← Chapters

အခန်း (၁၂၁၆-၁၂၁၈)

Vol. 82 Ch. 1216-1218

အခန်း (၁၂၁၆-၁၂၁၈)

Vol. 82 Ch. 1216-1218

အခန်(၁၂၁၆)

ကျန်းချန်က နတ်အလင်းဖြင့် ဖိနှိပ်ခံထားရသော ကြောက်မက်ဖွယ်ကောင်းသည့် သွေးအလင်းကို ထိတ်လန့်တကြား စိုက်ကြည့်နေရင်း အတွေးများ လွင့်မျောနေခဲ့သည်။

သူ၏အတွေးများက ရုတ်တရက် လင်းလက်လာခဲ့ပြီး လီချင်းရွှယ် မသေမီ ပြောဆိုခဲ့သော "ငါတို့မျိုးနွယ်စုရဲ့ တပ်မှူးချုပ် ကျိုးယို နိုးထလာတာနဲ့ မျိုးနွယ်စုစစ်တပ်က ပြန်ရောက်လာလိမ့်မယ်" ဟူသော စကားကို ပြန်လည် အမှတ်ရလိုက်သည်။

သို့ဆိုလျှင် ဤရောင်စုံနတ်အလင်းဖြင့် ဖိနှိပ်ခံထားရသော အရာသည် တပ်မှူးချုပ် ကျိုးယို ဖြစ်နိုင်ပါသလော။

ထိုသို့ စဥ်းစားမိသည်နှင့် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။

"သွေးမြစ်.. မင်းတို့ သွေးနတ်ဆိုးနန်းတော်မှာ တပ်မှူးချုပ် ကျိုးယိုနဲ့ပတ်သက်တဲ့ မှတ်တမ်းရှိလား"

"တပ်မှူးချုပ် ကျိုးယိုလား.. သွေးနတ်ဆိုးနန်းတော် ခေါင်းဆောင်ရဲ့ လက်ရေးမူကျမ်းထဲမှာ ဒီနာမည် တစ်ကယ်ပဲရှိနေတယ်.. ဒါ့အပြင် ငါတို့ သွေးနတ်ဆိုးနန်းတော် ခေါင်းဆောင်က တပ်မှူးချုပ် ကျိုးယိုကို အရမ်းလေးစားတဲ့ပုံပဲ.. ငါခန့်မှန်းချက်မမှားရင် တပ်မှူးချုပ် ကျိုးယိုက ရှန်းဝူတိုက်ကြီးကို တိုက်ခိုက်ခဲ့တဲ့ သွေးဝိညာဥ်မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင် တပ်မှူးချုပ် ဖြစ်လိမ့်မယ်"

သွေးမြစ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ရှန်း၀ူတိုက်ကြိီးကို တိုက်ခိုက်ခဲ့တဲ့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ခေါင်းဆောင် တပ်မှူးချုပ်လား"

ကျန်းချန်က ကိစ္စရပ်တချို့ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူ၏ရှေ့မှ ရောင်စုံနတ်အလင်းဖြင့် ဖိနှိပ်ခံထားရသောသူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ကြယ်တာရာမြို့တွင် အင်ပါယာ ဟောင်ထျန်းနှင့် တိုက်ခိုက်ခဲ့သည့် သွေးဝိညာဥ်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး ကျင့်ကြံသူ ကျိုးယို ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က မဟာအင်ပါယာ ဟောင်ထျန်းသည် အင်ပါယာအားလုံးကို ဦးဆောင်၍ ကြယ်တာရာမြို့ရှိ သွေးဝိညာဥ်မျိုးနွယ်စု၏ စစ်တပ်နှင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲအပြီးတွင် သွေးဝိညာဥ် မျိုးနွယ်စု၏ ရှန်းဝူတိုက်ကြိီးကို ကျူးကျော်ခြင်းမှ တားဆီးနိုင်ခဲ့၏။

ကျန်းချန်၏ ခန့်မှန်းချက်သာ မမှားလျှင် ဤကြယ်တာရာမြို့တော်ကို ရှန်းဝူတိုက်ကြီး၏ အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်သည့် အင်ပါယာ ဟောင်ထျန်းသည် ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့နောက်တွင် သွေးဝိညာဥ်မျိုးနွယ်စု စစ်တပ်ကို ခေါင်း ဆောင်လာသည့် တပ်မှူးချုပ် ကျိုးယိုကို ဤနေရာတွင် ဖိနှိပ်ကာ အခြားဂြိုဟ်နှင့် ချိတ်ဆက်ထားသည့် တည်နေရာ​ရွှေ့ပြောင်းခြင်း အစီအရင်ကို ပိတ်ဆို့ခဲ့ပုံရ၏။

သို့သော်လည်း အကြောင်းအရင်း မယ်မယ်ရရ မသိရဘဲ နှစ်ထောင်ပေါင်းများစွာ မပြောင်းမလဲ တည်ရှိခဲ့သော ချိတ်ပိတ် စည်းတံဆိပ်သည် ရုတ်တရက် အပြောင်းအလဲဖြစ်ကာ သွေးဝိညာဥ် မျိုးနွယ်စုကို ရှန်းဝူတိုက်ကြီးဆီ တစ်ဖန် ပြန်လာစေခဲ့

သည်။

ယဇ်ပုလ္လင်အောက်တွင် ဖိနှိပ်ခံထားရသော သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှူးချုပ် ကျိုးယိုပင်လျှင် ပြန်လည် သက်သာလာတော့မည့် လက္ခဏာများကို ပြသနေခဲ့ပြီ ဖြစ်သည်။

ဤရောင်စုံနတ်အလင်းကို အလွန်အစွမ်းထက်သော အစီအရင်တစ်ခုဖြင့် ဖွဲ့စည်းထားပုံရ၏။

ထိုအစီအရင်က ကောင်းကင်ကို ဆန့်ကျင်နေသည်ဟု တင်စား၍ ရလောက်သည်အထိ အစွမ်းထက်သော်လည်း မည်သည့်အစီအရင်မှန်း ကျန်းချန်မသိပေ။

အင်ပါယာဟောင်ထျန်း ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ရှန်းဝူတိုက်ကြီးမှ အင်ပါယာ အားလုံး၏ ခေါင်းဆောင် ဖြစ်ပြီး ရှန်း၀ူတိုက်ကြိိီး၏ နံပါတ်တစ် ကျင့်ကြံသူလည်း ဖြစ်သည်။

သိထားရမည်မှာ ရှန်းဝူတိုက်ကြီးတွင် အသုံးပြုသော ပြက္ခဒိန်ကိုပင် ဟောင်ထျန်းပြက္ခဒိန်ဟု အမည်ပေးထားခြင်းပင်။

