← Chapters

အခန်း (၁၂၁၃-၁၂၁၅)

Vol. 81 Ch. 1213-1215

အခန်း (၁၂၁၃-၁၂၁၅)

Vol. 81 Ch. 1213-1215

အခန်း(၁၂၁၃)

ကျန်းချန်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပေါ်နေခဲ့သည်။

သူရှေ့မှ တိုက်ပွဲက စတင်တော့မည် ဖြစ်၏။

ရှန်းပိုင်ကျန့် ဦးဆောင်သော နတ်ဝိညာဉ်ဘုရင် လေးပါးသည် လီချင်းရွှယ် အပါအဝင် လူလေးဦးကို တားဆီးထားသည်။

ကျန်ရှိသော သွေးကျင့်ကြံသူ လေးဦးကိုမူ သိုင်းသခင်နယ်ပယ်နဝမအဆင့် ကျင့်ကြံသူ တစ်ဦးစီက ဦးဆောင်၍ သိုင်းသခင်နယ်ပယ် ကျင့်ကြံသူ ဆယ်ဦးကျော်ခန့်နှင့်အတူ ရင်ဆိုင်ခဲ့ကြ၏။

သိုင်းသခင်နယ်ပယ် ကျင့်ကြံသူများကို ဦးဆောင်နေသော သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ လေးဦးအနက် သုံးဦးမှာ ကျန်းချန်နှင့် မစိမ်းကြပေ။

၎င်းတို့သည် မြောက်ပိုင်းတောရိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။

လွန်ခဲ့သော တစ်နှစ်ကျော်အကြာက မြောက်ပိုင်းတောရိုင်း ဒေသ၏ ကြီးမားသော ပြောင်းလဲမှုများကြောင့် ဂိုဏ်းချုပ်သုံးဦး၏ ကျင့်ကြံခြင်း အဆင့်သည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး သိုင်းသခင်နယ်ပယ် နဝမအဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။

ဂိုဏ်းချုပ်သုံးဦး၏ ကျင့်ကြံခြင်းအဆင့်သည် အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သော်လည်း ၎င်းတို့သည် သိုင်းသခင်နယ်ပယ် တွင်သာ ရှိနေဆဲ ဖြစ်သည်။

ဆိုရလျှင် သိုင်းသခင်နယ်ပယ် နှင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် ခွန်အားများ အလွန်ပင် ကွာခြားသည်။

၎င်းတို့က သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဦးကျော်ကို နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူအား ဝိုင်းရံ တိုက်ခိုက်စေခဲ့ကာမူ အခြေအနေကောင်းရန်မှာ မဖြစ်နိုင်ပေ။

အထူးသဖြင့် ထိုက်ရှ၏ ဂိုဏ်းချုပ် ရှယွင်ထျန်း ဦးဆောင်၍ တိုက်ခိုက်နေသော ခရမ်းရောင်ဆံပင်နှင့် သွေးကျင့်ကြံသူသည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ရှယွင်ထျန်းတို့က ထိုသွေးကျင့်ကြံသူ၏ တိုက်ခိုက်မှုအောက်တွင် နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေကြရပြီး အလွန်ပင် အန္တရာယ်များသော အ​ခြေအနေသို့ ကျရောက်နေခဲ့သည်။

"ကောင်းကင်လွှမ်းမိုး သွေးတိမ်တိုက်"

ထိုခဏမှာပင် ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ ညာဘက်လက်တွင် သွေးအလင်းများ စုစည်းလာခဲ့ပြီး သွေးတိမ်တိုက်အဖြစ် ပြောင်းလဲကာ ရှယွင်ထျန်းတို့ ဆီကို ဦးတည်လာခဲ့သည်။

"အကာအကွယ်ကို ဖော်ထုတ်ကြ"

ရှယွင်ထျန်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ့ဘေးရှိ သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဦးကျော်နှင့်အတူ လေထဲတွင် မီးခိုးရောင် အကာအကွယ် တစ်ခုကို တစ်ပြိုင်နက်ထဲ စုစည်းလိုက်သည်။

"ဝုန်း"

သွေးတိမ်တိုက်က ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားများက မီးခိုးရောင် အကာအကွယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။

"ကလစ်"

မီးခိုးရောင် အကာအကွယ် ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် ဆက်တိုက်ဆိုသလို ပျံ့နှံ့လာခဲ့ပြီး အဆုံးသတ်၌ ကွဲထွက်သွားခဲ့သည်။

ရှယွင်ထျန်းသည် မီးခိုးရောင် အကာအကွယ်၏ အဓိကလူဖြစ်၍ အားလုံးထက်ပို၍ ထိခိုက်ခဲ့ပြီး သွေးတစ်ပွက်ကိုပင် အန်ထုတ်လိုက်ရသည်။

သူ့မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့၏။

သူ၏ နောက်ရှိ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများသည်လည်း တုန်လှုပ်ချောက်ချားနေကြပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သော အမူအရာများ ပြည့်နှက်နေ၏။

သူတို့ရှေ့မှ ခရမ်းရောင်ဆံပင်နှင့် သွေးကျင့်ကြံသူသည် အလွန်ပင် အစွမ်းထက်ပြီး သူတို့သည် ၎င်း၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြပေ။

"ဟက်.. ပုရွက်ဆိတ်အုပ်စုကများ ငါတို့ သွေးဝိညာဉ်မျိုးနွယ်စုကို တားဆီးရဲတယ်.. သွားသေလိုက်တော့"

ရှယွင်ထျန်းတို့၏ အကာအကွယ်ကို ချိုးဖျက်လိုက်သော ခရမ်းရောင် ဆံပင်နှင့်လူငယ်သည် မထီမဲ့မြင် ပြုံးလိုက်၏။

သူက သွေးစွမ်းအားများကို လက်ဖဝါးထဲသို့ တစ်ဖန် ပြန်လည် စုစည်းကာ သွေးတိမ်တိုက်ကို တဖန် ဖော်ထုတ်လိုက်သည်။

"ယွင်ထျန်း"

ထိုမြင်ကွင်းကို မြင်လျှင် ထိုက်ရှဂိုဏ်း၏ အကြီးအကဲ ကျီရှသည် အလွန်ပင် စိုးရိမ်သွားပြီး ကယ်ဆယ်ရန် အမြန်သွားခဲ့သည်။

