ကိုယ်ပွားများနှင့်စစ်တပ်
Vol. 7 Ch. 105
ကြွက်သားတောင့်တင်းပြီး ခန္ဓာကိုယ်ကြံ့ခိုင်သော ဤကိုယ်ပွားများအားလုံးသည် ဖန်လုံခန်းအတွင်းရှိ အနီရောင်အရည်များထဲတွင် လွင့်မျောနေကြသည်။ မိခင်ဝမ်းအတွင်းရှိ ရေမြှုပ်ရည်ထဲ၌ စိမ်ထားသကဲ့သို့ဖြစ်နေသည်။ သူတို့၏မျက်နှာများပေါ်တွင် ကလေးများကဲ့သို့ အပြစ်ကင်း၍ အေးချမ်းမှုများဖြင့် ပြည့်နှက်နေပြီး မိခင်ဝမ်းအတွင်း၌သာ ရှိနေသေးကာ ဤကမ္ဘာထဲသို့ မရောက်သေးသကဲ့သို့ ဖြစ်နေသည်။
သို့သော် ထောင်နှင့်ချီသော အရေအတွက်မှာ သူ၏သွေးကို အေးခဲစေပြီး ဦးရေပြားကို ထုံကျင်သွားစေသည်။
ဖန်လုံခန်းများအပေါ်ဘက်တွင် တပ်ဆင်ထားသော တိုင်းတာရေးကိရိယာများကသာ သူတို့၏ အထူးခြားဆုံးသော အချက်များကို ဖော်ပြနေသည်။ အားလုံး၏ အသက်စွမ်းအင်ညွှန်းကိန်းမှာ ၃.၀ ဖြစ်သည်။ အရပ်ရှည်ပြီး ကြွက်သားတောင့်တင်းကာ အားအင်ပြည့်ဝနေသည့် ဤကိုယ်ပွားများသည် ဂရိဒဏ္ဍာရီလာ နတ်ဘုရားများ၏ သက်ရှိနမူနာများနှင့် တူနေသည်။
တစ်ယောက်နှစ်ယောက်ဆိုလျှင် သိပ်ပြဿနာမရှိသေးပေ။ သို့သော် ဤနေရာတွင် ထောင်နှင့်ချီသော ကိုယ်ပွညးများ ရှိနေပြီး စစ်တပ်တစ်ခုစာ အရေအတွက်ပင် ရှိနေသည်။ အကယ်၍ ဤအရာကို လူသိရှင်ကြား ထုတ်ဖော်လိုက်ပါက ကပ်ဘေးတစ်ခုပင်။
ဤသည်မှာ ဖုန့်လင်း၏ ကိုယ်ပွားများနှင့်ပတ်သက်သည့် အတွေးများဖြစ်သော်လည်း ဤအတွေးများ သူ၏စိတ်ထဲ ဖြတ်သန်းသွားသည့်အချိန်တွင် သူချက်ချင်း "X" အဖြစ်မှတ်ကာ ခေါင်းခါလိုက်သည်။
ထို့အပြင် ဤကိုယ်ပွားများ၏ အသက်စွမ်းအင်ညွှန်းကိန်းများ မြင့်မားနေသည်မှာ ဗီဇဆိုင်ရာ ပြုပြင်မွမ်းမံထားကြောင်း ထင်ရှားပြီး တစ်ယောက်ချင်းစီကိုပင် ထုတ်လုပ်ရန် အလွန်မြင့်မားသော စရိတ်လိုအပ်မည်ဖြစ်ကာ ဤကိုယ်ပွားများကို "တစ်ကြိမ်သုံး" စမ်းသပ်ခံများအဖြစ် အသုံးပြုရန် မဖြစ်နိုင်ချေ။
ဖြစ်နိုင်ခြေတစ်ခုတည်းသာ ကျန်တော့သည်!
ကိုယ်ပွားစစ်တပ်တစ်ခု!
