← Chapters

အခန်း (၉၆၆-၉၇၀)

Vol. 65 Ch. 966-970

အခန်း (၉၆၆-၉၇၀)

Vol. 65 Ch. 966-970

အခန်း ၉၆၆ အာဖရိကကြယ်ပွင့်၊ စိန်တို့၏ဘုရင်

အားလုံးလက်ခံထားမှတော့ သူတို့စိုးရိမ်နေဖို့မလိုတော့ပေ။

မနက်၇:၂၀မှာတော့ ကုမန့် အဆင်သင့်ဖြစ်သွားပြီဖြစ်သော်လည်း ထန်မိသားစုမှ သူမကိုလာကြိုသည်ကိုစောင့်ရမည်ဖြစ်၍ အိပ်ခန်းထဲတွင်နေ,နေသေးသည်။

ကုနင်းသည် လင်ရှောင်းထင်ကို ကုမန့်နှင့်တွေ့ဖို့ရန် ခေါ်သွားပေးခဲ့ကာ လင်ရှောင်းထင်ကလဲ ပြင်ဆင်ထားသည့်လက်ဆောင်ကိုပေးခဲ့သည်။ “မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်၊ ဒါလေးက လက်ဆောင်ပါ!”

ပြောရင်းဖြင့် လင်ရှောင်းထင်က လက်ထဲမှ စက္ကူအိတ်ကို ကုမန့်ထံလှမ်းပေးလိုက်သည်။

“ကျေးဇူးပါပဲကွယ်!” ကုမန့်သည် ပျော်ရွှင်စွာပင် လက်ဆောင်ကိုလက်ခံထားလိုက်သည်။ လင်ရှောင်းထင်ပေးသည့် လက်ဆောင်က သေချာပေါက်အလွန်ဈေးကြီးမည်မှန်းသိသော်လည်း သူ၏စေတနာကိုဖော်ပြပုံဖြစ်တာကြောင့် လက်ခံလိုက်ခြင်းပင်။ ထို့အပြင် လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူကောင်လေးဖြစ်တာကြောင့် သူမအနေနှင့်ငြင်းဖို့မတတ်နိုင်ပေ။

“အမေ၊ အထဲမှာဘာပါလဲ ဖွင့်ကြည့်လိုက်ပါလား?” ကုနင်းအလွန်စိတ်ဝင်စားနေသည်။ သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်လိုက်လျှင်လဲရသော်လည်း ထိုသို့ကြည့်ပါက မလေးစားရာရောက်မည်စိုးတာကြောင့် ဖွင့်ခိုင်းလိုက်ခြင်းပင်။

“ဟုတ်ပါပြီ!” ကုမန့်သည် အစကတော့ လင်ရှောင်းထင်ရှေ့မှာပဲ သူ့လက်ဆောင်ကိုဖွင့်ဖို့ စိတ်ကူးမရှိပေမယ့် ကုနင်းကြည့်ချင်နေတာကြောင့် ဖွင့်ဖို့သဘောတူလိုက်သည်။

စက္ကူအိတ်ထဲမှာတော့ ၁၀ကာရက်မျှရှိမည့် လေပုံစံစိန်လည်ဆွဲတစ်ကုံးပါသည့် ရတနာဗူးရှိသည်။

“လှလိုက်တာ!” ကုနင်း အလွန်သဘောကျသွားတော့သည်။ ထိုစိန်၏အမျိုးအစားကို သူမမမှတ်မိသော်လည်း သာမာန်စိန်များထက်တော့ ဒါက ပိုလှပကာ ပိုလဲတောက်ပနေသည်ကို သာမာန်ကြည့်ရုံဖြင့်ပင် မြင်နိုင်ပေသည်။

“အရမ်းကိုတောက်ပနေတာပဲ!” ကုမန့်သည်လဲ မြင်မြင်ချင်းကိုအလွန်သဘောကျသွားခဲ့သည်။

“ဒါဘာစိန်အမျိုးအစားလဲ? သာမာန်စိန်တွေနဲ့ လုံးဝကွဲတယ်နော်။” ကုနင်းမေးလိုက်သည်။

“ဒါက အာဖရိကကြယ်ပွင့်၊ စိန်တို့ရဲ့ဘုရင်ပဲ။”

အာဖရိကကြယ်ပွင့် ၊ စိန်တို့ရဲ့ဘုရင်တဲ့လား?

ကုနင်း ထိုနာမည်ကို အရင်ကကြားဖူးခဲ့ကာ ၎င်း၏ရှားပါးမှုအရ ၁ကာရက်ကိုတောင် ယွမ်ငါးသန်းလောက်ပေးရပေသည်။

ဤလည်ဆွဲမှစိန်ကတော့ ၁၀ကာရက်လောက်ရှိတာကြောင့် အနည်းဆုံး ယွမ်သန်းငါးဆယ်လောက်တန်ဖိုးရှိသည်ဟု ဆိုလိုသည်။ ဒါကလဲ ပုံမှန်စိန်ရိုင်း၏ဈေးနှုန်းကိုသာ တွက်ကြည့်ခြင်းဖြစ်သည်။

ယခုလို နာမည်ကြီးရတနာဒီဇိုင်နာပုံဖော်ထားသည့် ဇိမ်ခံအမျိုးအစားစန်လည်ဆွဲဆိုလျှင် အနည်းဆုံး ယွမ်သန်း၇၀လောက်တောင် ကျသင့်ပေမည်။

“အရမ်းဈေးကြီးမှာပေါ့?” ကုမန့်သည် ထိုစိန်အမျိုးအစားကို တစ်ခါမှမကြားဖူးသော်လည်း နာမည်ကြားရုံဖြင့် သေချာပေါက်ဈေးကြီးလောက်မည်မှန်း မှန်းဆမိသည်။

လင်ရှောင်းထင်မှာတော့ ကုမန့်ကိုဈေးနှုန်းထုတ်ပြောရန် စိတ်ကူးမရှိသော်လည်း ကုနင်းသည်တော့ လင်ရှောင်းထင်အပေါ် ကုမန့်အမှတ်ပိုပေးစေရန်အတွက် ပြောပြခဲ့သည်။ “အမေ၊ အာဖရိကကြယ်ပွင့်ဆိုတာကလေ ၁ကာရက်ကို ယွမ်၅သန်းလောက်တန်တာ။ ဒီလည်ဆွဲပေါ်ကစိန်က ၁၀ကာရက်လောက်ရှိတော့ အနည်းဆုံးယွမ်သန်း၅၀လောက်ရှိမယ်။ ဒီဇိုင်နာကြေးပါထည့်တွက်လိုက်ရင် ယွမ်သန်း၇၀လောက်ဖြစ်သွားမှာ။”

“ဘာ? ဒီလည်ဆွဲက ယွမ်သန်း၇၀တောင်တန်တာလား? အရမ်းဈေးကြီးတာပဲ!” ကုမန့် အလွန်ထိတ်လန့်သွားရသည်။

“အန်တီကြိုက်နေသ၍ ဈေးကမပြောပလောက်ပါဘူး။” လင်ရှောင်းထင်က ဝင်ပြောလာသည်။ သူက ကုမန့်ပျော်ရွှင်သည်ကိုသာ မြင်လိုခြင်းပင်။

“ဒါပေါ့၊ သေချာပေါက်ကြိုက်တာပေါ့။” ကုမန့်မှာ အတော်လေးသဘောကျသွားခဲ့တာကြောင့် လည်ဆွဲကိုအောက်တောင်မချချင်ခဲ့ပေ။ သို့သော်လည်း အလွန်ဈေးကြီးမှန်းသိလိုက်ရချိန်မှာတော့ သူမကိုင်ထားလို့ တစ်ခုခုပျက်စီးသွားမည်ကို စိုးရိမ်လာမိသည်။

တစ်ပြိုင်တည်းမှာပဲ သူမသာ ဈေးကြီးတာအတွက်နှင့် လင်ရှောင်းထင်ကို ပြန်ပေးလိုက်မည်ဆိုလျှင် လင်ရှောင်းထင် စိတ်ထိခိုက်သွားမည်မှန်းလဲ နားလည်မိသည်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ ရှောင်းထင်။”

“အန်တီသဘောကျလို့ ဝမ်းသာပါတယ်။”

………..

မနက်၇:၃၀တွင်တော့ ဟောင်ရန်တို့အဖွဲ့ရောက်ရှိလာခဲ့သည်။

သူတို့အသံတွေကိုကြားရသည်နှင့် ကုနင်းအောက်ထပ်သို့ဆင်းလာခဲ့ကာ ကုမန့်ပျင်းမနေစေရန်အတွက် ကုချင်နှင့်ဝမ်ယွီလန်တို့ကို အတူစကားသွားပြောပေးဖို့ တောင်းဆိုခဲ့သည်။

……….

