← Chapters

အခန်း (၁၀၃၁-၁၀၃၈)

Vol. 69 Ch. 1031-1038

အခန်း (၁၀၃၁-၁၀၃၈)

Vol. 69 Ch. 1031-1038

အခန်း ၁၀၃၁ ငါက ဒရမ်မာကြိုက်တယ်လေ

သခင်ကြီးလင်၏သတိပေးစကားကို ကျန်လင်မိသားစုဝင်များကတော့ ဆိုးတယ်လို့မတွေးမိကြပေမယ့် လင်ရှောက်ကျားနှင့်ကျန်းရှူးယွမ်ကတော့ အတော်လေးမသက်မသာခံစားသွားကြရသည်။ အကြောင်းကတော့ နောင်ကျရင် ကုနင်းကိုဖိနှိပ်ဖို့ သူတို့ကြံရွယ်ထားခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း အခုတော့ သူတို့ဘာမှမလုပ်နိုင်တော့ပေ။

“အဖိုးက ဘာလို့သူ့ကိုဒီလောက်တောင်ကာကွယ်ပေးနေရတာလဲ? အခုထိ ငါတို့မိသားစုထဲလက်ထပ်ဝင်ရသေးတာတောင်မဟုတ်ဘူး!” သခင်ကြီးလင်ထွက်သွားသည်နှင့် လင်ရှောက်ကျား မကျေနပ်ချက်များကိုထုတ်ပြောတော့သည်။

“အဖိုးနဲ့ရှောင်းထင်တို့က သူ့ကိုလင်မိသားစုဝင်အဖြစ် သတ်မှတ်ထားသ၍ မင်းလုပ်နိုင်တာဘာမှမရှိဘူး။”

လင်ရှောက်ရွှမ်းသည် ခပ်ဆိုးဆိုးလူညစ်လေးဖြစ်ပေမယ့် မိုက်မဲသူမဟုတ်သော်လည်း လင်ရှောက်ကျားကတော့ အမြဲလိုလိုရိုင်းစိုင်းကာ အကြင်နာတရားမရှိသူဖြစ်သည်။ သူတို့အဖိုးက လင်ရှောင်းထင်ကို ဂရုစိုက်ကြောင်း သူမသိနေတာတောင်မှ အမြဲတမ်း လင်ရှောင်းထင်အမှားကိုရှာနေခြင်းက ဉာဏ်မရှိသည့်အပြုအမူသာဖြစ်သည်။ ဒါ့အပြင် သူမသာ လင်ရှောင်းထင်ကိုဒေါသထွက်အောင် လုပ်မိလျှင် သူမအတွက်ကောင်းတာ ဘာမှမရှိပေ။

“ပါးစပ်ပိတ်ထား၊ ဒါနင်နဲ့ဘာမှမဆိုင်ဘူး!” လင်ရှောက်ကျား ချက်ချင်းအော်လိုက်သည်။

“ဒါပေါ့၊ ငါနဲ့တော့မဆိုင်ပါဘူး၊ ဒါပေမယ့် ငါကဒရမ်မာတွေကြိုက်တယ်လေ။” လင်ရှောက်ရွှမ်းကတော့ အေးအေးဆေးဆေးပင်ဆိုဖာပေါ်တွင်ထိုင်ကာ ပန်းသီးကိုကိုက်ရင်းပြောလိုက်သည်။

“နင်…” လင်ရှောက်ကျား ဒေါသထွက်လာသော်လည်း ဘာပြန်ပြောရမှန်းမသိတာကြောင့် လင်ရှောက်ရွှမ်းကိုသာ စိုက်ကြည့်နေနိုင်တော့သည်။ သို့ပေမည့် လင်ရှောက်ရွှမ်းကတော့ သူမကိုလုံးဝလျစ်လျူရှုလို့ထားသည်။

“ဟမ်း… ငါတော့ ရှောင်းထင်ရဲ့ကောင်မလေးနဲ့တွေ့ချင်နေပြီ။” လင်ရှောက်ရွှမ်း အမှန်တကယ်ကိုမျှော်လင့်နေဟန်ဖြင့်ပြောလိုက်သည်။ ဘယ်လိုကောင်မလေးမျိုးကများ ရှောင်းထင်လို‌ အေးစက်စက်နဲ့မိန်းကလေးတွေနဲ့ခပ်ကင်းကင်းနေတတ်တဲ့လူမျိုးကို ဆွဲဆောင်နိုင်သွားလဲ သူအမှန်ကိုသိချင်နေသည်။

လင်ရှောင်းထင်၏သဘာဝအရှိန်အဝါနဲ့ကို မိန်းကလေးတွေအားကြောက်လန့်နေစလိမ့်မည်ဟု လင်ရှောက်ရွှမ်းတွေးမိသည်။ ဒါကြောင့် လင်ရှောင်းထင်၏ကောင်မလေးက သာမာန်ကောင်မလေးတော့ ဘယ်လိုမှမဖြစ်နိုင်လောက်ပေ။

………

သခင်ကြီးလင်ကတော့ စာကြည့်ခန်းထဲရောက်သည်နှင့် ပန်းချီကားကိုထပ်ခါတလဲလဲပြန်ကြည့်ရင်း ရွှင်မြူးနေသည်။

…….

သခင်ကြီးရှုအိမ်ပြန်ရောက်သည်နှင့် ကုနင်းနှင့်တွေ့ခဲ့သည့်အကြောင်း ရှုချင်ယင်းကိုပြောပြသည်။

ကုနင်းမြို့တော်သို့ရောက်နေတာကြောင့် ရှုချင်ယင်း အလွန်ပျော်ရွှင်သွားသော်လည်း ရောက်နေတာတောင် သူမနှင့်လာမတွေ့၍ အနည်းငယ်စိတ်ပျက်သွားရသည်။

သူတို့က အရမ်းကြီးရင်းနှီးနေတာမျိုးမဟုတ်သော်လည်း လင်ရှောင်းထင်ကြောင့် ရင်းနှီးမှုရှိသည်ဟု ရှုချင်ယင်းတွေးမိသည်။ ဒါ့အပြင် သူမက ကုနင်းလို မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်သည့်မိန်းကလေးမျိုးနှင့် သူငယ်ချင်းကောင်းများဖြစ်လိုသည်။ ဒါကြောင့် ကုနင်းကို ချက်ချင်းဖုန်းဆက်လိုက်တော့သည်။

ရှုချင်ယင်း ဖုန်းခေါ်လာသည်ကိုမြင်သည်နှင့် သခင်ကြီးရှုက သူမအကြောင်းပြောပြလိုက်မှန်း ကုနင်းသိလိုက်သည်။

သူမဖုန်းကိုင်လိုက်သည်နှင့် ရှုချင်ယင်းက ဘာလို့သူမကိုလာမတွေ့ရလဲဆိုကာ မေးခွန်းတွေထုတ်တော့သည်။ ကုနင်းလဲ သူမဒီနေ့အလုပ်များနေတာကြောင့် မနက်ဖြန်မှတွေ့ကြဖို့ပြောလိုက်ကာမှ ရှုချင်ယင်းကျေနပ်သွားတော့သည်။

ဒီနေ့ ကုနင်းအလုပ်များနေတယ်ဆိုမှတော့ ရှုချင်ယင်းလဲ သူမနှင့်အကြာကြီးဖုန်းဆက်မပြောနေတော့ပေ။ နောက်တော့ ကူအန်းနာကိုဖုန်းဆက်ကာ မနက်ဖြန်အတူတွေ့ဖို့ရန်ခေါ်လိုက်သည်။

ကူအန်းနာကလဲ ကုနင်း၏အမာခံပရိသတ်ကြီးဖြစ်တာကြောင့်တာကြောင့် သဘောမတူဘဲမနေပေ။

……

ကျန်းကျုံးယွီသည်လဲ အိမ်ပြန်ရောက်သည်နှင့် ကုနင်းအကြောင်းပြောပြခဲ့သည်။

ကျန်းယွေ့ချင်လဲ အိမ်ပြန်ရောက်နေတာကြောင့် ကုနင်း၏နာမည်ကိုကြားလိုက်ရချိန်တွင် အနည်းငယ်ဝမ်းနည်းသွားရသည်။ သူ ကုနင်းကိုသဘောကျပေမယ့် ကံမကောင်းစွာဘဲ သူမက လင်ရှောင်းထင်၏ချစ်သူဖြစ်နေတာကြောင့် သူလက်လျှော့လိုက်ရသည်။

ရှန်းယန်ဖန့်သည်လဲ အိမ်ပြန်ရောက်ရောက်ချင်း သူ သခင်ကြီးလင်နှင့်လင်ရှောင်းထင်၏ချစ်သူကိုတွေ့ခဲ့သည့်အကြောင်း ပြောခဲ့သည်။

လင်ရှောင်းထင်၏ချစ်သူကောင်မလေးနာမည်ကို သူမသိသော်လည်း မှင်သက်စရာကောင်းလောက်အောင်လှကြောင်းကိုတော့ လက်ခံကာ သူ့သမီးကတော့ ထိုကောင်မလေးနဲ့မယှဉ်နိုင်ပေ။

ရှန်းကျီလင်းကတော့ လက်မခံနိုင်ဘဲ လင်ရှောင်းထင်၏ချစ်သူကောင်မလေးနှင့် တစ်ရက်လောက် အပြင်မှာတွေ့ချင်နေမိတော့သည်။ ဘယ်လိုမိန်းကလေးမျိုးကများ လင်ရှောင်းထင်ကိုဆွဲဆောင်လိုက်နိုင်တာလဲဆိုတာ သူမလဲသိချင်မိသည်။ သို့ပေမယ့် ထိုကောင်မလေး၏မိသားစုနောက်ခံနှင့်ပတ်သတ်လို့ သူမသိထားတာတစ်ခုမှမရှိတာကြောင့် သူမနှင့်တွေ့နိုင်ဖို့ ဘယ်နေရာကိုသွားရမည်မှန်း မသိတော့ပေ။

……..

ထိုအချိန်မှာပဲ ကုနင်းကတော့ ကျူးလုံတောင်သွားရာလမ်းသို့ရောက်နေပြီဖြစ်သည်။

ကျူးလုံတောင်သည့် မြို့လယ်မှနေပြီး အနည်းငယ်ကွာဝေးတာကြောင့် ထိုနေရာသို့ရောက်ဖို့ရန် ၂နာရီနီးပါးလောက် အချိန်ယူရသည်။

ကုနင်း ကားရပ်လိုက်ပြီးနောက် အလင်းရောင်သိပ်မရှိသည့်နေရာသို့သွားလိုက်ပြီး သရဲမကိုခေါ်ထုတ်လိုက်သည်။

“ကျွန်မတို့ ကျူးလုံတောင်ကိုရောက်နေပြီ၊ ဘယ်ဘက်ကိုဆက်သွားရမှာလဲ?” ကုနင်းမေးလိုက်သည်။

သရဲတွေက သာမာန်လူသားတွေနဲ့မတူဘဲ ညအမှောင်ထဲမှာလဲ ရှင်းလင်းပြတ်သားစွာမြင်နိုင်စွမ်းရှိသည်။ သရဲမလဲ ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်ရင်း ရင်းနှီးသည့်အရိပ်အယောင်လေးကို လိုက်ရှာကြည့်နေသည်။ တောင်က အရင်အတိုင်းပဲဆိုပေမယ့် အဆောက်အဦးတွေကတော့ ပြောင်းလဲသွားပြီဖြစ်သည်။

“ငါတို့ ကျူးလုံတောင်ရဲ့တောင်ဘက်ခြမ်းကိုသွားသင့်တယ်။” သရဲမကပြောရင်း တောင်၏တစ်နေရာသို့လက်ညှိုးထိုးပြလိုက်ပေမယ့် ကုနင်းက လူသားတစ်ယောက်မှန်းပြန်အမှတ်ရသွားတာကြောင့်၊ “မင်း ငါ့နောက်ကလိုက်ခဲ့လိုက်။” ဟုပြောလိုက်သည်။ ကုနင်းမှာ ကျောက်စိမ်းမျက်ဝန်းရှိနေမှန်းမသိတာကြောင့် အမှောင်ထဲလမ်းမမြင်နိုင်လောက်ဘူးဟုထင်နေခြင်းဖြစ်သည်။

“ကောင်းပြီလေ။”

ကျူးလုံတောင်က အလွန်ကြီးမားတာကြောင့် အချိန်အတော်လေးယူရသည်။

သရဲမက လေပေါ်တွင်မျောပါရင်း အမြန်သွားနိုင်ပေမယ့် ကုနင်းကြောင့် ဖြည်းဖြည်းသာသွားပေးသည်။

နာရီဝက်ကြာပြီးနောက်မှာတော့ သူတို့လိုရာနေရာသို့ ရောက်ရှိသွားခဲ့သည်။

သရဲမက အနားကိုထပ်ပတ်ကြည့်လိုက်ပြန်ကာ၊ “ဒီနေရာရဲ့ လမ်းကတော့ပျောက်သွားပြီ၊ ကြည့်ရတာ ငါတို့တောင်ပေါ်တက်မှရလောက်မယ်။”

“ကိစ္စမရှိဘူး။” ကုနင်းပြန်ပြောလိုက်သည်။ အခုနေရာကနေဆိုလျှင် ဂူသင်္ချိုင်းကိုရောက်ဖို့ သိပ်မဝေးတော့တာကြောင့် ကုနင်းလဲ ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ ကူရှာပေးနိုင်သည်။

***

အခန်း ၁၀၃၂ တကယ့်သရဲလား?

