← Chapters

လုပ်စမ်းပါ၊ ဘယ်သူက ဘယ်သူ့ကိုကြောက်မလဲ ကြည့်ကြတာပေါ့

Vol. 6 Ch. 568

လုပ်စမ်းပါ၊ ဘယ်သူက ဘယ်သူ့ကိုကြောက်မလဲ ကြည့်ကြတာပေါ့

Vol. 6 Ch. 568

ကျိုးရီရှင်း၏ အိတ်ကို ဖင်တစ်ပြန် ခေါင်းတစ်ပြန် မွှေနှောက်ရှာပြီးနောက် ပိုင်ရှောင်ချန်း စိတ်ကုန်သွားလေသည်။

သူက ဒေါသတကြီးစိုက်ကြည့်ရင်း ပြောလိုက်သည်။

" မင်းက ကျိုးမျိုးနွယ်စုရဲ တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်ဆိုရင် မင်းအိတ်က ဘာတုန်းကွ။ ပြောင်းတလင်းခါနေတာပဲ"

" မင်း နောက်ကျသွားပြီကွ "

ကျိုးရီရှင်းက ဒေါသတကြီး ပြန်ပြော၏။

" မင်းနဲ့မတွေ့ခင်တုန်းက လူမဆန်တဲ့ခွေးကောင်က ငါ့ပစ္စည်းတွေအားလုံးယူသွားတာကွ"

သူ့ကို ဓားပြလည်းတိုက် အထင်လည်းသေးခြင်းကြောင့် ဒေါပွသွားတော့သည်။ ဤကဲ့သို့မွဲတေနေသော အဆင့်နှင့် အဆုံးသတ်ရလိမ့်မည်ဟု သူ၏ အိပ်မက်ဆိုးများထဲတွင်ပင် မပါခဲ့ဖူးပေ။ ယခင်က သူ့အိတ်ထဲမှာ ကိုးရောင်ခြယ်မီးတောက်၊ မီးဝိညာဥ်မြားတစ်စင်း၊ ဝိညာဥ်ကျွန်များနှင့် ဝိညာဥ်ဆေးများစွာပါသည်။

သို့သော် အားလုံးမှာ သူထံမှခိုးခံရခြင်း သို့မဟုတ် ဝင်္ကပါထဲတွင် အသုံးပြုခဲ့ရခြင်းတို့ကြောင့် ကုန်သွားခဲ့ရသည်။

ကျိုးရီရှင်းမည်မျှဒေါသထွက်နေကြောင်း ပိုင်ရှောင်ချန်း မြင်သောအခါ မျက်လုံးများ ကျဥ်းမြောင်းသွားလေသည်။ ကျိုးရီရှင်း၏ " လူမဆန်တဲ့ခွေးကောင်"ဟုသော အသုံးအနှုန်းကို သတိပြုမိလိုက်ပြီး မည်သူ့ကို ရည်ညွှန်းပြောဆိုလိုက်ကြောင်း သူကောင်းစွာ သိလိုက်သည်။ သူက လည်ချောင်းရှင်းရင်း ကျိုးရီရှင်းကို လျစ်လျူရှုပြီးနောက် သူ့အိတ်ထဲတွင်ရှာတွေ့သည် အရိုးပေလွှာများကို ကြည့်ရှုလေ့လာလိုက်သည်။

ထိုအထဲတွင် သတင်းအတော်များများပါသော်လည်း အများစုမှာ ပိုင်ရှောင်ချန်းသိပြီးသားဖြစ်လေသည်။ အတန်ငယ်မွှေနှောက်ရှာပြီးသော် လတ်တလော သူစိတ်ဝင်စားနေသော အဓိကအကြောင်းအရာဖြစ်သည့် ရောင်စုံမီးတောက်အတွက် ဖော်စပ်နည်းတစ်ခုမျှ မတွေ့ရပေ။

