ဆေးမီးဖို အင်မော်တယ် ပညာရပ်
Vol. 7 Ch. 102
မှတ်ဉာဏ်များ မှေးမှိန်လာပြီး ပုံရိပ်ယောင်မြင်ကွင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဖုန့်လင်းမှာ မူလနေရာတွင် ရပ်နေရင်း အံ့အားသင့်သလို မိန်းမောနေခဲ့သည်။ သူ၏စိတ်ထဲတွင် ဆေးမီးဖိုအယ်လ်ခမီပညာရပ် ဆိုသည့် မှတ်ဉာဏ်သစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သို့သော် သူ ယခုအချိန်တွင် ဤအကြောင်းကို ဂရုမစိုက်ပေ။ ထိုအဖိုးအို၏ ဆန်းကြယ်သောအပြုံးနှင့် သူ၏စကားများက ဖုန့်လင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
ဒါက တိုက်ဆိုင်မှုတစ်ခုလား?
ဖုန့်လင်း ခေါင်းခါလိုက်သည်။
သူတို့၏မျက်လုံးချင်း တစ်စက္ကန့်မျှသာ ဆုံမိသော်ခဲ့လည်း သူ မှားယွင်းမြင်ခဲ့ခြင်း မဟုတ်သည်မှာ သေချာသည်။
အင်မော်တယ်တစ်ပါး၏အငွေ့အသက်များရှိသော ထိုအဖိုးအိုသည် တမင်တကာ သူ့တပည့်များ၏ ရှုပ်ထွေးမှုကို လျစ်လျူရှုကာ သူ့အား ဂိုဏ်း၏အခြေခံအကြောင်းများကို ရှင်းပြခဲ့ခြင်းဖြစ်သည်။
စကားပြောပြီးနောက် အဖိုးအိုသည် သူ၏ရည်ရွယ်ချက်ကို အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကာ အကြောင်းအရာကို ပြောင်းလဲကာ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ အကျော်ကြားဆုံးမှော်ဆေးဖော်စပ်နည်းဖြစ်သော ဆေးမီးဖိုအယ်လ်ခမီ အကြောင်းကို စတင်ပြောကြားခဲ့သည်။
ဤသည်မှာ ကောင်းကင်နှင့်မြေကြီး ၏စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ယင်နှင့်ယန်ကို မီးအဖြစ်အသုံးပြုကာ ကမ္ဘာပေါ်မှ အရာအားလုံးကို သန့်စင်နိုင်သော မှော်ဆေးဖော်စက်နည်းဖြစ်သည်။ ၎င်းသည် ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ အယ်လ်ခမီ(မှော်ဆေး)ပညာ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ဂိုဏ်း၏မည်သည့်မှော်ဆေးဖော်စပ်နည်းမဆို ၎င်း၏အဆင့်မည်မျှပင် မြင့်မားပါစေ ဤအခြေခံနည်းလမ်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ဤသည်မှာ များစွာသော တာအိုကျမ်းများသည် လောင်ဇီ၏ တာအိုတေချင်ကျမ်းမှ ပြောင်းလဲလာခြင်းကဲ့သို့ပင်။
ဖုန့်လင်း ဤနည်းလမ်းကို သူ့စိတ်ထဲတွင် မှတ်တမ်းတင်ပြီးနောက် အမှတ်တရများမှ ပုံရိပ်အားလုံး လုံးဝပျောက်ကွယ်သွားခဲ့သည်။
ထိုအဖိုးအို၏ ထူးဆန်းသောအပြုအမူများနှင့် အကြည့်ကို သူ ပြန်လည်သတိရမိပြီး ရှုပ်ထွေးသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
မှတ်ဉာဏ်ထဲတွင် ထိုအဖိုးအို၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်းသည် လူတစ်ဦးတည်းအတွက်သာ ဖြစ်ခဲ့သည်...
ထိုလူမှာ ဖုန့်လင်းမှတစ်ပါး အခြားမည်သူမျှ မဟုတ်ပေ။
ဤအတွေးမှာ အလွန်ရူးသွပ်စရာကောင်းပြီး ရဲရင့်လွန်းလှသည်။
ဖုန့်လင်းပင် ၎င်းသည်မှန်ကန်ကြောင်း သုံးသပ်ပြီးနောက်တွင် အလွန်တုန်လှုပ်သွားခဲ့သော်လည်း သူ၏သုံးသပ်ချက်ကို အပြည့်အဝယုံကြည်ခဲ့သည်။
အထူးသဖြင့် ပုံရိပ်ယောင်မြင်ကွင်းများ လုံးဝပျောက်ကွယ်မသွားမီ နောက်ဆုံးအခိုက်တွင် ထိုအဖိုးအိုသည် သူ၏စိတ်ထဲသို့ တီးတိုးပြောလိုက်သည်မှာ- "အနာဂတ်ကလာတဲ့လူ၊ ဥပဒေသတွေ ပျက်သုဥ်းခြင်းရဲ့ ကပ်ဘေးကြီးက
မကြာခင် ဒီကမ္ဘာကို ဆင်းသက်လာတော့မယ်။ ငါ့ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်းရဲ့အမွေအနှစ်ကို မင်းဆီ လက်လွှဲလိုက်ပြီ အခုအချိန်ကစပြီး မင်းက အဒါကို ပြန့်ပွားစေဖို့ တာဝန်ရှိသူတဲ့သူပဲ။"
ရှေးဟောင်းတရုတ်ဒဏ္ဍာရီများတွင် ထိုကဲ့သို့သော အားကောင်းသည့်နတ်ဘုရားများ၊နတ်ဆိုးနှင့် တန်းတူဖြစ်လာသည်အထိ ကျင့်ကြံနိုင်ခဲ့သည့် အားကောင်းသော ကျင့်ကြံသူများသည် အချိန်ကိုဖြတ်ကျော်ပြီး အနာဂတ်မှ အရိပ်အမြွက်အချို့ကိုဖမ်းဆုပ်နိုင်ကာ ကောင်းကင်ကံကြမ္မာကို ဖြတ်သန်း၍ မြင်နိုင်စွမ်းရှိသည်ဟု ဆိုထားသည်။ ဒီအဖိုးအိုက အဒီလို ဖြစ်တည်မှု တစ်ခုလား?