ဤသည်က ရှန်းဝူတိုက်ကြီးတွင် မဟာအင်ပါယာ ဟောင်ထျန်း၏ အဆင့်အတန်းကို ပြသနေသော သက်သေတစ်ခုပင်။

သခင်ကျိုးယိုသည် ရှန်းဝူတိုက်ကြီးကို လာရောက် တိုက်ခိုက်သော သွေးဝိညာဥ်မျိုးနွယ်စု၏ ခေါင်းဆောင် တပ်မှူးချုပ် တစ်ဦး ဖြစ်ပြီး အနည်းဆုံး အင်ပါယာဟောင်ထျန်းနှင့် အဆင့်တူ ဖြစ်သည်။

ထိုသို့ အစွမ်းထက်သူတစ်ဦးကို န၀မအဆင့် အစီအရင်ဖြင့်ပင်အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ၏ရှေ့မှ အစီအရင်သည် န၀မအဆင့် အစီအရင်ထက်ပင် မြင့်မားမည်မှာ သေချာသလောက်ဖြစ်၏။

"ငါ့ရဲ့ အဆတစ်ရာစနစ်ကို အသုံးပြုပြီး ဒီအစီအရင်ကို နားလည်အောင် လုပ်န်ိုင်မယ်ထင်တယ်"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့သည်။

ယခုအခါတွင် အခြားဂြိုဟ်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ လူတချို့သည် ရှန်းဝူတိုက်ကြီးကို တစ်ဖန် ပြန်လည်ရောက်ရှိလာကြပြီး ဖိနှိပ်ခံထားရသော သွေးဝိညာဥ် မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ခေါင်းဆောင် တပ်မှူးချုပ်ပင်လျှင် ပြန်လည် သက်သာလာတော့မည်ဖြစ်သည်။

ထိိုသို့ဖြစ်ရခြင်းမှာ သူ၏အရှေ့ရှိ အစီအရင်တွင် မမျှော်လင့်သော အရာတစ်ခုခု ဖြစ်သွားခြင်းကြောင့် ဖြစ်ရပေမည်။

သူသာ အစီအရင်ကို နားလည်ပြီး ပြုပြင်နိုင်မည်ဆိုလျှင် ဤကိစ္စတွေအားလုံးကို ရပ်တန့်နိုင်လိမ့်မည် ဖြစ်၏။

ထိုအကြောင်းကို တွေးမိလျှင် ကျန်းချန်သည် တုန့်ဆိုင်းမနေတော့ဘဲ ယဇ်ပုလ္လင် အရှေ့သို့ ချဥ်းကပ်သွားခဲ့သည်။

ခန့်မှန်းခြေအားဖြင့် ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျန်းချန်သည် ယဇ်ပုလ္လင်နှင့် မီတာတစ်ရာ အကွာအဝေးသို့ ရောက်ရှိလာခဲ့၏။

အနီးသို့ ရောက်လာသည်နှင့်အမျှ ကျန်းချန်သည် ယဇ်ပုလ္လင်၏ အောက်ခြေရှိ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါကို ခံစားမိခဲ့သည်။

ရောင်စုံနတ်အလင်း၏ ဖိနှိပ်မှုသာမရှိခဲ့လျှင် ထိုသွေးအရှိန်အဝါသည် သူ့ကို မိနစ်ပိုင်းအတွင်း အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။

ယဇ်ပုလ္လင်နှင့် မနီးမဝေးသို့ ရောက်လာသည်နှင့် ကျန်းချန်က ယဇ်ပုလ္လင်ပေါ်ရှိ ရောင်စုံနတ်အလင်းကို ကြည့်ကာ အစီအရင်ကို နားလည်ရန် ကြိုးစားကြည့်လိုက်သည်။

ခန့်မှန်းခြေအားဖြင့် နှစ်မိနစ်ခန့်အကြာတွင် ကျန်းချန်၏ စိတ်ထဲမှ စနစ်၏ အချက်ပေးသံများ ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင်က နတ်အဆင့် အစီအရင်ဖြစ်တဲ့ ရှန်းဝူကောင်းကင် အစီအရင်ကို ကြည့်ရှုပြီး အဆ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်..သင်က ရှန်းဝူကောင်းကင် အစီအရင်ရဲ့ အနှစ်သာရကို ၁၀၀၀၀ပုံ ၁ပုံ နားလည်သွားခဲ့ပါပြီ"

"ရှန်းဝူကောင်းကင် အစီအရင်တဲ့လား.. နာမည်က အရမ်းဆန်းကြယ်တာပဲ"

ထို့အပြင် ဤအစီအရင်သည် ကျန်းချန် ထင်ထားသည်အတိုင်းပင် န၀မအဆင့်ထက်ကို ကျော်လွန်နေသည့် နတ်အဆင့် အစီအရင်တစ်ခု ဖြစ်နေခဲ့၏။

ကျန်းချန်က သူ၏ ရင်ထဲမှ အံ့သြတုန်လှုပ်မှုကို ဖိနှိပ်ကာ အစီအရင်ကို အပြည့်အ၀ နားလည်ရန် ကြိုးစားခဲ့သည်။

"ဒင်.. သင်က နတ်အဆင့် အစီအရင်ဖြစ်တဲ့ ရှန်းဝူကောင်းကင် အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က ရှန်းဝူကောင်းကင် အစီအရင်ရဲ့ အနှစ်သာရကို ၁၀၀၀၀ပုံ ၁ပုံ နားလည်သွားခဲ့ပါပြီ"

"............"

ကျန်းချန်က နေရာမှာပင် မလှုပ်မယှက် ထိုင်နေခဲ့ပြီး စနစ်၏ အဆတစ်ရာ နားလည်မှုကို အသုံးပြုကာ သူ့ရှေ့မှ ရှန်းဝူကောင်းကင် အစီအရင်ကို နားလည်ရန် ကြိုးပမ်းခဲ့သည်။

ဤသို့ဖြင့် တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကနေ ဆယ်ရက်တာ အချိန်သည် ကုန်ဆုံးသွားခဲ့သည်။

ဆယ်ရက် ဆက်တိုက်အားထုတ်မှု၏ ရလဒ်အဖြစ် ကျန်းချန်၏ ရှန်းဝူကောင်းကင် အစီအရင်ပေါ် နားလည်မှုသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ၈၀% ကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

နောက်ထပ်နှစ်ရက် ထပ်မံ ကုန်လွန်သွားပြီးနောက်တွင် နှစ်သက်ဖွယ်ကောင်းသော အချက်ပေးသံ တစ်သံသည် အဆုံးသတ်၌ ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"ဒင်.. သင်က နတ်အဆင့် အစီအရင်ဖြစ်တဲ့ ရှန်းဝူကောင်းကင်အစီအရင်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြိီ"

