အောင်မြင်သော ဦးနှောက်ဆေးခြင်း
Vol. 7 Ch. 96
"ဒီအဆင့်မြင့်အဆင့် ဆေးရည်ရဲ့
ဖော်မြူလာက ဆေးအာနိသင်ကို ဘယ်လိုတိုးတက်စေပြီး သက်ရောက်မှုကြာချိန်ကို ဘယ်လိုတိုးစေတာလဲ?"
"ဒါက သိပ်ကိုလွန်ရိုးရှင်းပါတယ်! အဒရီနလင်ဆေးရည် ရဲ့ အဓိကဆေးဝါးပါဝင်ပစ္စည်း နှစ်မျိုးဖြစ်တဲ့ နဂါးသွေးပန်းရဲ့ဝတ်ရည်နဲ့ ဝိညာဥ်အမှုန့်တို့ရဲ့ ဆေးအာနိသင်ကို ညှိယူရုံနဲ့ ရလဒ် ထွက်လာနိုင်ပါတယ်!"
"အရည်ရေခဲကို ဘာကြောင့်သုံးရတာလဲ?"
"ဘာကြောင့်လဲဆိုတော့ အရည်ရေခဲက သဘာဝဝိညာဥ်အမှုန်ထိန်းပစ္စည်းပဲ။ သန့်စင်တဲ့ရေမော်လီကျူးသက်သက်နဲ့ပြုလုပ်ထားတာကြောင့် အခြားဆေးဝါးပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ရာမှာ ဘေးထွက်ဆိုးကျိုးမဖြစ်စေဘူး"
"ဆေးဝါးပစ္စည်းတစ်ခုချင်းစီရဲ့ တိကျတဲ့ပမာဏကို ဘယ်လိုပြောနိုင်မလဲ?"
"ဒါကလည်း ရိုးရှင်းပါတယ်။ အဒရီနလင်ဆေးရည်က အဆင့်သတ်မှတ်ချက်မရှိတဲ့ဆေးဖြစ်ပြီး ဆေးအာနိသင်မပြင်းထန်တဲ့အတွက် ဘေးထွက်ဆိုးကျိုးရှိရင်တောင် ခံနိုင်ရည်ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်စမ်းသပ်ပြီး ဆေးအာနိသင်ပြောင်းလဲမှုကို အာရုံခံနိုင်ခဲ့တာကြောင့် ဖော်မြူလာကို တဖြည်းဖြည်း အကောင်းဆုံးဖြစ်အောင် ပြုပြင်မွမ်းမံနိုင်ခဲ့တာပါ။ လူသားတွေနဲ့စမ်းသပ်တာထက် ပိုတိကျပြီး ပိုပြီးမြန်မြန်ဆန်ဆန် ဖော်မြူလာကို ပြုပြင်မွမ်းမံနိုင်တယ်!"
...
R&D ဌာနရှိ သုတေသီများမှာ ဖန်းလင်းကို ဗဟိုပြုကာ စုရုံးနေကြသည်။ သူ့အနေနှင့် မေးခွန်းတစ်ခုချင်းစီကို စတ်ရှည်လက်ရှည်ဖြေကြားပြီး အဆုံးတွင် လက်ခုပ်သြဘာပေးခံနေရသည်။
"ကောင်းလိုက်တဲ့ အဖြေ!"
"မန်နေဂျာ ဖရန့် ကိုယ်တိုင် ရွေးချယ်ထားတဲ့ ပါရမီ ဗီဇပညာရှင်တစ်ဦးကတော့ မျှော်လင့်ထားတဲ့အတိုင်းကပဲ!"
"မင်းရဲ့တွေးခေါ်ပုံက သာမန်လူတွေထက် အဆမတန်မြန်လွန်းတယ်!"
...
