← Chapters

ကောင်းကင်နှင့်မြေကြီးကို မီးဖိုသဖွယ်

Vol. 7 Ch. 101

ကောင်းကင်နှင့်မြေကြီးကို မီးဖိုသဖွယ်

Vol. 7 Ch. 101

မီး... မီး... မီး...

ဤရှေးဟောင်းအသံသည် အဆုံးမရှိသော အချိန်မြစ်ကြီးမှ ဖြစ်ပေါ်လာသည်ဟုထင်ရပြီး နှစ်သန်းပေါင်းများစွာ ခရီးနှင်ကာ သူ၏နားထဲသို့ ပဲ့တင်ထပ်၍ ရောက်ရှိလာခဲ့သည်။

ဖုန့်လင်း မယုံနိုင်စရာကောင်းလောက်သည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကို မီးလျှံပင်လယ်ထဲသို့ ဆွဲခေါ်ခံရသကဲ့သို့ ခံစားနေရပြီး သူ့အနားတွင် မီးလျှံများ တောက်လောင်နေသည်။

သို့သော် သူ အပူကို မခံစားရပေ။ ဤသည်မှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း ထင်ရှားနေသည်။

ဖုန့်လင်း၏ အမြင်အာရုံသည်

မပြောင်းလဲနိုင်သော ပုံသေအနေအထားတစ်ခုတွင် ရှိနေသကဲ့သို့ ခံစားနေရသည်။ သို့သော် သူ့မျက်စိရှေ့ရှိ မြင်ကွင်းများသည် 3D ရုပ်ပုံကဲ့သို့ ဖြစ်နေပြီး သူ၏မြင်ကွင်းရွေ့လျားသည်နှင့်အမျှ ပုံရိပ်များမှာလည်း ပြောင်းလဲနေသည်။

သူ မီးလျှံများ၏အလယ်တွင် ရှိနေခဲ့ပြီး သံတံတိုင်းများဖြင့် ဝန်းရံထားသည်။ ဤနေရာလွတ်တစ်ခုလုံးသည် လုံးဝန်းသောပုံသဏ္ဍာန်ရှိနေသည်။

ဒါက...

မီးဖိုတစ်လုံးလား?!

ဖုန့်လင်း၏ နှလုံးသား လှုပ်ရှားလာခဲ့သည်။ ဒါက ပုံဆောင်ခဲတွေရဲ့ မှတ်ဉာဏ်တွေလား?

ထူးဆန်းစွာပင်၊ ဤမီးဖိုအတွင်းပိုင်းတွင် အဝိုင်းပုံအပေါက်ရှစ်ခုရှိပြီး ထန်းရွက် ယပ်တောင် များက ပြင်းထန်သောလေစီးကြောင်းများကို မီးဖိုထဲသို့ မှုတ်သွင်းနေသည်။ ထိုအရာသည် လေအားနှင့် မီးအားကို ပေါင်းစပ်စေပြီး မီးလျှံများကို ပိုမိုတောက်လောင်စေခဲ့သည်။

ဖုန့်လင်းမှာ သူ၏အမြင်အာရုံသည် မီးဖိုအတွင်း၌ လွင့်မျောနေသကဲ့သို့ ခံစားနေရသည်။ သို့သော် ဤသည်မှာ မှတ်ဉာဏ်များမှ ဖန်တီးထားသော

ပုံရိပ်ယောင်သာဖြစ်ပြီး အပူချိန်ကို

မခံစားရသောကြောင့် သက်တောင့်သက်သာမဖြစ်ခြင်း ရှိမနေပေ။

"ကောင်းကင်နှင့်မြေကြီးကို မီးဖိုသဖွယ်၊ သက်ရှိသတ္တဝါအားလုံးကို ပါဝင်ပစ္စည်းသဖွယ်!"