သို့သော် နောက်ဆုံးအရိုးပေလွှာတွင် တွေ့လိုက်ရသောအရာကြောင့် စိတ်သက်သာရသွားတော့သည်။ ၄င်းမှာ သူလက်ဝယ်ပိုင်ဆိုင်ထားသည့်မြေပုံထက်ပိုကြီးမားသော မြေရိုင်းဒေသတစ်ခုလုံးနီးပါး ပြသပေးထားသည့် မြေပုံဖြစ်လေသည်။ ထိုမြေပုံက အသေးမစိတ်သော်လည်း အနည်းဆုံး လက်ရှိအခြေအနေကိုတော့ ရှင်းလင်းသွားစေသည်။

သူသတိပြုမိသော တစ်ချက်မှာ ဧရာမမြို့ကြီးငါးမြို့ကို မြေပုံပေါ်တွင် မှတ်ထားလေသည်။ အခြေခံကျသော အရပ်မျက်နှာများဖြစ်သည့် အရှေ့၊အနောက်၊ တောင်နှင့် မြောက်တွင် မြို့ကြီးလေးမြို့တည်ရှိသည်။ ထိုမြို့ကြီးလေးမြို့မှာ ေသာကကင်းဝေးကိုးသွယ်မြို့ ၊ သရဲကြီးမြို့၊ စစ်အောင်မြို့နှင့် ဝိညာဥ်ခရီးမြို့တို့ဖြစ်ကြ၏။

ထိုမြို့ကြီးလေးမြို့သည် မြေရိုင်းဒေသအတွင်းရှိ နေရာကြီးများကို ထိန်းချုပ်ထားသည်။ ထိုမျှသာမက သောကကင်းဝေးကိုးသွယ်မြို့ နှင့် ဝိညာဥ်ခရီးမြို့ ကြားရှိ အတန်ငယ်ဝေးသောနေရာတွင် ငါးခုမြောက် မြို့ဖြစ်ပြီး နန်းမြို့တော်ဟု နာမည်တွင်လေသည်။

အတွေးထဲ နစ်မြောရင်း သူက အရိုးပေလွှာကို ပြန်ထည့်လိုက်၏။ တခဏကြာသော် သူက ကျိုးရီရှင်းကို ပြန်ကြည့်လိုက်သည်။

သူ့မျက်လုံးအတွင်းရှိ အကြည့်ကိုမြင်ရသောအခါ ကျိုးရီရှင်းသည် တခဏလေးအတွင်း သူ၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်တော့မည်မှန်း သိသွား၏။ ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးပြန်ကြည့်ရင်း သူက အော်ဟစ်လိုက်သည်။

" မင်းငါ့ကိုသတ်မယ်ဆိုရင် သတ်လိုက်စမ်းပါ "

ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရယ်ရင်း ကျိုးရီရှင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြော၏။

“ စိတ်အေးအေးထားစမ်းပါ။ ငါမင်းကို မေးခွန်းနည်းနည်းပါးပါး မေးချင်ရုံလေးပါကွ။ မင်းကောင်းကောင်းဖြေရင် အသက်ချမ်းသာပေးမယ်"

သူ၏ ကိုယ်ပွားများက ကျိုးရီရှင်းအား ကြောက်လန့်စေမည်ကို စိုးရိမ်သောကြောင့် သူက လက်ကို ဝှေ့ယမ်းလိုက်လေရာ အဖြူရောင်အလင်းမှုန် များအသွင် သူခန္ဓာကိုယ်နှင့် ပေါင်းစည်းကာ ပျောက်ကွယ်သွားတော့သည်။

" မင်းကို တစ်ခုခုပြောမယ်လို့ ထင်နေတာလား။ အိပ်မက် မက်မနေနဲ့ "

ကျိုးရီရှင်းက တံတွေးထွေးလိုက်ပြီး ပြန်အော်လိုက်သည်။

" မင်းလိုတာရပြီဆိုရင် ငါကိုသာသတ်လိုက်တော့။ ငါ့မျိုးနွယ်စုက အောက်လမ်းဆရာတွေက ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်။ "

ဤအောက်လမ်းဆရာသက သူ၏ဝိညာဥ်ကို အောက်လမ်းပညာဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးချချင်နေကြောင်း ကျိုးရီရှင်း တွေးနေသည်။ ထို့ကြောင့် သူ့အသက်ကိုချမ်းသာပေးလိမ့်မည်ဟု မည်သို့မျှ မယုံပေ။