ဖုန့်လင်း လုခ် ပြောခဲ့ဖူးသော စကားကို ပြန်သတိရလိုက်သည်။ သို့သော် လုခ်အနေဖြင့် အဖြေကို အပြည့်အဝ မှန်းဆနိုင်ခဲ့ခြင်း မရှိပေ။
ဧရာမဆေးဝါးကုမ္ပဏီသည် စစ်တပ်တစ်ခု ဖွဲ့စည်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူတို့ဖွဲ့စည်းနေသည်မှာ သာမန်စစ်တပ်မဟုတ်ဘဲ သူတို့၏ အစစ်အမှန်ရည်မှန်းချက်မှာ ကိုယ်ပွားများထုတ်လုပ်ကာ နောက်ဆုံးတွင် ကိုယ်ပွားစစ်တပ်တစ်ခု ဖြစ်ပေါ်လာစေရန်ဖြစ်သည်။
အသက်စွမ်းအင်အညွှန်းကိန်း ၃.၀ ရှိသော ဤကိုယ်ပွားများသည် သာမန်လူသားများ၏ အသက်စွမ်းအင်အညွှန်းကိန်း ၀.၁ ထက် သုံးဆ ပိုမြင့်သည်။ ဤကိုယ်ပွားများ အလုံအလောက်ထုတ်လုပ်ပြီး စစ်တပ်တစ်ခုဖွဲ့စည်းနိုင်ပါက ဤနေအဖွဲ့အစည်းတစ်ခုလုံးတွင် အားနည်းသူများအဖြစ် မည်သည့်အခါမျှ မသတ်မှတ်နိုင်တော့ပေ။
ဤသည်မှာ လုခ် ပြောခဲ့သော ကြယ်တာရာကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည့် ဗီဇတုပဖန်တီးထားသော စစ်တပ်နှင့် ကွဲပြားသည်။ ဤကိုယ်ပွားများတွင် ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအင်အညွှန်းကိန်းများ ရှိနေသော်လည်း အလုပ်သင်ကျင့်ကြံသူအဆင့်သာ ရှိပြီး ဗီဇကျင့်ကြံသူများ၏ အဆင့်သို့ မရောက်ရှိသေးပေ။ ဗီဇစစ်တပ်တစ်ခုဟု
မသတ်မှတ်နိုင်သေးပေ။
သို့သော် ဤအတိုင်းအတာထိသည်ပင် လုံလောက်အောင် ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။
ကိုယ်ပွားများထုတ်လုပ်ခြင်းကို တားမြစ်ထားသည်မှာ ကြယ်တာရာခေတ်တွင် လူသားအားလုံးက သဘောတူထားသော ကြယ်တာရာသဘောတူညီချက်တစ်ခုဖြစ်သည်။ အထွတ်အထိပ်ကြယ်တာရာ အင်ပါယာကြီးများသာမက ပရမ်းပတာဖြစ်နေသော နိုင်ငံငယ်များနှင့် ဖရိုဖရဲကြယ်နယ်မြေပါ ဤစည်းမျဉ်းကို လိုက်နာရသည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်ပွားများကို ထိန်းချုပ်မှုမရှိဘဲ ထုတ်လုပ်ပါက လူသားမျိုးနွယ်၏ မူလဗီဇများ အားနည်းပြီး ရောထွေးသွားနိုင်ကာ ကြာလာသည်နှင့်အမျှ မူလလူသားမျိုးနွယ်များ မျိုးသုဉ်းသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ အနာဂတ်အတွက်နှင့် ဤကဲ့သို့သော ဆိုးကျိုးများကို ရှောင်ရှားရန် ကြယ်တာရာခေတ်လူသားအားလုံးက ဤသဘောတူညီချက်ကို သဘောတူခဲ့ကြသည်။
နိုင်ငံတစ်နိုင်ငံက လျှို့ဝှက်စွာ ကိုယ်ပွားများ ထုတ်လုပ်ပါက ဤအချက်ပေါ်သွားသည်နှင့် ထိုနိုင်ငံသည် လူသားအားလုံး၏ ရန်သူဖြစ်သွားမည်ဖြစ်ပြီး နဂါးငွေ့တန်းသည် ကျယ်ပြန့်လှသော်လည်း သူတို့အတွက် နေရာတစ်ခုပင် ကျန်ရစ်မည်မဟုတ်ပေ။
...
