← Chapters

သုတေသနမှတ်တမ်း**

Vol. 7 Ch. 97

သုတေသနမှတ်တမ်း**

Vol. 7 Ch. 97

"ဒါက သုတေသနမှတ်တမ်းဖိုင်ပဲ။ ယူသွားပြီး သေချာလေ့လာပါ။

ဖုန့်လင်း မင်းရဲ့ပါရမီက သာမန်လူတွေထက် သာလွန်တယ်။ အခုကစပြီး သာမန်အလုပ်တွေ မလုပ်သင့်တော့ဘူး။ ငါတို့သုတေသနအဖွဲ့ရဲ့ အဓိကဝန်ထမ်းဖြစ်လာလိမ့်မယ်"

ဖုန့်လင်း၏ ဦးနှောက်ဆေးမှုအောက်တွင် အဖွဲ့ခေါင်းဆောင် အိုက် ၏ သဘောထားသည် ဖုန့်လင်းအပေါ်တွင် အလွန်အလးပေး​လာပြီး ဖုန့်လင်းကို သူ၏ညာလက်ရုံးအဖြစ် သဘောထားလာခဲ့သည်။

တစ်နေ့တာ အလုပ်ပြီးဆုံးသွားသောအခါ အပြန်လမ်းတွင် အိုက် မှ လျှို့ဝှက်သုတေသနမှတ်တမ်းဖိုင်ကို

ဖုန့်လင်း ကြည့်ရှုနိုင်စေရန် ထုတ်ပေးလိုက်သည်။

R&D ဌာနမှ အခြားသူများမှာ ဤအရာကို မြင်တွေ့လိုက်ရသောအခါ အကူအညီမဲ့နေသော်လည်း အားကျနေခဲ့ကြသည်။

လျှို့ဝှက်သုတေသနမှတ်တမ်းကို

ဖုန့်လင်းအား ပြသလိုက်ခြင်းသည် R&D ဌာနအတွင်းရှိ မည်သူမဆို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည့် အရေးပါမှုတစ်ခုကို ကိုယ်စားပြုနေခဲ့သည်။

ဖုန့်လင်းမှာ R&D ဌာနတွင် ရက်ပိုင်းမျှသာကြာသေးသော်လည်း အဓိကဝန်ထမ်းတစ်ဦးဖြစ်လာခဲ့ချေပြီ။

ဒါက ဘယ်လိုအရှိန်နှုန်းမျိုးလဲ?

ဖြေးဖြေးမှန်မှန် မြင့်တက်လာသည့် အရှိန်နှုန်းပင်ဖြစ်သည်။

လူတိုင်း သူ့ကိုချီးကျူးဂုဏ်ပြုနေကြပြီး မည်သူမှ မနာလိုဝန်တိုခြင်း မရှိခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ

မနာလိုဝန်တိုခြင်းဖြင့် ရရှိနိုင်သည့် အရာမျိုးမဟုတ်သောကြောင့်ပင်။

ဧရာမဆေးဝါးကုမ္ပဏီ၏ အဓိကဌာနတစ်ခုဖြစ်သည့် R&D ဌာနသည် အလွန်အရေးကြီးပြီး ပြိုင်ဆိုင်မှုဖိအား အလွန်များသည့်အတွက် စွမ်းရည်နှင့် ခွန်အားတို့ဖြင့် ထောက်ပံ့ထားရန်လိုအပ်သည်။

ဖုန့်လင်း၏ အဓိကအဖွဲ့ဝင်ဖြစ်လာခြင်းမှာ ဆက်ဆံရေးကောင်းခြင်း သို့မဟုတ် နောက်ဖေးပေါက်မှဝင်ရောက်ခြင်းကြောင့်မဟုတ်ဘဲ သူ၏ထူးချွန်သော ကျွမ်းကျင်မှုနှင့် စွမ်းအားတို့ကြောင့်ဖြစ်ကြောင်း အားလုံး သိရှိကြသည်။

R&D ဌာနရှိ လူတိုင်းမှာ ဖန်းလင်းကို သဘောကျနေကြသော်လည်း အသစ်ရောက်လာသူတစ်ဦး၏ ကျော်တက်ခံရခြင်းသည် ချဥ်စုပ်စုပ် အရသာတစ်ခုကို ချန်ရစ်ခဲ့သည်။ သို့သော် ဤခံစားချက်များသည် မနာလိုဝန်တိုခြင်း မဟုတ်ပေ။

