အပိုင်း (၄၇၄)
Vol. 32 Ch. 474
“ဟုတ်တယ်... ကျုပ် အကြွေးဆပ်ချင်တယ်”
ဖန်းဟန်သည် တွန့်ဆုတ်မနေခဲ့ချေ။ ချက်ချင်းပဲ ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့ရဲ့ ပထမဆုံး ဦးစားပေးကိစ္စက လွင့်မျောတိမ်တောင် တစ်ခုလုံးနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ မြန်မြန်ဆန်ဆန် ပြုလုပ်ဖို့ပဲလေ။ ပြီးတော့ ကျုပ်တို့က ဒီနေရာမှာ လွင့်မျောတိမ်တောင်နဲ့ သိပ်ဝေးဝေး တည်ရှိနေတာ မဟုတ်ဘူး။ ကျုပ်တို့ကိုသာ ရှာတွေ့သွားမယ်ဆိုရင် ....”
ဖန်းဟန်သည် ဆက်မပြောခဲ့ချေ။ သို့ပေမဲ့ ရှိရှိနေသော လူသုံးယောက်တို့သည် ထိုအရာကို နားလည်ပြီးသား ဖြစ်၏။ ၎င်းတို့သည် တစ်စုံတစ်ယောက်၏ တံခါးဝရှေ့တွင် အစီအရင်ကို ဖန်တီးခဲ့သည်ဆိုပါက ရှာမတွေ့နိုင်လျှင် အဆင်ပြေ၏။ အကယ်၍ ရှာတွေ့သွားသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာတက်ပြီဖြစ်၏။ ထိုသို့ဆိုလျှင် လှုပ်ရှားရန် မဆိုနှင့် ထွက်ပြေးရန်ပင်လျှင် အခက်အခဲ ဖြစ်လာပေမည်။ လွင့်မျောတိမ်တောင်မှ လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ရန် အချိန်ယူနေမည် မဟုတ်ပေ။ ချက်ချင်းပဲ သူတို့ကို တိုက်ခိုက်နိုင်၏။
“မစိုးရိမ်နဲ့”
မုန့်ရှင်းကျီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီအင်ပါယာ အသက်ရှုအောင့်ခြင်း နည်းစနစ်ကို အသုံးပြုထားတာ အရမ်းကောင်းတယ်။ လွယ်လွယ်ကူကူနဲ့ ရှာတွေ့မှာ မဟုတ်ဘူး။ ပြီးတော့ လွင့်မျောတိမ်တောင် ဆိုတာက မြေအင်မော်တယ်လောကမှာ တကယ့် ဆရာကြီးပဲလေ။ အတိတ်တုန်းကလည်း သူတို့ကို ဘယ်သူမှ လာပြီး ရန်မပြုရဲဘူး။ ဒီတော့ တစ်စုံတစ်ယောက်က သူတို့ရဲ့ ဂိတ်တံခါးအရှေ့မှာ အစီအရင်ကို လာပြီး ဖန်တီးထားမယ်လို့ ဘယ်သူက ထင်မှတ်ထားမှာလဲ။ ပြီးတော့ အစီအရင်က အသက်မသွင်းရသေးဘူးဆိုတော့ အစီအရင်ရဲ့ အော်ရာတွေက ထွက်ပေါ်လာမှာ မဟုတ်ဘူး။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဒီနေရာက ဖြတ်သွားမယ် ဆိုရင်တောင် သတိပြုမိမှာ မဟုတ်ဘူး။ လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာဆိုရင် ဝေးလာဝေးပေါ့ကွာ”
“အင်း... ဒီလိုပဲ မျှော်လင့်မိပါတယ်” ဖန်းဟန်က တီးတိုးပြောလိုက်၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် မုန့်ရှင်းကျီ၏ နည်းလမ်းများနှင့် ပတ်သက်၍ သူက ယုံကြည်ချက် မရှိချေ။ ဤနေရာတွင် တစ်ရက် ပိုမိုကာ နေထိုင်ခြင်းသည် အသက်တစ်ရက် ပိုတိုသလိုပင် ခံစားနေမိ၏။ သူတို့အနေနှင့် ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ လဝက်နီးပါးခန့်ပင် ကြာမြင့်နေပြီဖြစ်သည်။ အစီအရင်ကို မြန်မြန်ဆန်ဆန်နှင့် ကောင်းကောင်းမွန်မွန် အသက်မသွင်းနိုင်ဘူးဆိုပါက သုံးယောက်လုံး အန္တရာယ်ကြားသို့ သက်ဆင်းသွားမှာ သေချာသည်။
