← Chapters

အပိုင်း (၄၇၀)

Vol. 32 Ch. 470

အပိုင်း (၄၇၀)

Vol. 32 Ch. 470

“ရဲတင်းလိုက်တာ”

ထိုသူက အော်ဟစ်လိုက်၏။ သူ၏ မျက်မှောင်သည် ကုတ်လျက်ရှိ၏။ အသံသည် အဆုံးအစမဲ့ ရက်စက်သည့် သဘောတရားများ ပါဝင်လျက် ရှိနေ၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ထိုအသံထဲတွင် အရှိန်တငြီးငြီးနှင့် ပါဝင်နေ၏။

ဘုန်း

လှုပ်ရှားခြင်း တစ်ချက်မရှိဘဲ သူ၏ ခြေထောက်အောက်တွင် များပြားလှသည့် တာအိုသင်္ကေတများကို ဖန်တီး လိုက်၏။ ထိုအရာများ အားလုံးသည် များပြားလှသည့် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ကောင်းကင်၏ ကြယ်စင်စုများဆီသို့ သွားရောက်ကာ စုဝေးလေ၏။ ပြီးသည့်နောက် ရောက်ရှိလာသည့် တိုက်ခိုက်ချက်ကို အသာပင် ခုခံလိုက်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကြီးသည် တည်နေရာ တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။ ထိုအသံကြီး သည် စကြဝဠာတစ်ခုလုံးကိုပင် ပျံ့နှံ့နေခဲ့လေ၏။ ကောင်းကင်ယံ တစ်ခုလုံးသည် ကွဲအက်သွားသကဲ့သို့ပင်။ ရေတွက်လို့ မရအောင် များပြားလှသည့် ကြယ်စင်စုများသည် အောက်ဆီသို့ တစ်ခုပြီးတစ်ခု ကြွေကျလာ၏။

“ရီကလန်နဲ့ ရွှေကျီးကန်းကလန်ရဲ့ အင်ပါယာတွေလား”

နတ်ဘုရားတောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေသည့် လူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားလျက်ရှိပြီး အေးစက်လှသည့် အလင်းတန်းများနှင့်အတူ မျက်လုံးကိုဖွင့်ကာ တစ်ဖက်သို့ လှမ်းကြည့်နေ၏။ လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားသည်ဆိုသော်လည်း ထိုသူ၏ ခန္ဓာကိုယ်သည် တောင်တစ်ခုကဲ့သို့ပင် ခိုင်မာလွန်းလှ၏။ တစ်ချက်ကလေးမှ မရွေ့လျားခဲ့ချေ။

“အမြင်စူးရှတာပဲ”

ရီကလန်၏ ဘိုးဘေးသည် ရှုပ်ထွေးလျက် ရှိနေသည့် လှိုင်းအဟုန်များကြားထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး လက်ထဲတွင် သွေးများ စွန်းထင်းလျက် ရှိနေသည့် လှံရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထား၏။

“ကြည့်ရတာ ခင်ဗျားတို့အားလုံး ကောင်းကင်မူလလောကကြီးကို လာပြီးတော့ ကျုးကျော်တာပဲ။ တော်တော်ကြီးလည်း အားစိုက်ခဲ့ရပုံပေါ်တယ်”

“ခင်ဗျားလည်း တူတူပဲ မဟုတ်လား”

ထိုသူသည် အံ့အားသင့်မှု လုံးဝ မရှိဘဲ တည်ငြိမ်စွာ ပြန်လည် ပြောဆိုလိုက်၏။ “ကျုပ်တို့ ချင်ကလန် လာရာလမ်းကြောင်းကို ရှာတွေ့ဖို့ဆိုတာ လောကကြီးသုံးခုထဲမှာ စီနီယာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တစ်ယောက်တည်းကသာ လုပ်လို့ရတဲ့ အရာတစ်ခုပဲ”

ရီကလန်နှင့် ရွှေကျီးကန်းကလန် တို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သတင်းအချက်အလက်များကို ဝယ်ယူခဲ့ကြ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို မမေးမြန်းဘဲ တစ်ဖက်လူများ လာရာလမ်းကြောင်းကို သိရှိနိုင်မည် မဟုတ်ချေ။