ဆယ့်နှစ်ရက် တိုင်တိုင် အားထုတ်ပြိီးနောက်တွင် ကျန်းချန်သည် အဆ၁၀၀ စနစ်၏ ကောင်းချီးဖြင့် အဆုံးသတ်တွင် ရှန်းဝူကောင်းကင် အစိီအရင်ကို ပြီးပြည့်စုံစွာ နားလည်သွားခဲ့သည်။

"ဒီအစီအရင်က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် မှော်ဆန်နေရတာလဲ.. ရှန်းဝူတိုက်ကြီးမှာ ဒီလိုမျိုး အစီအရင် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ကျန်းချန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အံ့သြသော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့၏။

ရှန်းဝူကောင်းကင် အစီအရင်ကို ပြီးပြည့်စုံစွာ နားလည်ပြီးနောက်တွင် ကျန်းချန်၏ ရင်ထဲတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အဆုံးသတ်တွင် သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က မဟာစစ်ပွဲကြီး နောက်ပိုင်းတွင် ရှန်းဝူတိုက်၌ အင်ပါယာအဆင့် ကျင့်ကြံသူများ မထွက်ပေါ်လာတော့သည်ကို နားလည်သွားခဲ့သည်။

အကြောင်းရင်းမှာ ဤရှန်းဝူကောင်းကင် အစီအရင်ကြောင့် ဖြစ်သည်။

ရှန်းဝူကောင်းကင် အစီအရင်သည် နတ်အဆင့် အစီအရင်တစ်ခု ဖြစ်သည်။

ထိုအစီအရင်၏ စွမ်းအားကို အသုံးပြုပြီး ဂြိုဟ်နှစ်ခုကြားရှိ လမ်းကြောင်းကို ပိတ်ဆို့ကာ သွေးဝိညာဥ် မျိုးနွယ်စု၏ ခေါင်းဆောင် တပ်မှူးချုပ်ဖြစ်သည့် ကျိုးယိုကို ဤနေရာတွင် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။

အစီအရင်တွင် ရှန်းဝူတိုက်၏ မူလစွမ်းအားကို အသုံးပြုထားသောကြောင့် ရှန်းဝူတိုက်တွင် ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များသည် များစွာ လျော့နည်းသွားခဲ့ပြီး အင်ပါယာအဆင့် ကျင့်ကြံသူကို မွေးထုတ်ရန် မဖြစ်န်ိုင်တော့ပေ။

ဤတစ်ကြိမ် မြောက်ပိုင်းတောရိုင်းဒေသ၏ ကြီးမားသော အပြောင်းအလဲသည် ရှန်းဝူကောင်းကင် အစိီအရင်နှင့် လုံး၀ သက်ဆိုင်နေခဲ့သည်။

ရှန်းဝူကောင်းကင် အစီအရင်တွင် အကြောင်းကိစ္စ တစ်ခုခုကြောင့် ချို့ယွင်းချက် တစ်ခုခု ဖြစ်ပွားခဲ့၍ ရှန်းဝူတိုက်၏ မူလစွမ်းအား တစ်စိတ်တစ်ပိုင်းသည် အစီအရင်ထဲကနေ လျှံထွက်လာခြင်းကြောင့် ဖြစ်နိုင်၏။

"အစီအရင်ရဲ့ပြဿနာကို အမြန်ဆုံး အဖြေရှာပြီး ပြုပြင်ရမယ်ထင်တယ်"

ဤတစ်ကြိမ်တွင် ရှန်းဝူကောင်းကင် အစီအရင်ကို အသေအချာ အကဲခတ်နေသည့် ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

အစီအရင်ကနေ မူလစွမ်းအားများ ဆက်တိုက် ယိုစိမ့်လာသည်နှင့် အမျှ ရှန်းဝူကောင်းကင် အစိီအရင်၏ စွမ်းအားသည် တဖြည်းဖြည်း အားနည်းလာလိမ့်မည် ဖြစ်၏။

အချိန်တန်လျှင် ယဇ်ပုလ္လင်အောက်၌ ဖိနှိပ်ခံထားရသော သွေးဝိညာဥ်မျိုးနွယ်စု၏ ခေါင်းဆောင် တပ်မှူးချုပ်သည် ပြန်လည်သက်သာလာပြီး ပြင်ပကမ္ဘာရှိ သွေးဝိညာဥ်မျိုးနွယ်စု စစ်တပ်ကို ဆင့်ခေါ်ခဲ့လျှင် ရှန်းဝူတိုက်ကြီးသည် အမှန်တကယ်ပင် အန္တရာယ် များသွားလိမ့်မည် ဖြစ်သည်။

ထိုအတွေးများ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် သူ၏ လက်နှစ်ဖက်ကို ရင်ဘက်နားတွင် ကပ်၍ လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ဖော်ထုတ်လိုက်သည်။

ဆိုရလျှင် ကျန်းချန်သည် ရှန်းဝူကောင်းကင် အစီအရင်ကိုစတင် ပြုပြင်နေခဲ့ပြီ ဖြစ်၏။

သို့သော် ဤအချိန်မှာပင် ရောင်စုံနတ်အလင်းဖြင့် လွှမ်းခြုံခံထားရသော ယဇ်ပုလ္လင်၏ ပေါ်တွင် ရုတ်ခြည်းဆိုသလို ပြင်းထန်သော လေထု တုန်ခါမှု ဖြစ်ပေါ်လာခဲ့သည်။

"တစ်စုံတစ်ယောက်က တခြားဂြိုဟ်ကနေ တည်နေရာရွှေ့ ပြောင်းပြီး ဒီကို လာနေတဲ့ပုံပဲ"

ကျန်းချန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လက်ဟန်များကို ချက်ချင်းဆိုသလို ရပ်တန့်လိုက်သည်။

သူ၏အကြည့်က ယဇ်ပုလ္လင်ပေါ်ရှိ လေထု တုန်ခါသည့်နေရာသို့ ရောက်ရှိနေခဲ့၏။

ကျန်းချန်၏ အကြည့်အောက်မှာပင် လေထုတုန်ခါမှုသည် ပိုမို၍ ပြင်းထန်လာခဲ့ပြီး ခဏအကြာမှာပင် သွေးရောင်ဝတ်စုံကို ဝတ်ထားသော လူတစ်ဦးသည် ရောင်စုံ နတ်အလင်းထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။

အခန်း(၁၂၁၆)ပြီး၏။

အခန်း(၁၂၁၇)

ထိုလူငယ်က သွေးရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အသက် ၂၅ ၊ ၂၆ နှစ်ခန့်ရှိသည်။

