← Chapters

ဘာမှမရှိဘဲ အလောင်းကောက်နိုင်တယ်(က)

Vol. 112 Ch. 1718

ဘာမှမရှိဘဲ အလောင်းကောက်နိုင်တယ်(က)

Vol. 112 Ch. 1718

ရှေ့တန်းစစ်မြေပြင်၏ ကြယ်တာရာကောင်းကင်ထဲတွင် မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက ထွန်းလင်းတောက်ပနေကြသည်။ ထိုစဉ် အဝေးတစ်နေရာ၌ ဗုံသံက ပဲ့တင်ထပ်နေပြီး အင်မော်တယ်အသံအတတ်ပညာဖြင့် ပေါင်းစည်းသွားကာ ဟင်းလင်းပြင်ထဲတွင် လှိုင်းထသွားသည်။

ယင်းက နတ်ဘုရားနှိမ်နင်းခြင်းဗုံ ဖြစ်သည်။

ယင်းက နန်းလင်စစ်တပ် ကင်းလှည့်သည့်အခါတိုင်း အသုံးပြုလေ့ရှိသော အစွမ်းထက်ဓမ္မရတနာတစ်ခု ဖြစ်သည်။ ထိုဗုံက ပုန်းကွယ်နေသော နတ်ဘုရားအရှိန်အဝါများကို ရှာဖွေပေးနိုင်သည်။

ဗုံက ယင်း၏ သက်ရောက်မှုဧရိယာအတွင်းမှာရှိသော နတ်ဘုရားများ၏ သဲလွန်စများကို အာရုံခံပေးနိုင်သည်။ အထူးသဖြင့် ယင်းက ဒြပ်နှောများအပေါ် အဓိက သက်ရောက်မှုရှိသည်။

ဤအခိုက်အတန့်မှာ ဗုံသံက လမ်းပြစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဦးတည်ရာအားလုံးကို ပစ်မှတ်ထားလိုက်သည်။ ဗုံသံ၏ ပဲ့တင်ပြန်မှုအောက်မှာ နန်းလင်စစ်တပ်မှ မှော်ယာဉ်ပျံငါးစီးသည် အရှေ့သို့ ရွေ့လျားသွားကြပြီး ပစ်မှတ်၏ တည်နေရာဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

ကျန်ရစ်ခဲ့သော မှော်ယာဉ်ပျံများသည်တော့ အရှေ့သို့ ဆက်လက် ရွေ့လျားသွားကြပြီး တခြားဒေသကြီးများထဲ၌ ပုန်းကွယ်နေသော အန္တရာယ်များကို စစ်ဆေးရှာဖွေလိုက်ကြသည်။ ယင်းတို့က ကင်းလှည့်နေကြရင်း နတ်ဘုရားများကို အမြစ်ဖြတ်သုတ်သင်ရန် စောစောက ထွက်ခွာသွားကြသော တခြားမှော်ယာဉ်ပျံများ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းကြသည်။

ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။

တခြားဦးတည်ရာများထံမှ စုံစမ်းစစ်ဆေးမှုက မပြီးဆုံးသေးသော်လည်း မမျှော်လင့်ထားသော သတင်းတစ်ခုက စောစီးစွာ ထွက်ခွာသွားကြသော မှော်ယာဉ်ပျံများထံမှ ရောက်ရှိလာသည်။

“ ဆရာ… ဗုံသံရဲ့ လမ်းပြမှုနောက်ကို ကျုပ်တို့လိုက်သွားတဲ့အခါ မီးခိုးရောင်တောင်ရိုးကြယ်ဂြိုလ်ဆီ ရောက်သွားပါတယ်… ဒါပေမဲ့ အဲ့ဒီနေရာမှာ နတ်ဘုရားအလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်… ပြီးတော့ ဘာသဲလွန်စမှ ကျန်မနေခဲ့ပါဘူး ”

သတင်းပေးပို့လာသော ကျင့်ကြံသူက ထူးဆန်းသော လေသံဖြင့် ပြောသည်။

“ ကြည့်ရတာ အမည်မသိလူတချို့က ကျုပ်တို့ထက်အရင် ကြိုရောက်လာပြီး နတ်ဘုရားတွေကို သုတ်သင်ရှင်းလင်းသွားတာ ဖြစ်မယ် ”

