← Chapters

ယွဲ့ဟွား၏ ကျရှုံးမှု

Vol. 166 Ch. 2481

ယွဲ့ဟွား၏ ကျရှုံးမှု

Vol. 166 Ch. 2481

ထိုစကားကို ကြားသောအခါ ယန်လောရှုက မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“စီနီယာအကိုရှောင်… မိစ္ဆာမဟာနယ်မြေကို ဝင်ရောက်ဖို့ ဂိုဏ်းကို သစ္စာဖောက်တယ်ဆိုတာ ကြီးလေးတဲ့ပြစ်မှုတစ်ခုပဲ… ခင်ဗျားက ဒီလိုကိစ္စမျိုးကို ပြောချင်တိုင်း လျှောက်ပြောလို့မရဘူး”

“ငါက အဲဒါကို ပြောရဲတယ်ဆိုမှတော့ ငါ့မှာ ယုံကြည်မှုအပြည့်ရှိလို့ပေါ့”

ရှောင်လီက လှောင်ရယ်လိုက်ပြီး ဆူဇီမိုကိုကြည့်ကာ အော်ပြောလိုက်၏။

“ဆူဇီမို… ငါ့ကို ပြောစမ်းပါဦး… မင်းက မင်းရဲ့တာအိုကလေးငယ်ကို ဘယ်ကနေ ရလာတာလဲ”

“မင်းက ဘာကိုပြောဖို့ကြိုးစားနေတာလဲ”

ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။

ဆူဇီမို၏ တုံ့ပြန်မှုကို တွေ့မြင်သောအခါ ရှောင်လီက စိတ်သက်သာရာရသွား၏။

“မင်းအဲ့ဒါကို မပြောဘူးဆိုလည်း ရတယ်လေ… အားလုံးကို ငါပဲပြောပြလိုက်မယ်… မင်းဘေးမှာရှိတဲ့ တာအိုကလေးငယ်က မိစ္ဆာမဟာနယ်မြေက ထျန်ဟွမ်ဂိုဏ်းချုပ်ရဲ့ တာအိုကလေးငယ်ပဲ… သူက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်ပဲ”

ဆူဇီမိုက မှင်သေသေဖြင့် ရှိနေ၏။

ထိုစဉ်တုန်းက လန့်ဖုန်းမြို့တော်က ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပြီး ပကတိအင်မော်တယ်များစွာသည် သိုင်းတာအိုပင်မခန္ဓာ၏ လိုက်လံတိုက်ခိုက်မှုကနေ ထွက်ပြေးလွတ်မြောက်ဖို့ကိုသာ အာရုံစိုက်နေခဲ့ကြသည်။ သူက ထောင်ယောင်နှင့် ပြန်လာခဲ့သည်ကို တစ်ယောက်ယောက်တွေ့မြင်သွားဖို့က မဖြစ်နိုင်ပေ။

ရှောင်လီ၏ စကားလုံးများက လူအုပ်ကြားထဲမှာ တုံ့ပြန်မှုများစွာကို ပေါ်ထွက်မလာစေပေ။

တက္ကသိုလ်တပည့်ဂိုဏ်းသားအများစုက တွေဝေရှုပ်ထွေးနေကြ၏။

ထောင်ယောင်ဟုခေါ်သော ဤကလေးငယ်က မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်နဲ့ ဘယ်လိုလုပ် ပတ်သက်ဆက်စပ်နေမှာလဲ။

မည်သူ့ထံကမှ တုံ့ပြန်မှုရှိမလာသည်ကို ရှောင်လီတွေ့မြင်သောအခါ သူက အလောတကြီးရှင်းပြလိုက်၏။

“လန်ဖုန်းမြို့တော်က တိုက်ပွဲက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ် ဖမ်းဆီးခံခဲ့ရလို့ ပေါ်ထွက်လာခဲ့တာပဲ… အဲဒီအချိန်တုန်းက ဆူဇီမိုကလည်း လန့်ဖုန်းမြို့တော်မှာ ရှိနေခဲ့တယ်”

