← Chapters

တောင်းပန်ခိုင်းခြင်း

Vol. 166 Ch. 2477

တောင်းပန်ခိုင်းခြင်း

Vol. 166 Ch. 2477

“ဆူဇီမို… မင်း… မင်းဘာလုပ်နေတာလဲ”

ဖန့်ချင်းယွင်၏ ဆံပင်ကို ဆူဇီမိုက ဆွဲကိုင်ပြီး သူ့ကို တရွတ်တိုက်ဆွဲခေါ်သွား၏။ သူ၏ မျက်နှာက သွေးများဖြင့် စိုရွှဲနေပြီး သူ၏ မျက်လုံးတစ်ဖက်က တဖြည်းဖြည်း ကြောက်ရွံ့မှုကို ထုတ်ဖော်ပြသလာ၏။

ရုတ်တရက် သူရင်ဆိုင်နေရသောလူက သာမန်အသိသညာဖြင့် ကိုင်တွယ်၍ မရနိုင်သောလူဆိုတာကို သူက နားလည်သဘောပေါက်လိုက်သည်။

ဤလူက တကယ့်ကို တဇောက်ကန်းဖြစ်လေသည်။

သူသည် ဉာဏ်ပညာထက်မြက်မှုမှာ ပြိုင်ဘက်ကင်းသည်ဟု ဖန့်ချင်းယွင်က သူ့ကိုယ်သူ မှတ်ယူထား၏။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ အရာရာတိုင်းကို ကြိုတင်တွက်ချက်နိုင်ပြီး မည်သူ သို့မဟုတ် မည်သည့်အရာကမှ သူ၏ တွက်ချက်မှုကနေ မလွတ်မြောက်နိုင်ပေ။

အရင်တုန်းက ယန်လောရှုသည် သူ၏ အကွက်ချကြံစည်ခြင်းခံခဲ့ရပြီး ဒုက္ခိတဖြစ်ခဲ့လုနီးပါးပင်။

သို့သော်လည်း သူသည် ဆူဇီမို စိတ်ထဲမှာရှိနေသည့်အရာကို ကြိုတင်မခန့်မှန်းနိုင်ပေ။

ဒါ့အပြင် သူသည် ဆူဇီမို၏ လက်ထဲမှာ အကြိမ်ရေအနည်းငယ် ဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီဖြစ်၏။

တစ်ခဏချင်းမှာပင် ဆူဇီမိုက ဖန့်ချင်းယွင်ကို ဆွဲခေါ်၍ ထောင်ယောင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမိုက သူ၏ လက်ဖဝါးနှင့် ဖိချလိုက်ပြီး ဖန့်ချင်းယွင်က အဲဒါကို မခုခံနိုင်ပေ။ ဒုန်းခနဲမြည်သံနှင့်အတူ သူက မြေပြင်ပေါ်မှာ နောက်တစ်ဖန်ဒူးထောက်ကျပြီး စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

ဖန့်ချင်းယွင်က ကျိန်ဆဲတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုကလည်း သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်ကို တွေ့ရှိလိုက်ရ၏။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်သွားလေသည်။ ဖန့်ချင်းယွင်သည် ဆူဇီမို၏ အေးစက်နေသော မျက်လုံးအကြည့်နှင့် ဆုံမိချိန်မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး ပြောဆိုတော့မည့် သူ၏ စကားလုံးများကို ပြန်လည်မျိုချလိုက်ရ၏။

“ဖန့်ချင်းယွင်… မင်းက တကယ်ကို ပိုပိုပြီးတော့ ရွံစရာကောင်းလာတာပဲ”

တည်တံ့သောအမူအရာနှင့် ဆူဇီမိုက ပြောလိုက်၏။

“မင်း ငါ့ကို ကိုင်တွယ်ချင်တယ်ဆိုရင် ငါ့ကို တိုက်ရိုက်လာရှာလိုက်ပေါ့… မင်းက အဲဒီအစား ငါ့ရဲ့တာအိုကလေးငယ်တစ်ယောက်ကို အနိုင်ကျင့်ခဲ့တယ်… မင်းက အတွင်းဂိုဏ်းရဲ့နံပါတ်တစ်ဖြစ်ဖို့ ထိုက်တန်လို့လား”

