ယင်-ယန် ပုံရိပ်ယောင်လောက
Vol. 7 Ch. 94
ဘွမ်း!
ဖုန့်လင်း၏လက်ဝါးတံဆိပ်သည် ကြိုးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ကြမ်းတမ်းစွာ ရိုက်နှက်လိုက်သည်။ သူသည် ဤစကြာဝဠာ၏ ထိန်းချုပ်သူတစ်ဦးဖြစ်ပြီး လေထဲရှိ မြင့်မြတ်သောပလ္လင်ပေါ်၌ ထိုင်ကာ နတ်ဘုရားများကို ကမ္ဘာမြေပေါ်သို့ ရိုက်ချနေသည့် နတ်ကျာပွတ်တစ်ချောင်းကို ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။
တိုင်!
လှုပ်ရှားမှုတစ်ခုပြီးနောက်၊ ဖုန့်လင်း၏ လက်ဟန် ပြောင်းလဲသွားသည်။ လက်နှစ်ဖက်လုံးသည် မိုးကောင်းကင် မှောက်လှန်တံဆိပ်တော်ကို ဖော်ထုတ်လိုက်ပြီး ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ ဒဏ္ဍာရီထဲမှ ပုကျိုးကောင်းကင်ကျောက်တိုင်ကြီး ပြိုလဲသကဲ့သို့ ကြီးမားသောကြီး အသံမြည်ဟီးကာ လူသားကမ္ဘာကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်နေသည်။
ဘက်ဇ်ဇ်ဇ်!
သူ၏လက်ဝါးတံဆိပ်တော်သည် တစ်ဖန်ပြောင်းလဲသွားပြီး သူ့လက်ချောင်းများမှာ အပြင်ဘက်သို့ ဆန့်ထွက်လာသည်။ လက်တစ်ဖက်မှာ ယင်၊ နောက်တစ်ဖက်မှာ ယန်၊ တစ်ဖက်မှာ နေမင်း၊ တစ်ဖက်မှာ လမင်း။ သူ၏လက်များသည် အပြန်အလှန်လှည့်ပတ်ကာ များစွာသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အန်း!
သူ၏လက်များသည် တောင်များကဲ့သို့ပင်။ သူ ၎င်းတို့ကို မြင့်မြင့်မြှောက်တင်လိုက်ပြီး သူ၏လှုပ်ရှားမှုများမှာ ထပ်ပြောင်းသွားသည်။ သူ့ပုံစံမှာ အလွန်မြင့်မားပြီး ကြီးကျယ်ခမ်းနားကာ
မယိမ်းယိုင်နိုင်သော တောင်တစ်ခုကဲ့သို့ ပင်...
၎င်းတို့သည် ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်၏ များစွာသော အပြောင်းအလဲများဖြစ်သည်။ သူ့အကွက်များ၏ အော်ရာမှာ အလွန်ကြီးမားပြီး လူအများ၏နှလုံးသားများကို တုန်လှုပ်စေသည်။
သို့သော် ဖုန့်လင်းမှာ ယခုအချိန်တွင် သူ၏သိုင်းပညာကို လေ့ကျင့်နေခြင်းမဟုတ်ဘဲ သူ့လက်ဝါးတံဆိပ်များ၏ စွမ်းအားကို အာရုံခံရန် ကြိုးစားနေခြင်းဖြစ်သည်။
ဗီဇစိတ်ညှို့ပညာရှင်များအတွက် အခြေခံပညာရေးဆိုင်ရာသင်ခန်းစာကို လေ့လာပြီးနောက်၊ ဖုန့်လင်းမှာ အခြေခံစိတ်ညှို့ပညာရပ်သဘောတရားနှင့် နည်းစနစ်အချို့ကို သင်ယူခဲ့ပြီး ၎င်းတို့ကို ထပ်ကာထပ်ကာ စဉ်းစားဆင်ခြင်ခဲ့သည်။
အဆိုပါနည်းစနစ်များထဲမှ တစ်ခုမှာ လက်ဟန်များဖြင့် စိတ်ညှို့ပညာကို ဖော်ထုတ်ရန်ဖြစ်ပြီး သူ၏ပုံသဏ္ဍာန်မဲ့ အော်ရာဖြင့် ပစ်မှတ်၏နှလုံးသားကို လှုပ်ခတ်စေပြီး ပစ်မှတ်၏စိတ်ပိုင်းဆိုင်ရာ ခံစစ်မျဥ်းကို အားသုံး၍ ဖောက်ဝင်ရန်ဖြစ်သည်။
ထို့အပြင် လက်ဝါးတံဆိပ်များနှင့်ပတ်သက်၍ ပြောရလျှင်၊ သူသည်လည်း ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်သည်။ ဒါဆိုရင် သူ ဘာလို့ အဒါကို မသုံးရမှလဲ?
