← Chapters

ရပ်လိုက်ပါတော့

Vol. 6 Ch. 569

ရပ်လိုက်ပါတော့

Vol. 6 Ch. 569

" အတော် ယောက်ျားပီသတဲ့ကောင်ပဲ "

ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်း၏ ခေါင်းမာမှုများကိုကြည့်၍ စိတ်လှုပ်ရှားနေရတော့သည်။ ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ဤကမ္ဘာမြေတစ်လွှားဝယ် သူကဲ့သို့ ယောက်ျားပီသသူ အလွန်တရာ ရှားပါးသည်ဟု မှတ်ယူထားသည်။

ထို့ကြောင့် နောက်ထပ် ယောက်ျားပီသသော လူတစ်ယောက်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်နေတော့သည်။ သူနှင့် ကျိုးရီရှင်းတို့မှာ အချို့သောနေရာများတွင် တစ်ပုံစံထဲဖြစ်နေကြောင်းတွေးကာ သက်ပြင်းသာ ချလိုက်တော့သည်။

ထိုသို့ သက်ပြင်းအရှည်ကြီးချပြီးနောက် သူက ဆိုလိုက်သည်။

" ဒီလိုမျိုး ယောက်ျားပီသတဲ့ လူမျိုး ဒီလိုအခြေအနေထဲရောက်နေတာ မြင်ရတာ ငါ့ရင်ထဲမှာ နာကျင်ရပါတယ်ကွာ။ ဒါပေမဲ့ မင်းရဲ့ဆန္ဒတွေကို အလေးထားတဲ့အနေနဲ့ ငါက ဖြည့်ဆည်းပေးရမှာပေါ့။ ပြီးတော့ မင်းအရှက်ရနေတာကို ငါမမြင်နိုင်အောင်လို့ တခြားဘက်ကို လှည့်ပေးထားပါ့မယ်။ "

ယောက်ျားပီသသော လူတစ်ယောက် ဤကဲ့သို့မျက်ရည်များကျနေရသည်ကို သူက မခံစားနိုင်သည် မဟုတ်ပါလော။

" နောက်ဆက်ဖြစ်မဲ့အရာကိုမှ မင်းတောင့်ခံနိုင်မယ်ဆိုရင် ငါမင်းကို မေခွန်းတွေ ထပ်မမေးတော့ပါဘူး "

ပိုင်ရှောင်ချန်းမှာ အံကြိတ်ကာ ကျိုးရွရှင်းကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး ထိုသူမှာ အာဂယောက်ျား ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်းကို အပြည့်အဝယုံကြည်သွားတော့သည်။ ထို့နောက် သူက ကျေမွနေသော ဆေးမှုန်များကို ဝက်တူသတ္တဝါ၏ နှာခေါင်းရှေ့တွင် ထားလိုက်လေသည်။

ထိုဆေးမှုန်များကို ရှူမိသွားသောအခါ ထိုဝက်တူသတ္တဝါကြီးမှာ ကျိုးရီရှင်းထက်ပင် တုန်ရီသွားတော့သည်။ ထို့နောက် ၎င်း၏မျက်လုံးများမှာ နီမြန်းလာပြီး ကာမစိတ် တက်ကြွနေသည့်အလား ထပ်ခါထပ်ခါ အော်ဟစ်နေတော့သည်။ ထို့နောက် ၎င်းမှာ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်လေသည်။

ထိုမြင်ကွင်းကြောင့် ကျိုးရီရှင်းမှာ တုန်ရီသွားပြီး ပါးစပ်ကိုကြိုးစား၍ ပိတ်နေပါသော်ငြားလည်း သနားစဖွယ် ညည်းညူသံတစ်သံ ထွက်လာရတော့သည်။

ပို၍ကြောက်စရာကောင်းသည်မှာ ထိုဝက်တးသတ္တဝါကြီးမှာ ရုတ်တရက် သူ့ဘက်သို့လှည့်ကာ ရူးသွပ်မှုမီးတောက်များ လောင်ကျွမ်းနေသည့် မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေခြင်းဖြစ်သည်။ ၎င်းမှာ မြေပြင်ပေါ်သို့ ခွာဖြင့်ဆောင့်နင်းကာ အော်သံများမှာလည်း ပို၍ကျယ်လောင်လာသဖြင့် ကျိုးရီရှင်းမှာလည်း ပို၍ တုန်ရီလာရတော့သည်။