လူငယ်က အလွန်ချောမောပြီး နဖူးတွင်လည်း သွေးရောင်အမှတ်သင်္ကေတတစ်ခု ရှိ၏။

၎င်း၏ ခန္ဓာကိုယ်ကနေ မြင့်မြတ်သော အရှိန်အဝါများလည်း ထုတ်လွှတ်နေခဲ့သည်။

"သွေးဝိညာဥ်မျိုးနွယ်စုက လွှတ်လိုက်တာထင်တယ်"

ရုတ်တရက် ထွက်ပေါ်လာသော သွေးရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကျန်းချန်သည် သက်ပြင်းချလိုက်သည်။

ရှန်းဝူကောင်းကင် အစီအရင်သည် ချို့ယွင်းချက်ရှိနေသော်လည်း အစီအရင်က အလုပ်လုပ်နေဆဲဖြစ်၍ တခြားဂြိုဟ်ကနေ ဖြတ်​ကျော်လာသော သွေးဝိညာဥ်မျိုးနွယ်စုအပေါ်တွင် ကြီးမားသော ကန့်သတ်ချက်များ ရှိနေသေးသည်။

လူငယ်က လီချင်းရွှယ်ထက် များစွာ ပို၍ အားကောင်းသော်လည်း ၎င်း၏ စွမ်းအားသည် နတ်သန္ဓေအင်ပါယာ အဆင့်ထိ မရောက်သေးပေ။

ထို့ကြောင့် သူ့ရှေ့မှလူငယ်သည် သူ့ကို မည်သည့်အန္တရာယ်မှ ပေးနိုင်မည် မဟုတ်ပေ။

ပထမဆုံးအသုတ်ဖြစ်သည့် လီချင်းရွှယ်တို့ လူစုသည် နတ်ဝိညာဥ်ဘုရင်အဆင့် အစောပိုင်းမှာသာ ရှိသည်။

သို့ရာတွင် သူ့ရှေ့မှ သွေးရောင်ဝတ်စုံ၀တ်လူငယ်၏ ခွန်အားကမူ နတ်ဝိညာဥ်ဘုရင် အထွတ်အထိပ်နှင့်ပင် ယှဥ်နိုင်၏။

ဤအချက်အလက်ကနေ ကျန်းချန်သည် ကိစ္စတချို့ကို ခန့်မှန်းနိုင်ခဲ့သည်။

ရှန်းဝူကောင်းကင် အစီအရင်၏ ချို့ယွင်းချက်ကနေ မူလစွမ်းအင်ကို ပိုမို ဆုံးရှုံးလာသည်နှင့်အမျှ အခြားဂြိုဟ်ကနေ ပို၍ အစွမ်းထက်သော သွေးဝိညာဥ်မျိုးနွယ်စုများ ဖြတ်ကျော်လာလိမ့်မည် ဖြစ်သည်။

"ဟားဟား.. ရှန်းဝူတိုက်ကြီးနဲ့ ချိတ်ဆက်ထားတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က တကယ်ပဲ​ ဖြည်းဖြည်းချင်း ဖွင့်လှစ်နေတာကိုး.. အခုဆိုရင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူတွေတောင် ဖြတ်သန်းလို့ရနေပြိိီ.. ငါတို့ရဲ့ တပ်မှူးချုပ် ကျိုးယိုကို နိုးထစေပြီးတာနဲ့ ငါတို့ မျိုးနွယ်စု စစ်တပ်ကို ဆင့်ခေါ်ပြီး ရှန်းဝူတိုက်ကို လုံးဝ ချေမှုန်းပစ်လို့ရပြီ"

ရောင်စုံနတ်အလင်းထဲကနေ ထွက်ပေါ်လာသော သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ရယ်သံသည် ဆိတ်ငြိမ်နေသော ချောက်နက်ကြီးထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

"ဟမ့်.. ရှန်းဝူတိုက်ကို ဖျက်ဆီးရအောင် မင်းတို့ သွေးဝိညာဥ်မျိုးနွယ်စုက ထိုက်တန်မှုရှိလို့လား.. လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကလဲ မင်းတို့ သွေးဝိညာဥ်မျိုးနွယ်စုက ရှန်းဝူတိုက်ကို ကျူးကျော်လို့မရခဲ့ဘူး.. အခုလည်း ရှန်းဝူတိုက်ကို ခြေတစ်လှမ်းတောင် ချခွင့် မရစေရဘူး"

ထိုအချိန်တွင် အေးစက်စက် ရေရွတ်လိုက်သော လေသံတစ်သံသည် သွေးရောင်၀တ်စုံ၀တ် လူငယ်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"တစ်ယောက်ယောက် ရှိနေတာလား"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် သွေးရောင်ဝတ်စုံ၀တ် လူငယ်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက မျက်လုံးဝေ့၍ ကြည့်လိုက်ရာ သူ၏ အကြည့်သည် ကျန်းချန်ဆီသို့ ချက်ချင်း ဆိုသလို ရောက်ရှိသွားခဲ့သည်။

"မင်းက ဘယ်သူလဲ.. လီချင်းရွှယ်တို့ လူစုက ဘယ်ရောက်သွားတာလဲ"

လွန်ခဲ့သည့် တစ်နှစ်ကျော်က သွေးဝိညာဥ် မျိုးနွယ်စုသည် လီချင်းရွှယ် ဦးဆောင်သော ရှစ်ဦးပါ အဖွဲ့ကို အခြေအနေ စူးစမ်းရန် အတွက် ရှန်း၀ူတိုက်သို့ စေလွှတ်ခဲ့သည်။

နယ်နိမိတ်ကို ဖြတ်ကျော်ပြီး ရှန်းဝူတိုက်ကို ရောက်ရှိပြီးနောက်တွင် သူပထမဆုံး မြင်ရသည်မှာည်မှာ လီချင်းရွှယ်တို့ လူစု မဟုတ်ဘဲ ရှန်းဝူတိုက်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သွေးရောင်ဝတ်စုံဝတ် လူငယ် မထင်ထားခဲ့ပေ။

"ငါတို့ ရှန်းဝူတိုက်ကြီးကို ကျူးကျော်လာတဲ့ သူတွေက အခုချိန်ထိ အသက်ရှင်နေဦးမယ်လို့ မင်းထင်လား"

ကျန်းချန်က သွေးရောင်ဝတ်စုံဝတ် လူငယ်ကို မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့၏။

"ဒါပေမယ့် စိတ်မပူပါနဲ့.. သိပ်မကြာခင်မှာ မင်းကိုလည်း သူတို့နောက်ကို ငါပို့ပေးပါ့မယ်"

"မင်းလိုကောင်က ငါ့ကိုသတ်မယ် ဟုတ်လား"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

သူက သွေးဝိညာဥ် မျိုးနွယ်စုထဲတွင် တော်ဝင်မိသားစုမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။

