← Chapters

အပိုင်း (၄၇၅)

Vol. 32 Ch. 475

အပိုင်း (၄၇၅)

Vol. 32 Ch. 475

ဆယ်ရက် ကြာမြင့်ပြီးသည့်နောက် လွင့်မျောတိမ်တောင်၏ အပြင်ဘက် ....။

လေများ တဟူးဟူးနှင့် တိုက်ခတ်လာပြီး နေနှင့်လများပင်လျှင် အလင်းများ ပျောက်ကွယ်သွားခဲ့၏။ မုန့်ရှင်းကျီ သည် လေဟာနယ်ထဲသို့ ၎င်း၏ နတ်ဘုရားပစ္စည်းများကို နောက်ဆုံးပိတ်အဖြစ် ပစ်လွှတ်လိုက်သည်။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး၌ သီးခြားဆန်လွန်းလှသည့် သတ်ဖြတ်ခြင်းဆန္ဒများ ပျံ့နှံ့သွားသည်။

“စပြီ” မုန့်ရှင်းကျီက အသာအော်လိုက်၏။

ဘုန်း

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်တွင် သန်းထောင်နှင့်ချီသည့် သင်္ကေတများ ဖြစ်တည်လာခဲ့သည်။ ထိုသင်္ကေတများသည် လေဟာနယ်ထဲတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီးသည့်နောက် သေးငယ်လှသည့် နေလုံးတစ်ခုကဲ့သို့ ဖြစ်တည်ကာ နတ်ဘုရားရောင်စဉ် အလင်းတန်းများကို ထုတ်လွှတ်တော့သည်။

အောက်တွင် ရှိနေသည့် မြေပြင်တစ်ခုလုံးသည် လက်ရှိအခြေအနေမှာတော့ တလက်လက် လင်းလက်လျက် ရှိ၏။ ရောင်စဉ် အလင်းတန်းများ၏ အောက်တွင်တော့ အဆုံးမဲ့သော သတ်ဖြတ်ခြင်း ဆန္ဒများ ဖြစ်တည်နေခဲ့ပြီး အားလုံးသော သူတို့ကို ပခုံးတွန့် ကြောက်လန့်စေခဲ့၏။

“စီနီယာ... အစီအရင်က စပြီလား” ဖန်းဟန်က အသာမေးမြန်းလိုက်သည်။

“အမှန်ပဲ”

မုန့်ရှင်းကျီက ခေါင်းညိတ်လိုက်၏။ သူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ငါ လှုပ်ရှားပြီ ဆိုမှတော့ လွင့်မျောတိမ်တောင်က ကပ်ဘေး ဆိုက်ပြီပဲ”

“လွင့်မျောတိမ်တောင် တကယ်တမ်း ဖျက်ဆီးခံရပြီဆိုရင် ငရဲကိုးကောင်ရဲ့ နာမည်က လောကကြီး တစ်ခုလုံး ပျံ့နှံ့သွားလိမ့်မယ်။ ခင်ဗျားရဲ့နာမည်... စီနီယာ။ ကျိန်းသေပေါက် ဒီနာမည်ကို ကြားတဲ့လူတိုင်းက ကြောက်လန့်စေရမယ်” ဖန်းဟန်သည် စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူသည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ကြည့်ရှုလိုက်သည်။

ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၌ သွေးကဲ့သို့ နီမြန်းလှသည့် အလင်းရောင်စီးကြောင်းများဖြင့် ရှုပ်ထွေးစွာ ဖြစ်တည်နေ၏။ ထိုအရာဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန် ပြင်းပြင်းနှင့် ပေါ်ပေါက်လျက်ရှိ၏။

