← Chapters

သားရဲများအား သင်ကြားပေးခြင်း

Vol. 29 Ch. 399

သားရဲများအား သင်ကြားပေးခြင်း

Vol. 29 Ch. 399

ဂွပ် ..

သူ ကိုက်လိုက်သည့် အချိန်မှာပင် ကျွတ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်လာ၏။

နောက်ဆက်တွဲ အော်သံတစ်သံလည်း ထွက်ပေါ်လာသည်။

" ဘာကြီးလဲ .. အဲ့ဒါ ဘာကြီးလဲ "

မျောက်က သူ့ပါးစပ်ကို လက်ဖြင့် အုပ်ရင်း အလန့်တကြား မေးလိုက်သည်။

သူ့လက်ထဲမှ မူလ အရှုပ်အထွေးမြေမှာ အကောင်းအတိုင်း ကျန်နေသေးသော်လည်း သူ့ ရှေ့သွားများကမူ နှစ်ပိုင်း ကျိုးသွားခဲ့ကြလေပြီ ။

" မင်း .. ငါ့ကို လှည့်စားပြန်ပြီလား "

သူ့ စိတ်ထဲ ဦးဆုံးပေါ်လာသည့် အတွေးမှာ ရှောက်ထျန်းလုံအား ပြဿနာ ရှာရန်ပင်။

သို့သော် ..သူ မော့ကြည့်လိုက်သည့် အချိန်တွင်မူ ရှောက်ထျန်းလုံလေးက မူလ အရှုပ်အထွေးမြေအား အားရပါးရ ကိုက်ပြီး ပျော်ပျော်ရွှင်ရွှင် စားနေသည်ကို မြင်လိုက်ရ၏။

" ဒါ ... "

သူ ဆွံ့အသွာရတော့သည်။

သူ့သွားများကို ချက်ချင်း ကျိုးသွားစေခဲ့သည့် အရာကို ထိုကောင်လေးက တိုဟူးတုံးလို အားပါးတရ စားနေသတဲ့လား။

အစောက တိုက်ပွဲအတွင်းတွင် ရှောက်ထျန်းလုံကသာ သူ့အား လွှဲရိုက်ခြင်း မလုပ်ဘဲ ကိုက်လာခဲ့ပါက မည်သို့ ဖြစ်သွားပါမည်နည်း။

သူ့ကိုယ်မှာ ရှောက်ထျန်းလုံ၏ တစ်ကိုက်ဖြင့်ပင်  ပြတ်ထွက်သွားရပေလိမ့်မည်။

ထိုတခဏတွင် ရှောက်ထျန်းလုံ၏ အစွမ်းကိုလည်း သူ ပိုနားလည်သွား၏။

အစောက သူ့စိတ်ထဲတွင် ရှိနေသေးသော် တိုက်ခိုက်လိုစိတ်မှာလည်း လံူးဝ ပျောက်ဆုံးသွားခဲ့ရလေပြီ ။

ထိုကောင်လေးက သူနားလည်သည့် အတိုင်းအတာထက် ပိုအစွမ်းထက်နေရာ .. မည်သို့ ဆက်ပြီး တိုက်ခိုက်ရပါတော့မည်နည်း။

" ကဲ .. အခုက ပထမပိုင်း ပြီးသွားပြီဆိုတော့ .. ငါ့ စမ်းသပ်မှုရဲ့ ဒုတိယပိုင်းကို ဆက်လုပ်ရမယ် "

လောထျန်းက ပြောလာသည်။

" ဟင် .. ဘာတွေ ကျန်သေးလို့လဲ "

မျောက်မှာ အံ့အားသင့်သွားရပြန်သည်။

သူ လုံလောက်အောင် အစွမ်းထက်နေပြီဟု ထင်ထားခဲ့သော်လည်း ယခု လောထျန်းက နောက်အစီစဥ်များ ထပ်ရှိသေးသည် တဲ့လား။

လောထျန်းက ခေါင်းညိတ်ပြကာ ပန်းလင်ဘက် လှည့်ကြည့်ပြီး ပြော၏။

" ပန်းလင် .. ကျေးဇူးပြုပြီးတော့ ကျုပ်ကို ခင်ဗျားရဲ့ ' ဉာဏ်အလင်းပွင့်ခြင်း' စာအုပ်လေး ခဏ ငှားပါလား "