ဖုန့်လင်း၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ ဧရာမဆေးဝါးကုမ္ပဏီ၏ ရဲရင့်မှုကို သူမျှော်လင့်မထားမိပေ။ သူတို့အနေနှင့် အမှန်ပင် ကြယ်တာရာသဘောတူညီချက်ကို ဖီဆန်နေကြသည်။ သူတို့ အတိအကျဆိုရင် ဘာတွေစီစဥ်နေတာလဲ?
သူ့နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ ထနေသော်လည်း မျက်နှာပြင်တွင် အေးဆေးတည်ငြိမ်စွာရှိနေပြီး အတွေးများကို လုံးဝမဖော်ပြခဲ့ပေ။
ဤအချိန်တွင် ဖရန့်က ချဉ်းကပ်လာပြီး စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "ဒါတွေက ကိုယ်ပွားတွေဆိုတာ မင်း သိပြီးသားထင်တယ်။ ဒါတွေကို ဘာအတွက်သုံးမလဲ သိလား?"
"စမ်းသပ်မှုတွေအတွက် သုံးမှာလား?" ဖုန့်လင်က ခဏတာ တွန့်ဆုတ်သွားပြီး မေးလိုက်သည်။ အချို့အခြေအနေများတွင် ရူးအသည့်ဟန်ဆောင်ခြင်းသည် တန်ဖိုးရှိသည်ကို သူ နားလည်သည်။
"မင်းက အရမ်းငယ်သေးတယ်!" ဖရန့် ရယ်မောလိုက်သည်။ "ကိုယ်ပွားတွေက ဗီဇဆိုင်ရာစက်ဖြစ်တည်မှုတွေပဲ။ စတင်မျိဒးစပ်ကတည်းက ဗီဇပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ထားပြီးသားပဲ။ သူတို့ရဲ့ မူလဗီဇတွေရဲ့ သန့်စင်မှုကို ဆုံးရှုံးပြီးပြီ။ စမ်းသပ်မှုတွေလုပ်ဖို့ဆိုရင် ဗီဇပြုပြင်မွမ်းမံ မထားသေးတဲ့ သာမန်လူသားတွေကို သုံးတာက ပိုကောင်းတယ်။ မင်းက အခု ငါတို့ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အဓိကအဖွဲ့ဝင်ဖြစ်နေပြီဖြစ်လို့ မင်းကို ဘာမှမဖုံးကွယ်တော့ပါဘူး။ နောက်ဆုံးတော့ မင်းသိရမှာပဲ။ အခု အမှန်တရားကို ပြောပြမယ်။ ဒီမှာမြင်ရတဲ့အရာတွေအားလုံးက ငါတို့ရဲ့ စစ်တပ်ဖြစ်လာလိမ့်မယ်!"
"ကိုယ်ပွားစစ်တပ်တစ်ခုလား?!"
ဖုန့်လင်း ဤအရာကို အခုမှရှာဖွေတွေ့ရှိသူကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသကဲ့သို့ "ဒါပေမယ့် ကိုယ်ပွားတွေကို ကြယ်တာရာသဘောတူညီချက်နဲ့ တားမြစ်ထားတယ်မဟုတ်လား? ကျွန်တော်တို့ ဒါကိုလုပ်လိုက်ပြီး စစ်တပ်တစ်ခုဖွဲ့မယ်ဆိုရင် ကြယ်တာရာခေတ်လူသားအားလုံးရဲ့ ရှုတ်ချခြင်းကို မခံရနိုင်ဘူးလား?"
သူ ဘာမှမသိသေးသည့် လူသစ်တစ်ဦးအဖြစ် ဟန်ဆောင်ကာ အံ့အားသင့်ထိတ်လန့်သော မျက်နှာအမူအရာဖြင့် ရှိနေခဲ့သည်။
ဖရန့် ခေါင်းညိတ်လိုက်ပြီး ဖုန့်လင်း၏ တုံ့ပြန်မှုကို အလွန်ကျေနပ်နေခဲ့သည်။ သူသည် ပုံမှန်လေသံဖြင့် ဆက်ပြောလိုက်သည်- "ဥပဒေဆိုတာတွေက သာမန်လူတွေအတွက် ပြဋ္ဌာန်းထားတာပါ။ ကိုယ်ပွားတွေကို တားမြစ်ထားပေမယ့် တကယ်တမ်းက နဂါးငွေ့တန်းထဲမှာရှိတဲ့ ကြီးမားတဲ့ ငွေကြေးအဖွဲ့အစည်းတိုင်းက လျှို့ဝှက်ထုတ်လုပ်နေကြတာပဲ။ စစ်တပ်ဖွဲ့စည်းရတဲ့ အကြောင်းရင်းကတော့ နေအဖွဲ့အစည်းက ဖရိုဖရဲ ကြယ်နယ်မြေ တစ်ခုဖြစ်နေလို့ပဲ။ ဧရာမဆေးဝါးကုမ္ပဏီက စီးပွားရေးလုပ်ငန်းကြီးတစ်ခုပဲ ဒါက ဘာလို့ ငါတို့ရဲ့ လုံခြုံမှုအတွက် အားကောင်းတဲ့ စစ်တပ်တစ်ခု လိုအပ်နေလဲဆိုတာပဲ!"