သို့သော် နှစ်သန်းပေါင်းများစွာအကြာမှဖြစ်လာမည့် ဘေးဒုက္ခကို ကြိုတင်ခန့်မှန်းနိုင်သည်ဆိုသည်မှာ အလွန်အမင်းချဲ့ကားလွန်းခြင်းမဟုတ်လား? အကယ်၍ ထိုအရာသာမှန်ပါက ထိုအဖိုးအို၏စွမ်းအားသည် နတ်ဘုရားနှင့်နတ်ဆိုးများကြားတွင်ပင် အားနည်းသည်ဟု မဆိုနိုင်တော့ပေ!
ဒါပေမယ့် 'ဥပဒေသတွေ ပျက်သုဥ်းခြင်းရဲ့ ကပ်ဘေးဒုက္ခကြီး ' ဆိုတဲ့အဓိပ်ပါယျက ဘာကိုဆိုလိုတာလဲ?
...
ဖုန့်လင်း၏ နှလုံးသားထဲတွင် မခံမရပ်နိုင်အောင် ယားယံလာသည်ဟု ခံစားခဲ့ရသည်။ ရှေးဟောင်းဒဏ္ဍာရီများ၏ အမှန်တရားကို သူ မသိလိုက်ဘဲနှင့် ထိတွေ့မိလိုက်သကဲ့သို့ ခံစားရသည်။ သို့သော် အရာများစွာမှာ မရှင်းလင်းသေးသလို မည်သည့်အရာကိုမျှ သေချာစွာ မပြောနိုင်သေးပေ။
သူ၏စိတ်ထဲတွင် များပြားလှသော အတွေးများ ပေါ်ပေါက်လာသော်လည်း မည်သည့်အရာကိုမျှ အတိအကျ အဖြေထုတ်၍မရပေ။
ရုတ်တရက် သူ တစ်စုံတစ်ရာကို သတိထားမိသကဲ့သို့ ဖြစ်လာခဲ့သည်။ သူ၏မျက်နှာတွင် တင်းမာမှုများဖြစ်ပေါ်လာပြီး သူ၏စိတ်စွမ်းအင်အားလုံးကို အပ်ချောင်းများအဖြစ် ပြောင်းလဲကာ ပုံဆောင်ခဲသက်ရှိများထဲသို့ ပစ်ခတ်လိုက်သည်။
ထိုပုံဆောင်ခဲသက်ရှိများသည် မျှော်လင့်ချက်ကင်းမဲ့သော အသံများဖြင့် အော်ဟစ်ခဲ့သော်လည်း မကြာမီပင် ၎င်းတို့၏အသက်ရှိနေသည့်အော်ရာများ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဖုန့်လင်း၏နဖူးမှ ချွေးစေးများ ကျဆင်းလာခဲ့သည်။ သူ၏စိတ်စွမ်းအင်ကို အတင်းအသုံးပြုကာ ဤပုံဆောင်ခဲသက်ရှိများ၏ အသိစိတ်ကို သူ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။
အစောပိုင်းက သတိမမူမိသောကြောင့် ဖုန့်လင်းမှာ အံ့အားသင့်မှုကို အလွန်အမင်းပြသမိခဲ့သည်။
စိတ်ဗီဇ ကို အဆင့်တစ်ခုအထိ အားဖြည့်ထားသူများသည် ဤရှေးဟောင်းနတ်ဆေး၏ လျှို့ဝှက်ချက်ကို စူးစမ်းရန် ၎င်းတို့၏စိတ်အာရုံကို အသုံးပြုနိုင်သည်။ ဤအရာကို သူ
မဖုံးကွယ်နိုင်သော်လည်း ဖရန့် နှင့် အိုက် တို့ကဲ့သို့သော လူဖြူမျိုးနွယ်များအား ဤအမွေအနှစ်ကို ရရှိခွင့်ပြုမည် မဟုတ်ပေ။
မိမိ၏မျိုးနွယ်မှ မဟုတ်သူများဖြစ်သောကြောင့် ၎င်းတို့၏ရည်ရွယ်ချက်လည်း မတူညီမည်မှာ အသေအချာပင်။
ထိုရှေးဘိုးဘေးမှ ချန်ရစ်ခဲ့သော အမွေအနှစ်အတွက် ဂျူနီယာတစ်ဦးအနေဖြင့် ကောင်းစွာကာကွယ်ရမည်ဖြစ်ပြီး မကောင်းသောစိတ်ဓာတ်ရှိသူများ ရရှိခွင့်မပြုနိုင်ပေ။
