← Chapters

အချဥ်ကောင်

Vol. 166 Ch. 2487

အချဥ်ကောင်

Vol. 166 Ch. 2487

မိုချင်ကို နှုတ်ဆက်ပြီးနောက် ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါသို့ပြန်လာကာ နောက်တစ်ဖန်တံခါးပိတ်ကျင့်ကြံဖို့ပြင်လိုက်၏။

ဂမ္ဘီရမိုးကောင်အင်မော်တယ်တွေ့ဆုံပွဲမတိုင်ခင် နှစ်တစ်ထောင်ကျန်နေသေးလေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဤအချိန်အတောအတွင်း အမြင့်တန်းကောင်းကင်အင်မော်တယ်အများစုသည် ​အပြင်ဘက်မှာထွက်၍လေ့ကျင့်ပြီး တိုက်ခိုက်ဖို့အတွက် လူများကို ရှာဖွေကြပေလိမ့်မည်။

သူတို့သည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲဝင်ရောက်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြပေလိမ့်မည်။

ဆူဇီမိုကတော့ သူသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၇ ဝင်သွားခဲ့ပြီဖြစ်၏။

သူက အခြားသောတိုက်ပွဲများမှာ ဝင်မပါဘူးဆိုလျှင်တောင် သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ကောင်းကင်အဆင့်သတ်မှတ်အတွက် တိုက်ခိုက်ဖို့အဆင့်မီသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သူသည် ကျန်ရှိနေသော နှစ်တစ်ထောင်ကို အသုံးချပြီး ကျင့်ကြံကာ သူ၏ ကျင့်ကြံမှုကို နောက်ထပ်တစ်ဆင့်သို့ မြှင့်တင်ရန် ရည်ရွယ်ထားလေသည်။

တက္ကသိုလ်၏​ ဂိုဏ်းချုပ်ပြောသည်မှာ မှန်လေသည်။ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ နယ်ပယ်မှာ သူသည် အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကို အသုံးမပြုဘူးဆိုလျှင် သူသည် ယွင်ထင်ကို အနိုင်ရဖို့အခွင့်အရေးမရှိသလောက်နီးပါးပင်။

ဤနှစ်များအားလုံးမှာ သူသည် အဆက်မပြတ် တိုးတက်၍ အခွင့်အလမ်းများစွာကိုရရှိခဲ့၏။ သို့သော် ယွင်ထင်ကလည်း ဒီတိုင်းငြိမ်သက်မနေခဲ့ပေ။

ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ယွင်ထင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကြည့်ရှုရုံမျှနှင့် ဤနှစ်များမှာ ယွင်ထင်ရရှိခဲ့သည့် အခွင့်အလမ်းများနှင့် ကြုံကြိုက်မှုများက သူ့ထက်မလျော့ကျကြောင်း သိသာလေသည်။

သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်အဆင့်ထိ ကျင့်ကြံလာနိုင်မည်ဆိုလျှင်တောင် သူသည် ယွင်ထင်ကို ယှဥ်နိုင်ရုံသာရှိပေလိမ့်မည်။

ယွင်ထင်ကဲ့သို့ ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရာမှာ ကျင့်ကြံမှုနယ်ပယ်တစ်ခုသာ ကွာဟနေမည်ဆိုလျှင်တောင် တိုက်ပွဲမှာ ကွာဟချက်က အရမ်းကိုကြီးမားနေပေလိမ့်မည်။

ဒါ့အပြင် ယခုအချိန် သူတို့နှစ်ယောက်ကြားမှာ ကျင့်ကြံမှုနယ်ပယ်သုံးခုကွာဟနေ၏။

ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါထဲမှာ တံခါးပိတ်ကျင့်ကြံပြီး အပြင်လူများနှင့် အတွေ့မခံပေ။

ရက်အနည်းငယ်ကြာပြီးနောက် ထောင်ယောင်သည် သူ၏ လိုဏ်ဂူခန်းဝါသို့ ပြန်လည်ရောက်ရှိလာပြီး လျှိူဖျင်နှင့်အတူ ဆူဇီမို၏ ဝေယျာဝိစ္စကိစ္စများကို ဆက်လက်ဆောင်ရွက်ပေးနေ၏။