သွေးဝိညာဥ်မျိုးနွယ်စု အနေဖြင့် ဤတစ်ကြိမ်တွင် သူ့ကို နယ်နမိတ် ဖြတ်ကျော်၍ ဤနေရာသို့ စေလွှတ်လိုက်ခြင်းသည် သူ၏ တော်ဝင်သွေးစွမ်းအားဖြင့် ကျိုးယိုကို နိုးထစေရန် ဖြစ်သည်။

လူငယ်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အထွတ်အထိပ် အဆင့်တွင် ရှိ၍ ရှန်းဝူတိုက်ကြိိီးရှိ မည်သူနှင့်မဆို တိုက်ခိုက်ရဲသည်။

ဤကောင်လေးက နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့်သာ ရှိရာ သူ့ကို မည်ကဲ့သို့ သေစေနိုင်ပါအံ့နည်း။

"မင်းကိုငါ သတ်နိုင်မသတ်နိုင် ဆိုတာ မင်းမကြာခင် သိရပါလိမ့်မယ်"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ကိုမြှောက်လိုက်ရာ ကောင်းကင်ကိုပင် ချိုးဖျက်နိုင်စွမ်းရှိသော ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးရောင် ဝတ်စုံဝတ်လူငယ်ကို ခုတ်ပိုင်းလိုက်သည်။

"ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို သတ်မယ်လို့ ကြုံးဝါးရဲသေးတယ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်က မထီမဲ့မြင် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလ်ို သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ သူ့ဆီ ဦးတည်လာသော ဓားစွမ်းအင်ကို လက်ဗလာဖြင့် ဖမ်းဆုပ်လိုက်သည်။

"ကလစ်.."

လူငယ်က ဓားစွမ်းအင်ကို ဖမ်းဆုပ်လိုက်ပြီးနောက်တွင် ကစားစရာတစ်ခု ကဲ့သို့ ချေမွပစ်လိုက်သည်။

"ကောင်လေး.. မင်းဒီလောက် သေချင်နေမှတော့ ငါ မင်းကို တမလွန်ဆီ ပို့ပေးမယ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ ပေရာပေါင်းများစွာ ရှည်လျားသော သွေးအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသွေးရောင် အလင်းတန်းသည် လေထဲတွင် ချက်ချင်းဆိုသလို သွေးနဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ဟိန်းဟောက်ကာ ဦးတည်၍ ပျံသန်းလာခဲ့သည်။

"သဘာ၀လွန် သွေးမျိုးဆက်စွမ်းရည်.. ကမ္ဘာဖျက်ဆီးနဂါးမီးလျှံ"

သူ့ဆီသို့ ဟိန်းဟောက်၍ ဦးတည်လာသော သွေးနဂါးကို ကြည့်ရင်း ကျန်းချန်က ကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် လေထဲတွင် ရွှေရောင်နဂါး တစ်ကောင် ထွက်ပေါ်လာခဲ့ပြီး သွေးနဂါးကို မထီမဲ့မြင် ကြည့်ကာ ပါးစပ်ကနေ ရွှေရောင်မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

သွေးနဂါးက ရွှေရောင်နဂါး၏ မီးလျှံနှင့် ထိပ်တိုက်ဆုံမိသော အခါတွင် နေကဲ့သို့ တောက်ပသော အလင်းရောင်များသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းလုံးများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုစွမ်းအင်လှိုင်းလုံးများ၏ သက်ရောက်မှုအောက်တွင် သွေးရောင်ဝတ်စုံဝတ် လူငယ်သည် ခြေခုနစ်လှမ်း၊ရှစ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ပြီးမှ သူ၏ ဟန်ချက်ကို ထိန်းနိုင်ခဲ့သည်။

"စိတ်ဝင်စားစရာပဲ.. မင်းဆီမှာ ဒီလောက်အားကောင်းတဲ့ သွေးစွမ်းအား ရှိမယ်လို့ မထင်ထားမိဘူး"

သွေးရောင်၀တ်စုံဝတ် လူငယ်က နောက်သို့ ဆုတ်လိုက်ရပြီးနောက်တွင် ကျန်းချန်ကို တအံ့တသြ ကြည့်ကာ ရေရွတ်လိုက်သည်။

သိထားရမည်မှာ သူသည် သွေးဝိညာဥ် မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူ၏ သွေးစွမ်းအားအဆင့်ကို အလွန်မြင့်မားသောအဆင့်ဟု သတ်မှတ်နိုင်၏။

သို့ရာတွင် သူ့ရှေ့မှ ကောင်လေး၏ သွေးစွမ်းအားသည် သူ့ထက်ပင် မြင့်မားနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ငါအတော် ကံကောင်းတာပဲ.. နယ်နိမိတ်ကို ဖြတ်ကျော်လာတာနဲ့ မင်းလို စွမ်းအားကြီးတဲ့ သွေးစွမ်းအားရှင် တစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး.. မင်းရဲ့ သွေးစွမ်းအားကို စုပ်ယူပြီး သန့်စင်လိုက်တာနဲ့ ငါ့ရဲ့ တော်ဝင် သွေးစွမ်းအားက အဆင့်သစ် တစ်ခုကို ရောက်ရှိသွားမှာ သေချာသလောက်ပဲ"

သွေးရောင်၀တ်စုံဝတ် လူငယ်၏ မျက်လုံးထဲတွင် လိုချင်တပ်မက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ သွေးဝိညာဥ်မျိုးနွယ်စု၏ အကြီးမားဆုံး အားသာချက်မှာ တခြားမျိုးနွယ်စုမှ အားကောင်းသော ကျင့်ကြံသူများ၏ သွေးများကို စုပ်ယူခြင်းဖြင့် ၎င်းတို့၏ သွေးစွမ်းအားများကို အားကောင်းစေနိုင်ခြင်း ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် သွေးဝိညာဥ် မျိုးနွယ်စုများသည် တခြားဂြိုဟ်များသို့ ကျူးကျော်ကာ ထိုဂြိုဟ်များရှိ သွေးစွမ်းအားရှင်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကာ သွေးစွမ်းအားများကို စုပ်ယူ၍ ခွန်အားကောင်းလာစေရန် စိတ်အားထက်သန်စွာ ကြိုးစားနေခြင်း ဖြစ်သည်။

"မင်းကဘငါကျန်းချန်ရဲ့ သွေးစွမ်းအားကို လိုချင်တာလား.. အိပ်မက်သာ မက်နေလိုက်"

ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီး တိမ်တိုက်ဝါးမျိုးနည်းစနစ်ကို ချက်ချင်း ဆိုသလို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ သွေးနဂါးဓားကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး မီတာတစ်ရာပတ်လည်ရှိ လေထုကိုပင် တုန်လှုပ်စေခဲ့သည်။