အကူအညီမဲ့နေသော်လည်း ဤအကျိုးသက်ရောက်မှုမှာ အမှန်တကယ်ကောင်းမွန်သည်ဟု သူ မပြောဘဲ မနေနိုင်ခဲ့ချေ။
ဤလက်ဝါးတံဆိပ်များကို အသုံးပြုသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏အော်ရာမှာ ရှင်းလင်းစွာပင် ထူးခြားပြီး အခြားသူများ၏စိတ်နှလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ လက်ဝါးတံဆိပ်များ၏စွမ်းအား မထုတ်လွှတ်မီတွင်၊ ၎င်း၏ခမ်းနားထည်ဝါသောဟန်ပန်မှာ အခြားသူများ၏စိတ်နှလုံးကို လှုပ်ခါပြီး မတိုက်ခိုက်ဘဲနှင့် အောင်ပွဲရရှိစေနိုင်သည်။ ၎င်းကို သူ အသုံးပြုနိုင်သည့် စိတ်ညှို့ပညာနည်းစနစ်တစ်ခုအဖြစ် မွမ်းမံရန် မျှော်လင့်ချက်ရှိသည်။
သို့သော် ဤသည်မှာ ရှေးဟောင်းသိုင်းပညာတစ်ခုသာဖြစ်သည်။ သူ့အနေဖြင့် ပစ်မှတ်၏စိတ်ကို လှုပ်ခါရာတွင် ပြဿနာမရှိသော်လည်း၊ အကယ်၍ သူသာ စိတ်ညှို့ပညာအကျိုးသက်ရောက်မှုကို အမှန်တကယ်ရရှိလိုပါက သူ၏စိတ်စွမ်းအင်နည်းစနစ်များနှင့် အခြားနည်းလမ်းအချို့ကို ပေါင်းစပ်အသုံးပြုရန် လိုအပ်နေဆဲဖြစ်သည်။
ဖုန့်လင်း အွန်လိုင်းသို့ ပြန်လည်ဝင်ရောက်ကာ စိတ်ညှို့ပညာအတွက် လက်ဝါးတံဆိပ်များအသုံးပြုပုံနှင့်ပတ်သက်သည့် အထူးနည်းလမ်းများကို ပိုမိုလေ့လာခဲ့သည်။ ဗုဒ္ဓဘာသာမှ နတ်ဆိုးနှိမ်နင်းတံဆိပ်တော်၊ ခြင်္သေ့တံဆိပ်တော်၊ တာအိုဘာသာမှ ကောင်းကင်နှလုံးသား မိုးကြိုးငါးမျိုးတံဆိပ်တော်၊ မိုးခေါ်တံဆိပ်တော် နှင့် ခရစ်ယာန်ဘာသာမှ ဆုတောင်းသည့် လက်ဟန်များအထိ—သူ ဘာသာပေါင်းစုံ၏ အခမ်းအနားများကို ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။
၎င်းတို့အားလုံးကို အကောင်အထည်ဖော်ရန်မှာ အလွန်ပင်ပန်းသော်လည်း၊ စိတ်ညှို့နည်းစနစ်ကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်သရွေ့ သူ မနစ်နာနိုင်ရှိပေ။
ဖုန့်လင်းမှာ ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို ပိုမိုနားလည်လာသည်နှင့်အမျှ၊ ၎င်းသည် ပိုမိုနက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သည်ဟု သူတွေ့ရှိလာခဲ့သည်။ အချိန်တိုအတွင်း ၎င်းကို ရှင်းလင်းစွာနားလည်ရန် ခက်ခဲသည်။ သိုင်းပညာအားလုံး၏အနှစ်သာရများကို ထည့်ထားနိုင်သည့် ၎င်း၏စွမ်းရည်မှာ ရိုးရှင်းစွာပင် အလွန်အားကောင်းလှသည်။