"အဘိုးကြီး.. ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်ဘဲ သူများတွေကို ဂရုစိုက်ချင်နေသေးတယ်"

ထိုအချိန်မှာပင် ကျီရှနှင့် တိုက်ခိုက်နေသည့် သွေးကျင့်ကြံသူသည် ကျီရှရှေ့ရှိ လေထုတွင် ပေါ်လာပြီး ကျီရှကို ဟန့်တားလိုက်သည်။

"ထွက်သွားစမ်း"

ကျီရှက အော်ဟစ်လိုက်ပြီး သွေးကျင့်ကြံသူကို အစွမ်းကုန် တိုက်ခိုက်လိုက်၏။

------------------

"မင်းတို့ နောက်ဆုတ်ကြ.. ငါ သူ့ကို တစ်ယောက်တည်း တားမယ်"

ရှယွင်ထျန်းက တစ်ဖန် တိုက်ခိုက်ရန် စိုင်းပြင်းနေသော ခရမ်းရောင်ဆံပင်နှင့် သွေးကျင့်ကြံသူကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။

သူ့မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့၏။

မြောက်ပိုင်းတောရိုင်းဒေသသည် ထိုက်ရှဂိုဏ်း၏ နှစ်ထောင်ချီ အုတ်မြစ် ချထားသောနေရာ ဖြစ်သည်။

သူက တခြားဂြိုလ်မှ သူများကို ဝင်ရောက်ခွင့် လုံးဝ ပေးမည် မဟုတ်ပေ။

ထို့ကြောင့် သူက ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင် ပင်လယ်ကို ဖောက်ခွဲကာ သူ့ရှေ့မှ သွေးကျင့်ကြံသူကို သေရွာသို့ အပါခေါ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

ရှယွင်ထျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။

သူက သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ရွှေရောင်လက်သီးတစ်လုံးသည် လေထုကို ထိုးဖောက်၍ ဝင်ရောက်လာခဲ့ပြီး ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ သွေးတိမ်တိုက်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။

ရွှေရောင်လက်သီးချက်၏ အောက်တွင် သွေးတိမ်တိုက်သည် ချက်ချင်းပင် ဘာမှမကျန်ရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့၏။

"ဘယ်သူလဲ.. ထွက်ခဲ့စမ်း"

ခရမ်းရောင် ဆံပင်နှင့် လူငယ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူ့မျက်လုံးများက လေဟာနယ်ကို စိုက်ကြည့်နေခဲ့၏။

သူ၏ အေးစက်သော အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဟမ့်.. တခြားဂြိုဟ်ကနေ ကျူးကျော်လာတဲ့ အရိုင်းအစိုင်းကများ ငါ့ကို မေးခွန်းထုတ်ရဲတယ်လား"

စကားသံနှင့်အတူ ရှယွင်ထျန်း၏ ရှေ့ရှိ လေထုက တုန်ခါသွားခဲ့ပြီး အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် ထိုအက်ကြောင်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

"ကျန်း.. ကျန်းချန်လား"

ရှယွင်ထျန်းက သူ့ရှေ့တွင် ပေါ်လာသော အနက်ရောင်ဝတ် လူငယ်ကို မြင်လျှင် မှင်တက်သွားခဲ့သည်။

မကြာမီမှာပင် သူ့မျက်နှာတွင် ရွှင်ပြသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

"ဟားဟား... ကောင်းလိုက်တာ.. မိတ်ဆွေလေး ကျန်းချန် ငါတို့ဘက်မှာ ရှိရင် ဒီတိုက်ပွဲကို ငါတို့ သေချာပေါက် အနိုင်ရပြီ"

ကျန်းချန် ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် ကျီရှသည် ပျော်ရွှင်စွာဖြင့် အားပါးတရ ရယ်မောလိုက်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က ကျန်းချန်သည် သူတို့ကို သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်သို့ ခေါ်ဆောင်သွားပြီး နတ်ဝိညာဉ်ဘုရင် အဆင့်ရှိသည့် ခန်းမသခင်ကို သတ်ပစ်ခဲ့သည်။

ယခု တစ်နှစ်ကျော်ကြာ မတွေ့ရသောအခါ ကျန်းချန်၏ ခွန်အားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာမည်မှာ သေချာသည်။

ကျန်းချန် တိုက်ပွဲတွင် ပါဝင်လာခြင်းကြောင့် အခြားကမ္ဘာမှ သွေးကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် သူတို့အတွက် ဖိအားနည်းသွားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

"မင်း ဒီကို ဘာအတွက်​ ရောက်လာတာလဲ"

ခရမ်းရောင် ဆံပင်နှင့်လူငယ်က ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။

သူ့ရှေ့မှ အနက်ရောင်ဝတ် လူငယ်၏ အရှိန်အဝါက နက်နဲလှပြီး ကျင့်ကြံခြင်း အဆင့်ကို သူ လုံးဝ မမြင်ရပေ။

ထိုလူငယ်က အလွန်အမင်း အန္တရာယ်ရှိသည်ကိုမူ သူ၏ ပင်ကိုသိစိတ်ဖြင့် သူ ခံစားမိခဲ့သည်။

ကျန်းချန်က အေးစက်စက် ပြန်ဖြေလိုကိသည်။

"မင်းကို သတ်ဖို့ ရောက်လာတာပဲ"

"ဟမ့်.. ဒါဆိုလည်း သွားသေလိုက်တော့"

ခရမ်းရောင်ဝတ်စုံဝတ်လူငယ်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားသည် လေထဲတွင် ချက်ချင်း စုစည်းကာ အရှည် မီတာ ၁၀၀ ရှိသော သွေးနတ်ဆိုးဓား အဖြစ်သို့ ပြောင်းလဲသွားသည်။

"အရပ်မျက်နှာအနှံ့ သွေးသက်ရောက်ခြင်း"

ခရမ်းရောင်ဆံပင်နှင့်လူငယ်က လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သွေးနတ်ဆိုးဓား၏ ရုန့်ရင်းသော သွေးရောင်ဓားအလင်းသည် ကမ္ဘာကို ပိုင်းခြားပစ်တော့မည့် အလား ဖြစ်နေခဲ့၏။

"ပုရွက်ဆိတ်လေးတွေကများ.."

