← Chapters

မင်း ဘယ်သူလဲ

Vol. 6 Ch. 571

မင်း ဘယ်သူလဲ

Vol. 6 Ch. 571

" သိပ်လဲ မခက်ဘူးကွ "

ပိုင်ရှောင်ချန်းက တစ်ရောင်ခြယ်မီးတောက်ကို ကြည့်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။ မီးတောက်ဖန်တီးနည်းနှင့် ဆေးဖော်စပ်နည်းသည် အမှန်တကယ်ဆိုလျှင် များစွာ ဆင်တူလေသည်။

အသေးအစိတ်နည်းလမ်းများမှာ ကွဲပြားသော်လည်း တူသည့်အချက်များစွာရှိ၏။ ဥပမာဆိုရလျှင် မီးတောက်ဖန်တီးချိန်တွင် လူတစ်ယောက်သည် ဝိညာဥ်အမျိုးအစားများကို စုပေါင်းပြီးနောက် နောက်ဆက်တွဲပြောင်းလဲမှုများအပေါ် အခြေခံ၍ ထိန်းညှိခြင်းများ ပြုလုပ်ရသည်။

အဓိက အခက်အခဲသည် လက်ဝါးထဲ၌ ဝိညာဥ်များကို အတူတကွ လုံးခြေလိုက်ချိန်တွင် ထိန်းညှိခြင်းများ အားလုံးကို တစ်ပြိုင်နက်တည်းပြုလုပ်ရန် လိုအပ်ခြင်းဖြစ်သည်။ ထိုနေရာတွင် အမှားသေးသေးလေးတစ်ခုကပင် ကျရှုံးသွားစေမည် ဖြစ်သည်။

အမှန်တကယ်တော့ ထိုဆောင်ရွက်ချက်တွင် လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို အသုံးပြုရန်လည်း လိုအပ်သည်။ စိတ်စွမ်းအားနှင့် ဝိညာဥ်စွမ်းအား နှစ်ခုလုံးကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်များအဖြစ် သတ်မှတ်ပြီး ထိုစွမ်းအားနှစ်ခုလုံးက မီးတောက်ဖန်တီးရာတွင် လိုအပ်သည်။

လူသစ်တစ်ယောက်အတွက် ထိုမတူညီသည့် အချက်များအားလုံးနှင့် အသားကျရန် အချိန်လိုအပ်ပေမည်။ သို့သော် ပိုင်ရှောင်ချန်း၏ ပထမဆုံး မအောင်မြင်မှုသည် လိုအပ်သောအချိန်တွင် သင့်တော်သော ထိန်းညှိမှုများကို စနစ်တကျမလုပ်ခဲ့မိသောကြောင့်ဖြစ်သည်။ ထို့နောက်တွင် သူက အခြေအနေကို ပိုင်းခြားစိတ်ဖြာခဲ့ပြီးနောက် ဝိညာဥ်များကို အတုမဲ့ ဂုဏ်သတ္တိများနှင့် ဆေးပင်များ၊ သူ့လက်ကို ဆေးပေါင်းဖို၊ သူ၏ စိတ်စွမ်းအားကို မီးဖိုကို အပူပေးသည့် မီးအဖြစ် တွေးရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့နောက် အရာအားလုံး ထင်ရှားပြတ်သားလာခဲ့သည်။

ထို့ကြောင့် ဒုတိယအကြိမ်ကြိုးစားမှုတွင် အောင်မြင်သွားခဲ့သည်။

သူ့လက်ထဲရှိ တစ်ရောင်ခြယ်မီးတောက်မြင်ကွင်းက သူ့အား လမ်းအသစ်ကို ဦးတည်နေသည့် တံခါးကို ဖွင့်ပေးလိုက်သည့်အလား အလွန်စိတ်လှုပ်ရှားသွားစေတော့သည်။

" အောက်လမ်းဆရာတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ တိုက်ရိုက်မျိုးဆက်တွေအတိုင်းပဲ။ ပြီးတော့ ငါက အောက်လမ်းဆရာ ဟားဟား "