သိပ်မကြာလိုက်ခင်မှာပဲ ရှည်လျားကာ နက်မှောင်သည့် သင်္ချိုင်းလှိုဏ်ခေါင်းကို ကုနင်းတွေ့လိုက်ရပေမယ့် အရမ်းမှောင်လွန်းနေတာကြောင့် အဆုံးနေရာကိုတော့ မမြင်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပဲ နောက်ထပ်လူလေးယောက်ကလဲ ဂူသင်္ချိုင်းနားသို့ တိုးတိုးတိတ်တိတ်လျှောက်သွားနေမှန်း ကုနင်းသတိထားမိသည်။ ထိုလူတွေက သင်္ချိုင်းလှိုင်ခေါင်းနှင့် ၁၀မီတာလောက်သာဝေးတော့သည်။ သူတို့ကျောမှာလွယ်ထားသည့်အိတ်များနှင့် ပါလာသည့်ပစ္စည်းကိရိယာများအတွက် သင်္ချိုင်းဖောက်ထွင်းသူများပင်။

“ရှေ့မှာလူတွေရှိတယ်။” ကုနင်း သရဲမကိုလှမ်းပြောလိုက်သည်။

“ဘာ?” သရဲမက သူကျတော့ ရှေ့မှာလူရှိနေတာကိုမတွေ့ရဘဲ ကုနင်းကတော့ မြင်နိုင်နေတာကြောင့် အံ့ဩသွားခဲ့သည်။ သို့သော်လည်း ကုနင်းကသာမာန်လူသားတစ်ယောက် မဟုတ်မှန်းပြန်အမှတ်ရသွားကာ လက်ခံသွားနိုင်သည်။

“ဒီလိုအချိန်ကြီး ဒီနေရာကိုလာတယ်ဆိုမှတော့ သင်္ချိုင်းဖောက်ထွင်းသူတွေပဲဖြစ်မယ်။ ကျွန်မတို့ သူတို့ကိုရှောင်မှရမယ်။” ကုနင်းဆက်ပြောလိုက်သည်။

သင်္ချိုင်းဖောက်ထွင်းသူတစ်ဖွဲ့ကပဲ သူ့ခင်ပွန်း၏ဂူသင်္ချိုင်းကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်၍ ကုနင်းစကားကိုကြားသည်နှင့် သရဲမ အလွန်ဒေါသထွက်လာကာ ထိုလူများကို ချက်ချင်းသတ်ပစ်ချင်မိတော့သည်။

သရဲမ၏ဒေါသကို ကုနင်းခံစားမိတာကြောင့် အမြန်လေးဝင်ပြောလိုက်သည်။ “သူတို့တွေက ရှင့်ခင်ပွန်းရဲ့ဂူသင်္ချိုင်းကို ဖျက်ဆီးခဲ့ကြတဲ့လူတွေမဟုတ်လောက်ဘူး။ အပြစ်မရှိတဲ့လူတွေကို မသတ်ချင်နဲ့။”

အပြစ်မဲ့တဲ့လူတွေအသတ်ခံနေရသည်ကို ကုနင်းရပ်ကြည့်နေနိုင်စွမ်းမရှိပေ။ ဒီလူတွေက သရဲမ၏ခင်ပွန်းဖြစ်သူအုတ်ဂူကိုဖျက်စီးခဲ့ကြသည့်လူများနှင့် တစ်ဖွဲ့တည်းမဟုတ်ပါဘူးလို့ အရမ်းသေချာနေတာမဟုတ်ပေမယ့် သူမရှေ့မှာတင် ထိုလူတွေအသတ်ခံရတာကိုကြည့်နေဖို့ကတော့ အရမ်းရက်စက်ရာကျသည်။

သရဲမလဲ သူမဒေါသတွေကိုမြိုသိပ်လိုက်သည်။ “ငါ သူတို့ကိုခြောက်လွှတ်လိုက်မယ်။”

ကုနင်းက မြင်ရုံမြင်နိုင်တာဖြစ်ပေမယ့် သရဲမကတော့ လူတွေကြောက်လန့်ထွက်ပြေးသွားအောင် လေပြင်းများဖန်တီးနိုင်သည်။ တချို့သောသရဲတွေက ပုံမှန်မဟုတ်သည့်ဘေးအန္တရာယ်များကို ဖြစ်ပွားစေနိုင်သည့် စွမ်းရည်မျိုးရှိကြသည်။

သရဲတွေနဲ့မကောင်းဆိုးဝါးတွေရဲ့ စွမ်းအင်ရင်းမြစ်သည် အများအားဖြင့် ယင်စွမ်းအင်ကလာခြင်းဖြစ်သည်။ ဒါ့အပြင် သရဲမက အသတ်ခံခဲ့ရတာကြောင့် သူ့မှာအငြှိုးအတေးစွမ်းအင်များပြည့်နေကာ ယင်စွမ်းအင်လဲများလှသည်။

“ကျွန်မတို့အတူလုပ်ကြတာပေါ့။”

ကုနင်း သူမ၏အနက်ရောင်ဝတ်ရုံနှင့်မျက်နှာဖုံးကိုထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

သရဲမက ဘာမှမပြောနေဘဲ ကုနင်းပြီးတော့မှ ဂူသင်္ချိုင်းရှိရာသို့ နှစ်ယောက်သား အလျင်အမြန်သွားလိုက်ကြသည်။

ကုနင်းက မှော်စွမ်းအားကိုသုံးနေတာကြောင့် လျှပ်စီးတမျှအမြန်ရွေ့လျားနိုင်၍ သရဲမအံ့ဩလို့သာကျန်နေတော့သည်။ လူသားတစ်ယောက်က ဒီလောက်မြန်မြန်လှုပ်ရှားနိုင်တယ်ပေါ့!

ကုနင်းက ထိုလူတွေကိုအမြန်တားချင်နေတာကြောင့် သူမမှော်စွမ်းအားကို ထုတ်သုံးလိုက်ရခြင်းဖြစ်သည်။

သရဲမမှာ သံသယများရှိနေသေးသော်လည်း ဘာမှတော့ မမေးခဲ့ပေ။

အချိန်တိုလေးအတွင်းမှာပဲ သူတို့နှစ်ယောက် သင်္ချိုင်းဖောက်ထွင်းသူများနှင့်နီးကပ်လာခဲ့သည်။

ကုနင်းက သရဲမကို လေပြင်းတိုက်အောင်လုပ်ခိုင်းလိုက်ကာ သင်္ချိုင်းဖောက်ထွင်းသူတွေလဲ ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် ကြောက်လန့်ကုန်ကြသည်။

“ဘာလို့ ရုတ်တရက်ကြီး လေအေးတွေ တိုက်လာတာလဲ?” တစ်ယောက်က ကြောက်ကြောက်လန့်လန့်နှင့်ပြောလိုက်သည်။

“ကြည့်ဦး၊ မင်းဒီလောက်တောင်သတ္တိမရှိဘူးလား။ ရာသီဥတုဆိုတာ အမြဲပြောင်းလဲနေတာ ဘာမှထွေထွေထူးထူးမဟုတ်ဘူး။” နောက်ထပ်ယောက်ျားတစ်ယောက်က တစ်ဖက်လူကို အထင်သေးဟန်ပြောလိုက်ပြီး ရှေ့သို့ဆက်လျှောက်သွားကာ ကျန်လူများလဲ သူ့နောက်မှထပ်ကြပ်မကွာလိုက်ကြသည်။

သူတို့အံ့ဩရသည်ကတော့ လေက ငြိမ်မသွားဘဲ ပိုလို့ပြင်းပြင်းထန်ထန် ကျယ်ကျယ်လောင်လောင်နဲ့ကို ဆက်တိုက်လာတာဖြစ်သည်။ ဒါ့အပြင် ရုတ်တရက်ကြီး သူတို့ရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခုကလဲပေါ်လာသေးသည်။ “အား! သရဲ!” အစောကကြောက်နေသည့်လူကပဲ စတင်အော်ဟစ်လိုက်သည်။

ထိုအနက်ရောင်ပုံရိပ်ကို သူတို့အားလုံးမြင်လိုက်ရတာကြောင့် ဘယ်သူမှ ထိုလူကိုမလှောင်ရဲကြတော့ပေ။

“တကယ့်သရဲလား?” နောက်ထပ်လူက တုန်တုန်ရီရီဖြင့်မေးလိုက်သည်။

“ဘယ်-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါ သရဲတွေဘာတွေမယုံဘူးနော်။”

“ဒါ-ဒါဆို အဲ့ဒါဘာကြီးလဲ?”

“ငါ-ငါလဲမသိဘူးလေ။”

“ငါတို့သွားသင့်ပြီထင်တယ်။ အရမ်းကြောက်ဖို့ကောင်းတာပဲ။”

“မဖြစ်ဘူး။ ဒီကိုရောက်ပြီးနေမှတော့ အဖိုးတန်တာတစ်ခုခုမပါဘဲ ငါတို့ပြန်သွားလို့မဖြစ်ဘူး!”

“ဟုတ်တယ်။ မသွားခင် တန်ဖိုးရှိတာတစ်ခုခုတော့ ရှာသွားမှဖြစ်မယ်။”

သို့သော်လည်း သူတို့စကားတွေပြောလို့ပြီးပြီးချင်မှာပဲ အနားမှသစ်ပင်တွေက ခပ်ကြမ်းကြမ်းလှုပ်ရှားလာကာ အနက်ရောင်ပုံရိပ်ကလဲ သူတို့မျက်စိရှေ့ထပ်မံပေါ်ထွက်လာပြန်သည်။

“အား!!”