သူ ကလေးကို လှည့်စားဖို့ကြိုးစားနေတာလား?
ဖုန့်လင်း စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သော်လည်း မျက်နှာပေါ်တွင် လေးနက်သော အမူအရာဖြင့် နားလည်သကဲ့သို့ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
အစကနေအခုထိ ဖရန့်သည်
ဖုန့်လင်း၏ မျက်နှာအမူအရာတွင် မည်သည့်ချို့ယွင်းချက်ကိုမျှ မတွေ့ရှိခဲ့ပေ။ ဤအချိန်မှသာ သူ့နှလုံးသားထဲရှိ နောက်ဆုံးသော သတိထားမှုများ ပျောက်ကွယ်သွားခဲ့သည်။
"ဒါပေမယ့် ဒါက ကျွန်တော့်သုတေသနနဲ့ ဘယ်လိုဆက်စပ်မှုရှိမှာလဲ?" ဖုန့်လင်း ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။
ဖရန့်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည် "ငါနဲ့လိုက်ခဲ့!"
ဖုန့်လင်းမှည ဖရန့်၏ နောက်ကိုလိုက်ကာ ဤကိုယ်ပွားများကြားတွင် လျှောက်သွားခဲ့သည်။
ဖန်လုံခန်းများသည် နေရာတိုင်းတွင် ရှိနေပြီး မတ်မတ်ရပ်နေသော တိုင်လုံးများနှင့်တူသည်။ အတွင်းရှိ ကိုယ်ပွားများသည် အစောင့်များကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်မှာ ချောက်ချားဖွယ်ကောင်းနေခဲ့သည်။
အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွားသောအခါ ဖုန့်လင်းမှာ အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားသော ပုဂ္ဂိုလ်များအား ကိုယ်ပွားများအနီးတွင် လှုပ်ရှားလျက် အနီးကပ် စောင့်ကြည့်နေသည်ကို တွေ့ရှိခဲ့သည်။ သူတို့အနေနှင့် အချိန်နှင့်အမျှ မှတ်တမ်းများရေးမှတ်နေကြပြီး တစ်စုံတစ်ရာကို ခွဲခြမ်းစိတ်ဖြာနေဟန် ရှိသည်။
ဖုန့်လင်း တိတ်တဆိတ်ဘစဉ်းစားလိုက်၏။ သူ၏ ယခင်က မှန်းဆချက်များမှာ မှန်နေပုံပေါ်သည်။ ဤနေရာမှာ မြေအောက်ဓာတ်ခွဲခန်းတစ်ခုပင်။
သို့သော် သူ့ကို ထူးဆန်းစေသည်မှာ ဤနေရာရှိ သုတေသီအားလုံးတွင် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများ ရှိနေခြင်းဖြစ်သည်။ သူတို့အားလုံးမှာ လူဖြူမျိုးနွယ်ဝင်များသာ ဖြစ်ကြသည်။
ဧရာမဆေးဝါးကုမ္ပဏီက ဘယ်အချိန်ကတည်း လူဖြူမျိုးနွယ်ဝင်တွေကိုပဲ ခန့်ထားခဲ့တာလဲ?