ပညာရှင်ဆန်ဆန် အသံတစ်ခု လေထဲတွင် ပျံ့နှံ့လာခဲ့သည်။

ဖုန့်လင်း မျက်လုံးများကို ဗလာနယ်ဘက်သို့ လှည့်လိုက်သည်။လေဝင်ပေါက်ရှစ်ခုမှတစ်ဆင့် ဖုန့်လင်းမှည အပြင်ဘက်ရှိ မြင်ကွင်းကို မြင်တွေ့နိုင်သည်။

ဖြူဆွတ်နေသော တိမ်တိုက်များက သူ၏မြင်ကွင်းကို ဖုံးလွှမ်းထားခဲ့ပြီး အင်မော်တယ်မြူခိုးများမှာ ဘေးပတ်လည်တွင် ရှိနေကြသည်။

ကျောက်စိမ်းဖြူစင်မြင့်ပေါ်တွင် ရှေးဟောင်းတရုတ်ရိုးရာဝတ်ရုံရှည်ဝတ်ဆင်ထားသည့် မုတ်ဆိတ်ဖြူများနှင့် အဖိုးအိုတစ်ဦးမှာ ခရမ်းရောင်ဝတ်ပြုဖျာပေါ်တွင် ထိုင်နေခဲ့သည်။ သူ့အနားတွင် မှိန်ဖျော့ဖျော့ ထာဝရရှင်သန်ခြင်းအငွေ့အသက်များ ပျံ့နှံ့နေခဲ့ပြီး အနီးတွင် ရှိသော်လည်း အမှန်တွင် အလွန်ဝေးနေသကဲ့သို့ ခံစားရသည်။ ဖုန့်လင်း၏အမြင်တွင် အရာရာရှင်းလင်းနေသော်လည်း တစ်စုံတစ်ရာမှ ကာဆီးထားသကဲ့သို့ဖြစ်နေခဲ့သည်။ ဤအဖိုးအိုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သူမရှိလောက်ဟုပင် ထင်နေရပြီး သူ့ကို ရှာဖွေရန် နည်းလမ်းရှိမည့်ပုံ

မပေါ်ပေ။

သူ၏အောက်တွင် ဝတ်ရုံရှည်များနှင့် ဆံထုံးများထုံးဖွဲ့ထားသော လူများစွာ ထိုင်နေကြပြီး ၎င်းတို့၏မျက်နှာအမူအရာများမှာ တည်ကြည်လေးနက်နေပြီး ကြည်ညိုလေးစားမှုဖြင့် သင်ခန်းစာပို့ချချက်ကိုနားထောင်နေကြသည်။

"သက်ရှိအရာအားလုံး ငါ့မီးဖိုထဲကို ဝင်လာတယ်။ ဆေးဝါးသန့်စင်တဲ့နည်းစနစ်ဆိုတာက ဒီကမ္ဘာမှာရှိတဲ့အရာအားလုံးကို ဆေးဖြစ်အောင် သန့်စင်တာပဲ။ ဒါပေမယ့် အဒါကို စစ်မှန်တဲ့ အဆင့်မြင့်အတတ်ပညာအဖြစ်

မသတ်မှတ်နိုင်ဘူး။ ဆေးဝါးသန့်စင်တဲ့နည်းစနစ်ထက် ပိုကောင်းတဲ့ နည်းစနစ်ရှိသေးတယ်။ အဒါကို ဆေးရောနှောပေါင်းစပ်ခြင်းနည်းစနစ် ဒါမှမဟုတ် အယ်လ်ခမီပညာလို့လည်း သိကြတယ်။ အယ်လ်ခမီပညာရှင်တွေက ဆေးရောနှောပေါင်းစပ်ခြင်းနည်းစနစ်တွေကိုသုံးပြီး ကမ္ဘာကြီးရဲ့ကံကြမ္မာကို ဖမ်းဆုပ်ကြတယ်။ ပျက်စီးပုပ်သိုးနေတဲ့အရာတွေကိုတောင် အံသြဖို့ကောင်းတဲ့အရာတွေ အဖြစ်ပြောင်းနိုင်တယ်..."