လက်ရှိ အခြေအနေမှာတော့ လွင့်မျောတိမ်တောင်၏ အနီးပတ်ဝန်းကျင် မိုင်သိန်းနှင့်ချီသည့် အကွာအဝေးအတွင်း ရှိနေသည့် စွမ်းအင်လှိုင်းများ အားလုံးတို့သည် နတ်ဘုရားစစ်သည်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်နောက် အေးစက်လွန်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်နေ၏။ ကြည့်ရှုရသည်မှာ ထိုစစ်သည်များ အားလုံးသည် အောက်သို့ ဆင်းသက်ပြီးသည့်နောက် အရာအားလုံးကို သုတ်သင် ရှင်းလင်းပစ်ရန် မုန့်ရှင်းကျီ၏ အမိန့်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်။

“အဲလိုလား”

မုန့်ရှင်းကျီသည် ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်၏။ သူသည် အတည်မပြုသလို ငြင်းလည်း မငြင်းပယ်ခဲ့ချေ။ သူသည် ဂုဏ်သိက္ခာနှင့် နာမည် ကျော်ကြားမှုကို လိုချင်ခြင်း မဟုတ်ပေ။ လွင့်မျောတိမ်တောင် တစ်ခုလုံးကို ဖျက်ဆီးခဲ့ခြင်း ဆိုသည်မှာ တကယ့်ကို နားထောင်ကောင်းသည့်အရာ ဖြစ်သော်လည်း ထိုနောက်ကွယ်တွင် ကြီးမားလှသည့် စွန့်စားရမည့် အရာများ တည်ရှိလို့နေ၏။ လက်ရှိအချိန်တွင် ဂုဏ်သိက္ခာ ဆိုသည်မှာ သူ့အတွက် အရေးမကြီးလှချေ။ အကျိုးအမြတ်ကသာ သူ့အတွက် အရေးကြီး၏။ မဟုတ်ပါက တစ်ချိန်လုံး သိုသိုဝှက်ဝှက်နှင့် အစီအရင်များကို ဖန်တီးနေလိမ့်မည် မဟုတ်ချေ။

“ဒီအဘိုးကြီးက အရင်ဆုံး မင်းအတွက် အတိုးတချို့ ပြန်ရဖို့ မင်းတို့ ဖန်းကလန်ကို ကူညီပေးမယ်” မု့န်ရှင်းကျီက ပြောဆိုလိုက်၏။ ထိုစကားစု ကျဆင်းလာချိန်မှာပဲ သူ၏ လက်ငါးချောင်းသည် လေဟာနယ်ထဲသို့ လှမ်းကာ နှိုက်လိုက်၏။

ချလွမ် ချလွမ် ချလွမ်

တော်ဝင်အစီအရင်ကြီးသည် ထပ်မံ အသက်ဝင်လာခဲ့ပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ကောင်းကင်ယံ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ကြက်သွေးရောင်ကဲ့သို့ သေမင်း၏ အလင်းရောင်များသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီးနောက် ရေတွက်၍မရအောင် များပြားလှသည့် နတ်ဘုရားဓားများသည် ကောင်းကင်ယံ တစ်ခုလုံးတွင် ပြည့်နှက်လာ၏။ လောကကြီး တစ်ခုလုံးသည် အေးစက်သည့် ငရဲခန်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက ဘာကြီးလဲ”

လွင့်မျောတိမ်တောင်၏ အပြင်ဘက်တွင်တော့ များပြားလှသည့် လူများသည် တည်နေရာ အနှံ့ဆီမှ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ သူတို့ တည်နေရာထဲသို့ ဝင်ရောက်လိုက်ခြင်းမှာပဲ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှိနေသည့် မြင်ကွင်းများသည် အလုံးစုံ ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့သည် ငရဲခန်း တစ်ခုထဲသို့ ရောက်ရှိသွားသည် ဖြစ်ကြောင်းကို သတိပြုလိုက်မိကြ၏။

