← Chapters

အပိုင်း (၄၆၉)

Vol. 32 Ch. 469

အပိုင်း (၄၆၉)

Vol. 32 Ch. 469

“ခင်ဗျား တွက်ချက်ထားတယ် ဟုတ်လား”

ထိုသူ၏ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်သင်္ကေတများ ဖြစ်တည်လာခဲ့၏။ အင်ပါယာစာရင်း ပေါ်ပေါက် မလာခင်က ခရမ်းရောင်နက်နဲလောကကြီးသည် အင်ပါယာပိုင်လီ သေဆုံးသွားခဲ့သည်ဟု သတ်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ရလဒ်သည် မည်သို့ ဖြစ်လာသနည်း။ ဘာမှန်းမသိဘဲနှင့် အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တိုက်ရိုက်ဆိုသလိုပဲ တက်လှမ်းသွားခဲ့၏။

ကောင်းကင်မူလလောကကြီးသည် အင်ပါယာစာရင်းထဲတွင် ပါဝင်နိုင်သည့်လူ တစ်ယောက်မှ မရှိသည် ဆိုသော်လည်း ကောင်းကင်မူလလောကကြီးထဲတွင် ထိပ်တန်းကျင့်ကြံသူများမရှိဟု သတ်မှတ်၍မရချေ။ တစ်စုံတစ်ယောက်သည် အခွင့်အရေး ရရှိသည်ဆိုပါက .....

ဥပမာအားဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ကူညီမှုကို ရရှိသည်ဆိုပါက အင်မော်တယ် ဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေပင် ရှိနေ၏။ အတင်းကြီး အဆင့်ချိုးဖြတ်ကာ တက်ရောက်ခြင်းဖြစ်သည် ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်သည် အစစ်အမှန် အင်မော်တယ် သာလျှင်ဖြစ်၏။ အင်ပါယာများ ဝိုင်းဝန်းတိုက်ခိုက်၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။

“ကျုပ် တကယ့်ကို အလျင်လိုခဲ့မိပါတယ်။ လူတွေကို လွှတ်ပြီး ဆက်ပြီးတော့ စုံစမ်းခိုင်းပါ့မယ်” အဘိုးအို၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ သူ၏ အိုမင်းရင့်ရော်နေသည့် မျက်နှာထက်တွင် ချွေးစေးများ ပြန်လာခဲ့၏။ ၎င်း၏ အသွင်အပြင် အမူအရာသည် ပထမတုန်းကထက် ပိုမိုကာ အိုမင်းရင့်ရော်သွားခဲ့၏။

အသက်ရှင်နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူသည် သတိအပြည့်နှင့် ပြုမူဆောင်ရွက်ခဲ့သူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ သူ၏ရှေ့တွင် ရှိနေသည့် လူသည် နှစ်သန်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် တော်ဝင် အင်ပါယာတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ သူကတော့ တော်ဝင်သူတော်စင် အဆင့်၌သာ ရှိလို့နေ၏။ ထို့ကြောင့် တခြားသော တပည့်များထက် သူသည် ဘာမှ ပိုမိုကာ ထူးခြားနေသည့် လူတစ်ယောက် မဟုတ်ချေ။ သူ၏ ရှေ့မှလူ၏ ဒေါသတရားကိုသာ ရင်ဆိုင်ရသည်ဆိုပါက ကျိန်းသေပေါက် တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။

“မလိုဘူး။ ကျုပ်တို့ အခု ကောင်းကင်မူလလောကကြီးကို ချဉ်းကပ်နေပြီလေ။ အခုအချိန်မှ သွားပြီးစုံစမ်းတော့ နောက်ကျနေပြီပေါ့” ထိုသူက အေးစက်စက်နှင့် နှာခေါင်းရှုံ့ကာ ထူးမခြားနားသလို ပြောဆိုလိုက်၏။

“ကောင်းပါပြီ” အဘိုးအိုသည် ကြောက်ရွံ့စွာဖြင့် ဦးညွတ်ကာ ပြောဆိုလိုက်သည်။

“အင်း.. ကျောက်စိမ်းလေဟာနယ်နန်းတော်က လူတွေ အခု ဘယ်ကိုရောက်နေပြီလဲ” ထိုသူက ထပ်မံကာ မေးမြန်းလိုက်၏။

