အခန်း (၉၅၁-၉၅၅)
Vol. 64 Ch. 951-955
အခန်း ၉၅၁ သူလာမှာပါ
ကုနင်းကတော့ သူမလုံခြုံရေးအစောင့်ကိုပေးခဲ့သည့်ကတိကိုတည်ခဲ့ကာ သူ့ကိုအခုကစပြီး အရင်လစာထက်နှစ်ဆရစေခဲ့သည်။
လုံခြုံရေးအစောင့်အတွက်တော့ ယနေ့ကုနင်းနှင့်တွေ့ခဲ့သည်က အလွန်ကံကောင်းသွားခဲ့ကာ အလွယ်လေးရာထူးတိုးသွားခဲ့သည်။
တချို့ကတော့ နောင်တရလို့နေကြသည်။ သူတို့လဲ အဲ့အချိန်တုန်းက ကုနင်းကိုကူညီဖို့ထွက်ရပ်ခဲ့မိဖို့ ဆုတောင်းနေမိကြသည်။ သို့သော်လည်း ဆုတောင်းကဆုတောင်းမျှသာဖြစ်နေကာ ဘယ်သူကမှ ချိုးလီလီကိုမဆန့်ကျင်ရဲကြပေ။
ဒါကြောင့်ပဲ လုံခြုံရေးအစောင့်သည် ယခုလိုဆုချမှုမျိုးနှင့်ထိုက်တန်ပေသည်။
လုံခြုံရေးအစောင့်သည် အလွန်စိတ်လှုပ်ရှားနေကာ ကုနင်းကိုလဲအရမ်းကျေးဇူးတင်နေမိသည်။ သူက ရာထူးကိုလက်ခံခဲ့ကာ အနာဂါတ်မှာလဲ သူ့အလုပ်ကိုပုံမှန်အတိုင်းဆက်လုပ်သွားဖို့ စိတ်ဆုံးဖြတ်လိုက်သည်။ ဒါကပဲ ကုနင်း၏ကြင်နာမှုကိုတုံ့ပြန်နိုင်သည့်နည်းလမ်းဖြစ်သည်။
လုံခြုံရေးအဖွဲ့မှကျန်သည့်ဒုခေါင်းဆောင်နှစ်ယောက်မှာတော့ သတင်းကြားပြီးနောက် အနည်းငယ်မနာလိုဖြစ်မိကြသည်။ သူတို့မှာတော့ ဒီရာထူးမျိုးရဖို့အတွက် နှစ်ပေါင်းများစွာကြိုးစားလုပ်ဆောင်ခဲ့ရတာဖြစ်သည်။ သို့သော်လည်း သူတို့မနာလိုဖြစ်နေရင်တောင်မှ မကျေမနပ်တော့မပြောရဲပေ။ သူတို့ဥက္ကဌကိုဆန့်ကျင်ဖို့ဆိုတာ ရူးနေမှပဲရပေမည်။
….
ကုနင်း ထန်မိသားစုစံအိမ်သို့ပြန်လာကာ မိသားစုနှင့်အတူနေ့လည်စာစားခဲ့သည်။
ရတနာအစုံကိုတော့ ကုမန့်၏မင်္ဂလာပွဲနေ့မှလက်ဆောင်အနေနှင့်ပေးဖို့ စိတ်ကူးထားတာကြောင့် အလျင်မလိုနေပေ။
ကုမန့်သည် ဤရက်များအတွင်း ထန်မိသားစုစံအိမ်မှာနေခဲ့သော်လည်း ထန်ယွင်ဖန်းနှင့်တစ်ခန်းတည်းမအိပ်ခဲ့သလို ထန်ယွင်ဖန်းသည်လဲ သူမဆုံးဖြတ်ချက်ကိုလေးစားပေးသည်။ သူတို့က ကိုယ့်အခန်းကိုယ်ပြန်မသွားကြခင်မှာသာ စကားပြောဖြစ်ကြသည်။
သို့သော်လည်း ဒီနေ့တော့ ကုမန့် ဟွားဖုတောင်ကုန်းသို့ပြန်သွားမည်ဖြစ်ကာ ထန်မိသားစုဝင်များက သန်ဘက်ခါမှသာ သူမကိုလာကြိုကြမည်ဖြစ်သည်။
မင်္ဂလာပွဲမတိုင်ခင် သတို့သမီးသည် ကိုယ့်အိမ်မှာကိုယ်နေသင့်ပေသည်။
ကုနင်းသည် ဟွားဖုတောင်ကုန်းတွင်အိမ်တစ်လုံးပိုင်ဆိုင်ထားကာ သူမအိမ်ကလဲ ကုမန့်အိမ်သာဖြစ်သည်။
ကုချင်နှင့်ကုချင်းယန်၏မိသားစုများကတော့ ထိုနေ့ကျကာမှ ကုမန့်ကိုမင်္ဂလာကားဆီသို့ပို့ပေးမည်ဖြစ်ကာ တကယ့်ကိုပြီးပြည့်စုံသည့်အစီအစဉ်ပင်။
ကုမန့်သည်တော့ မင်္ဂလာပွဲနီးလာတာကြောင့် အလွန်စိုးရိမ်ပူပန်လို့နေသည်။ သူအနည်းငယ်ကြောက်နေမိကာ ထွက်ပြေးလိုက်ချင်စိတ်တောင် ပေါ်နေသော်လည်း ထိုသို့လုပ်မည်မဟုတ်ပေ။ ထန်ယွင်ဖန်းသည် သူမကိုနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကာ သူမသည်လဲ သူမကျန်သည့်ဘဝသက်တမ်းတစ်လျှောက် သူနှင့်သာဖြတ်သန်းလိုသည်။ ထို့အပြင် ကုနင်းကိုလဲ ပြီးပြည့်စုံသည့်မိသားစုတစ်ခုပေးလိုသည်။ အဖေရင်းဆိုတာ ပထွေးထက်တော့အဖက်ဖက်ကပိုသာလွန်သည်မဟုတ်လား။
“နင်းနင်း၊ ရှောင်းထင်ရောလာမှာလား?” ထန်ဟိုင်ဖုန်းက ကုနင်းကိုမေးလိုက်သည်။ ကုနင်း၏မိဘများမှာ လင်ရှောင်းထင်၏အနာဂါတ်ယောက္ခမလောင်းများပင်။ သူတို့အခုမှချစ်သူရည်းစားအဆင့်သာရှိသေးတယ်ဆိုရင်တောင် ထန်မိသားစုကတော့ လင်ရှောင်းထင်ကို သူတို့မိသားစုဝင်အဖြစ်သတ်မှတ်ပြီးနေပေပြီ။
သို့သော်လည်း လင်ရှောင်းထင်၏အလုပ်က အလွန်ထူးခြားကာ စစ်တပ်ဆိုတာက အပြင်ထွက်ချင်တိုင်းထွက်လာလို့မရမှန်းလဲ သူတို့သိပေသည်။
“သူအားရင်လာမှာပါ။”
…….
