← Chapters

အပိုင်း (၄၆၄)

Vol. 32 Ch. 464

အပိုင်း (၄၆၄)

Vol. 32 Ch. 464

"ထာဝရမြို့ ဟုတ်လား"

ဘေးတစ်ဖက်တွင် ရှိနေသော ယန်ရှိုသည် တိတ်ဆိတ်နေသော်လည်း နှလုံးသားတစ်ခုလုံး တဒုန်းဒုန်းနှင့် တုန်ခါလျက် ရှိနေ၏။ ထာဝရမြို့ဆိုသည့် စကားကို ကြားရသည့် အခါမှာတော့ သူသည် တုန်လှုပ်သွားမိ၏။ ဤစကားလုံးများနှင့် ပတ်သက်၍ သူ အလွန်ပဲ ရင်းနှီး၏။

"အစတုန်းက ဘိုးဘေးက အင်အားစု တော်တော်များများနဲ့ ပြဿနာတတ်ခဲ့တယ်။ ကျုပ်သာ အထင်မမှားဘူး ဆိုရင် အဲအထဲမှာ ထာဝရမြို့လည်း ပါတာပဲ။"

ယန်ရှို၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ပြဿနာတက်လေပြီ။

"ထာဝရမြို့က လူတစ်ယောက်လား"

ယန်ရှိုက တီးတိုးရေရွတ်လိုက်၏။ သူ၏ စိတ်ထဲတွင် ဘာဆက်လုပ်ရမလဲ ဆိုသည်ကို တွေးတောနေမိသည်။

"စီနီယာ နန်းဆောင်သခင်ရဲ့ အကြည့်အောက်ကနေ ဘာတစ်ခုမှ မလွတ်မြောက်နိုင်ပါဘူး" ချီလင်းက ပြောဆိုလိုက်၏။

သူ၏ အခြေအနေကို သူသည် တခြားသောသူများထက် နားလည်လိုက်မိ၏။ လက်ရှိအချိန်မှာတော့ သာမန်စည်းခတ်ခြင်း နည်းစနစ်များသည် သူ့အတွက် အသုံးမဝင်တော့ချေ။ သူ၏ သက်တမ်း သည် တဖြည်းဖြည်းချင်း ကုန်လွန်လာခဲ့၏။ တခြားသော နည်းလမ်းများ မရှိသောကြောင့် သူ၏ သက်တမ်းမှာ သုံးနှစ်သာ ကျန်ရှိတော့ကြောင်း သူ ကောင်းကောင်း သိရှိ၏။

"အခု ခင်ဗျားရှေ့မှာ လမ်းသုံးလမ်းရှိတယ်"

လီယွင်သည် လက်သုံးချောင်းကို ထောင်ပြကာဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ပထမတစ်ခုက ခင်ဗျားရဲ့ လက်ရှိအဆင့်ကို ချိုးဖျက်ဖို့ပဲ။ ဒုတိယတစ်ခုက ပြန်လည်ဝင်စားခြင်း… ပြီးတော့ အသစ်ပြန်စရမှာပေါ့။ တတိယတစ်ခုကတော့ ခင်ဗျားရဲ့ သက်တမ်းကို တိုးမြင့်စေတဲ့ နည်းလမ်းတစ်ခုခုကို ရှာဖွေဖို့"

"ဒါက" ချီလင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူသည် တွန့်ဆုတ်လျက် ရှိနေ၏။

ဤသုံးခုကို သူလည်း သိရှိပြီး ဖြစ်၏။ လက်ရှိအဆင့်ဆီမှ ချိုးဖျက်ရန် ဆိုသည်မှာ အလွန်ပဲ ခက်ခဲလွန်းလှ၏။ အစစ်အမှန် အင်မော်တယ်အဆင့်သို့ နီးကပ်နေသော်လည်း ထပ်မံ အဆင့်တက်ရန်အတွက်တော့ နည်းနည်းလေးမှ မနီးစပ်သေးချေ။ ထာဝရမြို့၏ အရင်းအမြစ်များသည် ကုန်ခမ်းနေပြီ ဖြစ်၏။ ထပ်မံ၍ အခွင့်အရေးများကို ဝယ်ယူရန် မလုံလောက်တော့ချေ။ အင်မော်တယ်ဖြစ်ရန်အတွက် ကုန်ကျမည့် ပမာဏသည် တကယ့်ကို ကြီးမားလွန်းလှ၏။ အန္တိမကျင့်ကြံသူအဆင့်သို့ ရောက်ရှိဖို့ဆိုလျှင် ပိုမိုကာ ဆိုးရွားပေလိမ့်မည်။ ဒုတိယရွေးချယ်ခွင့်ကိုတော့ သူ မရွေးချယ်ချင်ပေ။