နောက်ပိုင်းတွင် မည်သို့ရှင်းပြရမည်ဆိုသည်မှာ ဖုန့်လင်းတွင် နည်းဗျူဟာတစ်ခု ရှိပြီးဖြစ်သည်။
ဆေးမီးဖိုအယ်လ်ခမီပညာရပ် အမွေအနှစ်ကို ရရှိပြီးနောက် ဖုန့်လင်းသည် အလျင်အမြန်မထွက်သွားဘဲ ချက်ချင်းပင် သုတေသနကို စတင်ခဲ့သည်။
သူ့ စိတ်ကိုတည်ငြိမ်စေပြီး ယခင်ကကဲ့သို့ပင် အချက်အလက်များကို မှတ်တမ်းတင်နေဟန်ဆောင်ကာ ဤကံကောင်းသောအခွင့်အရေးမှ ရရှိခဲ့သည်များကို စိတ်ထဲတွင် တိတ်တဆိတ်သုံးသပ်နေခဲ့သည်။
ဤအနှစ်ကဲ့သို့ဆေးသည် ရှေးဟောင်းနတ်ဆေးမဟုတ်ဘဲ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ ထူးခြားသောမှော်ဆေးတစ်မျိုးဖြစ်သည့် မဟာမြူမှုန် ကံကြမ္မာဆေးလုံး ဖြစ်ကြောင်း သိရှိခဲ့သည်။
ဆေးမီးဖိုအင်မောတယ်ဂိုဏ်း၏ ကျင့်ကြံခြင်းအယူအဆအရ လူ့ခန္ဓာကိုယ်သည် ကြီးမားသော မဟာမြူမှုန် ပိုးမွှား ၆၀ ထရီလီယံဖြင့် ဖွဲ့စည်းထားသည်။
ဤ မဟာမြူမှုန် ကံကြမ္မာဆေးလုံး သည် ဆေးအာနိသင်ကို မဟာမြူမှုန် ပိုးမွှားတစ်ခုစီထဲသို့ စိမ့်ဝင်စေကာ လူသားများအား အသစ်တစ်ဖန် ပြောင်းလဲစေပြီး သူတို့ကိုယ်တိုင်ထက် သာလွန်သွားစေသည်။ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသောအလားအလာများကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့၏ အသက်စွမ်းအင်ညွှန်းကိန်းများကို ချက်ချင်းပင် ယခင်ကထက် ပိုမိုမြင့်မားလာစေနိုင်သည်။
မဟာမြူမှုန် ပိုးမွှား ၆၀ ထရီလီယံလား?
အဒါက လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အရေအတွက်နဲ့ တူမနေဘူးလား?
ဖြစ်နိုင်တာက မဟာမြူမှုန်ပိုးမွှားဆိုတာ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ရည်ညွှန်းတာလား?
...
ဖုန့်လင်း တိတ်တဆိတ် စဉ်းစားလိုက်္ပြီး ဤဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်ဟု ခံစားရသည်။
ဒဏ္ဍာရီယဉ်ကျေးမှုသည် သိပ္ပံယဉ်ကျေးမှုနှင့် စနစ်မတူပေ။ ၎င်းတို့၏ လူ့ခန္ဓာကိုယ်ဆိုင်ရာ သုတေသနသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့သော်လည်း တူညီသောအရာကို တူညီသောအခေါ်အဝေါ်ဖြင့် မခေါ်ဆိုနိုင်ပေ။ ဥပမာအားဖြင့် ဆဲလ်များကို ဒဏ္ဍာရီယဉ်ကျေးမှုတွင် 'မဟာမြူမှုန် ပိုးမွှားများ' ဟု ခေါ်ဆိုခဲ့သည်။ ထို့အပြင် ယခင်က မှတ်ဉာဏ်ထဲရှိ အဖိုးအိုသည် 'ဇီဝသံလိုက်စက်ကွင်း' ကို 'ကံကြမ္မာ' ဟု ရည်ညွှန်းခဲ့သည်...
