← Chapters

တပ်မှူး

Vol. 112 Ch. 1714

တပ်မှူး

Vol. 112 Ch. 1714

ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်နှင့် အလယ်ပိုင်းဒေသကြီးကြားမှ ဧရိယာကို အကန့်အသတ်မဲ့စွမ်းအားမှ ဖွဲ့စည်းထားသော အကာအကွယ်အလွှာတစ်ခုဖြင့် ကာဆီးထားသည်။

ထိုအကာအကွယ်အလွှာက ဖော်မပြနိုင်အောင် အရွယ်အစား အလွန်ကြီးမားပြီး အတိုင်းအဆမဲ့အောင် ခမ်းနားထည်ဝါသည်။

အကာအကွယ်အလွှာက အဆုံးမဲ့စွာ ဆန့်တန်းနေပြီး မရေမတွက်နိုင်သော ကြယ်အဖွဲ့အစည်းများနှင့် စကြာဝဠာများကို ဖုံးလွှမ်းထားသည်။

ဤအခိုက်အတန့်မှာ အကာအကွယ်အလွှာ၏ ဧရိယာတစ်ခုတွင် ရွှီချင်း၏ အက်ရှရှအသံက ပဲ့တင်ထပ်သွားသည်။

သူ၏ လေသံက အဆုံးစွန်သော ပင်ပန်းနွမ်းနယ်မှုကို သယ်ဆောင်လျက် သူ့အနောက်မှ ပုံရိပ်ဆယ့်ရှစ်ခု၏ စိတ်ပျက်အားလျော့မှုကို ပုံရိပ်ပြန်ပေးနေသည်။ သူတို့တစ်ယောက်စီက ဆိုးဝါးသော ဒဏ်ရာများကို ဖိနှိပ်ထားရန်အလို့ငှာ ရုန်းကန်နေကြသော်လည်း အားနည်းသော အငွေ့အသက်က သူတို့ထံမှ အလွန်ထင်ရှားစွာ ထွက်ပေါ်နေသည်။

သူတို့က နေရာမှာ တိတ်တဆိတ် ရပ်နေကြပြီး အကာကွယ်အလွှာထဲမှ ထွက်ပေါ်လာသော စိတ်အာရုံကို သူတို့အား လွှမ်းခြုံသွားစေသည်။

ထိုစိတ်အာရုံက သူတို့၏ ခန္ဓာကိုယ်ကို စစ်ဆေးလေ့လာနေပြီး သူတို့၏ သရုပ်တုံကင်များကို အတည်ပြုပေးနေကြောင်း သူတို့ခံစားနိုင်ကြသည်။

အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။

အဝေးမှကြည့်လျှင် သူတို့၏ ပုံရိပ်များက ထိုအကာအကွယ်အလွှာနှင့် နှိုင်းယှဉ်သော် အလွန်သေးနုတ်ကြသည်။

အချိန်တစ်ခဏကြာပြီးနောက် သူတို့၏ သရုပ်များကို စစ်ဆေးအတည်ပြုပြီးသည့်အခါ သူတို့အပေါ်ကို လွှမ်းခြုံထားသော စိတ်အာရုံက ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ သူတို့၏ အရှေ့မှ အကာအကွယ်အလွှာပေါ်တွင် လှိုင်းတချို့ ထွက်ပေါ်လာပြီး ယင်းက တံခါးပေါက်တစ်ခုစာ ဖွင့်လှစ်သွားသည်။

ထိုတံခါးပေါက်၏ အနောက်တွင် ကျင့်ကြံသူတစ်ရာကျော်က မတ်တတ်ရပ်နေကြပြီး သူတို့ကို စိုက်ကြည့်နေကြောင်း မည်သူမဆို ဝေဝါးစွာ မြင်နိုင်ပေသည်။

သူတို့၏ အမူအရာက အနည်းငယ် ထူးဆန်းသည်။

ရွှီချင်းက သူတို့၏ ထူးဆန်းသော အမူအရာနှင့်ပတ်သက်ပြီး မအံ့ဩပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်ထဲမှာ ခန့်မှန်းမှုတစ်ခု ရှိသည်။

“ ကြည့်ရတာ ဒီကိုရောက်လာတာက ငါတို့တစ်ဖွဲ့ပဲ ဖြစ်မယ် ”