ထိုအချိန်တွင်ပဲ ကုမန့်ကိုကြိုဖို့အတွက် ထန်မိသားစုမှစီစဉ်ထားသည့် မင်္ဂလာကားအတန်းလိုက်ကြီးက ထွက်ခွာလာခဲ့သည်။

ဇိမ်ခံကာ၁၂စီးအတန်းလိုက်ကြီးဖြတ်သန်းခြင်းက လူအများကို သေချာပေါက်ဆွဲဆောင်နိုင်ပေသည်။

လူအများစုသည် မင်္ဂလာပွဲနေ့တွင် ငှားရမ်းခသက်သက်သာသာဖြင့် တန်ဖိုးကြီးကားများငှားရမ်းနိုင်ကာ ကြွားဝါလေ့ရှိတာကြောင့် ယခုကားတန်းသည် အထူးခြားဆုံးမင်္ဂလာကားတန်းမဟုတ်ပေ။ သို့သော်လည်း ဒီလိုဇိမ်ခံကားများစွာကို မြင်ရသည်က သာမာန်လူများအတွက်တော့ ပုံမှန်မြင်ကွင်းမျိုးဟုတ်မနေခဲ့ပေ။

………

ထန်ယွင်ဖန်းသည် ကုမန့်အတွက် အကြီးကျယ်အခမ်းနားဆုံးမင်္ဂလာပွဲမျိုးကို ကျင်းပပေးချင်ခဲ့သော်လည်း ကုမန့်သည်တော့ ရိုးရိုးရှင်းရှင်းသာပြုလုပ်ပေးဖို့ တောင်းဆိုခဲ့သည်။

ယခုပွဲက ကုမန့်ဘဝတွင်ပထမဆုံးမင်္ဂလာပွဲဖြစ်ကာ သူမသည်လဲ ကြီးကျယ်ခမ်းနားသည့်မင်္ဂလာပွဲမျိုးလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးပေမည့် အခုချိန်မှာ သူမသည်ငယ်ငယ်ရွယ်ရွယ်မိန်းမပျိုလေးမဟုတ်တော့ပေ။ အရမ်းထင်သာမြင်သာဖြစ်လွန်းနေလျှင် သူမပဲရှက်နေမိလိမ့်မည်။

ထို့အပြင် သူတို့နှစ်ယောက်၏ချစ်ခြင်းသည် စစ်မှန်တာကြောင့် ပွဲအခမ်းအနားတစ်ခုအတွက် ငွေများစွာဖြုန်းတီးပစ်ဖို့မလိုအပ်ပေ။ သူမသာဆန္ဒရှိလျှင် ထန်မိသားစုဘက်က ခမ်းနားသည့်မင်္ဂပွဲကျင်းပပေးနိုင်သည်ဆိုလျှင်တောင် ကုမန့်သည်တော့ လိုအပ်သည်ဟု မထင်မိပေ။

ထန်ယွင်ဖန်း၏အမြင်မှာတော့ သူတို့၏လက်ရှိမင်္ဂလာပွဲကျင်းပပုံမှာ အရမ်းသာမာန်ဆန်ကာရိုးရှင်းပုံပေါက်နေသော်လည်း သာမာန်လူများအမြင်မှာတော့ ဒါကတင် လွန်စွာကြီးကျယ်ခမ်းနားလွန်းနေပေပြီ။

……..

ထန်ယွင်ဖန်းမှာ ပြီးခဲ့သည့်ညက သိပ်မအိပ်ခဲ့ရသော်လည်း ယနေ့မနက်နိုးလာချိန်မှာတော့ အားအင်အပြည့်ဖြင့်လန်းဆန်းနေတုန်းပင်။

မနက် ၇:၅၀တွင် မင်္ဂလာကားတန်းဆိုက်ရောက်လာခဲ့သည်။

ထန်ယွင်ဖန်း၊ ထန်ယွင်ဟန်၊ ချောင်ယွေ့ဟွာ၊ ချောင်ဝမ်ကျွင်း၊ ထန်ကျားယန်၊ ထန်ကျားခိုင်နှင့် တခြားသော ထန်မိသားစုမှ ယောက်ျားသားအားလုံးရောက်လာခဲ့သည်။ သို့ပေမည့် ချောင်ဝမ်ရှင်းအပါအဝင် ထန်မိသားစုမှအမျိုးသမီးများသည်တော့ ထန်မိသားစုအိမ်တွငနေရစ်ကာ ကုမန့်ရောက်အလာကိုစောင့်ဆိုင်းနေကြလေသည်။

ရှင်းပိုင်သည် ချောင်ဝမ်ရှင်း၏ချစ်သူကောင်လေးဖြစ်သော်လည်း ဒီနေ့အတွက်တော့ ဧည့်သည်တစ်ယောက်ပင်ဖြစ်နေသေးတာကြောင့် ဧည့်ခံပွဲချိန်မှသာ သွားပေလိမ့်မည်။

ထန်မိသားစု၏အကြီးအကဲဖြစ်သည့် ထန်ဟိုင်ဖုန်းကတော့ သေချာပေါက် သတို့သမီးနေအိမ်တွင် ပေါ်လာသင့်သူမဟုတ်ပေ။ သူက ထန်မိသားစုနေအိမ်တွင်နေကာ အခမ်းအနား၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် လက်ထပ်ပြီးစဇနီးမောင်နှံ၏ လက်ဖက်ရည်ဆက်သမှုကိုစောင့်ဆိုင်းနေရသည်။

ထန်မိသားစုမှပို့လိုက်သည့် ဇိမ်ခံကားတန်းကိုမြင်ပြီး လူတိုင်းလွန်စွာအံ့အားသင့်သွားရပြန်သည်။

ထန်မိသားစုသည် အလွန်ချမ်းသာတာကြောင့် ကားတိုင်းသည် အနည်းဆုံး ယွမ်ဆယ်သန်းစီတန်ပေသည်။

Bမြို့တွင်တော့ ထန်မိသားစုသည် အလွန်ချမ်းသာသည့်မိသားစုဖြစ်ကြောင်းက လျှို့ဝှက်ချက်တစ်ခုဟုတ်မနေတာကြောင့် ယခုလိုအံ့ဩစရာသတင်းကို အလွယ်တကူလက်ခံနိုင်ကြသည်။

……..

“သတို့သားကိုကြည့်ရတာ ဘာလို့အရမ်းရင်းနှီးနေသလိုခံစားရတာပါလိမ့်?” ထန်ယွင်ဖန်းကိုမြင်လိုက်ရချိန်တွင် အန်းယီရေရွတ်မိသွားသည်။

ချူးဖေ့ဟန်ပြန်မပြောခင်မှာပဲ ဟောင်ရန်တို့တတွေလဲ ထန်ယွင်ဖန်းကိုလှည့်ကြည့်လာကြသည်။ “သတို့သားက ငါတို့ဘော့စ်နဲ့အရမ်းတူတယ်လေ၊ ဒီတော့ နင်ရင်းနှီးသလိုခံစားနေရတာပေါ့။”

ချူးဖေ့ဟန်၏စကားကို အားလုံးလက်ခံကာခေါင်းညိတ်လိုက်ကြသော်လည်း အန်းယီသည်တော့ မရေမရာဖြစ်နေတုန်းပင်။

***

အခန်း ၉၆၇ ထန်ဟွမ်ရဲ့ဥက္ကဌတဲ့လား?

သတို့သားရော သတို့သမီးသည်ပါ ငယ်ရွယ်ကြသူများမဟုတ်ကြတော့တာကြောင့် မင်္ဂလာပွဲနေ့တွင် ကစားပွဲများစွာထည့်သွင်းခြင်းမရှိခဲ့ပေ။

ထန်မိသားစုမှအမျိုးသားများက ကုမန့်ကိုမခေါ်သွားခင် ကုနင်း၏အိမ်ရှိလူတိုင်းကို စာအိတ်နီတစ်အိတ်ဆီပေးခဲ့သည်။

၈နာရီတွင်တော့ အစီအစဉ်အတိုင်း သတို့သမီးကိုခေါ်ဆောင်ကာ ထန်မိသားစုစံအိမ်သို့ထွက်လာကြပြီး ကုနင်းတို့တတွေလဲ နောက်မှလိုက်ပါလာကြသည်။

ချူးဖေ့ဟန်၊ စုအန်းယာနှင့် ယွီမီရှီတို့သည် ကုနင်း၏ကားနှင့်အတူလိုက်ပါပြီး လင်ရှောင်းထင်ကမောင်းသူပင်။ ပြိုင်ကားတစ်စီး၏အကျယ်သည်သိပ်မရှိသော်လည်း ပိတ်ပိန်ပါးပါးမိန်းကလေးများအတွက်တော့ သက်သောင့်သက်သာဖြင့်လိုက်ပါနိုင်တုန်းပင်။

ဟောင်ရန်နှင့်ကျန်ကောင်လေးများကတော့ ချောင်ယမောင်းနှင်သည့် ကားအကြီးပေါ်တွင်ရှိကာ ကောင်းယိမောင်းသည့် နောက်ကားအကြီးပေါ်တွင်တော့ ကုချင်နှင့်ကျန်ဆွေမျိုးများလိုက်ပါကြသည်။

ကုချင်းရှီနှင့်ကုယင်ယင်တို့မှာ ကုနင်း၏ပြိုင်ကားနှင့်မလိုက်ရ၍ မပျော်မရွှင်ဖြစ်နေကြပေမည့် အမူအရာတော့ထုတ်မပြကြပေ။

ဝမ်ယွီလန်ကတော့ မိခင်ဖြစ်သူပီပီ သူမသားသမီးများ၏အခြေအနေကိုသတိပြုမိကာ ဆူပူတော့သည်။ ယနေ့က သူတို့အဒေါ်၏မင်္ဂလာပွဲနေ့ဖြစ်ကာ သူတို့ပျော်ပျော်ရွှင်ရွှင်နေသင့်ကြောင်း ပြောခဲ့သည်။ ကျန်းရှင်းရွှယ်သည်တော့ ထိုနှစ်ယောက်နှင့်ဆန့်ကျင်စွာ နာခံတတ်သည့်မိန်းကလေးဖြစ်ပြီး မိဘများစီစဉ်မှုအတိုင်းလိုက်နာခဲ့သည်။