ဖုန့်လင်း ဤအရာများနှင့်ပတ်သက်၍ အလွန်အမင်းစိတ်မပူဘဲ အသေးစိတ်အချက်များကို ဂရုမစိုက်ခဲ့ပေ။ သူ၏မျက်နှာတွင် ပျော်ရွင်မှုသက်သက်သာ ပေါ်လွင်နေခဲ့သည်။ မှော်ဆေးဖော်စပ်နည်းမှ သူတွေ့ရှိခဲ့သည်မှာ မှော်ဆေးများတွင် ဆေးအာနိသင်ပမာဏ အလွန်အမင်းများပြားနိုင်သော်လည်း သာမန်လူသားများ စားသုံးနိုင်ရန် နည်းလမ်းရှိသည်ဟူသော အချက်ဖြစ်သည်။
အကြောင်းရင်းနှစ်ချက်ရှိသည်။
ပထမအချက်မှာ ဆေးတစ်လုံး၏ပုံသဏ္ဍာန်သည် ပြည့်စုံသော စက်လုံးပုံစံဖြစ်ခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ယုတ္တိရှိသော တည်ဆောက်ပုံတစ်ခုဖြစ်သည်။ ၎င်းသည် ဆေးအာနိသင်အားလုံးကို အတွင်းတွင် ခိုင်မြဲစွာချုပ်နှောင်ထားနိုင်ပြီး ဆေးလုံးသည် အစာအိမ်အတွင်းသို့ ရောက်ရှိသောအခါတွင် ဆေးအာနိသင်အားလုံး တစ်ပြိုင်နက်ထွက်လာမည် မဟုတ်ပေ။ ဆေးလုံးသည် ဆေးအာနိသင်ကို ဖြည်းဖြည်းချင်းထုတ်လွှတ်ကာ တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ စိမ့်ဝင်စေမည်ဖြစ်သည်။ ထိုအခါ လူ့ခန္ဓာကိုယ်သည် အလွန်အမင်းဝန်ပိမည် မဟုတ်တော့ပေ။
ဒုတိယအချက်မှာ အယ်လ်ခမီပညာရပ်ကို ကံကြမ္မာကို လှည့်စားသည့်နည်းစနစ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ဖော်စပ်ပြီးသော မှော်ဆေးတစ်လုံးစီသည် အသက်ဓာတ်ရှိသော သက်ရှိအသေးစားတစ်ခုဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ ဇီဝသံလိုက်စက်ကွင်းများကို ထုတ်လွှတ်နိုင်ကာ လူ့ခန္ဓာကိုယ်အမျိုးမျိုးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နိုင်သည်။ ဤသည်မှာ စိတ်ညှို့ခြင်းနှင့် အတန်ငယ်ဆင်တူသည်။
ဤတွေ့ရှိချက်များမှတစ်ဆင့် ဖန်လင်းသည် ဧရာမဆေးဝါးကုမ္ပဏီ၏ လမ်းကြောင်းမှာ လုံးဝမှားယွင်းနေကြောင်း နားလည်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိခေတ်၏ ဗီဇဆေးပညာသီအိုရီသည် မှော်ဆေးပညာသီအိုရီနှင့် လုံးဝကွဲပြားသော စနစ်တစ်ခုဖြစ်ပြီး တူညီသောအချက်များ အလွန်နည်းပါးလွန်းသောကြောင့်ဖြစ်သည်။
ဗီဇဆေးပညာသီအိုရီ၏ မူလအစမှာ ရှေးဟောင်းကမ္ဘာခေတ်၏ အနောက်တိုင်းဒဏ္ဍာရီများမှ ဆင်းသက်လာပြီး အာကာသသိပ္ပံနှင့်နည်းပညာ၏ တိုးတက်မှုများမှ
တစ်ဆင့် ဖွံ့ဖြိုးလာကာဆေးဝါး၏အာနိသင်ကို ဆန်းစစ်ခြင်းနှင့် အဆင့်ဆင့်ပြုပြင်မွမ်းမံခြင်းတို့အပေါ် အလေးထားသည်။
အယ်လ်ခမီရပ်ပညာ (ဆေးလုံးဖော်စပ်ခြင်း) ၏ အခြေခံသဘောတရားမှာမူ အသက်ဖန်တီးခြင်းဖြစ်သည်။ ၎င်းကို စကြဝဠာဖန်တီးခြင်း၏ ပုံစံတူအဖြစ် မှတ်ယူထားပြီး အသေးစား သက်ရှိများကို ဖန်တီးနိုင်ကာ သဘာဝတရား၏ အစိတ်အပိုင်းတစ်ခုဖြစ်လာစေနိုင်သည်။
မှော်ဆေးပညာနှင့် ဗီဇဆေးပညာသည် လုံးဝကွဲပြားသော အယူအဆနှင့်စနစ်နှစ်ခုဖြစ်သည်။ ရှေးဟောင်းနတ်ဆေး၏ အာနိသင်ကိုသာ တုပပါက မှော်ဆေးပညာ၏ အမှန်တကယ်လျှို့ဝှက်ဆန်းကြယ်မှုကို ရရှိမည်မဟုတ်ပေ။
ဧရာမဆေးဝါးကုမ္ပဏီ၏ သုတေသနမှတ်တမ်းများကို ကြည့်ရှုပြီးနောက်
ဖုန့်လင်း စိတ်သက်သာရာရသွားခဲ့သည်။
သူ၏နောက်လုပ်ဆောင်မည့် အဆင့်အတွက် သူ ဘာလုပ်ရမည်ကို သိရှိပြီး ဤရှေးဟောင်းနတ်ဆေး၏ လျှို့ဝှက်ချက်များကို အပြည့်အဝမဖော်ပြဘဲ သူ၏တွေ့ရှိချက်များကို မည်သို့ပြသရမည်ကို နားလည်ခဲ့သည်။
အစကတည်းက ဧရာမဆေးဝါးကုမ္ပဏီနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အချက်များမှာ အလွန်များပြားနေပြီး
ဖုန့်လင်းအနေနှင့် ၎င်းတို့အား စိတ်ထဲတွင် အလွန်သတိထားကာ ကာကွယ်ရမည်ဖြစ်သည်။
ထို့နောက် သူ ဆေးရည်များပြင်ဆင်သည့်ဟန်ဆောင်ကာ မှော်ဆေးဖော်စပ်သည့် နည်းစနစ်၏လုပ်ငန်းစဉ်ကို နားလည်ရန် စမ်းသပ်မှုများ ပြန်လည်စတင်ခဲ့သည်။
"မြန်မြန် ကြည့်လိုက်! သူ ဆေးရည်ပြင်ဆင်နေပြီ။ သူ တကယ်ပဲ တစ်ခုခုရှာတွေ့သွားတာလား?"