ကျိုးရီရှင်း၏ နှလုံးသားထဲတွင် ခါးသီးနာကျည်းမှုများ ပြည့်နှက်နေသော်လည်း သူက သေရန်အဆင်သင့်ဖြစ်နေသောကြောင့် စိတ်ရှိအတိုင်းပြုမူရန် ဆုံးဖြတ်လိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

ကျိုးရီရှင်း၏ ဒေါသတကြီးအပြုအမူက ပိုင်ရှောင်ချန်းကို လန့်သွားစေသာ်လည်း တံတွေးက သူ့မျက်နှာပေါ် စင်လုမတတ်ဖြစ်သွားသောအခါ ဒေါသထွက်လာလေသည်။

" မင်းကိုယ်မင်း ခံနိုင်ရည်ရှိတယ်များ ထင်နေတာလား ကျိုးရီရှင်း။ ငါမင်းကို ဘာမေးခွန်းမှတောင် မမေးရသေးဘူး၊ မင်းက ဇွတ်ငြင်းနေတယ်ပေါ့ "

ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်းက မည်မျှမျက်နှာပြောင်တိုက်နေသည်ကိုတွေးကာ မယုံနိုင်အောင် ဖြစ်နေတော့သည်။ ဤနေရာတွင် သူက စစ်သုံ့ပန်းဖြစ်သော်လည်း အနိုင်ကျင့်သည့်သူကဲ့သို့ ပြုမူရဲလေသည်။

ကျိုးရီရှင်းက အေးတိအေးစက်ရယ်လိုက်၏။ သူသေတော့မည်ဟု ယုံကြည်သောကြောင့် သူ့မျက်လုံးတွင်းရှိ အထင်သေးမှုများကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ဘဲ သူကပြော၏။

" ဟမ် ။ မင်းမှာ ဘာမေးခွန်းတွေရှိနေလဲ ငါစိတ်မဝင်စားဘူး။ ငါ့ဆီကနေ သတင်းတွေအစ်ထုတ်ဖို့ဆို မေ့လိုက်တော့။ ပြီးတော့ စကားမစပ် ပြောရဦးမယ်။ ကျိုးမျိုးနွယ်စုက စစ်ဆေးတာေတွ၊ ညှဥ်းပန်းနှိပ်စက်တာတွေ လုပ်တယ်။ ငါ့လိုလူမျိုးတွေက ကလေးဘဝထဲက အဲဒီနည်းတွေနဲ့ လေ့ကျင့်ပေးခံခဲ့ရတာ။ မင်းလုပ်ချင်တာ လာ လုပ်စမ်းပါ။ မင်းငါ့ ပါးစပ်ကို ဖွင့်နိုင်မလားကြည့်ရသေးတာပေါ့။ မင်းဘယ်လို ကြိုးစားမလဲ ငါ သိချင်လိုက်တာ "

ထိုအထင်မြင်သေးသည့်စကားက ပိုင်ရှောင်ချန်း၏ဒေါသကို ဆွပေးလိုက်ရာ သူ့ မျက်လုံးများပြူးကျယ်သွားပြီး သူ့အိတ်ကို ပုတ်လိုက်လေသည်။ ရုတ်တရက် ကာမအားတိုးဆေးတစ်လုံးက ပိုင်ရှောင်ချန်း၏လက်ထဲတွင် ပေါ်လာပြီး ကျိုးရီရှင်းက မည်သည့်အရာမှန်း မမြင်နိုင်ခင်မှာပင် သူက ကျိုးရီရှင်း၏ပါးစပ်ထဲပစ်ထည့်လိုက်လေသည်။ ထို့နောက် သူက ကျိုးရီရှင်း၏ရင်ဘတ်ကို ထုလိုက်ရာ ဆေးလုံးက သူ့လည်ချောင်းထဲကျသွားတော့သည်။

" တကယ့်အကြောက်တရားက ဘာလဲဆိုတာ မင်းကိုပြမယ် "