ကြယ်တာရာကောင်းကင်ထဲတွင် ကင်းလှည့်နေသော မှော်ယာဉ်ပျံများအနက် မှော်ယာဉ်ပျံတစ်စီးတွင် ဤတစ်ခေါက် တာဝန်မှာ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော သက်လတ်ပိုင်းကျင့်ကြံသူက တင်းမာခက်ထန်သော အမူအရာဖြင့် ယာဉ်ပျံပေါ်မှာ မတ်တတ်ရပ်နေသည်။ သူက အပြာရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားရင်း သူ၏ တစ်ကိုယ်လုံးမှ အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏ လက်အောက်ငယ်သားထံမှ သတင်းပေးပို့မှုကို ကြားသောအခါ သက်လတ်ပိုင်းကျင့်ကြံသူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။

ဤစစ်ပွဲဇုန်က နန်းလင်တပ်မတော်၏ အုပ်ချုပ်မှုအောက်မှာ ရှိသည်။ သို့ဖြစ်၍ ဤကင်းလှည့်ဧရိယာအတွင်းမှာရှိသော နယ်မြေအားလုံးက သူ၏ လက်အောက်မှာ ရှိသည်။

သို့တိုင် ယခု တစ်စုံတစ်ယောက်က သူ့ထက်အရင် လှုပ်ရှားသွားခဲ့သည်။

သို့ဖြစ်၍ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။ နောက်အခိုက်အတန့်မှာ ကင်းလှည့်နေကြသော မှော်ယာဉ်ပျံအားလုံးက ဦးတည်ရာပြောင်းလဲလိုက်ကြပြီး ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားကြသည်။ ယင်းတို့က မီးခိုးရောင်တောင်ရိုးကြယ်ဂြိုလ်ဆီသို့ ဦးတည်သွားကြသည်။

မကြာမီ မီးခိုးရောင်တောင်ရိုးကြယ်ဂြိုလ်၏ အပြင်ဘက်တွင် ရွှမ်၊ လင်း၊ မို၊ လန်၊ ဖုန်းအမည်ရသည့် မှော်ယာဉ်ပျံငါးစီး နေရာယူထားကြသော အာကာသဟင်းလင်းပြင်ထဲတွင် လှိုင်းအတွန့်တွန့်များ ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့၏ ရဲဘော်ရဲဘက် မှော်ယာဉ်ပျံများက ဗလာနတ္ထိထဲမှ ထွက်ပေါ်လာကြသည်။

ကင်းလှည့်မှော်ယာဉ်ပျံများက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းကျင့်ကြံသူ၏ ဦးဆောင်မှုအောက်မှာ ပုံရိပ်တစ်ရာကျော်က ဥက္ကာပျံများသဖွယ် အရှေ့သို့ ပျံသန်းသွားကြသည်။

သူတို့က ကြယ်ဂြိုလ်ပေါ်သို့ ချက်ချင်း ဆင်းသက်လိုက်ကြသည်။

ထို့နောက် လူတိုင်း၏ အမူအရာက ထူးဆန်းသွားသည်။

ကြယ်ဂြိုလ်ထဲတွင် သူတို့ကို စောင့်ကြိုနေသည်မှာ ပြိုကွဲပျက်စီးနေသော ယဇ်ပလ္လင်နှင့် နေရာတိုင်းမှာ ပြန့်ကျဲနေသော နတ်ဘုရားအလောင်းများ ဖြစ်ကြသည်။

နတ်ဘုရားအလောင်းအားလုံးက ညှိုးနွမ်းခြောက်သွေ့နေလေရာ ၎င်းတို့က တစ်ချက်တည်းဖြင့် အသတ်ခံထားရပုံမပေါ်ချေ။ ယင်းအစား ရုန်းကန်ထားသော လက္ခဏာများကို ဖော်ပြနေသည်။ ဤသည်မှာ ၎င်းတို့၏ မူလအနှစ်သာရများက အတင်းအဓမ္မ ဆွဲထုတ်ခံထားရသည့်အလားပင်။

ထို့ပြင် ရိတ်သိမ်းသော နည်းလမ်းက သေသပ်သည်။

နတ်ဘုရားအလောင်းများထံမှာ မူလအနှစ်သာရ နည်းနည်းလေးမှ ကျန်မနေခဲ့ပေ။

ထိုသို့နည်းလမ်းက နန်းလင်တပ်မတော်၏ လုပ်ပုံကိုင်ပုံမျိုး မဟုတ်ပေ။

“ ဒီပုံစံက အလောင်းကောက်သူအဖွဲ့ရဲ့ လုပ်ဆောင်ပုံနဲ့ ဆင်တူတယ်… စစ်မြေပြင်က အရမ်းရှင်းလင်းတယ် ”

ဘေးမှ အစောင့်စစ်သည်တော်တစ်ဦးက အဖွဲ့ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းကျင့်ကြံသူကို ရိုသေလေးစားစွာ ပြောသည်။