ပန်းလင်က စာအုပ်အား လောထျန်းဆီသို့ ချက်ချင်းပင် လှမ်းပေးလိုက်သည်။

" ခဏလေး စောင့်ဦးဗျာ ၊ ကျုပ် စာအုပ် အရင်ဖတ်လိုက်ဦးမယ် "

လောထျန်းက အားလုံးကို လက်ဖြင့် အချက်ပြ၍ ဆိုလိုက်သည်။

မျောက်မှာလည်း ယခင်တစ်ခါ အတွေ့အကြုံ ရှိထားပြီ ဖြစ်သဖြင့် စိုးရိမ်မနေတော့ဘဲ လောထျန်း စာဖတ်နေသည်ကို အေးအေးဆေးဆေး တိတ်တဆိတ်သာ ထိုင်စောင့်နေလိုက်၏။

တခဏ ကြာသးပြီး နောက်တွင်မူ လောထျန်းက စာအုပ်ကို ပိတ်၍ ပန်းလင်ဆီသို့ ပြန်ပေးလိုက်သည်။

" အင်း .. မဆိုးဘူးဘဲ "

သူ ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။

ပန်းလင်မှာ ၎င်းကို ကြည့်ရင်း ယခု အဖြစ်ပျက်က အမှန်ပင်ဟုတ်ပါရဲ့လားဟု တွေးမိသွားသည် အထိပင် ။

ထို ဉာဏ်အလင်းပွင့်ခြင်း စာအုပ်ထဲမှ နည်းကို ကျင့်ကြံရန်မှာ မည်မျှ ခက်ခဲကြောင်း သူမ နားလည်ထားပြီး ဖြစ်ရာ လောထျန်းက ထိုသို့ ပြောလာသည့်အတွက် သူမ ပို၍ အံ့အားသင့်သွားခဲ့ရပါ၏။

လောထျန်းက အေးအေးဆေးဆေး ပြောလာသည်။

" ဒီ ဉာဏ်အလင်းပွင့်ခြင်း နည်းမှာက အသုံးဝင်ပုံ နှစ်ခု ရှိတယ်ဗျ။ ပထမ တစ်ခုက ကျင့်ကြံခြင်းကို တိုက်ရိုက် ရွှေ့ပြောင်းတာပဲ ၊ အစွမ်း ရွှေ့ပြောင်းခြင်း လို့လဲ ပြောလို့ရတာပေါ့ဗျာ။ဒါပေမယ့် အဲ့ဟာက ကျင့်ကြံခြင်း အဆင့်နဲ့ ဆက်နွယ်နေတာ ဆိုတော့ ကျုပ်အနေနဲ့ သူတို့ ခန္ဓာကိုယ်ထဲကို လွှဲပြောင်းပေးလို့လဲ သိပ် အသုံးဝင်မှာ မဟုတ်ဘူး "

ပန်းလင်က ခေါင်းညိတ်ပြသည်။

" ဒါပေါ့ .. "

လောထျန်းက စကားဆက်၏။

" ဒုတိယတစ်ခုကတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်ဗျ ။ ဒီ ဉာဏ်အလင်းပွင့်ခြင်း နည်းကို သုံးပြီးတော့ ကျုပ်အစွမ်းကို သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲ ယာယီ ရွှေ့ပြောင်းလို့ ရတယ် ။ သတ်မှတ်ချက်တစ်ခု ရောက်သွားတာနဲ့ ကျုပ်အစွမ်းကို သူတို့ သုံးလို့ ရသွားမှာ "

ထိုစကားကို ကြားသောအခါ ဟွမ်ယင် အံ့အားသင့်သွားပြီး မေးလာသည်။

" ရှင့်အစွမ်းကို သုံးနိုင်တယ် .. ဟုတ်လား။ ဒါဆို ကျွန်မတို့ သေချာပေါက် နိုင်နိုင်တာပေါ့ "

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" အဲ့လောက်တော့ မရိုးရှင်းဘူးဗျ ၊ ဒီဟာက ဉာဏ်အလင်းပွင့်ခြင်း ဖြစ်တဲ့အတွက် ကန့်သတ်ချက် တချို့တော့ ရှိသေးတယ် "