လေးယောက်သား နောက်သို့ချက်ချင်းဆုတ်လိုက်ကြကာ ခလုတ်တိုက်လဲတော့မတတ်ပင်။

“မင်းတို့ဘာသာလုပ်ချင်တာလုပ်၊ ငါ-ငါတော့ သွားပြီ။” အစောကကြောက်နေသည့်လူက ချက်ချင်းပဲ သူ့သူငယ်ချင်းတွေကိုချန်ထားကာ ထွက်ပြေးသွားတော့သည်။

ကျန်လူများလဲ ကြောက်လန့်နေကြတာကြောင့် တိုင်ပင်နေရန်ပင်မလိုစွာ ချက်ချင်းကို တောင်ခြေသို့သုတ်ခြေတင်ပြေးကြတော့သည်။

သူတို့ထွက်သွားပြီးသည်နှင့် လေပြန်ငြိမ်သွားခဲ့သည်။

ကုနင်းနှင့်သရဲမကတော့ ဂူဝင်ပေါက်ကို ရှာကြတော့သည်။

ဂူသင်္ချိုင်းဝင်ပေါက်နေရာကို သရဲမသိသော်လည်း နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်၍ ဝင်ပေါက်လဲ ရွှံ့တွေနဲ့ဖုံးနေပြီဖြစ်သည်။

ကုနင်း၏ကျောက်စိမ်းမျက်ဝန်းကြောင့် သိပ်မကြာလိုက်ပါဘဲ ဂူဝင်ပေါက်ကိုရှာတွေ့သွားခဲ့သည်။

သရဲမကတော့ ကုနင်း သာမာန်လူသားတစ်ယောက်မဟုတ်မှန်း နားလည်နေပြီဖြစ်၍ သူမ ဝင်ပေါက်ကိုဘယ်လိုလုပ် ဒီလောက်မြန်မြန်ရှာတွေ့ရသလဲ မေးမနေတော့ပေ။ လောလောဆယ် သူ့ခင်ပွန်း၏ခေါင်းတလားကိုသာ အမြန်တွေ့ချင်နေတာကြောင့် ကျန်တာတွေစဉ်းစားမနေချင်ပေ။

ဝင်ပေါက်တွင် ပေါင်းပင်များဖြင့်ဖုံးအုပ်နေသော်လည်း ကုနင်းမှာက ကျောက်စိမ်းမျက်ဝန်းရှိ၍ အထဲမှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

ဝင်ပေါက်က ၄၅ဒီဂရီလောက်စောင်းကာ လှိုဏ်ခေါင်းသို့မရောက်ခင်အထိ တွင်းက ၁၀မီတာလောက်ရှိတာကြောင့် သူတို့အောက်ကိုဆင်းဖို့ ကြိုးသုံးရပေမည်။

***

အခန်း ၁၀၃၃ ငါ့ရတနာတွေကို ယူလို့ရတယ်

တွင်းပေါက်ဝတွင် ယင်စွမ်းအင်အချို့ဝေ့ဝဲနေကာ လှိုင်ခေါင်းထဲသို့ရောက်လေ ပိုလို့ထူထပ်သိပ်သည်းလာလေပင်။ ဂူသင်္ချိုင်းက ယင်စွမ်းအင်ထွက်ပေါ်ရာရင်းမြစ်ဖြစ်ပုံရသည်။ ကံကောင်းစွာပဲ ယင်စွမ်းအင်ဘယ်လောက်ပဲပြင်းထန်နေနေ ကုနင်းအပေါ်သက်ရောက်မည်မဟုတ်ပေ။

အမှန်ဆို မြို့စားရဲ့သားလို အဆင့်အတန်းမြင့်လူတစ်ယောက်ရဲ့ ဂူသင်္ချိုင်းဆိုတာ ဖုန်းရွှေကောင်းသည့်နေရာမျိုးတွင် ထားရှိသင့်တာဖြစ်သည်။ သရဲမရဲ့ခင်ပွန်းလို မြို့စားသားတစ်ယောက်ကို ဒီလိုနေရာမျိုးမှာ မြှုပ်နှံတယ်ဆိုတာက သိပ်တော့မူမမှန်လှဘူး။

ကုနင်း သံသယများရှိနေသော်လည်း ထုတ်တော့မပြောခဲ့ပေ။ သရဲမကိုသာအရင်ဆုံးဝင်သွားဖို့ပြောလိုက်သည်။ သူက လေပေါ်မျောလွင့်နိုင်သည်မဟုတ်လား။

သရဲမမှာ ထပ်ပြီးအချိန်ဆွဲမနေနိုင်တော့ဘဲ တွင်းထဲသို့ချက်ချင်းဝင်သွားခဲ့ပေမယ့် ကုနင်း၏အကူအညီကိုလိုနေသေးတာကြောင့် ဂူသင်္ချိုင်းရှိရာသို့ ချက်ချင်းဆက်မသွားခဲ့ပေ။

ကုနင်း စိတ်စွမ်းအင်အာကာပြင်ထဲမှ ကြိုးတစ်ချောင်းထုတ်ကာ လှိုင်းခေါင်းထဲသို့လျောဆင်းဖို့သုံးလိုက်သည်။

ဂူသင်္ချိုင်းကိုရောက်ဖို့အတွက်တော့ သူတို့တွေ မိနစ်၂၀လောက် လမ်းဆက်လျှောက်ခဲ့ရသည်။

သရဲမ၏ခင်ပွန်းတွင် အထူးတလည်အောင်မြင်မှုဂုဏ်ထူးဟူ၍မရှိထားသေးတာကြောင့် ဂူသင်္ချိုင်းက သိပ်မကြီးလှပေ။ ဒါ့အပြင် အတူမြှုပ်ထားခဲ့သမျှ ရှေးဟောင်းပစ္စည်းတွေအားလုံးကလဲ ခိုးယူခံထားရပြီးဖြစ်သည်။

ကုနင်း ဒီကို ရှေးဟောင်းပစ္စည်းလိုချင်လို့ လာခဲ့ခြင်းမဟုတ်တာကြောင့် မတွေ့ရသည့်အပေါ် စိတ်မပျက်သွားဘဲ သရဲမနှင့်အတူ အဓိကအခန်းသို့သွားလိုက်သည်။

ခေါင်းတလားပွင့်နေသည်ကို သရဲမမြင်သွားသည်နှင့် အလျင်အမြန်ရွေ့သွားကာ၊ “လောင်ကုန်း!”

ခေါင်းတလားထဲတွင်တော့ အဝတ်အစားပင်မရှိတော့သည့် အရိုးခြောက်တစ်ခုသာရှိလို့နေသည်။

သရဲမကတော့ သူ့ခင်ပွန်းမှာရှိသမျှအရာရာတိုင်းကိုခိုးယူသွားပြီး အခုလို ခေါင်းတလားထဲမှာ အရိုးခြောက်သက်သက်ထားခဲ့သည့် ဂူဖောက်ထွင်းသူများကို အမုန်းတရားများပိုလာတော့သည်။ ကံမကောင်းစွာဘဲ ဒီနေရာလာခဲ့တဲ့ဖောက်ထွင်းသူတွေက ဘယ်သူတွေမှန်းမသိတာကြောင့် လုပ်နိုင်တာဘာမှရှိမနေပေ။

သူတောင်မှ ကံကောင်းလို့ ကုနင်းနှင့်တွေ့ပြီး သူ့ခင်ပွန်းအနားပြန်လည်ပို့ဆောင်ပေးခြင်းခံရတာဖြစ်သည်။

“မိန်းကလေးကု၊ ငါ့ကိုကူညီပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ မင်းမြင်သလိုပဲ ဂူထဲမှာ တန်ဖိုးရှိတဲ့ပစ္စည်းဆိုလို့ ဘာမှမကျန်တော့ဘူး။ မင်းစိတ်မရှိဘူးဆိုရင် ငါ့ခန္ဓာကိုယ်ပေါ်က လက်ဝတ်ရတနာတွေကို ယူလို့ရတယ်။ အဲ့ဒါတွေကလဲ တန်ဖိုးကြီးတွေချည်းပဲ။”

ကုနင်းက သူတို့သဘောတူထားသည့်ကိစ္စကြောင့် ကူညီပေးခဲ့ခြင်းဖြစ်ပေမယ့် ကုနင်းက တမင်ကိုသဘောထားကြီးကြီးလုပ်ဆောင်ပေးခဲ့တဲ့အချက်ကိုတော့ မငြင်းနိုင်ပေ။ သရဲမ အမှန်တကယ်ကို ကုနင်းအားကျေးဇူးတင်မိသည်။

“ကျေးဇူးပါပဲ၊ ဒါပေမယ့် အဲ့ဒါတွေ ရှင်ပဲဆက်သိမ်းထားလိုက်ပါ။”

ကုနင်းမယူမှတော့ သရဲမလဲ အတင်းတွန်းအားပေးမနေတော့ပေ။

ထို့နောက် ကုနင်း ခေါင်းတလားကိုအဖုံးပြန်ပိတ်ကာ သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်သွင်းလိုက်သည်။

ခေါင်းတလားကို အပြင်ထုတ်မသွားခင် သူမတွင်အရင်လုပ်စရာလေးတွေရှိသေးကြောင်း သရဲမကိုပြောပြလိုက်ပြီးနောက် သရဲမကိုပါ စိတ်စွမ်းအင်အာကာပြင်ထဲထည့်ပေးလိုက်သည်။

နောက်တော့ နတ်ဆိုးကျောင်းကို ကုနင်းခေါ်ထုတ်လိုက်ကာ ယင်စွမ်းအင်အားလုံးကို စုပ်ယူစေလိုက်သည်။

သရဲမကိုပါ နတ်ဆိုးကျောင်းက မတော်တဆစုပ်ယူမိသွားမည်စိုး၍ နတ်ဆိုးကျောင်းထွက်မလာခင် သရဲမကိုအရင် စိတ်စွမ်းအင်အာကာပြင်ထဲ ကုနင်းထည့်လိုက်တာဖြစ်သည်။

နတ်ဆိုးကျောင်း ယင်စွမ်းအင်ကိုစုပ်ယူပြီးနောက် ကုနင်းနှင့်အတူပြန်ထွက်လာကာ တွင်းပေါက်ဝကို ကျောက်တုံးကြီးကြီးတစ်တုံးနှင့်ပိတ်လိုက်ဖို့ရန် ကုနင်းထပ်ပြောလိုက်သည်။ ဒီလောက်တာဝန်ကတော့ နတ်ဆိုးကျောင်းအတွက် အလွယ်လေးပင်။

တစ်ပြိုင်နက်တည်း ကုနင်းကလဲ မြက်ခြောက်တွေကို ဝင်ပေါက်နားမှာ ဖြန့်ချကာ လူတွေအလွယ်တကူ ရှာမတွေ့နိုင်အောင် လုပ်ခဲ့သည်။

အခုဆို ဂူသင်္ချိုင်းထဲတွင် ယင်ဓာတ်မရှိတော့ဘူးဆိုသော်လည်း ဒီဂူသင်္ချိုင်းနေရာက ဖုန်းရွှေမကောင်းတာကြောင့် မကြာလိုက်ဘဲ ယင်ဓာတ်တွေပြန်လည်ဝင်ရောက်လာမည်ဖြစ်ကာ ထပ်ပြီးအန္တရာယ်များနေမည်ဖြစ်သည်။

အားလုံးလုပ်ဆောင်ပြီးနောက် နတ်ဆိုးကျောင်းကိုပြန်ထည့်ကာ သရဲမကိုထုတ်လိုက်သည်။ “ရှင့်ခင်ပွန်းကို ဘယ်နေရာမှာ မြှုပ်နှံချင်လဲ?”