နေ့လည်၁နာရီမှာတော့ ကုနင်းက ကုမန့်ကိုတင်ခေါ်ကာ သူတို့ဆွေမျိုးများကိုကြိုရန် လေဆိပ်သို့ဦးတည်ခဲ့သည်။
ကုနင်း၏ကားက သူတို့အားလုံးအတွက်အဆင်မပြေတာကြောင့် ထန်မိသားစုက သူမနောက်မှနေပြီး ကားအကြီးတစ်စီးထည့်ပေးလိုက်သည်။
ကုချင်တို့က နေ့လည်၂:၁၀နာရီတွင်ရောက်မည်ဖြစ်ကာ ကုချင်းယန်တို့ကတော့ ၂:၃၀မှရောက်ကြပေမည်။ ကုနင်းက သူတို့အားလုံးကိုတစ်ခါတည်းကြိုလို့ရအောင် ထိုသို့အချိန်စီစဉ်ပေးထားခြင်းဖြစ်သည်။
ကုနင်းတို့တွေ လေဆိပ်ကိုရောက်ရှိချိန်တွင် လေယာဉ်စိုက်ဖို့ မိနစ်၂၀တောင်လိုနေသေးသည်။
၂:၁၂နာရီမှာတော့ ကုချင်က သူမတို့ရောက်ပြီဖြစ်သည့်အကြောင်း ကုမန့်ကိုဖုန်းဆက်ပြောခဲ့သည်။
မကြာခင်မှာပဲ ကုချင်တို့မိသားစုရောက်လာခဲ့သည်။ သူတို့ကပစ္စည်းတွေအများကြီးမသယ်လာကြတာကြောင့် ခရီးဆောင်အိတ်တွေရွေးဖို့မလိုပေ။
သုတို့ထွက်လာသည်နှင့် ကုနင်းနှင့်ကုမန့်တို့ကိုမြင်သွားကာ စိတ်လှုပ်တရှားလျှောက်လာကြတော့သည်။
“မန့်၊ နင်းနင်း!” ကုချင်ကနှုတ်ဆက်လိုက်သည်။
“ဟိုင်း၊ မန့်၊ နင်းနင်း!” ကျန်းရှုသည်လဲ ပြုံးရွှင်နေသည်။
“ဟဲလို၊ အန်တီမန့်၊ နင်းနင်း!” ကျန်းရှင်းရွှယ်ကတော့ အလွန်ယဉ်ကျေးနေသော်လည်း အရင်ထက်ပိုဖော်ရွေလာသည်။
“Bမြို့ကနေ ကြိုဆိုပါတယ်၊ ဟ-ဟ။”
ကုမန့်နှင့်ကုနင်းတို့ သူတို့ကိုကြိုဆိုလိုက်ကြသည်။
“ထိုင်ဖို့တစ်နေရာရာရှာကြရအောင်။ ချင်းယန်တို့မိသားစုရောက်ဖို့က မိနစ်၂၀လောက်လိုသေးတယ်။” ကုမန့်ပြောလိုက်တာကြောင့် အားလုံးသဘောတူကာ ထိုင်ခုံများဆီလျှောက်သွားကြသည်။
အားလုံးထိုင်ကြပြီးနောက် ကုချင်နှင့်ကုမန့်တို့က စကားပြောနေကြကာ ကုနင်းသည်လဲ ကျန်းရှုနှင့်အတူ စီးပွားရေးအကြောင်းပြောနေလိုက်သည်။
ကျန်းရှုမှာ လက်ရှိသူ့စီးပွားရေးအခြေအနေအပေါ်အလွန်ကျေနပ်လို့နေသည်။ “အရမ်းအဆင်ပြေနေတယ်! မင်းကူညီပေးခဲ့တာတွေအတွက်ကျေးဇူးအများကြီးတင်တယ် နင်းနင်း။ ငါ့ရဲ့ဖောက်သည်အများစုက မင်းကြောင့်ပဲရောက်လာတာ၊ ပြီးတော့ ငါကလဲ သူတို့ကိုအရည်အသွေးကောင်းတဲ့ပစ္စည်းတွေနဲ့ သေချာတင်ပို့ပေးတော့ ငါနဲ့ဆက်ပြီးလက်တွဲဖို့လိုလားလာကြတယ်။”
“အဆင်ပြေတယ်ဆိုတော့ ဝမ်းသာပါတယ်။” ကုနင်းလဲ သူ့ဦးလေးအတွက်ဝမ်းသာမိသည်။ သူမဘက်က သူ့ဦးလေးကိုအများကြီးကူညီပေးခဲ့တယ်ဆိုသော်လည်း သူ့ဦးလေးတင်ပို့သည့် ပစ္စည်းများ၏အရည်အသွေးနှင့် ဝန်ဆောင်မှုတွေအပေါ်မူတည်နေတုန်းပင်။
“နင်းနင်း၊ အမ်၊ ငါမင်းရဲ့အကြီးဆုံးဦးလေးကို မင်းခွင့်ပြုချက်မရှိဘဲ ကူညီခဲ့မိတယ်။ မင်းငါ့ကိုစိတ်ဆိုးသွားလား?” ကျန်းရှုက မသက်မသာနှင့်မေးလိုက်သည်။
ထိုအကြောင်းကို ကုချင်က ကုမန့်ကိုပြောထားပြီးဖြစ်ကာ ကုမန့်ကလဲ ကုနင်းကိုသေချာပေါက်ပြန်ပြောပြပြီးဖြစ်လောက်သော်လည်း သူကတော့ ကုမန့်ကိုမျက်နှာချင်းဆိုင် ပြောဖို့လိုနေတုန်းဟု ခံစားမိသည်။ ကုမန့်က သူတို့ကိုအပြစ်မတင်သော်လည်း သူကတော့ အနည်းငယ် အပြစ်ရှိသလိုခံစားနေမိသေးသည်။
ကုချင်းရှန်၏မိသားစုသည် အရင်ကဆိုလျှင် ကုမန့်နှင့်ကုနင်းတို့အပေါ် ဆိုးဆိုးရွားရွားဆက်ဆံခဲ့ကြသည်။ သူက ကုချင်းရှန်ကိုကူညီလိုက်လျှင် ကုနင်းကိုဆန့်ကျင်သာ ဘက်ပြောင်းသွားသလိုပုံပေါက်သွားမည်။
သို့ပေမည့် သူနှင့်ကုချင်းရှန်တို့က ဆွေမျိုးတွေဖြစ်နေသေးတာကြောင့် ကုချင်းရှန်တို့မိသားစု လုံးဝကျဆုံးနေသည်ကို ထိုင်ကြည့်နေလောက်သည်အထိ အသည်းမမာခဲ့ပေ။
“ဘာမှမဖြစ်ပါဘူး။ သမီး သူ့ကိုမကူညီပေမယ့် ဦးလေးတို့ကူညီတာကိုလဲမတားပါဘူး။ သူက သမီးနဲ့သမီးအမေကိုပဲ နာကျင်အောင်လုပ်ခဲ့တာလေ၊ ဦးလေးတို့ကိုမှမလုပ်ခဲ့ဘဲ။” ကုနင်းသည် အလွန်ထောက်ထားတတ်သောမိန်းကလေးတစ်ဦးဖြစ်ကာ အရာရာကိုအကန့်ခွဲကာ မှတ်ထားသည်။
***
အခန်း ၉၅၂ မိသားစုကဘယ်လောက်များချမ်းသာလို့လဲ?
“ကောင်းလိုက်တာ၊ အခုမှပဲစိတ်အေးတော့တယ်။” ကျန်းရှု အခုမှပဲသက်ပြင်းချနိုင်သွားတော့သည်။ ကျန်းရှုအနေနဲ့ ကုချင်းရှန်ထက် ကုနင်းကိုပိုတန်ဖိုးထားမှန်းသိသာလှသည်။ ကုချင်းရှန်ကိုကူညီလိုက်တယ်ဆိုတာကလဲ ကုချင်းရှန်လုံးဝကိုဒုက္ခရောက်နေခြင်းကြောင့်သာဖြစ်သည်။
“ကျွန်မပြောသားပဲ နင်းနင်းကရှင့်ကိုအပြစ်တင်မှာမဟုတ်ပါဘူးဆို။ ထပ်စိုးရိမ်နေဖို့မလိုတော့ဘူး။” ကုချင်ကပါပြောလိုက်သည်။
ကျန်းရှုပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။
မကြာခင်မှာပဲ ကုချင်းယန်တို့မိသားစုလဲရောက်ရှိလာခဲ့သည်။ သို့သော် သူတို့လေယာဉ်ပေါ်မှဆင်းသည်နှင့် ရင်းနှီးနေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ စိတ်ချမ်းမြေ့ဖွယ်ရာတွေ့ဆုံခြင်းတော့မဟုတ်ပေ။
“အိုး၊ ဝမ်ယွီလန်ပါလား၊ မတွေ့တာကြာပေါ့! နင့်မိသားစုလဲ ခရီးထွက်လာတာလား? အရင်တစ်ခေါက်တုန်းကကျတော့ အဖွဲ့လိုက်ခရီးထွက်ဖို့အတွက် ငွေမရှိဘူးလို့ပြောခဲ့တယ်မဟုတ်ဘူးလား? နင့်မိသားစုက အိမ်ဝယ်လိုက်လို့ ငွေပြတ်နေတယ်ဆို? Bမြို့လာဖို့အတွက်ကျဘယ်ကငွေရသွားတာလဲ? ဒီနေရာမှာ နေထိုင်စားသောက်စရိတ်က အရမ်းကြီးတယ်ဆိုတာ နင်မသိထားဘူးလား?”