ပြီးခဲ့သည့်နှစ်ဝက်အတွင်း တက္ကသိုလ်၏ အပြင်ဘက်မှာ ကောင်းကင်အင်မော်တယ်ပညာရှင်များစွာက ဆူဇီမိုကို စိန်ခေါ်ဖို့အတွက် ရောက်ရှိလာကြ၏။

သူတို့ကြားမှာ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်တွင် အဆင့်နှစ်ဆယ်အတွင်းမှာရှိသော ပညာရှင်များပင် ပါလာလေသည်။

ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ကို ဝင်ရောက်ဖို့ သို့မဟုတ် လူတစ်ယောက်၏ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ပြိုင်ဘက်များကို စိန်ခေါ်ဖို့ဖြစ်လေသည်။

ဆူဇီမိုကတော့ သူသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၇ ဝင်ထား၏။ သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိလေသည်။

ထိပ်သီးကောင်းကင်အင်မော်တယ်များနှင့်ယှဥ်လျှင် ကျင့်ကြံမှုနယ်ပယ်သုံးခုကွာဟနေ၏။ ကောင်းကင်အင်မော်တယ်ပညာရှင်အများစု၏ မျက်လုံးထဲမှာ အဲဒါက အစားထိုး၍မရနိုင်သောကွာဟမှုဖြစ်၏။

ဒါ့အပြင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ဆူဇီမို၏ တိုက်ပွဲမှတ်တမ်းက နည်းလွန်းလေသည်။ အဲဒါက နှစ်ခုသာလျှင်ရှိသည်။

ပကတိမိုးကြိုးမြို့တော်မှတိုက်ပွဲ၏ ရိုက်ခတ်မှုက မသေးငယ်သော်လည်း တိုက်ပွဲမှတ်တမ်းနည်းလွန်းသည့်အချက်သည် ဆူဇီမိုက ဟန်ဆောင်နေခြင်းမျှသာ ဖြစ်ပြီး ကောလာဟလများမှာ ဆိုထားသလောက် မသန်မာဟု ကောင်းကင်အင်မော်တယ်များစွာကို မှတ်ယူလာစေ၏။

လူတိုင်း၏ မျက်လုံးထဲမှာ ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က အလွန်တရာချဲ့ကားထားခြင်းဖြစ်ပေမည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်က သတ်မှတ်ထားသည့် အကဲဖြတ်တန်ဖိုးမှာ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် အလွန်ဆုံး အဆင့်-၆၀နှင့် အဆင့်-၇၀ အတွင်းမှာသာ ရပ်တည်နိုင်သည်ဟု ဖော်ပြထားခဲ့ပြီးသားဖြစ်သည်။

သူသည် ထိပ်ဆုံးအယောက်၂၀ ထဲ ဝင်ရောက်သွားနိုင်သည့်အကြောင်းအရင်းမှာ သူသည် တစ်ခါက ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကို ရှောင်လွှဲနိုင်ခဲ့သောကြောင့်ဖြစ်လေသည်။

သို့သော် ဆူဇီမိုသည် ထွက်ပြေးတိမ်းရှောင်ရာမှာ ကျွမ်းကျင်သည်ဆိုသော်လည်း အဲဒါသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို အပြည့်အဝကိုယ်စားပြုပေးနိုင်သည်ဟု မဆိုလိုပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တွင် ဆူဇီမိုနှင့် ဖန့်ချင်းယွင်အကြား တိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို တက္ကသိုလ်၏ တားမြစ်ပိတ်ပင်မှုကြောင့် အပြင်လူများက မသိကြပေ။

ဖန့်ချင်းယွင်က သေသွားပြီကိုသာ လူများစွာက သိရှိထား၏။ သို့သော်လည်း သူက ဆူဇီမို၏ လက်ထဲမှာ သေခဲ့ရသည်ဆိုတာကို သူတို့က မသိကြပေ။

အချက်အလက်များစွာနှင့် ပေါင်းစပ်လိုက်သောအခါ ဆူဇီမိုသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ စိန်ခေါ်ဖို့အတော်လေးလွယ်ကူသည့် အချဥ်တစ်ယောက်(သောက်ချဉ်တစ်ကောင်)ဖြစ်သည်ဟု ကောင်းကင်အင်မော်တယ်ပညာရှင်များစွာက ခံစားလာရ၏။

