← Chapters

ဗီဇစိတ်ညှို့ပညာရှင်

Vol. 7 Ch. 93

ဗီဇစိတ်ညှို့ပညာရှင်

Vol. 7 Ch. 93

စိတ်စွမ်းအင်သည် ပုံသဏ္ဍာန်မရှိ၊ ဒြပ်ထုမရှိသော စွမ်းအင်တစ်မျိုးဖြစ်သည်။ ၎င်းကို ထုတ်လွှတ်လိုက်ပါက အခြားသူများအနေဖြင့် ထိန်းချုပ်ရန် သို့မဟုတ် ကာကွယ်ရန် အလွန်ခက်ခဲသည်။

သိပ္ပံပညာရှင်များ၏ များစွာသော စုံစမ်းစစ်ဆေးမှုများအပြီးတွင် စိတ်စွမ်းအင်သည် ဦးနှောက်လှိုင်းများ၏ ထူးဆန်းသောပုံစံတစ်မျိုးဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

တစ်စုံတစ်ဦးသည် စိတ်ဗီဇကို နိုးကြားစေပါက၊ ၎င်းတို့သည် အသံလှိုင်းများကဲ့သို့ပင် ဤဦးနှောက်လှိုင်းများကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ အရာဝတ္ထုများနှင့် ထိမိသည့်အခါတွင် ပြန်လာသော အသံလှိုင်းများပင် ရှိမည်ဖြစ်ပြီး၊ ပစ်ကျူထရီဂလင်း(ဦးနှောက်အောက်၌ တည်ရှိပြီး ခန္ဓာကိုယ် ကြီးထွားဖြစ်ထွန်းမှုကို အကျိုးပြုသည့် ဟော်မုန်းထုတ်ပေးသော အကျိတ်) သည် ပြန်ကန်လာသော ဦးနှောက်လှိုင်းများကို အာရုံခံနိုင်ကာ ပတ်ဝန်းကျင်ကို သိရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ လင်းပိုင်များ၏ ပဲ့တင်သံဖြင့် အရာဝတ္ထုများ၏ တည်နေရာကို ရှာဖွေနိုင်စွမ်းနှင့် အလွန်ဆင်တူသည်။

ထို့အပြင်၊ ဤကဲ့သို့သော ဦးနှောက်လှိုင်းများကို အဆင့်တစ်ခုအထိ အားဖြည့်ပါက၊ ၎င်းတို့သည် သိသာထင်ရှားလာပြီး အခြားသူများ၏ အတွေးများကို နှောင့်ယှက်နိုင်ကာ ၎င်းတို့ကို အိပ်မွေ့ချခြင်း သို့မဟုတ်

ပုံရိပ်ယောင် ထောင်ချောက်ထဲသို့ ကျရောက်စေခြင်းများ ပြုလုပ်နိုင်သည်။

ဤသည်မှာ ဗီဇစိတ်ညှို့ပညာရှင်များ၏ သီအိုရီဖြစ်သည်။

ဗီဇစိတ်ညှို့ပညာရှင်များသည် ဒဏ္ဍာရီလာ ဗီဇများကို နိုးထစေခြင်းဖြင့် စိတ်စွမ်းအင်ကို အသုံးပြုကာ လူများကို အိပ်မွေ့ချနိုင်သည်။ ၎င်းတို့သည် လူနာများ၏ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကုသနိုင်ပြီး ၎င်းတို့၏ ပစ်မှတ်များကို နက်ရှိုင်းသော အိပ်စက်ခြင်းထဲသို့ ကျရောက်စေကာ ၎င်းတို့၏ စိတ်နှလုံးများကို အားဖြည့်ပေးနိုင်သည်။