တစ်ခဏအတွင်း မရေမတွက်နိုင်သော အပြာရောင်ဓားစွမ်းအင်များသည် လေထုတွင် ဖြစ်ပေါ်လာခဲ့ပြီး မီတာတစ်ရာအချင်း ရှိသော လေထုကို လွှမ်းခြုံသွားခဲ့သည်။

ရှန်းဝူကောင်းကင် အစီအရင်က ဤနေရာကို ဖိနှိပ်ထားသော်လည်း သွေးဝိညာဥ်မျိုးနွယ်စုသည် တည်နေရာရွှေ့ပြောင်းခြင်း လှိုဏ်ခေါင်းကနေ ဖြတ်ကျော်လာသည်မှာ နှစ်ကြိမ်ခန့်ရှိပြီ ဖြစ်သည်။

ထို့ကြောင့် မတော်တဆမှုများ ဖြစ်မလာစေရန်အတွက် ကျန်းချန်သည် ဤလူငယ်ကို အမြန်ဆုံး ရှင်းပစ်ပြီး ရှန်းဝူကောင်းကင် အစီအရင်ကို ပြုပြင်ရန် ဆုံးဖြတ်ထားခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် လူငယ်နှင့် ရင်ဆိုင်ရာတွင် အချိန်ဖြုန်းမနေတော့ဘဲ တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်သုံးကာ သူအားအကိုးရဆုံး ဖြစ်သည့် အချိန်နှင့်အာကာသ ဓားနယ်မြေကိုပါ အသုံးပြုခဲ့သည်။

အပြာရောင်ဓားစွမ်းအင်များသည် လေထဲတွင် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး အပြာရောင်ဓားနယ်မြေ တစ်ခုကို ဖြစ်ပေါ်စေကာ သွေးရောင်ဝတ်စုံဝတ် လူငယ်ကို ချက်ချင်းဆိုသလို ဖုံးလွှမ်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် အပြာရောင် ဓားနယ်မြေအထဲရှိ သွေးရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ အသွေးအသားနှင့်အသက်က ကြောက်မက်ဖွယ်ရာ ကောင်းသော အမြန်နှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။

"ဒါ.. ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ"

အပြာရောင်ဓားနယ်မြေ၏ ကြောက်မက်ဖွယ်ရာ အစွမ်းကို ခံစားမိလျှင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ သွေးရောင်မျက်လုံးထဲတွင် ထိတ်လန့် တုန်လှုပ်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၁၂၁၇)ပြီး၏။

အခန်း(၁၂၁၈)

"သွေးပင်လယ် ကောင်းကင်လွှမ်းမိုးသိုင်း"

သွေးရောင်၀တ်စုံဝတ် လူငယ်က သူ၏ရင်ထဲမှ ထိတ်လန့်မှုကို အတင်းအကြပ်ဖိနှိပ်ကာ ကြုံးဝါးလိုက်သည်။

ထိုခဏမှာပင် တောက်ပသော သွေးအလင်းများသည် သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းဆိုသလို သွေးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

သွေးရောင်၀တ်စုံ၀တ် လူငယ်ကို ဗဟိုပြုထားသော သွေးပင််လယ်ကြီးသည် ဆူနာမီကဲ့သို့ ကြီးမားသော လှိုင်းလုံးများကို ပတ်၀န်းကျင်သို့ တစ်ဟုန်ထိုး တိုက်ခိုက်စေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေသည် သွေးလှိုင်းလုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော သွေးလှိုင်းလုံးများသည် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အပြာရောင် မှော်စွမ်းအင်နှင့် ထိပ်တိုက်ဆုံမိသည်နှင့် ပေါက်ကွဲသံများသည် ဧရာမ ချောက်နက်ကြီး ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုသည် ငါးမိနစ်နီးပါး ကြာမြင့်ခဲ့သည်။

သို့ရာတွင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ သွေးပင်လယ် သည် ကမ္ဘာကိုပင် ဖျက်ဆီးတော့မည့်ပုံ ပေါ်နေသော်လည်း တိုက်ပွဲဝင်စွမ်းအားကမူ နဂါးမျှော်စင်မှ ကျွမ်းလီကောနှင့်ပင် လုံး၀ နှိုင်းယှဉ်၍ မရပေ။

ထို့ကြောင့် သွေးပင်လယ်ထဲမှ မည်မျှကြီးမားသော သွေးလှိုင်းလုံးများ တိုက်ခိုက်နေသည် ဖြစ်စေ အချိန်နှင့် အာကာသ ဓားနယ်​မြေ၏ နယ်နမိတ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

"ဒါ.. ဒါ မဖြစ်နိုင်ဘူး.. မင်းရဲ့သိုင်းကျင့်စဉ်က ဘာကျင့်စဉ်လဲ"

သွေးရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး ပါးစပ်ကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထိုအခါ သွေးနဂါးဓားကို ဝင့်ကြွားစွာ ကိုင်ဆောင်ထားသော ကျန်းချန်သည် မထီမဲ့မြင် ပြန်ဖြေလိုက်၏။

"ဘာကျင့်စဉ်လဲဆိုတော့ မင်းကို သတ်နိုင်တဲ့ ကျင့်စဉ်ပဲ"

"ကောင်လေး မင်းအရမ်းသန်မာတယ် ဆိုတာ ငါ၀န်ခံတယ်.. တခြားနေရာမှာသာ တိုက်ခိုက်ရမယ် ဆိုရင် မင်းရဲ့ တိုက်ခိုက်မှုကို ငါဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး...ဒါပေမဲ့ ဒီနေရာမှာ ငါ့ကို သတ်ချင်နေတာကတော့ စိတ်ကူးယဉ်နေတာပဲ"

သွေးရောင်၀တ်စုံဝတ် လူငယ်က ရက်စက်လိုသော အပြုံးဖြင့် ပြုံးလိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် သွေးရောင်၀တ်စုံဝတ် လူငယ်၏ လက်ဟန်များကြားကနေ သွေးအဆီအနှစ် တစ်စက်သည် လွင့်ပျံ၍ ထွက်သွားခဲ့ပြီး ယဇ်ပုလ္လင် အောက်ဘက်သို့ လျင်မြန်စွာ ၀င်ရောက်သွားခဲ့သည်။

"ကျွန်တော်မျိုးရဲ့ သွေးနဲ့ ခေါင်းဆောင် တပ်မှုးချုပ် ကျိုးယိုကို ပူဇော်ပါတယ်.. အိပ်စက်နေတဲ့ ခေါင်းဆောင်တပ်မှုးချုပ် ကျိုးယို.. ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အကူအညီပေးပါ"