လူတိုင်း၏ မျက်နှာတွင် ချီးကျူးသည့်အကြည့်များကို တွေ့နိုင်သည်။
အချိန်အပိုင်းအခြားတစ်ခုထိ R&D ဌာနကြီးသည် ဖုန့်လင်းအတွက် ဟောပြောပွဲပြုလုပ်ရာနေရာဖြစ်လာခဲ့ပြီး သုတေသီအားလုံးနီးပါးသည် သူ၏ပရိသတ်များဖြစ်လာကြသည်။
သူ၏ အသွင်မဲ့လွှမ်းမိုးမှုသည် တိတ်တဆိတ် ပျံ့နှံ့နေခဲ့သည်။
ဖုန့်လင်းမှာ လူတိုင်း၏ ရန်ငြိုးဖွဲ့မှုကို ပပျောက်စေပြီး သုတေသီများ၏မေးခွန်းများကို ထိန်ချန်မထားဘဲ ဖြေကြားခြင်းဖြင့် ဆက်ဆံရေးကို နွေးထွေးစေကာ သူတို့၏နှလုံးသားထဲတွင် ဖုန့်လင်းကို လူကောင်းတစ်ယောက်ဟူ၍ အထင်ကြီးစေခဲ့ပြီး ဤအထင်ကြီးမှုသည် နက်ရှိုင်းလွန်းကာ အလွယ်တကူ ပြောင်းလဲမရနိုင်တော့ပေ။
ဤမျှများပြားလှသော အရာများကို သူပြုလုပ်ခဲ့ခြင်းမှာ လူတိုင်း၏ ရန်ငြိုးဖွဲ့မှုကို အရင်ဆုံးဖယ်ရှားပစ်ရန် ဖြစ်ပြီး ထို့နောက်မှသာ သူ၏ စိတ်ညှို့ပညာနည်းစနစ်ကို အသုံးပြုရန် ဖြစ်သည်။
အရာရာ ဤအတိုင်း ဆက်သွားနေပြီး
ဖုန့်လင်းမှာ စိတ်ညှို့ပညာနှင့်ပတ်သက်၍ ပိုမိုနားလည်လာပြီး နည်းလမ်းတစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ ဖန်တီးနိုင်စွမ်းနှင့် လက်တွေ့ကျကျ အသုံးချနိုင်ရန် သင်ယူနေခဲ့သည်။
အကယ်၍ အရင်က ဖုန့်လင်းကို လူတိုင်း၏ ရန်သူအဖြစ် သတ်မှတ်ထားခဲ့ကြပါက ယခုအခါတွင် ထိုရန်ငြိုးဖွဲ့မှုသည် တဖြည်းဖြည်း အေးစက်သွားပြီး သူစိမ်းများအဖြစ်မှ ရင်းနှီးသည့်အဖြစ်ပြီးနောက် အရူးအမူးဖြစ်သည်အထိ ပြောင်းလဲသွားကာ နောက်ဆုံးတွင် သူတို့၏ခံစားချက်များမှာ သူ့အပေါ် လေးစားကိုးကွယ်သည့် အဆင့်ထိ ရောက်ရှိသွားခဲ့သည်။
ဖန့်လင်းမှာ R&D ဌာန၏ အာရုံစိုက်မှုဗဟိုချက်ဖြစ်လာပြီး အလွန်ပေါ်လွင်နေခဲ့သည်။
"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ?ဘာလို့ သုတေသနလုပ်နေရမယ့်အစား ဒီလိုအချိန်ဖြုန်းနေကြတာလဲ? မင်းတို့ အချောင်ခိုရဲရင် လကုန်ကြ လစာနဲ့အပိုဆုကြေးတွေရမယ့်အကြောင်းကို မေ့ထားလိုက်!" ဒေါသမျက်နှာနှင့် လူတစ်ယောက်ဝင်ရောက်လာခဲ့ရင်း
စိတ်မသက်သာဖြစ်ဖွယ်အသံတစ်ခု ကြားလိုက်ရသည်။
အဒီလူက အဖွဲ့ခေါင်းဆောင် အိုက် မဟုတ်ရင် ဘယ်သူဖြစ်နိုင်လိမ့်မလဲ?