“ဒီအင်ပါယာ နောက်ကို ကောင်းကောင်းမွန်မွန် လိုက်ခဲ့။ မင်းတို့ ဖန်းကလန်ရဲ့ ရန်ငြိုးကို ကျိန်းသေပေါက် ပြန်ဆပ် နိုင်လိမ့်မယ်” မုန့်ရှင်းကျီက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။
တစ်စုံတစ်ယောက်၏ ဂိတ်တံခါးကို တိုက်ခိုက်ခြင်း၌ သူသည် တခြားသောသူများထက် ပိုမိုကာ အတွေ့အကြုံ တည်ရှိပြီးသားဖြစ်၏။ အကျိုးကျေးဇူး အများဆုံး ရရှိရန်အတွက် ရန်သူအားလုံးကို တစ်ခါတည်း သုတ်သင် ရှင်းလင်းပစ်ရန် သူက ကြံစည်ထားခဲ့၏။ သူဖန်တီးထားခဲ့သည့် အစီအရင်ကြီးသည် အတွင်းဘက်မှလူများ အပြင်ဘက်သို့ ထွက်လာသည်ကို တားဆီးထားရုံသာမက အပြင်ဘက်မှလူများ အထဲသို့ ဝင်ရောက်ခြင်းကိုလည်း တားဆီးထား၏။ ပို၍ အရေးကြီးသည်မှာ အစီအရင်အတွင်း တိုက်ခိုက်မှုကြောင့်ဖြစ်လာသော လှုပ်ခါမှုများကို အပြင်သို့မထွက်အောင် တားဆီးထားနိုင်ခြင်းပင်။ မြေအင်မော်တယ်လောကကြီးသည် သူတို့၏ တိုက်ခိုက်မှုကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
“မမေ့နဲ့အုံး။ ဒီတစ်ကြိမ် တိုက်ခိုက်နေတာ လွင့်မျောတိမ်တောင်ကိုပဲ။ ဒီအင်ပါယာက တကယ့်ကို ပြင်းပြင်းထန်ထန်နဲ့ များများစားစား ရင်းနှီးမြှုပ်နှံထားခဲ့တယ်။ မင်း အဆင်ခြင်မဲ့ ပြုလုပ်လိုက်မယ်ဆိုရင် သူတို့ သတိပြုမိသွားလိမ့်မယ်။ ဒါဆိုရင် မင်းကို မကြင်နာဘူးဆိုပြီး ဒီအင်ပါယာကို အပြစ်မတင်နဲ့။ ငါ့ဟာတွေ အဆုံးရှုံးမခံနိုင်ဘူး” အဆုံးသတ် မှာတော့ မုန့်ရှင်းကျီသည် ခပ်တည်တည်ဖြင့် သတိပေးလိုက်၏။
ဤအစီအရင် ဖန်တီးခြင်းအတွက် ကုန်ကျစရိတ်သည် ကျိန်းသေပေါက် ကြီးမားသည့်အရာပင် ဖြစ်၏။ ထိုအရာများ အားလုံးကို သူ၏ အိတ်ကပ်ထဲမှ စိုက်ထုတ်ကာ ပြုလုပ်ခဲ့ရ၏။ ဖန်းဟန်၏ လက်ရှိ ချမ်းသာကြွယ်ဝမှုသည် သူ ထပ်မံညှစ်ထုတ်၍ ရနိုင်မည့်အရာများ မဟုတ်ကြောင်း သိရှိပြီးဖြစ်သည်။
လွင့်မျောတိမ်တောင်နှင့် ရင်ဆိုင်ရမည်ဟု ကြားရချိန်က သူကိုယ်တိုင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ သွားခဲ့သေး၏။ ဤတစ်ကြိမ်မှာတော့ လွင့်မျောတိမ်တောင်၏ အစီအရင် ချိုးဖြတ်ခြင်း နည်းလမ်းကို သူက မဝယ်ယူခဲ့ချေ။ ထိုအစား လွင့်မျောတိမ်တောင် အစီအရင်၏ အားနည်းသည့် အကြောင်းအရာ များကိုသာ ဝယ်ယူခဲ့ခြင်းဖြစ်၏။ ထိုအရာသည် ပိုမို၍ ကုန်ကျစရိတ် သက်သာပြီး သူ့အား နှလုံးသွေးယိုခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။