“အဲဒါမတိုင်ခင် ဆူဇီမိုက သူ့ဘေးမှာ အစေခံတစ်ယောက်ကိုမှ ခေါ်မထားခဲ့ဘူး… ဒါပေမဲ့ သူ အဲဒီကနေ ပြန်လာပြီးတဲ့နောက် သူ့ဘေးမှာ တာအိုကလေးငယ်တစ်ယောက်ရှိလာခဲ့တယ်”

“အဲဒါကြောင့် ဒီထောင်ယောင်က မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်ဖြစ်မယ်”

တက္ကသိုလ်တပည့်ဂိုဏ်းသားများစွာက မကျေမနပ်ဟန်ဖြင့် မျက်လုံးစွေကြည့်လိုက်ကြ၏။

ရှောင်လီသည် အလွန်တရာယုံကြည်မှုရှိနေခဲ့သည်မှာ သူ့မှာ ခိုင်မာသော သက်သေအထောက်အထားရှိသောကြောင့်ဖြစ်မည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။

ယခု သူသည် ကိစ္စနှစ်ခုကို အတင်းအကျပ်ပေါင်းစပ်နေပြီး မရေမရာမှုများဖြင့် ပြည့်နှက်နေသည့် ကောက်ချက်တစ်ခုကို ဆွဲထုတ်လိုက်သည်ဆိုတော့…။

တက္ကသိုလ်မှတပည့်တစ်ယောက်က ခပ်တိုးတိုးပြောလိုက်၏။

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က သူ့ရဲ့တာအိုကလေးငယ်ကို ကယ်တင်ဖို့အတွက် လန့်ဖုန်းမြို့တော်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်… ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ဝမ်းသာအားရပြန်သွားပြီး သူ့ရဲ့တာအိုကလေးငယ်ကို အဲဒီနေရာမှာ စွန့်ပစ်ထားခဲ့တာလား”

“အထီးကျန်သိုင်းသခင်ရဲ့ မှတ်ဉာဏ်တွေက သိပ်မကောင်းလို့ သူက သူ့ရဲ့တာအိုကလေးငယ်ကို ကယ်ဖို့လာတယ်ဆိုတာ မေ့သွားတာဖြစ်ရမယ်… အဲဒါကြောင့် စီနီယာအကိုဆူက အလျဉ်းသင့်လို့ အဲဒီကောင်လေးကို ကောက်ခေါ်လာခဲ့တာပဲ”

နောက်ထပ်တစ်ယောက်က ထေ့ငေါ့ပြောဆိုလိုက်၏။

“ခွီ…”

ဘေးမှာရှိသော ကျင့်ကြံသူတချို့က မချုပ်တည်းနိုင်ဘဲ ရယ်မောလိုက်ကြ၏။

တက္ကသိုလ်မှ တပည့်တစ်ယောက်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။

“ထောင်ယောင်က အထီးကျန်သိုင်းသခင်ရဲ့တာအိုကလေးငယ် တကယ်ပဲ ဟုတ်တယ်ဆိုရင် နှစ်ပေါင်းများစွာ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် အထီးကျန်သိုင်းသခင်က ဘာလို့ ဘာမှမလုပ်ခဲ့တာလဲ”

နောက်ထပ်လူတစ်ယောက်က ထပ်ပြောလိုက်၏။

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ရဲ့ စိတ်နေစရိုက်အရဆို သူက အဲဒီအကြောင်းကို သိတာနဲ့ ကျုပ်တို့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို ခွေးရူးတစ်ကောင်လို ပြေးလာခဲ့မှာ မဟုတ်ဘူးလား”

“ပိုပြီးတော့ အရေးကြီးတာက သူသာ အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်ဖြစ်မယ်ဆိုရင် ထောင်ယောင်က စီနီယာအကိုဆူရဲ့ဘေးမှာ ဘာလို့နေလိုတာလဲ… သူ့ကို စီနီယာအကိုဆူက တစ်ခုခုနဲ့ ဆွဲဆောင်ထားတာလား”

