← Chapters

အသစ်ထုတ်ပြန်လိုက်သောအဆင့်သတ်မှတ်ချက်

Vol. 166 Ch. 2478

အသစ်ထုတ်ပြန်လိုက်သောအဆင့်သတ်မှတ်ချက်

Vol. 166 Ch. 2478

ထိုစကားကို ကြားရသောအခါ တက္ကသိုလ်မှ လက်ရှိတပည့်ဂိုဏ်းသားများစွာသည် ဆူဇီမိုကို တစ်ချိန်တည်းနီးပါးလှည့်ကြည့်လိုက်ကြ၏။

စီနီယာအစ်ကိုဆူက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပကတိမိုးကြိုးမြို့တော်ကို တစ်ယောက်တည်းဖျက်ဆီးခဲ့တာလား။

လူတိုင်းမှာ မတူညီသောအမူအရာများရှိနေကြသည်။

အချို့က အံအားသင့်နေပြီး အချို့က တုန်လှုပ်နေကာ အချို့က သံသယမကင်းဖြစ်နေကြ၏။

“အဲ..အဲဒါက မဟုတ်..မဟုတ်လောက်ဘူးလေ ဟုတ်တယ်မလား”

“စီနီယာအစ်ကိုဆူက မင်းသားယွမ်ကျောနဲ့ ရန်ငြိုးရန်စရှိထားတယ်ဆိုပေမဲ့ သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... သူက မင်းသားယွမ်ကျောကို သတ်ပြီး မြို့တစ်မြို့ကို လောင်ကျွမ်းပြာချပစ်ဖို့အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံကိုတစ်ယောက်တည်း ဘယ်လိုလုပ်သွားနိုင်ပါ့မလဲ”

“စီနီယာအစ်ကိုဆူက ပကတိမိုးကြိုးမြို့တော်ကိုဖျက်ဆီးဖို့ အစွမ်းအစရှိတယ်ဆိုရင်တောင် သူကမဟာကျင်းအင်မော်တယ်နိုင်ငံကနေ ဘယ်လိုလွတ်မြောက်လာတာလဲ”

အစကတော့... မင်းကျာ၊ ကောယွမ်နှင့် အခြားသူများသည် ဆူဇီမိုကို တိုက်ခိုက်ကြတော့မည့်ဆဲဆဲဖြစ်၏။

သို့သော်လည်း သူတို့သည် ထိုသတင်းကို ကြားသောအခါ တိတ်တဆိတ်ထိတ်လန့်သွားပြီး စိုးရိမ်ပူပန်နေသော အမူအရာများနှင့်အတူ မဆင်မခြင်မပြုမူရဲတော့ပေ။

လူတိုင်းက အဲဒါကို မယုံကြည်နိုင်ဖြစ်နေကြသော်လည်း ဤကဲ့သို့အရေးကြီးသောသတင်းတစ်ခုကို တစ်ယောက်ယောက်က လုပ်ကြံပြောဆိုလိမ့်မည် မဟုတ်ပေ။

အဲဒါက အမှန်ဖြစ်ပြီး ဆူဇီမိုက ပကတိမိုးကြိုးမြို့တော်ကို တစ်ယောက်တည််းဖျက်ဆီးကာ ကောင်းကင်အင်မော်တယ်ရာချီကို သတ်ဖြတ်ခဲ့သည်ဆိုလျှင် သူတို့အုပ်စုက သူ့ကိုကိုင်တွယ်ဖို့ လုံလောက်လိမ့်မည် မဟုတ်ပေ။

စောစောက ဆူဇီမို၏ ခြိမ်းခြောက်မှုကလည်း ကြွားလုံးထုတ်နေခြင်းမဟုတ်ဟု အဓိပ္ပါယ်ရလေသည်။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“အဲဒါက တကယ်ကြီးလား”

ဂျူနီယာညီကျောက်က အလောတကြီး ခေါင်းညိတ်ပြလိုက်၏။

“အဲဒါတကယ့်ကို အမှန်ပဲ... အဲဒီသတင်းက အခုဆိုရင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ပျံ့နှံ့နေပြီ”

“မင်းက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို ဘာလို့ကိုင်လာတာလဲ”