………

ထန်မိသားစုစံအိမ်သို့ရောက်ရှိချိန်မှာတော့ အိမ်တော်၏အကျယ်အဝန်းနှင့်လှပမှုကြောင့် အလွန်အံ့အားသင့်နေကြရပြန်သည်။

“ဝါး၊ ဘော့စ်… မင်းအဖေက ဘယ်လောက်ထိတောင်ချမ်းသာတာလဲ?” ဟောင်ရန်က အံ့ဩတကြီးမေးလိုက်သည်။

သူတို့အခုရောက်ရှိနေသည့်နေရာက Bမြို့ဖြစ်ကာ အိမ်ရာဈေးနှုန်းကလဲ သေချာပေါက်အမြင့်ဆုံးတွေဖြစ်သည်။ ဤနေရာက မြို့လည်ခေါင်နေရာတော့မဟုတ်သော်လည်း အကျယ်အဝန်းအနေအထားအရ အလွန်ချမ်းသာသည့်လူများနေထိုင်ရာ နေရာဖြစ်ကြောင်း သိသာလှသည်။

ထန်မိသားစုအိမ်တော်၏အရွယ်အစားသည် သာမာန်လူချမ်းသာမိသားစုများ တတ်နိုင်သည့်အတိုင်းအတာမဟုတ်ပေ။ ဒါက အနည်းဆုံးယွမ်တစ်ဘီလီယံလောက်ရှိလောက်ကာ ခြံဝန်းကိုထိန်းသိမ်းဖို့ကတင် နှစ်စဉ် ယွမ်တစ်သန်းလောက်ကုန်နိုင်သေးသည်!

“မင်းအဖေအကြောင်း သေချာလေးပြောပြဦး!” အားလုံးမှာ လွန်စွာသိချင်လာကြသည်။

သူတို့အားလုံး မင်္ဂလာပွဲတက်ဖို့တောင်ရောက်နေကြပြီဆိုမှတော့ ထပ်ပြီးလျှို့ဝှက်ထားဖို့မလိုအပ်တော့ပေ။ “ဒီအိမ်ကို Bမြို့ရဲ့အချမ်းသာဆုံးမိသားစုဖြစ်တဲ့ ထန်မိသားစုကပိုင်တာ၊ ပြီးတော့ ငါ့အဖေက ထန်မိသားစုရဲ့အမွေဆက်ခံသူ။ လူတွေကတော့ သူ့ကိုထန်သခင်လေးလို့ခေါ်ကြတယ်။ သူက ထန်ဟွမ်ရဲ့ဥက္ကဌဆိုလဲဟုတ်တယ်။”

“ဘာ?!!”

“Bမြို့ရဲ့အချမ်းသာဆုံးမိသားစု?”

“ထန်ဟွမ်ရဲ့ဥက္ကဌ?”

“တကယ်ပြောနေတာလား?”

သူတို့ဤနှစ်ရက်အတွင်းကြုံခဲ့ရသမျှတွင် ယခုတစ်ကြိမ်က အထိတ်လန့်ဆုံးပင်ဖြစ်သည်။ Bမြို့ရှိ ထန်မိသားစုနှင့်ထန်ဟွမ်လုပ်ငန်းစုအကြောင်းကို သူတို့အားလုံးကြားဖူးထားကြပြီးဖြစ်သော်လည်း ကုနင်း၏ဖခင်အရင်းက ထန်ဟွမ်ဥက္ကဌမှန်းသိရချိန်တွင်တော့ မအံ့ဩမိဘဲမနေနိုင်ပြန်ပေ။

ကုနင်းကတော့ သူမဖခင်ရင်း၏နာမည်က ထန်ဟုပြောပြထားခဲ့သော်လည်း ထန်မိသားစုသည် အလွန်ချမ်းသာတာကြောင့် ဤကဲ့သို့မယုံနိုင်စရာဆက်စပ်မှုမျိုးကို မစဉ်းစားခဲ့ကြတာဖြစ်သည်။

“အဲ့ဒါကြောင့် သတို့သားကိုရင်းနှီးနေပါတယ်လို့ပြောတာပေါ့! အရင်က နာမည်ကြီးစီးပွားရေးမဂ္ဂဇင်းတစ်ခုမှာ သူ့ပုံကိုမြင်ဖူးတယ်။” အန်းရီနောက်ဆုံးတော့ သူ့စိတ်ထင်ချက်ကမှန်ကန်နေကြောင်းပြောနိုင်သွားတော့သည်။

ဒီလိုအထူးပုဂ္ဂိုလ်မျိုးကို ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့သည့်အပြင် ထိုလူက သူ့ဘော့စ်၏မွေးဖခင်ရင်းလဲဖြစ်နေသေးတာက တကယ်ကိုအံ့ဩစရာသတင်းပင်။

“ဒီလိုဆို ဟိုကဂုဏ်သရေရှိလူကြီးမင်းက Bမြို့မြူနီစီပါယ်ကော်မတီရဲ့အတွင်းရေးမှူးပေါ့?” ဟောင်ရန်က ထန်ယွင်ဟန်ဘက်ကိုလှည့်ကြည့်ကာပြောလိုက်သည်။

ထန်ယွင်ဟန်ကို သူမှတ်မိသွားတာကြောင့်တော့မဟုတ်ဘဲ နာမည်ကြားဖူးနေတာကြောင့်သာဖြစ်သည်။ Bမြို့ရှိအချမ်းသာဆုံးမိသားစု၏အကြီးဆုံးသားသည် Bမြို့မြူနီစီပါယ်ပါတီကော်မတီ၏အတွင်းရေးမှူးဖြစ်သည်ဟုပင်။

“ဟုတ်တယ်။”

ကုနင်းအတည်ပြုပေးလိုက်သည်နှင့်အားလုံး ပိုတောင်အံ့ဩကာမှင်သက်သွားကြတော့သည်။ ကုမန့်သည် ဒီလိုမျိုးBမြို့၏အင်အားကြီးမိသားစုအတွင်း လက်ထပ်ဝင်ရောက်နိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ Bမြို့မှာဆိုလျှင် ဘယ်သူကမှထန်မိသားစုကိုပေါ်တင် မနှောင့်ယှက်ဝံ့ပေ။

အခြေအနေအားလုံးကိုနားထောင်ပြီးနောက် ကုချင်နှင့်ကျန်လူများမှာ အလွန်စိုးရိမ်ပူပန်လာမိကြတော့သည်။ ရှေ့ဆက်ပြီး ဘယ်လိုဘယ်ပုံပြောဆိုဆက်ဆံသင့်မှန်းလဲ မသိကြတော့ပေ။ တစ်ချိန်တည်းမှာပဲ ထန်မိသားစုအတွင်းမှ ကုမန့်၏နေရာအတွက်လဲ စိုးရိမ်လာမိကြသည်။

သာမာန်ချမ်းသာသည့်မိသားစုတောင်မှ လက်ထပ်မှုတွင် မိသားစုနှစ်စုကြားမှ အဆင့်အတန်းညီမျှမှုအပေါ် အလေးထားကြောင်း အားလုံးသိကြသည်။ ဒီလိုချမ်းသာကာအာဏာကြီးသည့်မိသားစုဆိုလျှင် ပြောနေစရာတောင်မလိုတော့ပေ။ ပုံမှန်အတိုင်းသာဆိုလျှင် ကုမန့်အနေနှင့် ထန်မိသားစုထဲ လက်ထပ်ဝင်ရောက်နိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ပေ။

……..

ထန်မိသားစုတွင်နေရမည့် ကုမန့်၏အခြေအနေအတွက် စိုးရိမ်နေကြသူများသည် ကုနင်း၏ပိုင်ဆိုင်မှုအားလုံးကိုမသိထားကြသူများဖြစ်ကြသည်။ ဒါကြောင့်လဲ ကုမန့်သည် ထန်မိသားစုဝင်ဖြစ်ဖို့အရည်အချင်းမပြည့်မီဘူးဟု ထင်နေကြခြင်းပင်။

ကုနင်း၏ပိုင်ဆိုင်မှုများသည် ထန်မိသားစုကိုလုံးဝနီးပါးမယှဉ်နိုင်သေးသော်လည်း ကုမန့်ကို ထန်မိသားစုကလက်ခံပေးနိုင်ဖို့တော့ လုံလောက်လို့နေတုန်းပင်။

တကယ်တမ်း ကုနင်းနှင့်ကုမန့်တို့သာ အရင်အတိုင်းဆင်းရဲမြဲဆင်းရဲနေခဲ့လျှင်တောင် ထန်ယွင်ဖန်းက သူ၏ဖခင်နှင့်ခင်ပွန်းတစ်ယောက်၏တာဝန်ကို သေချာပေါက်ထမ်းဆောင်ဦးမှာပင်။ ထန်ယွင်ဖန်းသည် သူ့မင်္ဂလာပွဲကို သူ့စိတ်တိုင်းကျစီစဉ်မည်ဟု အရင်ကတည်းကပြောထားခဲ့တာကြောင့် သူလက်ထပ်ချင်သည့်အမျိုးသမီးကို စိတ်ကြိုက်ဆုံးဖြတ်နိုင်သည်။