ချင်ကလန်မှ လူများသည် အံ့အားသင့်သွားကြသည်။ အဖွဲ့နှစ်ခုတို့သည် သူတို့လာရာ လမ်းကြောင်းကို သေသေချာချာ သိရှိပြီးသည့်နောက် အလစ်ချောင်း တိုက်ခိုက်ကာ အလစ်အငိုက် သတ်ဖြတ်ခြင်းကိုပင် ပြုလုပ်ခဲ့၏။ ထိုသူတို့သည် ချင်ကလန်မှ စေလွှတ်လိုက်သည့် ကင်းထောက်များ၏ စာရင်းကိုပင် ဝယ်ယူကောင်း ဝယ်ယူနိုင်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ချင်ကလန်၏ ကင်းထောက် များ အားလုံးသည် ခက်ခဲသည့် အခြေအနေကို ကြံဆုံခဲ့ရပြီး သေဆုံးခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

“ကောင်းကင်မူလလောကကြီးက ခရမ်းရောင်နက်နဲလောကကြီးနဲ့ မတူဘူးလေ။ ခင်ဗျားတို့ လာချင်သလိုလာ၊ သွားချင်သလို သွားလို့ရတဲ့နေရာ မဟုတ်တာ သေချာတယ်” အသံတစ်ခုက ထွက်ပေါ်လာ၏။

လက်ရှိအချိန်မှာတော့‌ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ ရွှေရောင် ရောင်စဉ်တန်းများသည် ၎င်းကို လွှမ်းခြုံလျက် ရှိနေ၏။ ကောင်းကင်ယံ ထက်တွင် တောက်ပသည့် ရွှေနေလုံးကြီးကဲ့သို့ပင် လင်းထိန်နေ၏။ မည်သူမှသည် ၎င်းအား တည့်တည့်မကြည့်ရဲချေ။

“ဟုတ်လား”

ထိုလူက နှာခေါင်းရှုံ့လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။ “ခင်ဗျားတို့ ကောင်းကင်မူလလောကကြီးက အင်ပါယာ အနည်းငယ်ပဲ ရှိတာပါ။ ကျုပ်တို့ ချင်ကလန်ရဲ့ ဂုဏ်သိက္ခာက ဘာလဲဆိုတာ သိလား”

“ဟမ့်... အစစ်အမှန် အင်မော်တယ်တစ်ယောက် သက်သက်ပါပဲ”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးက ရယ်မောလိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့‌ လှောင်ပြောင်လိုခြင်း အရိပ်အယောင်များက ပြည့်နှက်လျက် ရှိနေ၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကနေ ကျုပ်တို့ ဘယ်လောက်များတဲ့ သတင်းအချက်အလက်တွေ ဝယ်ယူခဲ့တယ်ဆိုတာ ခင်ဗျား ခန့်မှန်းနိုင်လား။ ဥပမာအားဖြင့်..”

သူက ခဏ ရပ်တန့်လိုက်၏။ ပြီးသည့်နောက် ချင်ကန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ခင်ဗျား ချင်ကန်က လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသိန်းတုန်းကတည်းက တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်ကို ရောက်ရှိ နေတယ်။ ဒီအခြေအနေကို ရောက်ရှိဖို့အတွက် ရှားပါးတဲ့ ရတနာ တော်တော်များများကို အသုံးပြုခဲ့ရတယ်”

“ဟမ်”

ချင်ကန်၏ နှလုံးခုန်သံများသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ သည်ဆိုခြင်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သို့ပေမဲ့ အနည်းဆုံးအနေနှင့် ချင်ကလန်၏ အဆင့်မြင့် အဖွဲ့ဝင်များမှလွဲ၍ အပြင်လူ အနည်းငယ်သာလျှင် သိရှိကြ၏။

ဟုတ်ပေ၏။ ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် အင်ပါယာများမှာ‌တော့ သိရှိလို့နေခဲ့သည်။ ဖြစ်နိုင်ခြေမှာမူ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုသူတို့ကို ပြောထားခြင်းသာလျှင် ဖြစ်မည်။ ထိုသို့ ဆိုလျှင် မေးခွန်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သူတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက် မည်မျှများများကို ရောင်းချထားသနည်း။

“ကြည့်ရတာ ခင်ဗျား ခန့်မှန်းထားပြီး ဖြစ်ပုံပေါ်တယ်”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးက ပြောလိုက်၏။ သူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ပြီးသည့်နောက် သူ၏ ခေါင်းထက်တွင် ဆန်းကြယ်လွန်းလှသည့် ခေါင်းလောင်း တစ်ခုက လွင့်မျောလျက် ရှိနေ၏။ ထိုခေါင်းလောင်းဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်‌ အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး မွန်းစတားအင်ပါယာတစ်ပါး ပြန်လည် ရှင်သန်လာသလိုပင်။