သို့သော် အလားတူပင်၊ အချို့သော ဗီဇစိတ်ညှို့ပညာရှင်များသည် ဤနည်းလမ်းများကို အသုံးပြုကာ လူသား၏ စိတ်နှလုံးကို ထိန်းချုပ်ရန် ကြိုးစားကြပြီး ယင်းသည် ၎င်းတို့၏ စိတ်ထဲရှိ လောဘကို ဖြည့်ဆည်းရန်အတွက်ပင်။

မည်သို့ပင်ဖြစ်စေကာမူ ဗီဇစိတ်ညှို့ပညာရှင်များသည် အလွန်ရှားပါးသော ဗီဇပညာရှင်တစ်မျိုးဖြစ်သည်။ ၎င်းတို့၏ စွမ်းရည်များကို အလွန်အားကောင်းသည်ဟု သို့မဟုတ် အလုံးစုံပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း၊ ၎င်းတို့မှာ ထူးဆန်းပြီး လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။

သို့သော် ဖုန့်လင်း၏နှလုံးသားမှာ လှုပ်ရှားလာခဲ့သည်။

လူသားများ၏နှလုံးသားသည် အမြဲတမ်း နက်နဲပြီး နားလည်ရခက်ခဲဆုံးသော အရာဖြစ်သည်။

အကယ်၍ သူသာ စိတ်ညှို့စွမ်းရည်ကို ထိန်းချုပ်နိုင်ပါက၊ လူများ၏စိတ်နှလုံးကို အလွယ်တကူ ထိုးထွင်းသိမြင်နိုင်မည်ဖြစ်သည်။ ဤသည်မှာ အလွန်အသုံးဝင်မည်မဟုတ်ပါလား?

အခြားသူများ မည်သည့်အရာကို တွေးနေသည်ကို သူ အလိုအလျောက် သိနိုင်မည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲဆင်နွှဲခြင်း များတွင် ဤစွမ်းရည်သည် မယှဉ်သာသော အကျိုးကျေးဇူးများ ရရှိစေမည်မှာ မလွဲဧကန်ဖြစ်သည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ အတွင်းရေးအခြေအနေမှာ အလွန်ထူးဆန်းနေပြီး အမျိုးမျိုးသော ကောလဟာလ စကားများနှင့် မကောင်းသောရည်ရွယ်ချက်ရှိသူများ ရှိနေသည်။

ဖြစ်နိုင်သည်မှာ၊ ဤစိတ်ညှို့စွမ်းရည်များကို အသုံးပြု၍ အချို့သော လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိနိုင်ပြီး အမှန်တရားကို သိရှိကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ကာ သူ့ကိုယ်သူ မည်သူမျှ မတိုက်ခိုက်နိုင်သော အနေအထားသို့ ရောက်ရှိစေနိုင်မည်ဖြစ်သည်။

ဤကဲ့သို့ တွေးမိလိုက်ပြီးနောက်

ဖုန့်လင်းမှာ ဗီဇစိတ်ညှို့ပညာရှင်များနှင့်ပတ်သက်သော နောက်ထပ်အချက်အလက်များကို ရှာဖွေရန် စတင်ခဲ့သည်။

ဧရာမဆေးဝါးကုမ္ပဏီသည် ဗီဇဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုသာဖြစ်သော်လည်း၊ ဗီဇပညာရှင်များအတွက် ပြဌာန်းထားသော ပညာရေးဆိုင်ရာ သင်ရိုးယူနစ်များမှာ အလွန်အသေးစိတ်ကျကာ ပြည့်စုံသည်။ ထို့ကြောင့် ဗီဇစိတ်ညှို့ပညာရှင်များနှင့်ပတ်သက်သော အချက်အလက်များလည်း ပါဝင်သည်။