ဤတစ်ခေါက်မှာ ဆူဇီမိုက တကယ်ကို ဒေါသထွက်နေ၏။

ထောင်ယောင်သည် ဘေးကင်းလုံခြုံမှု ရှိနေသော်လည်း အဲဒါသည် ယွင်ကျူးပေးထားသည့် တံဆိပ်ပြားကြောင့်ဖြစ်၏။

ထိုတံဆိပ်ပြားကြောင့် မဟုတ်ခဲ့လျှင် ထောင်ယောင်က ယခုအချိန်မှာ သေနေလောက်လေပြီ။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက ဘေးကနေ စောင့်ကြည့်နေကြ၏။ ဖန့်ချင်းယွင်က အားနည်းမှုကို မပြသလိုပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူအားတင်းကာ ပြောလိုက်၏။

“ဆူဇီမို… မင်းဘာလုပ်ချင်တာလဲ ငါ့ကိုပြောစမ်းပါ… ငါ မင်းကို ကြောက်နေမယ်ဆိုရင် ငါက တက္ကသိုလ်ရဲ့တပည့်ဂိုဏ်းသားဖြစ်ဖို့ မထိုက်တန်တော့ဘူး”

ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကြီးမားလာသည်ကို ဖန့်ချင်းယွင်က သိထား၏။ အတွင်းဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနှင့် စီနီယာအစ်ကိုယွဲ့ဟွားတို့က အချိန်မရွေးရောက်ရှိလာနိုင်လေသည်။

သူက အချိန်တချို့ဆွဲထားနိုင်သည့်အမျှ သူသည် အောင်မြင်စွာ လွတ်မြောက်နိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဆူဇီမိုက သေရပေမည်။

“မကြောက်စမ်းပါနဲ့”

ဆူဇီမိုသည် အပေါ်ယံမှာ တင်းမာပြနေပြီး အတွင်းစိတ်မှာ သတ္တိကြောင်နေသော ဖန့်ချင်းယွင်ကို ကြည့်လိုက်၏။ ရုတ်တရက် သူက ပြုံး၍ ထိုသူ၏ မျက်နှာကို ပုတ်လိုက်၏။

“မင်းက ထောင်ယောင်ကို အများနဲ့ အနိုင်ကျင့်ပြီး မင်းတို့တွေကို ဦးညွှတ်တောင်းပန်ဖို့ သူ့ကို ဖိအားပေးခဲ့တယ်ဆိုတော့ ငါကလည်း အခုမင်းကို ပြန်ပြီးတောင်းပန်ခိုင်းမယ်… အဲဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်”

“မင်း က.. ငါ့ ကို မင်းရဲ့ အစေခံကို တောင်းပန်စေချင်တာလား”

ဖန့်ချင်းယွင်က လှောင်ရယ်ပြီး တံတွေးထွေးလိုက်၏။

“စိတ်ကူးသာ ယဉ်နေလိုက်”

“ရတယ်လေ”

ဆူဇီမိုက ပြုံးပြလိုက်၏။

“မင်းက ဘယ်လိုတောင်းပန်ရမလဲ မသိဘူးဆိုမှတော့ ငါ မင်းကို သင်ပေးရတာပေါ့”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမို၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ရုတ်တရက် သူက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး ဖန့်ချင်းယွင်၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ ဖိချလိုက်၏။

ဒုန်း…

ဖန့်ချင်းယွင်၏ နဖူးက မြေပြင်နှင့် ပစ်ရိုက်မိသွားပြီး ကြွပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာ၏။

သူ၏ ခေါင်းကို ပြန်မော့သည့်အချိန်မှာ သူ၏ နဖူးက စုတ်ပြတ်သတ်၍ အရိုးဖြူဖြူများကိုပင် ခပ်ရေးရေးတွေ့မြင်လာရသည်။

“ဆူ…”

ဖန့်ချင်းယွင်က ဒေါသချောင်းချောင်းထွက်သွားပြီး ကျိန်ဆဲဖို့ ပြင်လိုက်၏။

ဒုန်း…

ဆူဇီမိုက သူ၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ နောက်တစ်ဖန် ဆောင့်ချလိုက်၏။