ပိုင်ရှောင်ချန်းသာ ထိုသတ္တဝါကြီး၏ ကျောကုန်းပေါ်သို့ လက်တင်ကာ မထိန်းချုပ်ထားပါက ၎င်းမှာ သူ့အပေါ်သို့ တက်ဆောင့်နေမည်သာဖြစ်သည်။

ဤအခြေအနေ၏ ကြောက်မက်ဖွယ် သဘောသဘာဝကြီးကြောင့် ကျိုးရီရှင်း၏ အော်ဟစ်သံများထဲတွင် ဖော်ပြ၍မရနိုင်သော ထိတ်လန့်မှုများ ဖုံးလွှမ်းနေတော့သည်။ ယခုတွင်မူ သူ့ကိုအကြောက်တရားများက ဖုံးလွှမ်းနေပြီဖြစ်သဖြင့် မိမိကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်တော့ပေ။

မကြာခင် ဖြစ်ပျက်တော့မည်များကို သူကကြိုသိနေပြီဖြစ်ပြီး ထိုအရာများသာ ဖြစ်လာပါက သူကြာကြာခံနိုင်မည်မဟုတ်ကြောင်းကိုလည်း သိလိုက်သည်။

ထိုစဥ် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပြတ်သားမှုများ၊ လေးစားမှုများဖြင့် ပြည့်နှက်နေပြီး ထိုဝက်တူသတ္တဝါကြီး၏ နောက်ကျောပေါ်မှ သူ၏လက်ကိုဖယ်လိုက်တော့သည်။ ထို့နောက် သူက နောက်သို့လှည့်ကာ ဂူဝဆီသို့ လျှောက်သွားတော့သည်။

သူက ကျိုးရီရှင်းကို အမှန်တကယ်လေးစားသည်ဖြစ်၍ သူပေးထားသည့်ကတိကို တည်ရန် ဆုံးဖြတ်ထားသည်။ သူ့ကို အလွန်လေးစားသည့်အတွက် သူခံစားနေရသည်များကို မကြည့်ရန် ကတိပေးခဲ့ပါက လုံးဝကြည့်မည့်မဟုတ်ပေ။ ထို့နောက်သူက ပူဆွေးသောကအနည်းငယ်မျှပင် မပါသည့် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

" တကယ့် ယောက်ျားပီသတဲ့လူတွေ ငိုတာကို ငါလုံးဝ မကြည့်ရက်တာပါကွာ။ ဘာလို့ ငါ့ကိုဒီလို မလုပ် လုပ်အောင် အတင်းအကြပ်ဖိအားပေးရတာလဲ "

သူက ခေါင်းကိုခါယမ်းကာ လှောင်အိမ်ထဲမှထွက်သွားတော့သည်။ သူထိုသို့ထွက်သွားသောအခါ ထိုဝက်တူသတ္တဝါကြီး၏ ကျယ်လောင်စွာ အော်ဟစ်သံများနှင့် ထိုသတ္တဝါကြီးကို ရှောင်တိမ်းရန်ကြိုးပမ်းနေသည့် ကျိုးရီရှင်း၏ သနားစဖွယ်အော်မြည်သံများကို ကြားလိုက်ရတော့သည်။

" ကိုယ်ေတာ်ပိုင်ရေ။ ကျွန်တော်တောင်းပန်ပါတယ်ဗျာ"

သူက လှမ်းအော်လိုက်သည်။

" တော်ပါတော့။ ကျွန်တော့်ကို မေးချင်တာမေးပါဗျာ။ ကျွန်တော်သိသမျှ အကုန်ပြန်ဖြေပါ့မယ် "

