← Chapters

နတ်ဘုရားအသစ်တစ်ပါး ဆင်းသက်လာခြင်း

Vol. 112 Ch. 1710

နတ်ဘုရားအသစ်တစ်ပါး ဆင်းသက်လာခြင်း

Vol. 112 Ch. 1710

စစ်ပွဲက ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှ စကြာဝဠာအားလုံးထဲမှာ ဖြစ်ပွားနေသည်။

နတ်ဘုရားစစ်တပ်များထဲမှ နတ်ဘုရားစစ်သည်တော်များက အရပ်မျက်နှာအဘက်ဘက်မှ ဆင်းသက်လာကြသည်။ ၎င်းတို့က မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့် ဆေဘာဓားများပမာ ဆင်းသက်လာကြသည်။ ၎င်းတို့က တာအိုအလံတိုင်ရှိသော စကြာဝဠာတိုင်းတွင် အမြစ်ဖြတ်သုတ်သင်ခြင်းကို စတင်လိုက်ကြသည်။

တချို့စကြာဝဠာများထဲတွင် မျှော်စင်သဖွယ် ကြီးမားသော ယဇ်ပလ္လင်များက ချက်ချင်း ဖုန်မှုန့်ဖြစ်သွားကြသည်။ တာအိုအလံတိုင်များသည်လည်း နတ်ဘုရားအစွမ်းအောက်မှာ အညံ့ခံလိုက်ရပြီး ပြာဖြစ်သွားကြသည်။

ထိုနေရာများကို စောင့်ကြပ်ပေးနေကြသော ကျင့်ကြံသူစစ်တပ်များသည်တော့ နတ်ဘုရားများ၏ ကျေးကျွန်များ ဖြစ်လာကြပြီး သေခြင်းထက် ပိုဆိုးဝါးသော အခြေအနေဖြင့် တွေ့ကြုံလိုက်ကြရသည်။

သို့တိုင် တခြားစကြာဝဠာများထဲတွင် ယဇ်ပလ္လင်များက ဆက်လက် ထောင်မတ်နေသေးပြီး တာအိုအလံတိုင်များက အင်မော်တယ်စွမ်းအင်ကို ဆက်လက် ထုတ်လွှတ်ပေးနေဆဲပင်။ ထိုနေရာမှာ စောင့်ကြပ်ပေးနေကြသော ကျင့်ကြံသူစစ်တပ်များက အလွယ်တကူ အညံ့ခံရန် ဆန္ဒမရှိကြပေ။

သူတို့က မြေပြင်ပေါ်မှာ ခြေကုပ်ယူ၍ နတ်ဘုရားစစ်သည်တော်များ၏ ကျူးကျော်ဝင်ရောက်ခြင်းကို ခုခံတားဆီးနေကြသည်။

တန်ကြေးအနေဖြင့် စစ်မြေပြင်က ပိုပြီးသွေးလွှမ်းလာပြီး သတ်ဖြတ်မှုများဖြင့် ပြည့်နှက်သွားသည်။

အလုံးစုံခြုံငုံကြည့်လျှင် ဘယ်တောင်ပံစစ်ပွဲဇုန်၏ စစ်မြေပြင်က အဆုံးမဲ့သတ်ဖြတ်ပွဲတော်အဖြစ် ပြောင်းလဲသွားဟန် ရ၏။ သေကြေပျက်စီးမှုများက စက္ကန့်နှင့်အမျှ ဖြစ်ပေါ်နေသည်။

အရေးကြီးအခိုက်အတန့်မှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ ဌာနချုပ်မှ စစ်ကူများက ရောက်ရှိလာကြပြီး ခုခံကာကွယ်မှုကို အင်အားတိုးမြှင့်လိုက်ကြသည်။ သူတို့က ကျူးကျော်ဝင်ရောက်လာကြသော နတ်ဘုရားစစ်တပ်များကို တိုက်ခိုက်လိုက်ကြစဉ် အင်အားစုနှစ်ခုစလုံးက အမြစ်ဖြတ်သုတ်သင်ခြင်းကို စတင်လိုက်ကြသည်။

