← Chapters

အပိုင်း (၄၇၆)

Vol. 32 Ch. 476

အပိုင်း (၄၇၆)

Vol. 32 Ch. 476

“တောင်သခင်... ဖန်းဟန် ပြန်လာတာလား မသိဘူး”

လွင့်မျောတိမ်တောင်၏ အကြီးအကဲ တော်တော်များများ တို့သည့် အဓိကဟောခန်း၏ ရှေ့ဆီသို့ လျင်လျင်မြန်မြန် ရောက်ရှိလာခဲ့ကြ၏။ အားလုံးသော သူတို့၏ အမူအရာ များသည် တည်ကြည်လေးနက်လျက် ရှိနေ၏။

၎င်းတို့သည် သုတ်သင်ခံရသည့် ဖန်းကလန်မှ တစ်စုံတစ်ယောက်သည် ပြန်လည်ကာ ရောက်ရှိလာပြီး လက်စားချေလိမ့်မည်ဟု မထင်မှတ်ခဲ့ကြချေ။ ထို့အပြင် တစ်ဖက်၌ တော်ဝင်အင်ပါယာတစ်ယောက် ပါဝင်လာ၏။ မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှ၏။ ဖန်းကလန်၏ တော်ဝင်အင်ပါယာ သေဆုံးသွားခဲ့သည် ဖြစ်ကြောင်းကို သူတို့က သေသေချာချာ သိရှိပြီးဖြစ်၏။ အဘယ်ကြောင့် တော်ဝင်အင်ပါယာကဲ့သို့သော တစ်စုံတစ်ယောက်က အသက်ရှင်နေရသနည်း။

“ဖန်းကလန်ရဲ့ အမှိုက်ကလွဲရင် လွင့်မျောတိမ်တောင်ကို လာပြီး စိန်ခေါ်နိုင်တဲ့လူကို ကျုပ် ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး”

လွင့်မျောတိမ်တောင်၏ အထက်ပိုင်း အကြီးအကဲတစ်ယောက်သည် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။ သူ၏ အမူအရာသည် အေးစက်လျက် ရှိနေပြီး ရုတ်တရက်ထကာ သတ်ဖြတ်လိုသည့်ဆန္ဒများသည် ၎င်း၏ မျက်နှာထက်၌ အထင်းသား ပေါ်ပေါက်နေ၏။

ပုန်းကွယ်လျက် ရှိနေသည့် တော်ဝင်အင်ပါယာ တစ်ယောက်သည် ခိုးကြောင်ခိုးဝှက်နှင့် လွင့်မျောတိမ်တောင်ကို တိုက်ခိုက်လျက် ရှိနေ၏။ လွင့်မျောတိမ်တောင်၏ အတွင်း၌ ကြီးကြီးမားမား ထိခိုက်အောင် မပြုလုပ်နိုင်သော်လည်း တောင်ကာကွယ်ခြင်း အစီအရင်ကို ဤကဲ့သို့ ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်နေခြင်း သည် ရှိရှိသမျှသော လူပေါင်းများစွာတို့၏ မျက်နှာကို လာရောက်ကာ ရိုက်နှက်နေခြင်းနှင့် ဆင်တူသည်။

သူတို့သည် တုံ့ပြန်တိုက်ခိုက်ရန် တကယ်ပဲ စိတ်ဆန္ဒပြင်းထန်နေသည်။ သို့ပေမဲ့ အပြင်ဘက်တွင် အစီအရင်ကြီး တည်ရှိနေသောကြောင့် အပြင်ဘက်သို့ အဆင်ခြင်မဲ့စွာဖြင့် ထွက်ကာ မသွားရဲချေ။ ထို့အပြင် ပုန်းကွယ်နေသည့် တော်ဝင်အင်ပါယာသည် မဟာမိတ်များကို ခေါ်ဆောင်လာသည်လား မသိသေးချေ။

