အပိုင်း (၄၆၅)
Vol. 32 Ch. 465
“မဟုတ်သေးဘူး ဟုတ်လား။”
ချီလင်း၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သေတွင်းထဲသို့ ခုန်ချရမည့် အကြောင်းအရာ မဟုတ်ဘူးဆိုပါက အရာအားလုံး အဆင်ပြေနိုင်သေး၏။
“ကျုပ်မေးချင်ပါတယ် စီနီယာ …. လေးခုမြောက်လမ်းစဉ်က ဘာပါလဲ။”
“ကောင်းကင်တာအို “ လီယွင်၏နူတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကဖြစ်တည်လာခဲ့သည်။
“ကောင်းကင်တာအိုဟုတ်လား”
ချီလင်းကကြောင်အသွား၏။ ဤအခြေနေတွင် သူ့အနေနှင့် ကောင်းကင် တာအို တည်ရှိမှုကို ကောင်းကောင်း နားလည်ပြီးသား ဖြစ်၏။ သို့ပေမဲ့ ကောင်းကင်တာအိုရဲ့နိယာမများကို နားလည်ဖို့ ဆိုသည်မှာ တကယ့်ကို ခက်ခဲလွန်းလှချေ၏။ ကောင်းကင်တာအို၏ နိယာမများကို သူ့အနေနှင့် တကယ်ပင်ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ချေ။
“ဟုတ်တယ်”
လီယွင်သည် ခေါင်းကိုညိတ်လိုက်၏။ ပြီးနောက်မတ်တပ်ထရပ်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ၏ အ၀င်ဝသို့ လှမ်းလျှောက်သွားနောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထက်တွက် ထက်ရှသည့်အရိပ်အယောင်များ ပေါ်လာခဲ့၏။ သူက ယုံကြည်ချက်ရှိရှိနှင့် ပြောဆိုလိုက်သည်။ “ကောင်းကင်တာအိုနဲ့ပေါင်းစပ်ခြင်း ဆိုတဲ့စကားလုံးကို ခင်ဗျားကြားဖူးလား။”
“ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ခြင်း”
ဤအရာသည် လီယွင်တစ်ယောက် အတိတ်၏ မှတ်ဉာဏ်များဆီမှအခြေခံကာ တွေးတောထားခဲ့သည့် နည်းလမ်း တစ်ခု ဖြစ်၏။ ရှေးကတည်းက …. ဥပမာအားဖြင့် တာအိုဘိုးဘေး ဟောင်ကျွင်းသည် ကောင်းကင်တာအိုနှင့်ပေါင်းစပ်ပြီးနောက် သက်ရှိသတ္တဝါ အားလုံးထဲတွင် အားအကောင်းဆုံး လူတစ်ယောက်အဖြစ် ဖြစ်လာခဲ့၏။
စိတ်ခံစားချက်အားလုံးတို့ကို စွန့်လွှတ်ခဲ့ရပြီးသည့်နောက် ဟောင်ကျွင်းသည် ၄င်း၏ လောကထဲတွင် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်မှာ သံသယ ရှိစရာမလိုချေ။ ယခု ကောင်းကင်မူလလောကကြီးသည် ရှေးလောကကြီးနှင့် တူညီသော အရာမျိုး မဟုတ်ပေ။ ထို့အတူ ချီလင်းသည်လည်း ဟောင်ကျွင်းမဟုတ်ပေ။
သို့ပေမဲ့ ကောင်းကင်မူလလောကကြီးသည် လက်ရှိအခြေအနေ၌ တကယ့်ကို အရေးကြောင်းအခြေအနေမျိုးသို့ ရောက်ရှိနေပြီး တခြားသော လောကအသီးသီးဆီမှ ကောင်းကင်တာအို နိယာမများနှင့် ပေါင်းစပ်လျက် ရှိနေသည်။
ချီလင်းသည်သာ ထိုအရာကို အခွင့်ကောင်းယူပြီး ကောင်းကင်မူလလောကကြီး၏ ကောင်းကင်တာအိုနှင့် ပေါင်းစပ်နိုင်ပါက ကျိန်းသေပေါက် ဟုန်ကျွင်းကဲ့သို့ နေရာမျိုးထိ လျှောက်လှမ်းနိုင်မှာဖြစ်၏။ အောင်မြင်သွားပြီဆိုပါက ချီနင်းသည် ကောင်းကင် တာအိုကို ထိန်းချုပ်နိုင်ခဲ့ပြီး ကောင်းကင်မူလလောကကြီးထဲရှိ သက်ရှိ သတ္တဝါးများကိုပါ လွှမ်းမိုးနိုင်ပေလိမ့်မည်။
ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ကောင်းကင်မူလနန်းတော်ကြီးထဲတွင်ရှိသည်။ ချီလင်းသည်သာ ကောင်းကင်တာအို နှင့် ပေါင်းစပ်ခဲ့ပြီး လီယွင်သည် ချီလင်းကိုထိန်းချုပ်နိုင်သည်ဆိုပါက ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်သည်ဟု သွယ်၀ိုက်၍ အဓိပ္ပာယ် သက်ရောက်မည်မဟုတ်ပါလား။
ထို့ကြောင့် နတ်ဘုရားကပ်ဘေးကဲ့သို့ အရာမျိုးသည် သူ့အပေါ် သက်ရောက်တော့မည်မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အပြင်ဘက်တွင် အလွန်အားကောင်းသည့် နောက်လိုက်တစ်ယောက်ကို ရရှိပေလိမ့်မည်။ ထိုသူသည် ကောင်းကင် တာအိုကိုလည်းထိန်းချုပ် နိုင်စွမ်းရှိနေ၏။ မည်မျှ ကောင်းလိုက်သနည်း။
အနာဂတ်တွင် ကောင်းကင်မူလလောကကြီး ဆက်တိုက်ဆိုသလို အားကောင်းလာပါက သူသည်လည်း ကြီးမားသည့် အခွင့်အရေးများ ကို ရရှိမှာဖြစ်၏။
“ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ဖို့ ဟုတ်လား။”
ချီလင်းသည် မယုံကြည်နိုင်စွာဖြင့် လီယွင့်ကို ကြည့်ရှုလိုက်သည်။ ဤကဲ့သို့ စကားစုများကို သူတစ်ခါမှ မကြားခဲ့ဖူးချေ။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် တစ်ယောက်တည်းသည်သာလျှင် ဤကဲ့သို့ ထူးခြားလှသည့် အကြံအစည်မျိုး ကို ကြံစည်နိုင်မဲ့ပုံပေါ်သည်။
“စီနီယာ ကောင်းကင်တာအိုဆိုတာ တကယ့်ကို အနှိုင်းမဲ့ပဲလေ။ ဖျက်ဆီးလို့လည်း မရနိုင်ဘူး။ ဘယ်လိုလုပ်ပြီး အဲဒီအရာနဲ့ပေါင်းစပ်မှာလဲ။ ပြီးတော့ ကောင်းကင်တာအိုဆိုတာက လောကကြီးတစ်ခုရဲ့ စိတ်ဆန္ဒပဲ။ ဒါကြီးနဲ့ အလျင်စလို ပေါင်းစပ်လို့ အောင်မြင်သွားခဲ့မယ်ဆိုရင် ဂျူနီယာက ဂျူနီယာအဖြစ်ကော ရှိပါအုံးမလား ။”
ချီလင်းသည် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။ သူသည် အရူးမဟုတ်ပေ။ လောကကြီး အကြောင်းကို ကောင်းကောင်း မသိရှိသေးသော်လည်း တစ်ချက်တွေးကြည့်လိုက်ရုံနှင့် ထိုအရာသည် စွန့်စားရမည့် အရာမျိုး ဖြစ်ကြောင်းခန့်မှန်းနိုင်၏။
ကောင်းကင်တာအိုသည် အတွေး ခံစားချက်များမရှိသော်လည်း တကယ့်ကို ထူးခြားလှသည့် နေရာတွင် တည်ရှိနေသော အရာတစ်ခု ဖြစ်၏။ ထို့အပြင် ကောင်းကင်တာအိုသည် အရာအားလုံးကို အုပ်စိုး၍ရသည့် အရာတစ်ခုအဖြစ်လည်း အသုံးတည့်သည်။
ကောင်းကင်တာအိုကို ပေါင်းစပ်ပြီးနောက် သူသည် ကောင်းကင်တာအိုမှ ချမှတ်ပေးထားသော အုပ်ချုပ်သူ တစ်ယောက် ဖြစ်လာမည်လား။ သူ့ကိုယ်သူ အဖြစ်ကော ကျန်ရှိပါဦးမည်လား။ သူသည် အရာအားလုံးကို လွှမ်းမိုးနိုင်သော လူတစ်ယောက် ဖြစ်လာမည်ဆိုပါက သံသယမရှိစွာပင် ကောင်းမွန်သည့် အရာဖြစ်ပေလိမ့်မည်။ သူ၏ သက်တမ်း ကုန်ဆုံးသွားမှာ ကိုလည်း စိုးရိမ်စရာမလိုတော့သလို လောကကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်ခွင့်လည်းရရှိမည်။