အားနည်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ကြီးမားလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများ၏ အောက်တွင်တော့ အော်သံတစ်ချက်ပင် မပြုလုပ်လိုက်ရဘဲ ပျောက်ကွယ်သေဆုံးသွားခဲ့ကြ၏။ အနည်းငယ် ပိုမို အားကောင်းလှသည့် လူများပင်လျှင် မနည်းရုန်းကန်ကာ ခုခံနေကြ၏။ ၎င်းတို့၏ အသက်သည့် ကြိုးမျှင်လေး တစ်ခုပေါ်တွင် တည်ရှိနေခဲ့ပြီး အချိန်မရွေး ပြုတ်ကျကာ သေဆုံးတော့မည့် သကဲ့သို့ပင်။

“အစီအရင်ပဲ”

တော်ဝင်သူတော်စင် တစ်ယောက်သည် တုန်လှုပ်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။ နှစ်ပေါင်းများစွာ နေထိုင်း အသက်ရှင်ခဲ့ပြီး ခရမ်းရောင်နက်နဲလောကြီးနှင့် တိုက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်သည်မို့ သူသည် တကယ်ပင် အတွေ့အကြုံ များပြားလှသည့် လူတစ်ယောက်ဖြစ်၏။

သို့ပေမဲ့ ဂိုဏ်းဆီသို့ ပြန်ရောက်ရောက်ချင်းပဲ ၎င်းတို့၏ တောင်ဂိတ်တံခါးရှေ့၌ သတ်ဖြတ်ခြင်း အစီအရင်တစ်ခု တည်ရှိနေကြောင်းကို အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။ ဒါ မည်သူ ပြုလုပ်ထားသနည်း။ တောင်၏ ဂိတ်တံခါး ရှေ့တွင် သူသေဆုံးရတော့မည်လား။ လွင့်မျောတိမ်တောင်၏ အတွင်းဘက်တွင် ရှိနေသည့် အကြီးအကဲအားလုံးသည် ဤနေရာ၌ အစီအရင်ဖန်တီးနေခြင်းကို အဘယ်ကြောင့် သတိမပြုမိရသနည်း။

“ဘယ်သူလဲ။ ဘယ်သူက လွင့်မျောတိမ်တောင်ကို ပြဿနာ ရှာချင်တာလဲ” တော်ဝင်သူတော်စင်က ပြောဆိုလိုက်၏။ သူ၏ အသံသည် တည်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။ သို့ပေမဲ့ မည်သည့် တုံ့ပြန်မှုကိုမှ မရခဲ့ချေ။

ခဏအတွင်းမှာပဲ ရွှီး ဟူသည် ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကြက်သွေးရောင်ကဲ့သို့ တောက်ပလျက် ရှိနေသည့် နတ်ဘုရားဓားများသည် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့ပြီးသည့်နောက် သူ့ကို ပိုင်းဖြတ်သွား၏။

ဝေါ့

ခုခံမှုတစ်ခုမှ မပြုလုပ်ရဘဲနှင့် တော်ဝင်သူတော်စင်သည် အခိုးအငွေ့များကဲ့သို့ပင် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့၏။ အဆုံးမဲ့သော ဓားရောင်စဉ် အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ လွင့်မျောတိမ်တောင် တစ်ခုလုံးသည် ဆိုးရွားလှသည့် သတ်ဖြတ်ခြင်း တည်နေရာထဲသို့ ရောက်ရှိလျက် ရှိနေပြီး တောင်တော်တော်များများတို့သည် စက္ကူအစိတ်အပိုင်းများကဲ့သို့ ပျက်စီးလျက် ရှိနေသည်။

ဓားအလင်းများ ဖြတ်သန်းသွားရာ တည်နေရာတိုင်းတွင် ရှိနေသည့် အရာအားလုံးတို့ ပျောက်ကွယ်ကုန်၏။ ထိုဓားအလင်းများကို မည်သူကမှ မတားဆီးနိုင်ခဲ့ချေ။ လောကကြီးတစ်ခုလုံး အဆုံးသတ်သို့ ရောက်ရှိသွား သကဲ့သို့ပင်။