တစ်ရောင်ခြယ်မီးတောက်ဖန်တီးနိုင်သော သူ၏စွမ်းရည်က မြေရိုင်းဒေသတွင် ကနဦး အောက်လမ်းဆရာဖြစ်စေကြောင်း သတိပြုမိလိုက်ရာ သူက အားပါးတရ ရယ်မောလိုက်လေသည်။

" ကဲ နောက်ထပ် နှစ်ရောင်ခြယ်မီးတောက် "

သူက တဖိတ်ဖိတ်လက်နေသော မျက်လုံးများဖြင့် အိတ်ထဲမှ ဝိညာဥ်အနည်းငယ်ထုတ်ပြီးနောက် မီးတောက်ဖန်တီးနည်းအတိုင်း လုပ်လိုက်သည်။ သူက ဝိညာဥ်များကို ဆေးပင်များအလား ထိတွေ့ရင်း လိုအပ်သောအချိုးအစားအတိုင်း ပေါင်းစပ်လိုက်သည်။ ထို့နောက် သူ၏ စိတ်စွမ်းအားကို ထိန်းညှိ၍ ဆေးပေါင်းဖိုအဖြစ်ပြုမူရန် သူ့လက်ကို ဝိညာဥ်များအပေါ် အုပ်လိုက်၏။

ရှုပ်ထွေးပုံရသော်လည်း ပိုင်ရှောင်ချန်းသည် နှစ်ပေါင်းများစွာ ဆေးဖော်စပ်နေခဲ့လေရာ ထိုသို့သော အလုပ်များနှင့် အလွန် အကျွမ်းတဝင်ရှိလေသည်။ အလုပ်ထဲတွင် စိတ်နှစ်ထားသောကြောင့် သူ့မျက်လုံးများက တောက်ပဝင်းလက်နေပြီး မကြာမီ တစ်ရောင်ခြယ်မီးတောက်နှင့် ဝိညာဥ်မျိုးစုံပေါင်းစည်းသွားကြသည်။ ထို့နောက် ဒုတိယအရောင်သည် မီးတောက်မီးလျှံများအတွင်း ပေါ်လာတော့သည်။

ကျိုးရီရှင်းမှာ မနေနိုင်တော့ပဲ ထိုင်ချလိုက်ကာ ပိုင်ရှောင်ချန်း၏လက်ဝါးထဲတွင် ဖြစ်ပေါ်နေသော နှစ်ရောင်ခြယ်မီးတောက်ကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေတော့သည်။ သူက မြင်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။

" မဖြစ်နိုင်ဘူး။ နှစ်ရောင်ခြယ်မီးတောက်ဖန်တီးတာ အောင်မြင်ဖို့ ငါ သုံးနှစ်တိတိတောင် အချိန်ပေးခဲ့ရတာလေကွာ "

ကျိုးရီရှင်းမှာ သရဲသဘက်တစ်ကောင်ကို မြင်နေရသည့်အလား ဖြစ်နေပြီး သူ့ရင်ထဲရှိ စိတ်ပျက်မှုများကြောင့် အလွန်တရာ မအီမသာဖြစ်လာတော့သည်။

" ဟမ့် ဒီလောက်လဲ အံ့သြစရာမရှိပါဘူး။ နှစ်ရောင်ခြယ်မီးတောက်လေးပဲကို ဟုတ်တယ်မလား။ ဒါလေးများ ဘာမှတောင်မဟုတ်ဘူး။ ဒီပိုင်ဆိုတဲ့လူ တကယ်ကံကောင်းတာပဲနေမှာ "

ကျိုးရီရှင်းမှာ တနုံ့နုံ့ ဒေါသထွက်နေစဥ် နှစ်ရောင်ခြယ်မီးတောက်က ဖြစ်ပေါ်ပြီးသွားလေပြီ။