ဤအရာသည် ကြီးမားလှသည့် အကျိုး သက်ရောက်မှုပင်။ သို့ပေမဲ့ ကောင်းကင် တာအို၏ စိတ်ဆန္ဒကို လွှမ်းမိုးပြီးနောက် သူသည် ကောင်းကင်တာအို၏ ရုပ်သေးတစ်ယောက်ဖြစ်လာနိုင်၏။
“ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ ကောင်းကင်တာအိုက ခင်ဗျားပဲ။ ဒါပေမဲ့ ခင်ဗျားကတော့ ကောင်းကင်တာအို မဟုတ်ဘူး။ နားလည်လား။” လီယွင်ကတည်ငြိမ်စွာပြောလိုက်သည်။
“ကျုပ်မေးချင်ပါတယ် စီနီယာ။ ကောင်းကင်မူလလောကကြီးရဲ့ ကောင်းကင်တာအိုလား၊ ဒါမှမဟုတ် လက်ရှိ ပေါင်းစပ်လောကကြီးတစ်ခုလုံးရဲ့ ကောင်းကင်တာအိုလား။”
ဤမေးခွန်းကို သေသေချာချာမေးမြန်းရန် လိုအပ်၏။ ကောင်းကင်မူလလောက ၏ ကောင်းကင်တာအို တစ်ခုတည်း ဆိုပါက တန်ဖိုးသည် အနည်းငယ် နိမ့်ကျပေလိမ့်မည်။ ထို့အတူကောင်းကင် မူလလောကကြီးသည် ကြီးမားသည်ဆိုလျှင်တောင်မှ မြေအင်မော်တယ်လောကကြီး နှင့်နှိုင်းယှဉ်မည် ဆိုပါက လိုအပ်ချက်များစွာ ရှိနေ သေး၏။
များပြားလှသည့် လောကကြီးများ ထပ်ပေါင်းထည့်မည်ဆိုပါက မတူညီသည့် အကြောင်းရာများဖြစ်သွားနိုင်၏။ သူ့အနေနှင့် များပြားလှသည့် လောကကြီးများကို ထိန်းချုပ်နိုင်စွမ်းရှိသည် ဆိုပါက ပေးဆပ်ရမည့် ပမာဏသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
လောကကြီးပေါင်းများစွာတို့၏ ကောင်းကင်တာအိုဖြစ်လာမည်ဆိုပါက သူသည် အားလုံးအထက်တွင် မတ်မတ်ရပ်၍ နေနိုင်မည့်လူတစ်ယောက် ဖြစ်သလို သူ၏ အောက်တွင် လူသန်း ပေါင်းများစွာက တည်ရှိနေမှာ မဟုတ်ပါလား။
“ခင်ဗျားရဲ့ အရည်အသွေးပေါ်မှာ မူတည်တာပေါ့။”
လီယွင်သည် အသာလှည့်ပြီးနောက် ချီလင်း ကိုကြည့်ရှုလိုက်၏။ ပြီးနောက် ပေါ့ပေါ့ပါးပါးပြုံးကာပြောလိုက်၏။
“ခင်ဗျားအနေနဲ့ လောက တော်တော်များများကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့အားအင်အဆင့်ကလည်း ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်”
ကောင်းကင်တာအိုနှင့် နှိုင်းယှဉ်၍ရသည့် လူတစ်ယောက်ဖြစ်လာမည်ဆိုပါက အားအင်အဆင့်ကိုမဆိုနှင့် စကားလုံးတစ်ခုကပင်လျှင် အမိန့်တစ်ခု ဖြစ်လာနိုင်၏။ အားလုံးသော သူတို့သည် ချီလင်း၏ ထိန်းချုပ်ခံ လူသားများ ဖြစ်လာပေမည်။
“ဟုတ်လား”
ချီလင်းက စဉ်းစားလိုက်မိ၏။ သူသည် ခေါင်းကို အသာမော့ထားမိ၏။ ဤကိစ္စနှင့် ပတ်သက်၍ သူ သေသေချာချာ စဉ်းစားနေမိ၏။ သူ၏ သက်တမ်းများသည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး အများဆုံး သုံးနှစ်လောက်သာ ကျန်တော့မှာ ဖြစ်၏။ သူသည် နောက်ဆုံး လောင်းကစားပွဲတစ်ခုကို ကျိန်းသေပေါက်ပြုလုပ်ရပေတော့မည်။ သူ မအောင်မြင်လျှင်ရော။