လက်ရှိအချိန်တွင် သူကပဲ ထန်မိသားစု၏ပိုင်ဆိုင်မှုအများစုကို အဓိကတာဝန်ခံထားခဲ့တာကြောင့်ပဲ ထန်မိသားစုစီးပွားရေးသည် သူ့ဦးဆောင်မှုအောက်တွင် စဉ်ဆက်မပြတ်တိုးတက်ကြီးပွားလာခြင်းဖြစ်သည်။ အခုဆို ထန်မိသားစုသည် Bမြို့တွင်အချမ်းသာဆုံးနံပါတ်တစ်နေရာကို အခိုင်အာရပ်တည်နေနိုင်ပေပြီ။

……

“နင်းနင်း၊ ဒါကအရမ်းမယုံနိုင်စရာကောင်းလွန်းတယ်!” ကုချင်၏အသံမှာတုန်ရီလို့နေသည်။

“ငါအရမ်းစိတ်လှုပ်ရှားလွန်းလို့ နောက်ဆက်ပြီး သူတို့နဲ့ဘယ်လိုစကားပြောသင့်လဲတောင် မတွေးတတ်တော့ဘူး။” ဝမ်ယွီလန်သည်လဲ အလွန်စိုးရိမ်ကာစိတ်လှုပ်ရှားနေသည်။

ကုနင်းသည်တော့ သူတို့နှစ်ဦး၏အမူအရာများကိုကြည့်ကာ သဘောတကျဖြစ်နေသည်။

“စိတ်အေးအေးထားကြပါ၊ အရင်အတိုင်းပဲဆက်ဆံလို့ရပါတယ်။” ကုနင်းကပဲ အားလုံးကိုနှစ်သိမ့်ပေးလေသည်။ သူမကတော့ ထန်မိသားစုနှင့်ဆက်ဆံနေကြဖြစ်နေတာကြောင့် ထန်မိသားစုနှင့်ပြောဆိုရသည်က လွယ်ကူသည်ဟုသာ တွေးမိသည်။

“သမီးပြောသလောက်မလွယ်ဘူးလေ။ ဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မှာလဲ!” ကုချင်ကပြန်ငြင်းသလို ဝမ်ယွီလန်ကလဲ ဘယ်လိုမှစိတ်မအေးနိုင်ပေ။ “ဟုတ်တယ်၊ ထန်မိသားစုဆိုတာ Bမြို့မှာအချမ်းသာဆုံးပဲ။ နိုင်ငံတဝမ်းမှာဆိုလျှင် အာဏာလွှမ်းမိုးမှုအရမ်းရှိတယ်လို့ပြောလို့ရတယ်။”

***

အခန်း ၉၆၈ ဖန်းကျီရွေ့လဲ အဖိတ်ခံရပါတယ်

ဝမ်ယွီလန်သည် သာမာန်နိုင်ငံသားမျှသာဖြစ်ကာ လူချမ်းသာများ အာဏာရှိသူများကို ရင်မဆိုင်ရဲဆုံးပင်။ ထိုသို့သာဖြစ်ခဲ့ပါက သူမဘဝကိုရပ်တည်နိုင်တော့မည်မဟုတ်ပေ။

ကုချင်းရှီနှင့်ကျန်ကလေးများသည်လဲ ချက်ချင်းပါးစပ်ပိတ်ကုန်ကြကာ အသံတစ်သံတောင်မထွက်ရဲကြတော့ပေ။ ကျန်းရှုနှင့်ကုချင်းယန်တို့လဲ နေရမသက်မသာဖြစ်နေကြသည်။ ချူးဖေ့ဟန်တို့အဖွဲ့သည်လဲ စိတ်လှုပ်ရှားနေကြကာ အထူးသဖြင့် သာမာန်အသာမာန်အသိုင်းအဝိုင်းမှဖြစ်သည် ယွီမီရှီနှင့်ကျန်းထန်ပင်းတို့ပင်။

……

မင်္ဂလာအခမ်းအနားအတွက် ထန်မိသားစုအိမ်တော်တွင်ရှိနေကြသူများသည် အနီးကပ်ဆွေမျိုးများ သို့မဟုတ် ထိုလူတို့၏မိတ်ဆွေအပေါင်းအသင်းများသာဖြစ်ကြပြီး သာမာန်ဆွေမျိုးများနှင့်မိတ်ဆွေများသည်တော့ ကြယ်ငါးပွင့်ဟိုတယ်တွင်သာ တွေ့ဆုံကြပေလိမ့်မည်။

ထန်မိသားစု၏မြင့်မားသည့်အဆင့်အတန်းအရ ယနေ့မင်္ဂလာပွဲသို့တက်ရောက်သူအများအပြားရှိသော်လည်း အများစုကတော့ ရင်းနှီးသည့်မိတ်ဆွေများမဟုတ်ကြပေ။

ကုနင်းကိုဥပမာအဖြစ်ကြည့်လျှင် သူမတွင် Gမြို့မှပိုင်ရွှယ်ယန်၊ မြို့တော်မှ ရှုချင်ယင်နှင့် ကုအန်းနာတို့လို လုပ်ဖော်ကိုင်ဖက်များ မိတ်ဆွေများမရေမတွက်နိုင်အောင်ရှိပေသည်။ သို့သော်လည်း သူမနှင့်အရင်းနှီးဆုံးကတော့ ချူးဖေ့ဟန်နှင့်သူမ၏အတန်းဖော်များသာရှိသည်။ ဒါကြောင့် သူမမင်္ဂလာပွဲမဟုတ်သ၍ သာမာန်မိတ်ဆွေများနှင့်လုပ်ဖော်ကိုင်ဖက်များကို ဖိတ်ကြားမည်မဟုတ်ပေ။

အစကတော့ ဖန်းကျီရွေ့ကိုလဲ ကုနင်းခေါ်ခဲ့ပေမည့် သူမအမေ၏မင်္ဂလာပွဲဖြစ်ကြောင်းကိုတော့မပြောခဲ့ပေ။ သူမက ထိုနေ့အတွက်အားလားဟုသာ မေးခဲ့ကာ ဖန်းကျီရွေ့ကလဲ Bမြို့မှာရှိမနေတာကြောင့် ကုနင်းလဲ သူ့အလုပ်ကိုမနှောင့်ယှက်ချင်၍ အကြောင်းအရာအသေးစိတ်ပြောမနေခဲ့တော့ပေ။

ဖန်းကျီရွေ့ကတော့ အကြောင်းအရင်းကိုမေးခဲ့ပေမည့် ကုနင်းက သူတို့နှင့်အတူထမင်းတစ်နပ်လောက်စားချင်၍ မေးခြင်းဟုသာ ပြန်ဖြေခဲ့သည်။

……

ထိုအချိန်မှာပဲ ကုနင်းဆီသို့ ဖန်းကျီရွေ့ဖုန်းဆက်လာခဲ့သည်။

“ဘော့စ်၊ ငါဒီနေ့လည်ပဲ Bမြို့ကိုပြန်လာတော့မှာ၊ ညနေ၄နာရီလောက် ငါ့မိသားစုက မင်္ဂလာပွဲတစ်ခုတက်စရာရှိလို့လေ။” ကုနင်းဖုန်းကိုင်,ကိုင်လိုက်ခြင်းမှာပဲ ဖန်းကျီရွေ့ကပြောလာခြင်းပင်။ “ဘော့စ်၊ ငါမှတ်မိသလောက်တော့ မင်းက ထန်မိသားစုရဲ့ဆွေမျိုးမဟုတ်လား? ဒီနေ့က သခင်လေးထန်ရဲ့မင်္ဂလာပွဲလေ၊ မင်းကိုလဲ ဖိတ်ထားမှာပေါ့၊ ဟုတ်လား?”

ဖန်းကျီရွေ့မှာ ပြောရင်းနဲ့မှပင် ကုနင်းသည်လဲ ထန်မိသားစု၏ဆွေမျိုးဖြစ်ကြောင်း အမှတ်ရသွားခြင်းဖြစ်သည်။

“ဟုတ်တယ်၊ တကယ်တော့ ဒီနေ့မင်္ဂလာပွဲရဲ့ သတို့သမီးကငါ့အမေ၊ သတို့သားကလဲ ငါ့အဖေမို့ နင့်ကိုဖိတ်ဖို့ ဖုန်းဆက်ခဲ့တာ။ ”

ကုနင်း ဆက်ပြီးလျှို့ဝှက်ထားမနေတော့ပေ။

“ဘာပြောလိုက်တာ?” ဖန်းကျီရွေ့အလွန်အံ့ဩသွားတော့သည်။ “ဒီတော့ သခင်လေးထန်က နင့်ပထွေးလို့ပြောတာလား?”

ဖန်းကျီရွေ့မှာ မယုံနိုင်စွာပြန်မေးလာရသည်။

“အမ်… ပထွေးတော့မဟုတ်ဘူး အဖေရင်း။ လွန်ခဲ့တဲ့၁၉နှစ်ကဖြစ်ခဲ့တဲ့မတော်တဆမှုကြောင့် ငါတို့မိသားစုအခုထိ ကွဲကွာနေခဲ့ရတာ။ ပြောရရင်တော့အရှည်ကြီးပဲ။ နင့်ကိုဖိတ်ထားတယ်ဆိုမှတော့ လာလိုက်တော့!”

“ဒါပေါ့၊ ဒါပေါ့၊ လာခ့မယ်။” ဖန်းကျီရွေ့လဲ မေးခွန်းတွေထပ်မေးမနေသင့်တော့ကြောင်း နားလည်ပေသည်။ “ငါ့သူငယ်ချင်းတွေရောအတူခေါ်ခဲ့လို့ရလား?”