စစ်ပွဲခရာသံက အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားပြီး သေကြေပျက်စီးမှုက နေရာတိုင်းမှာ ဖြစ်ပေါ်လာသည်။

ဘယ်တောင်ပံစစ်ပွဲဇုန်တစ်ခုလုံးက ရက်စက်ကြမ်းကြုတ်သော အသားကြိတ်ဆုံတစ်ခုသဖွယ် ဖြစ်လာဟန် ရသည်။

အသားကြိတ်ဆုံက မရပ်မနား လှည့်ပတ်နေစဉ် စစ်မြေပြင်ပေါ်မှ နတ်ဘုရားများနှင့် ကျင့်ကြံသူများက အပိုင်းပိုင်းအစစ အက်ကွဲသွားကြပြီး ၎င်းတို့၏ အရိုးများက ကျိုးကြေသွားကြသည်။ ၎င်းတို့၏ အသွေးအသားများက မွစာကြဲသွားပြီး ၎င်းတို့၏ ဝိညာဉ်က ငြိမ်းသတ်သွားသည်။

ယင်းက အသားကြိတ်ဆုံကို သွေးရောင်အဖြစ် တဖြည်းဖြည်း စွန်းထင်သွားစေသည်။

ဤသည်မှာ ကြိတ်ဆုံက အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားတွင် ထွန်းလင်းတောက်ပသော သွေးမီးအိမ်တစ်ခုသဖွယ် ဖြစ်လာဟန် ရ၏။ တဖြည်းဖြည်း မီးအိမ်က စိတ်အာရုံတချို့ကို ဆွဲဆောင်သွားသည်။

သို့သော်လည်း မီးအိမ်၏ အလင်းရောင်နှင့် ယင်း၏ သွေးဆောင်မှုက မလုံလောက်သေးကြောင်း ထင်ရှားသည်။

မီးအိမ်က ပိုပြီးထွန်းလင်းတောက်ပလာရန် လိုအပ်သည်။ ထိုအတွက် ပိုမိုများပြားသော သွေးစတေးမှုများကို လိုအပ်သည်။

သို့ဖြစ်၍ ပိုမိုများပြားသော နတ်ဘုရားစစ်တပ်များက ဆင်းသက်လာကြသည်။

ဌာနချုပ်မှ ကျင့်ကြံသူစစ်တပ်များသည်လည်း စကြာဝဠာတိုင်းဆီသို့ စစ်ကူပေးရန် တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြသည်။

နှစ်ဖက်စလုံးက မတူညီသော ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှ စစ်ပွဲ၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်ကြသည်။

စစ်ပွဲအတွင်းမှာ အသက်က မြက်ပင်မျှသာ တန်ဖိုးရှိ၏။

အင်အားစုနှစ်ခု၏ ရပ်တည်မှုနှင့် အတွေးအမြင် မတူညီမှုကြောင့် ယခုကဲ့သို့ အခြေအနေသို့ ကျရောက်သွားရခြင်း ဖြစ်သည်။

နတ်ဘုရားများအတွက်တော့ ကျင့်ကြံသူများက ၎င်းတို့၏ နတ်ဘုရားအခွင့်အာဏာကို စိန်ခေါ်ချင်သော ပုန်ကန်သူများ ဖြစ်ကြသည်။ သူတို့က နတ်ဘုရားအမိန့်တော်ကို ငြင်းဆန်ချင်သူများ ဖြစ်ကြသည်။

အကယ်၍ ထိုအင်အားစုနှစ်ခုသာ အကွာအဝေးတစ်ခု ခြားနေမည်ဆိုလျှင် ထိုမျှအခြေအနေမဆိုးဝါးနိုင်ပေ။ သို့သော်လည်း အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းက အလွန်အမင်း နီးကပ်ကြသည်။

အမှတ်ခြောက်ကြယ်တာရာစက်ဝန်းသည်တော့ ထူးခြားသည်။

ထို့ပြင် နတ်ဘုရားအရှင်သခင်အသစ်တစ်ပါး၏ ပေါ်ထွန်းလာမှုကြောင့် ယဇ်ပူဇော်မှုများကို လိုအပ်သည်။ သို့ဖြစ်၍ အမှတ်လေးကြယ်တာရာစက်ဝန်းအတွက်တော့ စစ်ပွဲက မရှောင်လွှဲနိုင်သောအရာ ဖြစ်သည်။