“ဟီးဟီး”

နောက်ထပ်လူတချို့က မချုပ်တည်းနိုင်တော့ပဲ ထပ်မံ၍ ရယ်မောလိုက်ကြ၏။

ဘေးမှာရှိသော ကျင့်ကြံသူများက သူတို့၏ ရယ်ချင်စိတ်ကို ချုပ်တည်းထားပြီး သူတို့၏ မျက်နှာများက နီမြန်းလာ၏။

လူတိုင်းအတွက်တော့ ရှောင်လီ၏ ထင်မြင်ယူဆချက်က ဟာသတစ်ခုသာဖြစ်နေသည်။

ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ ပြုံး၍သာ ကြည့်နေ၏။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာ၏ တုံ့ပြန်မှုများကို သူတွေ့မြင်သောအခါ ရှောင်လီက ပျာပျာသလဲဖြစ်၍ အိုးတိုးအမ်းတမ်းဖြစ်လာလေသည်။

သူ၏ စကားမှာ ဟာကွက်များစွာ ရှိနေသည်ကို သူက သိထားလေသည်။

သို့သော်လည်း သူက ဆူဇီမိုကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်ထားပြီဆိုမှတော့ သူက အံကိုသာကြိတ်ပြီး ဆက်ပြောလိုက်ရ၏။

“အားလုံးပဲ ငါပြောတာ မပြီးသေးဘူး”

“ဆူဇီမိုက လန့်ဖုန်းမြို့တော်က ကြောက်စရာကောင်းတဲ့ တိုက်ပွဲအပြီးမှာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်ဆိုတာ အစကတည်းက ထူးဆန်းနေတယ်”

တကယ်တမ်းမှာတော့ လန့်ဖုန်းမြို့တော်မှာ သေဆုံးခဲ့သော လူအများစုက ပကတိအင်မော်တယ်ပညာရှင်များ ဖြစ်ကြလေသည်။ တခြားအပြစ်မရှိသော လူများကြားမှာ သေကြေပျက်စီးထိခိုက်မှုက မရှိသလောက်နီးပါးပင်။

လူတိုင်း၏ တုံ့ပြန်မှုကို စောင့်မနေဘဲ ရှောင်လီက အလောတကြီးဆက်ပြောလိုက်၏။

“အဲဒါက ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်… ဆူဇီမိုက အထီးကျန်သိုင်းသခင်မှာ အညံ့ခံပြီးသွားပြီး သူက ငါတို့တက္ကသိုလ်မှာ သူလျှိုလုပ်ဖို့အတွက် အထီးကျန်သိုင်းသခင်ရဲ့ စစ်တုရင်အရုပ်တစ်ရုပ် ဖြစ်လာခဲ့လို့ပဲ”

“အဲဒါကြောင့်ပဲ ဆူဇီမိုက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်ကို ခေါ်လာခဲ့တာ”

ဒီတစ်ခေါက်မှာတော့ တက္ကသိုလ်မှ တခြားလူများမပြောခင် အကြီးအကဲချန်က အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

အကြီးအကဲချန်က ညင်သာစွာ ချောင်းဟန့်ပြီး ပြောလိုက်၏။

“ရှောင်လီ… မင်းမှာ ဘာသက်သေအထောက်အထားရှိလဲ… မဟုတ်ရင်တော့ လူတိုင်းက မင်းစကားကို…”

အကြီးအကဲချန်အတွက်တော့ ရှောင်လီ၏ ခန့်မှန်းချက်က အရမ်းကို ရယ်စရာကောင်းနေ၏။

ရှောင်လီသည် အကြီးအကဲချန်၏ စကားထောက်မှုမှာ အကျပ်ရိုက်သွားပြီး သူက ဘာဆက်ပြောရမည် မသိတော့ပေ။ သူက ဓားအင်မော်တယ်ယွဲ့ဟွားကို အလိုလိုလှည့်ကြည့်လိုက်၏။