ဘုန်း

နားကွဲလောက်စရာ အသံကြီး ပေါ်ပေါက်လာခဲ့၏။ ဓား၏ အလင်းတန်းများသည် လွင့်မျောတိမ်တောင်၏ တောင်ကာကွယ်ခြင်း အစီအရင်နှင့် ထိပ်တိုက် တွေ့ဆုံပြီးသည့်နောက် ဂိုဏ်းကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ များပြားလွန်းလှသည့် နတ်ဘုရားတောင်များသည် တစ်ခုပြီးတစ်ခု ပြိုလဲကျလာ၏။ တပည့်ပေါင်း များစွာတို့သည် သွေးများ အန်ထွက်ကာဖြင့် မြေပေါ်သို့ လဲကျကုန်သည်။

ထိုအတောအတွင်း အပြင်ဘက်လောက၏ ကောင်းကင်ပေါ်တွင်တော့ လေဟာနယ်ကြီးသည် ပျက်စီးလျက် ရှိနေပြီး အနားပတ်ဝန်းကျင်ကို ကြည့်ရှုရမည်ဆိုလျှင် မိုင်တစ်သိန်း ပတ်ဝန်းကျင်သည် ဆိုးရွားသည့် အခြေအနေသို့ ကျရောက်နေ၏။

“ဘာတွေ ဖြစ်နေတာလဲ”

“လွင့်မျောတိမ်တောင်ရဲ့ အပြင်ဘက်မှာ ဘာလို့ အစီအရင်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာရတာလဲ”

“မဟုတ်ဘူး။ ဒါ တစ်ခုတည်း မဟုတ်ဘူး။ အစီအရင်တွေ အများကြီးပါလား”

“တစ်ခုချင်းစီတိုင်းက သတ်ဖြတ်ခြင်း အစီအရင်တွေပဲ။ ဘယ်သူက ဒီလောက် ရဲတင်းရတာလဲ”

လွင့်မျောတိမ်တောင်၏ အတွင်းတွင် မထင်မှတ်ထားသည့် ပြောင်းလဲမှုများ ဖြစ်တည်လာသည်ကို မြင်ရသည့် အချိန်မှာတော့ ခပ်ဝေးဝေး တည်နေရာတွင် ကျင့်ကြံနေကြသည့် ကျင့်ကြံသူများသည်လည်း သတိပြုမိ သွားခဲ့ကြ၏။ ၎င်းတို့သည် သူတို့၏ ခေါင်းထက်တွင် တည်ရှိနေသည့် အစီအရင်များကို လှမ်းကာကြည့်ရှုလိုက်၏။

လွင့်မျောတိမ်တောင်၏ တပည့်တစ်ယောက်ချင်းစီတိုင်းသည် အိမ်မက် မက်နေသကဲ့သို့ပင် ခံစားနေမိ၏။ လွင့်မျောတိမ်တောင်ကို မည်သူမှ စိန်မခေါ်ရဲသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ပြောနေစရာပင် မလိုချေ။ လက်ရှိအခြေအနေမှာတော့ သူတို့ သတိမပြုမိခင်မှာပဲ သတ်ဖြတ်ခြင်း အစီအရင်များက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“ဘယ်သူလဲ။ လွင့်မျောတိမ်တောင်ကို ဘယ်သူက ပြဿနာ ရှာရဲတာလဲ” လွင့်မျောတိမ်တောင် အတွင်းဆီမှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အေးစက်လျက်ရှိနေ၏။ ထိုအသံထဲတွင် ဖုံးကွယ်၍ မရနိုင်သော သတ်ဖြတ်လိုခြင်းဆန္ဒများ ထွက်ပေါ်လျက်ရှိပြီး အရပ်လေးဖက်လေးလံသို့ ပျံ့နှံ့သွားခဲ့၏။ ထိုအသံသည် လှိုင်းများအဖြစ်သို့ အသွင်ပြောင်းပြီး တည်နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ ဤအရာသည် စကားစု တစ်ခုပင် မဟုတ်ဘဲ အစီအရင်ကို ဖန်တီးခဲ့သည့် လူကို ရှာဖွေခဲ့ခြင်းလည်း ဖြစ်၏။