အင်မော်တယ်တစ်ယောက်ပုံစံနဲ့တူတဲ့ ဒီအဖိုးအိုရဲ့အသံက ကျယ်ပြီးရှင်းနေကာ ယဥ်ကျေးသိမ်မွေ့မှုနဲ့ ပြည့်နေခဲ့ပါတယ်။ တောင်တန်းတွေဆီကလာတဲ့ လေညှင်းလေးက လေထုထဲမှာရှိနေသလို သူ အံသြဖွယ်ကောင်းတဲ့ အထွတ်အထိပ်နည်းစနစ်ကိုပြောနေခဲ့ပါတယ်။ တာအိုသဘောတရားတွေပါဝင်တဲ့ နည်းစနစ်တစ်ခုပါ။

ဖုန့်လင်း၏အမူအရာမှာ တည်ကြည်လေးနက်လာပြီး အာရုံစိုက် နားထောင်လိုက်သည်။

"ဆေးဝါးသန့်စင်တဲ့နည်းစနစ်က အလွန်ဆုံးအနေနဲ့ သေမျိုးပညာရပ်ပဲဖြစ်ပြီး ဆေးရောနှောဖော်စပ်ခြင်းနည်းစနစ်ကသာ အမှန်တကယ် အံ့သြဖို့ကောင်းတဲ့ ကံကြမ္မာကို လှည့်စားနိုင်တဲ့ ပညာရပ်ပဲ။ ဆေးလုံးဆိုတာက ဘာလဲ? ဆေးဝါးဆိုတာက ဘာလဲ? ဆေးလုံးဆိုတာက အသက်ဓာတ်ရှိတဲ့ ဆေးဖြစ်ပြီး ဆေးဝါးဆိုတာက အသက်ဓာတ်မရှိတဲ့ ဆေးပဲ။ ရောနှောဖော်စပ်ထားတဲ့ ဆေးလုံးတိုင်းက ကိုယ်ပိုင် အသိဉာဏ်ရှိတဲ့ သက်ရှိအသစ်တစ်မျိုးဖြစ်ပြီး ဆေးလုံးရဲ့ပြင်းအားက ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းမရှိဘဲ သောက်လိုက်တဲ့လူရဲ့ ခန္ဓာကိုယ်နဲ့ ဆေးအာနိသင်တွေကို သဟဇာတဖြစ်အောင် လုပ်ပေးနိုင်ပြီး သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိတယ်။တစ်ချို့မှော်ဆေးလုံးတွေဆို သောက်လိုက်တဲ့လူကို ပြန်လည်ရှင်သန်စေနိုင်ပြီး အရင်ကထက်ကို ပိုသန်မာလာစေတယ် ..."

အဖိုးအိုမှာ ဖြည်းဖြည်းချင်း လေးလေးနက်နက်နဲ့ သင်ခန်းစာပို့ချနေပြီး လူအားလုံးမှာလည်း အာရုံစိုက်နားထောင်နေခဲ့ကြသည်။

ဖုန့်လင်း၏နှလုံးသားထဲတွင် စိတ်ခံစားချက် လှိုင်းလုံးကြီးများထန်နေခဲ့သည်။ အယ်လ်ခမီ!

သူက ၂၁ ရာစုကနေ ရောက်လာတဲ့သူဖြစ်ပြီး ဒဏ္ဍာရီတွေ ပျောက်ကွယ်မသွားသေးတဲ့ ခေတ်ကပါ။ သဘာဝအတိုင်းပင် သူ ဆေးလုံးရောနှောဖော်ပ်ခြင်းနဲ့အယ်လ်ခမီပညာ အကြောင်းကို ကြားဖူးခဲ့သည်။

မရေမတွက်နိုင်တဲ့ စာရေးဆရာများစွာက စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်တွေ ဖန်တီးခဲ့ကြပေမယ့် အယ်လ်ခမီပညာဆိုတာ ဒဏ္ဍာရီထဲမှာပဲရှိပြီး ကမ္ဘာပေါ်တွင် အမှန်တကယ်မရှိနိုင်ဟု လူတိုင်းသိထားကြသည်။

ဒါတွေအားလုံး အမှန်တကယ်ရှိတယ်ဆိုတဲ့အတွေး ဘယ်သူဆီမှာ ရှိလိမ့်မလဲ?