ကျိုးရီရှင်းမှာ ထိုဝက်တူသတ္တဝါကြီးသာ သူ့ကိုဖမ်းမိသွားပါက ဖြစ်လာနိုင်သည့် အရာများကို သိသဖြင့် စွမ်းအင်လက်ကျန်လေးများကို သုံးကာ ရှေ့ဆင့်နောက်ဆင့် ရှောင်တိမ်းနေတော့သည်။ ဤအချိန်တွင်မူ သူသည် ရဲရင့်သည့်ပုံစံ မပေါ်တော့ပဲ သနားစဖွယ်ဆက်တိုက် အော်ဟစ်နေပြီဖြစ်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းက ချက်ချင်းရပ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် မာန်မာနများ ဖုံးလွှမ်းနေသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်သွားတော့သည်။ သူ၏မျက်နှာမှာ ဝင်းလက်သွားပြီး ကစဥ့်ကလျားဖြစ်နေသော ကျိုးရီရှင်းကို လှည့်ကြည့်လိုက်သည်။

" ငါ့မေးခွန်းတွေကို ဖြေဖို့ မင်းသဘောတူတယ်လား "

ကျိုးရီရှင်းမှာ ကြောက်လန့်လွန်းလှသဖြင့် မျက်ရည်များပင် ထွက်နေပြီဖြစ်သည်။ နောက်ဘက်သို့ ကမူးရူးထိုးဆုတ်ကာ သူက သနားစဖွယ် အော်ပြောလိုက်သည်။

“ ကျွန်တော်ဖြေပါ့မယ်ဗျာ။ ကျွန်တော်သိသမျှ အကုန်လုံးကိုပြောပြပါ့မယ်။ ဒါကြီးကိုသာ ရပ်အောင်လုပ်ပေးပါတော့ဗျာ "

ထိုအခါ ပိုင်ရှောင်ချန်းမှာ ကျေနပ်မှုနှင့်စိတ်ပျက်မှုများ ရောထွေးနေသည့် အမူအရာဖြင့် ကမ္ဘာကြီးမှာ နောက်ထပ် အာဂယောက်ျားတစ်ယောက်ကို ဆုံးရှုံးသွားရပြီဆိုသော အတွေးဖြင့် ခေါင်းယမ်းလိုက်တော့သည်။

" ကြည့်ရတာ ဒီကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ တကယ့် အာဂယောက်ျားအစစ်က ငါတစ်ယောက်ပဲရှိတာထင်တယ်။ အိမ်း ထားပါတော့ကွာ "

သူက သက်ပြင်းချလိုက်ပြီး ရှေ့သို့လှမ်းကာ ဝက်တူသတ္တဝါကြီးကို ဖမ်းကာ သူ၏ကိုယ်ပွားတစ်ခုဆီသို့ ပေးလိုက်ပြီး တောထဲသို့ ပြန်ပို့စေလိုက်သည်။

ထိုဝက်တူသတ္တဝါကြီး ထွက်သွားပြီးနောက် ကျိုးရီရှင်းမှာ ဂူနံရံကိုမှီကာ မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားတော့သည်။ သူ၏အသက်ရှူသံများမှာ မြန်ဆန်လွန်းနေပြီး မျက်နှာမှာလည်း ဖြူဆုတ်နေတော့သည်။ သူ၏ အဝတ်အစားများမှာလည်း ချွေးများဖြင့် စိုရွှဲနေပြီး ပိုင်ရှောင်ချန်းကိုမော့ကြည့်ကာ အသက်အန္တရာယ်ကြီးတစ်ခုကို ရှောင်တိမ်းနိုင်လိုက်သည့်အလား ရင်ထဲတွင် ခံစားနေရတော့သည်။

ဤအချိန်တွင် သူ၏အမြင်မှာ ပိုင်ရှောင်ချန်းသည် လူသားတစ်ယောက်နှင့်ပင် မတူတော့ပဲ အကောက်ကျစ်ဆုံး အယုတ်မာဆုံး သတ္တဝါတစ်ကောင်အလား ဖြစ်နေတော့သည်။

ကျိုးရီရှင်း၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ပိုင်ရှောင်ချန်းက သူ၏ ရိုးသားမှုအပြည့်ပါသော မျက်နှာထားနှင့် ချော့မော့သည့်လေသံဖြင့် ဆိုလိုက်တော့သည်။

" အခုသိပြီလား ကျိုးရီရှင်း။ ငါ့မှာမင်းကို အနိုင်ကျင့်နှိပ်စက်ဖို့ စိတ်ကူးမရှိပါဘူးကွ။ မင်းကိုမေးခွန်းလေး နည်းနည်းပါးပါး မေးချင်ရုံလေးပါ။ လာလာ။ လိမ်လိမ်မာမာနဲ့ မင်းမှာရှိတဲ့ မီးတောက်ဖော်စပ်နည်းတွေ ငါ့ကိုပေး။ တစ်ရောင်ခြယ်မီးတောက်ကနေ စတာပေါ့။ "