“တိတ်ဆိတ်အေးချမ်းတဲ့တနေရာရာမှာပေါ့။”

ကုနင်း ခဏလောက်တွေးကြည့်လိုက်ပြီးနောက် လူတွေအလွယ်တကူမရောက်နိုင်သည့် ချောက်ကမ်းပါးလိုနေရာမှာမြှုပ်နှံဖို့ အကြံပေးလိုက်သည်။

သရဲမကလဲ သဘောတူတာကြောင့် နှစ်ဦးသား ချောက်ကမ်းပါးဘက်သို့ ဆက်လျှောက်လာခဲ့ကြသည်။

ကမ်းပါးသို့ရောက်သည်နှင့် ကုနင်း နတ်ဆိုးကျောင်းကို တဖန်ပြန်ထုတ်လိုက်သည်။ နတ်ဆိုးကျောင်းကိုမြင်ရသည်နှင့် သရဲမကြောက်လန့်သွားကာ နောက်သို့ အလိုအလျောက်ဆုတ်မိသွားတော့သည်။ “ဒါ-ဒါကြီးက…”

ကျောင်းတစ်ကောင် အမှန်တကယ်တည်ရှိနေလိမ့်မယ်လို့ သူမထင်ထားသလို ရှိနေရင်တောင်မှ ကြားဖူးရုံသာဖြစ်ပြီး ကိုယ်တိုင်တော့ တစ်ခါမှမမြင်ခဲ့ဖူးပေ။

သရဲမအတွက် ဤကဲ့သို့ထိတ်လန့်စရာအမှန်တရားကို လက်ခံနိုင်ဖို့ အချိန်တချို့ယူလိုက်ရသည်။ သရဲတွေတောင် အမှန်တကယ်တည်ရှိနေမှတော့ နတ်ဆိုးကျောင်းရှိနေတာကလဲ အရမ်းထူးဆန်းနေတာတော့ မဟုတ်တော့ပေ။

“အဆင်ပြေပါတယ်၊ သူ ရှင့်ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။” ကုနင်း နှစ်သိမ့်ပေးလိုက်မှပဲ သရဲမ သက်ပြင်းချနိုင်တော့သည်။

ထို့နောက် ကုနင်းက နတ်ဆိုးကျောင်းကို ခေါင်းတလားထားနိုင်ဖို့ တွင်းကြီးကြီးတစ်ခုတူးပေးဖို့ပြောလိုက်ပြီး နတ်ဆိုးကျောင်းကလဲ မိနစ်အနည်းငယ်အတွင်း အပြီးသတ်လုပ်ဆောင်ပေးခဲ့သည်။

တွင်းတူးပြီးသည်နှင့် ကုနင်း ခေါင်းတလားကိုထည့်လိုက်ပြီး အဖုံးကိုဖွင့်ကာ စိတ်စွမ်းအင်အာကာပြင်ထဲမှ ပန်းချီကားကို ထုတ်လိုက်သည်။

“မိန်းကလေးကု၊ ငါ တကယ်ကိုကျေးဇူးတင်ပါတယ်!” သရဲမက ကုနင်းကိုထပ်ပြီးကျေးဇူးတင်လိုက်ပြီးကာမှ ပန်းချီကားထဲသို့ဝင်သွားခဲ့သည်။

သူ ပန်းချီကား၏တစ်စိတ်တစ်ပိုင်းပြန်ဖြစ်သွားသည်နှင့် အလွန်ပျော်ရွှင်နေပုံရသည်။

ကုနင်း ခေါင်းတလားကို ပြန်မပိတ်ခင် ပန်းချီကားကို အရိုးခြောက်၏လက်မောင်းထဲထည့်ပေးလိုက်ပြီးမှ နတ်ဆိုးကျောင်းကို တွင်းအားပြန်ဖုံးစေလိုက်သည်။

အားလုံးပြီးသွားသည့်နောက်မှာတော့ နတ်ဆိုးကျောင်းကိုပြန်ထည့်ကာ တစ်ယောက်တည်း တောင်မှထွက်လာခဲ့သည်။

အုတ်ဂူသည်တော့ ကဗျည်းကျောက်ပြားရော ပူဇော်ပသထားမှုများရောမရှိဘဲ ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာတည်ရှိနေခဲ့လေသည်။

……..

ကုနင်း ကျူးလုံတောင်ဗီလာသို့ပြန်ရောက်ချိန်မှာတော့ ည၁နာရီတောင်ထိုးပြီးနေပြီဖြစ်ကာ တိတ်တဆိတ်ပဲ မြို့တော်သို့ ပြန်ခဲ့သည်။

***

အခန်း ၁၀၃၄ ရှားယီချူးအကြောင်း အတင်းအဖျင်းများ

တစ်နာရီကြာပြီးနောက် လင်ရှောင်းထင်၏အိမ်သို့ ကုနင်းပြန်ရောက်ခဲ့ကာ ရေမိုးချိုးပြီး အိပ်ယာဝင်ခဲ့သည်။

နောက်တစ်နေ့မနက်တွင်တော့ သူမ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းအဆောက်အဦးသို့ သွားခဲ့သည်။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် အခုထိ ငှားထားသည့်ရုံးမှာပဲရှိနေသေးကာ မကြာခင်မှာတော့ ရုံးချုပ်သို့ပြောင်းရွှေ့မည်ဖြစ်သည်။

ဖုန့်ဟွာက ဘယ်သူကမှကုနင်းကိုမသိသူမရှိတာကြောင့် သူမဝင်လာသည်နှင့် အားလုံးက လေးစားစွာနှုတ်ဆက်ကြသည်။

ကုနင်းသည်လဲ အားလုံးကို ကြင်ကြင်နာနာပင် ပြန်ပြုံးပြခဲ့သည်။

ကုနင်း အထဲသို့ရုံးခန်းထဲသို့ဝင်တော့မည့်အချိန်မှာပဲ စိတ်ရှုပ်နေသည့်ပုံစံဖြင့် ထွက်လာသည့် လုရှောင်းကိုတွေ့လိုက်ရသည်။

“အိုး၊ ဟိုင်း၊ ဘော့စ်။” လုရှောင်းချက်ချင်း ပြုံးပြလိုက်သည်။

“ဘာဖြစ်နေတာလဲ? ကြည့်ရတာ စိတ်အခြေအနေမကောင်းပုံပဲ။” ကုနင်းစိုးရိမ်စွာဖြင့်မေးလိုက်သည်။

ဒီကုမ္ပဏီကို ကုနင်းစီမံခန့်ခွဲခြင်းမရှိပေမယ့် အထူးသဖြင့် ဖုန့်ဟွာလို စတည်ထောင်ကာစလုပ်ငန်းတစ်ခုအတွက် လွယ်ကူသည့်အလုပ်မဟုတ်ကြောင်းတော့သိသည်။

ကုနင်းသည် ငယ်ရွယ်သည့်လုပ်ငန်းရှင်တစ်ဦးအနေနှင့် အလွန်အောင်မြင်ကာ ကုမ္ပဏီတစ်ခုတည်ထောင်ရာမှ လူအများစုကတော့ အခက်အခဲအမျိုးမျိုးနှင့်ကြုံတွေ့ရနိုင်ကြောင်းလဲ သဘောပေါက်သည်။ ကုမ္ပဏီအသစ်တစ်ခု စတည်ထောင်သည်နှင့် အပြိုင်အဆိုင်တွေက ပြင်းထန်လှသည်။

ဒါကြောင့် ကုမ္ပဏီအသစ်တစ်ခုသည် ထိုနယ်ပယ်တွင် ရှိပြီးသား ပြည်တွင်းကုမ္ပဏီများ၏ ပစ်မှတ်တစ်ခုဖြစ်လာသည်။ ဒါ့အပြင် ကုမ္ပဏီအသစ်၏အင်အားမကြီးထွားလာခင် အပြတ်တိုက်ခိုက်ထားရင် ပိုလို့လွယ်ကူပေသည်။

ကုနင်း အချိန်တိုတိုနှင့် အောင်မြင်လာခဲ့ခြင်းက သူမ၏ထူးချွန်လှသည့်အရည်အချင်းများကြောင့်တင်မကဘဲ သူမ၏အဆက်အသွယ်များကြောင့်လဲ ပါဝင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဖျော်ဖြေရေးကုမ္ပဏီတော်တော်များများကတော့ ဖုန့်ဟွာကိုဖိနှိပ်ဖို့ အခွင့်ကောင်းရှာနေကြတုန်းဖြစ်သည်။

“အမ်… မနေ့က ရှားယီချူးအိမ်ပြန်တုန်း ကားပါကင်မှာ သူ့ကိုမှတ်မိနေတဲ့အမျိုးသားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူတို့လဲ ခဏတဖြုတ်စကားပြောပြီး အဆောက်အဦးတစ်ခုတည်း ဝင်သွားခဲ့ပေမယ့် ပါပါရာဇီက မိသွားတယ်လေ။ အခုမနက် နေရာတိုင်းမှာ ရှားယီချူးနဲ့ပတ်သတ်တဲ့အတင်းအဖျင်းတွေချည်းပဲ။”

လုရှောင်း၏ပြောပြချက်ကြောင့် ကုနင်းမျက်မှောင်ကြုတ်သွားမိသည်။ “ရှားယီချူးက အခုထိပွဲဦးတောင်မထွက်ရသေးဘူးဆိုတော့ ဖျော်ဖြေရေးသတင်းတွေရဲ့ ပစ်မှတ်မဖြစ်နိုင်ဘူး။ ဘာလို့ ပါပါရာဇီက သူ့နောက်လိုက်နေတာလဲ?”

ရှားယီချူးက အခုထိတရားဝင်ပွဲဦးထွက်မလုပ်ရသေးတာကြောင့် လူထုအာရုံစိုက်မှုခံရဖို့အထိ မထိုက်တန်သေးပေ။ ပုံမှန်အားဖြင့် ပါပါရာဇီတွေက နာမည်ကြီးအနုပညာရှင်တွေကိုသာ ပစ်မှတ်ထားကြတာဖြစ်သည်။

ဒီအတင်းအဖျင်းသတင်းက ဖုန့်ဟွာကိုတိုက်ခိုက်ဖို့ရည်ရွယ်ခြင်းဖြစ်မည်ဟု ကုနင်းအာရုံရလိုက်သည်။

ရှားယီချူးက လူထုအာရုံစိုက်မှုမရသေးသော်လည်း ဖုန့်ဟွာကတော့မတူပေ။

ရှားယီချူးက ဖုန့်ဟွာနှင့်စာချုပ်ချုပ်ထားတာဖြစ်သည်။ သူမမှာ ဘယ်လိုကောလဟာလပဲထွက်ထွက် ဖုန့်ဟွာဘက်ကိုထိခိုက်မှာပင်။

ဒါက ပြဿနာကြီးမဟုတ်သော်လည်း ကုနင်းကတော့ သေချာလေးကိုင်တွယ်သင့်သည်ဟု တွေးမိသည်။

“ဒါရိုက်တာမူက အင်တာနက်ပေါ်မှာ အတင်းအဖျင်းစဖြန့်တဲ့လူရဲ့ ကိုယ်ရေးအချက်အလက်အမှန်ကို ရှာပေးလိမ့်မယ်။ ရှားယီချူးက အခုထိပွဲဦးမထွက်ရသေးဘူးဆိုရင်တောင် အတင်းအဖျင်းတွေက သူ့အလုပ်အကိုင်ကိုကော ဖုန့်ဟွာကိုပါ ထိခိုက်စေလိမ့်မယ်။” လုရှောင်း၏အမူအရာက အလွန်ကိုလေးနက်နေသည်။

တကယ်တမ်း ဒါက ကြီးကျယ်လှသည့်ကိစ္စမဟုတ်ပေမယ့် လု်ရှောင်းကတော့ ဆိုးဆိုးရွားရွားပြဿနာတွေဖြစ်တော့မလိုကို အလေးအနက်ထားနေတာကြောင့် ရှားယီချူးကို အတော်လေးဂရုစိုက်နေပုံရသည်။

ကုနင်း အတွေးတစ်ခုပေါ်လာတာကြောင့် မနေနိုင်ဘဲ စနောက်မိတော့သည်။ “ကျွန်မဘာလို့များ ရှင် ရှားယီချူးကို ပုဂ္ဂိုလ်ရေးအရ စိတ်ပူနေတာလို့ ခံစားမိနေပါလိမ့်? ရှင်တို့နှစ်ယောက်ကြား တစ်ခုခုရှိနေတာလား?”