ထိုသို့တွေးမိသောအခါ ရွှီချင်းက အကာအကွယ်အလွှာ၏ တံခါးပေါက်ထဲသို့ ဝင်ရောက်သွားသည်။ ကျိုးကျန်းလီနှင့် တခြားလူများက သူ့အနောက်မှ လိုက်သွားကြသည်။ သူတို့အဖွဲ့က အကာအကွယ်အလွှာထဲသို့ ဝင်ရောက်သွားသည့်အခါ တံခါးပေါက်က ပျောက်ကွယ်သွားပြီး အကာအကွယ်အလွှာက ပုံမှန်ပြန်ဖြစ်သွားသည်။

အကာအကွယ်အလွှာက ဆက်လက် ထွန်းလင်းတောက်ပနေစဉ် သီးခြားခွဲထုတ်သော စွမ်းအားကို ဆက်ပြီး ထုတ်လွှတ်ပေးနေသည်။

…..

အကာအကွယ်အလွှာထဲတွင် ကြယ်အလင်းရောင်က သိမ်မွေ့နူးညံ့ပြီး အင်မော်တယ်စွမ်းအင်က သိပ်သည်းသည်။

ရွှီချင်းနှင့် သူ့အဖွဲ့ ချဉ်းကပ်လာသည့်အခါ သူတို့ကို စောင့်ဆိုင်းနေကြသော ကျင့်ကြံသူတစ်ရာကျော်၏ ပုံရိပ်များက ဝေဝါးနေခြင်းမှ ကြည်လင်လာကြသည်။ သူတို့၏ မျက်နှာပေါ်မှ အမူအရာသည်လည်း ထင်ရှားလာသည်။

သူတို့၏ အကြည့်ထဲမှာ စိတ်ဝင်စားမှုနှင့် စူးစမ်းလိုမှုဖြင့် ပြည့်နှက်နေသည်။

ထိုသို့အကြည့်ကြောင့် ရွှီချင်းနှင့် သူ့အဖွဲ့သားများက ရပ်ဝေးမှ ရောက်လာကြသော လူထူးလူဆန်းများသဖွယ် ဖြစ်လာကြဟန် ရသည်။

ထိုသို့တုံ့ပြန်မှုက ရွှီချင်း၏ ခန့်မှန်းမှုကို ပိုပြီးသေချာသွားစေသည်။ သူက ဤနေရာမှာ စုဝေးနေကြသော ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

“ ကျွန်တော်တို့ စုဆောင်းထားတဲ့ မူလအနှစ်သာရကို ဘယ်လို လက်လွှဲပေးရမလဲ ”

သူ၏ အသံ ပဲ့တင်ထပ်သွားသည်နှင့် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အဖွဲ့ထဲမှ ရှေ့ထွက်လာသည်။ သူက ရွှီချင်းနှင့် သူ့အဖွဲ့သားများကို တစ်ချက်ဝေ့ဝိုက်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ တပ်မှူးက မင်းတို့ကို သူ့ဆီ ခေါ်လာခဲ့ဖို့ အမိန့်ထုတ်ပြန်လိုက်တယ် ”

“ ငါတို့အဖွဲ့က မင်းတို့ကို ဒီခရီးစဉ်မှာ စောင့်ရှောက်ပေးလိမ့်မယ် ”

ထိုစကားကို ကြားသောအခါ ရွှီချင်းက နှလုံးတုန်သွားသည်။ ဤနေရာသို့ သူရောက်မလာခင် စစ်မြေပြင်မှ အင်အားစုများနှင့် ရာထူးများအကြောင်းကို လေ့လာထားခဲ့သည်။

ကျင့်ကြံသူအုပ်စုတွင် အင်မော်တယ်အရှင်သခင်ကျန်းလူက ဦးသျှောင်ဖြစ်ပြီး စစ်ပွဲတစ်ခုလုံး၏ အလုံးစုံအခြေအနေကို အမိန့်ပေးသူ ဖြစ်သည်။ အရှင်သခင်ကျန်းလူ၏ လက်အောက်တွင် စစ်ဗိုလ်ချုပ်သုံးယောက်ရှိပြီး တစ်ယောက်စီက အထွတ်အမြတ် ဩဇာအာဏာကို ပိုင်ဆိုင်ထားကြသည်။ သူတို့သုံးယောက်က ဘယ်တောင်ပံစစ်ပွဲဇုန်၊ ညာတောင်ပံစစ်ပွဲဇုန်နှင့် အလယ်ပိုင်းစစ်ပွဲဇုန်ကို အသီးသီးထိန်းချုပ်ထားကြသည်။