ထိုအခါ ကျိုးရီရှင်းမှာ တအံ့တသြဖြင့် မျက်လုံးများပြူးသွားတော့သည်။

" မင်း၊ မင်းငါ့ကို မေးချင်တယ်ဆိုတာ။ ဒါ ၊ ဒါပဲလား ' ကျိုးရီရှင်းမှာ သူနားကြားများမှားနေသလားဟုတွေးကာ မယုံမကြည်ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ မတ်တတ်ထရပ်ကာ ဒေါသတကြီးအော်းဟစ်လိုက်သည်။

" အေးလေ။ ငါသိချင်တာ အဲဒါလေးပဲ။ ဘာလဲ မင်းက ကတိမတည်ဘူးကွာ ဆိုပြီး လုပ်မလို့လား။ အဲဒီ ဝက်တူသတ္တဝါက အဝေးကြီးရောက်ဦးမှာမဟုတ်ဘူးနော် "

" ပြောပါ့မယ်။ ပြောပါ့မယ်ဗျ "

ကျိုးရီရှင်းမှာ ဂူ၏မျက်နှာကျက်ကိုကြည့်ကာ ဒေါသနှင့်နာကျည်းမှုတို့၏ မျက်ရည်များကို မျက်လုံးထဲမှကျမလာစေရန် ထိန်းလိုက်သည်။ သူသည် ရူးသွပ်လုမတတ်ဖြစ်နေပြီး သူ၏နှလုံးသားများမှာလည်း တုန်ရီနေပြီဖြစ်သည်။

ဤအောက်လမ်းဆရာမှာ သူ့အား ထိပ်တန်းလျှို့ဝှက်ချက်များ မေးမည်ဟု သူ ယူဆခဲ့ပြီး မီးတောက်ဖော်စပ်နည်းများကို သိချင်ရုံမျှသာ ဖြစ်သည်ဟု လုံးဝ ထင်မထားမိပေ။ အထက်တန်းလွှာ အောက်လမ်းဆရာမျိုးနွယ်စု အားလုံးနီးပါးမှာ တစ်ရောင်ခြယ်မှ ဆယ့်တစ်ရောင်ခြယ်အထိ မီးတောက်များအတွက် ဖော်စပ်နည်းများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဘုရင့်မြို့တော်များတွင်လည်း ထိုဖော်စပ်နည်းများကို ဝိညာဥ်ဆေးများသုံးကာ ဝယ်ယူ၍ရနိုင်သည်။

ပိုင်ရှောင်ချန်းမေးလိုသည့် မေးခွန်းများမှာ ဤအရာများဖြစ်ကြောင်းသာ သူအစောထဲကသိပါက အကြာကြီးတောင့်ခံခဲ့မည်မဟုတ်ပေ။ သူတောင့်ခံခဲ့ရသည့် နာကျင်မှုများကိုပြန်တွေးမိလိုက်တိုင်း ကမ္ဘာကြီးတစ်ခုလုံးမှာ ချာချာလည်နေသည့်အတိုင်း ခံစားနေရသည် မဟုတ်ပါလော။

သို့သော် ဤအခြေအနေမှာ တစ်ခုခုမူမမှန် ဖြစ်နေသည်ကို သူကသတိထားမိလိုက်သဖြင့် သူ၏စိတ်များမှာ ဂယောင်ခြောက်ခြားဖြစ်သွားတော့သည်။ ဤ အောက်လမ်းဆရာပိုင်သာ အောက်လမ်းဆရာမျိုးနွယ်စု တစ်ခုတွင် မွေးဖွားခဲ့သည်ဆိုပါက ရောင်စုံမီးတောက်များ၏ ဖော်စပ်နည်းများကို သူ မသိနိုင်စရာအကြောင်းမရှိပေ။ ဖော်စပ်နည်းများအကြောင်းကို သူမေးနေရသည်မှာ သူတကယ်သိလိုသည့် အရာကိုဖုံးကွယ်ထားခြင်းသာဖြစ်မည်ဟု သူကယူဆလိုက်သည်။