ဖုန့်လင်း အလွန်အံ့အားသင့်သွားသော်လည်း ဤမေးခွန်းကို မေးရန် မဝံ့ရဲဘဲ သူ၏ စူးစမ်းလိုစိတ်ကို နှလုံးသားထဲတွင် မြှုပ်နှံထားလိုက်ရသည်။
"ဖုန့်လင်း၊ နောက်ကျရင် ဒီလူတွေ အားလုံးက မင်းအဖွဲ့ဝင်တွေ ဖြစ်လာလိမ့်မည်" ဖရန့်က လူဖြူမျိုးနွယ်ဝင်များကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။
"ဘာ?" ဖုန့်လင်း အလွန်အံ့အားသင့်သွားသည်။
"ဒီလူတွေက ငါတို့ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အစစ်အမှန် နည်းပညာကျွမ်းကျင်သူတွေဖြစ်ပြီး မင်းလိုပဲ အထူးရွေးချယ်ခန့်ထားတဲ့ ပါရမီရှင်တွေပဲ။ အားလုံးက ဗီဇနည်းပညာနယ်ပယ်မှာ ကျွမ်းကျင်သူတွေဖြစ်ပြီး အခု မင်းကို လွှဲပြောင်းပေးဖို့ ပြင်ထားတယ်။ သူတို့က မင်းရဲ့ လက်အောက်ငယ်သားတွေဖြစ်ပြီး ပုံဆောင်ခဲဖန်တီးခြင်းပညာရပ်ကို အကောင်အထည်ဖော်ဖို့ အာရုံစိုက်ရမယ်။ ဒီအတွေးအခေါ်လမ်းကြောင်းသစ်က ငါတို့စမ်းသပ်ခဲ့တဲ့ အဟောင်းတွေထက် အောင်မြင်နိုင်ခြေ ပိုမြင့်တယ်။ ရလဒ်တွေ ရလာရင် ရှေးဟောင်းနတ်ဆေးရဲ့ ဗီဇဆိုင်ရာလျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ပြီး သာမန်လူတွေ သောက်နိုင်တဲ့ ဗီဇဆေးရည်တွေ ဖန်တီးနိုင်မယ်" ဖရန့် ပြုံးရင်း ရှင်းပြလိုက်သည်။
ဖုန့်လင်း ခေါင်းညိတ်လိုက်ပြီး ဤလူများကို ကြည့်ရင်း အလွန်ထူးဆန်းသော ခံစားချက်ကို ရရှိခဲ့သည်။
ဤလူအားလုံးသည် ဧရာမဆေးဝါးကုမ္ပဏီက အထူးခန့်ထားသော ဗီဇပညာရှင်များဖြစ်ကြပြီး သူတို့အားလုံးကို ဤမြေအောက်ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ရန် ပို့ထားခြင်းဖြစ်သည်။ မားစ်ဂြိုဟ်တော်လှန်ရေးတပ်အနေဖြင့် သူတို့၏အကြောင်း မည်သည့်သဲလွန်စမှ မရှာနိုင်ခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ဖြစ်ပြီး အံသြစရာမရှိပေ။
သို့သော် ဖုန့်လင်းမှာ ချက်ချင်းပင် တစ်စုံတစ်ရာ မှားနေကြောင်း သတိထားမိလိုက်သည်။ ဤလူဖြူအုပ်စုသည် အလွန်ပင် ထူးဆန်းနေသည်။
ဧရာမဆေးဝါးကုမ္ပဏီက လူဖြူမျိုးနွယ်ဝင်တွေကိုပဲ ခန့်ထားခဲ့တာလား?
အဒီလိုဆိုရင် သူ့ကို ဘာလို့ရွေးချယ်ခန့်ထားခဲ့တာလဲ?
အကြောင်းပြချက်မရှိဘဲ သူ၏ ကျောရိုးတစ်လျှောက် စိမ့်လာသည့် အအေးဓာတ်ကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အပြင်မှ အတွင်းထိ ဖုန့်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲကဲ့သို့ အေးစက်သွားခဲ့သည်။
ဖုန့်လင်းနှင့် နှိုင်းယှဉ်ပါက ဤလူဖြူများအားလုံးမှာ အလွန်အံ့အားသင့်နေကြသည်။ ဖုန့်လင်းကိုကြည့်နေသည့် သူတို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ရှိနေခဲ့သည်။
"ဒါ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖြစ်လာမယ့်သူလား?"