ဤသည်မှာ ကျင့်ကြံသူတစ်ဦးအားကောင်းလာသည်နှင့်အမျှ တိုးတက်လာမည့် သိုင်းပညာတစ်ခုဖြစ်သည်။ လက်ရှိတွင် သူ ထုတ်လွှတ်နိုင်သည့် စွမ်းအားမှာ အလွန်အားကောင်းသည်ဟု မဆိုနိုင်သော်လည်း၊ ၎င်းတွင် အဆုံးမရှိသော အလားအလာများ ရှိနေသည်။
ဖုန့်လင်းမှာ ဤသိုင်းပညာကို ရရှိခဲ့သည်မှာ ကံကောင်းခြင်းဖြစ်သည်ဟု တိတ်တဆိတ် ဝမ်းမြောက်နေခဲ့ပြီး၊ ၎င်းသည် သူ၏နည်းလမ်းများကို အလွန်အမင်း တိုးပွားစေနိုင်ခဲ့သည်။
လက်ဝါးတံဆိပ်တော်များကို သူ၏ခန္ဓာကိုယ်အမူအရာအဖြစ်— လက်ဟန်ကို စိတ်ညှို့ပညာ ဖော်ထုတ်ရန်အဖြစ်—သတ်မှတ်ကာ ထပ်ကာထပ်ကာစမ်းသပ်ခဲ့သည်။
ဝမ်းနည်းစရာမှာ ဖုန့်လင်းတွင် စမ်းသပ်ရန် အဖော်မရှိခြင်းဖြစ်သည်။ သူ့အနေနှင့် မှန်ရှေ့တွင် ရပ်ကာ သူ့ကိုယ်သူ စိတ်ညှို့ရန်သာ ကြိုးစားနိုင်သည်။
သို့သော် မိမိကိုယ်ကို စိတ်ညှို့ရန်မှာ အလွန်ခက်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ညှို့ပညာရှင်ကိုယ်တိုင်က သူသည် သူ့ကိုယ်သူ စိတ်ညှို့ရန် ကြိုးစားနေသည်ကို သိထားပြီးဖြစ်သောကြောင့်၊ သူ့နှလုံးသားတွင် သဘာဝအတိုင်း သတိထားမှုရှိနေပြီး သူ မသိလိုက်ဘဲ စိတ်ညှို့မှုကို ကာကွယ်နေမည်ဖြစ်သည်။ ထို့ကြောင့် စိတ်ညှို့မှု အောင်မြင်ရန်မှာ အလွန်ခက်ခဲသည်။
ဤသည်မှာ သူ၏လက်ဖြင့် သူ့ကိုယ်သူ လေထဲသို့ မြှောက်တင်ရန် ကြိုးစားသကဲ့သို့ ယုတ္တိမရှိဘဲ အလွန်ခက်ခဲသော အရာဖြစ်သည်။
အဆင့်မြင့် စိတ်ညှို့ပညာရှင်များသာ ဤအရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြသည်။
ဖုန့်လင်းမှာ တစ်ကြိမ်တည်းဖြင့် အောင်မြင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို
မလှည့်စားခဲ့ပေ။ သူ့တွင် လေ့ကျင့်ရန် ပစ်မှတ်မရှိသောကြောင့်၊ သူ့ကိုယ်သူသာ လေ့ကျင့်နိုင်ခဲ့သည်။
အကယ်၍ ဤစိတ်ညှို့ပညာနည်းစနစ်ကို သူ့ကိုယ်သူ အသုံးပြုသောအခါတွင် အနည်းငယ်သော အကျိုးသက်ရောက်မှုရှိပါက၊ အခြားသူများအပေါ် အသုံးပြုသောအခါ အကျိုးသက်ရောက်မှုမှာ ပိုမိုအားကောင်းမည်မှာ သံသယဖြစ်စရာမရှိချေ။