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး သူ့လက်ဝါးကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ အင်အားကြီးမားသော အသက်စွမ်းအင်များသည် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သွေးနတ်ဆိုးဓားကို အစအနပင် မကျန်တော့သည်အထိ ချေမှုန်းပစ်လိုက်သည်။

"မင်းလည်း ငါ့ဆီကနေ လက်သီးတစ်ချက်လောက် ခံယူလိုက်ပါဦး"

ဆံပင်ရောင်ဆံပင်နှင့် လူငယ်၏ တိုက်ခိုက်မှုကို ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်က ရုတ်တရက် လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ ကြီးမားသော လက်သီးစွမ်းအားသည် မုန်တိုင်းထန်သကဲ့သို့ ခရမ်းရောင်ဆံပင်နှင့် လူငယ်ဆီ တဟုန်ထိုး ရောက်ရှိလာခဲ့သည်။

ချက်ချင်းဆိုသလို ဆံပင်ခရမ်းရောင်နှင့် လူငယ်သည် သေခြင်းတရား၏ အရိပ်အငွေ့ကို ခံစားလိုက်ရသည်။

သူက သွေးရောင်အလင်း အကာအကွယ် သုံးခုကို လျင်မြန်စွာ စုစည်းလိုက်ပြီး ကျန်းချန်၏ ထိတ်လန့်ဖွယ်ရာ ထိုးနှက်ချက်ကို ခုခံရန် ကြိုးစားလိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ် လက်သီးချက်အောက်တွင် သွေးရောင်အလင်း အကာအကွယ် သုံးခုသည် အလွယ်တကူပင် ပြိုကွဲသွားခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ကြောက်မက်ဖွယ် လက်သီးချက်သည် သူ့ရင်ဘတ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ ရင်ဘတ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

ထို့နောက်တွင် ၎င်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ပေများစွာနက်သော တွင်းတစ်တွင်းကိုပင် ဖြစ်ပေါ်စေခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အသက်စွမ်းအင် လုံးဝ မကျန်ရှိတော့ချေ။

"သေ... သေသွားပြီလား"

ရှယွင်ထျန်းက မျက်လုံးများ မှေးကျဥ်းသွားပြီ သူ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

[နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ဦးကို ကျန်းချန်က လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား]

ဤအချိန်တွင် ရှယွင်ထျန်း တစ်ဦးတည်းသာမက ကျန်လူ အားလုံးပါ တုန်လှုပ်နေကြသည်။

တိုက်ခိုက်နေသော လူများပင် သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားခဲ့ကြကာ တိုက်ပွဲ ခဏမျှ ရပ်တန့်သွားခဲ့၏။

မူလက စွမ်းအင် ပေါက်ကွဲသံများဖြင့် ဆူညံနေသော ပတ်ဝန်းကျင်သည် ရုတ်တရက် တစပြင်ကဲ့သို့ တိတ်ဆ်တ်သွားခဲ့သည်။

လူတိုင်းသည် သူတို့ရှေ့မှ အခြေအနေကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြသည်မှာ အချိန်ရပ်တန့်သွားသကဲ့သို့ပင် ဖြစ်နေသည်။

"တစ်နှစ်ကျော်လောက် မတွေ့ရတာနဲ့ ဒီကောင်လေးက ပိုပြီးတော့ သန်မာလာပုံပဲ"

ကျီရှက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တီးတိုး ရေရွတ်လိုက်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင် နှင့် တိုက်ခိုက်ခဲ့သော်လည်း သတ်ဖြတ်ရန် အချိန်များစွာ ယူခဲ့ရသည်။

ယခုအခါတွင်မူ လက်သီးတစ်ချက်တည်းဖြင့်ပင် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ပြီ ဖြစ်၏။

ထိုကဲ့သို့သော ခွန်အားကို နက်ရှိုင်းလွန်းသည်ဟုသာ ဖော်ပြနိုင်တော့၏။

အခန်း(၁၂၁၃) ပြီး၏

အခန်း(၁၂၁၄)

"ဟားဟား...ဒီကောင်လေးက မြောက်ပိုင်းတောရိုင်းဒေသရဲ့ နံပါတ်တစ် နတ်ဆိုး...သာမန်အတွေးနဲ့ သူ့ကို ဖော်ပြလို့ မရဘူး"

"တစ်နှစ်ကျော်အတွင်းမှာ ငါတို့လို အဘိုးကြီးတွေတောင် အဆင့်တွေတက်လာခဲ့တာပဲ.. သူဆိုရင် ပြောနေစရာတောင် မလိုဘူး"

ထျန်းယွဲ့ဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲ ရှချိုးယာက ပြုံးရွှင်စွာ ပြောလိုက်သည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း သူတို့ မြောက်ပိုင်းတောရိုင်းဒေသသည် တခြားကမ္ဘာမှ သွေးကျင့်ကြံသူများနှင့် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရ၍ အတော်လေး အားနည်းနေပြီ ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်က လက်သီးတစ်ချက်ဖြင့်ပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် ဒုတိယအဆင့်ကို သတ်ဖြတ်နိုင်သော အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ရာ သွေးကျင့်ကြံသူများကို ချေမှုန်းရာတွင် သူတို့အတွက် သံသယဖြစ်ဖွယ်မရှိ ပိုမို လွယ်ကူလာလိမ့်မည် ဖြစ်၏။

"ကျန်းချန်ရဲ့ ကျင့်ကြံခြင်း အဆင့်က အနည်းဆုံး နတ်ဝိညာဉ်ဘုရင် စတုတ္ထအဆင့်လောက်မှာ ရှိနေလောက်တယ်.. တိုက်ပွဲကို ပြတ်ပြတ်သားသား အနိုင်ယူကြစို့"

ရှန်းပိုင်ကျန့်၏ မျက်လုံးက လင်းလက်သွားပြီး မျက်နှာတွင် ရှားပါးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကျန်းချန်၏ ခွန်အားဖြင့်သာ သွေးကျင့်ကြံသူများကို တစ်ဦးချင်းရင်ဆိုင်ရလျှင် ဤတခြားကမ္ဘာမှ သွေးကျင့်ကြံသူများထဲမှ မည်သူမျှ သူ့ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