ခရမ်းရောင်နက်နဲလောကကြီးနှင့် မတူစွာဘဲ ကောင်းကင်မူလလောကကြီးသည် ခပ်ဝေးဝေး တည်နေရာတွင် ရှိ၏။ မူလအားဖြင့် လောကကြီးနှစ်ခု အတူတကွ ပေါင်းစပ်ပြီးသည့်နောက် တိုက်ခိုက်မှု တည်နေရာသည် လောကကြီး၏ အပြင်ဘက်တွင် ဖြစ်တည်လာရပေမည်။ သို့ပေမဲ့ လောကကို ဖြတ်သန်းခဲ့ပြီးသည့်နောက် ကောင်းကင်မူလ လောကကြီးနှင့် သူတို့ တိုက်ရိုက်ဆိုသလိုပဲ မထိတွေ့ခဲ့ချေ။ ထို့ကြောင့် ၎င်းတို့၏ တည်နေရာသည် လမ်းလွှဲ နေသလိုပင် ခံစားနေမိသည်။

ကောင်းကင်မူလလောကကြီး၏ လက်ရှိအခြေအနေသည် ၎င်းတို့အနေနှင့် မည်သည့်နေရာကို ဆင်းသက်သည် မဆို တိုက်ပွဲတည်နေရာ ဖြစ်လာမှာ သေချာ၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ၎င်းတို့၏ လှုပ်ရှားပြုမူ ဆောင်ရွက်မှုများကို သေသေချာချာဖြင့် စီမံထားမှာ သေချာ၏။

ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည် ကျယ်ပြောလွန်းလှ၏။ သို့ပေမဲ့ ၎င်းတို့၏ မျက်လုံးထဲတွင် အားအကောင်းဆုံးဆိုသည်မှာ အင်ပါယာများသာ ဖြစ်၏။ ထို့ကြောင့် တကယ်တမ်း ဝင်ရောက် တိုက်ခိုက်သည်ဆိုပါက အကူအညီမဲ့သလို ဖြစ်နေမှာ သေချာသည်။ ကျောက်စိမ်းလေဟာနယ်နန်းတော်ကဲ့သို့ ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်နှင့် ကျင့်ကြံသူများ ဝင်ရောက်တိုက်ခိုက်သည် ဆိုပါက ကျိန်းသေပေါက် ကောင်းကင်မူလလောကကြီးသည် နေဝင်မိုးချုပ်သွားပေလိမ့်မည်။

“ကျောက်စိမ်းလေဟာနယ်နန်းတော်က လူတွေအကြောင်းကိုတော့ မသိပါဘူး။ ကျုပ်တို့ ထွက်ခွာသွားပြီးတဲ့ နောက်မှာ မိုင်သန်းသုံးဆယ် အကွာအဝေး အတွင်းမှာ လွင့်မျောတိမ်တောင်ကလူတွေ လိုက်ပါခဲ့တယ်။ သူတို့က ကောင်းကင်မူလလောကကြီးကို ကျုပ်တို့နဲ့ တပြိုင်နက်တည်းဝင်ဖို့ စီစဉ်ထားတာဖြစ်မယ်” အဘိုးအိုသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။

သူတို့၏ မျက်လုံးထဲတွင် ကောင်းကင်မူလလောကကြီးသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် မပေါ်လာမချင်း အားနည်းပြီး ခုခံနိုင်မှုကင်းမဲ့သည့် တည်နေရာတစ်ခုသာဖြစ်၏။ ၎င်းတို့၏ အစစ်အမှန် ရန်သူသည် ကောင်းကင်မူလ လောကကြီးထဲမှ လူများ မဟုတ်ချေ။ ၎င်းတို့နှင့်အတူ ဝင်ရောက် တိုက်ခိုက်မည့် လူများသာလျှင် ဖြစ်သည်။

“လွင့်မျောတိမ်တောင်လား”