မှန်ရှေ့မှာ ရပ်၍ ဖုန့်လင်း နက်ရှိုင်းစွာ အသက်ရှူသွင်းကာ အာရုံထွေပြားစေသော အတွေးများအားလုံးကို ဖယ်ရှားလိုက်သည်။ ပတ်ဝန်းကျင်ရှိ အသံအားလုံး တိတ်ဆိတ်သွားပြီး ငြိမ်သက်မှုသာ ကျန်ရစ်ခဲ့သည်။
ဖုန့်လင်းမှာ သူ၏စိတ်စွမ်းအင်ကို အာရုံစိုက်ကာ သူ့အသက်စွမ်းအင်၏ စည်းချက်၊ အသက်ရှူမှု၊ နှလုံးခုန်သံ၊ သွေးခုန်နှုန်း နှင့် အတွေး၊ ခံစားချက်များ၏ အတက်အကျကို အာရုံခံနိုင်ခဲ့သည်။
ရုတ်တရက် သူ လှုပ်ရှားလိုက်သည်။ သူ့အနေနှင့် စိတ်ညှို့ပညာ၏ အခြေခံဖွဲ့စည်းပုံ၏ သဲလွန်စကို အနည်းငယ် ရလိုက်ကဲ့သို့ တွေးနေမိသည်။
သူ၏လက်များသည် သူ၏အသက်စွမ်းအင်စည်းချက်အရ တုန်ခါနေပြီး စည်းချက်မှာ ပို၍ ပို၍ မြန်ဆန်လာသည်။ သူ၏လက်နှစ်ဖက်မှာ ယင်နှင့်ယန် ဖြစ်နေပြီး သူ ဖန်တီးထားသော လက်ဝါးတံဆိပ်တော်မှာ ထိုက်ချိနှင့်ဆင်တူသည် - တာအိုကနေ တစ်ခု၊ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု၊ သုံးခုကနေ အရာအားလုံးကို ဖြစ်ပေါ်စေခဲ့သည်။
သူ၏လက်ဝါးတံဆိပ်တော်များသည် တစ်ခုနှင့်တစ်ခု အချိုးကျပြီး မှန်ထဲမှ အလင်းပြန်သကဲ့သို့ဖြစ်ကာ ယင်နှင့်ယန်လောကနှစ်ခုကို ခွဲခြားထားသည်။
ယင်-ယန် ကြေးမုံတံဆိပ်တော်။
ဖုန့်လင်း အချိန်အတော်ကြာ စမ်းသပ်ခဲ့ပြီးနောက်တွင် ဤသီးခြားလက်ဝါးတံဆိပ်တော်တွင် အများဆုံးသော ပြောင်းလဲမှုများနှင့် လက်ဟန်များ ပါဝင်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အကယ်၍ သူသာ သူ၏လှုပ်ရှားမှုများကို မြန်ဆန်စေပါက၊ အခြားသူများသည် မျက်စိပြာပြီး မူးနောက်နောက်ဖြစ်လာကာ ခေါင်းမူးလာမည်ဖြစ်သည်။ ၎င်းသည် စိတ်ညှို့ပညာအတွက် အသုံးဝင်မည်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ သူ လက်ဟန်များကို ဖော်ထုတ်လိုက်သောအခါ၊ ဖုန့်လင်းသည် မသိလိုက်ဘဲ လက်ဝါးတံဆိပ်တော်များကို စိုက်ကြည့်မိသွားသည်။ သူ၏မျက်လုံးများ ဝေဝါးလာသကဲ့သို့ သူ၏အသိစိတ်မှာလည်း မှေးမှိန်လာကာ လက်ဝါးတံဆိပ်၏ စည်းချက်ထဲသို့ မသိလိုက်ဘဲ ဆွဲသွင်းခံလိုက်ရသည်။
သူ့ပတ်ဝန်းကျင်ရှိ အချိန်များ နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။ ကောင်းကင်မှ ပန်းများရွာချနေသကဲ့သို့ ခံစားနေရပြီး သူ၏မြင်ကွင်းမှာ ကစဥ့်ကလျားဖြစ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ယိမ်းယိုင်နေပြီး အရက်မူးနေသကဲ့သို့ပင်။