လူတိုင်းမှာ ဖန်းလင်းကို 'မင်းဟာမင်း ကံကောင်းပါစေ' ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်ကာ ငှက်များနှင့်တိရစ္ဆာန်များကဲ့သို့ လူစုခွဲကုန်ကြပြီး ဤနေရာကို ချန်ရစ်ခဲ့ကြသည်။
"ဖုန့်လင်း၊ မင်း R&D ဌာနကို အလုပ်လုပ်ဖို့လာတာနော်။တစ်ယောက်ယောက်နဲ့ လေကန်ချင်ရင် မင်း အခုချက်ချင်း R&D ဌာနကထွက်ပြီး အိမ်ပြန်သွားလို့ရတယ်။ အင်တာနက်ပေါ်မှာ မင်းနဲ့ အချိန်ဖြုန်းဖို့ဆနဒရှိတဲ့ အပျင်းထူတဲ့လူတွေအများကြီးပဲ" အိုက်က ရိုင်းစိုင်းစွာ အပြစ်တင်လိုက်သည်။
ဖုန့်လင်း၏မျက်နှာထက်တွင် တည်ငြိမ်သောအမူအရာရှိပြီး ပြုံးနေခဲ့သည်။ "အစောပိုင်းက ခင်ဗျားပေးခဲ့တဲ့ အလုပ်တာဝန်က ပြီးသွားပြီလေ။ ခင်ဗျားကိုယ်တိုင် နောက်ထပ်အလုပ်တာဝန်ပေးဖို့ကို စောင့်နေတာပါ"
အိုက်၏နှလုံးသားထဲတွင် ဒေါကန်လာခဲ့သည်။ မင်း ဆိုလိုတာက နေ့တစ်ဝက်လုံး အလုပ်မရှိဘဲ မင်း ဒီမှာအချိန်ဖြုန်းနေတာက ငါ့အပြစ်လို့ဆိုလိုတာလား?
သူ ဖုန့်လင်းကို စတင်ပြီး သရော်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ရုတ်တရက် အတိုင်းမသိ နက်ရှိုင်းသော မျက်လုံးတစ်စုံက သူ့ကိုကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။
ထိုမျက်လုံးများသည် အလင်းရောင်အားလုံးကို ဝါးမျိုနေသော တွင်းနက်ကြီးများနှင့်တူပြီး သူ၏ အသိစိတ်ကိုပါ ဝါးမျိုလိုက်သည်။
ထူးဆန်းသော လှိုင်းတစ်ခုသည် အသွင်မဲ့ပုံစံဖြင့် လှိုင်းထနေပြီး တောင်နံရံများကို ညင်သာစွာတိုက်ခတ်နေသော လေပြေလေးကဲ့သို့၊ ရေကန်ပေါ်တွင် ထွန်လင်းနေသော တောက်ပသည့် လမင်း၏ အလင်းတန်းများကဲ့သို့ပင်
အိုက်၏ ရင်ထဲရှိ ဒေါသမှာ ရေခဲရေအေးအေးဖြင့် ငြိမ်းခံလိုက်ရပုံရသည်။
သူ့မျက်နှာအမူအရာမှာ တောင့်တင်းလာသကဲ့သို့ နှလုံးသားတွင်လည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ ဒေါသထွက်ချင်သော်လည်း ဒေါသထွက်အောင် မလုပ်နိုင်သကဲ့သို့ ဖြစ်နေပြီး သူ၏မျက်နှာအမူအရာသည် ရယ်ချင်စဖွယ် ဖြစ်နေသည်။
"အာ... ငါဘာဖြစ်နေတာပါလိမ့်?"
ရုတ်တရက် သူ၏အတွေးအခေါ်များ ပြောင်းလဲသွားသည်။ ဒီသုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သူရဲ့အဖွဲ့ဝင်တစ်ဦးကို ဘာလို့ အခက်တွေ့အောင် လုပ်နေမိတာလဲ?
ဤလူသစ်သည် အမြော်အမြင်မရှိဘဲ လူသားစမ်းသပ်မှုများနှင့်ပတ်သက်၍ သူ၏သဘောထားကြောင့် သူ့ကို အလွန်မကျေမနပ်ဖြစ်စေသော်လည်း ပထမဆုံးတွေ့ချိန်ကတည်းကနေ၍
ဖုန့်လင်းကို ရိုးသားသည့်လူတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
သူကရော သူကိုယ်တိုင်က အကန့်အသတ်မဲ့တဲ့ပင်လယ်တွေ ဝင်ဆံ့နိုင်လောက်အောင် သဘောထားကြီးတဲ့ နှလုံးသားရှိသူဖြစ်ပြီး လူသစ်တစ်ဦးနှင့် ဆန့်ကျင်နေရန် မလိုအပ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် သူ၏ဂုဏ်သိက္ခာကိုသာ ကျဆင်းစေမည်ဖြစ်သည်။
...