ထိုရင်းနှီးနေသည့်လူမှာ ဝမ်ယွီလန်၏လုပ်ဖော်ကိုင်ဖက်ဖြစ်ကာ အသက်ကတော့ ၃၇နှစ်ရှိပြီဖြစ်သည်။ သူမပုံစံအရ မောက်မာကာမာနကြီးပုံရပြီး ဝမ်ယွီလန်တို့မိသားစုအပေါ် အထင်သေးပုံကို ကွယ်ဝှက်ထားခြင်းမျိုးလဲမရှိပေ။
ကုချင်းယန်တို့မိသားစုသည် အိမ်ဝယ်ထားကာစဖြစ်တာကြောင့် တကယ်ကိုငွေကြေးကြပ်တည်းနေတာဖြစ်သော်လည်း ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲမွဲတေနေတာတော့မဟုတ်သေးပေ။
ထိုအမျိုးသမီးကလဲ ဒီလောက်တော့သိပေမယ့် အစိုးရအလုပ်လုပ်နေတာခြင်းအတူတူတွင် ဝမ်ယွီလန်က သူမထက်ပိုဆင်းရဲတာကြောင့် လှောင်ပြောင်ကာ မနှိမ်ရဘဲကိုမနေနိုင်တာဖြစ်သည်။
တကယ်တော့ ထိုအမျိုးသမီးအလုပ်အကိုင်ရာထူးကလဲ ဝမ်ယွီလန်နှင့်အတူတူသာဖြစ်ပေမယ့် ချမ်းသာသည့်ယောက်ျားနှင့်လက်ထပ်ခဲ့တာဖြစ်သည်။ သူမသည် တစ်ခါတရံ သူမ၏ဇိမ်ခံအသုံးအဆောင်ပစ္စည်းများကိုယူကာ အလုပ်ထဲတွင်ကြွားဝါလေ့ရှိသည်။ သူမကိုဖားလိုသည့်လူတချို့ကလွဲလျှင် တခြားလူတွေကတော့ သူမအပြုအမူကိုမုန်းတီးကြသည်။
သူမကလဲ သူမထက်ဆင်းရဲသည့်လူများနှင့်အပေါင်းအသင်းမလုပ်ပေ။ ပြောရရင်တော့ သူမကိုလူတွေမနာလိုဖြစ်နေသည်ကိုခံစားရတာကပင် သူမအတွက်ပျော်ရွှင်မှုတစ်ရပ်ဖြစ်သည်။
ဝမ်ယွီလန်ကလဲ ထိုအမျိုးသမီးကိုတော်တော်လေးမကြိုက်ပေမယ့် လူကြားထဲမှာတော့ သူမနှင့်စကားမများလိုပေ။ ဒါကြောင့် သူမဒေါသကိုဖိနှိပ်ကာ ပြုံးသာပြုံးလိုက်သည်။ “ငါတို့မှာအဲ့လောက်ငွေအများကြီးမရှိပါဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့အတွက်ကုန်ကျစရိတ်ခံပေးတယ်လေ။”
သူမမိသားစုမှာ လတ်တလောအပိုအသုံးစားရိတ်မရှိသည့်ကိစ္စကိုလဲ ဖုံးဖိငြင်းဆန်နေစရာအကြောင်းမရှိပေ။
“တယ်လား? ဘယ်သူကလဲ?” ဝမ်ယွီလန်၏အပြောင်းကြောင့် အမျိုးသမီးမှာ စိတ်ပျက်သွားတော့သည်။ ဝမ်ယွီလန်မှာ Bမြို့မှာနေထိုင်စားသောက်စရိတ်အကုန်ကျခံပေးနိုင်သည့် ချမ်းသာသောဆွေမျိုးရှိနေမှန်းသိရ၍ အံ့ဩသွားရသည်။
“ငါ့ယောက်မလေ။”
အမျိုးသမီးမျက်လုံးများလှုပ်ရှားသွားကာ လုပ်ပြုံး,ပြုံးလိုက်သည်။
“သူကဘာလုပ်တာမို့လို့လဲ? အရမ်းချမ်းသာတာလား?”
“သူက အလှပြင်ဆိုင်ဖွင့်ထားတာ။” ဝမ်ယွီလန်က သာမာန်ကာလျှံကာသာပြန်ဖြေလေသည်။
အလှပြင်ဆိုင်?
အမျိုးသမီး၏နှုတ်ခမ်းများတွန့်ကွေးသွားတော့သည်။ အလှပြင်ဆိုင်ပိုင်ရှင်တစ်ယောက်က အရမ်းမချမ်းသာနိုင်ပေ။
“ဖြတ်ပြောရတာတော့စိတ်မကောင်းပါဘူး။ ဒါနဲ့၊ အဒေါ်ကြီးရဲ့မိသားစုကရောဘယ်လောက်ချမ်းသာလဲ?” ကုယင်ယင်က ရုတ်တရက်ကြီးဝင်မေးလာသည်။
အမျိုးသမီးကလဲ ချက်ချင်းဆိုသလို ဝံ့ကြွားသည့်အပြုံးမျိုးပြုံးလိုက်ကာ၊ “ငါ့မိသားစုက ယွမ်၁၀သန်းကျော်ပိုင်ဆိုင်မှုရှိတယ်။”
“အိုး၊ သိပ်မများဘူးပဲ။ ကျွန်မအဒေါ်နဲ့သူ့သမီးဆိုရင် ယွမ်သန်း၁၀၀ကျော်ပိုင်ဆိုင်မှုရှိတာ! ကျွန်မအဒေါ်က အလှပြင်ဆိုင်ဖွင့်ထားတာဆိုပေမယ့် သူ့သမီးကတော့ လက်ဝတ်ရတနာဆိုင်ရဲ့သူဌေးလေ။ ကျွန်အမေဆို သူတို့ဆီကနေ ယွမ်ဆယ်သန်းကျော်တန်တဲ့ လက်ဝတ်ရတနာအစုံလိုက်လက်ဆောင်ရထားတာ!”
ကုယင်ယင်က ထိုအမျိုးသမီးစိတ်တိုသွားအောင်လုပ်လိုခြင်းဖြစ်သည်။ ထိုအမျိုးသမီးအပြောအဆိုက အလွန်စက်ဆုပ်ဖို့ကောင်းကာ သူတို့ကိုထပ်ခါတလဲလဲအရှက်ခွဲနေလေသည်။
“ဘာပြောတယ်?” အမျိုးသမီးမှာ အလွန်အံ့ဩသွားတော့သည်။
ဝမ်ယွီလန်မှာ ယွမ်ဆယ်သန်းကျော်သည့်လက်ဝတ်ရတနာအစုံလိုက်တောင်ရှိတယ်တဲ့လား?
ချက်ချင်းဆိုသလို မနာလိုစိတ်များပွင့်ထွက်လာတော့သည်။ သူမမှာရှိသည့်ဈေးအကြီးဆုံး လက်ဝတ်ရတနာအစုံလိုက်တောင်မှ ယွမ်သိန်းကျော်သာတန်ဖိုးရှိပြီး အဲ့ဒါကလဲ သူမမင်္ဂလာနှစ်ပတ်လည်အတွက် လက်ဆောင်ရခြင်းဖြစ်သည်။ ထိုသို့ရဖို့တောင်မှ သူမခင်ပွန်းကိုအချိန်အတော်ကြာအောင် တောင်းဆိုထားရတာဖြစ်သည်။
သူမမိသားစုမှာ ယွမ်ဆယ်သန်းကျော်ပိုင်ဆိုင်မှုရှိသည်ဆိုသော်လည်း အများစုမှာ ထုတ်သုံး၍မရသည့် ငွေသေများဖြစ်သည်။ ဒါ့အပြင် သူမခင်ပွန်းသည်ကပ်စီးနှဲသူဖြစ်တာကြောင့် ဇိမ်ခံအသုံးအဆောင်များဝယ်ဖို့အတွက်နှင့် သူမကိုငွေအများကြီးမပေးပေ။
တကယ်တော့ သူမခင်ပွန်းသာ သူမအပေါ်အလွန်ရက်ရောနေလျှင် သူမလဲအလုပ်ထွက်ကာ ချမ်းသာသည့်အမျိုးသမီးများလို ငွေဖြုန်းကာပျော်ပါးနေလောက်ပေပြီ။
လူများစွာက သူမကိုထိုကိစ္စနှင့်ပတ်သတ်လို့ မေးမြန်းကြသည်။ သူမဘာလို့များ အလုပ်ထွက်ကာ ချမ်းသာသည့်ခင်ပွန်းနှင့်ချစ်ခင်ရင်း ဇိမ်ကျကျမနေတာလဲလို့ပင်။
သို့သော် သူမကတော့ သေချာပေါက် သူတို့ကိုအမှန်အတိုင်းမပြောနိုင်ပေ။ ဒါကြောင့် သူမလိမ်ညာကာ အမျိုးသမီးတွေက ကိုယ့်အလုပ်အကိုင်နှင့်ကိုယ် အမှီအခိုကင်းကင်းနေသင့်တာကြောင့်ဟု ပြန်ပြောခဲ့သည်။
သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများကတော့ ချမ်းသာသည့်အမျိုးသမီးအများစုသည် သူတို့ခင်ပွန်းတွေအပေါ် မမှီခိုကြဘဲ ကိုယ်တိုင်အလုပ်လုပ်ကြမှန်းသိထားတာကြောင့် သူမစကားကိုယုံကြည်ကြလေသည်။
သို့သော်လည်း သူမအမြဲလှောင်ပြောင်နေခဲ့သည့် ဝမ်ယွီလန်က သူမမှာရှိတာထက်ပိုပြီးဈေးကြီးလှသည့် လက်ဆောင်ပစ္စည်းတွေအပေးခံရမှန်းသိလိုက်ရချိန်တွင် အလွန်အံ့ဩသွားလေသည်။
“ငါ့ကို ချဲ့ကားပြီးပြောနေတာမဟုတ်လား!” အမျိုးသမီးမှာ အမှန်တရားကိုလက်မခံနိုင်ခဲ့ပေ။
***
အခန်း ၉၅၃ အမှန်ပဲလား?