ထိုသူသည် နှာခေါင်းကို ရှုံ့လိုက်၏။ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ “အင်း... ဒီဂိုဏ်းလား။ သူတို့ရဲ့ အစစ်အမှန် အင်မော်တယ်က သေဆုံးသွားခဲ့ပြီး သူတို့ရဲ့ လက်ထဲမှာရှိတဲ့ အင်မော်တယ်လက်နက်ကလည်း တော်ဝင်အင်ပါယာပိုင်လီ လက်ထဲကို ရောက်သွားခဲ့တယ်။ ဒီတော့ ဒီလူတွေက နောက်ခံလိုအပ်ချက် အရမ်းများနေတဲ့ လူတွေလို့ ပြောရမယ်”

“အဟုတ်ပဲ။ လွင့်မျောတိမ်တောင်က ကျုပ်တို့ ချင်ကလန်ရဲ့ ရှေ့မှာတော့ စကားထဲတောင် ထည့်ပြောဖို့ ထိုက်တန်တဲ့ လူတွေ မဟုတ်ဘူး” အဘိုးအိုသည် ဘေးတစ်ဖက်ဆီမှ မြှောက်ပင့်ပြောလိုက်သည်။

မြေအင်မော်တယ်လောကကြီးတွင် အင်ပါရီယာကလန်များကဲ့သို့ အားကောင်းလွန်းလှသည့် ကလန်များ တည်ရှိသည် ဆိုသော်လည်း ကျောက်စိမ်းလေဟာနယ်နန်းတော် နှင့် ချင်ကလန်ကဲ့သို့ အစစ်အမှန် အင်မော်တယ် ရှိသော ဂိုဏ်းများသာလျှင် စွမ်းအားမြင့်ဂိုဏ်းများဟု သတ်မှတ်ရပေလိမ့်မည်။ တခြားသောသူများသည် ထိုကဲ့သို့ အားကောင်းလှပါသည်ဟူသည့် စကားလုံးကို ဖော်ညွှန်း အသုံးပြု၍ရသည့် မရချေ။

လွင့်မျောတိမ်တောင်သည် ယခင်တုန်းက သူတို့နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အရည်အသွေးကို ပိုင်ဆိုင်သည် ဆိုသော်လည်း လွင့်မျောတိမ်တောင်၏ တည်ထောင်သူ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် အဆင့်နိမ့်ကျသွားခဲ့၏။

“လွင့်မျောတိမ်တောင်က ကျုပ်တို့နဲ့အတူ ခရီးသွားနေတယ်။ သူတို့ဆီမှာ စိတ်ဝင်စားစရာတွေ ပါလာနိုင်တယ်” ထိုသူ၏ အမူအရာက အေးစက်လျက် ရှိနေ၏။ သူသည် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်၏။ ထိုအချိန်မှာပဲ ရုတ်တရက် .....။

ရှူး...

ခပ်ဝေးဝေး တည်နေရာဆီမှ အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ လေဟာနယ် တစ်ခုလုံးသည် လျှပ်စီးများ လင်းလက်နေသကဲ့သို့ပင် အားလုံးသောသူတို့ကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

“ဟမ်”

ထိုလူသည် ခေါင်းကို အသာမော့ပြီးသည့်နောက် အလင်းတန်းများ ထွက်ပေါ်လာရာ တည်နေရာဆီသို့ အသာ ကြည့်ရှုလိုက်၏။ ထိုလူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ လက်ကို အသာမြှောက်ပြီးသည့်နောက် လေထုထဲတွင် လက်ဝါးကြီး တစ်ခုကို ဖန်တီးလိုက်၏။ ထိုလက်ဝါးကြီးသည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံး၏ အလယ်ဗဟိုတွင် တည်ရှိလို့နေခဲ့ပြီး တည်နေရာတစ်ခုလုံးကို စတင်ကာ တိုက်စား၏။

အလင်းတန်းများ ကျဆင်းလာခဲ့ပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့၏။ များပြားလွန်းလှသည့် ခေါင်းများသည် ထိုသူ၏ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။

“ဘာလဲ”

ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ အဘိုးအိုသည် မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့၏။ သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ထိုသူများသည် ချင်ကလန်ဆီမှ ကင်းထောက်များဖြစ်ပြီး ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိနေသည့် လူများပင် ဖြစ်လေ၏။ မထင်မှတ် ထားလောက်အောင်ပဲ ထိုသူများသည် ယနေ့အချိန်၌ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ပြန်လည် ရောက်ရှိလာခဲ့သည်ဆိုသည်မှာ အကောင်းအတိုင်း မဟုတ်ချေ။ ဝိညာဉ်များအားလုံး ပျောက်ဆုံးနေပြီး ခေါင်းသာလျှင် ကျန်ရှိ၏။

“ဒါ တရားလွန်လွန်းတယ်။ ကောင်းကင်မူလလောကကြီးက တကယ့်ကို ဆိုးယုတ်လွန်းတာပဲ။ သေချင်နေပြီ နဲ့ တူတယ်”

အဘိုးအိုသည် ဒေါသတရားဖြင့် တုန်ယင်လျက် ရှိနေ၏။ သူသည် အံကိုကြိတ်ကာဖြင့် ထိုစကားစု အနည်းငယ်ကို ရွတ်ဆိုလိုက်သည်။ “ချင်ကလန်ကို ဘာမှ မဟုတ်ဘူးလို့ ထင်နေတာလား။ နှစ်တွေ ဘယ်လောက် ရှိပြီလဲ။ နှစ်ဆယ်သန်းကျော်ပြီ။ နှစ်ပေါင်း ဆယ်သန်းကျော်တဲ့နောက်မှာ ချင်ကလန်က ကြီးကြီးမားမား ဂုဏ်သိက္ခာ ထည်ဝါစွာ နေထိုင်ခဲ့ကြတာ”

ချင်ကလန်မှလူ - ထိုသူများသည် ကျေးကျွန်များ ဖြစ်သည်ဆိုလျှင်တောင်မှ ပြင်ပကို ခြေချသည့် နေရာတွင် ဂုဏ်ပြုခံ ဧည့်သည်များအဖြစ် ခေါ်ယူရမည့် လူများသာဖြစ်၏။ ချင်ကလန်မှ လူများသည် ထိုကဲ့သို့ပင် အသတ်ဖြတ်ခံလိုက်ရလေသည်လား။ ထို့အပြင် တစ်ယောက်တည်း သတ်ဖြတ်ခံရခြင်း မဟုတ်ဘဲ များပြားလှသည့် ကျေးကျွန်များ သတ်ဖြတ်ခံရခြင်းဖြစ်၏။ ထိုအရာသည် ၎င်းတို့၏ မျက်နှာကို အားရပါးရ လာရောက် ရိုက်နှက်ခြင်းနှင့် ဆင်တူ၏။

“အင်း... ဒေါသထွက်နေဖို့ မလိုဘူး။ ဒီလူတွေကို ယူပြီးတော့ ကောင်းကောင်းမွန်မွန် သင်္ဂြုဟ်ပေးလိုက်။ ကျုပ်တို့ မြေအင်မော်တယ်လောကကို ပြန်တဲ့အချိန်မှာ ကျုပ်တို့ ဘိုးဘေးနယ်မြေထဲမှာ သူတို့ကို မြှုပ်နှံပေးမယ်” ထိုသူ၏ အသံသည် ထူးမခြားနားသလို ဖြစ်နေ၏။ မည်သည့် စိတ်ခံစားချက်မှ ပေါ်ပေါက်မလာခဲ့ချေ။

ခေါင်းကို အသာမော့ပြီးသည့်နောက် အလင်းတန်းများ ဖြစ်တည်နေရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းလျက် ရှိနေပြီး မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် မဖုံးနိုင်၊ မဖိနိုင် ဖြစ်တည်နေသည်။ “ချင်ကလန်ရဲ့ တပည့်တွေက အလကားနေ၊ အလကား သေခဲ့ရတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ပြန်ပြီး ပေးဆပ်ရလိမ့်မယ်”