သူတို့မသိကြသည်မှာ ဖုန့်လင်းအနေဖြင့် ဤမျှမြန်ဆန်စွာ တိုးတက်လာနိုင်ခြင်းမှာ ဗီဇညီမျှခြင်းကို အခြေခံထားသော ဗီဇအဏုစိတ်ခြယ်လှယ်ခြင်းနည်းစနစ် ကို ဖွံ့ဖြိုးစေခဲ့ခြင်းကြောင့်ဖြစ်သည်။

နောက်ထပ်အကြောင်းရင်းတစ်ခုမှာ

ဖုန့်လင်းသည် အိုက် အား စိတ်ညှို့ပညာနည်းစနစ်ဖြင့် ဦးနှောက်ဆေးကာ သူ့အပေါ်ရှိ မလိုမုန်းထားမှုကို လျှော့ချခဲ့ပြီး အိုက် က သူ့ကိုအသုံးပြုစေခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဖုန့်လင်းမှာ အရင်ကထက် ပိုမိုကောင်းမွန်စွာ ခံစားနေရပြီး စိတ်ညှို့ပညာနည်းစနစ်ကို ရွေးချယ်ခဲ့သည်မှာ မှန်ကန်နေ၍ ဝမ်းသာနေမိသည်။ သူ့အနေနှင့် သူ၏ဇီဝသံလိုက်စက်ကွင်းကို ထိန်းညှိပြီး ရင်းနှီးမှုကိုဖြစ်စေကာ ပတ်ဝန်းကျင်ရှိလူများ၏ ရန်ငြိုးဖွဲ့မှုကို မသိစိတ်ထဲမှနေ၍ ပျောက်ကွယ်စေခဲ့သည်။

ယခုအခါမှာတော့ ရန်ငြိုးဖွဲ့မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ကို ဖြေရှင်းနိုင်ခဲ့ပြီး သူ့နည်းစနစ်တွေကို လွတ်လွတ်လပ်လပ်နဲ့လွယ်လွယ်ကူကူ လုပ်ဖို့နေရာရှိသွားပါပြီ။

နေအဖွဲ့အစည်းသည် ဖရိုဖရဲကြယ်နယ်မြေတစ်ခုဖြစ်သောကြောင့် လူမှုအဆောက်အအုံသည် အလွန်ရှုပ်ထွေးပြီး လူများစွာ၏ ခံစားချက်တို့မှာလည်း အလွန်အေးစက်ကာ တစ်ဦးနှင့်တစ်ဦး သီးခြားဖြစ်နေကြသည်။

စိတ်ညှို့ပညာနည်းစနစ်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်းဖြင့် အခြားသူများ၏ စိတ်နှလုံးထဲသို့ တိတ်တဆိတ်ဝင်ရောက်ကာ သူ့အတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဖြစ်သည်။

ဤသည်မှာ အတိအကျ ဖုန့်လင်းလိုအပ်နေသည့် အရာပင်။

တစ်နေ့တာအလုပ်ပြီးသွားသောအခါ

ဖုန့်​​လင်းမှာ အခြားလုပ်ဖော်ကိုင်ဖက်များကို ပြုံးပြရင်းနှုတ်ဆက်ပြီး သူ့အခန်းဆီသို့ လျှောက်သွားခဲ့သည်။

လူအုပ်ထဲမှခွဲထွက်လိုက်ပြီး သူ၏မျက်နှာအမူအရာကို မည်သူမှ

မမြင်နိုင်တော့သည်နှင့် ဖုန့်လင်း၏ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး မျက်နှာအမူအရာမှာလည်း အေးစက်သွားခဲ့သည်။

သူ့အခန်းထဲသို့ ပြန်ရောက်သောအခါ

ဖုန့်လင်းသည် ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ အသက်ဆေးရည် (၁၀) ပုလင်းနှင့်အတူ အာဟာရဖျော်ရည် (၁၀) ပုလင်းကို အဆက်မပြတ် သောက်လိုက်သည်။

သူ၏ခန္ဓာကိုယ်အနေနှင့် ပိန်လှီနေသော်လည်း သူ၏အစာအိမ်မှာ နွားတစ်ကောင်၏အစာအိမ်နှင့်တူပြီး သူ၏ အစာစားချင်စိတ်မှာ စိတ်ကူးယဉ်မှုထက်ပင် ကျော်လွန်နေသည်။