“အင်း... ခင်ဗျားတို့ လာရဲတယ်ဆိုမှတော့ ကျိန်းသေပေါက် ဒီနေရာကနေ ထွက်ခွာ မသွားနိုင်တော့မှာ သေချာတယ်။ ဒီနေ့ ခင်ဗျားတို့ကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ကောင်းကင်မူလလောကကြီး က ခရမ်းရောင် နက်နဲလောကကြီး မဟုတ်ဘူး။ လောကနှစ်ခုကြားမှာ အစစ်အမှန် အင်မော်တယ် မရှိဘူးဆိုတာနဲ့ပဲ တိုင်းတာလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

ခရမ်းရောင်နက်နဲလောကကြီးသည် ကောင်းကင်မူလလောကကြီးထက် ပိုမိုကာ အားကောင်းသည် ဆိုသော်လည်း ထူးခြားသည့် အကြောင်းအရာတစ်ခု မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေသည် ဖြစ်သောကြောင့် ကောင်းကင်မူလလောကကြီးသည် တကယ့်ကို ကြီးကျယ်ခမ်းနားစွာဖြင့် နေထိုင် နိုင်သည့် အရာမျိုး ဖြစ်လာခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ရင်း သတင်းအချက်အလက်များကို ဝယ်ယူကာ လက်ဦးမှု ရယူနိုင်စွမ်း ရှိ၏။ မြေအင်မော်တယ်လောကဆီမှ လူများအကြောင်းကို အစောကြီးတည်းက သိရှိပြီး ဖြစ်သောကြောင့် သူတို့သည် ကျိန်းသေပေါက် အားလုံးသောသူတို့ကို မတားဆီးနိုင်ဘူး ဆိုလျှင်တောင်မှ ကြီးကြီးကျယ်ကျယ် တိုက်ခိုက်နိုင်စွမ်း ရှိနေသည့် အင်အားစုများကို အားအင်လျော့ပါးသွားအောင် ခြုံခို တိုက်ခိုက်နိုင်စွမ်းရှိကြသည်။

“ကျုပ်တို့ဆီမှ သုံးရက်ပဲ အချိန်ရှိတော့တယ်။ အချိန်မဖြုန်းနဲ့”

ရီကလန်၏ ဘိုးဘေးသည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ သုံးရက်ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေးခဲ့သည့် အချိန်အတိုင်းအတာ ဖြစ်သည်။ သုံးရက်အတွင်း သူတို့ အရာအားလုံးကို မဖြေရှင်နိုင်ပါက ကြီးမားသည့် အန္တရာယ်တွင်းသို့ ကျရောက်သွားနိုင်သည်။ နန်းဆောင်သခင် ပြောဆိုခဲ့သည်မှာ ရှင်းလင်းလွန်း၏။ အစစ်အမှန် အင်မော်တယ်သည် ချင်ကလန်၏ ဘိုးဘေးကြီးဖြစ်ပြီး ထိုသူ ရောက်ရှိလာသည် ဆိုပါက ချင်ကန်ကို သတ်ဖြတ်ဖို့ မဆိုနှင့် သူတို့အားလုံး ဒုက္ခရောက်သွားနိုင်၏။

“အစီအရင်တစ်ခုကို ဖန်တီး”

ချင်ကန်သည် အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ သူ၏နောက်ဘက်တွင် ချင်ကလန်ဆီမှ အသက်ရှင်ကျန်ရစ်နေသည့် လက်ရွေးစင် စစ်သည်များသည် တိုက်ခိုက်မှု အစီအရင် တစ်ခုကို မြန်မြန်ဆန်ဆန်ဖြင့် စတင်ကာ ဖန်တီးကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် သွေးကဲ့သို့ နီရဲနေသည့် လှံရှည်များကို ကိုင်ဆောင်ထားကြပြီး လှံထိပ်သည် အေးစက်ပြီး တောက်ပလင်းလက်လျက်ရှိနေသည်။

အင်ပါယာတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိဘူးဆိုလျှင်တောင်မှ အစီအရင်သည် ၎င်းတို့၏ အသက်ကို ကာကွယ်ပေးနိုင်စွမ်း ရှိနေ၏။ ချင်ကလန်မှ ဖန်တီးထားခဲ့သည့် အစီအရင်တစ်ခုကို လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်နိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