"ကျွန်တော် မသေချာဘူး ဒါပေမယ့် ဆက်ကြည့်နေရင် သိရလိမ့်မယ်"
...
ဖရန့် နှင့် အိုက် တို့ တစ်ဦးနှင့်တစ်ဦး
အကြည့်ချင်းဆုံကာ ဖုန့်လင်း၏ လှုပ်ရှားမှုတစ်ခုချင်းစီကို ပိုမိုအာရုံစိုက်၍ စောင့်ကြည့်ခဲ့ကြသည်။
ဖုန့်လင်းမှာ ဆေးရည်များ ပြင်ဆင်ရန် စတင်ခဲ့သော်လည်း သူ၏လုပ်ဆောင်ပုံမှာ ယခင်နှင့်မတူဘဲ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ရမ်းသန်းပြီး
မပြောင်းလဲတော့ဘဲ မီးဖြင့် တိုက်ရိုက်သန့်စင်ခဲ့သည်။
ဗီဇဆေးပညာသီအိုရီနှင့် သိပ္ပံပညာကို အခြေခံကာ ဖုန့်လင်းအနေနှင့် ပေါင်းစပ်မှုကို တိကျစွာထိန်းချုပ်နိုင်ပြီး ဆေးအာနိသင်များ၏ အကျိုးသက်ရောက်မှုများကို ပြုပြင်နိုင်ခဲ့သည်။ အယ်လ်ခမီရပ်ပညာကို ကျင့်ကြံရန် သူ့အနေဖြင့် ပထမဦးစွာ သူ၏စိတ်အာရုံကို လေ့ကျင့်ရမည်ဖြစ်သည်။ ရှေးခေတ်ကာလတွင် စိတ်အာရုံကို 'နတ်ဘုရားအသိ' ဟု ခေါ်ဆိုခဲ့သည်။
ပုံသဏ္ဍာန်မရှိသော 'နတ်ဘုရားအသိ' သာလျှင် မှော်ဆေးဖော်စပ်နေစဉ် ဖြစ်ပေါ်နေသော အံ့ဖွယ်အပြောင်းအလဲများကို အမှန်တကယ်အာရုံခံနိုင်ပြီး အသေးစိတ်ထိန်းချုပ်မှုများပြုလုပ်ကာ အရာရာကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်၍ ပုပ်သိုးပျက်စီးနေသောအရာကို အံ့ဖွယ်တစ်စုံတစ်ခုအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
ဖုန့်လင်းတွင် ဆေးမီးဖိုမရှိသလို သူ၏လက်ရှိအင်အားသည်လည်း အလွန်နိမ့်ကျနေသေးသောကြောင့် အသက်ဓာတ်ရှိသော မှော်ဆေးလုံးများကို ဖန်တီးနိုင်မည် မဟုတ်ပေ။
သို့သော် ဤသည်မှာ သူအနေဖြင့် ဗီဇဆေးရည်များဖန်တီးရာတွင် သူ သင်ယူထားသော အယ်လ်ခမီနည်းစနစ် အနည်းငယ်ကို အသုံးမပြုနိုင်ဟု
မဆိုလိုပေ။
မှော်ဆေးလုံးများတွင် ဆေးအာနိသင်ကို ပိတ်ထားနိုင်သည့် ထူးခြားသော အတွင်းပိုင်းဖွဲ့စည်းပုံရှိသည်။ ဤသည်မှာ မှော်ဆေးလုံးများကို သာမန်လူသားများ စားသုံးနိုင်ရခြင်း၏ အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍ ဒီအသိပညာကို ဗီဇဆေးတွေမှာ အသုံးပြုရင် အလားတူရလဒ်တွေ ရနိုင်လိမ့်မလား?