အပြင်ဘက်တွင် တော်ဝင်အင်ပါယာ နှစ်ယောက်လောက်ဆိုလျှင် တော်သေး၏။ သို့ပေမဲ့ များပြားလှသည့် တော်ဝင် အင်ပါယာများ တည်ရှိနေမည် ဆိုပါက ကျိန်းသေပေါက် ၎င်းတို့ ဒုက္ခရောက်ပေမည်။ တောင်ကာကွယ်ခြင်း အစီအရင်၏ ကာကွယ်ပေးခြင်း မရှိပါက အပြင်ဘက်သို့ ထွက်သွားခြင်းသည် သေလမ်းရှာခြင်းနှင့် ဆင်တူပေလိမ့်မည်။

“တကယ်လို့ ဖန်းဟန်သာဆိုရင် တော်ဝင်အင်ပါယာ တစ်ယောက်ရဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့ ဖန်းကလန်ထဲမှာ သေချင်ယောင်ဆောင်ပြီး လွတ်မြောက်သွားတဲ့ တော်ဝင်အင်ပါယာ တခြားတစ်ယောက် ရှိနေနိုင်တာလား” ခပ်ပိန်ပိန်နှင့် အကြီးအကဲ တစ်ယောက်သည် သေသေချာချာ စဉ်းစားလိုက်၏။

တော်ဝင်အင်ပါယာများသည် များပြားလှသည့် ဝှက်ဖဲများ တည်ရှိ၏။ လက်ရှိ အခြေအနေမှာတော့ တစ်စုံတစ်ယောက် သည် ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ၎င်းတို့အား သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် တိုက်ခိုက်လျက် ရှိနေသည်။ ထို့ကြောင့် ဖန်းကလန်မှ တစ်စုံတစ်ယောက်ဖြစ်ကြောင်း သူတို့က သံသယဝင်မိကြသည်။

“အင်း... ဖန်းကလန်က တစ်စုံတစ်ယောက် မဟုတ်တာလည်း ဖြစ်နိုင်တယ်”

လွင့်မျောတိမ်တောင်၏ သခင်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် တကယ်ပင် ကြီးကျယ် မြင့်မြတ်လွန်းလှ၏။ “ဖန်းကလန်ရဲ့ တော်ဝင်အင်ပါယာ အားလုံးက သုတ်သင်ခြင်း ခံလိုက်ရပြီ။ ခရမ်းရောင် နက်နဲလောကထဲမှာလည်း ဖန်းကလန်ရဲ့ မျိုးဆက်တွေ မရှိတော့ဘူး။ ဖန်းဟန် ခေါ်ဆောင်လာခဲ့တဲ့ တပ်ကူကျင့်ကြံသူက တခြားလောကက တစ်ယောက်ယောက်လည်း ဖြစ်နိုင်တယ်”

လွင့်မျောတိမ်တောင်၏ သခင်က ဆက်လက်ကာ ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများထဲတွင် တွေးတွေးဆဆ အမူအရာများသည် အထင်းသား ပေါ်ပေါက်လာခဲ့သည်။

“ဖန်းဟန်ရဲ့ စွမ်းဆောင်ရည်ကို ကျုပ်တို့က မျက်မြင် မတွေ့ရသေးဘူး။ ဒါပေမဲ့ သူက အသက်ဘေးက လွတ်အောင် ထွက်ပြေးနိုင်စွမ်း ရှိတယ်ဆိုတာ ကျုပ်တို့ သိပြီးသားပဲ။ ကျုပ်တို့ သူ့ကိုသာ မသတ်ဖြတ်နိုင်ဘူးဆိုရင် သူက ကျိန်းသေပေါက် ပုန်းလျှိုးကွယ်လျှိုးနဲ့ ကျုပ်တို့ တစ်ယောက်ချင်းစီတိုင်းကို လိုက်သတ်နေမှာပဲ။ ကောင်းကင်မူလ လောကကြီးထဲမှာ ဖန်းဟန်ကို ကူညီနိုင်တဲ့ တော်ဝင်အင်ပါယာ နှစ်ယောက်ရှိတယ်။ တစ်ယောက်က အောင်းရွှမ်၊ နဂါးကလန်ရဲ့ ဘိုးဘေးပဲ။ ပြီးတော့ မုန့်ရှင်းကျီ၊ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး။ နှစ်ယောက်လုံးက ဖန်းဟန်ဘက်မှ ရပ်တည်ပြီးတော့ ကျုပ်တို့ကို လာရောက်တိုက်ခိုက်နိုင်တဲ့ အခြေအနေမှာရှိတဲ့ လူတွေကြီးပဲ။ ဘာလို့လဲဆိုတော့ လောကကြီးနှစ်ခုက ပြဿနာတွေ တက်နေပြီ။ ကျုပ်တို့ လွင့်မျောတိမ်တောင်က သူတို့ကို ကျုးကျော်နေတဲ့ မြေအင်မော်တယ်လောကက မဟုတ်လား။ ဒါနဲ့”