ပုံဆောင်ခဲသက်ရှိများ၏ မှတ်ဉာဏ်များမှတစ်ဆင့် အယ်လ်ခမီပညာ၏ လျှို့ဝှက်ချက်များကို သူ မြင်တွေ့ခဲ့ရသည်။

ဤအနှစ်ပုံစံဆေးသည် အခြေခံအားဖြင့် ရှေးဟောင်းနတ်ဆေးမဟုတ်ဘဲ မှော်ဆေးတစ်လုံးဖြစ်သည်။ အချိန်ကာလ၏ စမ်းသပ်မှုများကြောင့် ၎င်း၏မူလပုံစံပျောက်ကွယ်သွားကာ လက်ရှိပုံစံသို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

ဤဆေး၏ အားကောင်းသော ဆေးဖက်ဝင်အာနိသင်သည် တစ်ဝက်ထက်ပို၍ အားနည်းသွားပြီဖြစ်သော်လည်း လူသားတစ်ဦးအား ပြန်လည်မွေးဖွားစေရန်နှင့်၊ ကြယ်တာရာကျင့်ကြံသူအဖြစ်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိစေရန် လုံလောက်နေဆဲဖြစ်သည်။

ဖုန့်လင်း ဤအချက်နှင့်ပတ်သက်၍ သံသယမရှိချေ။

ရှေးဟောင်းတရုတ်ဒဏ္ဍာရီများတွင် မှော်ဆေးများကိုစားသုံးခြင်းဖြင့် ထာဝရအသက်ကိုရပြီး ကောင်းကင်သို့ပျံတက်သွားနိုင်သည့် ပုံပြင်ဇာတ်လမ်းများစွာရှိခဲ့သည်။

ဒဏ္ဍာရီထဲမှ ဤအယ်လ်ခမီပညာရပ်သာလျှင် လူသားတို့အား သေမျိုး

အဆင့်ကိုကျော်လွန်စေနိုင်ပြီး ပိုမိုအားကောင်းစွာ ပြန်လည်ရှင်သန်စေနိုင်သည်။

ဖုန့်လင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်သွားခဲ့သည်။ အကယ်၍ သူသာ ဤအဖိုးအိုထံမှ အယ်လ်ခမီပညာကို သင်ယူနိုင်ပြီး ဒဏ္ဍာရီလာအမွေအနှစ်ကို ရရှိခဲ့လျှင်၊ အယ်လ်ခမီပညာနှင့် ဗီဇဆေးရည်များအပေါ်မှ သူ၏အသိပညာများကို ပေါင်းစပ်ကာ ယခင်ကမရှိခဲ့ဖူးသော လမ်းကြောင်းသစ်ကို ဖောက်နိုင်မည်ဖြစ်ပြီး သူ၏အလားအလာမှာ အကန့်အသတ်မရှိဘဲ အနာဂတ်မှာ အတိုင်းမသိ တောက်ပနေမည်ဖြစ်သည်။

မှတ်ဉာဏ်များကို သူ ဆက်လေ့လာခဲ့သည်။

ဤအဖိုးအိုသူပြောသည့်အတိုင်း

အယ်လ်ခမီပညာသည် ကံကြမ္မာကို လှည့်စားနိုင်သည့် အံ့ဖွယ်နည်းစနစ်ဖြစ်ပြီး မှော်ဆေးတစ်လုံးစီသည် သေးငယ်သော သက်ရှိပုံစံတစ်ခုဖြစ်သည်။

ဤသက်ရှိလေးများ မွေးဖွားစဉ်က ပထမဆုံးမြင်တွေ့ခဲ့ရသည့်မြင်ကွင်းများသည် ၎င်းတို့၏မှတ်ဉာဏ်ထဲတွင် အကြီးမားဆုံးနေရာယူထားသည်။

မှော်ဆေးတစ်လုံး ပြီးမြောက်သည့်အချိန်တွင် ၎င်းသည် အသက်ဓာတ်၏ သွင်ပြင်လက္ခဏာများကိုရရှိပြီး မိမိရှေ့တွင်ဖြစ်ပျက်သမျှကို အမှတ်ဉာဏ်အဖြစ် မှတ်သားထားတတ်သည်။

ဤသို့ဖြင့် ဖုန့်လင်းမှာ ကံကောင်းစွာဖြင့် အယ်လ်ခမီပညာအကြောင်း အနည်းငယ်သိရှိလာခဲ့သည်။