ဖုန့်လင်း တိတ်တဆိတ် စဉ်းစားသော်လည်း ယင်းနှင့်ပတ်သက်၍ ယုံကြည်မှုမရှိခဲ့ပေ။ သို့သော် စမ်းသပ်ကြည့်ရန် ထိုက်တန်သည်ဟု ယူဆခဲ့သည်။
ဖုန့်လင်းမှာ သူ၏စိတ်စွမ်းအင်ကို တိုးချဲ့ကာ ဆေးအာနိသင်များ၏ တုံ့ပြန်မှုကို အနီးကပ် စောင့်ကြည့်ခဲ့သည်။ ထို့နောက် သူ၏စိတ်စွမ်းအင်ကို ဖိအားပေးကာ ၎င်းတို့အား မှော်ဆေးလုံးများ၏ ပုံဆောင်ခဲအတွင်းပိုင်းဖွဲ့စည်းပုံအဖြစ် ပြောင်းလဲစေခဲ့ပြီး ဤဆေးဝါးအများစုကို ချိတ်ဆက်စေကာ ဆေးအာနိသင်ကို လုံခြုံစွာပိတ်ထားနိုင်သော စက်လုံးပုံသဏ္ဍာန်ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် သူ အယ်လ်ခမီပညာ၏ နည်းစနစ်အချို့ကို အသုံးပြုခဲ့သည်။ သို့သော် သူအသုံးပြုခဲ့သည်မှာ သူ့အသိပညာ၏ ရေခဲတောင်ထိပ်ဖျား သေးသေးလောက်သာ ဖြစ်သည်။ သို့သော် ဤမျှနှင့်ပင် လုံလောက်ပြီဖြစ်ကာ ဖုန့်လင်းအနေနှင့် ဤဗီဇဆေးရည်သည် သူ၏စိတ်ထိန်းချုပ်မှုကြောင့် ပုံဆောင်ခဲဖြစ်လာပြီး ၎င်း၏အတွင်းပိုင်းဖွဲ့စည်းပုံမှာ အံ့ဖွယ်ကောင်းလောက်အောင် လှပသော ဂျီဩမေတြီပုံစံဖြစ်ပေါ်လာသည်ကို တွေ့ရှိခဲ့သည်။
ဤနည်းဖြင့် သူ၏တွေ့ရှိချက်အသစ်ကို သူ ပြနိုင်ပြီး ဧရာမဆေးဝါးကုမ္ပဏီအုပ်စုထံမှ အသိအမှတ်ပြုမှုရရှိကာ ပိုမိုနက်ရှိုင်းသော လျှို့ဝှက်ချက်များကို ရရှိနိုင်မည်ဖြစ်သည်။ သူ၏လျှို့ဝှက်ချက်များကိုလည်း အလွန်အကျွံမဖော်ပြဘဲ နေနိုင်မည်ဖြစ်သည်။
ဖုန့်လင်းမှာ လုံးဝအသစ်ဖြစ်သော နည်းစနစ်တစ်ခုကို အသုံးပြုနေပြီး ဤပုံမှန်မဟုတ်သော မြင်ကွင်းသည် ဖရန့် နှင့် အိုက် တို့၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။
"ထူးဆန်းတယ်၊ မင်းမြင်လား? ဖုန့်လင်းက ဆေးရည်ကို မီးနဲ့ဆက်တိုက်ကျိုနေတယ်၊ သူဘာလုပ်နေတာလဲ?" ဖရန့်က တိုးတိုးလေးမေးလိုက်သည်။
"ကျွန်တော်လည်းမသိဘူး။ ပုံမှန်အားဖြင့် ဆေးအာနိသင်ကို မြှင့်တင်ဖို့ အပူချိန်တိုးအောင် မီးကိုသုံးတယ်။ ဒီလိုဆက်ကျိုနေရင် ဆေးရည်အားလုံး အငွေ့ပျံသွားမှာလား?" အိုက် ရှုပ်ထွေးနေသလို ပြောလိုက်သည်။
"အငွေ့ပျံတာ?" ဖရန့် အံ့အားသင့်သွားပြီး နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်၊ "ရှေးဟောင်းနတ်ဆေးရဲ့ အနှစ်ပုံစံက ဒီလိုနည်းနဲ့ ဖြစ်လာတာလို့ မင်းထင်လား?"
"မဖြစ်နိုင်ဘူး!" အိုက် ခေါင်းခါရင်း သေချာစွာပြောလိုက်သည်။ ဒါပေမယ့် ခဏစဉ်းစားပြီးတဲ့နောက်မှာတော့ သူပြောခဲ့သည့်စကားကို မသေချာတော့ဘဲ "ဆက်စပ်မှုရှိနိုင်ပေမယ့် ဒီလောက်မရိုးရှင်းနိုင်ဘူး။ ဗီဇဆေးရည်တွေရဲ့ အာနိသင်က အရမ်းပြင်းထန်တယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်က ခံနိုင်ဖို့ အရည်ပုံစံနဲ့ ဖျော်စပ်ကြတာ။ ဒီလိုမဟုတ်ရင် ကြယ်တာရာကျင့်ကြံသူတွေတောင် မခံနိုင်ဘူး။ အကယ်၍ ဗီဇဆေးတွေသာ အစိုင်အခဲပုံစံဖြစ်နေရင် အာနိသင်က အရမ်း ပြင်းထန်မှာမို့လို့ လူ့ခန္ဓာကိုယ်ထဲရောက်တာနဲ့ ပေါက်ကွဲသွားလိမ့်မယ်"
ဒါပေမယ့် ဖရန့်က အိုက် ရဲ့ ယူဆချက်ကို လုံးဝ သဘောမတူခဲ့ပါဘူး။ "ဒါဆိုရင် ဒီရှေးဟောင်းနတ်ဆေးက အစိုင်အခဲပုံစံဖြစ်နေတာ ဘာကြောင့်လဲ?"