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ စကားသံ ဆုံးသည်နှင့် ရောင်စုံနတ်အလင်းများဖြင့် ဖိနှိပ်ခံထားရသော ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းသည် ချက်ချင်းဆိုသလို ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

"မကောင်းတော့ဘူး"

ဤအချိန်တွင် ကျန်းချန်၏ မျက်နှာ အသွင်အပြင်သည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

သွေးရောင်ဝတ်စုံ၀တ် လူငယ်ထံတွင် ယဇ်ပုလ္လင်အောက်၌ ရှိသည့် သွေးဝိညာဉ်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး တပ်မှူးချုပ်ကို နိုးထစေနိုင်မည့် နည်းလမ်းတစ်ခု ရှိနေပုံရ၏။

ထိုသွေးဝိညာဉ်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်သည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်တွင် မဟာအင်ပါယာ ဟောင်ထျန်းနှင့်ပင် ယှဉ်နိုင်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

အကယ်၍ ရှန်းဝူကောင်းကင် အစီအရင်၏ ဖိနှိပ်မှုကိုသာ ချိုးဖျက်နိုင်ခဲ့လျှင် ရှန်းဝူတိုက် တစ်တိုက်လုံးသည် သွေးဝိညာဉ်မျိုးနွယ်စု၏ လွှမ်းမိုးခြင်းကို ခံရနိုင်ခြေ ရှိသည်။

သွေးရောင် ဝတ်စုံဝတ် လူငယ်က သူ၏ လျှို့ဝှက်နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်၍ ကျန်းချန်တွင် ဟန့်တားရန် နည်းလမ်းမရှိတော့ပေ။

ယခုအခါတွင် ကျန်းချန်သည် ရှန်းဝူကောင်းကင် အစီအရင်က သွေးဝိညာဉ်မျိုးနွယ်စု၏ ခွန်အားအကြီးဆုံး ဖြစ်သည့် တပ်မှူးချုပ် ကျိုးယိုကို ဖိနှိပ်ထားနိုင်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးအလင်းသည် ကောင်းကင်သို့ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ယဇ်ပုလ္လင်ပေါ်ရှိ ရောင်စုံနတ်အလင်းမှ နှောင်ကြိုးများကို ဖောက်ထွက်ရန် ကြိုးစားခဲ့သော်လည်း ရောင်စုံနတ်အလင်းသည် ထိုက်စန်းတောင်ကဲ့သို့ ခိုင်ခံ့ကာ တည်မြဲနေခဲ့ပြီး သွေးအလင်းကို ကောင်းစွာ ဖိနှိပ်ထားနိုင်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်ရမှသာ ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။

ရှန်းဝူကောင်းကင် အစီအရင်၌ ချို့ယွင်းချက် တချို့ ရှိနေလျှင်ပင် သွေးဝိညာဉ်မျိုးနွယ်စုမှ ကျိုးယိုသည် အလွယ်တကူ မချိုးဖျက်နိုင်ဟု ထင်ရသည်။

ဤသို့ဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော သွေးအလင်းသည် အဆုံးသတ်တွင် ပြန်လည် ငြိမ်သက်သွားခဲ့၏။

သို့သော် ထိုအချိန်မှာပင် အလွန်တရာ သေးငယ်သော အရွယ်အစားမျှသာ ရှိသည့် ဝိညာဥ်အမျှင်တန်း တစ်ခုသည် ယဇ်ပုလ္လင် အောက်ကနေ ထွက်ပေါ်လာခဲ့ပြီး သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခြေဖဝါးမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ၀င်ရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ယခင်ထက် အဆများစွာ ပိုအား ကောင်းသော သွေးစွမ်းအင်သည် သွေးရောင်ဝတ်စုံဝတ် လူငယ်ထံကနေ ချက်ချင်းဆိုသလို ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

"ဟားဟား.. အင်ပါယာ ဟောင်ထျန်းက ရှန်းဝူတိုက်ရဲ့ မူလစွမ်းအင်ကို အသုံးပြုပြီး ငါ့ကို နှစ်ပေါင်းတစ်သောင်း ကြာအောင် ဖိနှိပ်ခဲ့တယ်.. ဒီရှန်းဝူကောင်းကင် အစီအရင်ကို ဖောက်ထွင်းပြီး ငါ့ရဲ့ခန္ဓာကိုယ် လွတ်မြောက်သွားတဲ့ အချိန်ကျရင် ရှန်းဝူတိုက်ကြီးမှာ ငါကျိုးယိုကို ဘယ်လိုလူက တားဆီးနိုင်တော့မှာလဲ"

သွေးရောင်၀တ်စုံဝတ် လူငယ်က ရယ်မောလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားကို ထုတ်ဖော်လိုက်ရာ အချိန်နှင့်အာကာသ ဓားနယ်မြေသည်ပင် ချက်ချင်းဆိုသလို ကြေမွ ပျက်စီးသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။

အစောပိုင်းက သွေးရောင်ဝတ်စုံဝတ် လူငယ် အသုံးပြုခဲ့သည့် လျှို့ဝှက်နည်းစနစ်သည် ကျိုးယိုကို ရှန်းဝူကောင်းကင် အစီအရင်၏ ဖိနှိပ်မှုကနေ မလွတ်မြောက်နိုင်စေခဲ့ပေ။

သို့သော်လည်း ကျိုးယို၏ ဝိညာဉ်အသိစိတ် ပါဝင်သည့် ဝိညာဥ် အမျှင်တန်းကို အစီအရင်၏ နှောင်ကြိုးများကို ဖြတ်ကျော်စေခဲ့ပြီး သွေးရောင်၀တ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်၀င်စေခဲ့သည်။

လက်ရှိတွင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သူမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ရှန်းဝူတိုက်ကြီးကို တိုက်ခိုက်ခဲ့သည့် သွေးဝိညာဉ်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

၎င်းက ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေကို ပေါ့ပါးစွာ ချိုးဖျက်လိုက်ပြီးနောက်တွင် ၎င်း၏ သွေးမျက်လုံးဖြင့် ကျန်းချန်ကို ရုတ်တရက် ကြည့်လိုက်သည်။

"နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်က ပုရွက်ဆိတ်လေး တစ်ကောင်ကများ.. ငါ့ရဲ့အစီအစဉ်တွေကို ရာရာစစ ဖျက်ဆီးရဲတယ်.. သွားသေလိုက်တော့"

ကျိုးယိုက စကားဆုံးသည်နှင့် ​ သွေးစွမ်းအင်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ယင်းက သာမာန် တိုက်ခိုက်မှုလေး တစ်ခုသာ ဖြစ်သော်လည်း ကျန်းချန်သည် ဆံပင်များ ထောင်ထသွားသည်အထိ ရင်ထဲတွင် အေးစိမ့်သွားခဲ့သည်။