“မရစရာလား။ သူတို့ကိုလဲဖိတ်ဖို့ ငါစဉ်းစားထားပြီးသားပါ၊ ဒါပေမယ့် ငါနဲ့ကျအရမ်းမရင်းနှီးနေဘူးလေ။”

“ကောင်းလိုက်တာ၊ ဒါဆို ငါသူတို့နဲ့အတူလာခဲ့မယ်။” ဖန်းကျီရွေ့ ဝမ်းသာအားရနှင့်ဖုန်းချသွားတော့သည်။

သူတို့ဖုန်းပြောနေကြစဉ်မှာပဲ ထန်ယွင်ဖန်းက ကားထဲမှထွက်ကာ ကုမန့်ကိုပွေ့ချီလိုက်သည်။ ထို့နောက်မှာတော့ ကောဇောနီတစ်လျှောက် ချီမကာ ရှေ့ပေါက်ဆီသို့ခေါ်ဆောင်သွားခဲ့သည်။

………

အဓိကအိမ်တော်ဝင်ပေါက်ရှေ့ရောက်ချိန်မှာတော့ ထန်ယွင်ဖန်းက ကုမန့်ကိုအောက်ချပေးလိုက်ကာ မီးဖိုတစ်ခုကိုကျော်ပြီး ခန်းမထဲသို့ဝင်စေသည်။

ထန်မိသားစုအိမ်တော်၏ခန်းမထဲတွင်တော့ ထန်ဟိုင်ဖုန်းက လှပသည့်သစ်သားထိုင်ခုံတစ်ခုတွင်ထိုင်ကာ စောင့်လို့နေခဲ့သည်။ သူက ခန်းမထဲသို့လျှောက်ဝင်လာသည့် ဇနီးမောင်နှံကိုကြည့်ကာ ပြုံးရယ်နေခဲ့သည်။

နှစ်ဦးသား ထန်ဟိုင်ဖုန်းရှေ့သို့ရောက်သည်နှင့် ဒူးထောက်ချကာ လက်ဖက်ရည်ခွက်ကိုဆက်သသည်။ နောက်တော့ ထန်ဟိုင်ဖုန်းက သူတို့ကိုစာအိတ်နီတစ်အိတ်ပြန်ပေးကာ အခမ်းအနား၏နောက်ဆုံးအဆင့်အနေနှင့် ကုမန့်က သူ့ကို အဖေဟုခေါ်ခဲ့သည်။

အခမ်းအနားပြီးသွားချိန်မှာတော့ ညစာစားပွဲမတိုင်ခင်ကြားထဲနားချိန်ဖြစ်သွားပေပြီ။

ဧည့်သည်အားလုံးက ခြံထဲတွင်ထိုင်ကာ စကားပြောရင်း လက်ဖက်ရည်သောက်နေကြသည်။

“ဘော့စ်၊ ငါအခုထိမယုံနိုင်သေးဘူး။ သခင်လေးထန်က ဘယ်လိုလုပ်မင်းအဖေအရင်းဖြစ်သွားတာလဲ? Bမြို့မှာ မင်းအဖေရဲ့အနေအထားနဲ့သာဆို မင်းဘာလုပ်ချင်ချင်လုပ်လို့ရပြီ၊ ဘယ်သူကမှမင်းကိုဆန့်ကျင်ရဲမှာမဟုတ်တော့ဘူး။” ဟောင်ရန်၏စကားကြောင့် ကုနင်းက စိတ်ဆိုးဟန်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ငါက မိသားစုနောက်ခံအပေါ်မှီခိုပြီး တခြားလူတွေကိုအနိုင်ကျင့်မယ့်လူစားမျိုးလို့ ထင်နေတာလား?”

ဟောင်ရန်မှာ ရုတ်တရက်ကြောင်သွားပြီးကာမှ ရှက်ရှက်နှင့်ရယ်လိုက်မိတော့သည်။ “မဟုတ်တာ၊ မဟုတ်တာ၊ မင်းကအဲ့လိုလူမျိုးဘယ်ဟုတ်ပါ့မလဲ။”

အခုမှမနက်၁၁နာရီပင်ရှိသေးကာ ညစာစားပွဲက ညနေ၄နာရီမှဖြစ်တာကြောင့် ကုနင်းက အားလုံးကို အပြင်ထွက်ကာနေ့လည်စာစားရင်း လျှောက်လည်ဖို့ခေါ်လိုက်သည်။

တကယ်တော့ သူတို့အားလုံး ထန်အိမ်တော်တွင်နေရသည်ကို ပျင်းနေကြပြီဖြစ်တာကြောင့် ကုနင်းစကားကိုကြားသည်နှင့် စိတ်လှုပ်ရှားကုန်ကြတော့သည်။ ပြောရရင် အားလုံးက ငယ်ရွယ်တက်ကြွသည့်လူငယ်တွေပဲမဟုတ်လား။

နောက်တော့ ကုနင်းက သူမအပြင်ထွက်ဖို့ ထန်ယွင်ဖန်းဆီခွင့်သွားတောင်းကာ ထန်ယွင်ဖန်းကလဲ သဘောတူခဲ့သည်။

သူတို့အပြင်ထွက်လည်ကြမည်ကို ချောင်ဝမ်ရှင်းကြားလိုက်သည်နှင့် ချက်ချင်းပင်ပါဝင်လာသော်လည်း တခြားကားတွေထဲမှာ သူမအတွက်နေရာမရှိတော့တာကြောင့် သူမကိုယ်ပိုင်ကားဖြင့်သာ လိုက်ရသည်။ တကယ်တော့ ပြီးလျှင် ရှင်းပိုင်ကိုသွားကြိုဖို့ရှိသေးတာကြောင့်လဲ ပါပေသည်။

“ပုံမှန်စားသောက်ဆိုင်တွေမှာ အများကြီးစားဖူးပြီးနေပြီ။ ခဏလောက် တောင်ဗီလာမှာအနားယူဖို့သွားကြရင်မကောင်းဘူးလား?”

“သွားရအောင်! သွားရအောင်!”

အားလုံးသဘောတူကာ ထန်အိမ်တော်မှထွက်ခွာခဲ့ကြသည်။

……

ဖန်းကျီရွေ့မှာ ထန်ယွင်ဖန်းက ကုနင်း၏အဖေအရင်းဖြစ်ကြောင်း သိပြီးသည်နှင့် ချက်ချင်းဆိုသလို ကွမ်ပင်းထံဖုန်းခေါ်တော့သည်။

ကွမ်ပင်းသည်လဲ ထိုသတင်းကြောင့် အလွန်အံ့ဩသွားခဲ့လေသည်။ “တကယ်လား? သေချာရဲ့လား?”

“သေချာတာပေါ့၊ မင်းကြားတာ အမှန်ပဲ။ ထန်ဟွမ်ဥက္ကဌက ငါ့ဘော့စ်ရဲ့အဖေအရင်းတဲ့။ ဒီနေ့ သူ့အဖေနဲ့အမေရဲ့မင်္ဂလာပွဲမို့ ငါတို့ကိုလဲ ဖိတ်ထားတယ်။”

***

အခန်း ၉၆၉ ငါရောလိုက်လို့ရလား?

ကွမ်ပင်းသည် ထိုသတင်းထူးကိုလက်ခံနိုင်ဖို့အချိန်အတော်ကြာသွားသော်လည်း အသိပြန်ဝင်လာသည်နှင့် ချက်ချင်းပင်ဖိတ်ကြားချက်ကိုလက်ခံလိုက်တော့သည်။ “မိန်းကလေးကုက ငါ့ကိုရောဖိတ်ရဲ့လား၊ မင်းကိုပဲမဟုတ်ဘူးလား? ငါပါလိုက်ခဲ့ဖို့သင့်တော်ပါ့မလား?”

ကွမ်မိသားစုသည် ဖိတ်ကြားခြင်းမခံထားရကာ ကုနင်းကလဲ သူ့ကိုကိုယ်တိုင်ဖုန်းဆက်ထားခြင်းမရှိတာကြောင့် လိုက်သွားဖို့ရှက်နေမိသည်။

ကွမ်မိသားစုသည် ချမ်းသာသည့်မိသားစုအဖြစ်သတ်မှတ်နိုင်လောက်အောင် ယွမ်သန်းပေါင်းရာနှင့်ချီကာကြွယ်ဝသော်လည်း ထန်မိသားစုကိုတော့ လုံးဝမယှဉ်နိုင်သေးပေ။

ကွမ်မိသားစုနှင့်ထန်မိသားစုသည် အချို့သောစီးပွားရေးတွေ့ဆုံပွဲများမှလွဲ၍ တစ်ဖက်နှင့်တစ်ဖက်မတွေ့ဖူးကြပေ။ သူတို့ကြားမှ ကွာဟချက်မှာလွန်စွာကြီးမားလှပေသည်။

“ဘော့စ်က မင်းနဲ့သူကအရမ်းမရင်းနှီးလို ကိုယ်တိုင်ဖုန်းမဆက်ရုံပါ။ ငါ့သူငယ်ချင်းတွေကိုပါ အတူခေါ်လာလို့ရမလားလို့ သူ့ကိုမေးပြီးသား၊ သူလဲသဘောတူတယ်။”