သို့သော်လည်း ကျင့်ကြံသူများအတွက်တော့ ယင်းက ပုန်ကန်မှုမဟုတ်ပေ။ ယင်းက ကျွန်ပြုခံရခြင်းမှ လွတ်မြောက်ရန် ရုန်းကန်ခြင်းသာ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် လူသားများ၏ အရိုးထဲတွင် မွေးရာပါစွဲကပ်နေသော ဗီဇတစ်ခုရှိသည်။

ယင်းမှာ သူတို့က တစ်ခါခေါင်းမော့ပြီးသည်နှင့် နောက်တစ်ကြိမ် မည်သည့်အခါမှ ဦးညွတ်တော့လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ သတ်ဖြတ်မှုက အဆုံးမဲ့စွာ ဆက်လက် ဖြစ်ပွားနေသည်။

စစ်ပွဲခရာသံအောက်မှာ သတ်ဖြတ်မှုများက မရပ်မနား ဖြစ်ပွားနေစဉ် ကြယ်တာရာကောင်းကင်ထဲမှ အချိန်စီးဆင်းမှုက တမူထူးခြားစွာ ဆက်လက် လည်ပတ်နေဟန် ရ၏။

မည်သို့ဖြစ်ပါစေ ကောင်းကင်ဘုံခန္ဓာကိုယ်များနှင့် စကြာဝဠာများကို အမှတ်များအဖြစ် ရည်ညွှန်းလိုက်သည့်အခါ ၎င်းတို့၏ ဂြိုလ်ပတ်လမ်းကြောင်းက ရက်အနည်းငယ်မျှဖြင့် သိသိသာသာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ အချိန်အများစုတွင် တစ်စုံတစ်ယောက်က ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားသည့်အခါ စစ်ပွဲမရှိလျှင်ပင် အချိန်က ရပ်တန့်နေသည်ဟု ဝေဝေဝါးဝါး ခံစားရလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာ စစ်ပွဲ၏ တည်ရှိမှုနှင့် ယင်းထံမှ အန္တရာယ်များကြောင့် အချိန်က ရပ်တန့်နေသည်ဟူသော ပုံရိပ်ယောင်ခံစားမှုက ပျောက်ကွယ်သွားသည်။

ကျိုးကျန်းလီ၏ စွမ်းရည်ထုတ်ဖော်မှုက ဤအခိုက်အတန့်မှာ တန်ဖိုးကြီးမားလာသည်။

သူ၏ နိမိတ်ဖတ်မှုက သက်ရှိများပေါ်မှာသာ ကန့်သတ်ချက်မရှိပေ။ ယင်းက ကြယ်ဂြိုလ်များပေါ်မှာလည်း သက်ရောက်မှုရှိသည်။

“ အဲ့ဒီစကြာဝဠာက…သေဆုံးနေပြီ ”

ကျိုးကျန်းလီက တည်ကြည်လေးနက်စွာ ပြောသည်။

သူ၏ ဘေးမှ ကြယ်တာရာစက်ဝန်းသည်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့် ရှိနေသည်။ သူ၏ အမိန့်အာဏာစက်၊ ညီမျှခြင်းအာဏာစက်နှင့် ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုထံမှ သူရရှိခဲ့သော ကောင်းကင်ဘုံဥပဒေသကြောင့် ကျိုးကျန်းလီနည်းတူ သူသည်လည်း ခံစားနေမိသည်။

“ အစီအစဉ်က အမြန်ပြိုကွဲနေပြီး ဖရိုဖရဲဖြစ်ခြင်းက ထွက်ပေါ်လာနေတယ် ”

သူတို့နှစ်ယောက် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအယောက်ငါးဆယ်ကျော်ပါဝင်သော ရွှီချင်း၏ အဖွဲ့က ကြယ်တာရာကောင်းကင်ထဲမှာ သူတို့၏ စိတ်အာရုံများကို ကိုယ်စီထုတ်လွှတ်လိုက်ကြသည်။