"စိတ်ညှို့ပညာဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုတစ်မျိုးဖြစ်သည်။ အသုံးပြုသူများသည် ပထမဦးစွာ အားကောင်းသော စိတ်စွမ်းအင်ရှိရမည်။ ထို့နောက် ဘာသာစကား၊ လုပ်ဆောင်ချက်များနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများမှတစ်ဆင့် ၎င်းတို့၏ဆွဲဆောင်မှုကို ဖော်ပြနိုင်ပြီး ရင်းနှီးမှုတည်ဆောက်ကာ အားကောင်းသော အကြံပြုချက်များဖြင့် ပစ်မှတ်၏စိတ်ကို လွှမ်းမိုးနိုင်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ပစ်မှတ်၏အသိစိတ်ကို ထိန်းချုပ်နိုင်သည်... ဗီဇစိတ်ညှို့ပညာရှင်အရည်အချင်းများကို အလုပ်သင်စိတ်ညှို့ပညာရှင်၊ စဦးအဆင့် စိတ်ညှို့ပညာရှင်၊ အလယ်အလတ်အဆင့် စိတ်ညှို့ပညာရှင်၊ အဆင့်မြင့် စိတ်ညှို့ပညာရှင်နှင့် မဟာ စိတ်ညှို့ပညာရှင်ဟူ၍ ခွဲခြားနိုင်သည်။ အလုပ်သင်စိတ်ညှို့ပညာရှင်များ၏ လစာမှာ မြင့်မားခြင်းမရှိပေ။ စိတ်ဗီဇကို နိုးထပြီးသူများသည် အခြေခံစိတ်ညှို့နည်းစနစ်များကို လေ့လာနိုင်သည်။ တရားဝင် စိတ်ညှို့ပညာရှင်များအတွက်မူ ခက်ခဲသောစာမေးပွဲများစွာကို ဖြေဆိုပြီးမှသာ စိတ်ညှို့ပညာဖြင့် လူသားများ၏စိတ်နှလုံးကို ထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့အား တရားဝင်စိတ်ညှို့ပညာရှင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ စဦးစိတ်ညှို့ပညာရှင်များသည် ၎င်းတို့၏ပစ်မှတ်များကို နက်ရှိုင်းသောအိပ်စက်မှုသို့ ရောက်ရှိစေနိုင်ပြီး ၎င်းတို့၏စိတ်ဒဏ်ရာများကို ပျောက်ကင်းစေနိုင်သည်! စဦးစိတ်ညှို့ပညာရှင်များ၏ လစာမှာ ယေဘုယျအားဖြင့် ကြယ်ဒင်္ဂါး ၁၀၀,၀၀၀ မှ တစ်သန်းအထိ ရှိနိုင်သည်..."

ဗီဇစိတ်ညှို့ပညာရှင်များနှင့်ပတ်သက်သည့် ပညာရေးဆိုင်ရာကဏ္ဍတွင် အချက်အလက်များမှာ အလွန်အသေးစိတ်ကျသည်။

ဖုန့်လင်းမှာ အချက်အလက်များကို လျှောက်ဖတ်ကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။ "ဘာ? စဦးစိတ်ညှို့ပညာရှင်တစ်ယောက်က ဒီလောက်မြင့်တဲ့လစာရနိုင်တယ်ဆိုတာက?"

သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ သူသာ ဗီဇစိတ်ညှို့ပညာရှင်တစ်ဦးဖြစ်လာနိုင်မယ်ဆိုရင်၊ သူ့ရဲ့စိတ်စွမ်းအင်က သတ်ဖြတ်နိုင်စွမ်းရှိလာမှာဖြစ်ပြီး သူ့ကိုယ်သူကာကွယ်ဖို့ နည်းလမ်းအသစ်တစ်ခုရရှိရုံသာမက ကြယ်ဒင်္ဂါး အမြောက်အမြားရှာဖွေနိုင်မှာဖြစ်ပြီး ဧရိယာအထူးပြု ကျွမ်းကျင်မှုတစ်ရပ်အနေနဲ့လည်း မှတ်ယူနိုင်မည်ဖြစ်သည်။

ဖုန့်လင်းမှာ တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးပါက ထိုဆုံးဖြတ်ချက်ကို မြဲမြံစွာလိုက်နာတတ်သူဖြစ်သည်။