ကုနင်း အရမ်းသေချာနေတာမဟုတ်သော်လည်း ထိုသို့ဖြစ်နိုင်ချေများမှန်းတော့ သေချာသည်။

အနုပညာရှင်များသည် သာမာန်လူတွေလို သူတို့ကြိုက်သည့်လူနှင့်တွဲဖို့ လွတ်လပ်ခွင့်အများကြီးမရှိသလို ဖျော်ဖြေရေးလုပ်ငန်းတော်တော်များများတွင်လဲ ရုံးတွင်းအချစ်ဇာတ်လမ်းကိုလဲ ခွင့်မပြုထားပေ။ သို့ပေမယ့် ကုနင်းကတော့ သူမဝန်ထမ်းတွေကို ထိုသို့ပိတ်ပင်တားမြစ်နေမည်မဟုတ်သော်လည်း သူမကုမ္ပဏီမှာလဲ စည်းမျဉ်းတွေရှိနေတုန်းပင်။

လုရှောင်း အနည်းငယ်ရှက်သွားပေမယ့် ရုံးတွင်းအချစ်ဇာတ်လမ်းက အဆိုတော်တစ်ဦး၏ရှေ့ရေးကိုသက်ရောက်စေနိုင်မှန်းသိတာကြောင့် ဝန်ခံဖို့အစီအစဉ်မရှိပေ။ ဒါကြောင့် စကားလမ်းကြောင်းကိုသာ လွှဲလိုက်တော့သည်။ “ဘော့စ်၊ နောက်မနေပါနဲ့။ ကျွန်တော်တို့ကြား ဘာမှထွေထွေထူးထူးမရှိပါဘူး။ မင်း ကုမ္ပဏီကိုလာတာ ကိစ္စတစ်ခုခုရှိလို့လား?”

လုရှောင်းက ထိုကိစ္စနှင့်ပတ်သတ်လို့မပြောချင်မှတော့ ကုနင်းလဲ ဆက်မမေးတော့ပေမယ့် ပြောသင့်တာကိုတော့ပြောလိုက်သေးသည်။ “ကျွန်မက ကျွန်မဝန်ထမ်းတွေရဲ့ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ သူတို့တရားဝင်ချပြတာ မပြတာက သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်။ ဒါနဲ့ ထန်ရှောင်ရှောင်ကော?”

ကုနင်း၏စကားကြောင့် လုရှောင်းအတော်လေးစိတ်လှုပ်ရှားသွားခဲ့သည်။ ကုနင်းက လုပ်ဖော်ကိုင်ဖက်တွေကြားက အချစ်ရေးကိုမပိတ်ပင်ဘူးဆိုလျှင် သူလဲ သူလုပ်ချင်တာကို ပိုလွတ်လွတ်လပ်လပ်လုပ်လို့ရပေပြီ။

“ထန်ရှောင်ရှောင်က ရုံးခန်းထဲမှာ ဇာတ်ညွှန်းဖတ်နေပါတယ်။” လုရှောင်းပြောနေတုန်းမှာပဲ သူ့ဖုန်းက မြည်လာခဲ့သည်။

“လုပ်စရာရှိတာဆက်လုပ်ပါ၊ ကျွန်မဘာသာပဲ သွားရှာလိုက်ပါ့မယ်။”

“ဒါရိုက်တာမူဆက်တာပါ၊ ကြည့်ရတာ အဖြေသိရပြီထင်တယ်။ ဘော့စ်ရော နားထောင်ချင်လား?”

ကေဖြစ်နေတာကြောင့် ကုနင်းလဲ ခေါင်းညိတ်ကာ ဆက်နေလိုက်သည်။

လုရှောင်းဖုန်းကိုင်လိုက်သည်နှင့် ကေက ရှားယီချူး၏ဓါတ်ပုံတွေကို ရိုက်ခဲ့သည့်လူ၏ပုံကို ရှာတွေ့ပြီဆိုသည့်အကြောင်း ပြောလာသည်။

ရှားယီချူး၏ပုံတွေကို ရိုက်သည့်လူနှင့် အင်တာနက်ပေါ်တွင် အတင်အဖျင်းဖြန့်သည့်လူက မတူသော်လည်း တစ်ယောက်နှင့်တစ်ယောက်တော့ သိနေကြသည်။

***

အခန်း ၁၀၃၅ တောင်းပန်ချက်

အင်တာနက်ပေါ်တွင် ကောလဟာလစဖြန့်သူ၏နာမည်ကိုကြားပြီးနောက် လုရှောင်းအနည်းငယ်မျှ အံ့ဩသွားခဲ့သော်လည်း လုံးဝထိတ်လန့်အံ့ဩမိခြင်းတော့မရှိပေ။ ထိုလူသည် အလုပ်တွင် ရှားယီချူးနှင့် ပြဿနာအချို့ရှိခဲ့ဖူးကာ ရှားယီချူးကတော့ ထိုလူ သူမကို နောက်ကွယ်မှပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားပေ။

ထိုလူသည်လဲ ဤနယ်ပယ်တွင် အောင်မြင်မှုအတော်အသင့်ရထားသည့် တေးရေးတေးဆိုအမျိုးသမီးတစ်ဦးဖြစ်သည်။ ရှိုးအသစ်တစ်ခုတွင် ရှားယီချူးသီဆိုခဲ့သည့် ရှားယီသုန့်၏သီချင်းက သူမသီချင်းနေရာကိုဝင်ယူသွားတာကြောင့် ရှားယီချူးကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ဒါကြောင့် သူမက လူတစ်ယောက်ငှားကာ ရှားယီချူးနောက် လိုက်စေခြင်းပင်။

ရှားယီချူးနှင့်စကားပြောကာ အဆောက်အအုံတစ်ခုတည်းသို့ ရှားယီချူးနှင့်အတူ ဝင်သွားခဲ့သည့်အမျိုးသားသည်လဲ သူမစီစဉ်ထားခြင်းဖြစ်သည်။

ထိုသတင်းကြောင့် လုရှောင်းအတော်လေးဒေါသထွက်သွားတော့သည်။

ရှားယီချူးသည် သူသဘောကျနှစ်သက်သူဖြစ်ကာ သူမကို တစ်စုံတစ်ယောက်က ထိခိုက်အောင် လုပ်လာမည်အား သူခွင့်ပြုမပေးနိုင်ပေ။ အခုအဖြေကိုလဲသိနေပြီဖြစ်တာကြောင့် အခုချက်ချင်းလက်တုံ့ပြန်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

“ဘော့စ်။” လုရှောင်း သတင်းကိုပြောပြဖို့ပြင်လိုက်သော်လည်း သူ့ထက်အရင် ကုနင်းက ဖြတ်ပြောလိုက်သည်။ “ကျွန်မကြားပြီးပြီ။”

ကုနင်း၏အကြားအာရုံကကောင်းလွန်းတာကြောင့် ဖုန်းတစ်ဖက်မှစကားများကို နားထောင်ကြည့်ဖို့ဆိုတာ မခက်ခဲလှပေ။

ဒါက ပြဿနာကြီးတစ်ခုလဲမဟုတ်တာကြောင့် လုရှောင်း သူ့ဘာသာကိုင်တွယ်နိုင်သလို ကုနင်းလဲ ဝင်ပါဖို့စိတ်ကူးမရှိပေ။ “ရှင် ကိုယ့်ဘာသာပဲဖြေရှင်းလိုက်ပါ။”

ပြောပြီးသည်နှင့် ကုနင်း ရုံးခန်းရှိရာသို့ ဆက်သွားခဲ့သည်။

တပြိုင်တည်းမှာပဲ လုရှောင်းကတော့ ရှိုးအသစ်၏ဒါရိုက်တာကိုဖုန်းဆက်ကာ သူရရှိထားသည့်အချက်အလက်များကို ပြန်လည်မျှဝေခဲ့သည်။

ရှိုးအသစ်၏ဒါရိုက်တာကလဲ သူတို့ရှိုးကိုစတင်ပြသနေပြီဖြစ်၍ ရှားယီချူးအကြောင်း လတ်တလော မကောင်းသတင်းများမထွက်စေလိုပေ။

လုရှောင်း၏ရှင်းပြချက်ကိုနားထောင်ပြီး ဒါရိုက်တာက သူ့စကားတွေကို တန်းယုံပေးလိုက်သည်။

ကောလဟာလတွေက နားလည်မှုလွဲခြင်းသာဖြစ်ကြောင်း လူထုယုံကြည်လာအောင်အရင်လုပ်တာ ပိုကောင်းမည်ဟု နှစ်ယောက်လုံးတွေးမိတာကြောင့် လုရှောင်း၏အကြံကို ဒါရိုက်တာကလဲသဘောတူကာ အတူပူးပေါင်းပေးသည်။

……

ရုံးခန်းထဲတွင်တော့ ထန်ရှောင်ရှောင်၊ စုထုံနျိုနှင့်သွမ့်လီရှင်းတို့ ဇာတ်ညွှန်းထဲမှဇာတ်ကောင်များအကြောင်း ဆွေးနွေးနေကြသည်။

သွမ်လီရှင်းက ဇာတ်ညွှန်းရေးသူဖြစ်တာကြောင့် ဝတ္ထုထဲမှဇာတ်ကောင်တိုင်း၏စရိုက်ကို အပြည့်အဝသိနားလည်ကာ ထန်ရှောင်ရှောင်နှင့်စုထုံနျိုတို့ကို မိတ်ဆက်ပြောပြပေးနေခြင်းဖြစ်သည်။

ကုနင်း အခန်းတံခါးကိုတွန်းဖွင့်လိုက်ကာ သူတို့ဆွေးနွေးနေမှုကို နှောင့်ယှက်လိုက်သည်။

“ဟိုင်း ဘော့စ်!”

ကုနင်းကိုမြင်သည်နှင့် အားလုံးထကာ နှုတ်ဆက်ကြသည်။ ကုနင်း မြို့တော်ကိုရောက်နေမှန်း သူတို့သိထားကြပြီးဖြစ်တာကြောင့် မအံ့ဩမိသွားကြပေ။

“ဟိုင်း၊” ကုနင်းပြုံးပြလိုက်ပြီး ထန်ရှောင်ရှောင်ဘက်လှည့်သွားကာ၊ “မင်းနေကောင်းသွားပြီလား? ဒီနေရာမှာအလုပ်လုပ်ရတာကော သဘောကျရဲ့လား?”

ထန်ရှောင်ရှောင် စိတ်ပါလက်ပါပြုံးလိုက်ပြီး၊ “အွန်း၊ ဒီနေရာမှာလုပ်ရတာ အရမ်းကြိုက်တယ်။”

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် ဖျော်ဖြေရေးလောကမှ တခြားသောကုမ္ပဏီများနှင့် အလွန်ကွာခြားကာ လူတိုင်းသည့် ကိုယ့်အလုပ်ပေါ်ကိုယ်သာ အာရုံစိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ခြောက်ချလိုကြသူက အနည်းအကျဉ်းသာရှိသည်။

“ဝမ်းသာပါတယ်။”

ရှိုးအသစ်၏ဒါရိုက်တာနှင့်စကားပြောပြီးနောက် လုရှောင်း ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏တရားဝင်ဝေးပေါ်အကောင့်သို့ဝင်လိုက်ကာ စာတစ်စောင်ရေးတင်လိုက်သည်။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းတရားဝင်အကောင့် : ရှားယီချူးနဲ့သူစိမ်းယောက်ျားတစ်ယောက် အဆောက်အဦးတစ်ခုတည်းကိုဝင်သွားကြတဲ့ ကောလဟာလနဲ့ပတ်သတ်ပြီး ငါတို့အမှန်တရားကို ရှာဖွေပြီးသွားပါပြီ။ ဒါက xxxရှိုးမှာ သီချင်းတစ်ပုဒ်ဖျော်ဖြေဖို့နဲ့ပတ်သတ်တဲ့ ပြိုင်ပွဲကြောင့် ဖြစ်လာရတာပါ။ ရှင်းရှင်းလင်းလင်းပြောရရင် ရှားယီချူးက အဲ့ဒီရှိုးအတွက် သီချင်းသီဆိုပေးဖို့ အခွင့်အရေးရရှိခဲ့တဲ့အကြောင်း တရားဝင်ပြောပါရစေ။ ဒါကြောင့် မင်းဘယ်သူပဲဖြစ်ပါစေ ရှားယီချူးနဲ့ဖုန့်ဟွာကို အသေရေဖျက်နေတာကို ရပ်တန်းကရပ်လိုက်ပါ။ မင်းဘက်က တရားဝင်ပြန်တောင်းပန်ပေးပါ။ မဟုတ်လို့ကတော့ မင်းအကြောင်းအချက်အလက်တွေကို ငါတို့ဖွင့်ချရပါမယ်။