ပြန်လည်မွေးဖွားခြင်း ဆိုသည်မှာ တကယ့်ကို စွန့်စားရသည့် အကြောင်းအရာဖြစ်၏။ အတိတ်မှ မှတ်ဉာဏ်များ ပြန်လည်မနိုးထသည့် အခြေအနေမျိုးသို့လည်း ရောက်ရှိသွားနိုင်၏။ ထိုကဲ့သို့ အခြေအနေမျိုးကို ကြုံရပါက ပြန်လည်မွေးဖွားခြင်း သံသရာထဲတွင် လည်ပတ်ရင်း ထွက်ခွာရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ချေ။

တတိယ ရွေးချယ်ခွင့်ကိုတော့ သူတကယ်ကြိုက်၏။ သို့ပေမဲ့ သူအသုံးပြု၍ ရနိုင်သည့် နည်းစနစ်များ အားလုံးသည် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။ လက်ရှိသက်တမ်းကို ဆွဲဆန့်ခြင်း၊ ဆေးလုံးများကို အသုံးပြုခြင်းသည် သူ့အတွက် အသုံးမဝင်တော့ချေ။ သူ၏ သက်တမ်းကို အစစ်အမှန်ကာလတစ်ခုအထိ ဆွဲဆန့်ထားနိုင်ဖို့ ဆိုသည်မှာ ပြန်လည်မွေးဖွားခြင်းကဲ့သို့ပင် စိန်ခေါ်မှုများပြားလှ၏။

"စီနီယာ … ကျုပ်ရဲ့ လက်ရှိအခြေအနေက ဘယ်လမ်းကိုသွားဖို့ အသင့်တော်ဆုံးလို့ ထင်ပါသလဲ" ချီလင်းက အသာ မေးမြန်းလိုက်၏။ ပြောနေတုန်းမှာပဲ သူသည် လီယွင်ရှေ့သို့ စိတ်ဝိညာဉ်ဆေးပင်ကို အသာချလိုက်၏။ သူသည် မလာခင်ကတည်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ နိယာမများကို ကောင်းကောင်းလေ့လာခဲ့ပြီး ဖြစ်သောကြောင့် ဘာလုပ်ရမည်ကို ကောင်းကောင်း သိရှိလို့နေသည်။

"ပုံမှန်အားဖြင့် အဆင့်ချိုးဖျက်တာမျိုးပေါ့။ "

လီယွင်က ပြုံးကာ ပြောလိုက်၏။ ဤနည်းလမ်းသည် ပိုမိုကာ စိတ်အချရဆုံးဖြစ်၏။ အားအင်အဆင့် တိုးတက်သွားရုံသာမက သက်တမ်းကိုလည်း တိုးမြင့်လာနိုင်ပြီး သင့်တော်လှသည့် ဖြေရှင်းနည်းတစ်ခုပင်။

"ဒါပေမဲ့ ကျုပ်လက်ထဲမှာ "

ချီလင်းသည် ခက်ခဲသည့် အမူအရာများကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ သူ့၌ အရင်းအမြစ်များ လိုအပ်လျက် ရှိနေ၏။ ထာဝရမြို့သည် လောကကြီးဆီမှ ခွဲထွက်လာခဲ့ပြီးသည့်နောက် သူ့ကဲ့သို့ အစစ်အမှန်အင်မော်တယ်များ အဆင့်တက်နိုင်ရန်အတွက် ထောက်ပံ့ပေးနိုင်စွမ်း မရှိတော့ချေ။ ပြောရမည်ဆိုလျှင် အရင်းအမြစ်များ အားလုံးသည် မြို့သူမြို့သားများ အသုံးပြုရင်းဖြင့် ကုန်ခမ်းနေပြီ ဖြစ်၏။ ၎င်း၏ သက်တမ်းကို တစ်ကြိမ် ဆွဲဆန့်ခဲ့ရတုန်းကလည်း အရင်းအမြစ် တော်တော်များများ အသုံးပြုခဲ့ရသေးသည်။

"ကျုပ် ရဲရဲဝင့်ဝင့် မေးချင်ပါတယ် စီနီယာ။ ဂျူနီယာအနေနဲ့ အဆင့်ချိုးဖျက်ဖို့ အရင်ဆုံး လုပ်ပေးနိုင်မလား။ ပြီးရင် ဂျူနီယာပေးသင့်တဲ့ အရာကို ပြန်ပေးပါ့မယ်။ "