၎င်းတို့က ကျန်းချန်အတွက် အခွင့်အရေးများ ဖန်တီးပေးနိုင်သ၍ ကျန်းချန်က ဤသွေးကျင့်ကြံသူများကို တစ်ဦးပြီးတစ်ဦး သတ်ပစ်နိုင်ပေလိမ့်မည် မဟုတ်ပါလား။

ရှန်းပိုင်ကျန့်နှင့် နှင့် အခြားသူများ စိတ်လှုပ်ရှားနေစဉ်မှာပင် တွင်းနက်ကြီးထဲကနေ သွေးအရိပ်တစ်ခုသည် ကောင်းကင်သို့ ပျံတက်လာခဲ့ပြီး ကျန်းချန်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

"မကောင်းတော့ဘူး.. ဒါက ခရမ်းရောင်ဆံပင်နဲ့ သွေးကျင့်ကြံသူရဲ့ ဝိညာဉ်ပဲ"

ကျန်းချန်ကို ရုတ်တရက် တိုက်ခိုက်လာသော သွေးအရိပ်ကို မြင်လျှင် ရှန်းပိုင်ကျန့်တို့၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်တွင် ဝိညာဉ်က ပြောင်းလဲသွားခဲ့ပြီဖြစ်၍ ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် မသေနိုင်ပေ။

သူတို့က အလွန်စိတ်လှုပ်ရှားနေသဖြင့် ထိုအချက်ကို မေ့နေခဲ့ကြသည်။

"ဝိညာဥ်ပဲ ကျန်တော့တာတောင် ငါ့ကို တိုက်ခိုက်ရဲသေးတယ်"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့်၏ ဝိညာဥ်စိတ်ဆန္ဒကို ထုတ်ဖော်ကာ ခရမ်းရောင်ဆံပင်နှင့် သွေးကျင့်ကြံသူ၏ ဝိညာဉ်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။

"အား"

ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ဝိညာဥ်က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ပြီး ကျန်းချန်၏ အစွမ်းထက်သော ဝိညာဥ်စိတ်ဆန္ဒကြောင့် ချက်ချင်းဆိုသလို ကြေမွသွားကာ လေထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ကြ၏။

နတ်ဝိညာဉ်ဘုရင် ဒုတိယအဆင့်၏ အင်အားကောင်းသော ဝိညာဥ်သည် ကျန်းချန်၏ ဝိညာဥ် ​စိတ်ဆန္ဒအောက်တွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပါသလော။

ထိုသို့သော ဝိညာဉ်စိတ်ဆန္ဒသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသည်။

"အားလုံးဆုတ်ကြ.. အင်ပါယာမြုပ်နှံခြင်းချောက်ထဲကို အမြန်ဆုံး ဆုတ်ကြတော့"

တစ်ဖက်မှ ခေါင်းဆောင်ဖြစ်သည့် လီချင်းရွှယ်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

ရုတ်တရက် ပေါ်လာသော ဤအနက်ရောင်ဝတ် လူငယ်သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး သာမန် နတ်ဝိညာဉ်ဘုရင် လုံးဝ မဟုတ်ပေ။

ဤအတိုင်းသာ ဆက်တိုက်နေလျှင် သူတို့အားလုံးသည် အနက်ရောင်ဝတ်လူငယ်၏ လက်ထဲတွင် မြှုပ်နှံခံရဖွယ် ရှိ၏။

"ဟမ့် ထွက်ပြေးချင်တာလား.. ငါ့လက်ထဲကနေ ထွက်ပြေးနိုင်မယ် ထင်နေလား"

"ဒီကို ရောက်လာပြီဆိုမှတော့ မင်းတို့အသက်တွေ အကုန်လုံးကို ထားခဲ့ရမယ်"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး လေထုထဲမှ သွေးကျင့်ကြံသူ တစ်ဦးကို လက်သီးဖြင့် ထိုးလိုက်သည်။

"ဝုန်း"

ကျန်းချန်၏ လက်သီးချက်က လေထုကို ထိုးဖောက်ကာ သွေးကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်နှင့် သွေးကျင့်ကြံသူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့်သာ ဆိုလျှင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် သူ၏ရှေ့တွင် ပုရွက်ဆိတ် နှင့် မခြားတော့ပေ။

ထို့ကြောင့် သူ၏ လက်သီးချက်အောက်တွင် သွေးကျင့်ကြံသူသည် ခန္ဓာကိုယ်ဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ ဘာမျှ မကျန်ရှိတော့ဘဲ လုံးဝ ပေါက်ကွဲသွားခဲ့သည်။

"လက်သီးတစ်ချက်တည်းနဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်တာပဲ.. မင်းတို့တွေ အရင်သွားကြ.. ငါတားထားပေးမယ်"

လီချင်းရွှယ်က သူ၏လူများကို အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ နတ်ဝိညာဉ်ဘုရင် နယ်ပယ် တတိယအဆင့်၏ ခွန်အားကို လှုံ့ဆော်ကာ ချက်ချင်းဆိုသလို သွေးရောင်အရိပ် အဖြစ် ပြောင်းလဲသွားပြီး ကျန်းချန် ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ဤအနက်ရောင်ဝတ် လူငယ်၏ ခွန်အားသည် အလွန်ကို ကြောက်စရာကောင်း၏။

သူသာ မတားဆီးလျှင် မည်သူမှ ထွက်သွားနိုင်မည် မဟုတ်ပေ။

"မင်းက ငါ့ကို တားနိုင်မယ်ထင်လား"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ ဧရာမလက်တစ်ဖက်သည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး တစ်ဟုန်ထိုး ပြေးဝင်လာသည့် သွေးရောင်အရိပ်ကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။

လီချင်းရွှယ်ကို ကျန်းချန်​၏ ဧရာမ လက်တစ်ဖက်က ကြက်ကလေး၊ဌက်ကလေးကို ဖမ်းထားသလိုမျိုး လေထဲမှာ ဖမ်းကိုင်ထားသည်ကို အားလုံးက တွေ့လိုက်ရ၏။

"မင်း.. မင်း.."