သို့သော် ဤအကြောင်းကြောင့်၊ လက်ဝါးတံဆိပ်ရှိ လက်ဟန်များမှာ နှေးကွေးသွားခဲ့သည်။ ဤအချိန်တွင်မှ ဖုန့်လင်း သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားခဲ့ရပြီး ရုတ်ခြည်း နိုးထလာခဲ့သည်။
သူ မထိတ်လန့်ခဲ့ဘဲ ထိုအစာ ပျော်ရွှင်မှုကိုသာ ခံစားခဲ့ရသည်။
သူ တစ်ကြိမ်တည်းနှင့် အောင်မြင်ခဲ့ပြီး၊ သူ့ကိုယ်သူအသုံးပြုသည့်အချိန်တွင်ပင် အကျိုးသက်ရောက်မှု အလွန်ကောင်းခဲ့ပြီး ဤနည်းစနစ်ကို အခြားသူများအပေါ် အသုံးပြုပါက အကျိုးသက်ရောက်မှု မည်မျှကောင်းမည်ကို ပြောစရာမလိုတော့ပေ။
"ငါ တကယ်ကြီး အောင်မြင်သွားပြီ! ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်က တကယ်ကို နက်နဲလွန်းတာပဲ။" ပထမဆုံးအကြိမ် ကြိုးစားရာတွင် အောင်မြင်မှုရခဲ့သည့်အတွက် သူ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။
သို့သော် အကျိုးသက်ရောက်မှုမှာ အလွန်အားနည်းနေဆဲဖြစ်ပြီး သူ ဆက်လက်လေ့ကျင့်ရန် လိုအပ်နေသေးသည်။
ဖုန့်လင်း ယခင်က ထူးဆန်းသော ခံစားချက်ကို ပြန်လည်သတိရလိုက်သည်။ သူအနေနှင့် အချိန်နှင့်အာကာသမှ ခွဲထုတ်ခံရသကဲ့သို့ ခံစားခဲ့ရသည်။
ဟွာရှ၏ ဒဏ္ဍာရီများမှ၊ ယင်-ယန် ကြေးမုံ သည် ခွန်းလွန်၏ ရွှေအင်မော်တယ် ၁၂ ပါးထဲမှ ကြက်သွေးရောင်အနှစ်သာရကလေးငယ်၏ ထူးခြားသော ရတနာတစ်ပါးဖြစ်ပြီး၊ ၎င်းသည် ယင်နှင့်ယန်လောကနှစ်ခုကို ဆက်သွယ်နိုင်ကာ လူတစ်ဦးသည် သေဆုံးတော့မည်ဆိုပါက ထိုကြေးမုံမှ သူ၏ပုံရိပ်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်ဟု ဆိုသည်။
ဤယင်-ယန်လက်ဝါးတံဆိပ်တော်တွင် ဒဏ္ဍာရီများမှ နတ်ရတနာများ၏ နတ်သဘာဝအနည်းငယ် ပါဝင်နေကာ၊ လူများအား ယင်နှင့်ယန်မှာ ပြောင်းပြန်လှန်သွားသည်ဟူသော ယုံမှားမှုကို ဖြစ်စေနိုင်သည်။
ဖုန့်လင်း အတွေးလွန်နေခဲ့ကာ အနည်းငယ်နားလည်သဘောပေါက်ပြီးနောက် ထပ်မံစမ်းသပ်ကြည့်လိုက်သည်။
မှန်တစ်ချပ်ရှေ့တွင် သူ၏လက်တစ်ဖက်သည် ယင်၊ အခြားတစ်ဖက်သည် ယန်။ လက်ဟန်အမူအရာများသည် လုံးဝကွဲပြားသော်လည်း မှန်ထဲမှ အစိတ်အပိုင်းနှစ်ခုကဲ့သို့ အပြန်အလှန်သဟဇာတဖြစ်နေသည်။ တစ်ဖက်က ခန္ဓာကိုယ်အစစ်၊ တစ်ဖက်က ပုံရိပ်။