ထိုပို့စ်တင်လိုက်သည်နှင့် ချက်ချင်းပြန့်သွားခဲ့သည်။

အစကတော့ ဒါကို လူတွေအာရုံစိုက်လာအောင် သတင်းထွင်နေတာလို့ လူအများတွေးကြသော်လည်း ထိုရှိုးက အခုဆို အတော်လေးနာမည်ရနေပြီဖြစ်တာကြောင့် ရှားယီချူးအပြစ်ကင်းကြောင်း စတင်ယုံကြည်လာကြသည်။ ဒါ့အပြင် ဖုန့်ဟွာဘက်က အနုပညာရှင်တစ်ယောက်၏ နာမည်ဂုဏ်သတင်းကို ရှင်းလင်းပေးလာတာ ပထမဆုံးအကြိမ်လဲ မဟုတ်တာကြောင့် လူတွေက ဖုန့်ဟွာ၏ဖြေရှင်းချက်ကို ပိုယုံကြည်ကြသည်။

ရှိုးဒါရိုက်တာကလဲ ထိုပို့စ်ကိုပြန်မျှဝေပေးတာကြောင့် ပိုလို့သေချာသွားစေသည်။

အချိန်တိုလေးအတွင်းမှာပဲ ရှားယီချူးက ရှိုးအသစ်တစ်ခုတွင် သီချင်းတစ်ပုဒ်သီဆိုထားကြောင်း လူတိုင်းသိသွားကြသည်။ အရင်ကတည်းက ဒါကို လျှို့ဝှက်ထားခဲ့တာတော့မဟုတ်ပေမယ့် အခုတော့ တရားဝင်သိရှိသွားကြတော့သည်။

ရှားယီချူးသည် ဖေ့ဟဲနာ၏နောက်ကွယ်အဆိုရှင်လုပ်ခဲ့မှန်း အင်တာနက်အသုံးပြုသူအများစုသိကာ သူတို့ကလဲ ဖေ့ဟဲနာ၏အသံကို သဘောကျခဲ့သူများဖြစ်တာကြောင့် ရှားယီချူး၏သီချင်းကို နားထောင်ရဖို့ မျှော်လင့်နေတော့သည်။

***

အခန်း ၁၀၃၆ အရှက်မဲ့စုံတွဲ

တစ်ချိန်တည်းမှာပဲ ရှားယီချူးကို မကောင်းကြံသည့်လူအကြောင်းလဲ အင်တာနက်အသုံးပြုသူများ သိချင်လာကြသည်။ ကာယကံရှင်သည်လဲ နောက်ဆုံးရသတင်းများကို အဆက်မပြတ်စောင့်ကြည့်နေခဲ့ကာ ဖုန့်ဟွာဘက်မှ ထုတ်ပြန်ချက်ကိုဖတ်ပြီး အလွန်ဒေါသထွက်သလို ကြောက်ရွံ့မှုကိုလဲ ခံစားနေရသည်။

ဖုန့်ဟွာကို သွားမရှုပ်သင့်မှန်းသူမလဲသိပေသည်။ သူမ၏မဆင်မခြင်ခြေတစ်လှမ်းကြောင့် သူမအသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ကို ထိခိုက်တော့မည်ဖြစ်၍ နောင်တရနေမိသည်။ ဒါကြောင့် သူမဘယ်လောက်ပဲ စိတ်မပါ,ပါစေ ဝေးပေါ်လျှို့ဝှက်အကောင့်တစ်ခုကိုသုံးကာ ရှားယီချူးကို တောင်းပန်လိုက်ရသည်။

မိနစ်အနည်းငယ်အတွင်းမှာပဲ ထိုဝေးပေါ်အကောင့်စာမျက်နှာတွင် ပြစ်တင်ဝေဖန်ချက်ပေါင်း ထောင်သောင်းမကတက်လာတာကြောင့် သူမရူးတော့မလိုတောင် ခံစားသွားရသည်။ သူမ တကယ်ကိုဆိုးရွားသည့်အမှားတစ်ခုလုပ်မိသွားတာပေမယ့် ကံကောင်းစွာဘဲ ရှားယီချူးကို ချောက်ချခဲ့သည်လူက သူမဖြစ်ကြောင်း သိထားသူ သိပ်မများပေ။

ရှားယီချူးကတော့ သူမဘာအမှားမှမလုပ်ထားတာကြောင့် ယခုပြဿနာနှင့်ပတ်သတ်လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိခဲ့ပေ။ ဖုန့်ဟွာနှင့်လုရှောင်းတို့က ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးကြမည်မှန်းလဲ သူမယုံကြည်ထားသည်။ ရလဒ်အခြေအနေကို သူမအသံသွင်းစတူဒီယိုမှမထွက်လာမချင်း လုံးဝမသိခဲ့ပေ။

ကုနင်းကို ရုံးထဲမှမြင်လိုက်ရကာ ရှားယီချူးအနည်းငယ် အံ့ဩသွားခဲ့သည်။ ကုနင်း ဒီနေ့ကုမ္ပဏီကို လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားသောကြောင့်ပင်။

“ဟိုင်း၊ ဘော့စ်။”

“မင်းစိတ်အခြေအနေက ကောင်းနေပုံပဲ။” ရှားယီချူးနှုတ်ဆက်လာသည်နှင့် ကုနင်းစနောက်လိုက်သည်။

“ကျွန်မ ဘာအမှားမှလုပ်ထားတာမရှိတော့ ဒါက ပြဿနာကြီးတစ်ခုဟုတ်မနေဘူးလေ။” ရှားယီချူး အပြုံးလေးဖြင့် ပြန်ဖြေလေသည်။ “ကုမ္ပဏီနဲ့မန်နေဂျာလုက သေချာဖြေရှင်းပေးမယ်မှန်းလဲ ယုံကြည်ထားတာ။”

ကုနင်းပြုံးလိုက်ပြီး အားလုံးကိုပြောလိုက်သည်။ “မင်းတို့ အနာဂါတ်မှာ ဘယ်လိုပြဿနာပဲတက်တက် မင်းတို့ အမှားလုပ်ထားတာမရှိဘူးလို့ ယုံကြည်ချက်ရှိနေသ၍ စိတ်ကိုငြိမ်ငြိမ်ထားပြီး ငါတို့ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုအပေါ် ယုံကြည်ထားရမယ်။”

“ကျေးဇူးတင်ပါတယ် ဘော့စ်။” ကုနင်းက သူတို့ကိုကာကွယ်ပေးမည်ဟု အာမခံချက်ရလိုက်ကြ၍ အားလုံး ရင်ထဲခံစားသွားကြရသည်။

…….

ကုနင်း နေ့လည်စာကို ဖုန့်ဟွာ၏ကန်တင်းမှာသာစားလိုက်သည်။ နေ့လည်စာစားပြီးနောက်မှာတော့ JadeBeautyနှင့်ကိုလိန်းဆိုင်များကို ကြည့်ရှုရန်သွားခဲ့သည်။

အရင်ဆုံး JadeBeautyဆိုင်သို့သွားခဲ့ကာ ဆိုင်ထဲဝင်လိုက်သည်နှင့် လူများစွာတွေ့လိုက်ရသည်။

ထိုဆိုင်ကို ကုနင်းပိုင်တာဖြစ်သော်လည်း သူမတစ်ခါမှမလာခဲ့ဖူးတာကြောင့် သူမကိုသိသည့် ဝန်ထမ်းသိပ်မရှိပေ။

“ကြိုဆိုပါတယ်။ မိန်းကလေး စိတ်တိုင်းကျ ကြည့်ရှုနိုင်ပါတယ်။ စမ်းဝတ်ကြည့်ချင်တာရှိလဲ စိတ်တိုင်းကျလုပ်ဆောင်နိုင်ပါတယ်။” ကောင်တာမှအရောင်းဝန်ထမ်းအမျိုးသမီးက ကုနင်းကိုကြိုဆိုစကားပြောလိုက်သည်။

အားလုံးကို အထူးလေ့ကျင့်ပေးထားတာကြောင့် ဘယ်လိုဝယ်သူကိုမဆို ကြင်နာမှုအပြည့်နှင့် ပြောဆိုဆက်ဆံကြသည်။

“ကျေးဇူးပါပဲ။” ကုနင်းပြန်ပြေလိုက်ပြီး ဆိုင်ထဲသို့လှည့်ပတ်ကြည့်နေလိုက်သည်။

ကောင်တာတစ်ခု၏ရှေ့မှာတော့ အမျိုးသမီးတစ်ယောက်က အရောင်းဝန်ထမ်းတစ်ယောက်ကို “ဒါလေး ထုတ်ပေးပါ။”ဟု ပြောလိုက်သည်။

ထိုအချိန်မှာပဲ နောက်ထပ်အမျိုးသမီးတစ်ယောက်က သူတို့လုပ်ကိုင်နေမှုကို ဝင်တားလိုက်ကာ၊ “ခဏနေဦး။ ဒီလည်ဆွဲကို ငါယူမယ်။”

သူစကားကြောင့် ပထမအမျိုးသမီး စိတ်တိုသွားသည်။ သူတို့နှစ်ယောက်ပုံစံက သူစိမ်းတွေတော့ မဟုတ်လောက်ပေ။

သူတို့နားရှိ လူတချို့ကလဲ သူတို့ကိုလှည့်ကြည့်လာကြသည်။

ခပ်ဝဝသက်လတ်ပိုင်းလူကြီးတစ်ယောက်က အဝတ်အစား ဟိုဖော်ဒီဖော်ဝတ်ထားသည့် ငယ်ရွယ်ကာဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်တစ်ဦးနှင့် လျှောက်လို့လာသည်။

ထိုအမျိုးသမီး၏ပုံစံက ဘယ်လိုကြည်ကြည့် ဂုဏ်သိက္ခာရှိသည့်အမျိုးသမီးတစ်ယောက်မဟုတ်မှန်း သိသာနေတာကြောင့် လူတွေက သူမကိုအထင်သေးစွာ ကြည့်လာကြသည်။

“ဒီလည်ဆွဲကို နင့်ထက်အရင် ငါမြင်ခဲ့တာလေ။ ဘာလို့ နင့်ကိုပေးရမှာလဲ?” ပထမအမျိုးသမီးကပြောလိုက်သည်။ “ဒါလေးထုတ်ပေးပါ။”

“ကောင်းပါပြီ။” အရောင်းဝန်ထမ်အမျိုးသမီးက ကောင်တာပေါ်မှလည်ဆွဲကို ယူဖို့လက်ကိုဆန့်လိုက်သည်။

သို့သော်လည်း မလုံ့တလုံနှင့်အမျိုးသမီးက ချက်ချင်းကြားဖြတ်ဆွဲယူလိုက်သည်။

ဖြစ်ပျက်သွားသည်က အလွန်မြန်ဆန်လှတာကြောင့် သူမကိုဘယ်သူမှမတားလိုက်နိုင်ပေ။

“နင်ကများ!” ပထမအမျိုးသမီး ဒေါသထွက်သွားတော့သည်။ “ယောင်လိလိ၊ နင်ဘယ်လိုတောင် အရှက်မရှိတာလဲ! ငါ့သူငယ်ချင်းကောင်းရဲ့ခင်ပွန်းကို ခိုးသွားတာ အားမရလို့ ငါ့လည်ဆွဲကိုပါ ခိုးချင်နေပြန်ပြီလား?”

ထိုစကားကိုကြားပြီးနောက် ဘေးမှလူများသည် လူဝကြီးနှင့်သူ့အငယ်အနှောင်းအပေါ် မုန်းတီးလာကြတော့သည်။ အရှက်မဲ့လိုက်တဲ့အတွဲ!

