← Chapters

အပိုင်း (၄၇၇)

Vol. 32 Ch. 477

အပိုင်း (၄၇၇)

Vol. 32 Ch. 477

“တကယ့် လက်ဆောင် ဟုတ်လား” လွင့်မျောတိမ်တောင်မှ လူများသည် မျက်မှောင်ကုတ်လိုက်မိ၏။ မုန့်ရှင်းကျီ ပြောဆိုသော အစစ်အမှန် လက်ဆောင်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူတို့ မသိရှိသော်လည်း သူတို့၏ အလိုလို သိစိတ်အရဆိုလျှင် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာ တစ်ခုခု ဖြစ်မည်မှန်း နားလည်မိကြသည်။

“ဟမ်”

လေဟာနယ် တစ်ခုလုံး တွန့်လိမ်သွားခဲ့ပြီးသည့်နောက် အစိမ်းရင့်ရောင် ရောင်စဉ်များသည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ထိုအရာသည် ကြီးမားလွန်းလှသည့် ဒေါက်တိုင်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်လို့နေခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ထိုးခွင်းကာ ရောက်ရှိလာခဲ့၏။ လွင့်မျောတိမ်တောင် တစ်ခုလုံးသည် ထိုအရာ၏ ဖုံးလွှမ်းမှုကို ခံလိုက်ရ၏။

အဓိကဟောခန်းတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် လက်ရှိ အခြေအနေမှာတော့ ဆွံ့အသွားခဲ့သည်။

“ဒါ အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အော်ရာတွေပဲ။ ဖန်းဟန်နဲ့ မုန့်ရှင်းကျီက သေသေချာချာ ပြင်ဆင် လာခဲ့တာကိုး” လွင့်မျောတိမ်တောင် သခင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ တစ်ဖက်လူများသည် တိုက်ခိုက်လာပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် ခုခံရပေလိမ့်မည်။ သို့ပေမဲ့ မျိုးစုံလှသော အကြောင်းအရာများကို တွက်ချက်ခဲ့သည် ဆိုသော်လည်း တစ်ဖက်လူများ၏ ဝှက်ဖဲသည် ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ မှော်ရတနာလက်နက် ပါဝင်လာခဲ့ပြီဖြစ်သည်။ ဖန်းကလန်၏ ဘိုးဘေး ချန်ထားခဲ့သည့် တစ်စုံတစ်ခု ဖြစ်နေသည်လား။ သို့ပေမဲ့ အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် ထိုသို့ ဟုတ်မနေချေ။ မှော်ရတနာ၏ အော်ရာများသည် ဖန်းကလန်၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် ခြားနားလို့ နေခဲ့၏။ အလုံးစုံ မသက်ဆိုင် နေသကဲ့သို့ပင်။

“ဖြစ်နိုင်တာ... ဖန်းကလန်ရဲ့ ဘိုးဘေးက မတူညီတဲ့ ရတနာ နှစ်ခုကို ချန်ထားခဲ့တာပဲ ဖြစ်မယ်” လွင့်မျောတိမ်တောင် သခင်က တုန်လှုပ်သွားခဲ့သည်။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။ အစစ်အမှန် အင်မော်တယ်လက်နက် တစ်ခုဆိုသည်မှာပင် အလွန်အမင်း ရှားပါးလွန်းလှ၏။ ကျောက်စိမ်းလေဟာနယ် နန်းတော်ကဲ့သို့ အားအင်စုပင်လျှင် ပေါပေါများများ မပိုင်ဆိုင်ကြပေ။

“တောင်သခင်... ကျုပ်တို့ ဘာလုပ်ရမလဲ”

များပြားလှသည့် အကြီးအကဲ အားလုံးတို့သည် ကြောက်လန့်သွားခဲ့ ကြ၏။ အတိတ်တုန်းက ဖန်းကလန်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် နှစ်ဖက်လုံးသည် ဤအဆင့်လက်နက်များကို ထုတ်ဖော်ကာ မတိုက်ခိုက်ခဲ့ကြချေ။ လက်ရှိ ဤကဲ့သို့သောအဆင့် လက်နက်တစ်ခု ကျဆင်းလားသည့် အချိန်မှာတော့ တော်ဝင်အင်ပါယာ တစ်ယောက်ပင်လျှင် ဒူးထောက်ပေးရမှာဖြစ်၏။ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

“မစိုးရိမ်နဲ့”