ဖုန့်လင်းသည် ဤသင်ခန်းစာပို့ချချက်ကို အလွန်အမင်းစိတ်ဝင်စားစွာ နားထောင်နေခဲ့ပြီး ဤတပည့်များထက်ပင် ပိုမိုအာရုံစိုက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤရှေးခေတ်မှ လူများအနေဖြင့် မှော်ဆေးပညာကို အချိန်မရွေးသင်ယူနိုင်သော်လည်း အနာဂတ်မှလာသူ ဖုန့်လင်းအတွက်မူ တစ်ခုတည်းသော အခွင့်အရေးသာဖြစ်သည်။

စိတ်ဗီဇ သည် သူ၏မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးပြီး အံ့သြဖွယ်ကောင်းလောက်အောင် ကောင်းသော မှတ်ဉာဏ်ကို ပိုင်ဆိုင်စေခဲ့သည်။ သူ တစ်ကြိမ်သာ မြင်ဖူးသည့်အရာကိုပင် အလွယ်တကူမှတ်မိနိုင်သည်။

ဖုန့်လင်းမှာ အယ်လ်ခမီပညာ၏မူလအစကို တဖြည်းဖြည်းနှင့် ရှင်းလင်းစွာနားလည်လာခဲ့သည်။

ရှေးဟောင်းခေတ်က အယ်လ်ခမီပညာနှင့်ပတ်သက်၍ အမျိုးမျိုးသော အယူအဆရှိသည့် ကျောင်းတော်များရှိခဲ့သည်။ သူ့မျက်စိရှေ့ရှိ ဤလူစုသည် မီးပြင်းဖိုအင်မော်တယ်ဂိုဏ်း ဟုခေါ်သော ဂိုဏ်းတစ်ခုတည်းမှဖြစ်ပြီး ၎င်းတို့ကျင့်စဉ်၏ အဓိကလျှို့ဝှက်ချက်ကို စာကြောင်းလေးကြောင်းဖြင့် အတိုချုပ်နိုင်သည်။

ကောင်းကင်နှင့်မြေကြီးကို မီးပြင်းဖိုသဖွယ်၊ ကံတရားကို လုပ်သားသဖွယ်၊ ယင်နှင့်ယန်ကို မီးသွေးသဖွယ်၊ ဤလောကရှိ သက်ရှိအရာအားလုံးကို ပါဝင်ပစ္စည်းသဖွယ်!

ဤစာကြောင်းလေးကြောင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ ၎င်းတို့တွင် အဆုံးစွန် နက်နဲသောအမှန်တရားများ ပါဝင်နေပြီး လောကကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် သူရဲကောင်းစိတ်ဓာတ်များ ပါရှိသည်။

ဤစကားလုံးများမှပင် ဤဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော စိတ်ဓာတ်ကို သိမြင်နိုင်သည်။

ထိုခေတ်က မီးပြင်းဖိုအင်မော်တယ်ဂိုဏ်း သည် နာမည်ကျော် မှော်ဆေးဖော်စပ်သည့်အင်မော်တယ်ဂိုဏ်းတစ်ခုဖြစ်ပြီး ယင်ဟော်ဂြိုဟ် တွင် အခြေစိုက်ကာ နာမည်ကျော်ကြားခဲ့သည်။

ဖုန့်လင်း၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်လာခဲ့သည်။ ယင်ဟော်ဂြိုဟ် ဆိုတာက ရှေးဒဏ္ဍာရီတွေထဲမှာ မားစ်ဂြိုဟ်ကို ရည်ညွှန်းခေါ်တဲ့ နာမည်မဟုတ်လား?

ရှေးခေတ် ကြယ်တာရာများထဲတွင်

မားစ်ဂြိုဟ်သည် တောက်ပသော အနီရောင်ကြယ်တစ်လုံးဖြစ်ပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့သည်။ ၎င်း၏တည်နေရာ အဆက်မပြတ်ပြောင်းလဲမှုကြောင့် လူတို့ကို ရှုပ်ထွေးစေပြီး ယင်ဟော်ဂြိုဟ် (စိတ်ရှုပ်ထွေးခြင်း ဟု အမည်တွင်ခဲ့သည်။