ဤတစ်ခေါက်မှာ ဖန့်ချင်းယွင်သည် ပစ်ဆောင့်မှုကနေ မူးဝေထုံထိုင်းသွားပြီး စကားလုံးဝမပြောနိုင်တော့ပေ။

ဒုန်း… ဒုန်း… ဒုန်း…

ဆူဇီမိုက ဖန့်ချင်းယွင်၏ ခေါင်းကို မြေပြင်နှင့် ပစ်ဆောင့်ချပြီး ထောင်ယောင်၏ ရှေ့မှာ ကိုးကြိမ်တိုင်တိုင် ဦးချစေပြီးမှ ရပ်တန့်ပေးလိုက်၏။

ဖန့်ချင်းယွင်ကို ဆူဇီမိုက နောက်တစ်ဖန် ဆွဲမလိုက်သည့်အချိန်မှာ သူ၏ မျက်နှာက သွေးများဖြင့် စိုရွှဲနေပြီဖြစ်ပြီး သူက အလွန်တရာ ဆိုးဆိုးရွားရွားပုံပေါက်နေ၏။ သူ၏ မူလရုပ်ရည်သွင်ပြင်ကို မတွေ့မြင်ရတော့ပေ။

ကြီးမားသော လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွား၏။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် ဤမြင်ကွင်းကို တုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။ တက္ကသိုလ်၏ နံပါတ်တစ်အတွင်းဂိုဏ်းတပည့် စီနီယာအကိုဖန့်သည် တာအိုကလေးငယ်တစ်ယောက်၏ ရှေ့မှာ ကိုးကြိမ်တိုင်တိုင် ဦးချခဲ့ရသည်။

“စီနီယာအကိုဆူက တာအိုကလေးငယ်တစ်ယောက်ကိုတောင် အရမ်းကာကွယ်ပေးလွန်းတာပဲ… ငါသာ စီနီယာအကိုဆူနဲ့ မိတ်ဆွေဖြစ်ခွင့်ရမယ်ဆိုရင် အဲဒါက ကောင်းချီးပေးခံရတာဖြစ်မယ် မဟုတ်လား”

“စီနီယာအကိုဆူက အရမ်းကာကွယ်ပေးတတ်တာပဲ”

ကျင့်ကြံသူများစွာက ညည်းတွားရေရွတ်၍ ထောင်ယောင်ကို မနာလိုအားကျစွာဖြင့် ကြည့်လိုက်ကြ၏။

“အဟွတ်.. အဟွတ်”

ဖန့်ချင်းယွင်က သွေးများကို ထွေးထုတ်ပြီး အားအင်ချိနဲ့စွာဖြင့် ပြောလိုက်၏။

“မင်းကျာ… ကောယွမ်… မင်းတို့တွေ ဘာကိုစောင့်နေကြတာလဲ… ဆူဇီမိုက ဂိုဏ်းသားအချင်းချင်း ထိခိုက်အောင်လုပ်ပြီး ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ပြီးပြီ… တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေအားလုံးက သူ့ကိုသတ်ဖို့ ပူးပေါင်းတိုက်ခိုက်နိုင်တယ်”

အစက ဆူဇီမိုနောက်သို့ လိုက်ပါလာခဲ့ကြသော တပည့်ဂိုဏ်းသားတစ်ထောင်က သူတို့ရှေ့မှမြင်ကွင်းမှာ တုန်လှုပ်နေပြီး မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ နေရာမှာပင် ငေးမောမှင်တက်နေကြ၏။

ထိုအခိုက်အတန့်မှာ ဖန့်ချင်းယွင်၏ အော်ဟစ်အကူအညီတောင်းသံကို ကြားရစဉ် လူတိုင်းက ရင်တစ်ချက်ထိတ်သွားပြီး သူတို့၏ ငေးငိုင်ရာကနေ နိုးထလာကြ၏။

ချက်ချင်းပင် အတွင်းဂိုဏ်းတပည့်တစ်ထောင်က သူတို့၏ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကို ဆွဲထုတ်ပြီး ဆူဇီမိုကို ချိန်ရွယ်လိုက်ကြ၏။ သူတို့က လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေ၏။