"ဒီလိုငနဲတစ်ကောင်က ဘယ်လိုလုပ်ပြီး အဖွဲ့ခေါင်းဆောင်ရာထူးကို တက်လာတာလဲ?"
"ပုံဆောင်ခဲဆေးဝါးဖန်တီးခြင်းနည်းစနစ်လား? ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ဟာလဲ?"
...
ထိုလူများမှာ တစ်ဦးကိုတစ်ဦး တီးတိုးစကားပြောနေကြကာ ဖုန့်လင်းကို စိစစ်ကြည့်ရှုနေကြပြီး မျက်နှာများပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လွင်နေခဲ့သည်။
ဖုန့်လင်း တည်ငြိမ်စွာဖြင့် ဤအရာအားလုံးကို လက်ခံလိုက်သည်။
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် လူဖြူတစ်ဦး ရှေ့သို့ချဉ်းကပ်လာသည်။ သူ၏ဦးရေပြားအလယ်ဗဟိုတွင် ဆံပင်မရှိဘဲ ဘေးဘက်များတွင်သာ ဆံပင်ရှိပြီး ဂျပန်ရိုးရာ လပုံစံ ဆံထုံးဖြင့် ရှိနေကာ ဤပုံစံကြောင့် သူ့ကိုကြည့်ရသည်မှာ အလွန်ထူးဆန်းပြီး ရယ်ချင်စဖွယ်ကောင်းနေသည်။
သူ ခါးကိုကိုင်းကာ ခေါင်းညိတ်လိုက်ပြီး "မန်နေဂျာ၊ ဒီငနဲက ကျွန်တော်တို့ရဲ့ အဖွဲ့ခေါင်းဆောင် ဘယ်လိုဖြစ်လာမှာလဲ? ပြီးတော့ သူက အဝါရောင်မျိုးနွယ်က တရုတ်တစ်ယောက်ပဲလေ! သူ့မှာ ဘယ်လိုစွမ်းရည်တွေရှိလို့လဲ?" ဟု မေးလိုက်သည်။
ဖရန့်၏အမူအရာမှာ ချက်ချင်းပင် တည်ကြည်လာသည်။ "မတ်ဆုရှီတ အိုနီဂျင်၊ ငါ့ဆုံးဖြတ်ချက်ကို မင်း သံသယမဝင်ဖို့ မျှော့်လင့်တယ်။ ဖုန့်လင်းက ရှေးဟောင်းနတ်ဆေးရဲ့ လျှို့ဝှက်ချက်တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး အစပိုင်းအခြေအနေပဲရှိသေးတယ့ဆိုပေမယ့် ပုံဆောင်ခဲဆေးဝါးဖန်တီးခြင်းနည်းစနစ်ကို ဖန်တီးနိုင်ခဲ့တယ်။ ဒါကပဲ ငါ ဘာလို့ မင်းတို့အားလုံးကို သူ့ရဲ့လက်အောက်ငယ်သားတွေအဖြစ် ခန့်အပ်ပြီး ဒီနည်းပညာကို အကောင်းဆုံးဖြစ်အောင် အားလုံးညီညီညွတ်ညွတ် ကူညီကြဖို့ လိုတယ်ဆိုတယ့်အကြောင်းပဲ! ဘယ်သူပဲဖြစ်ဖြစ်၊
ဖုန့်လင်းကို ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ လျှို့ဝှက်ပြီးဖြစ်စေ ဆန့်ကျင်တဲ့သူတွေကို အလုပ်ကနေ ထုတ်ပစ်မယ်!"
"ဒါ ဖြစ်နိုင်လို့လား?" သုတေသီများမှာ မယုံကြည်နိုင်ခဲ့ကြပေ။ ရှေးဟောင်းနတ်ဆေးသည် နက်နဲသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဒီလောက်များတဲ့ပါရမီရှင်တွေ ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူးလေ၊ ဒါပေမယ့် ဒီငနဲက အောင်မြင်ခဲ့တာလား?