ရှေးတရုတ်နက္ခတ်ဗေဒပညာအရ ညကောင်းကင်ယံတွင် ယင်ဟော်ဂြိုဟ် ထွက်ပေါ်လာပါက ကမ္ဘာကြီးတွင် ကြီးမားသည့် ဖရိုဖရဲကိစ္စများ ဖြစ်လာတော့မည် ယူဆကြပြီး နိမိတ်

မကောင်းသောကြယ်ဟုလည်း သိထားခဲ့သည်။

ရှေးခေတ်က မားစ်ဂြိုဟ်ပေါ်တွင် လူသားများ အခြေချနေထိုင်ခဲ့ကြောင်းကို ဖုန့်လင်း မျှော်လင့်မထားခဲ့ပေ။

ဆိုလိုတာက ရှေးခေတ်ကျင့်ကြံခြင်းကမ္ဘာမှာ လူသားတွေက ကမ္ဘာမြေကြီးရဲ့ကန့်သတ်ချက်တွေကို ကျော်လွှားပြီး အာကာသထဲကို လှည့်လည်သွားလာနိုင်ခဲ့တာပေါ့?

ဖုန့်လင်းမှာ ရှေးဟောင်းအမှန်တရားတစ်ခုကို မြင်နေရသည်ဟု ခံစားရသော်လည်း ဤအမှန်တရားမှာ မြူမှုန်များဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။ သူ ရှင်းလင်းစွာမြင်နိုင်ခြင်းမရှိသလို အချက်အလက်များကို ဆင်ခြင်နိုင်ခြင်းလည်း မရှိသေးပေ။

ရှေးဒဏ္ဍာရီများတွင် လူသားများသည် ရှေးဟောင်းခေတ်တွင် ကောင်းကင်သို့ပျံတက်ကာ အခြားကမ္ဘာများသို့ သွားရောက်နိုင်ခဲ့သည်ဟု ဆိုထားသည်။ အဒီပုံပြင်တွေ ပြောချင်တာက အဒီအချိန်ကတည်းက လူသားတွေအနေနဲ့ စကြဝဠာကို လှည့်လည်သွားလာနိုင်ခဲ့တယ်ဆိုတာပေါ့?

လူသားမျိုးနွယ်မှာ အရင်က မတူညီတဲ့ ယဉ်ကျေးမှုတစ်ခု ရှိခဲ့ဖူးသလား? အဒီယဉ်ကျေးမှုက အရမ်းတိုးတက်ခမ်းနားပြီး နေအဖွဲ့အစည်းအပြင်ကိုတောင် ထွက်ခွာနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့တာလား?

ဒါပေမယ် ဘာလို့ နောက်ဆုံးမှာ ကျဆင်းသွားရတာလဲ?

...

ဖုန့်လင်း၏စိတ်မှာ ရိုင်းစိုင်းစွာ လှုပ်ရှားသွားခဲ့သည်။ ဒဏ္ဍာရီခေတ်၏ အရာအားလုံးသည် ယခုခေတ်လူသားများ နားလည်နိုင်သည်ထက် ကျော်လွန်နေသည်ဟု သူထင်မြင်လာခဲ့ပြီး အရာရာသည် ဖြစ်နိုင်ခြေရှိသည်ဟု သူခံစားမိသည်။

သို့သော် ယခုအချိန်တွင် အလွန်အမင်းစဉ်းစားနေခြင်းသည် အကျိုးမရှိပေ။ ယခုအချိန်အတွက် သူ၏ပဟဠေိမြားကျု ခဏတာဖယ်ထားကာ သင်ခန်းစာပို့ချနေသည်ကို ဆက်လက်အာရုံစိုက်ခဲ့သည်။