ထို့အပြင် လွင့်မျောတိမ်တောင်၏ တောင်ကာကွယ်ခြင်း အစီအရင်သည် အစစ်အမှန် အင်မော်တယ်အဆင့် ဖြစ်၏။ အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာဆီမှ ရယူခဲ့သည့် ရတနာများ အားလုံးသည် သူ့၌ ကုန်ခမ်းလု နီးပါးဖြစ်နေ၏။ ဖန်းဟန်သည်သာ အဆင်ခြင်မဲ့စွာဖြင့် လျှောက်ကာ ပြုလုပ်မည်ဆိုပါက နောက်ဆုံးရလဒ်သည် ဆုံးရှုံးမှုပေါင်းများစွာ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် မုန့်ရှင်းကျီသည် ကျိန်းသေပေါက် တစ်စုံတစ်ယောက်ကို သတ်ဖြတ်မိမှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် သူ သွေးနှင့်ချွေး ရင်းကာ ကြိုးစားထားခဲ့သည့် အရင်းအမြစ်များ အားလုံးကို ထုတ်သုံးကာ ဖန်တီးပြုလုပ်ထားသည့် အစီအရင်ကြီးတစ်ခု ပျက်စီးသွားခြင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
“ကျုပ် နားလည်ပါပြီ” ဖန်းဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် နှလုံးသားထဲတွင် ရှိနေသည့် လုပ်ချင်ကိုင်ချင်စိတ်များ အားလုံးကို ဖိနှိပ်ထားခဲ့ရသည်။ မိသားစု၏ ရန်သူများသည် သူ၏ရှေ့တွင် ရှိနေ၏။ သို့ပေမဲ့ ထိုလူများ အားလုံးကို နေ့စဉ်နေ့တိုင်း ထိုင်ကြည့်နေရပြီး ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့်အရာများ ပြုလုပ်နိုင်ရန် လက်ရှိ သူပြုလုပ်ချင်နေသည့် အကြောင်းအရာများကို ခဏတာ ထိန်းသိမ်းထားရန် လိုအပ်နေ၏။ ရေရှည်ကို မျှော်ကြည့်ခြင်းသည် တကယ့်ကို ကောင်းမွန်သည့် အရာမျိုးပင် မဟုတ်ပါလား။
မုန့်ရှင်းကျီ၏ ချဉ်းကပ်မှုသည် တကယ့်ကို သံသယ ရှိစရာ မလိုဘဲ ဉာဏ်ကောင်းလှသည့် မဟာဗျူဟာပင် ဖြစ်လေသည်။ လွင့်မျောတိမ်တောင်၏ အတွင်းဆီသို့သာ ရောက်အောင် သွားနိုင်သည်ဆိုပါက သူတို့ ကျိန်းသေပေါက် အကျိုးအမြတ်များ ရရှိပေလိမ့်မည်။ ဆုံးရှုံးမှုများ အားလုံးကို ပြန်လည်ရရှိရုံသာမက ပိုမို များပြားသည့် အရာအားလုံးကိုလည်း ထပ်မံကာ ရရှိနိုင်သေး၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ နောက်တစ်ကြိမ် သွားပြီးသည့်နောက် လွင့်မျောတိမ်တောင်ကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ဆိုသော အကြောင်းအရာ အချက်အလက်များကို ထပ်မံကာ ဝယ်ယူနိုင်သေးသည်။
“မင်းရဲ့ နားလည်မှုက ချီးကျုးချင်စရာပဲ” မုန့်ရှင်းကျီ၏ အသံသည် ထူးမခြားနား သကဲ့သို့ပင်။
သူ၏ လက်များကို အသာလှုပ်ရှားပြီး မြေတည်နေရာ၏ အတွင်းဘက်ဆီသို့ နတ်ဘုရားပစ္စည်းများ တစ်ခုပြီးတစ်ခု ပစ်လွှတ်နေ၏။ အစီအရင်ကြီး ဆယ်ခုသည် တစ်ခုပြီးတစ်ခု ချိတ်ဆက်လျက် ရှိနေ၏။ တာအို၏ အော်ရာများ သည် ခပ်ဖျော့ဖျော့ ထွက်လာခဲ့၏။
“ဒီရက်ပိုင်းအတွင်းမှာ လွင့်မျောတိမ်တောင်ရဲ့ တပည့်တော်တော်များများက တည်နေရာ အသီးသီးဆီကနေ ဒီကို ရောက်လာခဲ့ကြတယ်။ လွင့်မျောတိမ်တောင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ငါမသိဘူး ဆိုပေမဲ့ သေချာတာ တစ်ခုတော့ရှိတယ်”