ချီလင်းသည် မျှော်လင့်တကြီးဖြင့် လှမ်းကာ ပြောလိုက်၏။ သူ့အနေဖြင့် အဆင့်ချိုးဖျက်နိုင်ပါက အရာအားလုံးကို ပြန်လည်ကာ ရှာဖွေနိုင်စွမ်း ရှိနေ၏။ နှစ်ဆမဆိုနှင့် ဆယ်ဆပေးရမည် ဆိုလျှင်တောင်မှ သူ တတ်နိုင်၏။

"ခင်ဗျား ဒီအချက်ကို တကယ်ပဲ အာမခံပေးနိုင်လို့လား"

လီယွင်က စနောက်လိုက်မိ၏။ သူသည် တဖက်လူ၏ အတွေးများကို တကယ်ပဲ မြင်နိုင်၏။ နှစ်ဆပြန်ပေးရန် ပြောနေသည်လား။

"ကျုပ် ကျိန်းသေပေါက် မလိမ်ညာရဲပါဘူး။ ကျုပ်လက်ထဲမှာ လောလောဆယ် တန်ဖိုးရှိတဲ့ အရာတွေ မရှိပါဘူး " ချီလင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"အင်း ခင်ဗျားအတွက် အသင့်တော်ဆုံး နည်းလမ်းတစ်ခုပဲလေ။ ဒါပေမဲ့ တစ်ခုတည်းမကဘူး။ ခင်ဗျားကိုကျုပ် လမ်းလေးခု ပြောပြနိုင်တယ်" လီယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိ၏။

"လမ်းလေးခု ဟုတ်လား"

ချီလင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အနေဖြင့် တကယ်ပဲ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ထားကြောင်း သိရသည့်အချိန်မှာတော့ သူ ကျေနပ်နေမိ၏။ နန်းဆောင်သခင်သည် သူ့အား ဤကဲ့သို့ ပြောဆိုသည်ဆိုမှတော့ လိမ်ညာလိမ့်မည်မဟုတ်ချေ။ အနိယာကျင့်ကြံခြင်းဆီသို့ ရောက်ရှိဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ပါက သူသည် အဆင့်ချိုးဖျက်ပြီးသည့်နောက် အရင်းအမြစ်များ ကို ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

"စီနီယာ လေးခုမြောက်လမ်းစဉ်က ဘာလဲ" ချီလင်းသည် အားတက်တရော မေးမြန်းလိုက်မိ၏။

လီယွင်သည် ပြုံးပြီး အသာငြိမ်သက်လျက် ရှိနေ၏။ ပြီးနောက် လက်ကို အသာဆန့်ကာဖြင့် ကောင်းကင်ယံဆီသို့ ညွှန်လိုက်၏။

“ဟမ် …။”

ချီလင်းက မျက်မှောင်ကုတ်လိုက်၏။ ကောင်းကင်ယံတွင် ရှိနေသည် အခြေအနေကို လှမ်းကာကြည့်ရှုလိုက်သည်။

သုမှတ်မိသည်မှာ ကောင်းကင်မူလလောကကြီး၏ အထက်တွင် လက်ရှိအချိန်၌ များပြားလှသည့် အက်ကွဲကြောင်းများပေါ်ပေါက်လျက် ရှိနေပြီး တစ်ချို့အင်ပါယာများသည် ရောက်ရှိလာမည်ဟု မျှော်မှန်းလိုက်မိ၏။ မြေအင်မော်တယ်လောကမှ လူများ ကောင်းကင်မူလလောကကြီးအပေါ်တွင် လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နှက် သူက အာရုံခံမိသားဖြစ်၏။

သို့ပေမဲ့ ကောင်းကင်မူလောကကြီးဆိုသည်မှာ သူ၏ မွေးရပ်မြေ မဟုတ်ချေ။ သူသည် အပြင်လူတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်မူလလောကကြီး၏ ကိစ္စသည် သူနှင့်မပတ်သက်ဟု ခံစားနေမိ၏။ ဘာတွေဖြစ်နေသည်ဆိုဆို သူ စိတ်ပူလိမ့်မည် မဟုတ်ချေ။ မြေအင်မော်တယ် လောကကြီးသည် ကောင်းကင်မူလလောကကြီးကို အုပ်စိုးသွားမည် ဆိုလျှင်တောင်မှ ဘာဖြစ်သနည်း။ အစစ်အမှန် အင်မော်တယ် ထိပ်ဆုံး ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် သူ၏ ကိုယ်ပိုင်နေရာတွင်သာ တည်ရှိနေမည်ဖြစ်၏။ ထို့ကြောင့် သူသည် ငြိမ်ငြိမ်သက်သက် နေထိုင်ရန်သာ ရည်ရွယ်ခဲ့ပြီး တစ်ချက်ကလေးမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။