“တကယ်ပါနော်?” ကွမ်ပင်းမှာ အလွန်စိတ်လှုပ်ရှားသွားသည်။ ထန်မိသားစု၏မင်္ဂလာပွဲကိုတက်ခွင့်ရခြင်းမှာ ဂုဏ်ယူစရာပင်ဖြစ်တာကြောင့် ချက်ချင်းပင် သဘောတူလိုက်တော့သည်။

ဖန်းကျီရွေ့က သူ၏တခြားသူငယ်ချင်းများကိုလဲ လှည့်ပတ်ခေါ်လိုက်သေးသည်။ ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်နေကြောင်း ကြားလိုက်ရချိန်တွင် ကျန်သူငယ်ချင်းများ၏တုံ့ပြန်မှုသည်လဲ အလားတူပင်။ သို့သော်လည်း ကုနင်းကဘယ်လိုပင် ထန်မိသားစုဝင်ဖြစ်နေပါစေ သူမ၏စီးပွားရေးအင်ပါယာကိုတော့ သူမကိုယ်ပိုင်အရည်အချင်းနှင့်တည်ဆောက်ထားခြင်းဟု ယုံကြည်နေကြတုန်းပင်။

သူတို့အားလုံး ကုနင်းကိုလေးလဲလေးစားသလို ယုံလဲယုံကြည်ကြသည်။ သို့သော်လဲ သူတို့ချင်းတွေ့ဆုံဖူးသည့်အချိန်က အတော်လေးနည်းပါးလှတာကြောင့် သာမာန်အသိအကျွမ်းအဆင့်သာဖြစ်နေခြင်းပင်။ ဖန်းကျီရွေ့နှင့်ကုနင်း၏ဖိတ်ကြားချက်ကြောင့်သာမဟုတ်လျှင် ဒီမင်္ဂလာပွဲကိုသွားနိုင်ဖို့ စိတ်ကူးမိမည်တောင်မဟုတ်ကြပေ။

သူတို့စိတ်ထဲမှာတော့ ထန်မိသားစုမှမင်္ဂလာပွဲကိုတက်ရောက်ခွင့်ရသည်က လွန်စွာဂုဏ်ယူစရာကောင်းလှပေသည်။ အရင်တစ်ခါက ထန်ကျားခိုင်၊ ချောင်ဝမ်ရှင်းတို့နှင့်အတူစားသောက်ခွင့်ရသည်ကိုတောင် အလွန်ဂုဏ်ယူနေကြခြင်းဖြစ်ကာ သူတို့ဘဝတွင် ကုနင်းနှင့်တွေ့ဆုံခွင့်ရခဲ့သည်က ကံကောင်းလွန်းသည်ဟု တွေးနေကြတော့သည်။

………..

ကျိုးကွမ်းယွေ့၏နေအိမ်သည် Bမြို့စွန်နားမှ အဆင့်အတန်းမြင့်ဗီလာတစ်ခုတွင် တည်ရှိခြင်းဖြစ်သည်။

ယနေ့က စနေနေ့လဲဖြစ်တာကြောင့် ကျိုးကွမ်းယွေ့အလုပ်သွားစရာမလိုပေ။ ဖန်းကျီရွေ့ သူ့ကိုဖုန်းဆက်လာချိန်တွင် သူက အခုမှနိုးလာရုံဖြစ်ကာ ခြံထဲမှာ လေ့ကျင့်ခန်းလုပ်နေခြင်းဖြစ်သည်။

ကျိုးကွမ်းယွေ့နှင့်ဖန်းကျီရွေ့တို့ စကားပြောနေကြချိန်တွင် သူ့အစ်ကို ကျိုးကွမ်းမင်သည်လဲ ခြံထဲမှာရှိနေခဲ့သည်။ ကျိုးကွမ်းမင်ကလဲ သူတို့စကားပြောနေသည်များကိုနားထောင်ရင်း ကျိုးကွမ်းယွေ့က ထန်မိသားစုမှမင်္ဂလာပွဲကိုတက်ရောက်မည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။

ထိုအကြောင်းသိလိုက်ရသည်နှင့် ကျိုးကွမ်းမင်သည်တော့ မကျေနပ်နိုင်တော့ပေ။ ယနေ့မှာ ထန်မိသားစုမှမင်္ဂလာပွဲတစ်ခုကျင်းပမည်မှန်း သူကြားထားကတည်းက ဖိတ်ကြားချက်တစ်စောင်လောက်ရဖို့ရန် သူအစွမ်းကုန်ကြိုးစားခဲ့သည်။

မင်္ဂလာပွဲတွင် အထူးပုဂ္ဂိုလ်ပေါင်းများစွာ စုဝေးနေကြမည်ဖြစ်တာကြောင့် ကျိုးမိသားစုစီးပွားရေးအပါအဝင် သူ့အတွက်ပါ အထောက်အကူဖြစ်စေရန် ပွဲသို့သွားကာ ထိုပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ရင်းနှီးမှုယူဖို့ စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့ကြိုးပမ်းချက်ကျရှုံးလို့သွားခဲ့သည်။ ဖိတ်စာတစ်စောင်လောက်ရဖို့ကတော့ မလွယ်ကူလှပေ။

ဒါကြောင့် ကျိုးကွမ်းမင်လဲ ဖိတ်ကြားခံရသည့် သူ့မိတ်ဆွေအပေါင်းအသင်းများထံ အတူလိုက်နိုင်ဖို့ အကူအညီတောင်းခဲ့သော်လည်း အားလုံးကငြင်းပယ်ခဲ့ကြသည်။ ဒါ့အပြင် သူကိုယ်တိုင်ကလဲ ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲသလိုသာဖြစ်သွားမည်စိုး၍ ဖိတ်ကြားချက်မပါဘဲ မင်္ဂလာပွဲကိုမသွားရဲပေ။

အခုတော့ ကျိုးကွမ်းယွေ့က ဖိတ်ကြားခံခဲ့ရတာကြောင့် သူ့မှာ အလွန်အံ့ဩမိသလို အမှန်တရားကိုလဲ လက်မခံနိုင်ခဲ့ပေ။

ကျိုးကွမ်းယွေ့ ဖုန်းပြောပြီးလို့ တစ်ဖက်လှည့်လိုက်ချိန်တွင် ကျိုးကွမ်းမင်၏မှုန်ကုတ်နေသည့်အမူအရာကိုမြင်လိုက်ရတာကြောင့် အစကဖိတ်ကြားချက်ကြောင့် စိတ်လှုပ်ရှားနေမှုများ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

ထိုအမူအရာများကိုကြည့်ရုံဖြင့် သူတို့ချင်းသိပ်မတည့်လှကြောင်း သိသာလှသည်။ တကယ်တမ်း သူတို့ညီအစ်ကိုနှစ်ယောက်ကို ရန်သူများဟုပင်သတ်မှတ်လို့ရပေသည်။

ကျိုးကွမ်းမင်နှင့် ကျိုးကွမ်းယွေ့တို့သည် အဖေတူသည့် သွေးတစ်ဝက်နှောညီအစ်ကိုများဖြစ်ကြသော်လည်း ကျိုးကွမ်းမေ့ကတော့ ကလေးဘဝကတည်းက ကျိုးကွမ်းယွေ့သည် သူ့အနားရှိနေသည့်ဆူးတစ်ချောင်းဟုသာ မှတ်ယူထားခဲ့သည်။ ကျိုးကွမ်းယွေ့၏အမေကြောင့် သူ့အမေက မထွက်သွားချင်ဘဲ ထွက်သွားခဲ့ရသည်ဟု ယုံကြည်ထားတာကြောင့် ကျိုးကွမ်းယွေ့ကို အိမ်မှအလွန်နှင်ထုတ်ချင်ခဲ့သည်။ ဒါကြောင့်ပဲ ကလေးဘဝကတည်းက ကျိုးကွမ်းယွေ့သည် ကျိုးကွမ်းမင်၏အနိုင်ကျင့်ခြင်းကို အကြိမ်ပေါင်းမနည်းခံစားခဲ့ရသည်။

သို့သော် အမှန်တရားကတော့ ကျိုးကွမ်းမင်၏အမေကသာ သူ့အဖေဆင်းရဲစဉ်က တခြားယောက်ျားတစ်ယောက်အတွက်နှင့် သူတို့သားအဖကို ချန်ရစ်ခဲ့တာဖြစ်သည်။

ကျိုးကွမ်းယွေ့သည် ကလေးဘဝတုန်းက ပြဿနာကောင်လေးဖြစ်ခဲ့ကာ ကျိုးကွမ်းမင်သည်တော့ အမြဲတမ်းတိတ်ဆိတ်ကာ နာခံတတ်သူဖြစ်ခဲ့သည်။ ဒါကြောင့်ပဲ ကျိုးကွမ်းမင်အကြောင်း တိုင်ခဲ့လျှင် သူတို့အဖေက ဘယ်တော့မှ ကျိုးကွမ်းယွေ့စကားကို မယုံကြည်ခဲ့ပေ။

ကျိုးကွမ်းယွေ့၏အမေကတော့ သူမသားကိုယုံသော်လည်း သူမသည် ကျိုးကွမ်းမင်အတွက် မိထွေးတစ်ယောက်သာဖြစ်တာကြောင့် ပြစ်တင်ခြင်းမပြုခဲ့ပေ။ ထိုသို့သာပြုမူခဲ့ပါက လူတွေက သူမကိုရက်စက်သည့်မိထွေးဟု ပြောဆိုကြမည်ဖြစ်တာကြောင့် ကျိုးကွမ်းယွေ့ကိုသာ သီးသန့်နှစ်သိမ့်ပေးခဲ့သည်။