သို့သော် ဖရန့်ကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်သောကြောင့် သူတို့ မယုံကြည်ဘဲနေရန် မရဲတော့ပေ။
ဖရန့် အမှန်တရားကို ပြောနေခြင်းဖြစ်ပြီး သူ၏ မိုက်ခရိုချစ်ပ်ကို အသုံးပြုကာ ထိုအချိန်က ဖြစ်ရပ်များကို ပရိုဂျက်ရှင်ဖြင့် ပြသခဲ့သည်။
ထိုအချက်ကို မြင်ပြီးနောက် သူတို့တွင် မည်သည့်အငြင်းပွားစရာမျှ မရှိတော့ဘဲ ဖုန့်လင်း သူတို့ခေါင်းဆောင်ဖြစ်လာမည့် အချက်ကို လက်ခံလိုက်ကြသည်။
"ဖုန့်ဆန်(ဆန်-ဆရာ) ကျွန်တော် မှားသွားပါတယ်။ ခင်ဗျားကို သံသယဝင်မိခဲ့တာ ခွင့်လွှတ်ပါ" မတ်ဆုရှီတ အိုနီဂျင်က ဖုန့်လင်းရှေ့တွင် လေးနက်စွာ ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
ဖုန့်လင်း၏ မျက်လုံးများ ကျဉ်းသွားသည်။ မည်သို့ပင်ကြည့်စေကာမူ ဤလူဖြူသည် ဂျပန်လူမျိုးတို့၏ လက္ခဏာများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ့တွင် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများ ရှိနေခြင်းမှာ အလွန်ထူးဆန်းလှသည်။
သို့သော် သူ အပေါ်ယံတွင် အပြုံးဖြင့်ရှိနေဆဲဖြစ်သည်။ "မတ်ဆုရှီတ အိုနီဂျင်၊ ဒီလောက်ကြီး ယဥ်ကျေးစရာမလိုပါဘူး။ နောက်ကျရင် ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမှာဆိုတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါ"
"ဟိုက်!" မတ်ဆုရှီတ အိုနီဂျင်က ခါးကိုပြန်မတ်ကာ လေးစားစွာ ပြောလိုက်သည်။
"ကျွန်တော် နောက် ဘာဆက်လုပ်ရမလဲ?" ဖုန့်လင်း မေးလိုက်သည်။
"ငါတို့ကုမ္ပဏီကို ဧရာမဆေးဝါးကုမ္ပဏီလို့ ဘာကြောင့်ခေါ်တယ်ဆိုတာ သိလား?" ဖရန့် မေးခွန်းတစ်ခုဖြင့် အဖြေပြန်ပေးလိုက်သည်။
ဖုန့်လင်း ခေါင်းခါလိုက်သည်။ ဧရာမဆေးဝါးကုမ္ပဏီမှ ဖုံးကွယ်ထားသော အကြီးမားဆုံး အမှန်တရားတစ်ခုကို သူသိရတော့မည်ဟု ခံစားလိုက်ရသည်။
ဖရန့် ပြုံးလိုက်သည်။ "ဒါက ဘာလို့လဲဆိုတော့ ငါတို့က လူသန်ကြီး ဖြစ်လာဖို့ ဒဏ္ဍာရီလာ လမ်းကြောင်း တစ်ခုကို လုံးဝကျွမ်းကျွမ်းကျင်ကျင် တတ်ထားတယ်။ ငါတို့ရဲ့ သုတေသနအားလုံးက သာမန်လူသားတွေကို လူသန်ကြီးဗီဇ နိုးထစေမယ့် ဗီဇဆေးဝါးတွေ ဖန်တီးဖို့အတွက်ပဲ။ ငါတို့အနေနဲ့ အဆင့်အမျိုးမျိုးက ကြယ်တာရာကျင့်ကြံသူတွေဖြစ်တဲ့ လူသန်ကြီးတွေကို ဖန်တီးနိုင်ဖို့ မျှော်လင့်တယ်!"