မုန့်ရှင်းကျီက ပြောဆိုလိုက်၏။ “လွင့်မျောတိမ်တောင်က ကြီးကျယ်ခမ်းနားတဲ့ လှုပ်ရှားမှု တစ်ခုကို မကြာခင် ပြုလုပ်တော့မှာပဲ”
“စီနီယာ... ဒါ ကျုပ်တို့အတွက် အခွင့်အရေးပဲလေ” ဖန်းဟန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပ သွားခဲ့၏။ သူတို့ လွင့်မျောတိမ်တောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ လွင့်မျောတိမ်တောင်၏ တပည့်များသည် ဠာနချုပ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ အားလုံးကို သတ်ဖြတ်ပစ်ရန်အတွက် ကောင်းမွန်လှသည့် အခွင့်အရေးပင်။
လွင့်မျောတိမ်တောင်မှ လူများ ဂိုဏ်း၏ အပြင်ဘက်ကို ရောက်ရှိနေမည်ကို သူက စိုးရိမ်နေမိ၏။ ထိုသို့ဆိုလျှင် သူကို ပြန်လည်ကာ မြန်မြန်ဆန်ဆန် လက်စားလာချေကြမည် မဟုတ်ပါလား။ အင်ပါယာရန်မိုသည် ကောင်းကင် မူလလောကကြီးထဲ၌ ရှိနေ၏။ ယခု တခြားတပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ပြန်လာသည် ဆိုခြင်းမှာ လွင့်မျောတိမ်တောင် တစ်ခုလုံးကို သုတ်သင်ရန် အခွင့်အရေးကို သူ့အား ကောင်းကင်က ပေးအပ်နေသလား ဟုပင် ထင်မှတ်မှားရသည်။
“ဒါက မင်းရဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ ငါ့ရဲ့ အခွင့်အရေး မဟုတ်ဘူး” မုန့်ရှင်းကျီသည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူ၏ ရည်ရွယ်ချက်သည် လွင့်မျောတိမ်တောင်၏ ရတနာတိုက်ပင် ဖြစ်၏။ လွင့်မျောတိမ်တောင်၏ တပည့်များကို သူ စိတ်မဝင်စားချေ။ တစ်ယောက်ကို သတ်ဖြတ်ခြင်း၊ အများအပြားကို သတ်ဖြတ်ခြင်း။ ထိုအရာသည် သူ့အတွက် ခြားနားလှသည် မဟုတ်ချေ။ တာဝန် ပြည့်မြောက်ပြီးနောက် သူသည် ဤနေရာမှ ထွက်ခွာသွားရန်သာ စီစဉ်ထား၏။
“ခင်ဗျားပြောတာ အမှန်ပါပဲ စီနီယာ” ဖန်းဟန်က မငြင်းပယ်ခဲ့ချေ။ လက်ရှိ အခြေအနေမှာတော့ မုန့်ရှင်းကျီနှင့် သူတို့သည် တူညီသည့် ကြိုးတစ်ချောင်းပေါ်တွင် တည်ရှိနေသည့် ဓားခုတ်ကောင်များကဲ့သို့ပင် ဖြစ်လေ၏။ မု့န်ရှင်းကျီ ဘာပဲပြောပြော အဆုံးသတ်တွင် တစ်ယောက်နှင့်တစ်ယောက် မှီခိုပေါင်းသင်းရမည် မဟုတ်ပါလား။
“နောက်ထပ် ဆယ်ရက်ကြာပြီးရင် အစီအရင်က အဆင်သင့် ဖြစ်ပြီ” မုန့်ရှင်းကျီသည် သေသေချာချာ အာမခံကာ ပြောဆိုလိုက်၏။ သူသည် အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ မြင်ကွင်း တစ်ခုလုံး သည် ပန်းချီရေးဆွဲထားသကဲ့သို့ပင် လှပလွန်းသည်။