ထို့နောက် လက်ဟန်အမူအရာများ အကြိမ်ကြိမ်ပြောင်းလဲသွားပြီး အမှန်နှင့်အမှား၊ အစစ်အမှန်နှင့်ပုံရိပ်ယောင် ရောထွေးသွားကာ မည်သူမျှ ခွဲခြား၍ မပြောနိုင်တော့ပေ။
တစ်ခဏအတွင်း ဖုန့်လင်း၏ အမြင်အာရုံများ ရှုပ်ထွေးလာပြီး ထူးဆန်းသောအာကာသနေရာလပ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ဤနေရာတွင် ယင်နှင့်ယန်သည် ပြောင်းပြန်ဖြစ်နေပြီး အချိန်နှင့်အာကာသမှာလည်း ဖရိုဖရဲဖြစ်နေခဲ့သည်။
သို့သော် သူ၏အသိစိတ်သည် ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားသောအခါ လက်ဟန်အမူအရာများ ပြန်နှေးကွေးလာခဲ့သည်။
"စမ်းသပ်မှုနှစ်ခုလုံး အောင်မြင်ခဲ့တာလား"
ဖုန့်လင်း အံ့အားသင့်စွာဖြင့် သူ၏လက်များကို ငေးကြည့်နေမိသည်။ သူ နောက်ဆုံးတွင် အချက်တစ်ခုကို သေချာစွာ သိရှိလိုက်ပေပြီ။ ငါ တကယ်ပဲ စဦးအဆင့် စိတ်ညှို့ပညာရှင်တစ်ယောက် ဖြစ်သွားပြီ။ လစာ တစ်သိန်းကနေ ဆယ်သိန်းအထိရှိတဲ့ ဒင်္ဂါးတွေက ငါ့ကိုလက်ယမ်းပြနေပြီ။
ပံရိပ်ယောင်ထဲသို့ ကျရောက်စဉ်က ဖြစ်ပေါ်ခဲ့သည့် ထူးဆန်းသောအပြောင်းအလဲများကို ပြန်တွေးကြည့်မိသောအခါ သူသည် ပိုမိုယုံကြည်စိတ်ချလာသည်။ မိမိကိုယ်ကို စိတ်ညှို့ခြင်းက အခြားသူများကို စိတ်ညှို့ငြ်းခြင်းထက် ပိုခက်ပါတယ်။
ကိုယ်ကိုယ်တိုင်အပေါ် အကျိုးသက်ရောက်မှု ဒီလောက်ကောင်းတယ်ဆိုတော့ အခြားသူများအပေါ် အသုံးပြုမယ်ဆိုရင် သူတို့အနေနဲ့ ဒီစိတ်ညှို့မှုကနေလွတ်အောင် လှုပ်ယမ်းနိုင်မှာ မဟုတ်ဘူး။
"ခုနကသုံးခဲ့တဲ့ စိတ်ညှို့ပညာက အရမ်းထိရောက်တယ်၊ ဒါကို 'ယင်-ယန်စိတ်ကူးယဥ်အိပ်မက်' လို့ နာမည်ပေးလိုက်မယ်" ဖုန့်လင်း စိတ်ထဲတွင် မှတ်ထားလိုက်ပြီး သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည်။
လက်ရှိအချိန်တွင် 'ယင်-ယန်စိတ်ကူးယဥ်အိပ်မက်'သည် တစ်ဝက်တစ်ပျက်ပုံရိပ်ယောင်တစ်ခုထက် မပိုပေ။ သို့သော် သူ ပိုမိုအားကောင်းလာသည်နှင့်အမျှ ဒီတစ်ဝက်တစ်ပျက်ပုံရိပ်ယောင်က အစစ်အမှန်နဲ့ လုံးဝမကွဲပြားတော့တဲ့ ပုံရိပ်ယောင် တစ်ခု ဖြစ်လာနိုင်မလား?