စကားပြောပြီးနောက် အစိမ်းရောင်နှင့် ပယင်းရောင် ရောနှောနေသော ဆေးတစ်မျိုးကို သူ ထုတ်လိုက်သည်။ ဤဆေးသည် အရိုင်းဆန်သည့် ကြမ်းတမ်းသော အပူဓာတ်အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
"ဒါက အဆင့်နိမ်သိုင်းပညာအလွှာက, အဆင့်မြင့်အဆင့် အစိမ်းရောင်လူသန်ကြီးဗီဇဆေးရည်ပဲ! မင်းရဲ့တာဝန်က ဒီဆေးတွေကို ပုံဆောင်ခဲလုပ်ပြီး သာမန်လူတွေ သောက်သုံးနိုင်အောင် လုပ်ဖို့ပဲ။ အဲ့ဒီအချိန်ကျရင် ငါတို့ကို ကြယ်တာရာခေတ်ကလူသားအားလုံးရဲ့ ကံကောင်းမှုတစ်ခုလို့ သတ်မှတ်လာကြပြီး သူတို့အားလုံး အစိမ်းရောင်ဘီလူးဗီဇကို နိုးထလာမယ်။ အကယ်၍ မင်းအောင်မြင်ခဲ့ရင် နတ်ဘုရားသွေးအစီအရင် အတွက် နေရာတစ်ခုပေးပြီး နတ်ဘုရားရဲ့သားတော်အဖြစ် ပြောင်းလဲခွင့်ပေးမယ်။ ဒါဆိုရင် မင်းမှာ အရမ်းရှည်တဲ့ သက်တမ်းရှိလာပြီး မင်းရဲ့ အသက်စွမ်းအင်အညွှန်းကိန်းကလည်း ဒုံးကျည်လို တက်လာမယ်။ အဲ့ဒီအချိန်ကျရင် မင်းက ငါတို့ထဲက တစ်ယောက်ဖြစ်လာပြီး ဧရာမဆေးဝါးကုမ္ပဏီရဲ့ အထက်တန်းလွှာတွေထဲမှာ ပါလာလိမ့်မယ်။ ကြယ်တာရာကမ္ဘာက ငါတို့ရဲ့ ဌာနချုပ်မှာ ကျင့်ကြံခွင့်ရဖို့ အဖိုးတန်အခွင့်အရေးတစ်ခုတောင် ရနိုင်တယ်။"
"နတ်ဘုရားသွေးအစီအရင်? နတ်ဘုရားရဲ့သားတော်?!" ဖုန့်လင်း အလိုလို အံ့အားသင့်ပြီး အော်ဟစ်လိုက်မိသည်။
"အမှန်ပဲ" ဖရန့် ပြုံးလိုက်သည်ါ "ဒါက မင်းရဲ့ ဗီဇတွေကို ပြောင်းလဲပေးနိုင်တဲ့ အစီအရင်တစ်မျိုးပဲ။ မင်းရဲ့ သွေးမျိုးဆက်နဲ့ ဗီဇဖွဲ့စည်းပုံကို အစားထိုးပြီး နတ်ဘုရားရဲ့သားတော်ဖြစ်လာစေမယ်!"
"ဒါဆို သူတို့အားလုံးက..."
ဖုန့်လင်း၏အကြည့်မှာ ဤလူဖြူမျိုးနွယ်သုတေသီများအပေါ်သို့ ရောက်သွားသည်။ ရှင်းလင်းစွာပင် သူတို့၏ အသွင်အပြင်၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် အမူအကျင့်များမှာ ကွဲပြားသည့် လူမျိုးများဖြစ်သော်လည်း အားလုံးတွင် အဖြူရောင် အသားအရေ၊ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများ ရှိနေသည်။
"မှန်တယ်! သူတို့အားလုံးဟာ နတ်ဘုရားသွေးအစီအရင်ကနေတစ်ဆင့် နတ်ဘုရားရဲ့သားတော်တွေ ဖြစ်လာကြပြီ။ အဖြူရောင် အသားအရေ၊ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေက နတ်ဘုရားရဲ့သားတော်မှာရှိတဲ့ အဓိကလက္ခဏာတွေပဲ။ ဒါပေမယ့် ပိုကောင်းတဲ့ ပြောင်းလဲမှုတွေလည်း ရှိသေးတယ်" ဖရန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဖုန့်လင်း ထိုနေရာတွင် ရပ်နေရင်း အတွင်းရော အပြင်ပါအေးခဲသွားသည်ဟု ခံစားလိုက်ရပြီး သူ့နှလုံးသားမှာ ချိုင့်ဝှမ်းအောက်ခြေအထိ နစ်မြုပ်သွားခဲ့သည်။