“ သွေးစိတ်ဆန္ဒက အဲ့ဒီမှာ ရှိတယ်… သေခြင်းတရားက ထွက်ပေါ်လာနေတယ် ”

ရှဲလင်းဇီက တည်ကြည်လေးနက်စွာ ပြောသည်။ သူ၏ ဓားကျိုးမှတဆင့် အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါကို အနံ့ခံနိုင်သည်။

တစ်ခဏ တိတ်ဆိတ်ပြီးနောက် လူတိုင်းက ရွှီချင်းကို ကြည့်လိုက်ကြသည်။

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူ့မှာ နိမိတ်ဖတ်နိုင်သော စွမ်းရည်မရှိပေ။ ထို့အတူ သူက ကြယ်တာရာစက်ဝန်းကဲ့သို့ အစီအစဉ်နှင့် ဖရိုဖရဲအခြေအနေကို အာရုံမခံနိုင်ပေ။ သို့သော်လည်း ဒြပ်နှောအပေါ် သူ၏ နားလည်မှုက ဤနေရာမှ လူတိုင်းထက် သာလွန်သည်။

မည်သို့ဖြစ်ပါစေ သူငယ်ငယ်လေးကတည်းက ဒြပ်နှောများကြားထဲမှာ ကြီးပြင်းလာခဲ့ခြင်း မဟုတ်ပါလော။

ထို့ပြင် သူ့ဆီမှာ ဒြပ်နှောများကို စွမ်းအင်အဖြစ် အသုံးပြုနိုင်သော ရွှံ့မြေခွေးလည်း ရှိသေးသည်။

သို့ဖြစ်၍ ရွှီချင်းက ဒြပ်နှောမှတဆင့် အာရုံခံပြီးနောက် တည်ငြိမ်စွာ ပြောသည်။

" ဒြပ်နှောက အရင်ကထက် ပိုပြီးသိပ်သည်းလာတယ်… စကြာဝဠာထဲက သက်ဝင်လှုပ်ရှားမှုက… မြင့်တတ်လာနေတယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက ထပ်မရှင်းပြတော့ချေ။ အရှေ့သို့ သူပျံသန်းသွားသည့်အခါ သူ၏ အလျင်က ပိုပြီးမြန်ဆန်သွားသည်။

ဤနေရာမှ လူများသည်တော့ ရွှီချင်း၏ ပုံရိပ်ကို ကြည့်ပြီးနောက် မျက်နှာတည်ကြည်သွားကြသည်။

ရွှီချင်းက အများကြီး မရှင်းပြခဲ့သော်လည်း သူပြောခဲ့သော စကားထဲမှာ လုံလောက်သော သဲလွန်စများ ပါဝင်သည်။

ဒြပ်နှောများ ပိုပြီးသိပ်သည်းလာခြင်းမှာ တာအိုအလံတိုင်အများအပြားက ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ သက်ဝင်လှုပ်ရှားမှု မြင့်တတ်လာခြင်းမှာ နတ်ဘုရားများ၏ အရေအတွက်က ပိုမိုများပြားလာနေကြောင်း ဆိုလိုပေသည်။

သို့ဖြစ်၍ လူတိုင်း၏ အရှေ့မှာ လမ်းကြောင်းတစ်ခုသာ ရှိတော့သည်။ ယင်းက ဤစစ်ပွဲဇုန်ကို အတင်းအဓမ္မ ဖောက်ထွက်ရန် ဖြစ်သည်။

လေးနက်မှုက လူတိုင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာစဉ် သူတို့၏ စိတ်ထဲမှ အန္တရာယ်သတိပေးမှုက ပိုပြီးပြင်းထန်လာသည်။ အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားနေစဉ် သူတို့၏ အလျင်က အဆုံးစွန်အထိ မြင့်တတ်သွားသည်။

သူတို့အားလုံးက သတိကြီးစွာထားလျက် ကိုယ့်ကိုယ်ကိုယ် သေချာဖုံးကွယ်ထားရင်း ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးနှင့် ရှေ့တန်းစစ်မြေပြင်ကြားဆီသို့ ချဉ်းကပ်သွားကြသည်။