"စီနီယာ ဆိုလိုတာက မြေအင်မော်တယ်လောကကို ခုခံရာမှာ ကူညီစေချင်တာလား။ "

ချီလင်းသည် သံသယအပြည့်နှင့် မေးခွန်းထုတ်လိုက်မိ၏။ ဤအရာသည် မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ချေ။ အင်ပါယာပိုင်လီပင်လျှင် ခရမ်းရောင်နက်နဲလောကကြီးကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်သောကြောင့် အစစ်အမှန် အင်မော်တယ်ဖြစ်သော သူသည်သာ အပြင်ဖက်သို့ထွက်လာပါက ကျိန်းသေပေါက် အာရုံစိုက်မှုနည်းစွာဖြင့် အရာအားလုံးကို ပြုလုပ်နိုင်ပေလိမ့်မည်။

သို့ပေမဲ့ အဓိကသော့ချက်အနေဖြင့် သု၏ သက်တမ်းသည် ကုန်ခမ်းနေပြီ ဖြစ်၏။ သူသည် တိုက်ပွဲတစ်ခုကို တိုက်ခိုက်နိုင်သည့် အခြေအနေမျိုး မရှိချေ။ သူသည်သာ ဝင်ရောက် တိုက်ခိုက်ပါက တစ်ဖက်လူများ ဘာမှမလုပ်ရခင်တွင် အသက်ဓာတ်များလျော့ပါးကာ သေဆုံးမှာ သေချာ၏။

မူလအားမြင့် ကောင်းကင်မူလလောကကြီးကို ကယ်တင်ခြင်းပင်။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် ဆင်တူလှသည်။

ဘေးတစ်ဖက်တွင်တော့ ယန်ရှိုသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ စီနီယာများပြောသည်ကိုသည် သေချာနားထောင်နေမိ၏။ ချီလင်းသည် သတင်းအချက်အလက်များနှင့် ပတ်သက်၍ စုံစမ်းလျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် သူ့ကို စိတ်ထဲတွင်မထားသလို ဂရုမစိုက်ခဲ့ချေ။ ထို့ကဲ့သို့ ပြုလုပ်ခြင်းဖြင့်လည်း သူသည် အနည်းငယ် နေသာထိုင်သာ ရှိသည်ဟု ခံစားနေမိ၏။ ထို့အပြင် ချီလင်းဆီမှ တောင်းဆိုမှုများကို ကြားနေရချိန်မှာတော့ သူ၏ နှလုံးသားတစ်ခုလုံး တုန်ယင်နေမိ၏။

စီနီယာနန်းဆောင်သခင်သည် ကိုယ်တိုင်ပါဝင်ရန် ရည်ရွယ်ချက်မရှိဘဲ ကောင်းကင်မူလလောကကြီးကို ကူညီရန် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူကို စေလွှတ်တော့မည်လား။ သူတွေးလျက် ရှိနေတုန်းမှာပဲ စီနီယာနန်းဆောင်သခင်သည် အကြင်နာတရားဖြင့် ငြိမ်ငြိမ်သက်သက် ထိုင်နေလိမ့်မည် မဟုတ်ဟု သူကသိရှိပြီး ဖြစ်သည်။

ကောင်းကင်မူလလောကထဲတွင်ရှိသော အသေင်္ချများပြားလှသည့် မျိုးနွယ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အန္တရာယ်ထဲသို့ သက်ဆင်းနေသည့် အချိန်တွင် စီနီယာသည် မျက်နှာလွဲခဲပစ်ပြုလုပ်လိမ့်မည် မဟုတ်ချေ။ လက်ရှိ ထာဝရမြို့၏ မြို့တော်ဝန်သည် ကျင့်ကြံခြင်းအဆင့် မည်မျှရှိကြောင်း သူ သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ သူတို့ဘိုးဘေးကြီးထက် ပိုမိုကာ အားကောင်းမှာတော့ သေချာ၏။ ထို့ပြင် ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူကပင်လျှင် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် မြို့တော်ဝန်သည် အစစ်အမှန်အင်မော်တယ် တစ်ယောက်ဟု သုံးသပ်ရမှာဖြစ်၏။

"အင်း အဲလိုလည်း မဟုတ်သေးဘူး" လီယွင်သည် ဤစကားစုကို ပြောပြီးသည့်နောက် ခေါင်းကို ဖြေးညင်းစွာ ခါယမ်းလိုက်သည်။

All Chapters