ဧရာမဆေးဝါးကုမ္ပဏီမှ ပညာရေးဆိုင်ရာအပိုင်းတွင် ဗီဇစိတ်ညှို့ပညာရှင်များနှင့်ပတ်သက်သည့် အခြေခံအချက်အလက်များသာပါဝင်သော်လည်း၊ လက်ရှိ ဖုန့်လင်းအတွက်မူ လုံလောက်နေပြီဖြစ်သည်။

ဖုန့်လင်း ထိုအပိုင်းကိုနှိပ်လိုက်သည်။ ဝတ်ရုံရှည်ဝတ်ထားသည့် မုတ်ဆိတ်ရှည်များရှိသည့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦး၏ မြင်ကွင်းပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်နှာအမူအရာမှာ လှိုင်းဂယက်မရှိသော ရှေးဟောင်းရေတွင်းကဲ့သို့ အေးချမ်းငြိမ်သက်စွာရှိနေကာ ထိုသင်ရိုးအပိုင်း၏နိဒါန်းကို ဖြည်းဖြည်းချင်းစတင်ရှင်းပြခဲ့သည်။

"စိတ်ညှို့ပညာရှင်တစ်ဦး ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို သင်ယူလိုပါက သင့်အနေဖြင့် ပထမဦးစွာ ဇီဝသံလိုက်စက်ကွင်းများအကြောင်း နားလည်ရမည်ဖြစ်သည်။"

"ဇီဝသံလိုက်စက်ကွင်းတွေလား..."

ဖုန့်လင်း တွေးလိုက်ပြီး ဤစကားလုံးသည် အလွန်နက်နဲသည်ဟု ခံစားရသည်။

ဤအချိန်တွင် မြင်ကွင်းပုံရိပ်မှ သက်လတ်ပိုင်းအရွယ်အမျိုးသားက ရှင်းပြခဲ့သည်။ "ဇီဝသံလိုက်စက်ကွင်းတွေက လျှို့ဝှက်မှုထဲက လျှို့ဝှက်မှုပဲ။စက်ပစ္စည်းတွေနဲ့ တိုင်းတာဖို့ အလွန်ခက်ပြီး အာရုံခံနိုင်တဲ့ စိတ်စွမ်းအင်ကို အသုံးပြုပြီးပဲ သိနိုင်တယ်။ ဇီဝသံလိုက်စက်ကွင်းဆိုတာက သက်ရှိသတ္တဝါရဲ့ အသက်ရှူမှု၊ နှလုံးခုန်သံ၊ သွေးခုန်နှုန်း နဲ့ ဦးနှောက်လှိုင်းတွေပါ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အထူးသံလိုက်စက်ကွင်းတစ်မျိုးဖြစ်ပြီး ထူးခြားတဲ့ လှိုင်းကြိမ်နှုန်းရှိတယ်။ လူတစ်ဦးချင်းစီ၏ ဇီဝသံလိုက်စက်ကွင်းက လက်ဗွေရာလိုပဲ ထူးခြားတယ်။ လူတစ်ထောင်ရှိရင် ဇီဝသံလိုက်စက်ကွင်းတစ်ထောင်ရှိမယ်။ နဂါးငွေ့တန်းက အတိုင်းအဆမရှိကျယ်ပြန့်ပေမယ့် တူညီတဲ့ ဇီဝသံလိုက်စက်ကွင်းရှိတဲ့ လူနှစ်ယောက်တော့ ရှိမှာမဟုတ်ဘူး။