ထိုစစ်ပွဲဇုန်သုံးခုထဲတွင် အခွင့်အာဏာကို တပ်မှူးအများအပြားထံသို့ ထပ်မံ ခွဲဝေပေးထားသည်။

တပ်မှူးတစ်ယောက်စီသည် သူတို့၏ သက်ဆိုင်ရာစစ်ပွဲဇုန်ထဲမှ သတ်မှတ်ထားသော ဧရိယာကို အုပ်ချုပ်ကြသည်။

ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်ထဲဝယ် ဤဒေသကြီးထဲမှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်က ထိုသို့တပ်မှူးဖြစ်သည်။

ယခု သူတို့၏ ရောက်ရှိလာမှုက ထိုတပ်မှူး၏ ဆင့်ခေါ်ခြင်းခံလိုက်ရသည်။

ကိစ္စက ထိုသို့အခြေအနေထိ တိုးတတ်သွားခြင်းက ရွှီချင်းကို သူ၏ စိတ်ထဲမှ ခန့်မှန်းမှုအား ပိုပြီးသေချာစေသည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ အနောက်မှ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ကျိုးကျန်းလီသည်ပင် သူက ပင်ပန်းနွမ်းနယ်နေသော်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်စေပြီး သူ၏ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်သည်။

နောက်ဆုံးမှာတော့ ရွှီချင်းက ရိုသေလေးစားစွာ ပြောသည်။

“ ကျွန်တော်တို့… တပ်မှူးရဲ့ အမိန့်ကို နာခံပါတယ် ”

ရွှီချင်း၏ တုံ့ပြန်မှုအပေါ် သက်လတ်ပိုင်းကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ သူက တစ်ခဏတွေးတောပြီးနောက် သူ၏ လက်အောက်ငယ်သားများကို အချက်ပေးလိုက်ပြီး ကုသရေးဆေးလုံးများကို ထုတ်ခိုင်းလိုက်သည်။ ထို့နောက် သူတို့က ကုသရေးဆေးလုံးများကို ရွှီချင်းနှင့် သူ့အဖွဲ့သားများထံသို့ ကမ်းပေးလိုက်ကြသည်။

ထိုသို့ဆောင်ရွက်ပြီးမှသာ သက်လတ်ပိုင်းကျင့်ကြံသူက သူ့အဖွဲ့ကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏ ဦးဆောင်မှုအောက်မှာ သူ့အဖွဲ့သားများက သက်တံ့များသဖွယ် ပြောင်းလဲသွားကြပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

ရွှီချင်းနှင့် သူ့အဖွဲ့သားများက ကုသရေးဆေးလုံးများကို လက်ခံပြီးနောက် ကျေးဇူးတင်လိုက်ကြသည်။ ထို့နောက် သူတို့တစ်ယောက်ပြီးတစ်ယောက်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး အနောက်မှ လိုက်သွားကြသည်။

ထိုသို့ဖြင့် ထိုကျင့်ကြံသူအုပ်စု၏ စောင့်ရှောက်ပေးမှုအောက်မှာ ရွှီချင်းနှင့် သူ့အဖွဲ့က ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်တွင် မြန်ဆန်စွာ ခရီးဆက်လိုက်ကြပြီး တပ်မှူး၏ တည်နေရာဆီသို့ ဦးတည်သွားကြသည်။

ထိုခရီးစဉ်အတွက် စကြာဝဠာအမြောက်အများကို ဖြတ်သန်းရပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို အကြိမ်ပေါင်းများစွာ အသုံးပြုရသည်။ ခရီးတစ်လျှောက်တွင် ရှေ့တန်းစစ်မြေပြင်က ကြီးမြတ်သော ပန်းချီကားတစ်ချပ်နှယ် သူတို့၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။

သူတို့က စစ်စခန်းများသဖွယ် အစီအစဉ်တကျ ရှိနေကြသော မရေမတွက်နိုင်သည့် ကြယ်ဂြိုလ်အမြောက်အများကို မြင်တွေ့သွားကြသည်။ ရှေ့တန်းစစ်မြေပြင်မှ စစ်စခန်းများ၏ အရေအတွက်က အံ့မခန်း များပြားပြီး ယင်းတို့က ဟင်းလင်းပြင်ထဲမှာ ပြွတ်သိပ်စွာ တည်ရှိနေကြသည်။