ပိုင်ရှောင်ချန်းက ငေါက်ငမ်းလိုက်၏။

" ပြီးရင် မင်း စကားပြောမလား၊ မပြောမလား ကြည့်ကြသေးတာပေါ့ကွာ "

ကျိုးရီရှင်းမှာ ချက်ချင်းပင် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည် နွေးထွေးသော အပူစီးကြောင်းများကို သတိပြုမိလိုက်သည်။ သူက အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းတွင် ပူပန်သောကရောက်နေတော့သည်။ သို့သော် သူက ပိုင်ရှောင်ချန်းကို ဒေါသတကြီးစိုက်ကြည့်နေဆဲပင်။

မကြာခင် ပူသထက် ပူလာသောကြောင့် ကျိုးရီရှင်း၏မျက်နှာပေါ်၌ ပုံမှန်မဟုတ်သော အမူအရာတစ်ခုပေါ်လာတော့သည်။ တချိန်တည်းမှာပင် ပေါက်ကွဲတော့မတတ် အလွန်ပြင်းပြသော အာသီသများပေါ်လာလေရာ သူ့မျက်လုံးများ ရဲရဲနီသွားတော့သည်။ သူက ရင်တဒိန်းဒိန်းခုန်လာ၏။ အလွန်ပြင်းပြသော ခံစားချက်ကြောင့် တုန်လှုပ်နေသော်လည်း မယုံကြည်နိုင်ဖွယ် ဇွဲကြီးမှုကို ပိုင်ဆိုင်ထားလေရာ ခံစားချက်ကို သည်းခံထားနိုင်လေသည်။ သူက ပိုင်ရှောင်ချန်းကို အမုန်းတရားအပြည့်ဖြင့် ဆက်ကြည့်နေနိုင်သေးလေသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီးချိန်ခန့်ကြာပြီးသော် ကျိုးရီရှင်းသည် မီးပွင့်တော့မတတ်ဖြစ်နေသော်လည်း လုံးဝ မလှုပ်ရှားပေ။ ပိုင်ရှောင်ချန်းမှာ အမှန်တကယ် စိတ်နှလုံးတုန်လှုပ်သွားတော့သည်။

"ဘာလို့ ဒီလိုဖြစ်နေတာတုံး။ ငါက မင်းကို မေးခွန်းနည်းနည်းပါးပါး မေးချင်ရုံပါ။ "

ပိုင်ရှောင်ချန်းက သက်ပြင်းချရင်း စကားပြောရန်ပြင်လိုက်စဥ် ကျိုးရီရှင်းက ရုတ်တရက် အရူးပမာ တဟားဟား ထရယ်လိုက်တော့သည်။

" တော်လိုက်စမ်းပါ။ ဒါက မင်းလုပ်နိုင်တာ အကုန်လား။ ဘာရှိသေးတုံး။ လာစမ်းပါကွ "

သူ၏ အသံမှာ အနည်းငယ်တုန်ယင်နေသော်လည်း ယုံကြည်ချက်များ ပြည့်ဝနေဟန်တူပြီး ပိုင်ရှောင်ချန်းကို တံတွေးပင်ထွေးလိုက်သေးသည်။

ပိုင်ရှောင်ချန်းမှာ ကပျာကယာရှောင်လိုက်ပြီး ဒေါသူပုန်ထလာတော့သည်။ သူတို့နှစ်ယောက်လုံး အချိန်အတော်ကြာ မျက်နှာချင်းဆိုင်နေကြပြီး နောက်ဆုံး ပိုင်ရှောင်ချန်းက သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြော၏။ "ကောင်းပြီလေ။ မင်းက ငါ့ကို ဖိအားပေးနေတာပဲ ညီလေးကျိုးရေ"

သူ၏စကားဆုံးသည်နှင့် သူ၏ သစ်သားကိုယ်ပွားထွက်လာပြီး တောင်အောက်ဆင်း၍ အနီးနားရှိ တောအုပ်ထဲသို့ ပြေးဝင်သွားလေသည်။ အချိန်အနည်းငယ်ကြာသော် သူပြန်လာချိန်တွင် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ ကျိုးရီရှင်းထံသို့ သုံးမီတာအရှည် ဝက်တူသတ္တဝါကြီးကို ပို့လွှတ်လိုက်၏။ ၄င်း၏ အရေပြားကို ရှည်လျားထူထဲသော အမွှေးများက ဖုံးအုပ်ထားပြီး သိသာထင်ရှားစွာပင် အထီးဖြစ်လေသည်။