လွင့်မျောတိမ်တောင်၏ သခင်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ သူသည် ရုတ်တရက်လှည့်ကာ မေးမြန်း လိုက်၏။ “ကောင်းကင်မူလလောကကြီးထဲကို ဝင်သွားတဲ့ အကြီးအကဲနှစ်ယောက်ရဲ့ အခြေအနေက ဘာလဲ။ ဥပမာအားဖြင့် ကောင်းကင်မူလလောကကြီးရဲ့ နဂါးကလန်နဲ့ ငရဲကိုးကောင် အင်ပါယာတို့ ဘယ်နားမှာရှိတယ် ဆိုတာကို စုံစမ်းလို့ ရပြီလား။ သူတို့ တိုက်ပွဲမှာ ပေါ်လာကြပြီလား”

အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည်ရှုလိုက်ကြ၏။ အားလုံးတို့သည် နဝေတိမ်တောင် ဖြစ်လို့ နေ၏။ တောင်သခင်အနေနှင့် တောင်၏ ဂိတ်တံခါးကို ဝိုင်းပတ်၍ အစီအရင်များနှင့် တိုက်ခိုက်နေသည့် အချိန်တွင် အဘယ်ကြောင့် ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် အကြောင်းအရာများကို စိုးရိမ် ပူပန်နေရသနည်း။

ဖြစ်နိုင်သည်မှာ တောင်၏ဂိတ်တံခါး အပြင်ဘက်တွင် ရှိနေသည့် ရန်သူများသည် သူ့အနေနှင့် စဉ်းစားတွေးတောရန် ထိုက်တန်လှသည့်လူများမဟုတ်ကြောင်း တောင်သခင်က ထင်မှတ်နေလေသည်လား။

“တောင်သခင်ကို သတင်းပို့ပါတယ်”

အကြီးအကဲ တစ်ယောက်သည် ဦးညွတ်ကာ တုံ့ပြန်လိုက်၏။ “ကောင်းကင် မူလလောကကြီးရဲ့ နဂါးကလန်ဘိုးဘေး အောင်းရွှမ်က လက်ရှိ အခြေအနေမှာ ထွက်ပေါ်လာခဲ့ပြီ။ သူနဲ့ ကောင်းကင်မူလလောကကြီး ရဲ့ တခြားအင်ပါယာတစ်ယောက်တို့က ပူးပေါင်းပြီး ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ အင်အားစုတွေကို ခြုံခို တိုက်ခိုက်နေတယ်။ သူတို့က နောက်ပြန်ဆုတ်သွားတယ် ဆိုပေမဲ့ အဲဒီ တိုက်ခိုက်ချက်က ကျောက်စိမ်းလေဟာနယ် နန်းတော်ကို ထိခိုက်စေခဲ့တယ်။ ကျင့်ကြံသူတော်တော်များများလည်း သေဆုံးကုန်ကြတယ်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ရဲ့ အင်ပါယာ ..... အဲလူကတော့ ပျောက်နေတယ်။ အခုအချိန်အထိ တိုက်ခိုက်ရေး တည်နေရာထဲမှာ ပေါ်မလာသေးဘူး။ သူ့ရဲ့ ဒဏ်ရာတွေကို ပြန်ပြီးကုသနေတာလည်း ဖြစ်နိုင်တယ်”