နောက်ထပ်လူတစ်ယောက်က မေးလိုက်၏။

ဂျူနီယာညီကျောက်က ပြောလိုက်လေသည်။

“စီနီယာအစ်ကိုဆူက အဲဒီတိုက်ပွဲအပြီးမှာ အရမ်းကို နာမည်ကြီးနေပြီ... သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်လာ​ခဲ့ပြီ”

“သူ့ရဲ့အဆင့်သတ်မှတ်ချက်က ဘယ်လောက်လဲ”

“၁၇”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက တုန်လှုပ်သွားကြ၏။

အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၇ ဝင်လာခဲ့လေသည်။

ဖန့်ချင်းယွင်ကလွဲလျှင် ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဒုတိယမြောက် အဆင့်ရပ်တည်မှု အမြင့်မားဆုံးဖြစ်လာပြီး သူက ယန်ပင်းယင်၏ အထက်ကိုပင် ရောက်ရှိလာခဲ့၏။

ပို၍ပင်ကြောင်တိကြောင်တောင်နိုင်သည်မှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၀ ဝင်သော တက္ကသိုလ်မှ အတွင်းဂိုဏ်း၏ နံပါတ်တစ် ဖန့်ချင်းယွင်က ယခု သွေးအလိမ်းလိမ်းဖြင့် သူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေ၏။ သူက ဆူဇီမို၏ လက်ထဲမှာ ကူရာကယ်ရာမဲ့နေလေသည်။

သူ၏ အဆင့်သတ်မှတ်ချက်ကို ကြားရသောအခါ အခြားသူများကို မပြောနှင့် ဆူဇီမိုပင် အံ့အားသင့်သွားရ၏။ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင်ပါဝင်သော မင်းသားယွမ်ကျောကလွဲလျှင် ပကတိမိုးကြိုးမြို့တော်မှာ တခြားသော ထိပ်တန်းကောင်းကင်အင်မော်တယ်များ မရှိပေ။

ထိုတိုက်ပွဲကြောင့်ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲအခြေအနေက မသေးငယ်သော်လည်း အဲဒါက အရမ်းကြီးလည်း အထင်ကြီးစရာကောင်းမနေပေ။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးအယောက် ၇၀ထဲမှာ ရပ်တည်နိုင်သော မည်သည့်ပြိုင်စံရှားတစ်ယောက်မဆို ထိုကဲ့သို့ တူညီသောအစွမ်းအစကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

သူပြုလုပ်ခဲ့သောအရာကို ပြုလုပ်ဖို့သတ္တိ သူတို့မှာ မရှိရုံသာဖြစ်ပေမည်။

အစကတော့ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ သူ၏ အဆင့်ရပ်တည်ချက်သည် ထိုတိုက်ပွဲအပြီး၌ အဆင့်-၆၀ ထက် ပိုလိမ့်မည်မဟုတ်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။

ယခုသူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၁၇ပင် ဝင်လာခဲ့ပြီဆိုတော့...။

ယန်ပင်းယင်က သူမကိုယ်သူမ ဣန္ဒြေဆယ်ပြီး မျက်မှောင်ကြုတ်ကာ တွေဝေရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။

“စီနီယာအစ်ကိုဆူက ပကတိမိုးကြိုးမြို့တော်ကို ချေမှုန်းဖျက်ဆီးခဲ့တယ်ဆိုရင်တောင် သူ့ရဲ့အဆင့်ရပ်တည်ချက်က အဲလောက်ထိ မမြင့်မားလောက်ဘူးမလား”

“စီနီယာအစ်မယန်ပြောတာမှန်တယ်”

ဂျူနီယာညီကျောက်က ပြောလိုက်၏။

“စီနီယာအစ်ကိုဆူက အဆင့် ၁၇မှာ ရပ်တည်လာနိုင်တယ်ဆိုတာ နောက်ထပ်တိုက်ပွဲတစ်ခုကြောင့်ပဲ”

ခဏမျှရပ်တန့်ပြီးနောက် ဂျူနီယာညီကျောက်က တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“အင်း... အတိအကျပြောရရင် အဲဒါကို တိုက်ပွဲတစ်ခုလို့တောင်မှ အတိအကျပြောလို့မရဘူး”