ဝက်တူ သတ္တဝါကြီးသည် ဘေးဘီဝဲယာကို စူးစမ်းစွာ ကြည့်နေပြီး ခပ်စူးစူးအသံများပင် အော်နေသော်လည်း ပိုင်ရှောင်ချန်းမှ ထုတ်လွှတ်နေသော ဖိအားအောက်တွင် လှုပ်ပင် မလှုပ်နိုင်ပေ။

ကျိုးရီရှင်းက သတ္တဝါကို တအံ့တသြစိုက်ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းက မည်သို့လုပ်ရန်ကြံနေသည်ကို စဥ်းစားမရဖြစ်နေသည်။ ထို့နောက် ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်းကာ ကျိုးရီရှင်း၏အနှောင်အဖွဲ့များကို ဖယ်ရှားလိုက်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကိုတော့ ချုပ်နှောင်ထားလိုက်သည်။

ကျိုးရီရှင်း၏ အမူအရာမှာ ရုတ်တရက်လှုပ်ရှားနိုင်မှုကြောင့် ဝင်းပသွားသော်လည်း ထို့နောက်တွင် သူမျက်လုံးများက ဝက်တူသတ္တဝါကြီးထံ ကျရောက်သွားပြီး မအောင့်နိုင်တော့ပဲ ၄င်းအပေါ် ခုန်တက်လုနီးပါး ဖြစ်နေတော့သည်။

သူက ထိုနေရာတွင် ရပ်နေစဥ် သူ့မျက်လုံးများကရဲရဲနေပြီး သူခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်နေကာ ချွေးသီးချွေးပေါက်များ ကျနေလေသည်။ သူသည် ယခင်ကထက်များစွာဆိုးဝါးသည့် အခြေအနေအထိ ရောက်ရှိသွားပြီး ခန္ဓာကိုယ်အတွင်းထဲမှပင် လောင်ကျွမ်းနေသည့်အလား ခံစားနေရ၏။

" စကားပြောမယ်"

ပိုင်ရှောင်ချန်းက သက်ပြင်းချလျက် ပြောလိုက်သည်။

" ဒီလို ဖြစ်နေစရာအကြောင်းမရှိဘူး။ မင်းလုပ်ရမှာက ငါသိချင်တာကို ပြောပြရုံပါပဲ။ ငါမင်းကို မသတ်ပါဘူး"

" ငါမပြောခင် သေသွားလိမ့်မယ်။ မင်းလဲ ငါ့ဆီက သိဖို့ ကြိုးစားနေတာကို မေ့လိုက်တော့"

ကျိုးရီရှင်းမှာ အချိန်မရွေးပေါက်ကွဲတော့မည့်အလား ခံစားနေရတော့သည်။ သူ၏ အမူအရာမှာ ရှုံ့တွနေပြီး သွေးကြောပြာကြီးများသည် သူ့ကိုယ်ပေါ်တွင် ထောင်နေတော့သည်။ သူ့ကိုယ်ထဲရှိ ပြင်းထန်သော အပူမှာ သူ့ ဘဝတစ်လျှောက်လုံး တစ်ခါမှ မခံစားခဲ့ဖူးသော အရာတစ်ခုပင်ဖြစ်သည်။

" မင်းက တကယ့်ကို ကိုယ်တော်ကျိုးရဲ့ စိတ်စွမ်းအားကို အထင်သေးထားတာပဲ။ ငါြစိတ်က ခိုင်မာလွန်းလို့ ငါ့မျိုးနွယ်စုခေါင်းဆောင်ကြီးကတောင် ချီးကျူးခဲ့သေးတာ"