" ပထမဆုံး အချက်ကို ပြောရရင်တော့ ကျုပ်အစွမ်းကို ရွှေ့ပြောင်းလို့ ရတယ် ဆိုပေမယ့် သားရဲ တစ်ကောင်စီရဲ့ ခန္ဓာကိုယ်အမျိုးအစားတွေက မတူတဲ့အတွက် အစွမ်းကို ခံနိုင်တဲ့ ပမာဏကလဲ အကန့်အသတ်တွေ ကိုယ်စီ ရှိကြတယ်။ ဒါ့ကြောင့်မို့လို့ ကျုပ်ရဲ့အစွမ်း ဆိုပေမယ့် .. ကျုပ်ကိုယ်တိုင် ထုတ်သုံးသလောက်တော့ အစွမ်းထက်မှာ မဟုတ်ဘူး "

" ဒုတိယ တစ်ချက်ကတော့ ဒီအစွမ်းကို ထုတ်သုံးပြီးသွားရင် သားရဲရဲ့ ခန္ဓာကိုယ်ကလဲ ထိခိုက်သွားတယ်ဗျ။ ဒါ့ကြောင့်မို့လို့ ဒီအစွမ်းကို ထုတ်သုံးပြီးသွားတာနဲ့ နောက်ထပ် အစွမ်းကို ထပ်ပြီး လက်ခံဖို့ အချိိန်တစ်ခု ပြန်ယူရတတ်တယ်။ တစ်နည်း ပြောရရင်တော့ ဒီအစွမ်းကို ကောင်းကင်ဘုံ နဂါးပြိုင်ပွဲမှာ တစ်ကြိမ်ပဲ ထုတ်သုံးနိုင်မှာ "

ထိုစကားကို ကြားသောအခါ ဟွမ်ယင်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပေါ်သည်။

" အဲ့လိုလား .. ကျွန်မက လွယ်လွယ်အနိုင်ရပြီ ထင်နေတာ "

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ဒီပွဲက သားရဲတွေကြားက တိုက်ပွဲဆိုတော့ အနိုင်ရဖို့ဆို သူတို့ရဲ့အစွမ်းကိုပဲ အားကိုးရမှာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. နောက်ဆုံး အနိုင်ရတဲ့သူက သူတို့ပဲ ဖြစ်မယ်ဆိုတာ ကျုပ် ယုံကြည်ချက် အပြည့်ရှိတယ်ဗျာ "

ထို့နောက်တွင်မူ သူ လက်ယမ်း၍ ဆက်ပြောသည်။

" ကဲ ..ဟုတ်ပြီ ။ ဒါဆို ခုချိန်ကစပြီးတော့ သုံးယောက်လုံးကို ကျုပ်ရဲ့ အစွမ်းတွေ လွှဲပြောင်းပေးမယ်။ သုံးယောက်လုံး လာခဲ့ကြ "

လောထျန်း စကားဆုံးသည်နှင့် သားရဲသုံးကောင်က သူ့ဘေးနားသို့ ချက်ချင်း ရောက်လာကြ၏။

လောထျန်းက မိုးကြိုးသားရဲအား အရင်ဆုံး ကြည့်လိုက်သည်။ သူ ခေတ္တမျှ စဥ်းသားနေပြီးနောက် ဉာဏ်အလင်ပွင့်ခြင်းနည်းကို အသုံးချကာ လက်ဝါးဖြင့် အစွမ်းတစ်ခု ပို့လွှတ်လိုက်တော့၏။

သို့သော် .. စစချင်းမှာပင် မိုးကြိုးသားရဲက ဆက်ခံနိုင်ဟန် မတူတော့ပါချေ။

ထို့ကြောင့် လောထျန်း ချက်ချင်း ရပ်လိုက်ရသည်။

" အင်း .. ကြည့်ရတာ မိုးကြိုးသားရဲရဲ့ ခန္ဓာကိုယ်က လုံလောက်အောင် အစွမ်းမထက်ထားတော့ အစွမ်းနည်းနည်းလေးပဲ ခံနိုင်တဲ့ပုံပဲ။ ဒါပေမယ့် ဒီအစွမ်းနဲ့ဆို ကောင်းကင်ဘုံ တံခါးဝအဆင့်က သားရဲတွေကိုတောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားအောင် လုပ်ဖို့ လုံလောက်ပါတယ် "

ထိုသို့ ပြောပြီးနောက် သူ မျောက်ဆီသို့ လက်ဝါးအစွမ်း ပို့လွှတ်လိုက်ပြန်သည်။

မျောက်မှာ လောထျန်း ပထမ စမ်းသပ်မှု၏ ရလဒ် ဖြစ်ထားရာ မိုးကြိုးသားရဲထက် များစွာ ပိုအစွမ်းထက်ပါသည်။