သို့ပေမယ့် ယောင်လိလိကတော့ လုံးဝရှက်သွားပုံမရဘဲ ပြန်တောင်ခံပြောလိုက်သေးသည်။ “အဲ့တော့ ဘာဖြစ်လဲ? အဲ့ဒီရုပ်ဆိုအဘွားကြီးဆီက တလင်ကိုငါလုယူနိုင်ခဲ့တာ ငါ့ကိုယ်ငါတောင် ဂုဏ်ယူသေးတယ်။ သူ့ပုံစံကိုမြင်တဲ့ ဘယ်ယောက်ျားကမှ သူ့ကိုဆွဲဆောင်မှုရှိတယ်လို့ထင်ကြမှာမဟုတ်ဘူး။”

တလင်ဆိုသည့် လူဝကြီး၏နာမည်အပြည့်အစုံကတော့ ကျန်းတလင်ဖြစ်သည်။

ကျန်းတလင်သည်လဲ ရှက်ရွံ့သွားခြင်းမရှိဘဲ ယောင်လိလိဘက်မှ အားပေးအားမြှောက်တောင် လုပ်နေသေးသည်။ သူသည် လှပသည့်မိန်းမငယ်တစ်ဦးအတွက် ကိုယ်ဇနီးမယားကို စွန့်ပစ်ခဲ့သူဖြစ်သည်။

***

အခန်း ၁၀၃၇ ကုနင်းဝင်မပါဘူးလား

“ဒီမိန်းမ ဘယ်လိုတောင် အရှက်မရှိတာလဲ!”

“သူ့ရဲ့အရှက်မဲ့တဲ့လုပ်ရပ်အပေါ်တောင် ဂုဏ်ယူပြနေသေးတယ်။”

“သူ့မှာ အရှက်လေးနည်းနည်းဖြစ်ဖြစ် ရှိနေရင် တခြားအမျိုးသမီးတစ်ယောက်ရဲ့ယောက်ျားကို ဘယ်ခိုးပါ့မလဲ။”

“ဟုတ်တာပေါ့၊ တကယ်ကိုအရှက်မဲ့တဲ့စုံတွဲပဲ။”

“…..”

လူတိုင်း ယောင်လိလိနှင့်ကျန်းတလင်ကို ပြစ်တင်ဝေဖန်လာကြချိန်မှာပဲ ဆိုင်မန်နေဂျာထွက်လာခဲ့သည်။

မန်နေဂျာက ကုနင်းကို မှတ်မိနေကာ သူမဆိုင်ကိုရောက်နေသည့်အတွက် အံ့ဩသွားသော်လည်း ကုနင်းက သူ့ကိုနှုတ်မဆက်ဖို့တားလိုက်သည်။ “ခဏလောက် စောင့်ကြည့်ကြရအောင်။”

“ဟုတ်ကဲ့ပါ။”

ယောင်လိလိနှင့်ကျန်းတလင်တို့က သူတို့လုပ်ရပ်အတွက်မရှက်ကြသော်လည်း လူတွေ သူတို့ကိုဝေဖန်လာချိန်မှာတော့ ဒေါသထွက်လာကြသည်။

“ပါးစပ်ပိတ်ထားစမ်း! ဒါမင်းတို့အလုပ်မဟုတ်ဘူး!” ကျန်းတလင်က သူတို့အနားမှလူအုပ်ကို ပိတ်အော်လိုက်သည်။

“ဟုတ်တယ်၊ ဒါက ငါ့ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် ဒီခွေးမက ငါ့လည်ဆွဲကိုလုလို့ရမလား!” ပထမအမျိုးသမီးက ပြန်အော်လိုက်သည်။

“နင်ကများ ငါ့ကိုဆဲရဲတယ်လား?” ယောင်လိလိ အလွန်ဒေါသထွက်သွားကာ ထိုအမျိုးသမီးကို ပါးရိုက်ဖို့လုပ်တော့သည်။

သို့သော်လည်း ယောင်လိလိ၏လက်ဖဝါးက အမျိုးသမီး၏ပါးပြင်ပေါ် မကျရောက်ခင်လေးမှာပဲ ခပ်သွယ်သွယ်လက်တစ်ဖက်က သူမလက်ကိုဖမ်းလိုက်သည်။

အနားရှိလူများ ကုနင်းကိုသတိထားမိသွားသည်နှင့် သူမ၏အလှကြောင့် မှင်သက်သွားကြသည်။

“ငါ့ကိုလွှတ်!” ယောင်လိလိ ရုန်းနေပေမယ့် အချည်းအနှီးသာ။

ကုနင်းသည် လှပသည့်မိန်းမငယ်လေးမှန်းမြင်လိုက်ရသည်နှင့် ယောင်လိလိ မနာလိုဖြစ်လာတော့သည်။ သူမသာ ကုနင်းလိုမှင်သက်စရာကောင်းလောက်အောင် လှနေလျှင် ဒီလို လူဝကြီးအဖိုးကြီးအစား ငယ်ရွယ်သည့်ဒုတိယမျိုးဆက်အမွေခံချစ်သူတစ်ယောက်လောက် ရှာနိုင်မှာပင်။

ကျန်းတလင်ကပါ ကုနင်းကိုငေးနေတာကြောင့် ယောင်လိလိပိုတောင် ဒေါသထွက်လာတော့သည်။

သူမက ငွေတစ်ခုတည်းကြောင့်နှင့် ကျန်းတလင်၏အငယ်အနှောင်းဖြစ်လာသည်ဆိုလျှင်တောင် သူမအပိုင်ကိုင်ထားသည့်လူကို တခြားအမျိုးသမီးတစ်ယောက်အား အာရုံထားခွင့်ပြုမည်မဟုတ်ပေ။

အခုတော့ ကျန်းတလင်က ကုနင်းဆီလုံးလုံးလျားလျား နစ်ဝင်နေသည်။

“ဒါလင်၊ ကျွန်မလက်နာနေပြီလို့!” ယောင်လိလိ ကျန်းတလင်၏ငေးမောနေမှုကို နှောင့်ယှက်လိုက်သည်။

ကျန်းတလင်သည် တဏှာစိတ်ကြီးသော်လည်း သတ္တိကြောင်သူတစ်ယောက်ဖြစ်ကြောင်း ယောင်လိလိသိသည်။ မိန်းကလေးဘက်ကသာ သူနှင့်အတူရှိဖို့ဆန္ဒမရှိလျှင် လက်လျှော့လိုက်မည့်လူမျိုးပင်။

ယောင်လိလိ၏အသံကြောင့် ကျန်းတလင် အသိစိတ်ပြန်ကပ်လို့သွားသည်။

“မိန်းကလေး၊ ငါ့ဇနီးကို လွှတ်ပေးလိုက်ပါ။ ဒါက မင်းနဲ့မဆိုင်တော့ ဝင်မပါ,ပါနဲ့။” ကုနင်းက မိန်းမလှလေးဖြစ်နေတာကြောင့် ကျန်းတလင်အသံက အရမ်းကိုကြင်နာစိတ်များလျှံကျနေသည်။ ကုနင်းသာ ရုပ်ဆိုးဆိုး မလှမပဖြစ်နေပါက သူမကိုဆဲဆိုပစ်ပေလိမ့်မည်။

“ရှင်တို့က ကျွန်မဆိုင်မှာ ပြဿနာလာရှာနေတာလေ။ ကျွန်မ ဝင်မတားသင့်ဘူးလား?”

ဘာ? သူ့ဆိုင်? သူက JadBeautyလက်ဝတ်ရတနာဆိုင်ပိုင်ရှင်လား?

JadeBeautyလက်ဝတ်ရတနာဆိုပိုင်ရှင်သည့် ကုနင်းဖြစ်ကာ ငယ်ရွယ်သေးမှန်း အားလုံးသိကြသည်။ ကုနင်း၏ဓါတ်ပုံများကို အင်တာနက်ပေါ်တွင် မြင်ဖူးကြသော်လည်း ဒီလိုငယ်ရွယ်ကာ အောင်မြင်ကျော်ကြားသည့်စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးကို အပြင်မှာတွေ့လိုက်ရတာကြောင့် အံ့အားသင့်နေကြတော့သည်။

“ဝါး၊ သူက JadeBeautyလက်ဝတ်ရတနာဆိုင်ပိုင်ရှင်ပေါ့?”

“သူက ကုနင်းပဲဖြစ်မယ်။ ဓါတ်ပုံတွေထဲမှာထက်ကို ပိုလှတာပဲ။”

“အမှန်ပဲ!”

“……”

ကုနင်းရောက်နေမှန်းသိသည်နှင့် အနားသို့လူများ ပိုလို့ ပိုလို့ဝိုင်းလာကြသည်။

ဆိုင်ထဲမှဝန်ထမ်းတွေတောင်မှ စုကာ ကုနင်းအကြောင်းပြောနေကြတော့သည်။ ဝန်ထမ်းတွေအားလုံးက သူမပရိသတ်တွေသာဖြစ်သည်။

“ဘာ? နင်က JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ပိုင်ရှင်လား?” ယောင်လိလိ မယုံနိုင်စွာမေးလိုက်မိသည်။ ဒီလိုသာဆို ကုနင်းက သူမထက်ပိုလှတဲ့အပြင် ပိုလဲချမ်းသာတာကြောင့် သာ၍သာ မနာလိုဖြစ်မိတော့သည်။

“အာ… ကျွန်တော် တောင်းပန်ပါတယ်၊ မိန်းကလေးကု။” ကျန်းတလင်ကတော့ သူမကိုချက်ချင်းပင်တောင်းပန်တော့သည်။ ကုနင်းနှင့်ယှဉ်လျှင် သူဆိုသည်က ဘာမှမဟုတ်ပေ။

သူလဲ ချမ်းသာပေမယ့် ကုနင်းက သူ့ထက်များစွာပိုချမ်းသာရုံမက အဆက်အသွယ်ကောင်းများလဲ ရှိသေးသည်။

ကုနင်း ယောင်လိလိကိုလွှတ်လိုက်ပြီး လက်ဖဝါးကိုဖြန့်လိုက်ကာ၊ “အဲ့ဒါကို ပေး…”

ယောင်လိလိလက်ထဲမှ လည်ဆွဲ သူမကိုပေးဖို့ရန်ပြောနေခြင်းပင်။

ယောင်လိလိ မလွှတ်ချင်သလို အရမ်းရှက်နေသော်လည်း ကုနင်းကိုတော့ မဆန့်ကျင်ရဲပေ။ တကယ်တမ်း သူမ ထိုလည်ဆွဲကို လုံးဝစိတ်မဝင်စားဘဲ ထိုအမျိုးသမီးက ကျန်းတလင်ဇနီးဟောင်း၏သူငယ်ချင်းဖြစ်နေတာကြောင့် သူမကိုနှောင့်ယှက်လိုခြင်းသာဖြစ်သည်။

ထိုအမျိုးသမီးက ကျန်းတလင်၏ဇနီးဟောင်းဘက်မှကူကာ သူမကိုတစ်ခါပါးရိုက်ခဲ့ဖူးတာကြောင့် ယောင်လိလိက လက်စားပြန်ချေချင်နေခဲ့ခြင်းဖြစ်သည်။

***

အခန်း ၁၀၃၈ ဟန်ဆောင်ဒဏ်ရာ

ကုနင်း လည်ဆွဲကိုယူပြီးနောက် ပထမအမျိုးသမီးထံပြန်ပေးလိုက်သည်။ “ပြဿနာဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒီလည်ဆွဲကို ရှင်ဝယ်ဖို့ဆန္ဒရှိဦးမယ်ဆိုရင် ကျွန်မတို့ဘက်က ၂၀ရာခိုင်နှုန်းဈေးလျှော့ပေးပါ့မယ်။” ၂၀ရာခိုင်းနှုန်းဆိုသည်က အလွန်များပြားသည့် ငွေပမာဏဖြစ်တာကြောင့် လူတိုင်း အံ့ဩမိသွားကြသည်။