“ကျွန်တော့်ညီမကြွားပြောနေတာမဟုတ်ဘူး! JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို ကြားဖူးလား? အဲ့ဒီဘရန်းက ကျွန်တော့အစ်မပိုင်တာပဲ။” ကုချင်းရှီကပါ ဝင်ပြောလာသည်။
“ဘာ? JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက နင်တို့ဆွေမျိုးပိုင်တာလား?”
အမျိုးသမီးမှာ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်လို့နေသည်။
သူမလဲ Gမြို့မှာနေတာဖြစ်ကာ JadeBeautyလက်ဝတ်ရတနာ၏ပထမဆုံးဆိုင်သည် Gမြို့မှာဖွင့်ခဲ့တာဖြစ်သည်။ ထို့အပြင် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ရင်းနှီးမြှုပ်နှံမှုမှာ ယွမ်သန်းတစ်ရာကျော်ကာ ဆိုင်ဖွင့်ပွဲတုန်းကလဲ Gမြို့မှအထူးပုဂ္ဂိုလ်တစ်ဝက်လောက်တက်ရောက်ခဲ့သေးကြောင်းလဲ သူမသိထားသည်။ ဒါ့အပြင် JadeBeauty၏ပိုင်ရှင်မှာ ၁၈နှစအရွက်မိန်းမငယ်လေးတစ်ယောက်လဲဖြစ်သေးသည်။
“ဒါပေါ့!”
ကုချင်းရှိနှင့်ကုယင်ယင်တို့ အတော်လေးဂုဏ်ယူနေကြသည်။ သူတို့ကြွားချင်လွန်းနေတာမဟုတ်ဘဲ ထိုအမျိုးသမီးမောက်မာနေမှုကို ဆက်သည်းမခံနိုင်ကြရုံသာဖြစ်သည်။
ကုချင်းယန်နှင့်ဝမ်ယွီလန်တို့ကလဲ ထိုအမျိုးသမီးကိုမုန်းတီးနေကြတာကြောင့် ကုချင်းရှီနှင့်ကုယင်ယင်တို့ကို တားမြစ်ခြင်းမပြုကြပေ။ သူတို့ကတော့ လူကြီးများဖြစ်သလို မိဘများလဲဖြစ်တာကြောင့် သူတို့ကိုယ်တိုင်ဝင်ပြောဖို့ အဆင်မပြေသော်လည်း ကလေးတွေကိုတော့လွှတ်ထားလို့ရသည်။
ကုနင်းက အလွန်ချမ်းသာခြင်းဖြစ်ကာ သူတို့ချမ်းသာတာမဟုတ်သော်လည်း သူတို့က အလွန်ချမ်းသာသည့်လူ၏ဆွေမျိုးဖြစ်နေလျှင် တခြားလူတွေက လေးစားနေကြဦးမည်ဖြစ်သည်။
“တ-တကယ်လား?”
“ကျွန်တော်တို့တစ်ခုမှလိမ်မထားဘူး။ ကိုယ်ဘာသာစစ်ကြည့်လိုက်ပေါ့။” ကုချင်းရှီက မျက်လုံးကိုအသာလှန်ကာ အမျိုးသမီးကိုကြည့်လိုက်သည်။
တကယ်တော့ ထိုအမျိုးသမီးသည်လဲ ဝမ်ယွီလန်၏ဆွေမျိုးက အလွန်ချမ်းသာသူဖြစ်သည်ကို မယုံတာမဟုတ်ဘဲ မယုံချင်ရုံသာဖြစ်သည်။
“ဟုတ်ပြီ၊ နင်းနင်းချမ်းသာတာ ငါတို့ချမ်းသာတာမဟုတ်ဘူး။ လုံလောက်ပြီ၊ မင်းတို့လဲတော်ကြတော့။” ကုချင်းယန်ကနောက်ဆုံးတော့ ဝင်ပြောလာခဲ့သည်။
အဖေဖြစ်သူ၏စကားကြားကာမှ ကုချင်းရှီနှင့်ကုယင်ယင်တို့လဲ ပါးစပ်ပိတ်သွားတော့သည်။ သူတို့သည် အခုဆို ကုနင်း၏ပရိသတ်များပင်ဖြစ်နေပြီဖြစ်ကာ သူမကို သူတို့အိုင်ဒေါအဖြစ်မှတ်ယူထားကြသည်။ သို့သော်လည်း အတိတ်ကသူတို့ကြားမှဆက်ဆံရေးမှာ လွန်စွာဆိုးရွားခဲ့တာကြောင့် ကုနင်းနှင့်အတူရှိချိန်များတွင် နေရထိုင်ရခက်နေကြတုန်းပင်။
အမျိုးသမီးမှာတော့ ဘာပြောလို့ပြောရမှန်းမသိတော့ကာ ဝမ်ယွီလန်၏ဆွေမျိုးက JadeBeauty၏ပိုင်ရှင်ဖြစ်သည့်အမှန်တရားကို လက်ခံလိုက်ရတော့သည်။
ဝမ်ယွီလန်၏မိသားစုကတော့ မချမ်းသာသော်လည်း အလွန်ချမ်းသာသည့်ဆွေမျိုးတွေရှိနေတာကြောင့် သူတို့ကို သူမထပ်ပြီးအနှောင့်အယှက်မပေးရဲတော့ပေ။ ဒါကြောင့် အမျိုးသမီးလဲ ဝမ်ယွီလန်ကို လှောင်ပြောင်ခြင်းအမှုကို ရပ်လိုက်တော့သည်။
နောက်တော့ ဝမ်ယွီလန်တို့မိသားစုလဲ ဆက်ထွက်ခဲ့ကြသည်။
သူတို့ထွက်လာသည်နှင့် ကုနင်းနှင့်တခြားလူများက ကြိုစောင့်လို့နေကြပေပြီ။
“ဟေး၊ ငါတို့ဒီဘက်မှာ!” ကုချင်က လက်ဝှေ့ယမ်းကခေါ်လိုက်သည်။
အားလုံးဆုံကြသည်နှင့် အချင်းချင်းနှုတ်ဆက်လိုက်ကြကာ ကုနင်းခေါ်ဆောင်ရာလိုက်ပါခဲ့ကြသည်။
တကယ်တော့ ဝမ်ယွီလန်၏လုပ်ဖော်ကိုင်ဖက်ကလဲ အနောက်မှတိတ်တိတ်လေးဆက်လိုက်လာတာကြောင့် ကုနင်းကိုမြင်သွားခဲ့သည်။ ကုနင်းကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူမချက်ချင်းမှတ်မိသွားကာ ဝမ်ယွီလန်၏ဆွေမျိုးက တကယ်ပဲကုနင်းဖြစ်နေသည်ကို မယုံချင်သော်လည်း ယုံလိုက်ရတော့သည်။
ကုနင်း၏မိသားစုနာမည်က ကုဖြစ်ကာ ဝမ်ယွီလန်၏ခင်ပွန်းသည်လဲ ကုပဲဖြစ်တာကြောင့် ကုနင်းသည် ဝမ်ယွီလန်၏ခင်ပွန်းဘက်မှတော်စပ်သည့်ဆွေမျိုးဖြစ်ရပေမည်။
ကုနင်း၏ကားသည် အပြင်ဘက်မှာပဲရပ်ထားကာ ကားပါကင်အထိမရောက်ပေ။
ပုံမှန်အားဖြင့် ထိုနေရာမှာကားရပ်ပါက ဒဏ်ရိုက်ခံရမည်ဖြစ်သော်လည်း ထန်မိသားစု၏ကားဖြစ်တာကြောင့် ဘယ်သူကမှဘာမှမပြောရဲကြပေ။
တစ်ခါတလေတော့ ကိုယ့်မှာအဆက်အသွယ်တွေရှိနေတာက အတော်လေးအဆင်ပြေလှသည်။
ကုနင်းက ကုချင်နှင့်ဝမ်ယွီလန်ကို သူမကားထဲဝင်စေကာ ကုချင်းယန်၊ ကျန်းရှုနှင့်ကလေးသုံးယောက်ကိုတော့ ကားအကြီးထဲဝင်ဖို့ပြောလိုက်သည်။
သို့သော် ကုချင်းယန်၊ ကျန်းရှုနှင့် ကုချင်းရှီတို့ ကုနင်း၏ကားကိုမြင်သွားသည်နှင့် အလွန်အံ့ဩမှင်တက်နေတော့သည်။ ထိုကားသည် အဖြူရောင်အကန့်အသတ်ထုတ်Lamborghiniပဲမဟုတ်လား။
ယောက်ျားလေးတွေအားလုံး ကားများကိုသဘောကျကြသည်ကသဘာဝပင်။ ဇိမ်ခံကားအမျိုးအစားများနှင့် သူတို့ရင်းနှီးမှုမရှိဘူးဆိုရင်တောင်မှ ဘရန်းများကိုမြင်ရုံနှင့်မှတ်မိနိုင်ကြတုန်းပင်။ အထူးသဖြင့် ဒီကား၏ပုံစံကကို ထူးခြားနေတာပင်။
ဝမ်ယွီလန်နှင့်ကျန်အမျိုးသမီးများကတော့ ကားချစ်သူများမဟုတ်တာကြောင့် ကုနင်း၏ကားကကြည့်ကောင်းသည်ဟုသာ တွေးမိကြသည်။
ကုနင်း၏ကား ဒီနေရာမှာရပ်ထားကတည်းက လူများစွာ၏အာရုံစိုက်ခြင်းကိုခံနေရတာဖြစ်သည်။ တချို့အမျိုးသမီးများဆိုလျှင် ကားပိုင်ရှင်က ငယ်ရွယ်ချမ်းသာသည့် ချောမောသောကောင်လေးများဖြစ်မလားဟု မျှော်လင့်ကာ အနားတွင်တမင်ရပ်စောင့်နေကြသည်။ ကားပိုင်ရှင်ကသာ သူတို့ကိုသတိထားမိသွားလျှင် သူတို့လဲဇိမ်ကျကျဘဝတွင်နေနိုင်သွားပေမည်။
ထိုသို့သောအတွေးမျိုးရှိသည့်အမျိုးသမီးများမှာ အသိသာကိုပင်အရည်အချင်းမရှိသည့် အမျိုးသမီးများပင်ဖြစ်သည်။
သူတို့ကိုအံ့ဩစေခဲ့သည်က ကားပိုင်ရှင်မှာ ချမ်းသာကာလှပသည့်မိန်းမငယ်လေးတစ်ယောက်ဖြစ်နေခြင်းပင်!