၎င်းက မိုးကြိုးသားရဲ ခံနိုင်သည့် အချိန်ထက် ဆယ်ဆကျော်ပင် ပိုကြာကြာ ခံနိုင်ခဲ့ပါ၏။

ထို့နောက်တွင်မူ မျောက်ကလည်း ဆက်မခံနိုင်တော့သည့်အတွက် လောထျန်းက ချက်ချင်းရပ်၍ အစွမ်းအား မျောက်၏ လက်သီးထဲတွင် ချုပ်နှောင်ထားပေးလိုက်သည်။

" ဒီအစွမ်းကို လုံးဝ လိုအပ်လာမှသာ ထုတ်သုံးပါ။  ဒါပေမယ့် မင်းရဲ့ အသက်အန္တရာယ်နဲ့ ကြုံနေရပြီ ဆိုရင်တော့ ဘာမှ စဥ်းစားမနေဘဲ သုံးသာသုံးလိုက် "

လောထျန်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်လေး "

မျောက်က အသက်ပြင်းပြင်း ရှိုက်ရင်း ပြန်ပြော၏။

ထို့နောက်တွင်မူ လောထျန်းက ရှောက်ထျန်းလုံလေးဆီသို့ အကြည့်လွှဲလိုက်သည်။

" သူ ဘယ်လောက် ခံနိုင်မှာပါလိမ့် "

သူ့စိတ်ထဲတွင်လည်း သိချင်စိတ် အလွန် ဖြစ်သွားပါ၏။

ထို့နောက် သူ မည်သည့်စကားမှ မဆိုဘဲ ဉာဏ်အလင်းပွင့်ခြင်း နည်းကို သုံး၍ ကောင်းကင်ဘုံ သိုင်းကျမ်းထဲမှ ဓားသိုင်းကွက်တစ်ခုကို ရှောက်ထျန်းလုံ၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးလိုက်သည်။

ရှောက်ထျန်းလုံကမူ မည်သည့် ဖိအားကိုမှ မခံရဟန်ဖြင့် သူ့အား မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်နေ၏။

တခဏအကြာတွင်မူ ​ထိုကောင်းကင်ဘုံ ဓားသိုင်းကွက် တစ်ခုလုံးကို ရှောက်ထျန်းလုံ၏ ခန္ဓာကိုယ်ထဲသို့ ထည့်၍ ပြီးသွားတော့သည်။ သို့သော် ရှောက်ထျန်းလုံလေးက မည်သို့မှ ခံစားရဟန် မပြဘဲ သက်တောင့်သက်သာ ရှိနေဆဲပင်။

" ဝိုး .. မင်းက ပုံမှန် အခြေအနေမှာတောင် ငါ့ရဲ့ အစွမ်းပြည့် သုံးထားတဲ့ သိုင်းကွက်ကို ခံနိုင်ရည် ရှိတာပဲ "

လောထျန်း တအံ့တသြ ပြောလိုက်သည်။

အမှန်တွင်မူ ၎င်းမှာ သု့အစွမ်းအပြည့်ဟု ပြော၍ မရသေးပါချေ။

အကယ်၍ လောထျန်းသာ သူ၏ အရှိုပ်အထွေး ခန္ဓာကိုယ်နှင့် ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်ပါက သူ့အစွမ်းမှာလည်း ယခုနှင့် လုံးဝ ကွဲပြားသွားမည် ဖြစ်ပါ၏။

အားလုံး လုပ်ပြီးသွားသည့် နောက်တွင်မူ လောထျန်းက လက်ခုပ် တစ်ချက်တီး၍ ဆိုသည်။

" အခုက ကောင်းကင်ဘုံ နဂါးပြိုင်ပွဲ ကျင်းပဖဖို့ကလဲ ရက်နည်းနည်း လိုနေသေးတယ်။ မင်းတို့တွေ ဒီကြားထဲမှာ ဒီတိုင်ကြီး အလေလိုက်နေလို့တော့ မဖြစ်ဘူး။ အဲ့တော့  ငါကိုယ်တိုင် မင်းတို့ကို တိုက်ပွဲထဲမှာ ဘယ်လိုတိုက်ခိုက်ရမယ် ဆိုတာ လမ်းညွှန်ပေးဖို့ ဆုံးဖြတ်ထားတယ် ။ အထူးသဖြင့် မင်းပဲ ၊ မင်းက တိုက်ပွဲအတွေ့အကြုံ နည်းလွန်းသေးတော့ သေချာ လေ့​ကျင့်မှ ဖြစ်မှာ "