လမ်းတစ်လျှောက်တွင် သူတို့က အတားအဆီးအမျိုးမျိုးဖြင့် တွေ့ကြုံခဲ့ကြသည်။ သို့သော်လည်း ရွှီချင်း၏ ဦးဆောင်မှုနှင့် နောက်လိုက်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် သူတို့က ထိုအတားအဆီးများကို မြန်ဆန်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။

တချို့က ဒဏ်ရာရရှိသွားကြသော်လည်း သူတို့အဖွဲ့က အရှေ့သို့ မြန်ဆန်စွာ ခရီးဆက်နိုင်ဆဲပင်။

ကံကောင်းခြင်းလော သို့မဟုတ် နတ်ဘုရားစစ်တပ်များက တာအိုအလံတိုင်များကိုသာ အာရုံစိုက်နေခြင်းကြောင့်လော မသေချာသော်လည်း အပြင်ဘက်မှ ခုခံတားဆီးမှုများက သိပ်မတင်းကြပ်ပေ။

ထို့ကြောင့် သူတို့က ရှေ့တန်းစစ်မြေပြင်ဆီသို့ တဖြည်းဖြည်း နီးကပ်သွားကြသည်။

သို့သော်လည်း သူတို့၏ ကံကောင်းခြင်းက သိပ်မကြာမြင့်ခဲ့ပေ။

သူတို့က အလယ်ပိုင်းဒေသကြီး၏ အစွန်းဆီသို့ ရောက်ရှိရန် စကြာဝဠာသုံးခုသာ ဝေးကွာတော့သည့်အချိန် အတားအဆီးတစ်ခုက ရွှီချင်းနှင့် သူ့အဖွဲ့၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ယင်းက နတ်ဘုရားအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၎င်းတို့က အရေအတွက်(၂၀၀)ခန့် ရှိကြသည်။ ၎င်းတို့ထဲမှ အများစုက နတ်ဘုရားမီးတောက်အဆင့်မှာ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့ထဲမှာ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားအများကြီး ရှိသည်။

ထိုအဖွဲ့၏ ခေါင်းဆောင်များက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါး ဖြစ်ကြသည်။

၎င်းတို့၏ ပစ်မှတ်က ရွှီချင်း၏ အဖွဲ့မဟုတ်ပေ။

၎င်းတို့၏ မူလတာဝန်က စစ်ကူပေးရန် ဖြစ်သည်။

၎င်းတို့က သတ်မှတ်ထားသော ဧရိယာထဲမှ တာအိုအလံတိုင်ကို ဖျက်ဆီးပစ်ရန်နှင့် ထိုနေရာမှ နတ်ဘုရားစစ်တပ်ကို စစ်ကူပေးရန်အလို့ငှာ ဤနေရာကို ဖြတ်ကျော်သွားကြခြင်း ဖြစ်သည်။

သို့သော်လည်း အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးက ဒြပ်နှောလှိုင်းအတတ်အကျများကို အာရုံခံမိသွားကြသည်။ ထို့ကြောင့် ၎င်းတို့က စစ်ကူမပေးခင် ရွှီချင်း၏ အဖွဲ့နှင့် ခဏကစားပေးရန် ဆန္ဒရှိကြသည်။

" ပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့က ဒီနေရာအထိ ရောက်လာနိုင်တယ်လား ”

ထိုနတ်ဘုရားအဖွဲ့ထဲတွင် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးက မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာကြဟန် ရသည်။ ၎င်းတို့နှစ်ယောက်စလုံးက အရပ်ရှည်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ခရမ်းနက်ရောင် အကြေးခွံများဖြင့် အပြည့်ဖုံးလွှမ်းထားသည်။ ၎င်းတို့မှာ လက်ခြောက်ဖက်ရှိပြီး ၎င်းတို့၏ နဖူးပေါ်တွင် စိန်ပုံသဏ္ဍာန် အမှတ်အသားတစ်ခု ရှိသည်။

ဤအခိုက်အတန့်မှာ ၎င်းတို့၏ နဖူးပေါ်မှ စိန်အမှတ်အသားက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ထို့နောက် ၎င်းတို့က တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြသည်။ ၎င်းတို့က စိတ်ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တူညီသော ဦးတည်ရာထံသို့ ပြိုင်တူကြည့်လိုက်ကြသည်။