လီချင်းရွှယ်က ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။

ယခုအခါတွင် ကျန်းချန်က သူ၏ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်ထားခဲ့သည်။

သူ့အနေဖြင့် ခန္ဓာကိုယ်ကို ဖောက်ခွဲပြီး သေရွာသို့ အပါခေါ်ရန်ပင် မဖြစ်နိုင်တော့ပေ။

"ကောင်လေး.. မင်း ငါ့ကို စောင့်နေ"

"တပ်မှူးချုပ်ကျိုးယို ပြန်လည်သက်သာလာတာနဲ့ ငါတို့ မျိုးနွယ်စုစစ်တပ်က ပြန်လာလိမ့်မယ်.. အဲဒီအချိန်ကျရင် ငါ မင်းကို သေတာထက်ဆိုးတဲ့ အရသာက ဘယ်လိုလဲဆိုတာကို သေချာပေါက် အရသာခံခိုင်းမယ်"

လီချင်းရွှယ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် ခန္ဓာကိုယ်ကို စွန့်ပစ်ကာ ဝိညာဥ် အခြေအနေဖြင့် ထွက်ပြေးသွားခဲ့သည်။

သူက လုံးဝ မတုံ့ဆိုင်းရဲဘဲ အင်ပါယာမြုပ်နှံခြင်းချောက် ဆီသို့ ထိတ်လန့်တကြား ပြေးသွားခဲ့၏။

"ထွက်ပြေးချင်တာလား"

ကျန်းချန်က ဧရာမလက်ထဲရှိ လီချင်းရွှယ်၏ ဝိညာဥ်စွန့်ပစ်သွားသော ခန္ဓာကိုယ်ကို ညှစ်ချေလိုက်ရာ လီချင်းရွှယ် ခန္ဓာကိုယ်က ကြေမွသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က လေထဲတွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ လျှပ်တပြက် အတွင်း လီချင်းရွှယ်၏ ဝိညာဉ်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။

"မကောင်းတော့ဘူး"

သူ၏ ဦးခေါင်း အထက်ရှိ ကျန်းချန်ကို မြင်လျှင် လီချင်းရွှယ်သည် အကြောက်လန့်ကြီး ကြောက်လန့်သွားခဲ့သည်။

သို့ရာတွင် သူတုံ့ပြန်ဖို့ အချိန်မရမီမှာပင် ကျန်းချန်က ခြေထောင့်ဖြင့် ဆောင့်နင်းချလိုက်ရာ ချက်ချင်းဆိုသလို လီချင်းရွှယ်၏ ဝိညာဉ်သည် လေထိုးထားသော ဘောလုံးကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီး ပြာမှုန် ဖြစ်သွားခဲ့သည်။

ကျန်းချန်က လီချင်းရွှယ်၏ ဝိညာဉ်ကို ခြေတစ်ဖက်တည်းဖြင့် ကြေမွသွားစေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က ထိတ်လန့်တကြား ထွက်ပြေးနေသော သွေးကျင့်ကြံသူ ငါးဦးကို တစ်ချက် ကြည့်လိုက်ပြီး နေရာမှပြေးထွက်သွားကာ လက်သီးချက်များဖြင့် တိုက်ခိုက်လိုက်၏။

"ဝုန်း.. ဝုန်း.. ဝုန်း"

တုန်လှုပ်ဖွယ် ပေါက်ကွဲသံများသည် ခံတပ် နယ်မြေတွင် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့သည်။

ပေါက်ကွဲမှုတိုင်းတွင် သွေးကျင့်ကြံသူများသည် သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် အခြားဂြိုဟ်မှ သွေးကျင့်ကြံသူ ငါးဦးကို ကျန်းချန်က သတ်ပစ်လိုက်၏။

"ငါ.. ငါတို့ နိုင်သွားပြီလား"

ရှန်းပိုင်ကျန့် နှင့် အခြားသူများသည် ဤမြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြသည်။

၎င်းတို့၏ ပါးစပ်များသည် ဘဲဥတစ်လုံးစာ ဝင်ဆံ့သည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။

၎င်းတို့သည် မြောက်ပိုင်းတောရိုင်း ဒေသ တစ်ခုလုံး၏ ခွန်အားကို စုစည်းပြီး အခြားဂြိုဟ်မှ သွေးကျင်ကြံသူ အုပ်စုကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ကျန်းချန် ရောက်ရှိလာပြီးနောက်တွင်မူ နာရီဝက် မပြည့်မီမှာပင် သွေးကျင့်ကြံသူများကို ရှင်းထုတ်နိုင်ခဲ့သည်။

တစ်နှစ်ကျော် မတွေ့ရသော်လည်း ဤကောင်လေးသည် ယခင်ကလို နတ်ဆိုးဆန်လွန်းနေဆဲပင်။

"အကြီးအကဲတို့.. ကျွန်တော် အင်ပါယာ မြုပ်နှံခြင်းချောက်ထဲကို သွားချင်တယ်.. ဒီမှာပဲ ဆက်လက် စောင့်နေကြပါ.. အင်ပါယာမြုပ်နှံခြင်းချောက်ထဲကနေ နောက်ထပ် သွေးကျင့်ကြံသူတွေ ပေါ်လာရင် အကြီးအကဲတို့ ပိတ်ဆို့ထားရမယ်"

အခြားဂြိုဟ်မှ သွေးကျင့်ကြံသူကို ရှစ်ဦးကို အလွယ်တကူ သတ်ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်က ရှန်းပိုင်ကျန့်တို့ကို ပြောလိုက်သည်။

"မိတ်ဆွေလေးကျန်းချန်က အင်ပါယာမြုပ်နှံခြင်း ချောက်နက်ထဲကို သွားမလို့လား"

ကျန်းချန်၏စကားကို ကြားလျှင် ရှန်းပိုင်ကျန့်တို့၏ မျက်နှာ အမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အင်ပါယာမြုပ်နှံခြင်းချောက်သည် နှစ်ပေါင်း ထောင်ချီကြာသည်အထိ နံပါတ်တစ် အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဖြစ်နေဆဲပင်။