အိုက် ၏အတွေးအခေါ်များ ပြောင်းလဲသွားသည်နှင့်အမျှ သူ၏စိတ်ခံစားချက်များလည်း ပြောင်းလဲသွားသည်။ သူ ဒေါသထွက်ခြင်းမရှိတော့သော်လည်း သူ၏လေသံမှာ အေးစက်နေဆဲဖြစ်သည်။
"ဖုန့်လင်း၊ မင်းရဲ့အရည်အချင်းက
မဆိုးဘူး။ အဒရီနလင်ဆေးရည် ကိုပြုပြင်ခဲ့တဲ့အတွက် ငါတို့သုတေသနအဖွဲ့ရဲ့ တိုးတက်မှုနှုန်းကို အများကြီးမြန်စေခဲ့တယ်။ ဒါပေမယ့် မင်းရဲ့အကန့်အသတ်တွေကို သိထားပါ။ အချိန်ဖြုန်းပြီး အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေမေးနေတာမျိုး မလုပ်ပါနဲ့။ ကောင်းပြီ၊မင်းကို နောက်အလုပ်တစ်ခုပေးမယ်။ အသက်ဆေးရည်ရဲ့ဖော်မြူလာကို တိုးတက်အောင်လုပ်ပြီး သောက်သုံးသူတွေခံစားရတဲ့ နာကျင်မှုကို လျှော့ချဖို့ပဲ!"
ဤမြင်ကွင်းကို ကြည့်ရှုနေသူအားလုံး အလွန်အံ့သြသွားကြသည်။
ဒီလိုစည်းကမ်းတင်းကျပ်ပြီး ရက်စက်တဲ့ ခေါင်းဆောင်က ဘယ်အချိန်က လူတွေကို ဒီလောက်ထိ ဖော်ဖော်ရွေရွေ ဆက်ဆံလာတာလဲ? မကောင်းဆိုးဝါးတစ်ကောင်ကောင် ဝင်ပူးနေတာလား? ဒါမှမဟုတ် ဒီလူငယ်လေးက နည်းလမ်းတစ်ခုခုကို အသုံးပြုထားတာလား?
လူတိုင်းသည် တိတ်တဆိတ် သုံးသပ်ဆင်ခြင်လာကြသည်။
ထိုအခါတွင် အသွင်မဲ့လှိုင်းဂယက်တစ်ခုမှာ ပြန့်နှံ့ထွက်လာခဲ့သည်။
လူတိုင်း၏ ရင်ထဲရှိ သံသယများ ပျောက်ကွယ်သွားပြီး အရှက်ရမှုနှင့် အပြစ်ရှိသည့်ခံစားချက်များက အစားထိုးသွားခဲ့သည်။
အစောပိုင်းက ဖုန့်လင်းအနေနဲ့ ဘာမှမဖုံးကွယ်ဘဲ အဒရီနလင်ဆေးရည်ကို တိုးတက်အောင်ပြုပြင်ထားတဲ့ ဖော်မြူလာနဲ့ အတွေ့အကြုံတွေကိုတောင်မှ မျှဝေပေးခဲ့တယ်။ ဟင်း... ငါတို့က အခု သက်သေအထောက်အထားမရှိဘဲ သူ့ကို ဘယ်လို သံသယဝင်နိုင်တာလဲ?
"ငါတို့ ဘယ်လိုတောင် နိမ့်ကျနေကြတာလဲ!"