လွင့်မျောတိမ်တောင်၏ သခင်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူသည် တင်းမာခက်ထန်စွာ ဆက်လက် ပြောဆိုလိုက်၏။ “အစစ်အမှန် အင်မော်တယ်လက်နက်ဆိုတာ သာမန်ထက် ပိုပြီး ထူးခြားတယ်။ သာမန်လူတွေအနေနဲ့ ဒါကို အသုံးပြုဖို့ဆိုတာ ခက်ခဲလိမ့်မယ်လေ။ မုန့်ရှင်းကျီ ဒါကိုထုတ်ပြီး သုံးမယ်ဆိုရင်တောင်မှ တစ်ခါပဲ အသုံးပြုလို့ရတဲ့အရာ ဖြစ်လိမ့်မယ်။ ကျုပ်တို့ လွင့်မျောတိမ်တောင်မှာလည်း အစစ်အမှန် အင်မော်တယ်အဆင့် တော်ဝင်အစီအရင်ကြီး တည်ရှိနေတယ်။ ဒီရိုက်ချက် တစ်ခုလောက်ကို ခုခံဖို့ဆိုတာ ပြဿနာ မရှိလောက်ဘူး။ မုန့်ရှင်းကျီ တိုက်ခိုက်ပြီးသွားပြီဆိုရင် သူက စဉ်းတီတုံးပေါ်ရောက်တဲ့ ငါးတစ်ကောင်လို ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့ သတ်ဖို့အတွက်ပဲ စောင့်ရမယ်။ ပြီးတော့ ကျုပ်တို့အနေနဲ့ သူတို့ လက်ထဲမှာရှိတဲ့ အစစ်အမှန် အင်မော်တယ်လက်နက်ကိုသာ ရယူနိုင်မယ်ဆိုရင် ဒါက လက်ဆောင် ရသလိုပဲ မဟုတ်လား”

ပြောနေတုန်းမှာပဲ လွင့်မျောတိမ်တောင်သခင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ သူ၏ မျက်လုံး အတွင်းပိုင်းထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

“တောင်ကာကွယ်ခြင်း အစီအရင်ကို အသက်သွင်းလိုက်တော့” လွင့်မျောတိမ်တောင်၏ သခင်က အမိန့်ပေးလိုက်၏။

နောက်ခဏ အတွင်းမှာပဲ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာခဲ့ပြီး လေဟာနယ် တစ်ခုလုံး တုန်ခါသွားခဲ့၏။ များပြားလှသည့် အစီအရင်၏ သင်္ကေတများသည် လွင့်မျောတိမ်တောင်၏ အထက်တွင် ဖြစ်တည်လာခဲ့ပြီး ထိုအရာကြီး တစ်ခုလုံးသည် အလင်း၏ ကွန်ရက်ကြီး တစ်ခုကဲ့သို့ပင် တလက်လက် တောက်ပနေသည်။

ချက်ချင်းပဲ လွင့်မျောတိမ်တောင်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လွင့်မျောတိမ်တောင်သည် ၎င်းတို့၏ တောင်ကာကွယ်ခြင်း အစီအရင်ကို အပြည့်အဝ အသက်သွင်းလိုက်ပြီဖြစ်ကြောင်းကို အားလုံးက မြင်လိုက်ကြ၏။

အဝေးမှ ကြည့်ရှုရမည်ဆိုလျှင် အင်မော်တယ်တစ်ယောက် အသက်ဝင်နိုးထလာသကဲ့သို့ပင်။ ထူးခြားလှသည့် အော်ရာများသည် နယ်မြေကြီး တစ်ခုလုံးကို လွှမ်းခြုံ ပျံ့နှံ့သွားခဲ့ပြီး ဘုံကိုးပါးလုံးကို ဖိနှိပ်နိုင်သည့် ဘုရင်တစ်ပါး ထွက်ပေါ်လာသကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားဒဏ်သည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာပြီးနောက် မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

လွင့်မျောတိမ်တောင်၏ အဝေးတစ်နေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် မည်သို့မှ မခံစားနိုင်တော့ဘဲ ဒူးထောက်ကာ ထိုင်ချမိ၏။ များပြားလှသည့် ကျင့်ကြံသူ အားလုံး၏ ဝိညာဉ်များသည် တုန်ခါသွားခဲ့ကြသည်။ သူတို့သည် တကယ်ပင် ကြောက်လန့်သွားခဲ့ကြ၏။ ဘာတွေ ဖြစ်နေသည်ကို သူတို့ သေသေချာချာ မသိရှိချေ။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်နှင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ယံ၌ ထွက်ပေါ်လာသကဲ့သို့ပင်။