သူ သောက်နေသည်မှာ ဆေးရည်များမဟုတ်ဘဲ ငွေများပင် ဖြစ်သည်ဟု

ဖုန့်လင်း ခံစားနေမိပြီး သူ့အနေဖြင့် ငွေကြေးအမြောက်အမြားကို သူ၏အစာအိမ်ထဲသို့ အလျင်အမြန် ထိုးသွင်းနေခြင်းပင်ဖြစ်သည်။

သူ့စိတ်ထဲတွင် အလွန်ကြီးမားသော အရေးတကြီးလိုအပ်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူ ငွေကို အမြန်ဆုံးရှာနိုင်ရန် လိုအပ်နေပြီဖြစ်သည်။

ငွေရှာတဲ့နေရာမှာ ဗီဇဆိုင်ရာဆေးဖော်စပ်သူအလုပ်ထက် ပိုကောင်းတဲ့ အလုပ်မျိုးရှိလို့လား?

ထို့ကြောင့် ဗီဇဆိုင်ရာဆေးဖော်စပ်သူတစ်ဦးဖြစ်လာရန်မှာ ဖုန့်လင်းအတွက် အရေးတကြီးလိုအပ်နေသော အရာပင်ဖြစ်သည်။

သူ နက်နက်နဲနဲ မတွေးတော့ဘဲ အသက်ရှူမှုကို တည်ငြိမ်စေကာ သူ၏ကျင့်ကြံခြင်းထဲသို့ သူ့ကိုယ်သူ နစ်မြုပ်သွားစေခဲ့သည်။

စွမ်းအင်ကို ချီ အဖြစ်ပြောင်းလဲသည့် နည်းစနစ်ကိုအသုံးပြုခြင်းဖြင့် အာဟာရများမှ ဗီဇအလားအလာ အဖြစ်သို့ ပြောင်းလဲမှုနှုန်းသည် နှစ်ဆတိုးလာခဲ့သည်။

ဗီဇအလားအလာ +20%, +20%, +20%...

မကြာမီပင် 668% အထိ ရောက်ရှိသွားပြီး သူ၏ အသက်စွမ်းအင် သည် 18.9 အထိ တက်လာခဲ့သည်။

ကျင့်ကြံမှုပြီးဆုံးသွားသည်နှင့်

ဖုန့်လင်းမှာ သူ၏မျက်လုံးများဖွင့်လိုက်ပြီး နောင်တဖြင့် သက်ပြင်းချလိုက်သည်။

သူ၏ ဗီဇအလာအလာသည် သိသိသာသာတိုးတက်လာသော်လည်း သူ့အနေနှင့် မကျေနပ်မှုကို ခံစားနေရဆဲဖြစ်သည်။

ယခုအခါတွင် သူ၏ ဗီဇအလားအလာ အတွက် လိုအပ်ချက်များမှာ ကြီးသထက် ကြီးလာပြီး သူ ကျင့်ကြံနေသည့်နှုန်းအတိုင်းဆိုလျှင် အခမဲ့ ရှေးဦးဗီဇအမှတ် တစ်ခုရရှိရန် ဗီဇအလားအလာ 1000%သို့မရောက်မီ အနည်းဆုံး နောက်ထပ် (၃) ကြိမ်ခန့် ကျင့်ကြံရန်လိုအပ်မည်ဖြစ်သည်။

ကျောက်တုံးမျောက်ဗီဇ၏ အနည်းငယ်မျှသော တိုးမြှင့်မှုမှနေ၍ မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကိုလည်း သူ မသေချာနေခဲ့ပေ။

သို့သော် ဤအရာကို စဉ်းစားနေရုံမျှဖြင့် အသုံးမဝင်ပေ။

အာဟာရဓာတ်များကို သူ အပြည့်အဝအသုံးချပြီးဖြစ်ကာ ဆက်တိုက်ကျင့်ကြံမှုများသည် စိတ်ပိုင်းဆိုင်ရာသုံးစွဲမှုအပေါ်တွင် အလွန်အမင်း ဝန်ပိစေသည်။