ယင်းက လူအများအပြား၏ စိတ်ထဲမှ အတွေးများကို လှုပ်ခတ်သွားစေသည်။

ဤသတ်ဖြတ်မှုကို မည်သို့မည်ပုံ သူတို့စစ်ဆေးကြည့်ပါစေ ယင်းက အလောင်းကောက်သူအဖွဲ့၏ လုပ်ဆောင်ပုံနှင့် ဆင်တူသည်။

မည်သို့ဖြစ်ပါစေ မူလအနှစ်သာရ စုဆောင်းခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ စစ်သည်တော်များသည် အလောင်းကောက်သူများကဲ့သို့ မူလအနှစ်သာရများကို သေသပ်စွာ မရိတ်သိမ်းနိုင်ကြချေ။ ထိုသို့လုပ်ဆောင်နိုင်ရန် အတွေ့အကြုံအများအပြား လိုအပ်သည်။

“ ဒါပေမဲ့ အလောင်းကောက်သူတွေက လင်းတတွေနဲ့ ဆင်တူတယ်… သူတို့က တိုက်ပွဲပြီးသွားမှ ထွက်ပေါ်လာတတ်တယ်… ပြီးတော့ သူတို့က ကြီးမားတဲ့ စစ်ပွဲတွေမှာပဲ ထွက်ပေါ်လာကြတယ် ”

“ သူတို့က အခုလို နတ်ဘုရားဒါဇင်ခန့်ပဲရှိတဲ့ နေရာမျိုးမှာ မထွက်ပေါ်တတ်ဘူး ”

လူတချို့က မေးခွန်းထုတ်လိုက်ကြသည်။

“ ဖြစ်နိုင်တာက တခြားတပ်မတော်က ကင်းထောက်စစ်တပ်တစ်တပ်က ဒီကို ရောက်လာတာများလား… ပြီးတော့ သူတို့ဆီမှာ အလောင်းကောက်သူအဖွဲ့ပါ ရှိနေတာများလား ”

လူတိုင်းက ကိုယ်စီသုံးသပ်နေကြစဉ် အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အဆင့် ကျင့်ကြံသူက မြေပြင်ပေါ်မှာ ပြန်ကျဲနေသော အလောင်းများကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ပြိုကွဲပျက်စီးနေသော ယဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က နတ်ဘုရားအလောင်းတစ်လောင်းပေါ်မှာ ရပ်တန့်သွားသည်။

ထိုအလောင်းကို ကြည့်နေရင်း အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ဖြည်းညင်းစွာ ပြောသည်။

“ သူက အလယ်အလတ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားပဲ ”

“ သူတို့က ဒီနေရာမှာ ပုန်းအောင်းနေကြပြီး ယဇ်ပလ္လင်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်… ဒါပေမဲ့ အဲ့ဒါက အသက်သွင်းဖို့ အချိန်မကျသေးဘူး… နောက်ဆုံးမှာတော့ သူတို့က တခြားရွေးချယ်စရာမရှိတဲ့အဆုံး အဲ့ဒါကို စောစော အသက်သွင်းလိုက်ကြတယ် ”

“ ဒီတော့… ဒီနတ်ဘုရားတွေကို သုတ်သင်ခဲ့တဲ့ လူတွေက ငါတို့လို နတ်ဘုရားနှိမ်နင်းခြင်းဗုံကို အသုံးပြုခဲ့တာ မဟုတ်ဘူး… အဲ့ဒီအစား သူတို့က ဒီနတ်ဘုရားတွေကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ကြတာ ဖြစ်မယ် ”

“ အလယ်အလတ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးကို အချိန်တိုလေးအတွင်း သတ်ပစ်နိုင်ပြီး ဘာသဲလွန်စမှမကျန်စေဘဲ အရာအားလုံးကို ရှင်းလင်းပစ်နိုင်တယ်ဆိုတော့… ဒီအမည်မသိအဖွဲ့က သာမန်မဖြစ်နိုင်ဘူး ”

သက်လတ်ပိုင်းကျင့်ကြံသူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များက နှုတ်ဆိတ်သွားကြသည်။

တစ်ခဏအကြာမှာ သက်လတ်ပိုင်းကျင့်ကြံသူက အကြည့်ပြန်ရုပ်လိုက်သည်။

“ ဒီကိစ္စကို အထက်အရာရှိတွေဆီ တင်ပြလိုက်ပါ… ကြည့်ရတာ တခြားတပ်မတော်က စစ်တပ်တစ်တပ်က ငါတို့ပိုင်နက်ထဲ ဝင်လာတဲ့ပုံပဲ ”

ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်လိုက်ပြီး ကြယ်တာရာကောင်းကင်ထဲသို့ ခြေချလိုက်သည်။ သူ၏ အနောက်မှ ကျင့်ကြံသူများသည်လည်း အပေါ်သို့ ပျံသန်းသွားကြပြီး မှော်ယာဉ်ပျံများဆီသို့ ပြန်သွားကြသည်။

သို့သော်လည်း လူအများစုက ခေါင်းလှည့်လိုက်ကြပြီး အောက်ဘက်မှ စစ်မြေပြင်ကို စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြသည်။

‘ ဘယ်လိုစစ်တပ်က အလောင်းကောက်သူအဖွဲ့ကိုပါ ခေါ်လာတာလဲ… ’

…..