ထိုအထဲကို ဝင်သွားခဲ့သည့် ခွန်အားကြီးမားသော ကျင့်ကြံသူ မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း အဆုံးသတ်တွင် မည်သူကမှ ပြန်မလာနိုင်ခဲ့ပေ။

ကျန်းချန်၏ ခွန်အားက မည်မျှပင် ကြီးမားနေပါစေ၊ အင်ပါယာမြုပ်နှံခြင်းချောက်ထဲတွင် ကျဆုံးဖို့ ဖြစ်နိုင်ခြေ အများကြီး ရှိသည်။

"တခြားဂြိုဟ်က သွေးကျင့်ကြံသူတွေ အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲမှာ ပေါ်လာပုံထောက်ရင် အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲမှာ တခြားဂြိုဟ်နဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခု ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ"

"ကျွန်တော် အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲကို ဝင်ပြီး ဒီလမ်းကြောင်းကို ဖျက်ဆီးမယ်"

ကျန်းချန်၏ အမူအရာက လေးနက်နေခဲ့သည်။

ထိုစကားကိုကြားလျှင် လူတိုင်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကြသည်။

တစ်နှစ်ကျော်ကြာ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် သူတို့သည် အခြားဂြိုဟ်မှ သွေးကျင့်ကြံသူများ အကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ခဲ့ကြသည်။

အခြားဂြိုဟ်မှ သွေးကျင့်ကြံသူများသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ရှန်းဝူတိုက်၏ ကြီးမားသော ကပ်ဘေးနှင့် ဆက်စပ်နေသည်ကိုပင် သူတို့ သိရှိခဲ့ကြသည်။

အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲတွင် တခြားဂြိုဟ် နှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းရှိနေသောကြောင့် သူတို့ သေချာပေါက် ဖျက်ဆီးရပေမည်။

သို့မဟုတ်လျှင် ရှန်းဝူတိုက်တွင် နောက်ထပ် ကပ်ဘေးကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပါလား။

အခန်း(၁၂၁၄) ပြီး၏

အခန်း(၁၂၁၅)

"ဒီလိုဆိုမှတော့ ငါတို့ အဘိုးကြီးတွေလည်း အတူ ဝင်ကြမယ်.. လူတစ်ယောက်ပိုတော့ ခွန်အားပိုရှိတာပေါ့"

ကျီရှက အံကြိတ်၍ ပြောလိုက်သည်။

"အကြီးအကဲတို့ ဒီမှာပဲ နေပါ.. ကျွန်တော် တစ်ယောက်တည်း ဝင်တာက ပိုပြီးလုံခြုံမယ်လို့ ထင်တယ်"

ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

ကျီရှတို့က နတ်ဝိညာဥ် ဘုရင်အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း ခွန်အားအရာတွင် သူ့ထက်များစွာနိမ့်ကျ၏။

၎င်းတို့ကို အတူတူသာ ဝင်ခွင့်ပြုလိုက်လျှင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နိုင်ပေသည်။

"ကောင်းပြီလေ.. ဒါဆို ငါတို့ ဒီမှာပဲ စောင့်နေမယ်.. မိတ်ဆွေလေးကျန်းချန် အစစအရာရာ သတိထားပါ"

ရှန်းပိုင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

"တစ်လအတွင်း မင်း ထွက်မလာခဲ့ရင် ဒီအဘိုးကြီး ကိုယ်တိုင် အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲကို ဝင်မယ်"

သူက ကျန်းချန်ကို တစ်လ အချိန်ပေးခဲ့သည်။

ကျန်းချန် အောင်မြင်စွာ ပြန်လာလျှင် လူတိုင်း ပျော်ရွှင်ကြမည် ဖြစ်သည်။

ကျန်းချန် ကျရှုံးခဲ့လျှင်မူ သူက အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲကို သွားပြီး ကျန်းချန်၏ မပြီးဆုံးသေးသော မစ်ရှင်ဖြစ်သည့် ကမ္ဘာနှစ်ခုကြား ဆက်သွယ်သော လမ်းကြောင်းကို ဖျက်ဆီးမည့် မစ်ရှင်အား ဆက်လက် လုပ်ဆောင်ရပေမည်။

"မိတ်ဆွေလေးကျန်းချန် သတိထားပါ.. မင်းပြန်လာပြီး ငါ့ရဲ့ သံသယတွေ ဖြေရှင်းပေးမှာကို စောင့်နေမယ်"

ဘေးနားမှ လုံလီကလည်း ကျန်းချန်ကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်သည်။

"စိတ်ချပါ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အနက်ရောင်အရိပ်တစ်ခု အဖြစ် ပြောင်းလဲကာ သူ့ရှေ့ရှိ အင်ပါယာမြုပ်နှံခြင်း ချောက်နက် ဆီသို့ တဟုန်ထိုး ဆင်းသက်သွားခဲ့သည်။

အဆုံးမဲ့ ချောက်နက်ကြီးထဲကို ကျန်းချန်က ဆင်းသက်လာခဲ့၏။

သူ့ပတ်ဝန်းကျင်ရှိ လေထုတွင် ကောင်းကင်မှ ကျဆင်းလာသော ကျောက်တုံးကြီး အချို့ကြောင့် ကြီးမားသော လေထု အက်ကွဲကြောင်းများ မရေမတွက်နိုင်အောင် ဖြစ်ပေါ်နေခဲ့သည်။

ဤအက်ကွဲကြောင်းများသည် ချောက်နက်ကြီးထဲသို့ ဝင်လာသူများကို မျိုချမည့် နတ်ဆိုးကြီးတစ်ကောင်၏ ပါးစပ်ကြီးနှင့် ဆင်တူ၏။

ထိုအက်ကွဲကြောင်းထဲတွင် လေဟာနယ်မုန်တိုင်းများက တိုက်ခတ်နေသည်။

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ဤနေရာသို့ ဝင်ရောက်မိလျှင် ဤလေဟာနယ်မုန်တိုင်းများကြောင့် အပိုင်းပိုင်း အစစ ကွဲထွက်သွားဖွယ် ရှိ၏။