ကြီးပြင်းလာကြချိန်တွင်တော့ ကျိုးကွမ်းမင်လဲ အမှန်တရားကိုသိလာခဲ့တာကြောင့် ကျိုးကွမ်းယွေ့ကို ဆက်ပြီးအနိုင်မကျင့်တော့ပေ။ သို့သော်လည်း ကျိုးမိသားစုအတွင်း ဆက်ခံသူနေရာအတွက်ကြောင့်တော့ သူတို့ဆက်ဆံရေးသည်လဲ ပိုမကောင်းလာခဲ့ပြန်။

အစမှာတော့ ကျိုးကွမ်းယွေ့သည် မိသားစုစီးပွားရေးကိုသိမ်းယူဖို့ စိတ်မဝင်စားခဲ့သော်လည်း ကျိုးကွမ်းမင်ကတော့ သူ့အတွေးကိုမယုံကြည်ခဲ့ပေ။ ဒါကြောင့်ပဲ ကျိုးကွမ်းယွေ့က မယုံမယ့်အတူတူ ပြန်လည်တိုက်ခိုက်ခဲ့ကာ နှစ်ယောက်သား ဖခင်၏ထောက်ခံမှုကိုရရှိစေရန် ကုမ္ပဏီတွင် ကြိုးစားလုပ်ဆောင်ကြတော့သည်။

ကျိုးညီအစ်ကိုနှစ်ယောက်လုံးသည် ထက်မြတ်ကြတာကြောင့် သူတို့ဖခင်မှာပဲ ချက်ချင်းကြီးအမွေဆက်ခံသူကိုရွေးချယ်လိုက်ဖို့ စိတ်ကူးမရှိခဲ့ပေ။

ကျိုးဖေဖေသည် ညီအစ်ကိုတွေကို အသက်အရ ဆက်ခံသူအဖြစ်ရွေးချယ်မည်မဟုတ်ဘဲ သူတို့လုပ်ရည်ကိုင်ရည်ကိုသာ ကြည့်သွားမည်ဖြစ်သည်။

“မင်း ထန်မိသားစုကမင်္ဂလာပွဲကိုသွားတက်မလို့လား?” ကျိုးကွမ်းမင်က သိထားပြီးသားအဖြေကိုပင် မ‌ေးလိုက်သည်။ ကျိုးကွမ်းယွေ့က သူ့ကိုကူညီပေးလာဖို့ မျှော်လင့်နေခြင်းလဲဖြစ်သည်။

သူတို့ချင်းအဆင်မပြေဘူးဆိုလျှင်တောင်မှ မိသားစုဆက်ဆံရေးကရှိနေကြတုန်းပင်။ သူဘယ်လောက်ပဲ ကျိုးကွမ်းယွေ့ကိုမုန်းပါစေ လိုအပ်လာလျှင်တော့ အသုံးချမည့်သူဖြစ်သည်။

“ဟုတ်တယ်လေ။”

“ငါရော မင်းနဲ့လိုက်ခဲ့လို့ရလား?” ကျိုးကွမ်းမင်၏အသံက မူမမှန်စွာယဉ်ကျေးလို့နေသည်။

ကျိုးကွမ်းယွေ့သည်တော့ မျက်မှောင်ကိုသာကြုတ်မိသွားသည်။ ကျိုးကွမ်းမင်၏ရည်ရွယ်ချက်ကို သူသေချာနားလည်ကာ ထိုသို့အကြံကြီးပုံကိုလဲ စက်ဆုပ်မိပေမည့် အမူအရာတော့မပြခဲ့ပေ။ “ဘာလို့လိုက်ချင်တာလဲ?”

“ငါလုပ်စရာလေးနည်းနည်းရှိလို့ပေါ့။”

တကယ်တော့ ထိုသို့သောပွဲအခမ်းအနားများမှတစ်ဆင့် အထူးပုဂ္ဂိုလ်များစွာနှင့် ဆက်သွယ်ခွင့်ရမည့်အခွင့်အရေးကို နှစ်ယောက်လုံးလိုချင်ကြတာကြောင့် တစ်ဖက်အတွေးကိုတစ်ဖက်သေချာသိကြသည်။

***

အခန်း ၉၇၀ မင်းအဆင်ပြေရင်တော်ပြီ

“စိတ်မကောင်းပေမယ့် မင်းလိုက်လို့မရလောက်ဘူး။” ကျိုးကွမ်းယွေ့အနေနှင့် သူ့ပြိုက်ဖက်ကို ကူညီပေးလိုစိတ်မရှိပေ။

ဟိုးအစပိုင်းတုန်းကဆိုလျှင်တော့ သူတို့ငယ်ဘဝမှစိတ်မချမ်းမြေ့ဖွယ်ကိစ္စရပ်များကို သူမေ့ဖျောက်ပစ်ကာ ကျိုးကွမ်းမင်နှင့်ပြန်လည်သင့်မြတ်လို့စိတ်ရှိခဲ့သည်။ သို့သော်လည်း ကျိုးကွမ်းမင်ကတော့ သူ့ဘက်က မိသားစုစီးပွားရေးကိုယူဖို့စိတ်မဝင်စားပါဟု အတိအလင်းပြောထားပြီးတာတောင်မှ သူ့အပေါ် အပြစ်ရှာနေစဲပင်။

ဒါကြောင့် သူလဲ ပြန်လည်တိုက်ခိုက်ခဲ့ကာ အခုဆို ဆက်ခံသူပြိုင်ပွဲမှာ အနိုင်ရရှိဖို့စိတ်ဆုံးဖြတ်ထားပြီးပေပြီ။

ကျိုးကွမ်းမင်နှင့်ပြိုင်ဆိုင်နေသည်ဆိုသော်လည်း ညီအစ်ကိုဖြစ်နေကြသေးတာကြောင့် နောက်ကွယ်ကနေပြီး ချောက်ချဖို့တော့စိတ်ကူးမရှိပေ။ သို့သော်လည်း ကျိုးကွမ်းမင်သာ သူ့ကိုတစ်ခုခုလုပ်ကြံလာပါက သူစိုက်တာ သူပြန်ရိတ်သိမ်းစေရမည်။

“မင်း…” ကျိုးကွမ်းမင်သည် ကျိုးကွမ်းယွေ့၏အဖြေစကားကို မအံ့ဩမိသော်လည်း မကျေမနပ်ဖြစ်နေရတုန်းပင်။

ထိုအချိန်တွင်ပဲ သူတို့အဖေက အောက်ထပ်သို့ဆင်းလာခဲ့သည်။ ကျိုးကွမ်းယွေ့နှင့်ကျိုးကွမ်းမင်တို့ ခြံထဲမှာရှိနေသည်ကိုမြင်သည်နှင့် သူသည်လဲ ခြံထဲဆင်းလာခဲ့သည်။

သူ့အဖေလာနေသည်ကို ကျိုးကွမ်းယွေ့မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အနားသို့ပြေးသွားလိုက်သည်။ “အဖေ၊ ကျွန်တော့်ကို အခုပဲ ထန်မိသားစုရဲ့မင်္ဂလာပွဲ တက်ဖို့ဖိတ်ထားတယ်! ကျွန်တော်ဘယ်လိုလက်ဆောင်မျိုးပြင်ဆင်သွားသင့်လဲ?”

“ဘာ? ထန်မိသားစုကမင်္ဂလာပွဲကို မင်းအဖိတ်ခံရတယ်လား?” ကျိုးဖေဖေသည်လဲ အံ့ဩသွားခဲ့သည်။ “တကယ်ပဲလား?”

“တကယ်ပါ။ ကုနင်းက ကျွန်တော့်မိတ်ဆွေလို့ အဖေ့ကိုပြောဖူးတယ်မလား? ကျွန်တော်တို့သိပ်မရင်းနှီးပေမယ့် ကုနင်းက ဖန်းကျီရွေ့ရဲ့ဘော့စ်လေ၊ ဒီတော့ ကျွန်တော်လဲ သူနဲ့တွေ့ဖို့အခွင့်အရေးရသွားခဲ့တာ။” ကျိုးကွမ်းယွေ့ပြောနေတုန်းမှာပဲ သူ့အဖေက ဖြတ်ပြောလာခဲ့သည်။ “ထန်မိသားစုနဲ့ အဲ့ကိစ္စကဘာများသက်ဆိုင်နေလို့လဲ။”

“သေချာပေါက်ဆိုင်တာပေါ့! ကုနင်းက ထန်ယွင်ဖန်းရဲ့ သမီးအရင်းတဲ့လေ၊ ဒီနေ့ထန်ယွင်ဖန်းက ကုနင်းရဲ့အမေရင်းကိုလက်ထပ်မှာ!”

ကျိုးဖေဖေမှာထပ်ပြီးအံ့အားသင့်သွားရပြန်ပြီ။ သို့သော်လည်း သိပ်မကြာလိုက်ပါပဲ ကျေနပ်မှုအပြည့်ဖြင့်အော်ရယ်လိုက်သည်။ “ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ငါ့သား အရမ်းတော်တယ်!”