အဖိုးအိုမှာ ဆက်လက်ရှင်းပြနေခဲ့သည်- "ငါတို့ မီးပြင်းဖိုအင်မော်တယ်ဂိုဏ်းမှာ မှော်ဆေးပြုလုပ်နည်း စုစုပေါင်း ၄၈၃ မျိုးရှိတယ်။ အဒီထဲက ၃၆၅ မျိုးက အဆင့်နိမ့်နည်းစနစ်တွေဖြစ်ပြီး တစ်နှစ်မှာ ၃၆၅ ရက်ရှိတာနဲ့ကိုက်ညီတယ်။ နောက် ၇၂ မျိုးက အလယ်အလတ်အဆင့်နည်းစနစ်တွေဖြစ်ပြီး မြေပြင်မှာရှိတဲ့ ၇၂ မျိုးသော ဘေးဒုက္ခတွေနဲ့ သက်ဆိုင်သည်။ တခြား ၃၆ မျိုးကတော့ အဆင့်မြင့်နည်းစနစ်တွေဖြစ်ပြီး ကောင်းကင်မှာရှိတဲ့ ဘေးဒုက္ခ ၃၆ မျိုးနဲ့ သက်ဆိုင်တယ်။ အဆင့်မြင့်နည်းစနစ်တွေရဲ့ အထက်မှာ သူတော်စင်အဆင့်နည်းစနစ်တွေ ရှိတယ်။ သူတော်စင်အဆင့်နည်းစနစ် ၉ မျိုးရှိပြီး နန်းတော်ကိုးခု သက်ဆိုင်တယ်။ သူတော်စင်အဆင့်မှော်ဆေးဖော်စပ်တဲ့နည်းစနစ်တွေရဲ့အထက်မှာ အင်မော်တယ်အဆင့်နည်းစနစ်တွေရှိတယ်။ ငါတို့ဂိုဏ်းမှာ အင်မော်တယ်အဆင့်မှော်ဆေးဖော်စပ်နည်းက တစ်မျိုးပဲရှိပြီး အဒါကို...ဆေးမီးဖို အင်မော်တယ်ပညာရပ်လို့ခေါ်တယ်။ ဒီနည်းစနစ်က ကောင်းကင်နဲ့မြေကြီးကို ဆေးမီးဖိုအဖြစ်အသုံးပြုပြီး ကမ္ဘာပေါ်မှာ ရှိတဲ့အရာအားလုံးရဲ့အနှစ်သာရကို ထုတ်ယူနိုင်တယ်။ ဒီနည်းစနစ်ကိုအပြီးတိုင် တတ်သွားတဲ့လူက အင်မော်တယ်ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ပြီး အဒီဆေးက စားတဲ့လူကို အင်မော်တယ်တစ်ပါးဖြစ်လာစေနိုင်ပြီး ကောင်းကင်တွေကိုဖြတ်သန်းနိုင်စွမ်းရှိလာလိမ့်မယ်!..."

အဖိုးအိုသည် ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း ၏မူလအစနှင့် အခြေခံမှော်ဆေးဖော်စပ်နည်းများ၏ သဘောတရားများကို အသေးစိတ်ရှင်းပြခဲ့သည်။ ဖုန့်လင်းမှာ လုံးဝအာရုံစိုက်နေခဲ့သည်။

သို့သော် အဖိုးအို၏အောက်တွင် ထိုင်နေသော တပည့်များ၏မျက်နှာတွင် ရှုပ်ထွေးနေသည့်အမူအရာများဖြစ်ပေါ်လာကာ တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေကြသည်။

"အထူးအဆန်းပါလား? ဘာလို့ ဆရာက ဒီနေ့မှ ဂိုဏ်းရဲ့အခြေခံအကြောင်းတွေကို ဒီလောက်အသေးစိတ်ရှင်းပြနေတာလဲ? ငါတို့အားလုံး ဂိုဏ်းထဲ မဝင်ရသေးခင်ကတည်းက သိပြီးသားပဲလေ။"

"ဟုတ်တယ်။ လေးစားရတဲ့ ဆရာရဲ့

ကျင့်ကြံမှုက ကံကြမ္မာကိုတောင် မြင်နိုင်တယ်လေ။ငါတို့အားလုံး အဒါကို သိပြီးသားဆိုတဲ့အကြောင်း သူ မေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး "

"ဆရာက ဒါတွေကို ထပ်ပြီးရှင်းပြနေစရာ မလိုတော့ပါဘူး။"

...