" ဒီနေရာအထိ ရောက်လာနိုင်တယ်ဆိုတော့ ဒီအုပ်စုက သာမန်မဟုတ်နိုင်ဘူး ”

၎င်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်ပြီး ၎င်းတို့အဖွဲ့၏ ဦးတည်ရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။ ၎င်းတို့အဖွဲ့က ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရွှီချင်းနှင့် သူ့အဖွဲ့ဆီသို့ ဦးတည်သွားကြသည်။

တစ်ချိန်တည်းမှာ ရွှီချင်းက ရုတ်တရက် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ဒြပ်နှောများ၏ သက်ဝင်လှုပ်ရှားမှုကို အာရုံခံမိသွားသည်။ ကြယ်တာရာစက်ဝန်း၊ ကျိုးကျန်းလီ၊ ရှဲလင်းဇီနှင့် တခြားလူများသည်လည်း ယင်းကို တစ်ယောက်ပြီးတစ်ယောက် အာရုံခံမိသွားကြသည်။

" နတ်ဘုရားတွေက ဒီနေရာကို ပစ်မှတ်ထားလိုက်ပြီ ”

“ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဒီနေရာမှာ အရမ်းအားကောင်းလာတယ်”

“ ကြယ်တာရာကောင်းကင်က ချိပ်ပိတ်ခံလိုက်ရပြီ ”

သူတို့၏ အမူအရာက ပြောင်းလဲသွားသည်နှင့်ချက်ချင်း ရွှီချင်းက အော်ပြောလိုက်သည်။

“ အရှိန်မြှင့်တင်ကြ ”

ရွှီချင်းသည် စကားဆုံးသည်နှင့် လုံးဝတုံ့ဆိုင်းမနေဘဲ အရှိန်မြှင့်တင်လိုက်သည်။ တခြားလူများသည်လည်း သူတို့၏ နည်းလမ်းကိုယ်စီကို အသုံးပြု၍ ချက်ချင်း အရှိန်မြှင့်တင်လိုက်ကြသည်။ သို့သော်လည်း ဒြပ်နှောများက အရပ်မျက်နှာအသီးသီးထံမှ ဒလဟော ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ဒြပ်နှောများက မုန်တိုင်းသဖွယ် ထွက်ပေါ်လာပြီး သူတို့ကို တားဆီးပိတ်ဆို့လိုက်သည်။

နတ်ဘုရားများထံမှ တီးတိုးရေရွတ်သံများသည်ပင် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းက တစ်စုံတစ်ယောက်၏ အသိစိတ်ကို ဝေဝါးစေပြီး အသွေးအသားများကို ပုံပျက်တွန့်လိမ်စေသည်။

ထိုသက်ရောက်မှုက လူတစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားကြသည်။

သူတို့၏ အမူအရာက ပြောင်းလဲသွားသည်နှင့် ရွှီချင်းက ရုတ်တရက် လက်မြှောက်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်သွားသည့်အခါ သူက ရွှံ့မြေခွေးကို စိတ်ထဲမှ လှမ်းခေါ်လိုက်သည်။

“ မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ငါ့ကို ခဏငှားပါ ”

သူတို့က အန္တရာယ်ထဲသို့ ကျရောက်နေကြောင်း ရွှံ့မြေခွေးလည်း သိသည်။ သို့ဖြစ်၍ သူက လုံးဝတုံ့ဆိုင်းမနေဘဲ သူ၏ အသိစိတ်ကို ချက်ချင်း ဖွင့်ပေးလိုက်ပြီး ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံကို အထဲဝင်ရောက်လာစေသည်။

ယခု ရွှီချင်း၏ ခန္ဓာကိုယ်က သန့်စင်သော အင်မော်တယ်ခန္ဓာကိုယ်ဖြစ်သော်လည်း သူ့မှာ နတ်ဘုရားကိုယ်ပွားလည်း ရှိသည်။

အမှန်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ သူရောက်မလာခင် သူ၏ နတ်ဘုရားကိုယ်ပွားက နတ်ဘုရားအခွင့်အာဏာအများကြီးကို ဆင်ခြင်နားလည်ခဲ့သည်။