"ဒီအင်ပါယာမြုပ်နှံခြင်းချောက်က တကယ်ကို အန္တရာယ်များတာပဲ.. ​မြောက်ပိုင်းတောရိုင်းဒေသက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ဝင်သွားပြီး ဘယ်တော့မှ ပြန်ထွက်မလာနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး.. အဖေ အရင်က ဒီကို ဘာလာလုပ်တာလဲ မသိဘူး"

ကျန်းချန်က သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်သည်။

သူ၏ ဖခင်က ချီကာကွယ်ရေး နဝမအဆင့် ခွန်အားထက် မပိုပေ။

ထို့ကြောင့် အင်ပါယာမြုပ်နှံခြင်း ချောက်နက်ထဲတွင် သေဆုံးမည့်ရာခိုင်နှုန်းသည် ၉၉ရာခိုင်နှုန်း ဖြစ်၏။

ကျန်းချန်က လေထုအက်ကွဲကြောင်းများကို သေချာစွာ ရှောင်ရှားရင်း အောက်သို့ ဆင်းလာခဲ့သည်။

မည်မျှကြာသွားသည်ကို မသိရပေ။

အောက်ဘက်ရှိ မှောင်မိုက်သော ချောက်နက်ကြီးထဲတွင် အဆုံးသတ်၌ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ထိုအလင်းတန်းသည် ကျန်းချန်၏ မြင်ကွင်းတွင် လျင်မြန်စွာ ချဲ့ထွင်လာခဲ့ပြီး မြို့တစ်ဝက်၏ ပုံသဏ္ဍာန်သည် ကျန်းချန်၏ မြင်ကွင်းတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။

"အင်ပါယာ မြုပ်နှံခြင်းချောက်နက်ထဲမှာ တကယ်ပဲ မြို့တစ်ဝက် တည်ရှိနေတာလား"

ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။

သူက အင်ပါယာမြုပ်နှံခြင်းချောက်နက်၏ အပြင်ဘက်သို့ ပထမဆုံး ရောက်ရှိလာသောအခါတွင် ထိုချောက်နက်သည် မြို့နှင့် တူညီနေသည်ဟု တွေးမိခဲ့သည်။

သို့ဆိုလျှင် ဓားတစ်ချက်တည်းဖြင့် မြို့ကို နှစ်ပိုင်းဖြတ်လိုက်သော သူ၏ ခန့်မှန်းချက်သည် မှန်ကန်နေပါသလော။

[ဒီမြို့က ဘယ်နေရာကမြို့လဲ.. ဘယ်သူက ဒီနေရာကို ကျဆင်းစေခဲ့တာလဲ]

ကြီးမားသော မြို့တစ်မြို့ကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ခြင်း။

ဤကဲ့သို့ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်ကို ဖော်ထုတ်နိုင်သော ကျင့်ကြံသူသည် မည်သို့သော အဆင့်မှ ကျင့်ကြံသူ ဖြစ်မည်ကို ကျန်းချန် စိတ်ပင်မကူးရဲပေ

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ့ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ကာ အောက်ဘက်ရှိ မြို့ဆီသို့ လျင်မြန်စွာ သွားလိုက်၏။

ခန့်မှန်းခြေအားဖြင့် ဆယ်ငါးမိနစ်ခန့်အကြာတွင် ကျန်းချန်သည် ကြီးမားသော ရင်ပြင်ကြီးတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ပတ်ဝန်းကျင်ကို အသေးစိတ် အကဲခတ်လိုက်၏။

ဤနေရာက ကြယ်တာရာဥက္ကာခဲများနှင့် လုံးလုံးလျားလျား တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်သည်။

မြို့ကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ခံထားရပြီး အဆောက်အအုံ ပိုများသည့် အခြားတစ်ဖက်က ရှိမနေပေ။

မြို့တစ်ဝက်၏ ပုံစံက အလွန် ရိုးရှင်းသည်။

ပျက်စီးနေသော အဆောက်အုံအချို့က လွဲလျှင် ကျန်းချန်၏ ခြေထောက်အောက်ရှိ ဥက္ကာခဲရင်ပြင်သာ ကျန်ရှိတော့၏။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သောကြောင့် ရင်ပြင်ပေါ်တွင် ဖုန်မှုန့်များ ထူထဲစွာ စုပုံနေခဲ့သည်။

မရေမတွက်နိုင်သော ခြေလက်များနှင့် အရိုးစုများ၊ ကျိုးပဲ့နေသော သံချပ်ကာများ စသည့် အရာများသည် ထူထဲသော ဖုန်မှုန့်များထဲတွင် ရောယှက်နေခဲ့သည်။

အရာအားလုံးက ဤနေရာသည် တစ်ချိန်က ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်ခဲ့ကြောင်း ဖော်ပြနေသကဲ့သို့ပင်။

"ဒါ.. ဒါက ကြယ်တာရာမြို့ပဲ.. မင်း ဒဏ္ဍာရီလာ ကြယ်တာရာမြို့ကို ရှာတွေ့ခဲ့တယ်လား"

ကျန်းချန်က သူ့ရှေ့မှ မြို့တစ်ဝက်ကို ကြည့်နေစဉ်မှာပင် သူ၏ စိတ်ထဲတွင် မယုံကြည်နိုင်စရာ ရေရွတ်လိုက်သော အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤအသံသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည့် သွေးမြစ်၏ အသံ ဖြစ်၏။

"သွေးမြစ်.. နောက်ဆုံးတော့ နိုးထလာပြီပေါ့ မင်းက ဘာလို့ တစ်ချိန်လုံးအိပ်နေတာလဲ.. ဒါနဲ့ မင်းရဲ့စကားသံကို ကြားရသလောက် မင်းက ဒီမြို့နဲ့ ပတ်သက်ပြီး သိနေပုံပဲ"

ကျန်းချန်က ဝမ်းသာသွားပြီး အလျင်အမြန် မေးလိုက်သည်။

"ငါကမင်းထင်သလို အိပ်နေတာမဟုတ်ဘူးကွ.. ရွှေနဂါးမြို့မှာ အင်ပါယာအဆင့်ကို ကျော်လွန်တဲ့ ဆန္ဒတစ်ခု ရှိနေတယ်.. ငါသာ မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး လျှို့ဝှက်နည်းလမ်းနဲ့ နက်ရှိုင်းတဲ့ အိပ်စက်ခြင်း အခြေအနေကို မလုပ်ဆောင်ခဲ့ရင် ငါ့ကို အဲဒီ စိတ်ဆန္ဒက တိုက်ရိုက် ပျောက်ကွယ်သွားအောင် လုပ်မှာ သေချာသလောက်ပဲ"