“ဆူဇီမို… မင်းကို ခွင့်လွှတ်လို့ မရဘူး… မင်းက ဂိုဏ်းစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ဂိုဏ်းသားအချင်းချင်း ပျက်စီးထိခိုက်အောင် လုပ်ခဲ့တယ်… မင်းရဲ့ပြစ်မှုတွေက ဘယ်လိုမှ ခွင့်လွှတ်လို့မရနိုင်ဘူး”

“ဆူဇီမို… မင်းက တာအိုနှလုံးသားလှေကားမှာ ဒသမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့တာနဲ့ပဲ မောက်မာချင်တိုင်း မောက်မာလို့ရပြီ ထင်နေလား… ဒီနေ့ မင်းက စည်းမျဉ်းစည်းကမ်းတချို့ကို ဆက်တိုက်ချိုးဖောက်ခဲ့တယ်… ငါတို့တွေက မင်းကိုသတ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်ရနေပြီ”

သူတို့၏ ခေါင်းဆောင် မင်းကျာနှင့် ကောယွမ်က အဆင့်-၉ ကောင်းကင်အမော်တယ်များဖြစ်ပြီး မှန်ကန်ဖြောင့်မတ်သယောင်ဖြင့် အော်ဟစ်ပြောဆိုလိုက်ကြ၏။

“နေကြပါဦး”

ထိုစဉ်မှာပင် အတွင်းဂိုဏ်း၏ နံပါတ်တစ်အချောအလှ ယန်ဖေးယင်က ဒေါသထွက်နေသောအမူအရာနှင့် ရင်ပြင်ထဲသို့ အတင်းဝင်ရောက်လာ၏။ သူမက စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ ဆူဇီမိုကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။

“စီနီယာအကိုဆူ… ရှင်ဘာလို့ သူ့ကို လွှတ်မပေးသေးတာလဲ… ဂိုဏ်းချုပ်ဆီ မြန်မြန်သွားပြီး ရှင့်ရဲ့အမှားတွေကို ဝန်ခံလိုက်လေ”

ယန်ဖေးယင်သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် ဆူဇီမိုကို သတိပေးနေခြင်းဖြစ်၏။

ဆူဇီမိုက ကြိုတင်စီစည်ပြီးသွားပြီဖြစ်ပြီး အကြောက်အလန့်မရှိပေ။ သူက မင်းကျာ၊ ကောယွမ်နှင့် အခြားသူများကို အထင်မြင်သေးသော အမူအရာဖြင့်ကြည့်ကာ လှောင်ရယ်လိုက်၏။

“ငါ့ကိုတိုက်ခိုက်တဲ့ ဘယ်သူမဆို ဖန့်ချင်းယွင်လိုမျိုး အဆုံးသတ်သွားရလိမ့်မယ်”

“ဘယ်လောက်တောင်မောက်မာလိုက်လဲ”

“တော်တော်အတင့်ရဲနေတာပဲ”

အခြားတစ်ဖက်မှာရှိသော တက္ကသိုလ်တပည့်ဂိုဏ်းသားများက ဒေါသထွက်နေသော အမူအရာများဖြင့် အော်ငေါက်ပြောဆိုလိုက်ကြ၏။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများပင် မျက်မှောင်ကြုတ်လိုက်ပြီး ဆူဇီမိုက အရမ်းကို မျက်နှာပြောင်တိုက်လွန်းသည်ဟု ခံစားနေရ၏။

မင်းကျာက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“ဆူဇီမို မင်းက အဆင့်-၆ ကောင်းကင်အမော်တယ်တစ်ယောက်ပဲ… မင်းက စီနီယာအကိုဖုန့်ကို လှဲချနိုင်ခဲ့တယ်ဆိုတာ သူက အငိုက်မိသွားလို့ပဲ… မင်းက ဘာတွေလာပြီး မောက်မာနေတာလဲ”

“အဲဒါအမှန်ပဲ”

ကောယွမ်ကလည်း အေးစက်စွာပြောလိုက်၏။

“ငါတို့ဘက်မှာ ကောင်းကင်အင်မော်တယ် တစ်ထောင်ရှိတယ်… ငါတို့တွေက တစ်ချိန်တည်းမှာ တိုက်ခိုက်ပြီး ဓမ္မရတနာ၊ နတ်ဘုရားစွမ်းအားနဲ့ လျှို့ဝှက်အတတ်တစ်ခုစီကိုပဲ ထုတ်ဖော်လိုက်မယ်ဆိုရင် မင်းက သေချာပေါက်သေရမယ်… မင်းက ငါတို့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ”