“သွေးသတ်ဖြတ်ခြင်း ကောင်းကင်အစီအရင် မလား”

ရီကလန်၏ ဘိုးဘေးသည် ထူးမခြားနားသလိုပင် လှမ်းကာ ပြောလိုက်၏။ သူသည် လက်ကို အသာမြှောက်ပြီးသည့်နောက် သူ၏လက်ထဲတွင် ကြီးမားလွန်းသည့် လှံကြီးက ပေါ်ပေါက်လာခဲ့၏။ ထိုလှံကြီးဆီမှ အင်မော်တယ်တစ်ယောက်၏ အော်ရာများ ထွက်ပေါ်လျက်ရှိသည်။ ရှုပ်ထွေးလှသည့် အလင်းတန်းများသည် ကောင်းကင်ယံထက်ဆီမှ အရှိန်တငြီးငြီးဖြင့် အောက်သို့ ကျဆင်းလာပြီး ချင်ကလန်မှ အဖွဲ့ဝင်များ ကို သတ်ဖြတ်တော့သည်။ သူသည် ရှိရှိသမျှသော လူပေါင်းများစွာတို့ကို သတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်းသာလျှင် ဖြစ်၏။

“မကောင်းတော့ဘူး” ရီကလန်၏ ဘိုးဘေး ပါးစပ်ဆီမှ သွေးသတ်ဖြတ်ခြင်း ကောင်းကင်အစီအရင် ဆိုသည့် စကား ထွက်ပေါ်လာချိန်မှာတော့ ချင်ကန်သည် ဆိုးရွားသည့် အန္တရာယ်ကို စတင်ကာ ခံစားသွားမိသည်။

ဤအရာသည် သူတို့ ချင်ကလန်၏ ပြိုင်စံရှား တိုက်ပွဲအစီအရင် ဖြစ်သည်။ သို့ပေမဲ့ အတိတ်တုန်းက ပြိုင်စံရှား ဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိအခြေအနေတွင် မဟုတ်တော့ချေ။ အဘယ်ကြောင့် ဆိုသော် ရီကလန်၏ ဘိုးဘေးသည် နာမည်ကိုပါ ထုတ်ဖော်ပြောဆိုနေသည် ဖြစ်သောကြောင့် တိုက်ခိုက်မှုအတွင်း အစီအရင်၏ အားနည်းချက်များ အားလုံးကိုလည်း သိရှိပြီး ဖြစ်ပေလိမ့်မည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ချင်ကန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့စိုးထိတ်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ လက်ရှိ အခြေအနေတွင် သူသည် သူ၏ အဖွဲ့သားများ အားလုံးကို ကယ်တင်ရန် စဉ်းစားလိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ တစ်ဖက်လူသည် အင်ပါယာတစ်ယောက် ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် တားဆီး၍ မရနိုင်တော့ချေ။

“ကျုပ်တို့ ချင်ကလန်ရဲ့ အစီအရင်ကြီးက အခုမှ အသစ်ဖြစ်လာတဲ့ အင်ပါယာတစ်ယောက် ကြည့်ရှု အဖြေရှာလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး” ချင်ကလန်၏ ဘိုးဘေး ဖန်တီးခဲ့သည့် အစီအရင်သည် ရီကလန်၏ ဘိုးဘေး မည်မျှ အားကောင်းသည်ဆိုဆို အဖြေရှာ၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူတို့ ဘိုးဘေးလောက် အားမကောင်းသောကြောင့်ပင်။

ရီကလန်အနေနှင့် အစီအရင်၏ အားနည်းချက်များကို မြင်တွေ့နိုင်သည်ဆိုခြင်းမှာ ကျိန်းသေပေါက် ဖြစ်နိုင်ဖွယ်ရာ တစ်ခုသာလျှင်ရှိ၏။ ရီကလန်မှ လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ပြီးသည့်နောက် သူတို့လာမည့် လမ်းကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဝယ်ယူခဲ့သည်သာ မဟုတ်ဘဲ ချင်ကလန်၏ တော်ဝင်အစီအရင်ကြီး တစ်ခုလုံးကို ချိုးဖြတ်နိုင်သည့် နည်းလမ်းကို ဝယ်ယူခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

All Chapters