“နင်းနင်း၊ နင့်ကားကအရမ်းမိုက်တာပဲ! ဘယ်လောက်ပေးရလဲ?” ကုချင်းရှီ၏မျက်ဝန်းများက တောက်ပနေခဲ့သည်။ သူ ကားကိုထိကြည့်လိုက်ချင်သော်လည်း ထိရဲသည့်သတ္တိကရှိမနေပေ။
“ယွမ်သန်းနှစ်ဆယ်ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်။”
“ဘာ? ယွမ်သန်းနှစ်ဆယ်တောင်?”
ဈေးကိုသိပြီးသား ကုမန့်ကလွဲလို့ ကျန်လူအားလုံးအလွန်အံ့အားသင့်သွားကြသည်။ ဒီလောက်ဈေးနှုန်းမျိုးကို သူတို့တစ်ခါမှမတွေးကြည့်ခဲ့ဖူးပေ။
ကုနင်း အလွန်ချမ်းသာမှန်း သူတို့သိထားသော်လည်း ဒီလောက်ဈေးကြီးသည့်ကားတစ်စီးဝယ်ဖို့မလိုအပ်လှဟု တွေးမိနေကြတုန်းပင်။
“ဒါအကန့်အသတ်နဲ့ထုတ်ထားတာမဟုတ်လား?” ကုချင်းရှီထပ်မေးလိုက်ပြန်သည်။
“နင် ကားအကြောင်းတော်တော်သိတာပဲ။ နင့်အထင်မှန်ပါတယ်။” ကုနင်းပြုံးလိုက်သည်။
“ဒါပေါ့၊ ငါအများကြီးသိတယ်!” ကုချင်းရှီကတော့ ကုနင်းချီးကျူးလိုက်၍ အတော်လေးမြောက်သွားပုံပင်။
“ယွမ်သန်းနှစ်ဆယ်နဲ့သာဆို ငါပစ္စည်းတွေအများကြီးဝယ်လို့တောင်ရတယ်!” ကုယင်ယင်ကပြောလိုက်သည်။ သူမဆိုလျှင် ကားတစ်စီးအတွက် ဒီလောက်ငွေအများကြီးသုံးမည်မဟုတ်ပေ။
“နင်းနင်း၊ ငါနင့်ကားလိုက်စီးလို့ရမလား?” ကုချင်းရှီမေးလိုက်သည်။
“အထဲမှာလူများရင် သိပ်အဆင်မပြေဘူး။ ဒီနောက်ကကားနဲ့လိုက်ခဲ့လိုက်ပါ။ အိမ်ရောက်လို့နားပြီးကာမှ နင်တို့ကိုကားပတ်စီးဖို့ခေါ်သွားပေးမယ်။”
အခုဆို သူတို့ဘက်က ကုနင်းကိုရင်းရင်းနှီးနှီးဆက်ဆံလာပြီဖြစ်တာကြောင့် ကုနင်းကလဲ ကောင်းကောင်းမွန်မွန်ပြန်ဆက်ဆံဖို့လိုလားသွားပေပြီ။ သူတို့အားလုံးသည် သူမအမြင်တွင်တော့ ကလေးတွေသာဖြစ်တာကြောင့် ယခင်ကလုပ်ရပ်များအပေါ် ခွင့်လွှတ်ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူမစိတ်က အသက်၂၈နှစ်အရွယ်အမျိုးသမီးတစ်ယောက်ပဲလေ။
***
အခန်း ၉၅၄ အပျော်စီးလှေ
“ဒီလိုဆိုမှတော့ ကောင်းပါပြီ။” ကုနင်း၏စကားကို ကုချင်းရှီသဘောတူလိုက်ပြီးနောက် Lamborghiniအနောက်ဘက်မှ ကားရှိရာသို့ထွက်သွားတော့သည်။
ကားထဲမှာတော့ ကုမန့်၊ ကုချင်နှင့်ဝမ်ယွီလန်တို့က စကားဖောင်ဖွဲ့နှင့်နေပေပြီ။
ကုချင်ရော ဝမ်ယွီလန်ပါ ထန်ယွင်ဖန်း၏မိသားစုနောက်ခံအကြောင်း မသိကြသေးပေ။ ကုမန့်က ထန်ယွင်ဖန်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်းလောက်ကိုသာ ပြောပြထားပြီး အသေးစိတ်အကြောင်းအရာများကိုတော့ မပြောထားသေးပေ။
သူတို့ ဟွားဖုတောင်ကုန်းသို့ရောက်ရှိသွားချိန်မှာတော့ ကုနင်း၏လှပသောနေအိမ်ကြောင့် ထပ်မံအံ့အားသင့်ကြရပြန်သည်။
Bမြို့ရှိအိမ်ဈေးနှုန်းများသည် ပုံမှန်ထက်ဈေးပိုမြင့်မှန်း သူတို့လဲအခြေခံအသိရှိကြတာကြောင့် ဒီလိုမြို့လယ်ခေါင်မှအိမ်ကြီးအိမ်ကောင်းများသာဆိုလျှင် ယွမ်ဆယ်သန်းကျော်တန်ကြေးရှိမည်မှန်း ခန့်မှန်းမိကြသည်။
ကုနင်း၏အမြင်မှာတော့ အိမ်ဈေးကသိပ်မမြင့်လောက်သော်လည်း သူတို့သည်တော့ လွန်စွာအံ့အားသင့်နေကြရစဲပင်။
ကုနင်းက သူတို့ကိုလမ်းပြခေါ်ဆောင်သွားကာ အခန်းများစီစဉ်ပေးသည်။
ကျန်းရှုက တစ်ယောက်တည်းနေကာ ကုချင်းယန်နှင့်ကုချင်းရှီသည်တော့ ဒုတိယထပ်မှာ တစ်ခန်းမျှသုံးသည်။ ကုချင်နှင့်ကျန်းရှင်းရွှယ်သည်လဲ တစ်ခန်းမျှသုံးတာကြောင့် ဝမ်ယွီလန်နှင့်ကုယင်ယင်သည်လဲ အလားတူပင်။ ကုမန့်နှင့်ကုနင်းသည်တော့ သူတို့ကိုယ်ပိုင်အခန်းမှာသာ အိပ်ကြသည်။
အခုတော့ ကုနင်း၏ကြီးမားလှသောအိမ်ကြီးမှအခန်းများသည် ပြည့်သွားပြီဖြစ်တာကြောင့် ကောင်းယိနှင့်ချောင်ယတို့ကို အပြင်မှာရက်ပိုင်းလောက်နေ,နေဖို့ ကုနင်းလှမ်းပြောရသည်။ သူတို့အတွက်တစ်ခါတည်း အားလပ်ချိန်ပါရသွားခြင်းပင်။
ကုနင်းက သူမဆွေမျိုးများကို အရင်ဆုံးခဏတာအနားယူထားဖို့ပြောလိုက်သည်။ သူမတို့လျှောက်မလည်ခင်တော့ အတူတူညစာစားပေဦးမည်။
……
ညနေ၅နာရီခွဲပြီးချိန်မှာတော့ ကုနင်းတို့အားလုံး အိမ်မှထွက်လာကြသည်။ ကုချင်းရှီ၊ ကုယင်ယင်နှင့် ကျန်းရှင်းရွှယ်တိုက ကုနင်း၏ကားထဲတွင်ထိုင်ကာ ကျန်လူများသည်တော့ ကားအကြီးထဲတွင် နေရာယူကြသည်။
ကောင်းယိနှင့်ချောင်ယတို့လဲ ပြန်ရောက်နေပြီဖြစ်ကာ ကောင်းယိက ကားအကြီးကိုမောင်းဖို့တာဝန်ယူထားသည်။