အဖိုးအို ဤကဲ့သို့ နေ့တစ်ဝက်လုံးနီးပါး ရှင်းပြနေသည်ကို တွေ့ရသောအခါ တပည့်တစ်ဦးမှာ သည်းမခံနိုင်ဖြစ်လာခဲ့သည်။

ချောမောခန့်ညားသော ကျောင်းသားတစ်ဦး ထလာခဲ့သည်။ သူ့မျက်နှာတွင် ရှုပ်ထွေးနေသောအမူအရာဖြင့် ရိုသေစွာမေးလိုက်သည်- "လေးစားရတဲ့ဆရာ ဆရာက ကျွန်တော်တို့ကို ကျွန်တော်တို့ဂိုဏ်းရဲ့မူလအစနဲ့ ဒီအခြေခံမှော်ဆေးဖော်စပ်ခြင်းနည်းစနစ်တွေကို ဟိုးကတည်းက ရှင်းပြပြီးသားပါ။ ဒီနေ့ ဘာကြောင့် ကျွန်တော်တို့ကို ထပ်ရှင်းပြနေတာလဲခင်ဗျာ။"

အဖိုးအိုမှာ နက်နဲသောအပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်- "ကနေ့က အရင်ကနဲ့ မတူဘူး။ ဒီနေ့ ဒီသင်ခန်းစာပို့ချချက်မှာ ပါဝင်နေတဲ့သူ စုစုပေါင်း ၈၁ ယောက်ရှိတယ်။ ကိုး-ကိုးကြိမ် မြှောက်ကိန်းပဲ။ မင်းတို့အားလုံး အရင်ကကြားဖူးပြီးပေမယ့် အဒီ 'တစ်ယောက်' က မသိသေးဘူး။ ဒါ့ကြောင့် ဒီနေ့ ငါ ထပ်ရှင်းပြရတာပဲ။"

သူ စကားပြောပြီးသည်နှင့် တပည့်အချို့မှာ တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးကာ ဘေးဘယ်ညာကို လှည့်ကြည့်နေကြသည်။

ထိုချောမောခန့်ညားသော ကျောင်းသား၏ မျက်နှာပေါ်မှ ရှုပ်ထွေးမှုသည် မပျောက်သွားဘဲ ပိုတိုးလာခဲ့သည်။ "လေးစားရတဲ့ ဆရာ ဒီနေရာမှာ လူ ၈၀ ပဲရှိပါတယ်။ အဒီ 'တစ်ယောက်' က ဘယ်နေရာက လာတာလဲခင်ဗျာ?"

သူ 'တစ်ယောက်' ဟူသော စကားလုံးကို ဖိပြောလိုက်သည်။

အင်မော်တယ်အငွေ့အသက်များရှိသော အဖိုးအိုမှာ အရာရာကို မြင်နိုင်သည့်ပုံစံဖြင့် ဂါထာမန္တန်ထုတ်ဖော်သည့် လက်ဟန်ပုံစံများပြုလုပ်ကာ ပြုံးရယ်လိုက်သည်။ "အဒီလူက မင်းတို့ထဲမှာ မပါဘူး။ သူက ဖော်ပြလို့မရနိုင်တဲ့ နေရာတစ်ခုမှာ ရှိနေတယ်။ ငါ သူ့ရဲ့မူလအစကို မသိသလို သူရဲ့အနာဂတ်လမ်းကြောင်းကို ဘယ်လိုဆက်လျှောက်လိမ့်မလဲဆိုတာကိုလည်း မသိဘူး။"

တပည့်များ၏ သံသယများမှာ ပိုမိုများပြားလာခဲ့သည်။ အဖိုးအို၏ ဤစကားမှာ အဘယ်ကိုဆိုလိုသည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။

ချောမောခန့်ညားသော ကျောင်းသား၏ မျက်နှာပေါ်မှ ရှုပ်ထွေးမှုသာ ပျောက်ကွယ်သွားပြီး သူများနှင့်မတူဘဲ တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ဖြစ်နေသည်။

ဖုန့်လင်း၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံများထွက်ပေါ်လာကာ သူ၏စိတ်သည် ဗလာဖြစ်သွားခဲ့သည်။

ထိုအဖိုးအိုမှာ ပြုံးလျက် ဘာမှ

မပြောတော့ပေ။ သူ၏မျက်လုံးများသည် အချိန်မြစ်ကြီးကို ဖြတ်ကျော်ကာ နှစ်သန်းပေါင်းများစွာ ခရီးနှင်ပြီး ဖုန့်လင်းကို ကြည့်ရှုနေသကဲ့သို့ပင်။

All Chapters