ပြီးခဲ့သည့် နှစ်ဝက်အတွင်း ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး တိုက်ခိုက်ဖို့ကို ငြင်းဆန်ထား၏။

အပြင်ဘက်မှလူတိုင်းက သူ့ကို ဘယ်လိုပင် ရန်စသည်ဖြစ်စေ သူက ဂရုမစိုက်ဘဲ သူတို့ကို လျစ်လျူရှုထားသည်။

ထိုတုံ့ပြန်မှုသည် လူတိုင်း၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာလာစေ၏။ ကောင်းကင်အင်မော်တယ်ပညာရှင်များ၏ အရေအတွက်က လျော့ကျသွားရမည့်အစား ပို၍တိုးလာနေ၏။

ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲသို့ ဝင်ရောက်ထားနိုင်ခြင်းသည် သူတို့ကို နာမည်ကြီးကျော်ကြားလာစေသော်လည်း သူတို့သည် ကြီးမားသည့်ဖိအားများကိုလည်း ခံယူရပေလိမ့်မည်။

ဆူဇီမိုသည် ကျင့်ကြံခြင်းမှာ စိတ်​ရောကိုယ်ပါနှစ်မြှုပ်ထားပြီး ရှေ့သို့ထပ်မံ၍ တက်လှမ်းလိုကာ စိန်ခေါ်သူများအားလုံးကို မရေးမလုပ်လိုပေ။

ထောင်ယောင်နှင့် လျှိုဖျင်ကတော့ ဆူဇီမို၏ ညွှန်ကြားချက်ကို လက်ခံရရှိထားပြီး သူတို့က စိန်ခေါ်လာသူများအားလုံးကို ပိတ်ဆို့တားဆီးပေးထားလေသည်။

တစ်ခဏချင်းမှာပင် တစ်နှစ်က ကုန်ဆုံးသွား၏။

“ဒါက... ၆၇၇ ယောက်မြောက် စိန်ခေါ်သူကို ငြင်းပယ်လိုက်ရတာပဲ ဟုတ်တယ်မလား”

“သူက ၆၇၈ ယောက်မြောက်ဖြစ်မယ်”

လျှိုဖျင်နှင့် ထောင်ယောင်က နောက်ထပ်စိန်ခေါ်သူတစ်ယောက်ကို ငြင်းပယ်ပြီးနောက် သူတို့က လိုဏ်ဂူခန်းဝါထဲမှာ တိတ်တဆိတ်ဆွေးနွေးပြောဆိုနေကြ၏။

လျှိုဖျင်က ပြောလိုက်၏။

“စီနီယာအစ်ကိုက တိုက်ပွဲကို ဆက်တိုက်ရှောင်လွှဲခဲ့တော့ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က သူ့ရဲ့အဆင့်သတ်မှတ်ချက်အပေါ် ရိုက်ခတ်မှုရှိလာပြီ”

ဆူဇီမိုသည် စိန်ခေါ်သူများအားလုံးကို ဆက်တိုက်ရှောင်လွှဲနေမည်ဆိုလျှင် သူ့အပေါ် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အကဲဖြတ်တန်ဖိုးကလည်း လျော့ကျသွားပေလိမ့်မည်။

ထောင်ယောင်က ခေါင်းညိတ်ပြလိုက်၏။

“အဲဒါကို ကျုပ်လည်းသတိထားမိတယ်... သခင်လေး... ခင်ဗျားက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်တချို့လျော့ကျသွားပြီ”

လျှိုဖျင်က သူ၏ လက်ကို မြှောက်ကာ ပြောလိုက်၏။

“ကျုပ်အထင်တော့... စီနီယာအစ်ကို ခင်ဗျားက အဲဒီစိန်ခေါ်တဲ့သူတွေထဲက ဂေါင်ဆိုတဲ့တစ်ယောက်ကို ရွေးပြီး တခြားသူတွေသိသွားအောင် ဆုံးမပေးသင့်တယ်”

“အဲဒါမှ နေ့စဥ်နဲ့အမျှ စိန်ခေါ်တဲ့သူတွေရောက်လာတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာ.. သူတို့က စိတ်ရှုပ်ဖို့ကောင်းတယ်”

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ နောက်ထပ်လူတစ်ယောက်က ဆင်းသက်ရောက်ရှိလာ၏။