“အဲဒါတော့ ဆိုးပြီ… ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်သွားခဲ့ပြီ”

ထိုစဉ်မှာပင် တက္ကသိုလ်၏ တပည့်ဂိုဏ်းသားတစ်ယောက်က အဝေးတစ်နေရာကနေ ပြေးလွှားလာနေ၏။ သူက သူ၏ လက်ထဲမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကိုင်ထားပြီး ထိတ်လန့်တကြားအမူအရာဖြင့် အော်ပြောလာခဲ့သည်။

“ဂျူနီယာညီကျောက်… မင်းဘာတွေဖြစ်နေတာလဲ”

လူအုပ်ကြားထဲမှာ တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်တစ်ယောက်က ရှေ့သို့လျှောက်လှမ်းထွက်ပြီး ဂျူနီယာညီကျောက်ကို တားဆီးလိုက်၏။

ဂျူနီယာညီကျောက်က အောက်ဘက်မှာ စုဝေးနေသော လူများစွာကို တွေ့မြင်သောအခါ တုန်လှုပ်သွား၏။ သူက အနည်းငယ်မောဟိုက်နေပြီး ပြောလိုက်လေသည်။

“မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပကတိမိုးကြိုးမြို့ကို တစ်ယောက်ယောက်က ဖျက်ဆီးပစ်လိုက်ပြီ”

“ပကတိမိုးကြိုးမြို့တစ်မြို့လုံးက မီးလောင်တိုက်သွင်းခံရပြီး အပျက်အစီးပုံတွေအဖြစ် ပြောင်းလဲသွားပြီ… မင်းသားယွမ်ကျောက သတ်ဖြတ်ခံရပြီး ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ရာကျော်ကလည်း မြို့ထဲမှာ သေဆုံးသွားတယ်”

“ပကတိမိုးကြိုးမြို့မှာ ကောင်းကင်အင်မော်တယ် တစ်ထောင်ကျော်ထဲက အယောက်နှစ်ရာကျော်ကျော်ပဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်”

“ဘာဖြစ်တယ်”

“ဟာ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက တုန်လှုပ်သွားကြ၏။

ဤကဲ့သို့သောအရာကို ဘယ်သူက လုပ်ရဲတာလဲ။

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးနှင့် ကောင်းကင်အင်မော်တယ်ရာချီကို သတ်ဖြတ်ခြင်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မြို့တော်တစ်မြို့ကိုပင် မီးလောင်တိုက်သွင်းခဲ့ခြင်းသည် မဟာကျင်းအင်မော်တယ်နိုင်ငံကို စစ်ကြေညာလိုက်သည်နှင့် တူညီသလောက်နီးပါးပင်။

“အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ”

“မိစ္ဆာမဟာနယ်မြေက ကြီးမားတဲ့တပ်ဖွဲ့တစ်ဖွဲ့ ကျူးကျော်ဝင်ရောက်လာတာလား”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ချို့က အလိုလိုမေးလိုက်ကြ၏။

“အဲဒါက…”

ဂျူနီယာညီကျောက်က အထစ်ထစ်အငေါ့ငေါ့ဖြစ်နေ၏။ သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး သူက တုန်လှုပ်နေဆဲဖြစ်နေသည့်အလားပင်။

“ပြောစမ်းပါ”

လူတိုင်းက လောဆော်လိုက်ကြ၏။

ဂျူနီယာညီကျောက်က တံတွေးကို အလျင်စလိုမျိုချကာ ပြောလိုက်၏။

“အဲဒါကို လုပ်ခဲ့တာ ကျုပ်တို့တက္ကသိုလ်က စီနီယာအကိုဆူပဲ”

“ငါတို့တက္ကသိုလ်ကလား”

“စီနီယာအကိုဆူလား… ဘယ်စီနီယာအကိုဆူလဲ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက ငေးမောမှင်တက်သွားပြီး အလိုလိုမေးမြန်းလိုက်ကြ၏။

ဂျူနီယာညီကျောက်က ပြောလိုက်၏။

“အဲဒါ အတွင်းဂိုဏ်းက စီနီယာအကို ဆူဇီမိုပဲ”

All Chapters