တချို့ကြယ်ဂြိုလ်များက နေရာသစ်သို့ ရွှေ့ပြောင်းနေကြသည်။ ကြယ်ဂြိုလ်များ၏ ရွေ့လျားမှုက ဟင်းလင်းပြင်ထဲတွင် အရွယ်အစားကြီးမားသော ဝဲကတော့များကို ဖြစ်ပေါ်စေသည်။ ယင်းတို့ထံမှ မြေဆွဲအားက အနီးနားဝန်းကျင်မှ ကြယ်အလင်းရောင်ကိုပင် ကွေးညွတ်သွားစေသည်။

ထိုကြယ်ဂြိုလ်များထံမှ မြှောက်တတ်နေသော အသက်မီးတောက်သည်လည်း အလွန်အားကောင်းသည်။ ရွှီချင်းနှင့် တခြားလူများကို တုန်လှုပ်ချောက်ချားစေနိုင်သော အရှိန်အဝါသည်ပင် ထိုကြယ်ဂြိုလ်များထဲမှာ ရှိသည်။

ထို့ပြင် တာဝန်ထမ်းဆောင်ရန်အလို့ငှာ ကြယ်တာရာကောင်းကင်ထဲ၌ ရွေ့လျားပျံသန်းနေကြသော ဧရာမဓမ္မပုံရိပ်များလည်း ရှိကြသည်။ သူတို့က တာအိုအလံတိုင်များကို သယ်ဆောင်လျက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေကြသည်။

တစ်ချိန်တည်းမှာ ရွှီချင်းက နေလုံးများကို မြင်တွေ့သွားသည်။

နေလုံး၏ အနီးနားတွင် ဧရာမမျက်နှာတစ်ခုရှိပြီး ၎င်းက နေလုံးထံမှ မီးတောက်နှင့် အပူဓာတ်ကို စုပ်ယူနေသည်။ တစ်ချိန်တည်းမှာ ထိုဧရာမမျက်နှာက ယင်းတို့ကို အာဟာရဓာတ်များအဖြစ် ပြောင်းလဲပစ်နေသည်။ အတိုင်းအတာတစ်ခုထိ စုပ်ယူပြီးနောက် ဧရာမမျက်နှာက ရောင်စုံလိပ်ပြာအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းက ကြယ်တာရာကောင်းကင်ထဲမှာ အတောင်ပံဖြန့်ကား၍ သတ်မှတ်ထားသော ဧရိယာများဆီသို့ ပျံသန်းသွားသည်။

ယင်းက ရွှီချင်းနှင့် သူ့အဖွဲ့သားများကို လေးနက်သော အမြင်အား ပေးသည်။

ဤသည်မှာ ရွှီချင်းနှင့် တခြားလူများက ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာဖူးခြင်းဖြစ်သော်လည်း သူတို့၏ စိတ်ခံစားချက်များက သိပ်မပြင်းထန်ပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့က ဤနေရာသို့ မရောက်လာခင် ဖရိုဖရဲအခြေအနေများနှင့် အခက်အခဲများစွာကို ဖြတ်ကျော်လာခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်၍ သူတို့က ရှေ့တန်းစစ်မြေပြင်မှ ထိုအရာများကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားရုံမှလွဲ၍ သိပ်ကြီးကြီးမားမား မခံစားမိကြချေ။

ဤနေရာနှင့် နှိုင်းယှဉ်လျှင် သူတို့ရောက်လာသော အလယ်ပိုင်းဒေသကြီးက ရှေ့တန်းစစ်မြေပြင်နှင့် ပိုပြီးဆင်တူပေသည်။

ဤနေရာက နောက်တန်းစစ်မြေပြင်သဖွယ် အောက်မေ့ရသည်။

ရွှီချင်းနှင့် တခြားလူများက ကျင့်ကြံသူအများအပြားကို မြင်တွေ့သွားကြသည်။ တချို့က တစ်ကိုယ်တည်း ရွေ့လျားနေကြပြီး တချို့က အုပ်စုဖွဲ့ ရွေ့လျားနေကြသည်။ သူတို့တစ်ယောက်စီက ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင်နေကြသည်။

အလုံးစုံခြုံကြည့်လျှင် အရာအားလုံးက အစီအစဉ်တကျ ရှိနေသည်။

သို့သော်လည်း သူတို့ထဲမှ အများစုက ရွှီချင်းနှင့် သူ့အဖွဲ့ကို သတိထားမိသွားသောအခါ သူတို့ကို ပိုပြီးအာရုံစိုက်လိုက်ကြသည်။