လိုဏ်ဂူခန်းဝါထဲရှိ သလင်းလုံးကနေတစ်ဆင့် ထောင်ယောင်သည် အပြင်ဘက်မှာရှိသောအခြေအနေကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်၏။

ရောက်ရှိလာသူကို တွေ့မြင်သောအခါ ထောင်ယောင်က အံ့အားတသင့်ရေရွတ်လိုက်၏။

“ဒီကျင့်ကြံသူက တကယ့်ကို ချောမောလှပတာပဲ”

“ချောတာကို ဘာလုပ်ရမှာလဲ... သူ့ကိုလည်း မောင်းထုတ်ရမှာပေါ့”

လျှိုဖျင်က လှည့်ကြည့်ခြင်းမရှိဘဲ သာမန်ကာလျှံကာ ပြောလိုက်၏။

ထောင်ယောင်က ခေါင်းညိတ်ပြီး လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်သို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“တာအိုရောင်းရင်း... ကျုပ်စိတ်မကောင်းပါဘူး ကျုပ်တို့ရဲ့သခင်လေးက တံခါးပိတ်ကျင့်ကြံနေတယ်... သူကခင်ဗျားနဲ့တိုက်ခိုက်မှာမဟုတ်ဘူး... ကျေးဇူးပြုပြီးပြန်ပါတော့”

“ငါက... ရှဲ့ချင်းချန်ပဲ... ငါက ညီကိုဆူကိုစိန်ခေါ်ဖို့ရောက်လာတာမဟုတ်ဘူး”

ထိုလူက ညင်သာစွာပြုံးပြလိုက်၏။

“ငါက... သူ့ဆီကို အလည်လာတာပဲ”

လျှိုဖျင်က နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“စိန်ခေါ်လာတဲ့သူတစ်ဝက်လောက်က ဒီကိုအလည်လာတာလို့ သူတို့က ပြောကြတာပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူ၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းပင်တုံ့ပြန်လာခဲ့၏။

“ရှဲ့ချင်းချန်လား”

လျှိုဖျင်က သလင်းလုံးထဲမှပုံရိပ်ကို အလောတကြီးတစ်ချက်ကြည့်လိုက်၏။

“တကယ်ပဲ သူကိုး”

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်မှာတုန်းက လျှိုဖျင်သည် ဤမင်းသားချင်းချန်ကို တွေ့မြင်ခဲ့တုန်းက သူသည် မင်းသားတစ်ယောက်ဖြစ်သော်လည်း သူက အမျိုးသမီးအများစုထက်ပင် ပို၍ချောမောလှပလေသည်။ လျှိုဖျင်သည် သူ့အပေါ် နက်ရှိုင်းသောထင်မြင်ချက်တစ်ခုရှိခဲ့၏။ ဒါ့အပြင် မင်းသမီးသက်တံနီသည် ဤလူနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိလေသည်။

လွန်ခဲ့သည့်တစ်နှစ်က ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်း၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည့် ပထမဆုံးလူကလည်း မင်းသားချင်းချန်ပင်ဖြစ်လေသည်။

“စီနီယာအစ်ကိုကို သွားမေးရအောင်”

လျှိုဖျင်က အဲဒါကို ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်ရဲဘဲ ဆူဇီမို၏ ကျင့်ကြံရေးခန်းဆီသို့ ထောင်ယောင်ကိုဆွဲခေါ်သွား၏။

. . . . .

ရှဲ့ချင်းချန်ရောက်ရှိလာသည်ကို ဆူဇီမိုကြားသိရသောအခါ သူက တွေဝေတုံ့ဆိုင်းမနေဘဲ ရှဲ့ချင်းချန်ကို ကိုယ်တိုင်ကြိုဆို​ဖို့ ထွက်လာခဲ့၏။

သူတို့နှစ်ယောက်သည် အရင်က ထိတွေ့ဆက်ဆံမှုများစွာမရှိခဲ့သော်လည်း သူသည် ရှဲ့ချင်းချန်၏ ကူညီပေးခဲ့မှုကို အမြဲတမ်းမှတ်သားထားလေသည်။

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဤမင်းသားသည် ဩဇာအာဏာလွှမ်းမိုးမှုမရှိသည့် မင်းသားတစ်ပါးဖြစ်သော်လည်း ဆူဇီမိုက သူ့အပေါ်မှာ ကောင်းမွန်သောထင်မြင်ချက်ရှိလေသည်။