အမွှာတွေအတွက်တောင် သူတို့ရဲ့ ဇီဝသံလိုက်စက်ကွင်းတွေမှာ ကွာခြားမှုရှိမှာပဲ။ ဒါ့ကြောင့် ဗီဇစိတ်ညှို့ပညာရှင်တွေ လုပ်ရမည့်အရာက သူတို့ရဲ့ အာရုံခံနိုင်တဲ့ စိတ်စွမ်းအင်ကို အသုံးပြုပြီး လူသားတွေ ဒါမှမဟုတ် အခြားသက်ရှိတွေရဲ့ ဇီဝသံလိုက်စက်ကွင်းတွေကို နားလည်ဖို့ပဲ။ ပြီးရင် ဘာသာစကား၊ လှုပ်ရှားမှုတွေနှင့် ကိုယ်ဟန်အမူအရာတွေကို အသုံးပြုပြီး ပစ်မှတ်ရဲ့စိတ်နဲ့ ပဲ့တင်ထပ်စေပြီး နောက်ဆုံးမှာ သူတို့၏စိတ်ကို ထုံထိုင်းစေကာ ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါက ပြောရရင်တော် သိပ်ကိုမယုံကြည်စရာကောင်းပေမယ့် ဒီဟာရဲ့နောက်ကွယ်မှာရှိတဲ့ အခြေခံသဘောတရားက အရမ်းကို ရိုးရှင်းတယ်။ ဥပမာ စစ်မဖြစ်မီက စစ်သားတစ်ယောက်ဆိုပါစို့ တပ်မှူးရဲ့နှိုးဆော်တဲ့ စကား၊ စစ်သီချင်းတွေ သီဆိုတာ—ဒီသွေးဆူလာတဲ့ဖြစ်ရပ်တွေက စစ်သားတွေကို ကိုယ်ရဲ့ဘေးကင်းရေးကို မငဲ့ကွက်ဘဲ ရဲရင့်စွာတိုက်ခိုက်အောင် စိတ်လှုပ်ရှားတဲ့အခြေအနေကို ရောက်ရှိစေနိုင်တယ်။ အဒါကလည်း စိတ်ညှို့ပညာတစ်မျိုးပဲ..."

ဖုန့်လင်း၏မျက်လုံးများမှာ တောက်ပလာပြီး ဤတန်ဖိုးရှိသောအသိပညာကို သူ့စိတ်၏ အနက်ရှိုင်းဆုံးနေရာတွင် သိမ်းဆည်းလိုက်သည်။

"စိတ်ညှို့ပညာက သဲလွန်စမကျန်စေဖို့ အသားပေးတယ်။ ဒါက သာလွန်တဲ့ နည်းစနစ်တစ်ခုပဲ။ အကယ်၍ တစ်စုံတစ်ဦးက အခြားသူတွေကို စိတ်ညှို့ဖို့ ရည်ရွယ်ချက်ရှိရင် သူတို့ ပစ်မှတ်ရဲ့နလုံးသားက သတိထားမှုတွေနဲ့ ပြည့်လာလိမ့်မယ်။ အဒါကြောင့် စိတ်ညှို့ပညာရှင်တွေ မကြာခဏအသုံးပြုတဲ့ နည်းလမ်းသုံးမျိုးရှိတယ်။ အဒါတွေက လက်တံဆိပ် ခြောက်မျိုးဉ စကားပြောခြင်းနှင့် ကိရိယာတွေပဲ။"