အစဦးတုန်းက မုန့်ရှင်းကျီသည် အစစ်အမှန် အင်မော်တယ် တည်နေရာ၏ အရှေ့တွင် များပြားလှသည့် အစီအရင် များကို ဖန်တီးပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်း ပျံ့နှံ့ခဲ့ပြီးသားဖြစ်၏။ မြေအင်မော်တယ်လောက သည်လည်း ထိုသတင်းကို ရရှိခဲ့၏။ ထို့အပြင် ထိုကဲ့သို့သော အစီအရင်ထဲတွင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် တော်ဝင်အင်ပါယာတချို့ သည် မြေအင်မော်တယ်လောကမှ တစ်ယောက်၊ နှစ်ယောက်ပင် ပါဝင်သေးသည် မဟုတ်ပါလား။

“အင်း”

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ လွင့်မျောတိမ်တောင်၏ သခင်သည် ရုတ်တရက် မျက်ခုံးကို ပင့်လိုက်မိ၏။ သူ၏ မျက်လုံးထဲတွင် တွေးတွေးဆဆ အမူအရာများ ပေါ်ပေါက်လာခဲ့သည်။ သူသည် ကောင်းကင်ကို ကြည့်ရှုကာဖြင့် တီးတိုး ရေရွတ်လိုက်မိ၏။ “ကျုပ်သာ ထင်မြင်ယူဆချက် မှန်မယ်ဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အင်ပါယာက အစီအရင်တွေကို ကျွမ်းကျင်တယ်လေ”

“တောင်သခင်... ခင်ဗျား ထင်တာက။ အခု ကျုပ်တို့ရဲ့ တောင်ဂိတ်တံခါးမှာ လာပြီးတော့ အစီအရင်တွေကို ဖန်တီး ထားတာက ကောင်းကင်မူလလောကကြီးက မုန့်ရှင်းကျီလို့ ပြောချင်နေတာလား” ရှိရှိသမျှသော လူများသည် အရူးများ မဟုတ်ကြချေ။ ထိုစကားစုကို ကြားသည့်အချိန်မှာတော့ သူတို့သည် ကျိန်းသေပေါက် အဖြေ မရှာနိုင်ဘူး ဆိုလျှင်တောင်မှ ဤနေရာတွင် ပြဿနာ တစ်ခုခု ရှိနေသည်ဖြစ်ကြောင်းကို နားလည်လိုက်ကြသည်။

“ငရဲကိုးကောင် အင်ပါယာက တကယ့်ကို ရဲတင်းလွန်းတာပဲ” အကြီးအကဲတစ်ယောက်သည် ၎င်း၏ သံသယများကို ထုတ်ဖော်ပြသလိုက်၏။ ၎င်း၏ အသိအရဆိုလျှင် ကောင်းကင်မူလလောကကြီးဆီမှ ငရဲကိုးကောင် အင်ပါယာသည် မကြာသေးခင်ကမှ အင်ပါယာ ဖြစ်လာခဲ့သူဖြစ်၏။ ၎င်း၏ အားအင်အဆင့်သည့် တော်ဝင်အင်ပါယာများ ကြားထဲတွင် အောက်ဆုံး အခြေအနေ၌ တည်ရှိနေ၏။ လွင့်မျောတိမ် တောင်ကို ရန်စခြင်း ဆိုသည်မှာ ကျိန်းသေပေါက် သေလမ်းရှာခြင်း ဖြစ်သည် မဟုတ်ပါလား။