ဖုန့်လင်း သူ့အိပ်ရာပေါ်တွင် အိပ်ပျော်သွားခဲ့ပြီး နိုးလာသောအခါတွင် လန်းဆန်းတက်ကြွနေသည်ကို ခံစားလိုက်ရသည်။ သူ မြန်မြန်ဆန်ဆန် ရေချိုးပြီး သုတေသနမှတ်တမ်းကို စတင်ကြည့်ရှုခဲ့သည်။

မနက်ခင်းအချိန်သည် လူတို့၏စိတ်များ အလွန်လန်းဆန်းနေသောအချိန်ဖြစ်သည်ကို အခွင့်ကောင်းယူကာ သုတေသနမှတ်တမ်းနှင့် ရင်းနှီးကျွမ်းဝင်ရန် သင့်တော်သောအချိန်ဟု သူ ခံစားမိသည်။ မှတ်တမ်းတွင် အချိန်ကာလအလိုက် လူသားစမ်းသပ်မှုများ၏ အသေးစိတ်ဒေတာများလည်း ပါဝင်နေသည်။

သူ၏နှလုံးသားအတွင်းရှိ မသက်မသာဖြစ်မှုကို သည်းခံကာ မှတ်တမ်းကို ဆက်လက်ကြည့်ရှုခဲ့ပြီး R&D ဌာန၏ လုပ်ဆောင်နေမှုများကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

ဗီဇဆေးဝါးများသည် ဗီဇများအပေါ် နှိုးဆွနိုင်သည့်အာနိသင်ရှိသည်။ ဆေးဝါးကို ထပ်ခါထပ်ခါသောက်သုံးပြီး တိကျသေချာသော ဗီဇတစ်ခုကို နှိုးဆွခြင်းဖြင့် လူသားတစ်ဦးအား ဗီဇနိုးထလာစေနိုင်ရန် ခွင့်ပြုပေးသည်။

သို့သော် အရေးအကြီးဆုံးသော အခြေခံအချက်မှာ လူ့ခန္ဓာကိုယ်သည် ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။

ကနဦးစမ်းသပ်မှုတွင် စမ်းသပ်ခံများသည် ဆေး၏ပြင်းအားကို မခံနိုင်ဘဲ ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် R&D ဌာနသည် ဆေး၏ပြင်းအားကို အားပျော့စေခြင်း၊ ဖိနှိပ်ခြင်းနှင့် ထိန်းညှိခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပြီး စမ်းသပ်ခံအချို့သည် ပိုမိုလျော့နည်းသော ဆေးအာနိသင်ကို ခံနိုင်ရည်ရှိလာခဲ့သည်။ သူတို့၏ အသက်စွမ်းအင်မှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ သက်ဆိုင်ရာ ဒဏ္ဍာရီလာ ဗီဇများတွင် ဗီဇနိုးထမှု၏ လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။

အခြေအနေမှာ အကောင်းဘက်သို့ ပြောင်းနေပုံရသော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်မှုနှင့်သာ ကြုံတွေ့ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် လူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်အားမှာ အကန့်အသတ်ရှိသည်။ တစ်ယေက်အနေဖြင့် ဤအကန့်အသတ်ကို နီးကပ်လာသည်အထိ ချဉ်းကပ်နိုင်သော်လည်း တစ်ခါတရံတွင် လူ့ခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်သွားပါက ပြိုကွဲသွားနိုင်သည်။

စမ်းသပ်ခံများသည် ခံနိုင်ရည်အားကို တိုးမြှင့်ပေးသည့် စမ်းသပ်မှုများကို ဆက်တိုက်ခံယူနေစဉ် ခန္ဓာကိုယ်ပေါက်ကွဲခြင်းများမှာ ခြွင်းချက်မရှိဖြစ်ပွားခဲ့သည်။

ဤသည်မှာ သာမန်လူသား ခန္ဓာကိုယ်၏ အကန့်အသတ်ပင်ဖြစ်ကာ ဤအရာမှာ မွေးရာပါဖြစ်ပြီး ပြောင်းလဲရန် ခက်ခဲသည်။

ထပ်ခါထပ်ခါ စမ်းသပ်မှုများပြီးနောက်တွင် R&D ဌာန၌ အဖြေမရှိခဲ့ပေ။

ဤသည်ကိုကြည့်၍ သူတို့၏ ရည်မှန်းချက်မှာ လူ့ခန္ဓာကိုယ်၏ အကန့်အသတ်ကို စိန်ခေါ်ရုံသာမကတော့ဘဲ ဆေးဝါးကိုယ်တိုင်ကို မြှင့်တင်ရန် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနေပြီဖြစ်ကြောင်း ဖုန့်လင်း သိလာခဲ့သည်။