ယင်းတို့က အသံနတ်ဘုရားအခွင့်အာဏာ၊ သွေးနတ်ဘုရားအခွင့်အာဏာ၊ အဆိပ်နတ်ဘုရားအခွင့်အာဏာနှင့် ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာ အစရှိသည်တို့ ဖြစ်ကြသည်။

သို့ဖြစ်၍ ရွှီချင်းက နတ်ဘုရားများနှင့် အလွန်ရင်းနှီးသလို နတ်ဘုရားအတတ်ပညာများကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပေသည်။

သို့သော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်ဖြင့် ယင်းတို့ကို အသုံးမပြုနိုင်ပေ။ သို့ဖြစ်၍ ဒြပ်နှောများကို သူထိန်းချုပ်နိုင်ရန် ကြားခံနယ်တစ်ခုကို လိုအပ်သည်။

သို့သော်လည်း ယင်းက ရွှံ့မြေခွေး၏ ခန္ဓာကိုယ်ဖြင့်ဆိုလျှင် ခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလိမ့်မည်။

ရွှံ့မြေခွေး၏ နတ်ဘုရားခန္ဓာကိုယ်က ကြားခံနယ်ဖြစ်လာလိမ့်မည်။

ယင်းက ရွှီချင်းကို ဒြပ်နှောများအား သွယ်ဝိုက်စွာ ထိန်းချုပ်နိုင်စေလိမ့်မည်။

နတ်ဘုရားအတတ်ပညာများအတွက်တော့ သူ၏ မူကွဲအင်မော်တယ်အတတ်ပညာဖြင့်ဆိုလျှင် ယင်းတို့ကို ပြီးပြည့်စုံစွာ ပုံတူကူးနိုင်လိမ့်မည်။

မည်သို့ဖြစ်ပါစေ သူပုံတူကူးမည့်အရာက တခြားလူများ၏ အတတ်ပညာများ မဟုတ်ပေ။ ယင်းအစား သူ့နတ်ဘုရားကိုယ်ပွား၏ အတတ်ပညာများ ဖြစ်သည်။

သို့ဖြစ်၍ သူက ယင်းတို့ကို အလွန်ရင်းနှီးကျွမ်းဝင်သည်။

နောက်အခိုက်အတန့်မှာ…

ရွှီချင်း၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်း ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။

ထိုအခါ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် တစ်ခါမှ သူမထုတ်လွှတ်ဖူးသေးသော နတ်ဘုရားအတတ်ပညာများက ချက်ချင်း ထွက်ပေါ်လာကြသည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများက ရုတ်တရက် ရပ်တန့်သွားပြီး ဆက်လက် မစီးဆင်းတော့ပေ။ ဒြပ်နှောများက ရွှီချင်း၏ စိတ်ဆန္ဒဖြင့် ပေါင်းစပ်သွားသည်။

ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားတီးတိုးရေရွတ်သံများက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤသည်မှာ ယင်းတို့က တစ်စုံတစ်ယောက်၏ လုယက်ခံလိုက်ရသည့်အလားပင်။

နောက်အခိုက်အတန့်မှာ ခိုးယူခံလိုက်ရသော အသံများက ရွှီချင်း၏ နတ်ဘုရားအတတ်ပညာအဖြစ် ပြောင်းလဲသွားသည်။ အသံဦးတည်ရာက ပြောင်းပြန်လှည့်ပတ်သွားသည့်အခါ ယင်းက သေစေနိုင်သော နတ်ဘုရားအသံတိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားသည်။

ထိုမျှသာ မဟုတ်ပေ။ နတ်ဘုရားများ၏ ခန္ဓာကိုယ်ထဲမှ သွေးသည်လည်း ပွက်ပွက်ဆူလာသည်။ နတ်ဘုရားကျိန်စာအဆိပ်လည်း ရှိသေးသည်။

အဆိပ်မြူခိုးက ရွှီချင်း၏ အဖွဲ့ကို ဗဟိုပြု၍ လွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်နှင့်အတူ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ နတ်ဘုရားအသစ်တစ်ပါး ဆင်းသက်လာသည့်အလားပင်။

All Chapters