“အစစ်အမှန် အင်မော်တယ်လား” အားလုံးသော သူတို့က ကြောင်အသွားခဲ့ကြသည်။ ၎င်းတို့သည် ပါးစပ် အဟောင်းသားဖြင့် မည်သည့် စကားကိုမှ ဆက်လက်ကာ မဆိုနိုင်တော့ချေ။ တချို့သော စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤကဲ့သို့သော ဖိအားများကြားမှ အဖြစ်မှန်များကို ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်၏။

“အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်လာတာလား” တချို့က တွက်ချက်လိုက်မိကြ၏။ ဖြစ်ပေါ်လာသည့် အော်ရာများသည် အစစ်အမှန် အင်မော်တယ်နှင့် အနည်းငယ် ခြားနားလျက် ရှိနေ၏။ အစစ်အမှန် အင်မော်တယ်လား။ အစစ်အမှန် အင်မော်တယ် လက်နက်လား။ အစီအရင်လား။ ဘယ်သူမှ သေသေချာချာ မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လွင့်မျောတိမ်တောင်တွင် အစီအရင်ကြီး ဖုံးကွယ်ထားသည် ဖြစ်သောကြောင့် အထဲတွင် ရှိနေသည့် အရာများကို အပြင်လူများ မမြင်ရသောကြောင့်ပင်။

“လွင့်မျောတိမ်တောင်က ဒီနေ့မှာ ဖျက်ဆီးခြင်း ခံရမယ်” အေးစက်စက် အသံက ထွက်ပေါ်လာခဲ့၏။ ပြီးနောက် လွင့်မျောတိမ်တောင်၏ အပြင်ဘက်တွင် အစိမ်းရင့်ရောင် ရှေးမီးအိမ်ကြီး တစ်ခုက ဖြည်းညှင်းစွာ မြင့်တက်လာခဲ့၏။ ထိုအရာသည် တည်နေရာတစ်ခုလုံးကို ထိုးခွင်းလျက် ရှိနေပြီး လောကကြီးတစ်ခုလုံးကို အမှောင်ဖုံးလုမတတ်ပင်။ ၎င်း၏ လက်နက်ဆီမှ ထွက်ပေါ်လျက်ရှိနေသည့် အစိမ်းရင့်ရောင် အလင်းတန်း များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ရှေးမီးအိမ်ကြီး ကောင်းကင်ယံသို့ မြင့်တက်လာပြီးသည့်နောက် မီးညွှန့်များ တောက်ပလာခဲ့၏။ ထိုမီးညွှန့်များ ကြားထဲတွင် အစစ်အမှန် နဂါးများ၊ ဖီးနစ်များ၊ ချီလင်များ စသော နတ်ဘုရား သတ္တဝါပေါင်း များစွာတို့သည် တစ်ကောင်ပြီးတစ်ကောင် ပုံရိပ်ယောင်များအဖြစ် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ကျယ်လောင်စွာ ဟစ်ကြွေးလျက် ရှိနေပြီး ကောင်းကင်ယံထက်ဆီမှ ဆင်းသက်လာခဲ့၏။ အောက်တွင် ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးရန် ပြင်ဆင်လျက် ရှိနေ၏။

လက်ရှိ အခြေအနေမှာတော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလျက် ရှိနေပြီး လောကကြီးတစ်ခုလုံး ပျက်စီးလုမတတ်ပင်။ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်း များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေ၏။ စွမ်းအင်လှိုင်းများသည် သက်ရှိသတ္တဝါ အားလုံး၏ စိတ်ဆန္ဒများကို ဖိနှိပ်ထားခဲ့သည်။

ထိုလက်နက်ဆီမှ ပေါ်ပေါက်လာခဲ့သည့် ဖိအားများသည် အစစ်အမှန် အင်မော်တယ် တစ်ယောက်ဆီမှ ထွက်ပေါ်လာခြင်း မဟုတ်သော်လည်း ကျိန်းသေပေါက် ပြိုင်စံရှားလှသည့် အားအင်မျိုးကို ပိုင်ဆိုင်နေခဲ့၏။

လွင့်မျောတိမ်တောင်၏ အကြီးအကဲများသည် သမိုင်းထဲမှ မည်သည့် အစစ်အမှန် အင်မော်တယ် တစ်ယောက်ဖြစ်ကြောင်း အဖြေရှာ၍ မရနိုင်ခဲ့ချေ။ အင်မော်တယ်လက်နက်သည် မည်သူ ပိုင်ဆိုင်သည် ဖြစ်ကြောင်းကို သူတို့ မသိချေ။ သို့ပေမဲ့ သေချာသည်မှာ တစ်ခုတော့ ရှိ၏။ ထိုအင်မော်တယ်လက်နက်သည် ဖန်းကလန်မှ ဘိုးဘေး ချန်ခဲ့သည့်အရာ မဟုတ်ခြင်းပင်။