"လက်တံဆိပ် ခြောက်ခုဆိုတာက စိတ်စွမ်းအင်ကို လှုံ့ဆော်ပေးနိုင်ပြီး အခြားသူတွေရဲ့အသိစိတ်ကို ဝေဝါးစေကာ စိတ်ညှို့နေစဉ်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ သိုင်းပညာတစ်မျိုးပဲ။ စကားပြောခြင်းဆိုတာက စကားလုံးတွေရဲ့ ထူးခြားတဲ့ အသံထွက်ပုံ ဒါမှမဟုတ် စည်းချက်ကို သုံးပြီး အခြားသူတွေရဲ့ အသိစိတ်ကို လှုပ်ခတ်စေတဲ့ နည်းလမ်းတစ်ခုပဲ။ ဥပမာ ရှေးခေတ်ကမ္ဘာမြေက ဗုဒ္ဓဘာသာ ဓမ္မဂါထာတွေက စိတ်ညှို့ပညာအတွက် အသုံးပြုလိုက်တာနဲ့ ဉာဏ်အလင်းရရှိမှုကို ဖြစ်စေလို့ ကျော်ကြားတယ်။ ကိရိယာတွေဆိုတာကတော့ စိတ်ညှို့ပညာရှင်တွေက အသံမထွက်ဘဲနဲ့ စိတ်ညှို့ပညာရဲ့ အကျိုးသက်ရောက်မှုကို ရယူဖို့ ပစ်မှတ်ရဲ့အာရုံကို ပျံလွင့်အောင်လို့ အိတ်ဆောင်နာရီတွေ၊ ဒင်္ဂါးပြားတွေ၊ ကတ်ပြားတွေ စတဲ့ အထူးကိရိယာအမျိုးမျိုးကို အသုံးပြုတာပဲ။"

"နည်းစနစ်တွေ ကွဲပြားပေမယ့် သူ့တို့ နောက်မှာရှိတဲ့ သဘောတရား တူတူပဲ။ စိတ်ညှို့ပညာရဲ့ မူလသဘာဝနဲ့ ပတ်သက်လို့ စိတ်ညှို့တယ်ဆိုတာက တစ်ယေက်အနေနဲ့ သူ့စိတ်ကိုသုံးပြီး အခြားလူရဲ့စိတ်ကို ထိုးဖောက်ဝင်တာပဲ"

"အဓိကအချက်သုံးချက်ရှိတယ်။ ပထမအချက်က စိတ်ညှို့ပညာရှင်က ပစ်မှတ်ရဲ့ ဇီဝသံလိုက်စက်ကွင်းကို နားလည်ရမယ်။ ပထမအချက်က ကိုယ်ဝိညာဥ်အသိရဲ့ စူးရှထက်မြက်မှု အပေါ် မူတည်တယ်။ ဒုတိယအချက်က ကိုယ်ရဲ့စိတ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ အသံကနေတစ်ဆင့် ပစ်မှတ်ပေါ်အမှာ အာရုံစိုက်ပြီး အားကောင်းတဲ့ လွှမ်းမိုးမှုကို ဖန်တီးရမယ်။ တတိယအချက် အချိန်ကိုက်ဖြစ်နေဖို့က အရေးကြီးတယ်။ ပစ်မှတ်စိတ်ရဲ့အကာအကွယ်ကို ဖောက်ထွင်းဖို့ အကောင်းဆုံးအချိန်ကို ရှာရမယ်။ ဒီအဓိကအချက်သုံးချက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မှပဲ အရည်အချင်းပြည့်မီတဲ့ စိတ်ညှို့ပညာရှင်တစ်ဦး ဖြစ်လာနိုင်မယ်..."

ဤအရာကို ကြားလိုက်ရသောအချိန်တွင် ဖုန့်လင်း သင်ခန်းစာကို ခဏရပ်ကာ လေးလေးနက်နက် ချင့်ချိန်စဥ်းစားခြင်းကို စတင်ခဲ့သည်။

စိတ်ညှို့ပညာရပ်၏ အဓိကအချက်သုံးချက်အနေဖြင့် ကြားရသည်မှာ လွယ်ကူသော်လည်း၊ ၎င်းတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

လူတစ်ဦး၏ ခွန်အား မည်မျှပင် ကြီးမားစေကာမူ ၎င်းတို့အနေဖြင့် မိမိ၏ခွန်အားကို အသုံးချနိုင်ရန် တိုက်ခိုက်ရေးနည်းစနစ်များကို သင်ယူရမည်ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် မိုက်မဲသောနွားတစ်ကောင်နှင့် အတူတူပင်ဖြစ်သည်။