ပိုင်ရှောင်ချန်းမှာ သူ၏စိတ်ကို ကစားနေသည်ဟု ထင်သွားတော့သည်။

ကျိုးရီရှင်းမှာ သူ၏သုံးသပ်ချက် မှန်ကန်သည်ဟု ယုံကြည်နေသဖြင့် မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။ ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း သူက ငြင်းဆန်ရန် တွေးလိုက်ပါသော်လည်း ဝက်တူသတ္တဝါကြီး၏ အရောင်တောက်နေသော မျက်ဝန်းများကို တွေးမိလိုက်တိုင်း သူ၏စိတ်နှလုံးမှာ တုန်ရီသွားရသည်။ ထို့ကြောင့် သူကအံကိုကြိတ်ကာ တစ်ရောင်ခြယ်မှ ဆယ့်လေးရောင်ခြယ် မီးတောက်အထိ အကြောင်း အစုံအလင် ရှင်းပြလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ တက်ကြွစွာဖြင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ အချက်အလက်အားလုံးကို ရေးမှတ်နေတော့သည်။ ကျိုးရီရှင်း၏ ရှင်းပြချက်များပြီးသွားသောအခါ သူက နောက်ထပ်အသေးစိတ်မေးခွန်းအချို့ကိုပင် မေးလိုက်သေးသည်။ ကျိုးရီရှင်း၏ ရှင်းပြချက်များမှာ စိတ်ကျေနပ်ဖွယ်ကောင်းသဖြင့် အဆုံးတွင် ပိုင်ရှောင်ချန်းမှာ အပျော်ကြီးပျော်နေတော့သည်။

ထိုပုံစံကြောင့် ကျိုးရီရှင်းမှာ စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ သူရှင်းပြခဲ့သည့် ဖော်စပ်နည်းအားလုံးမှာ အစစ်အမှန်တွေသာဖြစ်သည်။ သူရင်ဆိုင်နေရသည်မှာ အောက်လမ်းဆရာတစ်ယောက်ဖြစ်သည့်အတွက် အချက်အလက်အမှားများကို မပေးရဲပေ။ သို့သော်လည်း ဤ ပိုင် ဆိုသည့် ရောင်းရင်းကြီးမှာ ဟန်ဆောင်မှုထဲတွင် နစ်မျောနေသည့် အလား။

" အမယ်လေး၊ ဒီကောင်က တော်တော်ဟန်ဆောင်ကောင်းတာပဲ။ "

ကျိုးရီရှင်းက အံကိုသာကြိတ်နေတော့သည်။ သူခံစားနေရသည့် အနိုင်ကျင့်ခံရမှုများကြောင့် ဒေါပွနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာမူ ဝမ်းသာအားရဖြင့် ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး မေးခွန်းအနည်းငယ် ထပ်မေးလိုက်သောအခါ ကျိုးရီရှင်းမှာ ရက်စက်ဖွယ်ကောင်းစွာ အရုပ်တစ်ရုပ်ပမာ ကစားခံနေရကြောင်း တွေးနေတော့သည်။

သူမေးသည့် မေးခွန်းအများစုမှာ လျှောက်၍မေးနေခြင်းဖြစ်ပြီး သာမန်ထက် ပိုလွန်းနေသဖြင့် ကျိုးရီရှင်းမှာ အဘယ့်ကြောင့် ထိုသို့မေးနေသည်ကိုပင် နားမလည်နိုင်တော့ပေ။ သူ၏ သိမ်ငယ်စိတ်များမှာ ပို၍ပင်ကြီးမားလာတော့သည်။

အဆုံးတွင် ပိုင်ရှောင်ချန်းက မေးလိုက်တော့သည်။

" ဟေး ခဏနေပါဦး။ ဆယ့်ငါးရောင်ခြယ်မီးတောက်ရဲ့ ဖော်စပ်နည်းက ဘယ်မှာတုံး။ ပြောဦးလေကွာ "