လောထျန်းက ထိုသို့ပြောကာ ရှောက်ထျန်းလုံအား ကြည့်လိုက်သည်။

ရှောက်ထျန်းလုံမှာ နားလည်ဟန် မတူသော်လည်း ခေါင်းလေး ညိတ်ပြရှာ၏။

" ကဲ .. ဒါဆို အခု မင်းတိုါရဲ့ ပုံစံပေါ်ကို လိုက်ပြီး ငါ မင်းတို့အတွက် သိုင်းကွက်တွေ သင်ပေးမယ်။ သေချာ လိုက်ကြည့်ထားကြနော် "

လောထျန်းက မှင်သေသေဖြင့် ပြောလိုက်သည်။

ထို့နောက်တွင်မူ လောထျန်းက သားရဲ သုံးကောင်အား သူတို့နှင့် လိုက်ဖက်သည့် သိုင်းကွက်များ သေချာ သင်ပေးရှာ၏။

ပထမဆုံးမှာ မိုးကြိုးသားရဲပင်  ..

မိုးကြိုးသားရဲသည် အလွန်လျင်မြန်သော်လည်း ၎င်း၏ ကျင့်ကြံခြင်းအဆင့်က အလွန် နိမ့်နေသးပါ၏။ ထို့အပြင် အချိန်တိုလေးအတွင်း သူ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာစရာ လမ်းလည်း မမြင်ပါချေ။

သို့သော် လောထျန်းက ၎င်း၏ အားသာချက်ကို ဆင်တိုးလာအောင် လုပ်ရန်သာ တွေးပြီး ကျပန်း ခန္ဓာကိုယ်ရွှေ့ကွက် ကျင့်စဥ်များကို သင်ပေးလိုက်သည်။

ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက်ကျင့်စဥ်သည် လူသားများအတွက် ရည်ရွယ်ထားသော ကျင့်စဥ်တစ်ခု ဖြစ်သည့်တိုင် ၎င်းကို ကျင့်ကြံရန် လိုအပ်သည့် အရာများနှင့် သဘောတရားက အတူတူပင် ဖြစ်ပါ၏။

လောထျန်း သင်ကြားပြီးသွားသည့် အချိန်တွင်မူ မိုးကြိုးသားရဲ၏ အမြန်နှုန်းက ယခင်ထက် များစွာ တိုးသွားခဲ့ပြီး သူ့ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ရှိသင့်သည့် အမြန်နှုန်းထက် သာလွန်နေခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင်ကား မျောက်၏ အလှည့်ပင် ..

သေချာ စဥ်းစားပြီး နောက်တွင်မူ လောထျန်းက သူ့အား ခန္ဓာကိုယ်သိုင်းကွက်အချို့နှင့် လက်သီးသိုင်းအချို့ သင်ပေးလိုက်၏။ ထိုရိုးရှင်းပြီး တိုက်ရိုက် အကျိုးရှိသည့် သိုင်းကွက်များက သူ့အတွက် အသင့်တော်ဆုံးပင်။

ပြီးနောက်တွင်ကား .. ရှောက်ထျန်းလုံအလှည့် ရောက်လာသည်။

သို့သော် .. ရှောက်ထျန်းလုံလေးအား သင်ပေးစရာ ဘာမှ မရှိသည်ကို လောထျန်း သိလိုက်ရ၏။

ထိုကောင်လေးက တိုက်ပွဲအတွေ့အကြုံ မရှိထားသည့်တိုင် တိုက်ခိုက်ရာတွင် ပင်ကိုယ်ဉာဏ်ကောင်းသည့်အတွက် မျောက်သည်ပင် သူ့ကို မယှဥ်နိုင်ခဲ့ပါချေ။

အချိန်အတန်ကြာ စဥ်းစားပြီးသွားသည့် နောက်မှသာ လောထျန်း ရုတ်တရက် အကြံတစ်ခု ရသွားပြီး ပြောလိုက်သည်။

" ကောင်လေး ..လာကွာ ၊ မင်းကို ငါ လှည့်ကွက်တစ်ခု သင်ပေးမယ်။ ဒီနည်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို လက်နဲ့ ချိုးတဲ့ နည်းပဲကွ "

All Chapters