အလားတူပင်၊ လူတစ်ဦး၏ စိတ်စွမ်းအင်မည်မျှပင် အားကောင်းစေကာမူ ၎င်းတို့သည် ထိုအရာကို အသုံးချနိုင်ရန် သင့်လျော်သော နည်းစနစ်များကို သင်ယူရမည်ဖြစ်သည်။

စွမ်းအင်ကို လွှတ်ထုတ်ရန်မှာ လွယ်ကူသော်လည်း၊ မိမိ၏စိတ်ကို လွတ်မြောက်စေရန်မှာ အဆပေါင်း ရာနှင့်ချီ၍ ခက်ခဲသည်။

သူ အတိအကျ ဘယ်လိုလုပ်သင့်သလဲ?

ပဟေဠိဖြစ်မှုများဖြင့် ဖုန့်လင်း သင်ခန်းစာကို ဆက်လက်နားထောင်ခဲ့သည်။

"စိတ်ကို လွတ်မြောက်စေဖို့ နည်းလမ်းနဲ့ နည်းစနစ်တွေ မျိုးစုံရှိတယ်။ အဒီထဲက အရိုးရှင်းဆုံး လှည့်ကွက်တစ်ခုကို မိတ်ဆက်ပေးမည် - အပြုံးတစ်ခု။ ကိုယ်ရဲ့နှလုံးအတွင်းထဲကနေ ပေါ်ထွက်လာတဲ့ အပြုံးတစ်ခုက အားကောင်းနဲ့ ပုံသဏ္ဍာန်မဲ့ လွှမ်းမိုးမှုကို ဖြစ်စေနိုင်ပြီး အခြားလူတွေကို ပျော်ရွှင်စေနိုင်တယ်။ ပြုံးတာက အခြားလူတွေရဲ့ ယုံကြည်မှုကို ရရှိစေနိုင်တယ်။ အကယ်၍ မင်းရဲ့မျက်နှာအမူအရာက အေးစက်နေပြီး မျက်နှာသေကြီးဖြစ်နေရင် တခြားလူတွေက မင်းကိုမြင်တာနဲ့ ချက်ချင်းသတိထားလာမှာပဲ။ အဒီလိုဆိုရင် မင်းအနေနဲ့ ပစ်မှတ်ကို အောင်အောင်မြင်မြင် စိတ်ညှို့နိုင်မယ့် အခွင့်အရေးက သိသိသာသာ လျော့နည်းသွားမှာပဲ။ ပြုံးတာနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့တာက သူစိမ်းတွေ​အကြား ဆက်သွယ်ဖို့ အမြန်ဆုံး ပေါင်းကူးတံတားတွေပဲ။ဒီလိုလုပ်ခြင်းအားဖြင့် မင်းအတွက် ပစ်မှတ်ရဲ့စိတ်ထဲကို ဝင်ရောက်ဖို့ ပိုမိုလွယ်ကူစေလိမ့်မယ်..."

ပညာရေးဆိုင်ရာသင်ခန်းစာသည် ဤနေရာတွင် အဆုံးသတ်သွားခဲ့သည်။

"စိတ်စွမ်းအားကို လွတ်မြောက်စေဖို့ အပြုံးတစ်ခုကနေ စတင်ရမယ်။"

ဤစကားကို ကြားလိုက်သောအခါ၊

ဖုန့်လင်းမှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ခန္ဓာကိုယ်အမူအရာဆိုတာ ဘာလဲဆိုတာနဲ့ စိတ်စွမ်းအားကို မည်သို့ထုတ်လွှတ်ရမလဲဆိုတာကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။ ဤသည်မှာ နားလည်ရ အလွယ်ဆုံးသော သဘောတရားဖြစ်သည်။

အခြေခံသဘောတရားကို သူ နားလည်သွပြီဖြစ်သည်။ နောက်တစ်ဆင့်မှာ ဗီဇစိတ်ညှိို့ပညာရှင်တစ်ဦးဖြစ်လာရန် အတိအကျ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို လေ့လာရန်ဖြစ်သည်။

All Chapters