ယင်းကို သတိထားမိသောအခါ ရွှီချင်းနှင့် သူ့အဖွဲ့က တိတ်တဆိတ် ရွေ့လျားလိုက်ကြသည်။

တစ်ချိန်တည်းမှာ အရှေ့သို့ သူတို့ရွေ့လျားနေစဉ် ဤကြယ်တာရာကောင်းကင်ထံမှ ငြင်းဆန်မှုကို အနည်းနှင့်အများ ခံစားမိသွားကြသည်။ ဤသည်မှာ သူတို့က ရှေ့တန်းစစ်မြေပြင်ဆီသို့ အလည်ရောက်ရှိလာကြသည့်အလားပင်။ သူတို့က ဤနေရာနှင့် အပြည့်အဝ လိုက်လျောညီထွေ မဖြစ်ကြသေးပေ။

လဝက်ကြာပြီးနောက် ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်၏ တပ်မှူးနေထိုင်သော ကြယ်ဂြိုလ်က သူတို့၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။

ယင်းက အလွန်အမင်း ထွန်းလင်းတောက်ပသော အနီရောင်နေလုံးတစ်လုံး ဖြစ်သည်။

ထိုနေလုံး၏ အရွယ်အစားက လမ်းတစ်လျှောက်မှာ ရွှီချင်းမြင်တွေ့ခဲ့သော နေလုံးအားလုံးထက် သာလွန်သည်။ ယင်းနှင့် နှိုင်းယှဉ်လျှင် မင်ယန်စကြာဝဠာထဲမှ နေလုံးသည်ပင် ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။

ထို့ပြင် ထိုကြယ်ဂြိုလ်က သူ့အား အလွန်ပြင်းထန်သော ဖရိုဖရဲစိတ်ခံစားမှုကို ပေးသည်။ ဤသည်မှာ ကြယ်ဂြိုလ်က ပမာဏအလွန်များပြားသော ဒြပ်ဝတ္ထုကို အလွန်မြန်ဆန်သော အလျင်ဖြင့် ထုတ်လွှတ်ပေးနေသည့်အလားပင်။ ယင်းက ကြယ်ဂြိုလ်၏ ဘေးပတ်ဝန်းကျင်တွင် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။

ကြယ်ဂြိုလ်ထံမှ ထုတ်လွှတ်နေသော ဖိအားက အလွန်ပြင်းထန်သည်။ ထိုဖိအားကြောင့် ကြယ်တာရာကောင်းကင်သည်ပင် ပုံပျက်တွန့်လိမ်နေပြီး ဘေးပတ်ဝန်းကျင်မှ ကြယ်အလင်းရောင်က ကွေးညွတ်သွားသည်။

ဤသည်မှာ ယင်းတို့က ကြယ်ဂြိုလ်ထံမှ ဖိအားကို မတောင့်ခံနိုင်သည့်အလားပင်။

ထို့ပြင် ကြယ်ဂြိုလ်က အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့်အလား အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။

သို့သော်လည်း အပူဓာတ်က ထိုမျှမပြင်းထန်ပေ။

“ အဲ့ဒါက သေဆုံးခါနီးနေတဲ့ နေလုံးပဲ… အဲ့ဒါက မူလအခြေအနေကို ကျော်လွန်သွားပြီး အခု အနီရောင်ဂြိုလ်တစ်လုံး ဖြစ်လာတယ် ”

ဘေးမှာ ရပ်နေသော ကျိုးကျန်းလီက တိုးညင်းစွာ ပြောသည်။

တခြားလူများက သူ့ကို ကြည့်လိုက်သည့်အခါ နှလုံးတုန်ယင်သွားကြသည်။

တစ်ချိန်တည်းမှာ သူတို့ကို ဤနေရာထိ လိုက်စောင့်ရှောက်ပေးခဲ့သော ကျင့်ကြံသူအုပ်စုက ရွှီချင်းနှင့် သူ့အဖွဲ့သားများကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ကြသည်။ သူတို့က ရိုသေလေးစားသော အမူအရာဖြင့် လက်သီးဆုပ်လိုက်ကြပြီး ကောင်းမွန်စွာ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့က အဝေးသို့ အနောက်ဆုတ်သွားကြလေရာ ရွှီချင်းနှင့် သူ့အဖွဲ့သားများသာလျှင် အနီရောင်ဂြိုလ်၏ အပြင်ဘက်မှာ ကျန်နေခဲ့ကြသည်။