တစ်ချိန်တည်းမှာ မီးခိုးရောင်တောင်ရိုးကြယ်ဂြိုလ်နှင့် အနည်းငယ် ဝေးကွာသော အာကာသဟင်းလင်းပြင်ထဲတွင် တခြားတပ်မတော်မှ စစ်တပ်အဖြစ် အထင်မှားခံရသော ရွှီချင်းနှင့် သူ့အဖွဲ့သားများက မြန်ဆန်စွာ ပျံသန်းနေကြသည်။ သူတို့က ဟင်းလင်းပြင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားရင်း အချင်းချင်း အသံပို့လွှတ်လိုက်ကြသည်။

“ ရိတ်သိမ်းတဲ့ အလျင်က အရမ်းနှေးတယ် ”

“ ငါတို့က သက်ရှိနတ်ဘုရားတွေဆီကနေ ရိတ်သိမ်းတဲ့နေရာမှာ ထူးချွန်တယ်ဆိုပေမဲ့ အဲ့လိုရိတ်သိမ်းနိုင်ဖို့အတွက် နတ်ဘုရားတွေကို အရင်ဆုံး ချုပ်နှောင်ရလိမ့်မယ်… အဲ့ဒါက နတ်ဘုရားတွေကို သတ်ပစ်တာလောက် မမြန်ဘူး ”

“ အခုလိုအခြေအနေမျိုးမှာတော့ ပြဿနာမရှိပေမဲ့ စစ်မြေပြင်မှာဆိုရင် အလောင်းကောက်တာက ပိုပြီးထိရောက်မှုရှိတယ် ”

“ ဒါကြောင့် နတ်ဘုရားအလောင်းတွေဆီကနေ ရိတ်သိမ်းတာကို ငါတို့လေ့ကျင့်ရလိမ့်မယ်… ပိုပြီးမြန်မြန် ရိတ်သိမ်းနိုင်လေ စစ်မြေပြင်မှာ ငါတို့အတွက် ပိုပြီးအဆင်ပြေလေပဲ ”

ဆွေးနွေးမှုများကို အနှစ်ချုပ်ပြီးနောက် ရွှီချင်းက ပြောသည်။

“ နောက်ထပ် အစီအစဉ်အနေနဲ့… အုပ်စုဖွဲ့ဆောင်ရွက်ရတဲ့ အလောင်းကောက်တာဝန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အရင်နည်းလမ်းအတိုင်း ငါတို့ဆောင်ရွက်ကြမယ်… သင့်တော်တဲ့ နတ်ဘုရားတပ်ဖွဲ့တွေကို ငါတို့ပစ်မှတ်ထားကြမယ်… ဒီနည်းနဲ့ဆိုရင် ငါတို့က မူလအနှစ်သာရကို ရိတ်သိမ်းနိုင်သလို အလောင်းကောက်တာကိုလည်း လေ့ကျင့်နိုင်မယ် ”

ရွှီချင်း၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က နောက်ထပ်ပစ်မှတ်ကို ရှာဖွေရန် လူစုခွဲလိုက်ကြသည်။

မကြာမီ ရွှီချင်းတစ်ယောက်တည်း ကြယ်တာရာကောင်းကင်ထဲမှာ ကျန်နေခဲ့သည်။ သူက အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ခွာသွားကြသော တတ်လှမ်းသူများကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ဥက္ကာပျံတစ်ခုကို ရှာဖွေလိုက်ပြီး ယင်းကို သူ၏ ယာယီဂူဗိမာန်အဖြစ် ပြုလုပ်လိုက်သည်။

သူက သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို မြှင့်တင်ရန်အလို့ငှာ ဤနေရာ၌ မူလအနှစ်သာရကို စုပ်ယူရန် ရည်ရွယ်ထားသည်။

ရွှီချင်းက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး စစ်ပွဲနှင့် ဤခရီးစဉ်အကြောင်းကို ပြန်စဉ်းစားလိုက်သည်။

All Chapters