“ဝါး၊ ဇိမ်ခံကားဆိုတဲ့အတိုင်း တကယ်ကိုသက်တောင့်သက်သာရှိတာပဲ!” ကုချင်းရှီက ရှေ့ခန်းဘေးခုံတွင်ထိုင်ရင်းပြောလိုက်သည်။
“မင်းတို့သာ စာကြိုးစားရင် မင်းတို့တက္ကသိုလ်ကဘွဲ့ရပြီးတာနဲ့ မင်းတို့အတွက်ကားတွေဝယ်ပေးမယ်။” ကုနင်းပြောလိုက်သည်။ သူမမိသားစုများအတွက်ဆိုလျှင် အရမ်းကိုရက်ရောလွန်းလှပေသည်။
“တကယ်လား?” ကလေးတွေအားလုံးထဲမှ ကုချင်းရှီသည်တော့ စိတ်အလှုပ်ရှားဆုံးပင်။ ယောက်ျားလေးများ၏ ကားကိုနှစ်သက်သည့်စိတ်ခံက ပိုလို့စိတ်လှုပ်ရှားစေခဲ့ခြင်းပင်။
ကျန်းရှင်းရွှယ်နှင့်ကုယင်ယင်တို့ကတော့ သူ့လောက်ကြီးစိတ်မလှုပ်ရှားကြသော်လည်း ပျော်ရွှင်ဝမ်းသာနေကြသည်။
ကုနင်းက သူတို့ကိုညစာစားဖို့ရန်အတွက် ဟွမ်းဒင်ဟိုတယ်သို့သာခေါ်သွားသည်။ ထန်ဟိုင်ဖုန်းကတော့ သူတို့ကို ထန်မိသားစုနှင့်အတူ ဧည့်ခံချင်လားဟု ကုနင်းကိုမေးခဲ့သော်လည်း ကုနင်းက ငြင်းပယ်ခဲ့သည်။
ကုမန့်သည် သူမမောင်နှမများနှင့်ဘယ်လောက်ပဲ ရင်းနှီးမှုရှိသည်ဆိုဆို ယဉ်ကျေးမှုအရ အကွာအဝေးတော့ခြားထားသင့်သေးသည်။
…….
ညစာစားပြီးနောက် ကုနင်းက သူတို့ကိုလည်ပတ်ရန်ဆက်ခေါ်သွားသည်။
ပထမဆုံး သူတို့သွားခဲ့သည့်နေရာကတော့ Bမြို့မှာနာမည်ကြီးမြစ်တစ်ခုကိုပင်။
ထန်ယွင်ဖန်းက သူတို့မြစ်ကိုမရောက်ခင်ကတည်းက သူတို့အတွက် အပျော်စီးလှေတစ်စင်းကြိုတင်စီစဉ်ပေးထားပြီးဖြစ်သည်။
သူတို့ဆိပ်ကမ်းကိုရောက်ချိန်မှာတော့ ဝမ်ယွီလန်၏လုပ်ဖော်ကိုင်ဖက်နှင့်ထပ်တွေ့ရပြန်သည်။ ထိုအမျိုးသမီးကလဲ မြစ်ထဲလည်ပတ်ရန်အတွက် သူမသူငယ်ချင်းနှစ်ယောက်နှင့် ရောက်နေခြင်းပင်။ သို့သော် လက်ရှိအချိန်မှာ လာရောက်လည်ပတ်သူအရမ်းများနေတာကြောင့် အပျော်စီးလှေတစ်စီးရနိုင်ဖို့ကို စောင့်ဆိုင်းနေရသည်။
လှေများကိုစောင့်စီးရတာက အရမ်းကိုပုံမှန်အခြေအနေမျိုးသာဖြစ်သော်လည်း ကမ်းနားမှာရပ်ထားသည့်ဇိမ်ခံလှေအသေးတစ်စင်းပေါ်ကို သူတို့တက်မည်အား အစောင့်ကတားမြစ်သည့်အချိန်မှာတော့ မကျေမနပ်ဖြစ်ကြရသည်။ သူတို့က အကြောင်းအရင်းကိုမေးမြန်းကာ အစောင့်ကလဲ ထိုအပျော်စီးလှေသည် ခရီးသွားများအတွက်မဟုတ်ကြောင်း ပြန်ဖြေခဲ့သည်။
ဒါကြောင့် ကုနင်းတို့တွေ ထိုလှေပေါ်တက်သွားသည်အားမြင်သည်နှင့် ဒေါသထွက်လာကြတော့သည်။
ဝမ်ယွီလန်၏လုပ်ဖော်ကိုင်ဖက်ကတော့ ဘာမှမပြောသော်လည်း သူမသူငယ်ချင်းများကတော့ ဒေါသထွက်ကုန်ကြသည်။ သူမသူငယ်ချင်းက ကုနင်းနှင့်စကားများဖို့သွားတော့မည့်အချိန်မှာပဲ ဝမ်ယွီလန်၏လုပ်ဖော်ကိုင်ဖက်က အမြန်လှမ်းတားတော့သည်။
“ဘာလို့ငါ့ကိုဆွဲထားတာလဲ? သူတို့ကျဘာလို့ လှေပေါ်တက်နိုင်တာတုန်း? ငါသူတို့နဲ့စကားသွားပြောမှရမယ်!” အမျိုးသမီး၏သူငယ်ချင်းက လုံးဝကိုမကျေနပ်ဖြစ်နေသည်။
“သူတို့ကို ငါသိတယ်။ သူတို့ကသာမာန်လူတွေမဟုတ်ဘူး။” အမျိုးသမီးက ပြောပြလိုက်သည်။
သို့ပေမည့် သူမသူငယ်ချင်းကတော့ အတော်လေးမောက်မာသည့်စရိုက်ရှိပုံရပေသည်။ “နင်သူတို့နဲ့သိနေမှတော့ ငါတို့ကိုလဲ အတူလှေမျှစီးခိုင်းဖို့ ဘာလို့သွားမပြောတာလဲ?”
“ငါ သူတို့နဲ့မကြာသေးခင်ကမှ စကားများထားခဲ့တာ။ သူတို့ငါ့ကို အပြစ်မပေးတာကတင် တော်တော်လေးကံကောင်းနေပြီ။ သူတို့ကိုအကူညီသွားမတောင်းရဲပါဘူး!”
ထိုစကားကြောင့် သူမသူငယ်ချင်း နှုတ်ဆိတ်သွားတော့သည်။ သူတို့ဘက်ကတိတ်ဆိတ်သွားသော်လည်း တခြားလည်ပတ်သူများကတော့ စိတ်တိုနေကြတုန်းပင်။
“ဟေ့၊ မင်းတို့ပဲ ဒီလှေကစီးလို့မရဘူးလို့မပြောထားဘူးလား? ငါတို့ကျမရဘဲ သူတို့ကျမှဘာလို့တက်သွားတာလဲ?” နောက်တွင် အမျိုးသမီးနှင့်ယောက်နှင့်အမျိုးသားတစ်ယောက်အတူပါရှိလာသည့် လူငယ်တစ်ယောက်က လုံခြုံရေးအစောင့်ကိုမေးလိုက်သည်။ ထိုလေးယောက်က စုံတွဲနှစ်တွဲဖြစ်ပုံရပေသည်။
“ဒါက လည်ပတ်သူတွေအတွက် အပျော်စီးလှေမဟုတ်ပါဘူး။ သီးသန့်ကိုယ်ပိုင်အပျော်စီးလှေပါ။” အစောင့်ကပြန်ပြောလာခဲ့သည်။
ဒီတော့ ဒါက ကိုယ်ပိုင်အပျော်စီးလှေပေါ့!
ထိုစကားကိုကြားသည်နှင့် လူငယ်သည်လဲ ပါးစပ်ပိတ်သွားတော့သည်။
“ကိုယ်ပိုင်အပျော်စီးလှေပေါ့? အရမ်းချမ်းသာတဲ့လူတွေပဲဖြစ်ရမယ်။” တစ်ယောက်ကပြောလိုက်သည်။
“ဒါပေါ့၊ အပျော်စီးလှေပိုင်မှတော့ သာမာန်လူဘယ်ဖြစ်နိုင်တော့မလဲ။”
……..