အစစ်အမှန် အင်မော်တယ်တစ်ယောက် ပိုင်ဆိုင်သည့် ဂိုဏ်းတစ်ခုသည် ခန့်မှန်း၍ မရနိုင်အောင် တောင့်တင်းမှာ သေချာ၏။ ထို့အပြင် လွင့်မျောတိမ်တောင်သည် ဖန်းကလန် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းထားသောကြောင့် အထဲတွင် ရတနာပေါင်းများစွာ တည်ရှိပေလိမ့်မည်။ အထဲသို့သာ ချိုးဖြတ်ဝင်ရောက်နိုင်သည် ဆိုပါက ကံကောင်းခြင်း မျိုးစုံကို ပိုင်ဆိုင်နိုင်မှာ သေချာ၏။
ကံကောင်းသည်ဆိုပါက လွင့်မျောတိမ်တောင်ကြီး တစ်ခုလုံးကိုပင် သိမ်းဆည်းနိုင်စွမ်း ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ထိပ်ဆုံးအဆင့်ဆီသို့ လှမ်းတက်နိုင်ပေလိမ့်မည်။ ထိုအတွေးကို တွေးပြီးသည့်နောက် မုန့်ရှင်းကျီသည် သူ၏ လက်များကို ခါယမ်းကာဖြင့် လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်များကို ကြည့်ရှုလိုက်သည်။
လက်စွပ်တစ်ကွင်းစီတိုင်းသည် တောင်ကြီးတစ်ခုလုံးကို ထည့်သွင်းထားနိုင်သည့် ပမာဏ အကျယ်အဝန်းကို ပိုင်ဆိုင်သည့် အရာများပင် ဖြစ်၏။ ဤတည်နေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် အရာအားလုံးကို ရယူမည် ဆိုသည့် ယုံကြည်ချက် မည်မျှ ပြင်းထန်ကြောင်း ထိုအရာက သက်သေပြလို့နေ၏။
“စီနီယာ နန်းဆောင်သခင်ဆီက အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းကို တိုက်ရိုက် ဝယ်ယူလိုက်တာ ပိုပြီး သင့်တော်တယ်။ ဝယ်စရာမရှိတော့လို့သာ” မုန့်ရှင်းကျီက သက်ပြင်းချလိုက်၏။ ရောင်စဉ်အလင်း နတ်နယ်မြေ၌ ကြုံခဲ့သည့်အရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် ဖြစ်စဉ်တစ်ခုလုံးသည် အမှန်ပင် ရိုးရှင်းစွာ အောင်မြင်သွားခဲ့ကြောင်း နားလည်လိုက်မိသည်။
ကံဆိုးစွာဖြင့် လွင့်မျောတိမ်တောင်သည် ရောင်စဉ်အလင်းနတ်နယ်မြေ မဟုတ်ပေ။ သူ့အနေနှင့် ထိုကဲ့သို့သာ ပြုလုပ်မည်ဆိုပါက ထောင်ချောက်ထဲသို့ ကျဆင်းသွားနိုင်၏။ ဖန်းဟန်ကို ခေါ်ဆောင်သွားသည် ဆိုလျှင်တောင်မှ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ဖန်းဟန်၏ တိုက်ခိုက်ချက် တစ်ခုသည် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ တိုက်ခိုက်ချက်နှင့် တူညီသည် ဆိုလျှင်တောင်မှ ထိုအချိန်၌ လွင့်မျောတိမ်တောင်သည် ကျိန်းသေပေါက် ဖျက်ဆီးခြင်းကို ခံရမှာဖြစ်ပြီး များပြားလှသည့် တန်ဖိုးကြီး ရတနာများအားလုံး ဆုံးရှုံးရပေလိမ့်မည်။
“ဆယ်ရက်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ဒီအဘိုးကြီးက စောင့်နိုင်တယ်”
မုန့်ရှင်းကျီသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူသည် အဝေးတွင် ရှိနေသည့် လွင့်မျောတိမ်တောင်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အစီအရင်ကို မြန်မြန်ဆန်ဆန် အသက်သွင်းနိုင်ရန်အတွက် စတင်၍ အာရုံစူးစိုက်လိုက်တော့သည်။