သူတို့ရုတ်တရက် သတိရလိုက်ကြသည် - ဖုန့်လင်း၏ အရင်လုပ်ဆောင်ချက်များက အိုကိ ကို အပြည့်အဝယုံကြည်စေခဲ့ပြီး ယခုသူ၏သဘောထားသည် ဤမျှပျော့ပျောင်းနေခြင်းဖြစ်ကာ ယခင်ပေးခဲ့သည့် အလုပ်ထက် ပိုမိုလွယ်ကူသော အလုပ်ကိုပင် သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဖုန့်လင်းကိုယ်တိုင်လည်း သူ၏စိတ်ညှို့ပညာနည်းစနစ်၏ အကျိုးသက်ရောက်မှုသည် ဤမျှကောင်းလိမ့်မည်ကို
မမျှော်လင့်ခဲ့ပေ။
"ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်" သူ ချက်ချင်းသဘောတူကာ အိုက် ပေးသော အလုပ်ကို လက်ခံလိုက်သည်။ အိုက် အနေဖြင့် နောင်တရသွားနိုင်သည့် အချိန်ကိုပင် မပေးခဲ့ပေ။
အိုက်အနေနှင့် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု အနည်းငယ်ခံစားမိသော်လည်း ပြောပြီးသွားပြီဖြစ်သဖြင့် သူ့စကားများကို ပြန်မရုပ်သိမ်းနိုင်တော့ပေ။
"ကောင်းကောင်းလုပ်ပါ" ဟု တစ်ခွန်းပြောပြီး လျင်မြန်စွာ လှည့်ထွက်သွားခဲ့သည်။
ဖုန့်လင်း တိတ်တဆိတ်နှင့် သူ၏ချွေးစေးများကို သုတ်လိုက်ပြီး သူ့မြင်းကွင်းမှာ ဝေဝါးလာခဲ့သည်။
စိတ်ညှို့ပညာသည် မကြာခဏအသုံးပြုရန် မသင့်တော်ပေ။
ယခင်က အသွင်မဲ့လှိုင်းများဖြင့် အခြားသူများကို သက်ရောက်မှုရှိစေခဲ့သော်လည်း အိုက် သည် သူ့ကိုအခက်အခဲဖြစ်စေကရန် ရည်ရွယ်လာခဲ့သည်ကို မြင်သောအခါ ဖုန့်လင်းမှာ အချိန်ဖြုန်းရန် စိတ်မပါတော့ဘဲ အိုက် ကို အတင်းအကျပ် ဦးနှောက်ဆေးလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်စွမ်းအင်သုံးစွဲမှုသည် ပိုမိုများပြားလာခဲ့သည်။
သူ၏စိတ်စွမ်းအင်မှာ သိပ်မကြာမီကုန်သွားပြီး အလွန်ပင်ပန်းနွမ်းနယ်လာခဲ့သည်။
ထို့အပြင် ယနေ့ အိုက် ကို အတင်းအကျပ်ဦးနှောက်ဆေးခဲ့သော်လည်း ဤနည်းကို မကြာခဏအလွန်အကျွံသုံးပါက ပြောင်းပြန်သက်ရောက်မှုများဖြစ်ပေါ်ကာ အခြားသူများက တစ်စုံတစ်ရာထူးဆန်းနေသည်ကို သတိပြုမိသွားနိုင်သည်။ ထိုသို့ဆိုလျှင် ရလဒ်မရှိဘဲ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ ပထမဆုံးခြေလှမ်းကို လျှောက်နိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက် ဖုန့်လင်း ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏စိတ်စွမ်းအင်အားလုံးကို ပြန်ရုပ်သိမ်းကာ နောက်ထပ်လှည့်ကွက်များ မလုပ်တော့ပေ။
အထင်အမြင်တစ်ခု ဖြစ်ပေါ်ပြီးသည်နှင့် ထူးခြားသည့်ပြောင်းလဲမှုများမရှိသရွေ့ ယေဘုယျအားဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
ဤလူများ ၎င်းတို့၏မူလအခြေအနေသို့ ပြန်ရောက်သွားမည်ကို ဖုန့်လင်းမှာ စိုးရိမ်နေခြင်းမရှိပေ။
တစ်ယောက်အနေနှင့် အကူအညီမဲ့နေသော်လည်း ပြောနိုင်သည်မှာ အစပိုင်းတွင် အလွန်ခက်ခဲခဲ့သော သူ၏လုပ်ငန်းခွင်ပတ်ဝန်းကျင်သည် ယခုအခါတွင် ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်သည်။