“သူတို့က ဘယ်သူတွေလဲ?” အမျိုးသမီး၏သူငယ်ချင်းက အတင်းအဖျင်းစိတ်ဝင်စားသူပီပီ သိချင်လာသည်။
“မိန်းကလေးငယ်ငယ်လေးက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ဘော့စ် ကုနင်းပဲ။” အမျိုးသမီးကပြန်ဖြေလိုက်သည်။ ကုနင်းနှင့် ဝမ်ယွီလန်၏မိသားစုတို့ပတ်သတ်မှုရှိသည့်အကြောင်းအား ပြန်တွေးမိသည်နှင့် သူမမနာလိုဖြစ်မိနေတုန်းပင်။
“ဘာ? အဲ့ဒီမိန်းကလေးက ကုနင်းပေါ့၊ JadBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ဘော့့စ်ပေါ့?”
အမျိုးသမီး၏သူငယ်ချင်းနှစ်ယောက်လုံး အံ့ဩသွားကြလေသည်။ JadBeautyလက်ဝတ်ရတနာလုပ်ငန်းသည် လက်ရှိအချိန်တွင် အလွန်ကျော်ကြာ်နေတာကြောင့် သူတို့လဲကြားဖူးကြသည်။
“ဒါဆို နင်က သူနဲ့ဘယ်လိုလုပ်စကားများကြတာလဲ?” အမျိုးသမီး၏သူငယ်ချင်းက ထပ်မေးလာပြန်သည်။
“ငါက သူ့ဆွေမျိုးတွေကို သွားလှောင်မိရုံပါ။ ကိစ္စကြီးမဟုတ်ဘူး။” အမျိုးသမီးကပြန်ပြောလိုက်သည်။ တကယ်တော့ နောက်တစ်ကြိမ်ဆိုလျှင် သူမထိုသို့သော လုပ်ရပ်မျိုးထပ်လုပ်ရဲတော့မည်လဲမဟုတ်ပေ။
ထိုစကားကြောင့် သူမသူငယ်ချင်းများ အနည်းငယ်စိတ်သက်သာရာရသွားသည်။ သူမသာ တကယ်ပဲကုနင်းကို စိတ်တိုအောင်လုပ်ခဲ့ခြင်းဆိုလျှင် သူမနှင့်ခပ်ခွာခွာနေသင့်သည်ဟု သူတို့တွေးထားကြသော်လည်း ကံကောင်းစွာဖြင့် ကိစ္စကြီးတစ်ရပ်ဟုတ်မနေပေ။
……
ကုနင်းတို့မိသားစုတွေ ဇိမ်ခံလှေပေါ်တက်လာခဲ့ကြသည်။ လှေကအရမ်းမကြီးသော်လည်း သူတို့အားလုံး သက်သောင့်သက်သာနေနိုင်ဖို့အတွက်တော့ ကြီးနေတုန်းပင်။
ကိုယ်ပိုင်အပျော်စီးလှေတစ်စီးဖြစ်တာကြောင့် အပြင်အဆင်က အိမ်တစ်လုံးနှင့်တူကာ ဧည့်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်နှင့် အိပ်ခန်းတစ်ခန်းပါဝင်ပေသည်။
***
အခန်း ၉၅၅ နတ်ဆိုးကျောင်းကို မြစ်ထဲသို့လွှတ်ပေး
အပျော်စီးလှေ၏ဧည့်ခန်းထဲမှာတော့ အချိုပွဲများနှင့်သစ်သီးပွဲများတည်ခင်းထားကာ အားလုံးကို ထန်ယွင်ဖန်းပဲ ကြိုတင်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
“ဝါး၊ အရသာရှိမဲ့အစားအသောက်တွေမှအများကြီးပဲ!”
ကလေးများကတော့ အစားအသောက်များအပေါ် အာရုံရောက်သွားကြတာကြောင့် ကုယင်ယင်ဦးဆောင်ကာ သုံးယောက်သား ချက်ချင်းဆိုသလို စားပွဲနားရောက်ရှိသွားတော့သည်။
“တခြားလူတွေဥစ္စာဖြစ်နေမယ်။ ရမ်းသမ်းမထိနဲ့!” ထိုစားစရာများမှာ သူတို့အတွက်ဟုတ်မဟုတ် မသိရသေးတာကြောင့် ဝမ်ယွီလန်က ကလေးတွေကိုဟန့်လိုက်သည်။
“ရပါတယ်။ အားလုံးအတွက်ထား,ထားတာ။ ကြိုက်တာစားလို့ရတယ်။ နောက်ထပ်လဲ လှေပေါ်မှာထပ်ရှိသေးတယ်။” ကုနင်းကပြုံးကာပြောလိုက်သည်။
ကုနင်း၏အတည်ပြုစကားကိုကြားသည်နှင့် ကုယင်ယင်တို့လဲ ချက်ချင်းဆိုသလို မုန့်များကိုစတင်စားသောက်ကြတော့သည်။
“အရသာရှိလိုက်တာ!” ကလေးတွေက အစားအသောက်ကောင်းများကြောင့် ပျော်ရွှင်စွာအော်ဟစ်နေကြသည်။
“မုန့်တွေအရမ်းမစားနဲ့ဦး။ အစောကတင် ညစာစားထားတာမလား။” ကုချင်းယန်ကပြောလိုက်သည်။
“ဟုတ်ကဲ့ပါ!” အားလုံးသာမာန်ကာလျှံကာသာပြန်ဖြေကာ ဆက်လက်စားသောက်ကြသည်။
ကျန်းရှင်းရွှယ်ကတော့ ကုယင်ယင်နှင့်ကုချင်းရှီတို့ထက် စားတာပိုနှေးသည်။ သူမပါးစပ်အပြည့်ရောင်စုံမုန့်တွေကို ထိုးသိပ်ထည့်မနေဘဲ တစ်ခါစားတစ်ကိုက်စေ သပ်သပ်ရပ်ရပ်လေးစားလို့နေသည်။
“သူတို့ကြိုက်သလိုစားကြပါစေ။ ကလေးတွေပဲကို။” ကုမန့်ကဝင်ပြောလိုက်သည်။
ကုမန့်တောင်ကူပြောပေးနေမှတော့ ကုချင်းယန်နှင့်ဝမ်ယွီလန်တို့လဲ ကလေးတွေကိုအပြစ်တင်မနေကြတော့ပေ။
အပျော်စီးလှေနံရံများကို ဖန်သားများဖြင့်ကာရံထားတာကြောင့် ဧည့်ခန်းထဲမှာထိုင်ရင်း မြစ်ပတ်ဝန်းကျင်မှ ရင်သပ်ရှုမောဖွယ်ညအလှကို မြင်နိုင်ပေသည်။
သို့ပေမည့် ကလေးသုံးယောက်ကတော့ ကလေးသုံးယောက်ကတော့ စားလို့သောက်လို့ပြီးသည်နှင့် လှေကုန်းပတ်သို့ကစားဖို့ထွက်သွားကြသည်။
ကုနင်းသည်လဲ ရေချိုးခန်းထဲဝင်လိုက်ကာ နတ်ဆိုးကျောင်းကိုထုတ်လိုက်သည်။
နတ်ဆိုးကျောင်းထွက်လာသည်နှင့် ပြတင်းပေါက်အပြင်ဘက်မှမြင်နေရသည့် မြစ်ပြင်ကျယ်ကြောင့် စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် ခုန်ထွက်သွားချင်နေတော့သည်။
“ငါမင်းကို မြစ်ထဲလွှတ်ပေးမလို့၊ ဒီတော့ ရက်ပိုင်းလောက် မင်းလွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ဒါပေမယ့် မင်းကိုပြန်ခေါ်ချင်ရင် ဘယ်လိုခေါ်ရမှာလဲ?” ကုနင်းပြောလိုက်သည်။
“အလွယ်လေးပါ။ မင်းမြစ်ထဲကို မှော်စွမ်းအားနည်းနည်းလောက်လွှတ်လိုက်၊ ငါခံစားမိတာနဲ့ ပြန်လာခဲ့မယ်။” နတ်ဆိုးကျောင်းအတွက် မှော်စွမ်းအားက ခံစားရအလွယ်ကူဆုံးပင်။
“ကောင်းပြီလေ၊ ပြဿနာတော့မရှာနဲ့။”
“ငါနားလည်ပါတယ်။” နတ်ဆိုးကျောင်းပြန်ဖြေလိုက်သည်။ တကယ်တော့ သူ့ကိုဘယ်သူကမှ အရင်လာမစသ၍ ပြဿနာဖြစ်စရာအကြောင်းမရှိပေ။