ကောင်းကင်တာအိုနှင့် ပေါင်းစည်းပြီးသည့်နောက် စီနီယာ နန်းဆောင်သခင် သည် မည်သည့်အကျိုးအမြတ်များ ရရှိမည်ဖြစ်ကြောင်း မပြောဆိုခဲ့သော်လည်း ချီးလင်းက မိမိဘာသာ ခန့်မှန်းနိုင်သည်။ ထို့အပြင် စီနီယာနန်းဆောင်သခင် ဆိုသည်မှာ မည်သူဖြစ်သနည်း။ အတိတ် ၊ ပစ္စပ္ပုန် ၊ အနာဂတ် အရာအားလုံးကို တွက်ချက်နိုင်စွမ်းရှိသည့် လူတစ်ယောက် မဟုတ်ပါလား။
ထိုကဲ့သို့သူ ညွှန်ပြပေးသော လမ်းစဉ်သည် ကျိန်းသေပေါက် အောင်မြင်မည့် လမ်းစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နှောင့်နှေးတွန့်ဆုတ်ခြင်းမရှိဘဲ ချီလင်းက ဆုံးဖြတ်လိုက်သည်။
“ကျုပ် ကျိန်းသေပေါက် အဆင့်တက်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ဘာပေးရမလဲ မသိပါဘူး။”
“အပြန်အလှန်အနေနဲ့ ပေးဖို့လား” လီယွင်၏ မျက်နှာတွင် အပြုံးတစ်ခုက ဖြစ်တည်လို့နေ၏။
တကယ်ဆိုလျှင် ချီလင်းအနေနှင့် ဘာတစ်ခုမှ ပေးစရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေ၌ ချီလင်း၏ အသက်သည် သူ၏ လက်ထဲတွင် ရောက်ရှိသွားလိမ့်မည် ဖြစ်သောကြောင့်ပင်။
ချီလင်း ကိုယ်တိုင်သည်ပင် ကြီးမားသည့် ကုန်ကျစရိတ်ဟု သတ်မှတ်ရပေမည်။ ချီလင်း သည် ကောင်းကင်မူလလောကြီးတွင် သူ့ကိုယ်သူ စတေးပြီး သူ၏ ကျေးကျွန်အဖြစ် ပြုလုပ်ရပေမည်။
“ကျုပ် ခင်ဗျားကို လောကကြီးတစ်ခုပေးတယ်ဆိုမှတော့ ပြန်ပေးရမဲ့တန်ကြေးကလည်း နည်းပါးမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား မတတ်နိုင်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ဒီအရာကို ပေးချင်လား၊ မပေးချင်ဘူးလား ဆိုတဲ့ အပေါ်မှာ မူတည်တယ်” လီယွင်သည် မျက်ခုံးကိုပင့်ကာဖြင့် တစ်လုံးချင်းစီ ပြောဆိုလိုက်၏။
“မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူးဟုတ်လား”
ချီလင်းသည် ခေါင်းကိုမော့ကာ တွေးတောနေမိ၏။ စီနီယာနန်းဆောင်သခင် ပြောသွားသည့် စကားလုံးနှင့် ပတ်သက်၍ ဆိုးဝါးသည့် ခံစားချက်များကို ရရှိနေ၏။ သို့ပေမဲ့ လက်ရှိအခြေနေတွင် သူ့၌ ဆုံးရှုံးစရာ ဘာကျန်သေးသနည်း။ ဘာမှမရှိတော့ချေ။ ထိုအရာကိုတွေးပြီးသည့်နောက် ချီလင်းသည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “စီနီယာ လွတ်လွတ်လပ်လပ်သာ ပြောပါ။ ကျုပ်တတ်နိုင်တဲ့ ဘယ်အရာမဆို ကျုပ်ပေးပါ့မယ်။ “
“ကောင်းပြီ”
လီယွင်သည် ထိုစကားစုကို ပြောဆိုလိုက်၏။ ချီလင်း ထိုကဲ့သို့ပြောမည်ကို သူက စောင့်မျှော်နေခြင်းဖြစ်၏။ သူစောင့်မျှော်နေသည့် ချီလင်း၏ စကားလုံးများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချီလင်းသည် အရာအားလုံးကို ပေးဆပ်ရပေမည်။
နောက်တစ်စက္ကန့်အတွင်းမှာပဲ လီယွင်သည် လက်ကို အသာဆန့်တန်းလိုက်၏။ နတ်ဘုရားအလင်းတန်း တစ်ခုသည် ချီလင်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာလာခဲ့၏။ ထိုအရာသည် ရောင်စဉ်အလင်းတန်းများ နှင့် တောက်ပလျက် ရှိနေ၏။
“ခင်ဗျားမှာ ရှိတဲ့ အရာအားလုံးပေးရမယ်“