ကြယ်ဂြိုလ်ထံမှ အံ့ဖွယ်ကောင်းသော ဖိအားကို အာရုံခံမိပြီးနောက် ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ ကြယ်တာရာစက်ဝန်း၊ တခြားလူများနှင့်အတူ သူက အနီရောင်ဂြိုလ်ထံသို့ ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ ရိက္ခာထိန်းသိမ်းသူအဖွဲ့က တပ်မှူးကို နှုတ်ဆက်ပါတယ် ”

ရွှီချင်း၏ စကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ အရှေ့မှ အနီရောင်ဂြိုလ်က ရုတ်တရက် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ကြယ်ဂြိုလ်ထံမှ မြှောက်တတ်လာလေရာ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

အနက်ရောင်နန်းတော်တစ်ခုက အနီရောင်ဂြိုလ်၏ အတွင်းပိုင်းထဲမှ ဖြည်းညင်းစွာ မြှောက်တတ်လာသည်။

ထိုနန်းတော် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အေးစက်စက် စိတ်ဆန္ဒက ကြယ်တာရာကောင်းကင်၏ အရပ်ရှစ်မျက်နှာဆီသို့ ချက်ချင်း ပျံ့လွင့်သွားသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားစိတ်အာရုံများက နန်းတော်ထဲမှ ပျံသန်းထွက်လာကြပြီး ရွှီချင်း၏ အဖွဲ့ကို ဖုံးလွှမ်းလိုက်ကြသည်။ ဤသည်မှာ သူတို့က ရွှီချင်းနှင့် သူ့အဖွဲ့သားများကို စစ်ဆေးနေကြသည့်အလားပင်။

ယင်းတို့ထဲမှ မည်သည့်နတ်ဘုရားစိတ်အာရုံမဆို ရွှီချင်းနှင့် တခြားလူများကို နှလုံးတုန်ယင်သွားစေရန် လုံလောက်သည်။

ထိုထဲမှာ အင်မော်တယ်စိတ်အာရုံများလည်း ပါဝင်ကြသည်။

အထူးသဖြင့် နောက်ဆုံးမှ ထွက်ပေါ်လာသော အင်မော်တယ်စိတ်အာရုံ ဖြစ်သည်။ ယင်းက အကြွင်းမဲ့သော အထွတ်အမြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေပြီး သူ့အရှေ့မှ အင်မော်တယ်စိတ်အာရုံများကို သိမ်ငယ်သွားစေဟန် ရ၏။

တစ်ချိန်တည်းမှာ ထိုအင်မော်တယ်စိတ်အာရုံ ထွက်ပေါ်လာသည်နှင့် တည်ငြိမ်သော အသံက နန်းတော်ထဲမှ ပျံ့လွင့်လာသည်။

“ မင်းတို့က ဒီရောက်လာတဲ့ ပထမဆုံးအဖွဲ့ဖြစ်ပြီး ဒီကို မူလအနှစ်သာရ တကယ် လာပို့ဆောင်ပေးတဲ့ တစ်ခုတည်းသောအဖွဲ့ ဖြစ်တယ် ”

“ ဒါကြောင့် အတိတ်က အဖြစ်အပျက်တွေကို သိရဖို့ မင်းတို့ရဲ့ ဝိညာဉ်ကို အတင်းအဓမ္မ ငါမစစ်ဆေးချင်ဘူး… ဒီတော့ အသားကြိတ်ဆုံထဲကနေ မင်းတို့ ဘယ်လိုလွတ်မြောက်လာလဲဆိုတာ ငါ့ကို ပြောပြပါ ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက စိုးရိမ်ကြောင့်ကြသွားကြသည်။ အထူးသဖြင့် ‘ လွတ်မြောက်တယ် ’ဟူသော စကားလုံးက သူတို့ကို စိတ်မသက်မသာ ခံစားရစေသည်။

သို့ဖြစ်၍ သူတို့အားလုံးက ရွှီချင်းကို ကြည့်လိုက်ကြသည်။

ရွှီချင်း၏ အသိစိတ်သည်လည်း မြန်ဆန်စွာ လည်ပတ်သွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက ရိုးရိုးသားသား ပြောရန် ရွေးချယ်လိုက်ပြီး လမ်းတစ်လျှောက်မှာ သူတို့တွေ့ကြုံခဲ့ရသော အရာအားလုံးကို ပြောပြလိုက်သည်။