သို့သော် သူ ဤအဆင့်သို့ ရောက်ရှိလိုလျှင် လမ်းကြောင်းအရှည်ကြီး ကျန်သေးသည်။ အခြေခိုင်အောင် လုပ်ပြီး တစ်လှမ်းခြင်းသွားသည်က ပိုကောင်းသည်။
ဧရာမဆေးဝါးကုမ္ပဏီမှ ပံ့ပိုးပေးထားသော အခြေခံပညာရေးသင်ခန်းစာများကို လေ့လာပြီးနောက် ဖုန့်လင်းသည် အင်တာနက်ပေါ်တွင် စိတ်ညှို့သည့်နည်းလမ်းမျိုးစုံအကြောင်း အချက်အလက်များကို ရှာဖွေလေ့လာခဲ့သည်။
[စိတ်ညှို့ခြင စိတ်ပညာ]၊ [လူသားအသိစိတ်၏ ဖွဲ့စည်းပုံများ]၊ [စိတ်စွမ်းအင်အသေးစိတ်ခွဲခြမ်းစိတ်ဖြာချက်]...တစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ပညာအကြောင်း နားလည်သဘောပေါက်မှုသည် ရှေးခေတ်ထက် အဆမတန်ကျော်လွန်နေပြီး ဤကြယ်တာရာခေတ်ကြီး ဘယ်လောက်တိုးတက်နေသည်ဆိုတာကို ထင်ဟပ်နေခဲ့သည်။ ဤအရာနှင့်ပတ်သက်သည့် စာအုပ်များမှာ မရေမတွက်နိုင်အောင်ပင် ရှိနေခဲ့သည်။
ယခုအချိန်တွင် ဖုန့်လင်း၏ အသက်စွမ်းအင်မှာ အလွန်သန်မာနေပြီဖြစ်ရာ၊ သူ၏အတွေးများသည် လျှပ်စီးကဲ့သို့ မြန်ဆန်ကာ မှတ်ဉာဏ်ပမာဏမှာ အတိတ်ကထက် အဆမတန်သာလွန်နေခဲ့သည်။ ဓာတ်ပုံမှတ်ဉာဏ်ရှိသည်ဟု ပြောလျှင်ပင် မမှားနိုင်ပေ။
သူ တစ်ချက်ကြည့်ရုံဖြင့် စာပိုဒ်ဆယ်ပိုဒ်ကို ဖတ်နိုင်ပြီး အကြောင်းအရာကို ချက်ချင်းမှတ်မိနိုင်ကာ အရေးကြီးသောအချက်များကို အတိုချုပ်ဖော်ပြနိုင်ပြီး အဓိကကျသည့်အသိပညာများကို လေ့လာသင်ယူနိုင်သည်။ သူ၏စာဖတ်နှုန်းမှာ စိတ်ကူးကြည့်၍မရနိုင်အောင်ပင် မြန်ဆန်လှသည်။
မသိလိုက်ဘဲနှင့် တစ်နေ့တာက ဤသို့ပင် ကုန်လွန်သွားခဲ့သည်။
သူ ဖတ်ခဲ့သော စိတ်ပညာဆိုင်ရာစာအုပ်အားလုံး၏ အသိပညာများကို လုံးဝကြေညက်အောင် အစာချေပြီး သူ၏အခြေခံအဖြစ် သိုလှောင်ကာ အသုံးချနိုင်သည့်အရာများအဖြစ် ပြောင်းလဲထားလိုက်ပြီဖြစ်သည်။
သို့သော် လူသားမျိုးနွယ်၏ ကြီးမားလှသောလူဦးရေနှင့် နဂါးငွေ့တန်း၏ ကျယ်ပြောမှုကို ထောက်ထားလျှင် အသိပညာသည် အဆုံးမရှိကြောင်း သူနားလည်လာခဲ့သည်။ သူ၏တစ်သက်တာလုံးကို အသုံးပြုလျှင်ပင် အားလုံးကို သင်ယူ၍မရနိုင်ပေ။
ယခုအချိန်ထိ သူစုဆောင်းထားသော အသိပညာများသည် ရေခဲတောင်ကြီး၏ ထိပ်ပိုင်းလေးသာ ဖြစ်သည်။
အလွန်လျင်မြန်စွာပင်၊ သူ၏အားလပ်ရက်တစ်ပတ်ရှိ တစ်ရက်ချင်းစီတိုင်းတွင် အချိန်အားလုံးကို ကျင့်ကြံခြင်းနှင့် အသိပညာစုဆောင်းခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့သည်။
နောက်ဆုံးတွင် နံနက်အရုဏ်တက်လာခဲ့ပေပြီ။ သူ အလုပ်သို့ ပြန်သွားရမည့်အချိန် ရောက်ပြီဖြစ်သည်။ နံနက်ခင်း ရေချိုးပြီးနောက် ဖုန့်လင်းမှာ ဧရာမဆေးဝါးကုမ္ပဏီ၏ R&D ဌာနသို့ ဦးတည်၍ လျှောက်လှမ်းလိုက်သည်။