လွင့်မျောတိမ်တောင်သည်သာ အားအင်အဆင့်ကို တစ်ခါတည်း ထုတ်ဖော်ပြသလိုက်သည် ဆိုပါက ကျိန်းသေပေါက် ကောင်းကင်မူလလောကကြီးထဲသို့ မပြန်နိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်၏။ ထို့အပြင် လောကကြီးနှစ်ခုကြားသည် အလွန်ပင် ဝေးကွာလွန်းလှ၏။ အလျင်စလိုဖြင့် ထွက်ပြေးနိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ပြောဖို့တော့ ခက်တယ်”

လွင့်မျောတိမ်တောင်၏ သခင်သည် လက်တစ်ဖက်ဖြင့် ၎င်း၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ ပြောလိုက်၏။ “ကျုပ်ရဲ့ တွက်ချက်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ဒီငရဲကိုးကောင် အင်ပါယာက ဆိုးရွားလွန်းတယ်။ ပြီးတော့ ကောက်ကျစ်တယ်။ သူက အင်ပါယာဖြစ်လာအောင် ကြိုးစားတဲ့ အချိန်မှာတောင်မှ ခရမ်းရောင်နက်နဲ လောကကြီးထဲ ဝင်ရဲသေးတယ်လေ။ အင်ပါယာဖြစ်လာပြီးတဲ့နောက် တော်ဝင်အင်ပါယာ တော်တော်များများကို ခြုံခို တိုက်ခိုက်ခဲ့သေးတယ်။ သူက လွင့်မျောတိမ်တောင်ကို လာပြီး ပြဿနာရှာတယ် ဆိုတာ ကျိန်းသေပေါက် ဖြစ်နိုင်တဲ့ အကြောင်းအရာပဲ”

“တကယ်လို့ သူသာဆိုရင် သူ့သေတွင်း သူတူးနေတာပဲ”

လွင့်မျောတိမ်တောင်ရှိ များပြားလှသော အကြီးအကဲများ၏ မျက်နှာပေါ်တွင် သုန်မှုန်နေသည့် အမူအရာများ ဖြစ်တည်လာခဲ့ကြ၏။ ၎င်းတို့အား လာရောက်ကာ တားဆီးတိုက်ခိုက်နေသည့် လူများသည် နိရယအင်ပါယာ သို့မဟုတ် တော်ဝင်အင်ပါယာ ကျန်းထျန် ကဲ့သို့ သော လူများ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ထို့အပြင် ထိုသူများသည် အလွန်ပင် အားကောင်းလှသည် မဟုတ်ပါလား။

သို့ပေမဲ့ တကယ်တမ်း သူတို့ကို တိုက်ခိုက်နေသည့်လူသည် မုန့်ရှင်းကျီ ဖြစ်လို့နေခဲ့၏။ တကယ်ပင် အရှက်ရစရာဖြစ်သည်။ ယခုမှ အင်ပါယာ ဖြစ်လာခဲ့သည့် လူတစ်ယောက်သည် ၎င်းတို့၏ ဂိုဏ်းတစ်ခုလုံး အရှေ့တွင် အစီအရင်များကို ဖန်တီးကာဖြင့် တိုက်ခိုက်နေခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် ယုံကြည်ရန် ခက်ခဲလှ၏။

“အခုမှ အသစ်ဖြစ်လာတဲ့ အင်ပါယာတစ်ယောက်ပဲ။ တောင်သခင်... အမိန့်ပေးဖို့ တောင်းဆိုပါတယ်။ ကျုပ် ဒီကောင့်ကို ထွက်ပြီးတော့ တိုက်ခိုက်မယ်” လွင့်မျောတိမ်တောင်၏ အကြီးအကဲ တစ်ယောက်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုလိုက်သည်။

လွင့်မျောတိမ်တောင်၏ သခင်သည် မည်သည့်အချိန်ကတည်းက အင်ပါယာ ဖြစ်လာမှန်း မသိအောင်ပင် အချိန်ကြာမြင့်စဉ်တည်းက အင်ပါယာ ဖြစ်ခဲ့သူ ဖြစ်သည်။ မုန့်ရှင်းကျီကဲ့သို့ တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည်မှာ အလွန် လွယ်ကူသည့် အရာပင် ဖြစ်လေ၏။