“မင်းတို့တွေက သက်သေအထောက်အထား လိုချင်တာမလား… လွယ်ပါတယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက သရော်ပြုံးပြုံးပြီး ထောင်ယောင်ကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် ရက်စက်ကြမ်းတမ်းမှု အငွေ့အသက်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာပြီး သူက ဆိုင်းမဆင့်ဗုံမဆင့် လှုပ်ရှားလိုက်၏။

“ဟမ့်”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

ဓားအင်မော်တယ်ယွဲ့ဟွား၏ ဤတစ်ခေါက်တိုက်ခိုက်မှုသည် သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ၏ အာရုံခံသတိစိတ်ထံမှာ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

အဲဒါက အရမ်းကိုမြန်ဆန်လေသည်။

ဓားအင်မော်တယ်ယွဲ့ဟွား၏ ပစ်မှတ်က ထောင်ယောင်ဖြစ်၏။

ဓားအင်မော်တယ်ယွဲ့ဟွားလို ထိပ်သီးပကတိအင်မော်တယ်တစ်ဦးက ကောင်းကင်အင်မော်တယ်တစ်ဦးကို တိုက်ခိုက်လိုက်၏။ သူ၏ အာရုံခံသတိစိတ်၏ အကူအညီမရှိဘဲ ဆူဇီမိုက လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။

သူက ထောင်ယောင်ကို အလောတကြီးလှမ်းဆွဲပြီး ဘေးဘက်သို့ ရှောင်တိမ်းချင်၏။

ကံဆိုးစွာနှင့်ပင် သူက ခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်၏။

ဝှစ်…

ဓားအင်မော်တယ်ယွဲ့ဟွားက ထောင်ယောင်၏ ဘေးသို့ ရောက်ရှိလာပြီး ထိုသူကို လှမ်းဆွဲလိုက်၏။ သို့သော်လည်း ထိုစဉ်မှာပင် အပြောင်းအလဲတစ်ရပ်က ဖြစ်ပွားလာလေသည်။

ထောင်ယောင်၏ ခါးပေါ်ရှိ တံဆိပ်ပြားက ရုတ်တရက် ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပလာပြီး သူ့ကို ကာကွယ်ပေးလိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ၏ လက်ဖဝါးထံမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူက ထောင်ယောင်ကို မထိနိုင်တော့ပေ။

ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ ဆူဇီမိုက အခွင့်အလမ်းကို ချိန်ဆပြီး ထောင်ယောင်ကို ဆွဲခေါ်ထုတ်ကာ နောက်သို့ဆုတ်ခွာသွား၏။

တစ်ချိန်တည်းမှာပင် ယန်လောရှုက ဆင်းသက်ရောက်ရှိလာ၏။ သူက မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲထားပြီး သူ၏ အကြည့်က ထက်ရှနေကာ ဓားအင်မော်တယ်ယွဲ့ဟွားကို ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။ သူက ကျရှုံးသွားတာလား။

စောစောက တာအိုကလေးငယ်ထံမှ ဖြာထွက်လာသော အလင်းရောင်သည် ပကတိအင်မော်တယ်တစ်ယောက်၏ စွမ်းအားကို ခုခံပေးနိုင်လေသည်။

ဖျောက်… ဖျောက်… ဖျောက်…

ထိုစဉ်မှာပင် ထောင်ယောင်၏ ခါးထက်ရှိ တံဆိပ်ပြားပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ၎င်း၏ အရောင်အဝါက မှေးမှိန်သွား၏။

တံဆိပ်ပြားသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးပေးခဲ့သော်လည်း အဲဒါက သူ၏ စွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

“ယွဲ့ဟွား… မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ယန်လောရှုက ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

“ဘာရယ်မဟုတ်ဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက မှင်သေသေဖြင့် သူ၏ လက်ကို ဝှေ့ယမ်းကာ သာမန်ကာလျှံကာ ပြောလိုက်၏။