သို့သော်လည်း အသေးစိတ် မဟုတ်ပေ။ သူက အကြမ်းဖျဉ်းမျှသာ ပြောလိုက်သည်။

ရွှီချင်း၏ စကားကို နားထောင်နေရင်း တပ်မှူးထံမှ စိတ်အာရုံက နှုတ်ဆိတ်သွားသည်။ သို့သော်လည်း တခြားအင်မော်တယ်စိတ်အာရုံများထဲတွင် အင်မော်တယ်စိတ်အာရုံတစ်ခုက အဓိပ္ပာယ်ရှိစွာ ပြောသည်။

“ မင်းတို့အားလုံးက မူလအနှစ်သာရကို ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်ပေးဖို့အတွက် အခက်အခဲတွေအများကြီးကို ရင်ဆိုင်ကျော်လွှားခဲ့ရတယ်… အဲ့ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး… အဲ့ဒါက ကြီးမားတဲ့ အကျိုးဆောင်မှုဖြစ်သင့်တယ်… ဒါပေမဲ့ တပ်မှူးက မင်းတို့ရဲ့ ဝိညာဉ်ကို မစစ်ဆေးချင်ဘူးဆိုတော့ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးနဲ့ မင်းတို့ရင်ဆိုင်ခဲ့တယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ ”

ထိုစကား ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက နှလုံးတုန်ယင်သွားသည်။ ထိုစကားထဲမှာ သံသယအရိပ်အယောင် ပါဝင်နေဟန် ရ၏။ သို့သော်လည်း ကိစ္စများစွာကို တွေ့ကြုံခဲ့ဖူးသော ရွှီချင်းသည်တော့ တစ်ဖက်လူ၏ စကားထဲမှာ တခြားအဓိပ္ပာယ်တစ်ခု ပါဝင်နေကြောင်း ချက်ချင်း နားလည်သွားသည်။

ယင်းက သူတို့၏ ရောက်ရှိလာမှုနှင့် အကျိုးဆောင်မှုကို အတည်ပြုလိုခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာ ယင်းက ထိုတိုက်ပွဲရလဒ်ကို အတည်ပြုနိုင်စေရန်အလို့ငှာ သက်သေထုတ်ဖော်ခိုင်းခြင်း ဖြစ်သည်။

မည်သို့ကြောင့် ထိုသို့လုပ်ဆောင်ရသလဲဟူသော မေးခွန်းအတွက်တော့ ရွှီချင်းက သူ့အနောက်မှ လူများကို တစ်ချက်ကြည့်လိုက်သည်။

ဤတစ်ကြိမ် တတ်လှမ်းသူအားလုံးဆီမှာ အလွန်သန်မာသော နောက်ခံများ ရှိကြသည်။ ဤနေရာသို့ ရောက်ရှိလာနိုင်သော မည်သူမဆို သူတို့၏ နောက်ကွယ်မှ အင်အားစုများ၏ ယခင်ထက် ပိုမိုတန်ဖိုးထားခြင်း ခံကြရလိမ့်မည်။

‘ ဒီတော့… အဓိကအချက်က အတူတကွ ပူးပေါင်းဆောင်ရွက်တာပဲ ’

ရွှီချင်းက ထိုသို့စဉ်းစားမိသောအခါ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ထဲမှ အာဏာစက်က လှည့်ပတ်သွားပြီး အတိတ်မှာ သူအကျဉ်းချထားခဲ့သော အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရား၏ ခန္ဓာကိုယ်က သူ့အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ပေါ်မှာ လူတိုင်း၏ အာဏာစက်များမှ ဖြစ်ပေါ်လာသော အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ၎င်း၏ နဖူးပေါ်မှာ စိုက်ဝင်နေသော သံတုတ်က အရာအားလုံးကို ရှင်းပြပေးနေသည်။

ရွှီချင်းက ပြောသည်။

“ ဒီအထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားကို ကျွန်တော့်ဘာသာ ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး… လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပဲ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ ”

ထိုသို့ပြောလိုက်သည့်အခါ ရွှီချင်းက ရယ်မောသံကို ကြားလိုက်ရသည်။

ယင်းက တပ်မှူးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ မင်းတို့ကောင်တွေက စိတ်ဝင်စားဖို့ကောင်းသားပဲ ”