ကျိုးဖေဖေသည် ကျိုးကွမ်းယွေ့က ဒီလိုအာဏာရှိသည့်မိသားစုတစ်ခုနှင့် အဆက်အသွယ်လုပ်နိုင်ခဲ့၍ အလွန်ဝမ်းသာနေတော့သည်။ ထိုသို့သိကျွမ်းမှုကနေ အကျိုးအမြတ်အများကြီးမရနိုင်သော်လည်း သူတို့ကိုထိခိုက်မည်တော့မဟုတ်ပေ။

“ကျွန်တော်ဘာလက်ဆောင်ပြင်သွားသင့်လဲ?” ကျိုးကွမ်းယွေ့ ထပ်မေးလိုက်ပြန်သည်။

“ဟုတ်သားပဲ၊ အဖေစဉ်းစားလိုက်ဦးမယ်။”

ကျိုးကွမ်းမင်မှာ သူတို့အဖေက ကျိုးကွမ်းယွေ့အတွက် အလွန်ဂုဏ်ယူပြနေတာကိုမြင်ကာ ကျိုးကွမ်းယွေ့ကို ပိုလို့တောင်မုန်းတီးလာတော့သည်။ သူတို့ငယ်စဉ်ကတည်းက သူတို့အဖေက သူ့ထက်ကျိုးကွမ်းယွေ့ကိုပိုချစ်ကြောင်း သိထားပြီးသားပင်။

အခုလို ကျိုးကွမ်းယွေ့က ထန်မိသားစုမှမင်္ဂလာပွဲကိုပါ အဖိတ်ခံလိုက်ရပြီဆိုမှတော့ သူ့အဖေက ကျိုးကွမ်းယွေ့ကိုပိုလို့တောင် အလေးပေးလာပေတော့မည်။

သူ့အသက်၃နှစ်သာရှိသေးချိန်တွင် သူ့အမေက သူတို့ကိုစွန့်ပစ်ခဲ့ကာ သူသည်လဲ အဖိုးအဖွားများနှင့်နေရင် အပို့ခံလိုက်ရသည်။ ပိတ်ရက်ရောက်မှသာ သူ့အဖေနှင့်အတူနေဖို့ရန် Bမြို့သို့လာခဲ့ရပေသည်။

သူ့အဖေမှာ သူ့ကိုဂရုစိုက်နေဖို့အချိန်သိပ်မရှိခဲ့သလို သိပ်မကြာခင်မှာပဲ ကျိုးကွမ်းယွေ့၏မိခင်နှင့်လက်ထပ်ခဲ့သည်။

ဒါ့အပြင် ကျိုးဖေဖေက သူ့ကို မိသားစုစီးပွားရေးအဆင်ပြေကာ ကလေးထိန်းတစ်ယောက်ငှားနိုင်သည့်အချိန်မှသာ အိမ်ပြန်ခေါ်ခဲ့ကာ ထိုအချိန်တွင် သူကအသက်၇နှစ်ရှိပြီဖြစ်ပြီး ကျိုးကွမ်းယွေ့ကတော့ အသက်၃နှစ်ရှိသွားပေပြီ။

သူ့အဖေက သူ့ကိုကောင်းကောင်းဆက်ဆံပေးခဲ့တယ်ဆိုရင်တောင်မှ သူတို့ကြားမှဆက်ဆံရေးမှာဝေးကွာနေတုန်းပင်။ သို့သော်လည်း သူ့အဖေသည် ကျိုးကွမ်းယွေ့နှင့်ဆိုလျှင်တော့ အလွန်ရင်းနှီးသည်။ ကျိုးကွမ်းယွေ့၏မိခင်သည် ကြင်နာတတ်သည့်အမျိုးသမီးတစ်ဦးဖြစ်ကာ ကလေးနှစ်ယောက်အပေါ် အမျှတဆုံးဆက်ဆံပေးခဲ့ပေမည့် နောက်ဆုံးမှာတော့ ကျိုးကွမ်းမင်က သူမသားအရင်းဟုတ်မနေတုန်းပင်။

“အဖေ၊ ဒီပွဲက ကျွန်တော်တို့မိသားစုကို အထောက်အကူဖြစ်စေမယ့်လူကြီးလူကောင်းတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ အခွင့်အရေးကောင်းပဲ။ ကျွန်တော်လဲ ကွမ်းယွေ့နဲ့အတူသွားနိုင်ရင် ပိုကောင်းမယ်လို့ထင်တယ်။” ကျိုးကွမ်းမင်က သူ့အဖေ သူ့ဘက်ကရပ်တည်ပေးလာအောင် ကြိုးစားပြောကြည့်လိုက်သည်။

ကျိုးဖေဖေသည်လဲ ကျိုးကွမ်းမင်ပြောသည်က ကျိုးကြောင်းသင့်သည်ဟု ခံစားမိပေမည့် သူ့ဘာသာတော့ မဆုံးဖြတ်ပေးဘဲ ကျိုးကွမ်းယွေ့ကိုသာ မေးလိုက်သည်။ “ကွမ်းယွေ့၊ ဘယ်လိုထင်လဲ?”

ကျိုးကွမ်းယွေ့သည်တော့ စိတ်ပူပန်သွားသလိုဟန်ဆောင်လိုက်သည်။ “အဖေ၊ ကျွန်တော်လဲခေါ်သွားချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်အဖိတ်ခံရတယ်ဆိုတာက ကျီရွေ့နဲ့မိန်းကလေးကုတို့ရဲ့ သိကျွမ်းမှုကြောင့်လေ၊ ကျွန်တော်က မိန်းကလေးကုရဲ့သူငယ်ချင်းဖြစ်နေလို့မဟုတ်ဘူး။ ကျွန်တော်သာ ကျွန်တော့်အစ်ကိုကိုပါ ခေါ်သွားမယ်ဆိုရင် မိန်းကလေးကု သဘောမကျဖြစ်သွားရင်ကော။ မိန်းကလေးကုကိုစိတ်အနှောင့်အယှက်ပေးတာ ကောင်းမယ်လို့မထင်ဘူးနော်။”

ကျိုးကွမ်းယွေ့၏စကားကို ကျိုးဖေဖေကလဲ လက်ခံပေသည်။ “သားပြောတာမှန်တယ်။ ကွမ်းမင်၊ မင်းအိမ်မှာပဲနေခဲ့တာပိုကောင်းမယ်။”

“ဟုတ်ကဲ့ပါ။” ကျိုးကွမ်းမင် ခေါင်းညိတ်ပြလိုက်သော်လည်း ဒေါသထွက်သွားနေပေသည်။ အဖေဖြစ်သူရှေ့မှာတောင် ကျိုးကွမ်းယွေ့က သူ့စကားကိုငြင်းရဲတာကြောင့်လဲ အံ့ဩနေမိသည်။

သူကတော့ ဖြစ်သမျှအကုန်လုံး ကျိုးကွမ်းယွေ့ကိုသာ အပြစ်တင်မိတော့သည်။

သို့သော်လည်း သူ့အဖေစိတ်ဆိုးသွားမည်စိုးတာကြောင့် သူ့စိတ်အခြေအနေကိုထုတ်မပြရဲခဲ့ပေ။

……..

ကုနင်းတို့အဖွဲ့သည် နေ့လည်ခင်း အချိန်ဖြုန်းဖို့ရန်အတွက် တောင်ဗီလာဆီသို့လာခဲ့ကြသည်။

“မနေ့ညက မင်းရုတ်တရက်ကြီးထွက်သွားတဲ့အကြောင်း ကိုယ့်ကိုအသေးစိတ်ပြောပြမယ်လို့ ပြောထားတယ်မဟုတ်လား?” လင်ရှောင်းထင်က နှစ်ယောက်တည်းအချိန်ရသည်နှင့် ကုနင်းကိုမေးလိုက်သည်။

ကုနင်းလဲ ညတုန်းက လင်ရှောင်းထင်ကို အားလုံးပြောပြပါမည်ဟု ကတိပေးခဲ့မိသည်အား ပြန်အမှတ်ရသွားခဲ့သည်။

“ဟုတ်သားပဲ၊ မနေ့က ရှင့်ကိုကြိုဖို့လေဆိပ်ကိုလာတော့ နတ်ဆိုးကျင့်ကြံရေးကလူတစ်ယောက်နဲ့တွေ့လိုက်တာ။ အဲ့လူရောက်တာ ကောင်းတဲ့ကိစ္စကြောင့်နဲ့တော့မဟုတ်လောက်ဘူးလို့ တွေးမိလို့ သူ့နောက်ကလိုက်သွားရင်း မြို့စွန်နားက စွန့်ပစ်ဗီလာဆီရောက်သွားတယ်။ အဲ့ဒီမှာ ၁၄နှစ်အရွယ်ကောင်မလေးတစ်ယောက်ကို ထိုင်ခုံနဲ့တွဲချည်ထားတာကို တွေ့ခဲ့တယ်။ ကြည့်ရတာ သူ့ကျင့်စဉ်အတွက် ကောင်မလေးရဲ့သွေးကိုစုပ်မလို့ထင်တယ်။ ဒါနဲ့ ကျွန်မလဲ သူနဲ့တိုက်ခိုက်ခဲ့တယ်။”

ထိုစကားနားရောက်သည်နှင့် လင်ရှောင်းထင် ချက်ချင်းစိုးရိမ်မိသွားတော့သည်။ “မင်းအဆင်ပြေရဲ့လား?”

“ဒါပေါ့၊ ပြေတာပေါ့။”

ကုနင်းကိုယ်တိုင်အဆင်ပြေသည်ဟု ပြောလာသည်နှင့် လင်ရှောင်းထင်လဲ သူမစကားကို ယုံကြည်ကာ စိတ်သက်သာရာရသွားသည်။

***

All Chapters