လူတိုင်းက ငေးငိုင်သွားကြ၏။

“မင်းလက်ထဲမှာရှိတဲ့ နောက်ဆုံးပြင်ဆင်မွမ်းမံထားတဲ့ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ငါတို့ကို ပြစမ်းပါ”

မင်းကျာက လေးနက်သောအသံဖြင့် ပြောလိုက်၏။

ဂျူနီယာညီကျောက်က ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်အသစ်ကို အလောတကြီးဖြန့်ပြလိုက်၏။

သူက လေထဲမှာ ပါဝင်အကြောင်းအရာများကို ရောင်ပြန်ဟပ်ပြပေးပြီး အဲဒါက အလွန်တရာသိသာရှင်းလင်းနေ၏။

လူတိုင်းက အပေါ်ကို မော့ကြည့်လိုက်ကြ၏။

ယခင်... ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ထားခဲ့သည်မှာ မကြာသေးဘဲ ဤပြင်ဆင်မွမ်းမံမှုမှာ ပြောင်းလဲမှုများစွာမရှိပေ။

အထင်ရှားဆုံးမှာ မင်းသားယွမ်ကျော၏ အမည်က ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကနေ ဖယ်ထုတ်ခံထားရပြီဖြစ်သည်။

ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့်-၁၇ နေရာကတော့ တကယ်ပင် ဆူဇီမို၏ နာမည်အဖြစ် ပြောင်းလဲသွားခဲ့သည်။

“နာမည် - ဆူဇီမို”

“အဆင့် - အဆင့်-၆ ကောင်းကင်အင်မော်တယ်”

“သရုပ်သကန် - ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်၊ ကြယ်တာရာဂိုဏ်းလျှို့ဝှက်အတတ်၏ အရိုက်အရာဆက်ခံသူနှင့် ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ အရိုက်အရာဆက်ခံသူ။”

စန်းယွင်တောင်မှ အချေအတင်တိုက်ခိုက်မှုအပြီး၌ ဆူဇီမိုက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ပိုင်ဆိုင်ထားသည်မှာ လျှို့ဝှက်ချက်တစ်ခုဆက်လက်၍ မဟုတ်တော့ပေ။

“တိုက်ပွဲမှတ်တမ်း - လွန်ခဲ့သည့် နှစ်တစ်ထောင်က သူသည် အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့စဥ် သူသည် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရှိ လန့်ဖုန်းမြို့တော်မှ နံပါတ်တစ်ကောင်းကင်အင်မော်တယ်ကို အချိန်နတ်ဘုရားစွမ်းအားတစ်ခုသုံး၍ အနိုင်ယူခဲ့သည်။”

“အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ်ကျင့်ကြံခဲ့ပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာ၍ ပကတိမိုးကြိုးတော်သို့ တစ်ယောက်တည်းစိမ့်ဝင်ထိုးဖောက်ကာ မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ်ပညာရှင်ရာချီကို သတ်ဖြတ်ခဲ့သည်။ သူသည် ပကတိမိုးကြိုးမြို့တော်ကို လောင်ကျွမ်းပြာချပစ်ပြီး မထိမခိုက် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။”

ပြောရမည်ဆိုလျှင် ဤတိုက်ပွဲမှတ်တမ်းများမှာ တိုက်ပွဲနှစ်ခုသာရှိပြီး မျက်စိစူးစရာကောင်းမနေပေ။

ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပညာရှင်များစွာမှာ အနည်းဆုံးတိုက်ပွဲမှတ်တမ်း ဆယ်ခုအထက်စီရှိကြ၏။ သူတို့ထဲမှတချို့ဆိုလျှင် စကားလုံးသောင်းချီနှင့်အတူ တိုက်ပွဲမှတ်တမ်းတစ်ရာထိပင် ရှိတတ်လေသည်။ အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်း၏။

ထိပ်ဆုံး ကောင်းကင်အင်မော််တယ်အယောက်၂၀နှင့် ယှဥ်လျှင် ဆူဇီမို၏ အောင်မြင်ရရှိမှုများက အတော်လေးနိမ့်ကျနေ၏။