အချိန်တိုင်း ပစ်မှတ်ထားခံရသည့် ခံစားချက်ကို ဖုန့်လင်း မခံစားရတော့ပေ။
စိတ်စွမ်းအင်ကို အလွန်အကျွံသုံးစွဲခဲ့ရသောကြောင့် ဖုန့်လင်းမှာ တစ်နေ့လုံး အလွန်ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေသည်ဟု ခံစားလိုက်ရသည်။
ကံကောင်းစွာနဲ့ပဲ၊ ဒီတာဝန်အတွက် အချိန်ကန့်သတ်ချက်မရှိပါဘူး။ အလုပ်မှာ အကျိုးမရှိတဲ့ နေ့တစ်နေ့ကုန်ဆုံးပြီးနောက် သူအိမ်ပြန်ရောက်တာနဲ့ ချက်ချင်း ကျောချရင်း အိပ်ပျော်သွားခဲ့လေသည်။
နောက်တစ်နေ့ သူ့ရဲ့စိတ်စွမ်းအင်ပြန်ကောင်းလာတဲ့အခါမှာ အသက်ဆေးရည် ရဲ့ဖော်မြူလာကို တိုးတက်အောင်ပြုပြင်ဖို့ သူ စတင်ကြိုးစားခဲ့တော့သည်။
ဖုန့်လင်းသိထားတာက သူလုပ်ရမယ့်နောက်တစ်ခုက ထူးချွန်ထက်မြက်တဲ့ ရလဒ်တွေကိုဖော်ဆောင်ပြီး ပေးအပ်တဲ့တာဝန်တိုင်းကို ထူးထူးချွန်ချွန် လုပ်ဆောင်ဖို့ပါပဲ။ ဒီလိုမှသာ သူအနေနဲ့ R&D ဌာနရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး ကုမ္ပဏီရဲ့ အစစ်အမှန်လျှို့ဝှက်ချက်တွေကို ထိတွေ့နိုင်မှာပါ။
ဒီတစ်ခါ တာဝန်က မခက်ခဲပါဘူး။ အသ်ဆေးရည် ရဲ့ဖော်မြူလာကို တိုးတက်အောင် ပြုပြင်ရမယ်ဆိုပေမယ့် သောက်သုံးတဲ့လူ ခံစားရတဲ့ နာကျင်မှုကိုလျှော့ချနိုင်ရုံနဲ့တင် လုံလောက်သည်။
အသက်ဆေးရည် ရဲ့ဆေးအာနိသင်တွေနဲ့ပတ်သက်လို့ကတော့ ဖုန့်လင်း အလွန်ကိုရင်းနှီးကျွမ်းဝင်လှသည်။ အထူးသဖြင့် ပထမဆုံးအကြိမ် သောက်သုံးစဉ်က အသက်ဆေးရည်ရဲ့ပြင်းထန်တဲ့ဆေးအာနိသင်တွေက လူ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံကို အလျင်အမြန်ပြောင်းလဲစေခဲ့ပြီး 'အရင်ဖျက်ဆီးပြီးမှ ပြန်လည်တည်ဆောက်တယ်'ဆိုတဲ့ ခံစားမှုမျိုးက သောက်သုံးသူကို နာကျင်မှုလှိုင်းတွေနဲ့မချိမဆန့် ဖြစ်စေခဲ့တာကို သူအခုထိ အမှတ်ရနေဆဲပါ။
ဒါက အသက်ဆေးရည် ရဲ့သဘာဝကြောင့် မဟုတ်ပါဘူး။
အသက်ဆေးရည်ဆိုတာက အဆင့်မခွဲထားတဲ့ အဆင့်နိမ့်ဆေးဝါးတစ်မျိုးပဲလေ။ ဘယ်လောက်ထိ နှိုးဆွမှုရှိနိုင်မှာတဲ့လဲ?
နာကျင်မှုဆိုတာက လူ့ခန္ဓာကိုယ် စတင်ပြောင်းလဲလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်ပါ။
ဆေးအာနိသင်ပိုကောင်းလေလေ၊ ပြောင်းလဲမှုပမာဏများလေလေ၊ နာကျင်မှုလည်း ပိုပြင်းထန်လေပါပဲ။
နာကျင်မှုဆိုတာ အခြေခံအားဖြင့် ဆေးအာနိသင်ကောင်းမွန်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
မူလကတည်းက အသက်ဆေးရည် ဖော်မြူလာကို ပြုပြင်မွမ်းမံဖို့လိုအပ်မှာမဟုတ်ပါဘူး။ ဒီလောက် နာကျင်မှုနည်းနည်းကိုတောင် မခံနိုင်ရင် ကျင့်ကြံခြင်း အကြောင်းဘာလို့စဉ်းစားနေတော့မှာလဲ?
ဘယ်ကြယ်တာရာကျင့်ကြံသူက ဒုက္ခအမျိုးမျိုးကိုခံစားပြီး ကြိုးစားပြီးမှသာ အောင်မြင်လာတာ မဟုတ်လို့လဲ?