သူတို့မှာ ဆေးဝါး၏ အာနိသင်ကို မြှင့်တင်ရန်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် ကြိုးစားနေကြသည်။

ဤအချက်မှာ ဖုန့်လင်းကို အထူးတလည် စိတ်လှုပ်ရှားစေခဲ့သည်။ ပထမဆုံးအကြိမ် R&D ဌာနသို့ သူ ရောက်ရှိချိန်တွင် အဒရီနလင်ဆေးရည် ကို ပြုပြင်ရန် တာဝန်ပေးခံရခြင်းမှာရည်ရွယ်ချက်ပင်မဟုတ်ပါလား?

သို့သော် ဖုန့်လင်းမှာ ဤနည်းလမ်းနှင့်ပတ်သက်၍ မျှော်လင့်ချက်မထားခဲ့ပေ။

ဧရာမဆေးဝါးကုမ္ပဏီသည် ဝှက်ထားသော ပါရမီရှင်များ အများအပြားရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ R&D ဌာနအတွင်းတွင် ဗီဇဆေးဖော်စပ်သူများစွာရှိပြီး ဆေးဝါးဖော်မြူလာကို ပြုပြင်ခြင်းမှာ သူတို့အတွက် မခက်ခဲပေ။

ဤမျှကြာမြင့်စွာ တိုးတက်မှုမရှိသေးသည်ကို ကြည့်ခြင်းဖြင့် သူတို့၏စဉ်းစားပုံမှာ အလွန်ပင် ထိရောက်မှု မရှိကြောင်း သူ မြင်နိုင်ခဲ့သည်။

ဒါဆိုရင် ပြဿနာက ဘာလဲ?

ဖုန့်လင်းနှလုံးသားထဲတွင် ကြိုသိနေခဲ့သည်မှာ ထိုအရာသည် သူ့အား ဤတာဝန်ကို ဖြေရှင်းရန် ကူညီမည့် အဓိကအချက်ဖြစ်ပြီး ဗီဇဆေးဖော်စပ်သူများ၏နယ်ပယ်ထဲသို့ ကြီးမားစွာ ခြေချစေနိုင်ရန် အကူအညီပေးမည်ဖြစ်သည်။ သူ့အနာဂတ်မှာ အကန့်အသတ်မဲ့နေပေလိမ့်မည်။

ဖန်းလင်းမှာ သူ့ရှေ့ရှိ ပုံရိပ်ကို အဆက်မပြတ်ထိန်းချုပ်ရင်း မှတ်တမ်းဖိုင်ကို အလေးအနက်ထား လေ့လာခဲ့သည်။ ရုတ်တရက် သူ့ရှေ့တွင်ရှိသည့် မြင်ကွင်းတစ်ခုမှာ သူ့အာရုံကို ဆွဲဆောင်လိုက်သည်။

ဒီမှတ်တမ်းအပိုင်းက ဗီဒီယိုပေါ်ကသတင်းအချက်အလက်အရ လွန်ခဲ့တဲ့ သုံးနှစ်ကဖြစ်ခဲ့တာဖြစ်ပြီး R&D ဌာနအတွင်းမှာ မဟုတ်ဘဲ တစ်နေရာရာက သီးခြားပတ်ဝန်းကျင်တစ်ခုမှာ ဖြစ်ပျက်နေတဲ့ စမ်းသပ်မှုတစ်ခုပါ။

"မြန်မြန်တူးကြစမ်း! ဒီအပျက်အစီးတွေထဲမှာ ရှေးဟောင်းဒဏ္ဍာရီတွေရဲ့ လျှို့ဝှက်ချက်တွေ ပါနေနိုင်တယ်!"

"ဒီအနံ့က ဘာလဲ? ဆေးတစ်မျိုးနဲ့တူနေတယ်! ဒါ ရှေးဟောင်း နတ်ဆေးတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်!"

"ဒီဆေးက ဘာလို့ လိမ်းဆေးဖြစ်နေတာလဲ?"

...