"အချိန်နှင့်အာကာသ ဓားနယ်မြေ"

ကျန်းချန်က လုံး၀ တုံ့ဆိုင်းမနေဘဲ အချိန်နှင့်အာကာသ ဓားနယ်မြေကို ထပ်မံ၍ အသုံးပြုလိုက်သည်။

သွေးစွမ်းအင်သည် အချိန်နှင့်အာကာသ ဓားနယ်မြေပေါ်သို့ ကျရောက်လာပြီးနောက်တွင် အချိန်နှင့်အာကာသ ဓားနယ်မြေ အကာအကွယ်သည် တစ်ခဏအတွင်းမှာပင် ခုခံနိုင်ခြင်း မရှိတော့ဘဲ ပျက်စီးသွားခဲ့သည်။

ကျန်းချန်က မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ပြီး ဆယ်ပေကျော်ခန့် နောက်ဆုတ်လိုက်ရကာ သွေးတစ်ပွက်ကိုပါ အန်ထုတ်လိုက်ရသည်။

သူ့ရှေ့မှ လူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က မဟာအင်ပါယာ ဟောင်ထျန်းနှင့် ပြိုင်ဘက် ဖြစ်ခဲ့သည့် သွေးဝိညာဉ် မျိုးနွယ်စု၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ထိုက်၏။

"ကျန်းချန် ပြေးတော့.. ဒီလူက မင်းကိုင်တွယ်နိုင်မဲ့သူ မဟုတ်ဘူး"

သွေးမြစ်၏ ထိတ်လန့်တကြား ရေရွတ်သံသည် ကျန်းချန်၏ စိတ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

"ထွက်ပြေးရမှာလား"

ကျန်းချန်သည် စိတ်ထဲကနေ မချိပြုံးပြုံးလိုက်သည်။

သူ့အနေဖြင့် ဤလူ၏ရှေ့တွင် ထွက်ပြေးဖို့ လုံး၀ မဖြစ်နိုင်မှန်း ကျန်းချန် ကောင်းစွာ သိသည်။

ဤတစ်ကြိမ်သည် အဆတစ်ရာစနစ်က်ို လက်ခံရရှိပြီးကတည်းကစ၍ ကျန်းချန် ကြုံတွေ့ဖူးသမျှ အခက်အခဲများထဲတွင် သံသယ၀င်စရာ မရှိလောက်အောင်ပင် အခက်ခဲဆုံးဖြစ်သည်။

ကျုံးကျိုးကုန်းမြေကို ၀င်ရောက်စဉ်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးသော်လည်း ကျန်းချန်သည် ယခုလောက်ထိ ကိုယ့်ကိုယ်ကိုယ် အားနည်းသည်ဟု မခံစားခဲ့ရပေ။

"ကောင်လေး မင်းဘယ်လိုကြောင့် ဒီလောက်ထိ ကြောက်ဖို့ ကောင်းတဲ့သူကို သွားထိရတာလဲဆိုတာ ငါတကယ် နားမလည်တော့ဘူး.. ဒါပေမဲ့ မင်းက ငါနဲ့ သဘောတူညီချက် မပြီးဆုံးသေးဘူး ဆိုတော့ မင်းသေလို့ မဖြစ်သေးဘူး.. ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်ပြီး သူ့ကို ရွှယ်မင် ကျောင်းဆောင်ထဲ ထည့်လိုက်"

ထိုအချိန်မှာပင် နောက်ထပ် အသံတစ်သံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။

ထိုအသံမှာ ရွှယ်မင် ကျောင်းဆောင်၏ ဝိညာဉ်ဖြစ်သည့် ရွှယ်ယဲ့၏ အသံ ဖြစ်သည်။

ရွှယ်ယဲ့၏ စကားသံကိုကြားလျှင် ကျန်းချန်သည် ပျော်ရွှင်သွားခဲ့သည်။

"စိတ်ဝင်စားစရာပဲ.. မင်းရဲ့ဓားသိုင်းမှာ အင်ပါယာ ဟောင်ထျန်းရဲ့ အရိပ်အယောင်တွေ ရှိနေတယ်.. အင်ပါယာ ဟောင်ထျန်းရဲ့ ထူးခြားတဲ့ ကျင့်စဉ်က်ို နားလည်နိုင်တာက မင်းအတွက် ကံကောင်းခြင်းပဲ.. ဟောင်ထျန်းက ငါတို့ သွေးဝိညာဉ် မျိုးနွယ်စုရဲ့ ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့တယ်.. ဒီနေ့တော့ ငါက ဟောင်ထျန်းရဲ့ အမွေအနှစ်ကို ဇာတ်သိမ်းပစ်ပြီး နောက်ထပ် ပြဿနာ မဖြစ်အောင် လုပ်ရမယ်"

ကျိုးယို၏ မျက်လုံးတွင် သွေးရောင်အလင်းက တစ်ချက် လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် ကျိုးယိုသည် ကျန်းချန် ဆီသို့ တစ်ဟုန်ထိုး ပြေး၀င်လာခဲ့၏။

ကျန်းချန်က သူ့ဆီသ်ို့ ပြေး၀င်လာသော ကျိုးယိုကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်ကို ထုတ်ဖော်လိုက်ရာ ရွှယ်မင်ကျောင်းဆောင်သည် ချက်ချင်းဆိုသလို လေထဲသို့ ပျံသန်းသွားခဲ့၏။

ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရွှယ်မင်ကျောင်းဆောင်သည် ပေရာပေါင်းများစွာ မြင့်မားသော မျှော်စင်ကြီး အဖြစ် သို့ ပြောင်းလဲသွားခဲ့ပြီး ပေရာပေါင်းများစွာ အချင်းရှိသည့် နေရာ တစ်ခုလုံးကို ဖုံးအုပ်ပစ်လိုက်သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ကျိုးယို၏ မျက်နှာအမူအရာသည် အနည်းငယ် လေးနက်သွားခဲ့၏။

မဟာအင်ပါယာ ဟောင်ထျန်းနှင့် တန်းတူ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ကျိုးယို၏ မြင်နိုင်စွမ်းသည် အလွန်ပင် စူးရှသည်။

တစ်ချက်ကြည့်ရုံဖြင့် သူက ရွှယ်မင်ကျောင်းဆောင်၏ အဆင့်ကို မျက်စိတစ်မှိတ် အတွင်း မြင်နိုင်ခဲ့၏။

"အင်ပါယာတစ်ပိုင်း ရတနာပါလား.. အံ့သြစရာပဲ.. မင်းမှာ ဒီလိုမျိုးရတနာ ရှိနေလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့မိဘူး"

အခန်း(၁၂၁၈)ပြီး၏။

All Chapters