“လွင့်မျောတိမ်တောင်ရဲ့ အပြင်ဘက်မှာ အစီအရင် တစ်ခု ဖန်တီးထားတယ်။ ဒီထဲမှာ နတ်ဘုရား အသိစိတ်တွေ ဖြန့်ကျက် ကြည့်ရှုမှုကို တားဆီးထားတယ်။ ကျုပ်အထင် မုန့်ရှင်းကျီက အချိန်ကာလတစ်ခုအထိ ဘယ်နေရာမှာ ပုန်းအောင်းနေတယ်ဆိုတာ ကျုပ်ရှာဖွေနိုင်မှာ မဟုတ်ဘူး” လွင့်မျောတိမ်တောင်သခင်က ပြောဆိုလိုက်သည်။

သူသည် အပြင်ဘက်တွင် ရှိနေသည့် အကြောင်းအရာများကို ကြည့်ရှုလျက် ရှိနေ၏။ ပြီးနောက် ထူးမခြားနားသလို ဆက်ပြောလိုက်၏။ “ဒါပေမဲ့ သူ့ရဲ့ အားအင်အဆင့်က မလုံလောက်သေးဘူးလေ။ သူက လွင့်မျောတိမ်တောင်ရဲ့ အခြေခံကို လုံးဝ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အချိန်ခဏလောက် ကြာပြီးသွားရင် သူ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ကျုပ် ရှာဖွေနိုင်လိမ့်မယ်”

လက်ရှိ အပြင်ဘက်သို့ ထွက်ကာ တိုက်ခိုက်ဖို့ နှောင့်နှေးနေခြင်း ဆိုသည်မှာ လွင့်မျောတိမ်တောင်၏ သခင်သည် မု့န်ရှင်းကျီ ပုန်းအောင်းနေသည့် တည်နေရာကို ရှာဖွေနေသောကြောင့်ပင်။ ပြောရမည်ဆိုလျှင် အပြင်ဘက် လောကကြီးတွင် တော်ဝင်အင်ပါယာ အရေအတွက် မည်မျှများများ ရောက်ရှိလာသည် ဖြစ်ကြောင်းကိုလည်း သူက အတည်ပြုချင်သေး၏။ သူ၏ နတ်ဘုရား အသိအမြင်များသည် လေဟာနယ် တစ်ခုလုံးကို ထိုးထွင်းကာဖြင့် အစီအရင်ကြီး တစ်ခုလုံးကို ပတ်ကာ ကြည့်ရှုနေ၏။ မုန့်ရှင်းကျီကို မြင်ရပြီး တခြားသော တော်ဝင်အင်ပါယာများ မရှိသည်ကို သိရှိပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင် ရှိနေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို မည်သို့မဖုံးကွယ်နိုင်ခဲ့တော့ချေ။

“လာပြီဆိုမှတော့ လွင့်မျောတိမ်တောင်ထဲကို ဘာလို့ ဝင်မလာရတာလဲ”

လွင့်မျောတိမ်တောင်၏ သခင်က အေးစက်စက် ပြောလိုက်၏။ ပြောနေတုန်းမှာပဲ သူသည် လက်ကို အသာမြှောက်လိုက်၏။ များပြားလှသည့် အလင်းတန်းများသည် လေဟာနယ်ထဲကို ထိုးခွင်းသွား၏။

“ဟား ဟား ဟား ဟား”

မုန့်ရှင်းကျီက ခြောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်သည်။ “လွင့်မျောတိမ်တောင်ကို ကျုပ် ကျိန်းသေပေါက် လာရမှာပေါ့။ ဒါပေမဲ့ တကယ်တမ်း လက်ဆောင်ကို မထုတ်ရသေးဘူး။ လက်ဗလာနဲ့ လာမယ်ဆိုရင် အားလုံးကို လေးစားမှုကင်းမဲ့သလို ဖြစ်နေမယ် မဟုတ်လား”

All Chapters