သူပြောပြောပြီးချင်းမှာပဲ အေးစက်သည့်အသံ တစ်ခုလုံးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ပေါ်ပေါက် လာခဲ့၏။ “ဟုတ်လား။ ဒါပေမဲ့ ခင်ဗျားဆီမှာ အခွင့်အရေး မရှိဘူး။ အခု ခင်ဗျားရဲ့ တပည့်တွေက ခင်ဗျားကို နောက်ဘဝ သွားတဲ့လမ်းမှာ စောင့်နေပြီ။ သူတို့နဲ့အတူ ပူးပေါင်းပြီး သွားဖို့အချိန်ရောက်ပြီ”

ချက်ချင်းပဲ လူနှစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ လေထုထဲတွင် မိုးခြိမ်းသံများနှင့် ပြည့်နှက်နေခဲ့၏။ ကြီးမားလွန်း လှသည့် ပုဆိန်ကြီးသည် ကောင်းကင်ယံထက်၌ ပေါ်ပေါက်လာခဲ့၏။ ထိုပုဆိန်ကြီးဆီမှ မဲနက်နေသည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး မိုင်သောင်းနှင့်ချီသည့် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် မိုးကုတ်စက်ဝိုင်း၏ အစွန်းတစ်ဖက်ဆီသို့ပင် တလိမ့်လိမ့်နှင့် ရောက်ရှိလို့နေသည်။

တခြားသော တစ်ဖက်ခြမ်းတွင်တော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ထွန်းလင်းတောက်ပနေသည့် နေလုံးကြီး တစ်ခုက ပေါ်ပေါက်လာ၏။ ထိုနေလုံးကြီး၏ အလင်းရောင်သည် တကယ်ပင် စူးရှလွန်းလှ၏။ ခြေသုံးချောင်းနှင့် ရွှေကျီးကန်း တစ်ကောင်သည် ထိုအလင်းရောင်များ ကြားထဲတွင် ပေါ်ပေါက်လာခဲ့ပြီး တစ်ကိုယ်လုံးတွင် မီးများ ဖုံးလွှမ်းလျက် ရှိနေ၏။ မျက်စိတမှိတ်အတွင်း ချင်ကလန်မှ မျိုးဆက်များ အားလုံးသည် သနားသဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် ပြာအဖြစ်သို့ ပြောင်းလဲကာ သေဆုံးကုန်ကြ၏။

“မဟုတ်သေးဘူး”

ချင်ကလန်၏ မျိုးဆက်များသည် အော်သံ တစ်ချက်ပင် မထွက်ဘဲ သေဆုံးသွားခဲ့လေ၏။ မျက်စိတမှိတ်အတွင်းတွင် ချင်ကလန်၏ တကယ့်ကို ကြီးမားပြီး စွမ်းဆောင်ရည် မြင့်မားလှပါသည်ဆိုသော အဖွဲ့ဝင်အားလုံးသည် သေဆုံးသွားခဲ့ကြပြီဖြစ်၏။ ပြာအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ကြ၏။ ဝိညာဉ် များသည်ပင် မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိချေ။ အသက်ရှင်ကျန်ရစ်ခဲ့သည် လူများသည်လည်း တကိုယ်လုံး တုန်ယင်လျက် ရှိနေသည်။

ကောင်းကင်မူလလောကကြီးထဲသို့ မဝင်ရောက်ခင်က ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ တစ်စုံတစ်ယောက်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်ချက်များနှင့် စတင်ကာ တိုက်ခိုက်ခဲ့၏။ ထို့အပြင် ထိုအရာသည် အင်ပါယာနှစ်ယောက်သာလျှင်ဖြစ်၏။ ရွှေကျီးကန်းကြီးနှင့် ကြီးမားလှသည့် ပုဆိန်ကြီးတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ကောင်းကင်နှင့် မြေကြီးတွင် ဖျက်ဆီးခြင်းစွမ်းအင်များ ပြည့်နှက်လျက်ရှိနေပြီး ရှိရှိသမျှသော လူပေါင်းများစွာ တို့ဆီသို့ ကြီးမားသည့် ဖိအားဒဏ်ကြီး ကျဆင်းစေခဲ့သည်။

All Chapters