ရေတွက်လို့ မရအောင် များပြားလှသည့် နတ်ဘုရားသားရဲများသည် အတူလိမ်ယှက်ကာဖြင့် အောက်သို့ ဆင်းသက် လာခဲ့၏။ တော်ဝင်အင်ပါယာ တစ်ယောက်ကိုပင် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည့် စွမ်းအင်များကို ထုတ်ဖော်ထားခဲ့၏။ ထိုအရာကြီးသည် တချိန်တည်းမှာပဲ လွင့်မျောတိမ်တောင်၏ အထက်၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းပင်။

အဝေးမှ ကြည့်ရှုလိုက်သည်နှင့် အားလုံးသော သူတို့သည် နှလုံးခုန်နှုန်းများပင် ရပ်တန့်လု မတတ် ဖြစ်လို့နေခဲ့၏။ မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေပြီး လွင့်မျောတိမ်တောင်၏ တောင်ကာကွယ်ခြင်း အစီအရင်ထဲသို့ ထိုနတ်ဘုရားသားရဲများက ဆင်းသက်သွားခဲ့သည်။

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး မြေအင်မော်တယ် လောကကြီး တစ်ခုလုံးသည် တုန်ယင်နေ သကဲ့သို့ပင်။ ကောင်းကင်ယံထက်တွင် ရှိနေသည့် ကြယ်စင်စုများသည် တစ်ခုပြီးတစ်ခု အောက်သို့ ပြုတ်ကျကုန်၏။ ဤမြင်ကွင်းသည် မယုံကြည်နိုင်ဖွယ်ရာပင်။ တိုက်ခိုက်မှု၏ လှိုင်းအဟုန်များသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။

ထိုအရာများသည် မုန့်ရှင်းကျီ စီရင်ထားသည့် အစီအရင်များကိုပင်လျှင် ပျက်စီးလုမတတ် ဖြစ်စေခဲ့၏။ အစီအရင်၏ တချို့သော အစိတ်အပိုင်းများပင်လျှင် စွမ်းအင်များ ကင်းမဲ့ကုန်၏။ အစီအရင်ကြီးသည် ချက်ချင်းဆိုသလိုပဲ ကျိုးပြတ်သွားပြီးသည့်နောက် များပြားလှသည့် လူများသည် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းကို မြင်လာခဲ့ကြသည်။

ကြမ်းတမ်းလွန်းလှသည့် အလင်းတိုင်ကြီး တစ်ခုသည် နတ်ဘုရားသားရဲများနှင့်အတူ ပူးပေါင်းပါဝင်လာကာဖြင့် လွင့်မျောတိမ်တောင် တစ်ခုလုံးကို ရူးရူးမူးမူး တိုက်ခတ်နေခဲ့၏။ ၎င်းဆီမှ ထွက်ပေါ်လာသည့် အော်ရာများသည် အစစ်အမှန် အင်မော်တယ် အော်ရာမျိုးပင်။ လွင့်မျောတိမ်တောင် တစ်ခုလုံးသည် ကြီးမားလွန်းလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရသည့်ပုံပေါ်၏။

တောင်ကာကွယ်ခြင်း အစီအရင်ကို အပြည့်အဝ အသက်သွင်းထားသည် ဆိုလျှင်တောင်မှ အစီအရင်ကြီး တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး မဲလိုက် မှောင်လိုက်နှင့် အရောင်များ ဖြတ်ပြေးနေ၏။ လေဟာနယ်ထဲတွင် သင်္ကေတများသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေပြီး အချိန်မရွေး ပြိုလဲလုမတတ်ပင်။ လူပေါင်းများစွာ တို့သည် ထိုအခြင်းအရာကို မြင်တော့ အလွန်အမင်း တုန်လှုပ်နေမိကြသည်။

လက်ရှိအခြေအနေမှာတော့ ဘာမှန်းမသိသည့် အင်မော်တယ်လက်နက်ကို ကိုင်ဆောင်ထားသည့် တစ်စုံတစ်ယောက်သည် လွင့်မျောတိမ်တောင်ကို တိုက်ခိုက်လျက် ရှိနေသည်ကို ကြည့်ရှုရင်း သူတို့ မယုံကြည်နိုင် ဖြစ်နေ၏။ လွင့်မျောတိမ်တောင်သည် တန်ပြန်တိုက်ခိုက်ရန် စွမ်းရည်ဟူ၍ပင် မရှိဘဲ မိမိကိုယ်ကိုပင် ကြိုးစားကာ ခုခံ ကာကွယ်နေရသည့်ပုံ ပေါ်၏။

All Chapters