သူတို့နှစ်ယောက်က လိုဏ်ဂူခန်းဝါထဲမှာ ထိုင်လိုက်ကြပြီး ထောင့်ယောင်က အငွေ့တထောင်းထောင်းထနေသည့် မွှေးပျံ့သောလက်ဖက်ရည်ဖြင့် ဧည့်ခံပေးနေ၏။

ရှဲ့ချင်းချန်က ပြုံးပြလိုက်၏။

“ညီကိုဆူ... လွန်ခဲ့တဲ့တစ်နှစ်တုန်းက ပကတိမိုးကြိုးမြို့တော်က တိုက်ပွဲက ဂမ္ဘီရမိုးကောင်းကင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာပဲ... အဲဒီသတင်းကိုကြားတော့... ကျုပ်လည်း လန့်ဖျပ်သွားတာပဲ”

“အဲဒါက ဘာမှမဟုတ်ပါဘူး”

ဆူဇီမိုက ပြောလိုက်၏။ “

ယွမ်ကျောက ကျုပ်ကိုအကြိမ်ပေါင်းများစွာအမဲလိုက်ခဲ့တယ်... ကျုပ်က သူ့ကိုပြန်ပြီး အသိအမှတ်ပြုပေးရတာပေါ့”

“ခင်ဗျားက လမ်းမှာတစ်ခေါက်ပြန်လှည့်သွားရုံနဲ့ သူ့ကိုသတ်ပြီး ပကတိမိုးကြိုးမြို့တော်ကို ဖျက်ဆီးပစ်ခဲ့တယ်... ညီကိုဆူ... ခင်ဗျားကတော့ တကယ့်လူပဲ”

ရှဲ့ချင်းချန်က သူ၏ ခေါင်းကိုခါပြီး ရယ်မောလိုက်၏။

ခဏမျှရပ်တန့်ပြီးနောက် သူကပြောလိုက်၏။

“ခင်ဗျားက ဒီနှစ်ထဲမှာ စိန်ခေါ်ဖို့ အဆက်မပြတ်ရောက်လာတဲ့သူတွေနဲ့ အေးအေးဆေးဆေး မနေရဘူးလို့ ကျုပ်ကြားတယ်”

“ဟုတ်တယ်... စိန်ခေါ်တဲ့သူတွေက အများကြီးပဲ ဒါပေမဲ့ ကျုပ်က သူတို့ကို တစ်ချိန်လုံး လျစ်လျူရှုထားလိုက်တယ်”

ဆူဇီမိုက ပြုံး၍အရေးလုပ်မနေပေ။

ကျင့်ကြံမှုနယ်ပယ်တူမှာ သူ့ပြိုင်ဘက်အဖြစ် ရှုမြင်နိုင်သောသူများစွာမရှိပေ။

သူသည် ထိုသူများကို တစ်ချက်ကြည့်ဖို့ပင် အရေးလုပ်မနေနိုင်ပေ။

ဆူဇီမိုက လူနှစ်ယောက်ကို တွေးမိသွားပြီး မေးလိုက်၏။

“ဒါနဲ့... ရှုရှစ်နဲ့ သူ့သား ရှုရှောင်းထျန်က ခင်ဗျားနဲ့ရှိနေသေးလား... သူတို့ဘာလုပ်နေကြလဲ”

“သူတို့... တော်တော်လေးအဆင်ပြေပါတယ်”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ဒါပေမဲ့... ရှုရှစ်ရဲ့အရည်အချင်းက အကန့်အသတ်ရှိတယ် သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်လောက်ဘူး”

“ရှုရှောင်းထျန်ရဲ့ အရည်အချင်းကတော့ မဆိုးဘူး... သူ့မှာ အလားအလာရှိတယ်”

သူတို့နှစ်ယောက်က ခဏမျှစကားပြောဆိုလိုက်ကြ၏။ ရှဲ့ချင်းချန်သည် စိတ်လက်ပေါ့ပါး၍ ဆူဇီမိုနှင့်အေးအေးဆေးဆေး စကားပြောဆိုနေသည့်ပုံပေါ်သော်လည်း သူက ပြဿနာတစ်ခုနှင့် ကြုံတွေ့၍ အကျပ်ရိုက်နေပုံရလေသည်။

All Chapters