေါ့ကွာ  ... မဟုတ်ရင် မင်းကို ငါ အဓိကဇာတ်ဆောင်လို့တောင် ထင်မိမှာ "

လေလံပွဲတွင် ​ထိုမျောက်၏ အကြောင်းကို ကြားခဲ့ရစဥ်က သူ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရပါသည်။

ထိုကောင်လေး၏ ဇာတ်ကြောင်းမှာ ဇာတ်ကားထဲမှ အဓိကဇာတ်ဆောင်တစ်ယောက်၏ ဇာတ်လမ်းမျိုးနှင့် တူနေသည် မဟုတ်ပါလား။

လောထျန်းသည် အစပိုင်းတွင် စိတ်ထဲ အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သေးသော်လည်း  . .. မျောက်လေး၏ အကြောင်းစုံကို နားထောင်ပြီးနောက်တွင််မူ တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်းဝယ်ရန် ဆုံးဖြတ်ခဲ့ပါ၏။

သို့သော် မျောက်လေးကမူ လောထျန်း စကားဆုံးသွားသည့်တိုင် လျစ်လျူရှုထားဆဲပင်။

သို့သော် ... ထိုကောင်လေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်ကို လောထျန်း သေချာ မြင်သွားသည်။

ထိုကောင်လေးက ဒေါသထွက်ပြီး အဖြစ်ပျက်များအား လက်မခံနိုင် ဖြစ်နေသည်မှာ သိသာပါသည်။

" မင်း လက်တုန့်ပြန်ချင်လား "

လောထျန်း အပြုံးဖြင့် မေးလိုက်၏။

ထိုစကားကို ကြားချိန်တွင်မူ မျောက်လေး တစ်ကိုယ်လုံး တုန်လာသည်။ သို့သော် ၎င်းက ဘာမှ ပြန်မပြောပါချေ။

လောထျန်းက မည်သို့မှ ဆက်မပြောတော့ဘဲ ကောင်းကင်ဘုံနဂါးသွေး တစ်စက်ကိုသာ တန်းပြီး ထုတ်လိုက်သည်။

ဝုန်း ..

ချက်ချင်း ဆိုသလိုပင် သူ့လက်ထဲမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်လာ၏။

ကောင်းကင်ဘုံနဂါး၏ ထူးခြားသော အစွမ်းထက် အရောင်အဝါတစ်ခုလည်း လွင့်ပျံလာသည်။

အစောပိုင်းက မလှုပ်မယှက် ရှိနေခဲ့သော မျောက်လေးမှာလည်း ရုတ်တရက် မျက်လုံးများ ဖွင့်လာကာ လောထျန်းလက်ထဲမှ ကောင်းကင်ဘုံ နဂါးသွေးအား တအံ့တသြ ကြည့်လာသည်။

" နောက်ဆုံးတော့ မင်းဆီက တုန့်ပြန်တာကို မြင်ရပြီပေါ့ကွာ ။ ငါက မင်း အရိုက်ခံလွန်းလို့ ဉာဏ်ရည်ပါ ဆုံးရှုံးသွားပြီလားလို့တောင် ထင်နေတာ "

လောထျန်းက မထူးခြားဟန်ဖြင့် ဆို၏။

မျောက်လေးက လောထျန်းဘက် လှည့်ကြည့်လာပြီး မေးသည်။

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

သူ့အသံမှာ အနည်းငယ် ပြာနေသည့်တိုင် ရှင်းလင်းပါ၏။

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" အဲ့ဒါက ရှင်းပါတယ်ကွာ ၊ တကယ်လို့ မင်းသာ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုရင် ငါ မင်းကို ဒီသွေးကို သန့်စင်ခွင့်ပေးမယ်။ မင်းက နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ဆိုတော့ ဒီဟာက ဘယ်လောက်အဖိုးတန်လဲ သိမှာပါ။ ဒီဟာနဲ့သာဆို မင်းရဲ့ အရောင်အဝါနဲ့ အသက်အစွမ်းတွေ ပြန်တိုးလာပြီးတော့ မင်း ဆုံးရှုံးသွားခဲ့ရတဲ့ သွေးတွေလဲ ချက်ချင်း ပြန်ပြည့်လာမှာပဲ။ နတ်ဘုရားသားရဲ တစ်ကောင်တောင် ဖြစ်သွားနိုင်တယ် "

သူ့စကား ဆုံးသည့်အချိန်တွင်မူ မျောက်လေး၏ မျက်လုံးများ အရောင်လက်သွားကာ ပြန်ပြောလာ၏။

" ကျုပ် မင်းကို သခင်အဖြစ် အသိအမှတ် ပြုဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲ့ဒါကိုသာ သန့်စင်ခွင့် ပေးမယ်ဆိုရင် ကျုပ် မင်းအတွက် ၃ ခု ပြန်လုပ်ပေးမယ် "

ထိုစကားကို ကြားသည့် အချိန်တွင်မူ လောထျန်း မျက်နှာညိုသွားကာ ကောင်းကင်ဘုံ နဂါးသွေးအား ချက်ချင်း ပြန်သိမ်းလိုက်သည်။

" ငါ့အတွက် ၃ ခု လုပ်ပေးမယ် ဟုတ်လား ။ မင်းကိုယ်မင်း ဘာထင်နေလဲ "

သူ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

မျောက်လေးမှာ လောထျန်းကို ကြည့်ရင်း တစ်ကိုယ်လုံးသာမက စိတ်ဝိဥာဥ်ပင် တုန်ခါသွားတော့သည်။

အစပိုင်းတွင် သူသည် လောထျန်းအား နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ကို အစွမ်းထက်အောင် မွေးမြူချင်သည့် သာမာန် လူချမ်းသာ တစ်ယောက်ဟုသာ ထင်ထားခဲ့ပါ၏။

သို့သော် သူ့အထင် မှားသွားကြောင်းကို ယခု သိလိုက်ရလေပြီ။

မှားသည်မှ ..အလွန် မှားသွားခဲ့ခြင်းပင်။

ထိုစဥ် လောထျန်းက အေးစက်စက်အသံဖြင့် စကားဆက်လာသည်။

" ကောင်းကင်ဘုံနဂါးပြိုင်ပွဲ ကြောင့်သာ မဟုတ်ရင် မင်းလို ဘာမဟုတ်တဲ့ကောင်ကို ငါ လှည့်ကြည့်စရာ အကြောင်းကို မရှိတာ ။ ဒါတောင် မင်းက ငါ့ကို စျးလာဆစ်ချင်နေသေးတယ်ပေါ့လေ။ အတင့်ရဲလိုက်တဲ့ တိရစ္ဆာန် "

လောထျန်း၏ အေးစက်စက် အကြည့်အောက်တွင် မျောက်လေးမှာ ဟန်ချက်ပျက်သွားတော့၏။

" ကျုပ် သခင်လေးကို သခင်အဖြစ် မှတ်ယူပါ့မယ် "

သူ ခက်ခက်ခဲခဲဖြင့် ကြမ်းပြင်တွင် ဒူးထောက်ချလိုက်တော့သည်။

All Chapters