“ မင်းတို့က မူလအနှစ်သာရကို ပို့ဆောင်ပေးဖို့ ဖရိုဖရဲဖြစ်နေတဲ့ စစ်ပွဲဇုန်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ကြရတယ်… အဲ့ဒါက အကျိုးဆောင်မှုဖြစ်တယ် ”

“ နတ်ဘုရားတွေကို သတ်ပစ်ပြီး အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားကို ဖမ်းဆီးနိုင်ခဲ့တာကလည်း အကျိုးဆောင်မှုဖြစ်တယ် ”

“ ဒီတော့… မင်းတို့တွေ ငါ့ရဲ့ ဘယ်တောင်ပံစစ်တပ်ထဲမှာ နေနိုင်တယ် ”

ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း အနီရောင်ဂြိုလ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး အနက်ရောင်နန်းတော်က ဖြည်းညင်းစွာ နစ်မြုပ်သွားသည်။

ထို့နောက် ကြယ်ဂြိုလ်က ပုံမှန်ပြန်ဖြစ်သွားသည်။

တုံကင်တစ်ခုသည်သာ အနီရောင်ဂြိုလ်ထံမှ ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့မှာ လွင့်မျောသွားသည်။

ယင်းက နောက်ဆုံးနတ်ဘုရားစိတ်အာရုံကိုလည်း ထုတ်လွှတ်လိုက်သည်။

“ မင်းတို့တွေ ပြန်လည်နေရာချထားရေး ဝိညာဉ်ကြယ်ဂြိုလ်ပေါ်မှာ အနားယူပြီး နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းပါ ”

တပ်မှူးထံမှ အမိန့်ကို ကြားပြီး တုံကင်ကို မြင်တွေ့သွားသည့်အခါ ရွှီချင်းနှင့် တခြားလူများက ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။

“ ကျွန်တော်တို့ အမိန့်နာခံပါတယ် ”

ထို့နောက် ရွှီချင်းက တုံကင်ကို ယူဆောင်လိုက်သည်။ တုံကင်ကို သူဆုပ်ကိုင်လိုက်သည့်အခိုက် လမ်းတစ်လျှောက်တွင် သူတို့ခံစားခဲ့ရသော ဤကြယ်တာရာကောင်းကင်ထံမှ ငြင်းဆန်မှုက ချက်ချင်း ပျောက်ကွယ်သွားသည်။

သူတို့က ဧည့်သည်များ မဟုတ်ကြတော့ချေ။

ရွှီချင်းက နောက်ဆုံးမှာတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ကျိုးကျန်းလီ၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများသည်လည်း စိတ်သက်သာရာရသွားကြသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခရီးတစ်လျှောက်မှ သူတို့၏ အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သည်။ သူတို့၏ နှလုံးသားထဲမှာ မတူညီသော စိတ်ခံစားချက်မျိုးစုံ ထွက်ပေါ်လာသည်။

သူတို့က ရိက္ခာထိန်းသိမ်းသူအဖြစ်မှ ပို့ဆောင်ရေးတမန်တော်အဖြစ် ပြောင်းလဲသွားကြပြီး စစ်မြေပြင်ဆီသို့ ခြေချခဲ့ကြသည်။ ထို့မှတဖန် သူတို့က အခက်အခဲများစွာကို ကျော်လွှားခဲ့ပြီး ဤနေရာဆီသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း သူတို့ပေးဆပ်ခဲ့ရသော တန်ကြေးက အလွန်ကြီးမားသည်။

အစတွင် သူတို့အဖွဲ့မှာ လူရှစ်ဆယ်ကျော် ရှိခဲ့သည်။

ယခု သူတို့မှာ လူနှစ်ဆယ်ပင် မပြည့်တော့ချေ။

“ အဲ့ဒါက တတ်လှမ်းသူတစ်ယောက်ရဲ့ လမ်းစဉ်ပဲ… အဆုံးထိ လျှောက်လှမ်းပြီး အခက်အခဲတွေကြားထဲမှာ အသက်ရှင်နိုင်တဲ့လူကပဲ စစ်မှန်တဲ့ တာအိုမျိုးစေ့အဖြစ် သတ်မှတ်ခံရလိမ့်မယ် ”

ကျိုးကျန်းလီက နူးညံ့စွာ ပြောသည်။

All Chapters