လွင့်မျောတိမ်တောင်၏ အဓိကဟောခန်းထဲမှာတော့ လက်ရှိ လွင့်မျောတိမ်တောင်၏ သခင်သည် တင်းမာ ခက်ထန်သည့် မျက်နှာသွင်ပြင်နှင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး သူ၏ ရင်ဘတ်ကြီး တစ်ခုလုံးသည် ဒေါသတရားများဖြင့် မို့မောက်လျက် ရှိနေ၏။ မျက်နှာပြင် တစ်ခုလုံးသည်လည်း နီရဲလျက် ရှိနေပြီး အလွန်အမင်း ဒေါသထွက်နေသည်မှာ သိသာလှသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က လွင့်မျောတိမ်တောင် အနေနှင့် လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်မည့် အကြောင်းကို သူက တွေးတောခဲ့၏။ သို့ပေမဲ့ မကြာခင်မှာပဲ တစ်စုံတစ်ယောက်သည် သူတို့၏ တံခါးဝဆီသို့ ရောက်ရှိလာခဲ့ပြီး အစီအရင်များကို ဖန်တီးခဲ့၏။ ဤအရာသည် ဤအဘိုးကြီး၏ မျက်နှာကို လာရောက်ကာ ရိုက်နှက်ခြင်းနှင့် ဆင်တူသည် မဟုတ်ပါလား။

ဖန်းကလန် တစ်ခုလုံးကို သုတ်သင်ရှင်းလင်းခဲ့သည့် လွင့်မျောတိမ်တောင်၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါသည် တားဆီး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ မြေအင်မော်တယ် လောကတစ်ခုလုံးတွင် ရှိနေသည့် လူအနည်းငယ် သာလျှင် ၎င်းတို့ကို လာရောက်ကာ ပြဿနာ ရှာရဲကြ၏။ အခု ရောက်ရှိလာခဲ့သည့် ရန်သူများကို မဖြေရှင်းနို်ငဘူး ဆိုပါက လွင့်မျောတိမ်တောင်၏ ဂုဏ်သိက္ခာ တစ်ခုလုံးသည် အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။

“ခိုးကြောင်ခိုးဝှက်နဲ့ ပုန်းအောင်နေပြီးတော့ ထွက်မလာရဲဘူးလား”

လွင့်မျောတိမ်တောင်၏ သခင်သည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် ထိုမျက်လုံးဆီမှ နတ်ဘုရားအလင်းတန်းများသည် လေဟာနယ်ထဲကို ထိုးခွင်းကာ အရာအားလုံးကို ကြည့်ရှုနေ၏။ သူသည် ရှေ့ဆီသို့ အသာလှမ်းတက်ပြီးသည့်နောက် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ “ဒီမှာ အစီအရင် အနည်းငယ်ပဲ ရှိတယ်။ လွင့်မျောတိမ်တောင်ရဲ့ အရှေ့မှာ မင်းလာပြီး မောက်မာရဲတယ် ဟုတ်လား”

ထိုစကားစု ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လွင့်မျောတိမ်တောင်၏ သခင်သည် စတင်ကာ လှုပ်ရှားလိုက်၏။ သူသည် လေဟာနယ်ထဲသို့ ရောက်ရှိသွားပြီးသည့်နောက် လက်တစ်ဖက်ကို ယမ်းခါလိုက်သည့် အချိန်မှာတော့ ကောင်းကင်ယံထက်ဆီမှ မဲနက်လှသည့် တောင်ကြီးတစ်ခုက ကျဆင်းလာခဲ့၏။ ထိုအရာကြီး တစ်ခုလုံးသည် လောကကြီး တစ်ခုလုံးကို ကွဲအက်သွားအောင် ဖျက်ဆီးသွားစေနိုင်စွမ်း ရှိနေသည့် အရာကဲ့သို့ပင်။ နေနှင့်လ များသည် ၎င်းတို့၏ ရောင်စဉ်ရောင်ဝါများ ဆုံးရှုံးသွားခဲ့ပြီး လောကကြီး တစ်ခုလုံး ပျက်စီးလုမတတ်ပင်။