သွေးမြစ်က ဒေါသထွက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"အဲဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ဘူး"

ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးမှ ချက်ချင်းဆိုသလို တိုက်ရိုက် ပြောလိုက်သည်။

"ကောင်းပြီ.. အဓိပ္ပာယ်မရှိတာတွေ ပြောတာ ရပ်တော့.. ငါ့ကို ကြယ်တာရာမြို့ အကြောင်း ပြောပြပါဦး"

"ငါတို့ သွေးနတ်ဆိုး နန်းတော် ခေါင်းဆောင်ရဲ့ လက်ရေးမူ ကျမ်းစာအုပ် တစ်အုပ်မှာ ကြယ်တာရာမြို့နှင့် ပတ်သက်တဲ့ မှတ်တမ်းကို ငါတစ်ခါက မြင်ခဲ့ဖူးတယ်"

သွေးမြစ်က ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"မင်း ငါတို့ သွေးနတ်ဆိုး နန်းတော်ရဲ့ မူလဇစ်မြစ်ကို သိလား"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများက တောက်ပလာပြီး ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"မင်းတို့ သွေးနတ်ဆိုးနန်းတော်က တခြားဂြိုဟ်က သွေးကျင့်ကြံသူတွေနဲ့ ပတ်သက်နေတာများလား"

"အဲဒါ သွေးကျင့်ကြံသူတွေ မဟုတ်ဘူး.. တခြား ဂြိုဟ်ကလာတဲ့ သွေးဝိညာဉ်မျိုးနွယ်စုပဲ"

သွေးမြစ်က ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

[ဟောင်ထျန်း ပြက္ခဒိန် ၁၈၈၈ ခုနှစ်မှာ ငါတို့ မျိုးနွယ်စုတွေ ရှန်းဝူတိုက်ကို ရောက်လာပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်]

[ရှန်းဝူတိုက်ကြီးရဲ့ အစွမ်းထက်ဆုံး အင်ပါယာ ဟောင်ထျန်းက အင်ပါယာတွေ ကို ဦးဆောင်ပြီး ကြယ်တာရာမြို့မှာရှိတဲ့ ငါတို့မျိုးနွယ်စုကို ပြာကျတဲ့အထိ တိုက်ခိုက်ခဲ့တယ်]

[ငါက ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့တယ်]

သွေးမြစ် ရွတ်ဆိုနေသည့် စာသားများသည် သွေးနတ်ဆိုးနန်းတော် ခေါင်းဆောင်၏ လက်ရေးမူကျမ်းထဲမှ မှတ်တမ်းအတိုင်း ဖြစ်သည်။

ဤစာသားတွင် သွေးနတ်ဆိုးနန်းတော် ခေါင်းဆောင်၏ ဘဝဖြစ်စဉ်များကို မှတ်တမ်းတင်ထားသည်။

သူ သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ရှန်းဝူတိုက်ကို အုပ်စိုးလိုခြင်းအပြင် အရေးကြီးသော ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးသည်။

၎င်းမှာ ပျောက်ဆုံးနေသော ကြယ်တာရာမြို့ကို ရှာဖွေရန်ဖြစ်သည်။

အကြောင်းရင်းမှာ ကြယ်တာရာမြို့တွင် သွေးဝိညာဥ်မျိုးနွယ်စုနှင့် ချိတ်ဆက်ထားသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခု ရှိသောကြောင့်ပင်။

ကြယ်တာရာမြို့ကို ရှာဖွေပြီး တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် ​သွေးဝိညာဥ်မျိုးနွယ်စုက ပြန်လာလိမ့်မည် မဟုတ်ပါလား။

"အင်ပါယာမြုပ်နှံခြင်း ချောက်နက်ထဲမှာ တကယ်ပဲ တခြားဂြိုဟ်နဲ့ ချိတ်ဆက်ထားတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင် တစ်ခု ရှိနေတာကိုး"

ကျန်းချန်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ချက်ချင်းပင် သူ့ရှေ့ရှိ ကြယ်တာရာမြို့ကို ကြည့်ကာ ရှာဖွေလိုက်သည်။

ခဏအကြာတွင် ကျန်းချန်၏ အကြည့်သည် ရင်ပြင်၏ အဆုံးတွင် ရပ်တန့်သွားခဲ့သည်။

ထိုနေရာတွင် မီတာထောင်ချီ အရွယ်အစားရှိ ကြီးမားသော ယဇ်ပလ္လင် တစ်ခု ရှိသည်။

ယဇ်ပလ္လင် တစ်ခုလုံးကို တောက်ပသော ရောင်စုံနတ်အလင်းဖြင့် ဖုံးအုပ်ထား၍ ယဇ်ပလ္လင် ပေါ်ရှိ အခြေအနေကို မည်သူမျှ ကောင်းစွာ မမြင်နိုင်ပေ။

ကျန်းချန်ကို အံ့အားသင့်စေခဲ့သည်မှာ တောက်ပသော ရောင်စုံနတ်အလင်း ဖုံးအုပ်ထားသည့် ယဇ်ပုလ္လင်၏ ​အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးအလင်း တစ်ခု ရှိနေခြင်းပင်။

ရောင်စုံနတ်အလင်းက သွေးအလင်းကို ဖိနှိပ်ရန် တည်ရှိနေသည်ဟု ကျန်းချန် ခံစားမိသည်။

အကြောင်းမှာ ထိုသွေးအလင်းထဲတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါ တစ်ခု ရှိနေသောကြောင့်ပင်။

ကျန်းချန်ပင်လျှင် ထိုအရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါ တုန်လှုပ်ချောက်ချားသော ခံစားချက်ကို ခံစားမိခဲ့သည်။

[ဒီ ယဇ်ပလ္လင် အောက်မှာ ဘာကို ဖိနှိပ်ထားတာပါလိမ့်]

အခန်း(၁၂၁၅) ပြီး၏

All Chapters