ဒါပေမယ့် အခု အိုက် က အသက်ဆေးရည်ကို သောက်သုံးတဲ့အခါ နာကျင်မှုကို ကြီးကြီးမားမား လျှော့ချနိုင်အောင် ပြုပြင်မွမ်းမံဖို့ သူ့ကို တောင်းဆိုနေခဲ့သည်။
ဖုန့်လင်း ဒါကို အသက်ဆေးရည် ရဲ့အာနိသင်လျှော့ချဖို့လို့မထင်ပါဘူး။
နာကျင်မှုကြောင့် မျက်နှာတွေ တွန့်လိမ်နေတဲ့ စမ်းသပ်ခံတွေကိုကြည့်ရင်း သူ အတွေးနက်နေမိသည်။ နာကျင်မှုကိုလျှော့ချဖို့ဆိုတာ ဒီစမ်းသပ်ခံတွေ နာကျင်မှုဒဏ်ကြောင့်မသေဆုံးအောင်လား၊ သာမန်လူတွေ အသက်ဆေးရည် ကိုသောက်သုံးနိုင်အောင်လို့လား?
ဖုန့်လင်းစိတ်ထဲမှာ အလင်းတစ်ခုလက်ပြီး အကြံတစ်ခုရလိုက်သည်။ အသက်ဆေးရည်ထဲကို ထုံဆေးပါဝင်မှုတိုးမြှင့်ဖို့ပါ။
လူတစ်ယောက်သတိလစ်သွားရင် နာကျင်မှုခံစားရတာလျော့နည်းသွားမယ်။ ထုံဆေးထိုးသလိုမျိုးပေါ့။
ဒါက တွေးကြည့်ရင် ရိုးရှင်းပေမယ့် အောင်မြင်အောင်လုပ်ဖို့ကတော့ သိပ်မလွယ်ပါဘူး။
ဖုန့်လင်း R&D ဌာနမှာရှိတဲ့ A.I. ကိုသုံးပြီး ပသက်ဆေးရည်ထဲကို ဘာပစ္စည်းတွေထည့်ရင် ထုံဆေးအာနိသင်တိုးလာမလဲဆိုတာ တွက်ချက်ခိုင်းလိုက်၏။
မကြာမီတွင် A.I. မှ ပစ္စည်း (၃) မျိုးကို ဖော်ပြလိုက်သည်။ ပန်းပေါင်းတစ်ရာ မြွေမြက်၊ ဝေလနဂါး အဆီ နဲ့ ယစ်မူးသီးအရည် တို့ပါ။
A.I. ကတော့ A.I. ပါပဲ။ ဒေတာတွေ ထည့်လိုက်တာနဲ့ တွက်ချက်မှုစတင်နိုင်သည်။ ဒါပေမယ့် အဖြေရှာချင်ရင်တော့ ကိုယ်တိုင်စမ်းသပ်ဖို့လိုပါတယ်။
ဖုန့်လင်း စမ်းသပ်မှုများ စတင်လိုက်သည်။ ယခင်က သူ ရှာဖွေတွေ့ရှိခဲ့သည့် ဗီဇအဏုစိတ်ခြယ်လှယ်ခြင်းနည်းစနစ် ကို အသုံးပြုပြီး ပစ္စည်းများထည့်သွင်းကာ သင့်တော်သည့် ပမာဏများသတ်မှတ်ပြီး ကိုယ်တိုင်စမ်းသပ်ကြည့်လိုက်သည်။
နောက်ဆုံးမှာတော့ သူ အသက်ဆေးရည် ရဲ့ အဆင့်မြင့်ဗားရှင်းအသစ်ကို ဖန်တီးနိုင်ခဲ့ပြီး ဝေလနဂါး အဆီ 100 မီလီလီတာထည့်သွင်းခြင်းဖြင့် ထုံထိုင်းမှုအာနိသင်ကို ရရှိစေနိုင်သည်ဆိုတာကို သိရှိခဲ့ရသည်။ သောက်သုံးသူသည် နက်ရှိုင်းစွာအိပ်ပျော်သွားပြီး နာကျင်မှုဝေဒနာကို သိသိသာသာလျော့နည်းစေနိုင်သည်။
မူရင်း အသက်ဆေးရည်၏ အာနိသင်များလည်း မပြောင်းလဲပေ။ ထုံထိုင်းမှုအာနိသင်ကိုသာ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။
ဖုန့်လင်းမှာ သူ၏တာဝန်ကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်သောကြောင့် ဖော်မြူလာကို ထပ်မံတိုးတက်အောင်ပြုပြင်ရန် အချိန်နှင့်အားစိုက်ထုတ်မှုများကို ဆက်လက်အသုံးပြုရန်