ဘုန်း ဘုန်း

တောင်ကြီးပေါ်ပေါက်လာပြီးနောက် တောင်ကြီးသည် ပေတစ်သောင်း အမြင့်တွင် မတ်မတ်ရပ်ကာဖြင့် ဖျက်ဆီး၍ မရနိုင်သည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုတောင်ကြီးသည် သတ်ဖြတ်ခြင်း အစီအရင်ကို ဖိနှိပ်ရန် စတင်ကြိုးပမ်းလာခဲ့၏။

“ဒါ လွင့်မျောတိမ်တောင် လုပ်နိုင်တဲ့ အကုန်ပဲလား။ ဒီလိုဆိုရင် ခင်ဗျားတို့ ဖန်းကလန်ရဲ့ သွေးကြွေးကို ပြန်ပြီး ပေးဆပ်ဖို့ အချိန်ရောက်ပြီ” တင်းမာခက်ထန်လှသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ မည်သူလဲဆိုသည်ကို မည်သူမှ မသိရှိချေ။ သို့ပေမဲ့ ကောင်းကင်ယံထက်တွင်တော့ သွေးတိမ်များ စုဝေးလာခဲ့၏။ အစီအရင်မှ အော်ရာများ သည် တဟုန်းဟုန်းနှင့် ထွက်ပေါ်လာခဲ့ပြီး ခြောက်ခြားဖွယ်ရာ ဓားအော်ရာများသည် စကြဝဠာ တစ်ခုလုံးကို တုန်ခါစေခဲ့သည်။

ဓားအလင်းတန်း တစ်ခုပြီးတစ်ခုသည် ကောင်းကင်ယံထက်တွင် လွှမ်းခြုံကာဖြင့် ဖြစ်တည်လာခဲ့၏။ ဓားအလင်းတန်း တစ်ခုချင်းစီတိုင်းသည် တောင်များ၊ ချောင်းများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည့် အရာပင်။ ဓားများသည် လေဟာနယ်တစ်ခုလုံးကို ပိုင်းဖြတ်နေ၏။

မျက်စိတမှိတ်အတွင်းမှာပဲ တောင်တစ်ခုလုံးသည် ကွဲကြေသွားခဲ့၏။ အဆုံးမဲ့သည် ဓားအလင်းတန်းများသည် ပျောက်ကွယ် ပျက်စီးသွားမည့် အရိပ်သင်္ကေတမျိုး မရှိချေ။ လွင့်မျောတိမ်တောင်၏ တောင်ကာကွယ်ခြင်း အစီအရင်ကို ဆက်တိုက်ဆိုသလိုပဲ ကြမ်းကြမ်းတမ်းတမ်းနှင့် ခုတ်ပိုင်းလျက် ရှိနေသည်။

ဘုန်း

အစီအရင်နှင့် ဓားတိုက်ခိုက်ချက်တို့ ဆုံတွေ့သည့် အချိန်မှာတော့ မုန့်ရှင်းကျီသည် အစီအရင်ကို မှီခိုကာ တိုက်ခိုက် နေသူ ဖြစ်သောကြောင့် အထက်စီးမှရောက်ရှိနေ၏။ တခြားသော တစ်ဖက်ခြမ်းတွင် ရှိနေသည့် လွင့်မျောတိမ်တောင်မှ အကြီးအကဲများ၏ မျက်နှာပေါ်တွင်တော့ ရှုပ်ထွေးလှသည့် အမူအရာများ ထင်ပေါ်လာခဲ့၏။ ၎င်းတို့အား မည်သူလာရောက်တိုက်ခိုက်သည်မှန်း ယခုအချိန်အထိ သေသေချာချာ မသိသေးချေ။

“ဖန်းကလန်ရဲ့ အကြွင်းအကျန်တွေလား”

All Chapters