အိုက်မှာ ပြန်ဖြေစရာမရှိပေမယ့် သူ့အမြင်ကို ဆုပ်ကိုင်ထားသည်။ "ရှေးဟောင်းနတ်ဆေးက အစိုင်အခဲပုံစံဖြစ်နေပေမယ့် ဒီထဲမှာ လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိနေမှာပဲ။ မီးနဲ့ဆေးရည်တွေကို အငွေ့ပျံအောင်လုပ်ရုံလောက် ရိုးရှင်းမှာ မဟုတ်ဘူး!"
ဖရန့် ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်
မငြင်းတော့ပါဘူး။ သူ အေးအေးဆေးဆေး ဆက်ပြောလိုက်သည်၊ "ဒီအကြောင်း အများကြီးဆွေးနွေးနေတာ အကျိုးမရှိဘူး။ ဓာတ်ခွဲခန်းထဲဝင်ပြီး ကိုယ်တိုင် သွားကြည့်ရအောင်"
ပြောပြီးတာနဲ့ သူ ဦးဆောင်ပြီး ပိတ်ထားသည့်ဓာတ်ခွဲခန်းထဲသို့ ဝင်သွားသည်။
အိုက် အံကြိတ်လိုက်ပြီး နောက်ကနေ ချက်ချင်းလိုက်သွားသည်။
ဓာတ်ခွဲခန်းထဲဝင်တာနဲ့ ဖုန့်လင်းက ချက်ချင်းသတိထားမိပေမယ့် မသိသလိုဟန်ဆောင်ပြီး ဆေးရည်ကို ဆက်သန့်စင်နေခဲ့သည်။
နောက်ဆုံးမှာတော့ ပုံဆောင်ခဲအမှုန့်များ သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ ဖန်လိုကြည်ပြီး တောက်ပနေသည့် ထိုအမှုန့်များမှာ အလွန်လှပသည့် အလင်းတန်းများ ဖြာထွက်နေခဲ့သည်။
"ဖုန့်လင်း၊ ဒါတွေက ဘာတွေလဲ?" ဖရန့် မေးလိုက်သည်။
ဖုန့်လင်း အမှန်တကယ် အံ့အားသင့်တဲ့အမူအရာလေးနဲ့ သူတို့ရောက်လာမှန်း အခုမှသိသလို ဟန်ဆောင်ပြီး ပြုံးလိုက်သည်။ "ဒါက ရှေးဟောင်းနတ်ဆေးကို အတုယူပြီး ကျွန်တော် ဖန်တီးထားတဲ့ ဗီဇဆေးပါ"
"ဟုတ်လား?" ဖရန့်၏ မျက်နှာအမူအရာပြောင်းသွားသည်။ "မင်း တစ်ခုခုတွေ့သွားပြီလား?"
သူ့ရဲ့ အကြည့်မှာ ဖုန့်လင်း၏ လျှို့ဝှက်ချက်များကို ထိုးဖောက်ကြည့်နေသကဲ့သို့ ပြင်းထန်နေသည်။
ဖုန့်လင်း မတွန့်ဆုတ်ခဲ့ဘဲ သူ့စိတ်ထဲတွင် မည်သည့်စိုးရိမ်စိတ်မှ မရှိသကဲ့သို့ တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်ပြီး ဘာမှမဖုံးကွယ်ထားဘူးဆိုတဲ့ပုံစံနဲ့ ဆက်ပြောလိုက်သည်၊ "ရှေးဟောင်းနတ်ဆေးထဲမှာ စိတ်ဝိဉာဉ်အမှုန်တွေ ပါဝင်မှုက အရမ်းများပြီး စက်တွေရဲ့စစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေတာကို ကျွန်တော် တွေ့ခဲ့တယ်။ ဒါကြောင့် ကျွန်တော် တခြားနည်းလမ်းတစ်ခုကို စမ်းကြည့်လိုက်တာ။ စိတ်စွမ်းအင်သုံးပြီး ရှေးဟောင်းနတ်ဆေးကို စူးစမ်းကြည့်လိုက်တော့ ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုကြီးတစ်ခုရခဲ့တယ်။ အတွင်းပိုင်းမော်လီကျူးဖွဲ့စည်းပုံတွေက တကယ်တော့ ပုံဆောင်ခဲတွေနဲ့ ဆက်စပ်နေတာပဲ။ ဒါကြောင့် ဒါကို ပုံတူပွားလို့ရမလားဆိုတာ စမ်းကြည့်တာပါ"
"စိတ်စွမ်းအင်နဲ့ စူးစမ်းလေ့လာတာ၊ ပုံဆောင်ခဲဖွဲ့စည်းပုံ!" ဖရန့် အကူအညီမဲ့နေသော်လည်း စတင်၍ မေးလိုက်သည် "ဖုန့်လင်း၊ မင်း စိတ်ဗီဇကို နိုးထသွားတာလား?"
"ဟုတ်ကဲ့!" အရင်က သူ မတော်တဆဖြင့် အမှားတစ်ခုကို ဖော်ပြမိပြီးဖြစ်သောကြောင့် သူ တိုက်ရိုက်ဝန်ခံလိုက်သည်။ "ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အနည်းငယ်အလားအလာရှိလို့ စိတ်ဗီဇ ကို နိုးထနိုင်ခဲ့ပြီး စိတ်အာရုံခံစားမှုစွမ်းအားတွေ ရခဲ့တာပါ!"