ကျိုးရီရှင်းမှာ ချွေးများနစ်နေပြီး သိသာစွာပင် လောင်မြိုက်ခါနီးဖြစ်နေသည်။ သို့သော် သူက အတန်ငယ်ဆက်ထိန်းထားနိုင်သေးပြီိး နောက်ဆုံးတွင် သူ့မျက်လုံးထဲ၌ ခါတိုင်းထက်ပိုသော အထင်အမြင်သေးမှုများဖြင့် ခေါင်းနောက်လှန်၍ အားပါးတရအော်ရယ်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ အံသြသော အမူအရာသို့ ပြောင်းသွားပြီး ကျိုးရီရှင်းကို စိတ်ရင်းနှင့်ပင် လေးစားသွားရတော့သည်။ သူပြောနိုင်သည်မှာ ကျိုးရီရှင်း၌ သာမန်လူထက်ပိုသော ကြောက်စရာကောင်းသော စိတ်စွမ်းအားနှင့် ခံနိုင်ရည်ရှိလေသည်။

" ငါနားလည်ပြီ တာအိုရောင်ရင်းကျိုး။ မင်းရဲ့ စိတ်စွမ်းအားက တကယ့်ကို့ တွေ့ရခဲပါတယ်။ အတော်လေး အံ့သြစရာပဲ။ ငါက မင်းကို မေးခွန်းနည်းနည်းပါးပါး မေးချင်ရုံပါ။ ငါ့မှာ တွန်းအားပေးရုံကလွှဲပြီး ရွေးချယ်စရာမရှိဘူး။ နောက်ဖြစ်လာမယ့် အရာတွေအတွက် ငါ့ကို မမုန်းပါနဲ့ "

သူက သက်ပြင်းချရင်း ဝက်တူသတ္တဝါကြီးကို လှမ်းကြည့်ပြီးနောက် ကျိုးရီရှင်းကို ပြန်ကြည့်လိုက်သည်။

"ဒီ ဝက်တူသတ္တဝါကြီးက မင်းလိုမျိုး စိတ်စွမ်းအား ရှိမယ် မျှော်လင့်ပါတယ်ကွာ "

သူက ခေါင်းခါရင်း ကာမအားတိုးဆေးတစ်လုံးထုတ်လိုက်ကာ အမှုန့်ခြေလိုက်ပြီး သတ္တဝါကြီးကို ကျွေးရန်ပြင်လိုက်၏။

ကျိုးရီရှင်း ထိုသည်ကို မြင်သောအခါ ရယ်မောနေရာမှ ရပ်လိုက်ပြီး ပေါက်ထွက်တော့မည့် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်လိုက်လေသည်။ သူ၏ ရင်ခုန်သံမြန်သွားပြီး အင့်ခနဲဖြစ်သွားကာ သူ့မျက်နှာ သွေးဆုပ်ဖြူရော်သွားတော့သည်။ သူ့ကို သွက်သွက်ခါရူးသွားစေနိုင်သည့် မည်သည့်ဆေးကျွေးလိုက်သည်လဲ သေချာမသိသော်လည်း ဝက်တူသတ္တဝါကြီးလည်း ထိုနည်းတူဖြစ်တော့မည်ကို တွေးလိုက်သည်နှင့် ခေါင်းကြိမ်းသွားတော့သည်။ နောက်ထပ်ဘာဖြစ်မည်လဲ သူ မတွေးဝံ့တော့ပေ။

သူက ဝက်တူသတ္တဝါကြီး၌ မည်သည့် စိတ်စွမ်းအားအဆင့်ရှိသည်လဲ လောင်းကြေးမထပ်ရဲ၍ မကြာမီ ဖြစ်လာမည့်အရာကို တွေးကြည့်ရင်း သူ့စိတ်ထဲတွင် မဖော်ပြနိုင်လောက်အောင် ခါးသီးမှုများ ပြည့်နေတော့သည်။ သို့ထိတိုင်အောင် သူ၏ နှုတ်ခမ်းများ ကွေးတက်သွား၏။

" လုပ်စမ်းပါ။ ဘယ်သူက ဘယ်သူ့ကိုကြောက်မလဲ ကြည့်ကြတာပေါ့"

All Chapters