မလိုအပ်တော့ပေ။
ပြီးပြည့်စုံအဆင် အသ်ဆေးရည်များသည်ပင် လက်ရှိ ဖုန့်လင်းအတွက် သိပ်အထောက်အကူမဖြစ်တော့ချေ။
ဖုန့်လင်း တိုးတက်အောင်ပြုပြင်ထားသောဖော်မြူလာကို တင်ပြပြီးနောက် အိုက် အလွန်အံ့အားသင့်သွားခဲ့ပြီး သူ ကိုယ်တိုင်စမ်းသပ်ကြည့်ရာတွင် ရလဒ်များကို အလွန်ကျေနပ်နှစ်သက်သွားခဲ့သည်။
စမ်းသပ်ခံသည် ငါးသေတစ်ကောင်ကဲ့သို့ အိပ်ပျော်နေပြီး လုံးဝမလှုပ်ရှားတော့သော်လည်း သူ၏အသက်စွမ်းအင်အညွှန်းကိန်းများမှာ အလျင်အမြန်တက်လာနေသည်။
စမ်းသပ်မှုရလဒ်သည် ဖုန့်လင်းအား ပေးအပ်ခဲ့သောတာဝန်နှင့် အလွန်ကိုက်ညီနေသည်။
အိုက်အနေဖြင့် ဖုန့်လင်းကို ပိုပိုပြီး သဘောကျလာခဲ့သည်။ အစပိုင်းတွင် အနည်းငယ်မကျေနပ်မှုများရှိခဲ့သော်လည်း သူ၏ပါရမီသည် အခြားသူများထက် သာလွန်နေသည်မှာ အမှန်ပင်။ သူသည် သုတေသနအဖွဲ့၏ တိုးတက်မှုနှုန်းကို မြန်စေရန်အတွက် အကူအညီများစွာပေးနိုင်ခဲ့သည်။
ဟမ်... ဖုန့်လင်းကို သုတေသနအဖွဲ့ရဲ့ အဓိကလျှို့ဝှက်ချက်တွေ အကြောင်း ပြောပြဖို့ အချိန်တန်ပြီလား။
ဖုန့်လင်း၏ စိတ်ညှို့နည်းစနစ်မှ သွယ်ဝိုက်သောသက်ရောက်မှုကြောင့် ဖုန့်လင်းအပေါ်တွင် ရှိနေသည့် အိုက်၏ မကောင်းမြင်စိတ်များ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူ၏စိတ်ထဲတွင်
ဖုန့်လင်းကို စွမ်းဆောင်ရည်ရှိသော လက်အောက်ငယ်သားတစ်ဦးအဖြစ် သဘောထားလာပြီး မကြာခဏပင် ပြုံးရွှင်စွာ စကားပြောဆိုလာခဲ့သည်။
အကယ်၍ အရင်က သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် ရန်ငြိုးဖွဲ့မှုနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့ပါက ယခုအခါတွင် အပြန်အလှန်ခင်မင်ရင်းနှီးမှုများ ရှိနေပြီဖြစ်သည်။
R&D ဌာနမှ လူများ၏ မျက်နှာအမူအရာမှာ မကောင်းဆိုးဝါးတစ်ကောင်ကို မြင်တွေ့ခဲ့ရသည့်အလားပင်။ အိုက် နဲ့ ဖုန့်လင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်အချိန်ကတည်းက ဒီလောက် ကောင်းလာတာလဲဟ?
သို့သော် သူတို့အနေနှင့် ဖုန့်လင်း၏ အနက်ရှိုင်းဆုံးသော မျက်လုံးများထဲတွင် တောက်ပနေသော အလင်းရောင်ကို သတိမထားမိခဲ့ကြပေ။ သူ၏မျက်လုံးများမှာ အခြားသူများ၏ ဝိညာဉ်များကို မျိုချနိုင်သည့် တွင်းနက်ကြီးများနှင့်တူနေခဲ့သည်။
ဦးနှောက်ဆေးရန် ကြိုးစားမှုမှာ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။