တကယ်ဆို... သူသည် အဆင့်-၄၃မှာ ရပ်​တည်သော ယန်ပင်းယင်ထက်ပင် အနည်းငယ်အားနည်းနေပုံရ၏။

ဆူဇီမိုသည် အဆင့် ၁၇မှာ ဘယ်လိုရပ်တည်လာနိုင်ခဲ့သလဲ နားမလည်နိုင်တော့ဘဲ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက တွေဝေရှုပ်ထွေးသောအမူအရာများဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

လူတိုင်းက ဆက်လက်၍ ဖတ်ရှုလိုက်၏။

နောက်ဆုံးအပိုင်းသည် ဆူဇီမိုအပေါ် ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကိုင်တွယ်ထိန်းချုပ်ထားသည့် ပကတိအင်မော်တယ်များ၏ တန်ဖိုးချင့်တွက်မှု ဖြစ်လေသည်။

မထင်မှတ်ထားစွာပင် အကဲဖြတ်တန်ဖိုးအပိုင်းသည် အလွန်တရာအသေးစိတ်ကာ နေရာများစွာကို ယူထား၏။ အဲဒါသည် အခြားသောကျင့်ကြံသူများထက် သာလွန်နေ၏။

“အကဲဖြတ်တန်ဖိုး - ဤကောင်လေးသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့စဥ်ကပင် နာမည်ကြီးကျော်ကြားနေခဲ့ပြီဖြစ်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိခဲ့၏။ သူ့မှာ ကြီးမားသောပါရမီအလားအလာနှင့် ဝှက်ဖဲများစွာရှိလေသည်။ နတ်ဘုရားစွမ်းအားများ၊ ဓမ္မပညာရပ်များနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ သူ့တွင် သိသာထင်ရှားသော အားနည်းချက်မရှိပေ။”

“သူသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များ၊ နဂါးဟိန်းသံနှင့်ဆင်တူသော အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုနှင့် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ပိုင်ဆိုင်ထားလေသည်။ သူသည် လူတစ်ယောက်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော နတ်ဘုရားစွမ်းအားတစ်ခုကို အထူးလေ့ကျင့်ထားပြီး အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်သုတ္တန်ကို တတ်မြောက်ထားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာသန်မာပြီး အဆင့်တူများကြားမှာ များစွာ​သာလွန်နေသည်။”

“ဒါ့အပြင် သူသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များစွာကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသည်။”

“ဤကောင်လေးသည် ပကတိမိုးကြိုးမြို့တော်နှင့် လန့်ဖုန်းမြို့တော်မှ တိုက်ပွဲနှစ်ပွဲအပြီး၌ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ သူ၏ စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ပြသခဲ့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်းမရှိဘဲ သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်နေသည်။ ထို့ကြောင့် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ သူ၏ အထက်စည်းက သိပ်ပြီးမြင့်မားလိမ့်မည် မဟုတ်ပေ။”

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ယခင်ထုတ်ပြန်မှုမှာ မင်းသားယင်ထင်သည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ထိမကျင့်ကြံရသေးသောကြောင့် သူက အဆင့် ၃ မှာသာရပ်တည်သည်ဟု အတိအကျဖော်ပြထားခဲ့၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အလုံးစုံခွန်အားကို ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်းတွက်ချက်ထားပြီး ကျင့်ကြံမှုနယ်ပယ်ကလည်း အလွန်တရာအရေးကြီးသော စံသတ်မှတ်ချက်တစ်ခုဖြစ်၏။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ ထုတ်ပြန်ထားသည့် အကဲဖြတ်တန်ဖိုးက မပြီးဆုံးသေးဘဲ လူတိုင်းက ဆက်လက်၍ဖတ်ရှုလိုက်၏။

“သို့သော်လည်း စန်းယွင်တောင်အနီးမှာ ဤကောင်လေးသည် ကြွယ်ဝူယင်း၏ သေကွင်းသေကွက်တိုက်ခိုက်မှုကို ရှောင်လွှဲ၍ ရှင်သန်နိုင်ခဲ့သည်။ အဲဒါကို တိုက်ပွဲတစ်ခုအဖြစ် မသတ်မှတ်နိုင်သည့်အတွက် အဲဒါကို တိုက်ပွဲမှတ်တမ်းမှာ ထည့်သွင်းထားခြင်းမရှိပေ။”

“ထိုလုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကြောင့်မဟုတ်လျှင် ဤကောင်လေး၏ အဆင့်သတ်မှတ်ချက်သည် အဆင့်-၆၅ နှင့် အဆင့်-၇၀ ကြားမှာ ရှိပေလိမ့်မည်။ သို့သော်လည်း ဤလုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကို ရှောင်လွှဲနိုင်ခဲ့သောကြောင့် သူသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး၂၀ထဲ မှာ ရှိသင့်သည်ဟု ကျုပ်တို့အားလုံးက ထည့်သွင်းစဥ်းစားဆုံးဖြတ်ခဲ့ကြသည်။”

ဆူဇီမိုအပေါ် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အကဲဖြတ်တန်ဖိုးက ဤနေရာမှာ အဆုံးသတ်သွား၏။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ ပကတိအင်မော်တယ်များသည် အဆင့်ရပ်တည်ချက်အတွက် အကြောင်းအရင်းကို အကြမ်းဖျင်းရှင်းပြထား၏။

သို့သော်လည်း တက္ကသိုလ်မှ တပည့်များစွာက တွေဝေရှုပ်ထွေးနေကြဆဲဖြစ်၏။

“ကြွယ်ဝူယင်းက ဘယ်သူလဲ”

တက္ကသိုလ်မှ အတွင်းဂိုဏ်းတည့်များစွာသည် ကြွယ်ဝူယင်းကို မသိရှိသလို သူ၏ အဆင့်သတ်မှတ်ချက်သည် လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်ကို ရှောင်တိမ်းပြီးနောက် ဤမျှအထိ ဘယ်လိုလုပ် မြင့်တက်လာနိုင်ခဲ့သလဲ သူတို့က နားမလည်နိုင်ကြပေ။

လူတစ်ယောက်က အလွန်တရာအံ့အားသင့်စွာဖြင့်ပြောလိုက်၏။

“ကြွယ်ဝူယင်း... ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ် မဟာနယ်မြေရဲ့ မဟာဓားအင်မော်တယ် သုံးဦးထဲက တစ်ဦးပဲ... နောက်ထပ်နှစ်ယောက်က အင်ပါယာလေဘုရားကျောင်းက ချွန်းဖုန်ကျန့်နဲ့ ငါတို့တက္ကသိုလ်က စီနီယာအစ်ကိုယွဲ့ဟွားပဲ”

“အဲဒါကို စဥ်းစားကြည့်လေ စီနီယာအစ်ကိုယွဲ့ဟွားက မင်းကိုတိုက်ခိုက်မယ်ဆိုရင် မင်းမှာအသက်ရှင်နိုင်ဖို့ အခွင့်အရေးဘယ်လောက်ရှိမလဲ”

ထိုနေရာအရောက်တွင် တိုက်ပွဲမှတ်တမ်းထဲမှာမပါသော လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်ကြောင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ဤမျှအထိ မြင့်မားသောအကဲဖြတ်တန်ဖိုးတစ်ခုကို ဘာ့ကြောင့်ထုတ်ပြန်ခဲ့သလဲ လူတိုင်းက တဖြည်းဖြည်းနားလည်သဘောပေါက်လာကြ၏။

ထိုလုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ဆူဇီမို၏ အဆင့်ရပ်တည်ချက်ကို အဆင့်၅၀ တိတိ မြှင့်တင်ပေးနိုင်ခဲ့၏။

“အဲဒါတင် မကသေးဘူး”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။

“ကြွယ်ဝူယင်းက အရိပ်မဲ့ဓားလို့လည်း ကျော်ကြားတယ်... သူက မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေရဲ့ ပကတိအင်မော်တယ်တွေကြားမှာ ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူပဲ”

“သူ့ရဲ့ဓားက အသံတိတ်ပြီးတော့ မမြင်ရဘူး... အရိပ်မဲ့ဓားနဲ့ တိုက်ခိုက်လိုက်တာနဲ့ သုခဘုံလေဟာနယ် ပကတိအင်မော်တယ်တစ်ဦးတောင်မှ သေရဖို့များတယ်။”

All Chapters