“လူတိုင်းက သက်သေအထောက်အထား လိုချင်နေတယ်ဆိုမှတော့ ငါက ဆူဇီမိုကို အတုခိုးပြီး တာအိုကလေးငယ်ရဲ့ဝိညာဉ်ကို ရှာဖွေရမှာပေါ့”

“မင်းရဲ့ မရေရာတဲ့ ခန့်မှန်းချက်တွေနဲ့ အပြစ်မဲ့တဲ့လူတစ်ယောက်ကို ဝိညာဉ်ရှာဖွေချင်လို့လား”

ယန်လောရှုက သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။

“သွားစမ်းပါကွာ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက အေးစက်လာခဲ့၏။

“ငါက အမွေခံတပည့်တွေရဲ့ခေါင်းဆောင်ပဲ… တာအိုကလေးငယ်တစ်ယောက်ကို ငါဝိညာဉ်ရှာဖွေမှာကို မင်းက ငါ့ကို ဘယ်လိုတောင် တားဖို့ကြိုးစားရဲတာလဲ”

ယန်လောရှုက လုံးဝနောက်မဆုတ်ဘဲ မေးလိုက်၏။

“ဝိညာဉ်ရှာဖွေပြီးတဲ့နောက် သက်သေအထောက်အထား မရှိဘူးဆိုရင် မင်းဘာလုပ်ပေးမှာလဲ”

“မရှိဘူးဆိုတော့လည်း မရှိဘူးပေါ့… အဲဒါ ငါ့ရဲ့ထင်မြင်ယူဆချက် မှားခဲ့ရုံဆိုတဲ့ အဓိပ္ပာယ်ပဲလေ”

ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်လိုက်၏။

“ဘာလဲ… နိမ့်ကျတဲ့ တာအိုကလေးငယ်တစ်ယောက်အတွက် မင်းက ငါ့အသက်နဲ့ ပြန်ပေးဆပ်စေချင်လို့လား… ငါက သူ့ကို ဝိညာဉ်ရှာဖွေမှာကို မပြောနဲ့… ငါက သူ့ကို သတ်လိုက်မယ်ဆိုရင်တောင် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတွေက ဘာမှပြောမှာ မဟုတ်ဘူး”

အမွေခံတပည့်များ၏ ခေါင်းဆောင်အနေဖြင့် ဓားအင်မော်တယ်ယွဲ့ဟွား၏ အခွင့်အာဏာနှင့် အဆင့်အတန်းက အခြားသူများထက် များစွာသာလွန်လေသည်။ တာအိုကလေးငယ်တစ်ယောက်ကို သူကိုင်တွယ်သည့်အတွက် တကယ်ပင် မည်သူကမှ သူ့ကို တားဆီးလိမ့်မည် မဟုတ်ပေ။

တစ်ခဏချင်းမှာပင် အခြေအနေက နောက်ထပ်အတိုင်းအတာတစ်ခုအထိ ဆင့်ကဲပြောင်းလဲလာပြီး အမွေခံတပည့်နှစ်ယောက်က အချေအတင်ဖြစ်လာကြပြီဖြစ်၏။

“ထောင်ယောင် နင်ဘယ်ရောက်နေတာလဲ”

ထိုစဉ်မှာပင် အဝေးကနေ အော်ခေါ်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက သာယာနာပျော်ဖွယ်ကောင်းပြီး စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ နူးညံ့သိမ်မွေ့နေ၏။

လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။

မလှမ်းမကမ်း လေထဲမှာ ရိုးရှင်းသော ဝတ်စုံဝတ်အမျိုးသမီးတစ်ယောက်က ပျံသန်းလာနေ၏။

ကျင့်ကြံသူများစွာသည် အဝေးကနေ သူမကို တစ်ချက်မျှသာ ကြည့်ပြီးနောက် သူတို့၏ မျက်လုံးများက ဝင်းလက်သွား၏။ သူတို့သည် သူတို့၏ အကြည့်များကို မခွာနိုင်တော့ဘဲ ငေးမောမှင်တက်သွားကြ၏။

All Chapters