ဖရန့် နှင့် အိုက်တို့ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ မျက်နှာတွင် လေးလံသောအမူအရာများ ပေါ်နေခဲ့သည်။
စိတ်ဗီဇသည် အလွန်ရှားပါးသော အဆင့်မြင့်အခြေခံဗီဇတစ်ခုဖြစ်ပြီး နိုးခချင်ရုံနှင့် နိုးထနိုင်သည်မဟုတ်ကြောင်း သူတို့သိထားသည်။
ဖုန့်လင်း ပေါ့ပေါ့တန်တန်ပြောသော်လည်း သူ၏စကားများနောက်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေသည်မှာ ထင်ရှားသည်။
ဒါ့အပြင် ရှေးဟောင်းနတ်ဆေးကို စိတ်စွမ်းအင်နဲ့ စူးစမ်းဖို့ ဧရာမဆေးဝါးကုမ္ပဏီမှာ အရင်က တစ်စုံတစ်ဦး ကြိုးစားခဲ့ဖူးပေမယ့် ဘာလို့ ဘာမှ
မတွေ့ရှိခဲ့တာလဲ?
ဖုန့်လင်းမှာ လိမ်ညာနေဟန်မရှိပေ။ ထို့ကြောင့် တစ်ခုတည်းသော ယူဆချက်မှာ-
ဖုန့်လင်း၏ စိတ်ဗီဇသည် သာမန်လူသားများအတွက် အားဖြည့်ရန် ခက်ခဲသည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ သူ၏စိတ်စွမ်းအင်သည် အလွန်အားကောင်းပြီး အလွန်တိကျမှုရှိရမည်။ ထိုကြောင့်သာ ဤကဲ့သို့ အံ့ဖွယ်တွေ့ရှိချက်ကို ရှာဖွေနိုင်မည်ဖြစ်သည်။
"ပုံဆောင်ခဲလို ဖွဲ့စည်းပုံက သာမန်လူသားတွေ ရှေးဟောင်းနတ်ဆေးကို အသုံးပြုနိုင်ရခြင်းရဲ့ အဓိကသော့ချက်လို့ မင်းထင်သလား" ဖရန့် မေးလိုက်သည်။
"ဟုတ်ပါတယ်!" ဖုန့်လင်း ခေါင်းညိတ်လိုက်ပြီး "ရှေးဟောင်းနတ်ဆေးက ပုံဆောင်ခဲအများကြီး ဆက်စပ်ဖွဲ့စည်းထားတာပါ။ ဒီထူးဆန်းတဲ့ဖွဲ့စည်းပုံကြောင့်ပဲ ဆေးအာနိသင်တွေကို အတွင်းမှာ ပိတ်ထားနိုင်တာဖြစ်နိုင်ပါတယ်။ သာမန်လူသားတွေသုံးတဲ့အခါ ပုံဆောင်ခဲအမြှေးပါးက စစ်ထုတ်ပေးပြီး ဆေးအာနိသင်တွေကို ဖြည်းဖြည်းချင်းစိမ့်ထွက်စေလို့ ခန္ဓာကိုယ်က စုပ်ယူနိုင်တာပါ..."
သူ အမှန်နှင့်အမှားကို ရောစပ်ကာ သူ၏မှန်းဆချက်ကို ဖော်ပြခဲ့သည်။
အယ်လ်ခမီပညာ၏ အရိုးရှင်းဆုံးသီအိုရီအချို့ကို အသုံးပြုကာ ဤအချက်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဤစကားလုံးအနည်းငယ်မျှဖြင့် ဖရန့် နှင့် အိုက် တို့ကို အံ့အားသင့်စေခဲ့သည်။
ဧရာမဆေးဝါးကုမ္ပဏီအဖြင့်အမှန်တရားကို ရှာတွေ့လိမ့်မည်ကို ဖုန့်လင်း မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းက သူ ကြိုတင်ပြီး ပုံဆောင်ခဲသက်ရှိများကို သူ၏စိတ်စွမ်းအင်ဖြင့် သတ်ပစ်ခဲ့ပြီးဖြစ်သည်။ ကုမ္ပဏီတွင် စိတ်ဗီဇ နိုးထထားပြီး အဆင့်မြင့်မြင့် အားဖြည့်ထားသူများရှိလင့်ကစား အယ်လ်ခမီပညာ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်တော့ပေ။
ဖုန့်လင်း မရပ်ခဲ့ဘဲ သူတို့၏ နှလုံးသားထဲတွင် မီးစတစ်ခုထပ်မံထွန်းညှိပေးခဲ့သည်။
"ဒီတွေ့ရှိချက်အသစ်ကြောင့် ရှေးဟောင်းနတ်ဆေးအတွင်းက ပုံဆောင်ခဲဖွဲ့စည်းပုံကို တကယ်ပုံတူပွားနိုင်မယ်ဆိုရင် အဒါရဲ့အံ့သြဖွယ်အာနိသင်ကို တုပဖန်တီးနိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် ဒီနည်းပညာအသစ်ကို..." ဟု သူပြောရင်း ခဏရပ်ကာ စဉ်းစားပြီးနောက် အမည်အသစ်တစ်ခုကို ဖန်တီးလိုက်သည်။
"ပုံဆောင်ခဲဆေးဝါးဖန်တီးခြင်းနည်းစနစ်!"