“ကျေးဇူးပါ မိန်းကလေးကု၊ ကျွန်မ ဒီလည်ဆွဲကို တကယ်သဘောကျတာမို့ ယူချင်ပါသေးတယ်။” အမျိုးသမီး ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။ အစကတည်းက ဝယ်ဖို့လုပ်ထားပြီးဖြစ်ကာ အခုလို ငွေအပိုစုဆောင်းမိမည်ဆိုတော့ ပိုတောင်မှကောင်းသေးသည်။

“ဒီနေ့ ဆိုင်မှာလာဝယ်တဲ့ဘယ်သူ့ကိုမဆို ၁၅ရာခိုင်နှုန်းဈေးလျှော့ပေးပါ့မယ်။” ကုနင်း တစ်ဖက်သို့လှည့်လိုက်ကာ ဆိုင်ထဲမှကန်လူများကိုပါ ပြောလိုက်သည်။

၁၅ရာခိုင်နှုန်းက ၂၀ရာခိုင်နှုန်းလောက်မများသော်လည်း လူတိုင်းပျော်ရွှင်နေကြစဲပင်။

တခြားလူတွေအားလုံးကတော့ အခုလို ဈေးအများကြီးလျှော့ပေးလိုက်တာက အစောကအဖြစ်အပျက်ကြောင့်ဖြစ်မှန်း နားလည်ကြသည်။ ဒီလိုဆိုင်မျိုးမှာ လျှော့ဈေးပေးဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။

“ကျေးဇူးတင်ပါတယ်၊ မိန်းကလေးကု။” အားလုံး ကုနင်းကို ကျေးဇူးတင်လိုက်ကြသည်။

သူတို့အားလုံးကို ၁၅ရာခိုင်နှုန်းလျှော့ဈေးပေးလိုက်လျှင် ကုနင်းဘက်က ယွမ်သန်းပေါင်းများစွာ ဆုံးရှုံးသွားမှာဖြစ်သော်လည်း ကုနင်းအမြင်မှာတော့ ထိုမျှပမာဏက ပြောပလောက်မနေပေ။ ဘာပဲဖြစ်ဖြစ် ဆိုင်ထဲမှလူတွေ စိတ်ပြန်ကြည်သွားဖို့သာလိုသည်။

“ဒါနဲ့ စကားမစပ်၊ ဒီလူနှစ်ယောက်ကိုတော့ နာမည်ပျက်စာရင်းထဲထည့်ရမယ်နော်။” အဆုံးမှာ ကုနင်းထပ်ပေါင်းပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်းထပ်ပြီး အံ့ဩသွားကြသော်လည်း ကုနင်း၏ဆုံးဖြတ်ချက်အပေါ် ကျေနပ်မိကြသည်။ ကျန်းတလင်နှင့်ယောင်လိလိတို့လို အကျင့်စရိုက်ရှိသူမျိုးကို ဘယ်သူကမှသဘောမကျကြပေ။

“နင်…” ယောင်လိလိ ကုနင်းကို အတိုက်အခံဆက်ပြောချင်သေးသော်လည်း သူမသာ ဆိုးဆိုးရွားရွားရှုံးနိမ့်မည်ဖြစ်ကြောင်းသိနေ၍ ပါးစပ်ပြန်ပိတ်ထားလိုက်ရသည်။

ကျန်းတလင်သည်လဲ အလွန်အရှက်ရသွားပြီး ယောင်လိလိနှင့်အတူ ထွက်ပြေးသွားတော့သည်။

ထိုနှစ်ယောက်ထွက်သွားပြီးသည်နှင့် ဆိုင်က ပုံမှန်အတိုင်းပြန်လည်ပတ်သွားသည်။

ကုနင်းကတော့ မန်နေဂျာနှင့်ခဏလောက်စကားပြောပြီးသည်နှင့် ကိုလိမ်းသို့သွားခဲ့သည်။

ကိုလိန်းနှင့်ခိုကျီတွင်လဲ ဝယ်သူအများအပြားရှိနေကာ ပြည့်ကျပ်လို့နေသည်။

ထိုဘရန်းနှစ်ခုစလုံးသည် အခုဆို သိသိသာသာကို နာမည်ကြီးနေပြီဖြစ်ကာ လူအများစုကလဲ ကုမ္ပဏီတိုက်ရိုက်ဆိုင်များတွင်သာ ဝယ်ယူလိုကြသည်။

တိုက်ရိုက်ဆိုင်များသည် ကုမ္ပဏီမှတိုက်ရိုက်စီမံခြင်းဖြစ်တာကြောင့် ဒီလိုဆိုင်မျိုးမှာဝယ်မှ ပိုပြီးယုံကြည်စိတ်ချရသည်ဟု ဝယ်သူများခံစားရသည်။

ပြောရရင် အပြင်ဈေးကွက်ထဲမှက အတုအပတွေ များစွာပေါများနေသည်မဟုတ်လား။

ကုနင်းလဲ ဒီအချက်ကိုသေချာသိတာကြောင့် သူတို့ကုမ္ပဏီ၏ဂုဏ်သတင်း ထိခိုက်ပျက်စီးမှုမရှိစေရန် ကုမ္ပဏီတိုက်ရိုက်ဆိုင်များကို သတိမလွတ်စောင့်ကြည့်ထားဖို့ နဉ်ချန်းခိုင်ကို ပြောထားသည်။

လောလောဆယ်မှာတော့ နဉ်ချန်းခိုင်သည် ဆိုင်တွင်ရှိမနေဘဲ စက်ရုံသို့ရောက်နေခဲ့သည်။

ကုနင်းလဲ ဆိုင်မှာ ထွေထွေထူးထူးလုပ်စရာမရှိတာကြောင့် စက်ရုံသို့သာ သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

မမျှော်လင့်ထားပါဘဲ လမ်းတွင် မကောင်းသည့်အဖိုးအိုတစ်ဦးနှင့် သူမကြုံတွေ့ခဲ့ရသည်။

ကုနင်း စက်ရုံနားရောက်ခါနီးမှာပဲ လမ်းဘေးမှအဖိုးအိုတစ်ဦးက ရုတ်တရက်ဆိုသလို ကုနင်း၏ကားရှေ့သို့ပြေးဝင်လာကာ တိုက်မိသွားသည်။ သို့သော်လည်း ကုနင်းက ထိုအဖိုးအိုနှင့် မီတာဝက်လောက်အကွာတွင်ပဲ အချိန်မီ ဘရိတ်နင်းနိုင်ခဲ့သည်။

သို့ပေမည့် ထိုအဖိုးအိုကတော့ မြေပေါ်တွင် ဆက်လှဲနေကာ ဒဏ်ရာကြီးကြီးမားမားရသွားသလို ဟန်ဆောင်နေခဲ့သည်။

အဖိုးအို၏အပြုအမူက အနားရှိလူများ၏အာရုံကိုဆွဲဆောင်သွားကာ အနားတွင် လူများအုံလာတော့သည်။ မတော်တဆမှုကို မျက်မြင်တွေ့လိုက်ရသည့်လူက သိပ်မများတာကြောင့် ထိုအဖိုးကြီး၏ဒဏ်ရာက ဟန်ဆာင်ဒဏ်ရာမှန်း မသိကြပေ။

အဖိုးကြီးက သူမလမ်းရှေ့ပြေးဝင်ကာ ငွေညှစ်ဖို့ကြိုးစားနေတာကြောင့် ကုနင်းဒေါသထွက်သွားတော့သည်။ ကုနင်း ကားထဲမှချက်ချင်းထွက်လာကာ မြေပေါ်တွင် လဲလို့နေရင်း နာနာကျင်ကျင်အော်ဟစ်ပြနေသည့်အဖိုးကြီးကို အေးစက်စက်စိုက်ကြည့်လိုက်သည်။

ကားပိုင်ရှင်က မိန်းမငယ်လေးဖြစ်မှန်းသိလိုက်သည်နှင့် အဖိုးကြီးက စတင်သရုပ်ဆောင်ကာ ပိုလို့တောင်အော်ဟစ်ပြတော့သည်။ “သူ-သူ ငါ့ကိုကားနဲ့တိုက်သွားတာ! အမလေး သေရပါတော့မယ်၊ လုပ်ကြပါဦး!”

“ငါတို့ လူနာတင်ယာဉ်ခေါ်သင့်လား?” တစ်ယောက်ကမေးလိုက်သည်။

“ကားတိုက်မှုဖြစ်တာလေ။ သေချာပေါက် လူနာတင်ယာဉ်ခေါ်ရမှာပေါ့။” နောက်တစ်ယောက်ကပါ ပြောလိုက်သည်။

“ခဏနေဦး။ ဒါ ဟန်ဆောင်ဒဏ်ရာရပြနေတာ ရဲကိုပါ တစ်ခါတည်းခေါ်လိုက်။” ကုနင်း ဖြတ်ပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်းအံ့အားသင့်သွားကြကာ အဖိုးကြီးကို ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

မကောင်းသည့်သက်ကြီးရွယ်အိုတချို့ ဒဏ်ရာရဟန်ဆောင်ကာ ငွေညှစ်တတ်သည်က မကြုံဖူးတာမဟုတ်သောကြောင့် ထိုအဖိုးကြီး၏အပြုအမူအပေါ် လူအများ သံသယစဝင်လာမိကြသည်။

အဖိုးကြီးနှင့် လူနာတင်ယာဉ်ခေါ်မယ်ဆိုသည့်လူတို့ အနည်းငယ်ထိတ်လန့်သွားကြကာ ကုနင်းကလဲ သူတို့မူမမှန်တာကို ချက်ချင်းသတိထားမိလိုက်သည်။ ကြည့်ရတာ ထိုနှစ်ယောက်က တစ်ဖွဲ့တည်းဖြစ်ပုံပဲ။

“မင်းဘယ်လိုပြောလိုက်တာလဲ? တမင်သက်သက် လျော်ကြေးမပေးချင်လို့လုပ်နေတာပဲ။ သူက သက်ကြီးရွယ်အိုတစ်ယောက် အခုဆို ဒဏ်ရာလဲပြင်းပြင်းထန်ထန်ရနေတာ!” အဖိုးကြီးနှင့်တစ်ဖွဲ့တည်းသား လူငယ်က ကုနင်းကို ချက်ချင်းအပြစ်တင်လိုက်သည်။

အဖိုးကြီးကလဲ ချက်ချင်းစိတ်ကိုထိန်းက ပြန်သရုပ်ဆောင်ပြန်သည်။ “ဒီမိန်းကလေး အရမ်းသွေးအေးတာပဲ။ ငါ့ကိုလဲ ကားနဲ့တိုက်သေးတယ်။ အခုတော့ ကိုယ်လွတ်ရုန်းချင်နေပြီပေါ့!”

အပြန်အလှန်စကားများကြောင့် ဘေးလူများမှာ ဘယ်သူ့ကိုယုံလို့ယုံသင့်မှန်း မသိကြတော့ပေ။

ကျွန်မကားမှ ဘလက်ခ်ဘောက်စ်ပါတယ်။ ဘယ်သူမှန်လဲ ဗီဒီယိုကြည့်ပြီး စစ်လိုက်ရတာပဲ။ လုံခြုံရေးကင်မရာတွေကလဲ နေရာတိုင်းမှာရှိနေတာဆိုတော့ ရဲကိုအကြောင်းကြားလိုက်တာနဲ့ အမှန်တရားပေါ်လာမှာပါ။” ကုနင်းပြန်ပြောလိုက်သည်။

ကုနင်းက အလွန်ယုံကြည်ချက်ရှိကာ စိတ်အေးတည်ငြိမ်နေတာကြောင့် လူတွေက ကုနင်းဘက်မှစတင်ရပ်တည်ပေးလာကြသည်။

အဖိုးကြီးနှင့်လူငယ်ကတော့ အခုမှနောင်တရနေတော့သည်။

“ခဏလေး!” ကုနင်း ဖုန်းကိုထုတ်လိုက်ချိန်မှာပဲ နှစ်ယောက်သား ချက်ချင်းတားလာတော့သည်။

All Chapters