ဗီဒီယိုထဲတွင် လူတစ်ယောက်မှ မတွေ့ရဘဲ မပီမသအသံများကိုသာ ကြားလိုက်ရသည်။

ရုတ်တရက် ရုပ်ပုံမှာ ပြောင်းသွားပြီး သုတေသနဌာနကိုပြနေခဲ့သည်။

ခရမ်းရောင်လိမ်းဆေးနှင့်တူသည့် အရာတစ်ခုကို အဖြူရောင်ဓာတ်ခွဲခန်းဝတ်စုံဝတ်ထားသည့် သုတေသီတစ်ဦးမှ စမ်းသပ်ခံ၏ပါးစပ်ထဲသို့ အတင်းထည့်သွင်းလိုက်သည်။

နောက်တစ်ခဏအတွင်း စမ်းသပ်ခံ၏ မျက်နှာတွင် နာကျင်မှုဝေဒနာများနှင့် ပြည့်နေပြီး သွေးပြန်ကြောများမှာ ပင့်ကူအိမ်ကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ငရဲကတက်လာတဲ့ မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်လိုပါပဲ။ သူ၏ကြောက်မက်ဖွယ်မျက်နှာနှင့် ပတ်ဝန်းကျင်မှလူများကို ကြည့်နေခဲ့​ပြီး သူတို့၏သွေးကိုသောက်ပြီး အသားကိုစားချင်နေသည့်ပုံစံဖြင့် အံကြိတ်နေခဲ့သည်။

သုတေသီတစ်စုမှာ ဖန်လုံခန်းဘေးတွင်ရပ်၍ စမ်းသပ်ခံ၏တုံ့ပြန်မှုကို အနီးကပ် ကြည့်နေခဲ့ကြသည်။ သူတို့အား ဦးဆောင်နေသည်မှာ R&D ဌာန၏ အကြီးအကဲ မန်နေဂျာဖရန့် ပင်။

ရုတ်တရက် စမ်းသပ်ခံမှာ သူ့လည်ပင်းကို သူ့လက်နဲ့ ပြန်ညှစ်ပြီး နှလုံးသားကို ​ကြေကွဲစေနိုင်သည့်အသံနှင့် အော်လိုက်သည်။ သူ့နောက်ကျောတွင် အဖုနှစ်ဖုထွက်လာပြီး အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့၏။

R&D ဌာနတစ်ခုလုံး ဆူညံသွားခဲ့လေသည်။

"ဒါက တကယ့်ရှေးဟောင်းနတ်ဆေးပဲ! သာမန်လူတွေကိုတောင် သက်ရောက်မှုရှိတယ်!"

"အာနိသင်က ဘယ်လိုဖြစ်လိမ့်မလဲ? ဗီဇကျင့်ကြံသူတွေဖြစ်လာနိုင်မလား?"

"မယုံနိုင်စရာပဲ!"

...

ဘွမ်း ဘွမ်း!

တစ်စုံတစ်ခု ခန္ဓာကိုယ်ထဲမှဖောက်ထွက်လာသည့်အသံများ မြည်လာခဲ့သည်!

နောက်ကျောရှိ အဖုများမှာ အက်ကွဲသွားပြီး ဘေးပတ်လည်သို့ သွေးများစင်သွားခဲ့သည်။

စမ်းသပ်ခံ၏ နောက်ကျောတွင် အတောင်ပံတစ်စုံ ခွဲထွက်လာခဲ့ပြီး တစ်ဖက်က ရွှေရောင်နှင့် တစ်ဖက်က ငွေရောင်ဖြစ်နေခဲ့သည်။ နူးညံ့သည့် အတောင်ပံအမွှေး​များမှနေ၍ သွေးများတစ်စက်ချင်း စီးကျနေခဲ့သည်။

ရုတ်တရက် အတောင်ပံများမှာ ပြင်းထန်စွာဖြင့် တဖျပ်ဖျပ်ခတ်လာခဲ့သည်။ ဆွစ်ရှ်~ လေနှင့်မိုးကြိုးသံများ တစ်ချိန်တည်းမြည်လာခဲ့ပြီး ကျယ်လောင်သည့် ဆူညံသံဖြင့် ပဲ့တင်ထပ်နေခဲ့သည်။

ဒါက...

လေနှင့်မိုးကြိုးအတောင်ပံတွေပဲ!

All Chapters