ထိုသို့မေးကာ သူက ကျိုးရီရှင်းကို မျှော်လင့်တကြီးဖြင့် ကြည့်နေတော့သည်။

ထိုအချိန်တွင်မူ ကျိုးရီရှင်းမှာ လုံးဝသည်းမခံနိုင်တော့ပေ။ ဒေါသမီးများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် သူက အော်ဟစ်လိုက်တော့သည်။

" ဟန်ဆောင်နေတာတွေ ရပ်တော့ ပိုင်ရာ။ ဘာဖြစ်ချင်နေတာတုံးပြော။ ငါတို့တွေ သရဲကြီး မြို့တော်ရဲ့ ပိုင်နက်ထဲ ရောက်နေတယ်ဆိုတဲ့အချက်ကို မင်းမသိဘူးဆိုတာ ငါ့ကိုယုံစေချင်နေတာလား။ သရဲကြီး ဘုရင်က ဘုရင်လေးပါးထဲက တစ်ပါးဖြစ်တယ်ဆိုတာကို မင်းကမသိတာလား။ အဲဒီမြို့တော်ထဲမှာ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ရှိတယ်ဆိုတာကို မင်းတကယ်မသိတာလား "

" ဘာလဲ မင်းအတွက် ဒါက ကစားပွဲတစ်ခုလား။ ငါ့အသက်ဘယ်လောက်လဲ။ ငါ့မှာ တာအိုပါရမီဖြည့်ဘက် ဘယ်နှစ်ယောက်ရှိလဲဆိုတာတွေပါ မင်းမေးနေတာ ငါ့ဖြင့်မယုံနိုင်ဘူး။ ဘာအဓိပ္ပါယ်ရှိလို့တုံးကွ "

" မင်းက အောက်လမ်းဆရာတစ်ယောက် ဖြစ်နေတာတောင် အင်အားကြီးမျိုးနွယ်စုတွေပဲ ဆယ့်ငါးရောင်ခြယ်မီးတောက်ရဲ့ဖော်စပ်နည်းကို ပိုင်ဆိုင်ထားတယ်ဆိုတာကို မသိတာလား။ မင်းငါ့ကို ဘယ်လောက်ထိထပ်ပြီး အရူးလုပ်နေဦးမှာလဲကွား "

ကျိုးရီရှင်းမှာ ဒေါသထွက်လွန်းနေပြီဖြစ်သဖြင့် မျက်ရည်များပင် ကျလာတော့သည်။

သူ၏ ထိုသို့ပေါက်ကွဲမှုကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ်ပင် အနေရခက်သွားတော့သည်။ သူမေးခဲ့သည့် မေးခွန်းအများစုမှာ စပ်စုလို၍သာ မေးခဲ့ခြင်းဖြစ်ပြီး အခြားမေးခွန်းများမှာလည်း အဓိပ္ပါယ်လုံးဝမရှိပေ။ ကျိုးရီရှင်းအလွန်ဒေါသထွက်နေသည်ကိုကြည့်၍ ပိုင်ရှောင်ချန်းမှာ ရယ်မောလိုက်ပြီး သူ၏နောက်စေ့ကို ရိုက်လိုက်သောအခါ သူ သတိမေ့မျောသွားရတော့သည်။

ထို့နောက် သူ့ကိုလျစ်လျှူရှူကာ ဂူဝသို့လမ်းလျှောက်သွားပြီး မတ်တတ်ရပ်ကာ သူ၏ရှေ့ရှိ နယ်မြေကြီးကို တည်ကြည်စွာဖြင့် ကြည့်နေတော့သည်။

" နောက်ဆုံးတော့ မြေရိုင်းဒေသကို ဘယ်လိုဖွဲ့စည်းထားလဲဆိုတာ ငါနားလည်သွားပြီ " သူက ရေရွတ်လိုက်သည်။

" ထူးဆန်းလိုက်တာ။ ဘာလို့များ မဟာတံတိုင်းမှာ ဒီလိုရှင်းရှင်းလင်းလင်း မဖော်ပြထားရတာလဲ။ ဒီအရာတော်တော်များက လျှို့ဝှက်ချက်မှ မဟုတ်ပဲ။ မဟုတ်မှလွဲရော တစ်ယောက်ယောက်ကများ ဒီအသေးစိတ်အချက်အလက်တွေကို တမင်သက်သက် ဖျက်ပစ်ခဲ့တာ များလား "

All Chapters