ထို့နောက် ကုနင်းက နတ်ဆိုးကျောင်းကို စိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်ကာ ထွက်လာခဲ့သည်။ သူမအနားဘယ်သူမှမရှိချိန်မှ လှေအစွန်းနားကိုသွားကာ ဒူးညွတ်ထိုင်ကာ နတ်ဆိုးကျောင်းကို မြန်မြန်လေးမြစ်ထဲလွှတ်ပေးလိုက်သည်။ ကံအားလျော်စွာပဲ ညအချိန်က အလွန်မှောင်မိုက်နေကာ တခြားလှေများနှင့်လဲ အတော်လေးဝေးတာကြောင့် သူမလုပ်နေပုံကို ဘယ်သူမှသတိမထားခဲ့မိပေ။
နတ်ဆိုးကျောင်းကိုလွှတ်ပြီးသည်နှင့် ကုနင်း ဧည့်ခန်းသို့ပြန်လာခဲ့သည်။
အပျော်စီးလှေက မြစ်တစ်လျှောက်ရွက်လွှင့်ကာ ရင်သပ်ရှုမောဖွယ်ညအလှကိုပြသနေခဲ့သည်။
“နင်းနင်း၊ အတန်းတွေတက်ဖို့Fမြို့ကိုပြန်သွားစရာမလိုဘူးလား? အခုဆို ဧပြီတောင်ရောက်ပြီ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့နှစ်လပဲလိုတော့တယ်။” ဝမ်ယွီလန်က စိုးရိမ်စိတ်ဖြင့်မေးလိုက်သည်။
“ဟုတ်သားပဲ။” ကုချင်းယန်သည်လဲ ထိုကိစ္စနှင့်ပတ်သတ်၍ စိုးရိမ်နေခဲ့သည်။
ကုနင်းက သူမအတန်းတွင် ထိပ်တန်းကျောင်းသူဖြစ်မှန်း သူတို့သိထားကြသော်လည်း အတန်းတွေမတက်ပါက သူမအမှတ်ကိုထိခိုက်လာနိုင်သေးသည်။ ကျောင်းသားတစ်ယောက်က အချိန်အကြာကြီး စာကိုပစ်ထားပါက သူတို့အမှတ်တွေကကျသွားနိုင်သည်။
တကယ်တော့ ကုနင်းမှာ သူမကိုအကူအညီပေးမည့် ကျောက်စိမ်းမျက်ဝန်းရှိနေသည်ကို သူတို့မသိထားကြတာပင်။
“စိတ်ပူစရာမရှိပါဘူး။ သမီးဘာသာလေ့လာနိုင်ပါတယ်။ ဒီစာမေးပွဲကိုအမှတ်မြင့်မြင့်နဲ့အောင်သွားမယ်လို့ ယုံကြည်ချက်ရှိတယ်။” သူမကို အမှန်တကယ်စိုးရိမ်ပူပန်ပေးနေကြခြင်းဖြစ်မှန်းသိတာကြောင့် ကုနင်းနှစ်သိမ့်ပေးလိုက်သည်။
သူတို့ကလဲ ကုနင်း၏စကားကိုယုံကြည်ကြတာကြောင့် ထိုအကြောင်းဆက်မပြောဖြစ်ကြတော့ပေ။ ကုနင်း တက္ကသိုလ်ကောင်းကောင်းဝင်နိုင်စေဖို့ကိုသာ သူတို့မျှော်လင့်မိသည်။
တစ်နာရီကြာပြီးနောက် လှေက ဆိပ်ကမ်းသို့ပြန်ကပ်လို့လာသည်။ အခုထိစောနေသေးသော်လည်း နောက်ထပ်မလည်ပတ်ချင်ကြတော့တာကြောင့် အိမ်ကိုသာတန်းပြန်လာခဲ့ကြသည်။
ကုနင်း၏အိမ်အပြင်ဘက်သို့ရောက်ချိန်မှာပဲ အပြင်မှပြန်လာသည့်ချောင်ဝမ်ရှင်းနှင့် ဆုံခဲ့ကြသည်။ ချောင်ဝမ်ရှင်းသည် ကားဂိုဒေါင်ထဲမှထွက်လာချိန်တွင် ထန်မိသားစုပိုင်ကားကိုမြင်လိုက်တာကြောင့် ကုနင်းရှိရာသို့လျှောက်လာခဲ့သည်။
ကုနင်းတို့မိသားစုတွေကိုမြင်လိုက်ရတော့ သူမအနည်းငယ်အံ့ဩသွားခဲ့သော်လည်း ကုမန့်၏မင်္ဂလာပွဲကိုတက်ဖို့လာသည့် ကုနင်း၏ဆွေမျိုးတွေဖြစ်လောက်မှန်း သိရှိသွားခဲ့သည်။
“ဟိုင်း၊ နင်းနင်း၊ အန်တီမန့်!”
ချောင်ဝမ်ရှင်းကသူမကိုအန်တီ(ဦးလေး၏ဇနီးကိုခေါ်ဆိုပုံ)ဟုခေါ်လိုက်တာကြောင့် ကုမန့်မှာ အနည်းငယ်မျက်နှာနီသွားရသည်။
“ဟိုင်း ဝမ်ရှင်း။”
“နင်းနင်း၊ နင့်ဆွေမျိုးတွေကို မမိတ်ဆက်ပေးတော့ဘူးလား?”
ချောင်မိသားစုရော ထန်မိသားစုရောသည် ကျင့်ဝတ်ကိုအဓိကထားကြသူများဖြစ်ကြသည်။ ကုနင်း၏ဆွေမျိုးများရောက်နေမှတော့ ချောင်ဝမ်ရှင်းလဲ သူတို့ကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်သင့်ပေသည်။
“အမ်၊ ဒါက ငါ့အန်တီချင်နဲ့ အန်ကယ်ကျန်း။ ဒီဘက်ကတော့ ငါ့အန်ကယ်ကုနဲ့ အန်တီဝမ်။ ဒါကတော့ သူတို့ကလေးတွေ ကျန်းရှင်းရွှယ်၊ ကုချင်းရှီ၊ ကုယင်ယင်။” ကုနင်းအားလုံးကိုမိတ်ဆက်ပေးလိုက်သည်။
“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်! ကျွန်မက ချောင်ဝမ်ရှင်း နင်းနင်းရဲ့ အစ်မဝမ်းကွဲပါ။”
အစကတော့ ချောင်ဝမ်ရှင်းကို ကုနင်း၏အိမ်နီးချင်း ဒါမှမဟုတ် သူငယ်ချင်းဟုသာ တွေးထားကြတာကြောင့် ကုနင်း၏အစ်မဝမ်းကွဲမှန်းသိလိုက်ပြီးနောက် အားလုံးအံ့အားသင့်သွားကြသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးချောင်။”
နောက်တော့ အားလုံး ကုနင်း၏အိမ်ထဲသို့ဝင်ခဲ့ကြသည်။
အခုထိ ၁၀နာရီပင်မထိုးသေးတာကြောင့် ချောင်ဝမ်ရှင်းလဲ သူတို့နှင့်အတူလိုက်သွားခဲ့သည်။
“နင်းနင်း၊ နင်တို့ဘယ်တွေသွားကြတာလဲ?” ချောင်ဝမ်ရှင်းကမေးလေသည်။
“ငါတို့ အရင်ညစာစားပြီး မြစ်ဘက်သွားကြတာ။”
“ငါ့ကိုကျဘာလို့မခေါ်တာတုန်း။” ချောင်ဝမ်ရှင်း မကျေမနပ်ပြောလိုက်သည်။ “မနက်ဖြန်တော့ နင်ဘယ်သွားသွား ငါလိုက်မှာ။”
ကုနင်းကတော့ မတတ်နိုင်သည့်အပြုံးမျိုးသာပြုံးလိုက်မိတော့သည်။ “ငါတို့ မနက်ဖြန်ဘယ်မှမသွားဘူး။ အမေက မင်္ဂလာဝတ်စုံနဲ့လက်ဝတ်ရတနာတွေသွားစမ်းဝတ်ကြည့်ရမှာ။ ပြီးတော့ အိမ်ကိုလဲ အလှဆင်ရဦးမယ်။”
မင်္ဂလာပွဲမတိုင်ခင် သူမတို့ပြင်ဆင်စရာတွေရှိပေသေးသည်။
ကုမန့်သည် အစကတည်းက မင်္ဂလာပွဲဝတ်စုံကိုစမ်းဝတ်ကြည့်လို့ရသော်လည်း သူမမိသားစုရောက်မည့်အချိန်ကို စောင့်နေခဲ့တာဖြစ်သည်။
ထန်ယွင်ဖန်းက သူမအတွက် မင်္ဂလာဂါဝန်၆စုံနှင့် ဂုဏ်ပြုပွဲအတွက် ဝတ်စုံ၆စုံပြင်ဆင်ပေးထားပေသည်။ ဒါကလဲ သူတို့တော်တော်လေးတားထားတာကြောင့်ဖြစ်ပြီး မဟုတ်ပါက ထန်ယွင်ဖန်းက သူမအတွက် ဒီထက်များပြားလှသည့်ဝတ်စုံများပြင်ဆင်ပေးဦးမှာပင်။
သူက သတို့သမီးထက်တောင် ပိုလို့စိတ်လှုပ်ရှားလို့နေသေးသည်။
***