သို့သော် ဤမျှနှင့် မပြီးသေး။ ပိုင်ရှောင်ချန်းက ဤတစ်ကြိမ်တွင် အကောင်ငါးဆယ်ခန့်ရှိသော ဝိညာဥ်များကို ဆွဲထုတ်ပြီး ပို၍ပင် ရှုပ်ထွေးပုံရသော နည်းလမ်းတစ်ခုကို သုံးကာ နှစ်ရောင်ခြယ်မီးတောက်နှင့် ေပါင်းစပ်လိုက်သည်။ တဖြည်းဖြည်း တတိယမြောက်အရောင်ပေါ်လာပြီး သူ့တွင် သုံးရောင်ခြယ်မီးတောက်ရှိသွားလေပြီ။

ပိုင်ရှောင်ချန်းမှာ သုံးရောင်ခြယ်မီးတောက်ကို သိပ်ဘဝင်မကျသေးဟန်ရှိသည်။ တစ်ချက်လေးပင် မရပ်နားဘဲ သူက အင်္ကျီလက်ကို ဝှေ့ယမ်းကာ အမုန်းဝိညာဥ်ရာဂဏန်းမျှ ထုတ်လိုက်သည်။ ထို့နောက် သူက စူးရှတောက်ပနေသော မျက်လုံးများနှင့် ဝိညာဥ်များကို သုံးရောင်ခြယ်မီးတောက်ထဲ ထည့်လိုက်ရာ မီးပင်လယ်ကြီးကဲ့သို့ တဟုန်းဟုန်းတောက်လာတော့သည်။ သူက အသာလေးပစ်ထည့်နေဟန်တူသော်လည်း အမှန်တကယ်တွင် တချိန်လုံး ထိန်းညှိခြင်းများ ပြုလုပ်ရင်း အစဥ်လိုက်သေချာ ထည့်နေခြင်းဖြစ်သည်။ သို့သော် လုပ်ဆောင်ချက်တစ်ခုလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်နေ၏။

တခဏကြာသော် မီးပင်လယ်ကြီးက မီးညွန့်ထဲ ပြန်ကျုံ့ဝင်သွားကာ ဤတစ်ကြိမ်တွင် လေးရောင်ခြယ်မီးတောက် ဖြစ်ပေါ်လာတော့သည်။

" ဘယ်လိုတွေလုပ်နေတာတုံး "

ကျိုးရီရှင်းက စိတ်ထဲတွင် အထိတ်တလန့်ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများမှာ ယခင်ထက်ပြူးကျယ်ဝိုင်းစက်နေပြီး လေးရောင်ခြယ်မီးတောက်ကို စိုက်ကြည့်နေတော့သည်။ ထိုမတိုင်ခင်က သူသည် ကံကောင်းခြင်းကြောင့်ဟု ယူဆခဲ့သော်လည်း ယခုအခါ ကံကောင်းခြင်းသာဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ဆက်လက်ဖြည့်တွေးမပေးနိုင်တော့ပေ။

ပိုင်ရှောင်ချန်းက လေးရောင်ခြယ်မီးတောက်ကို အခက်အခဲမရှိဘဲ တစ်ခါတည်း ပြုလုပ်နိုင်သော အချက်အရ ကျိုးရီရှင်းမှာ သူရင်ဆိုင်နေရသည့်လူက နယ်လှည့်အောက်လမ်းဆရာဖြစ်ကြောင်း တွေးနေမိသည်။

သို့သော် အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပေါ်နေရာ ကျိုးရီရှင်းသည် ဤလူမှာ သူ့မျိုးနွယ်စုမှ သူ မသိသောလူတစ်ယောက် ဖြစ်နေသည်လား သိချင်လာတော့သည်။

သို့သော် ထိုအတွေးအား အလျင်အမြန်ဖယ်ထုတ်လိုက်၏။ ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးများထဲတွင် ထင်ဟပ်လာသော မနာလိုအားကျမှုများကို မဖုံးကွယ်နိုင်တော့ဘဲ အံတင်းတင်းကြိတ်လိုက်သည်။

" ဒီကောင်က တကယ်ကြီးဒီလောက်အံ့သြစရာကောင်းတာ မယုံနိုင်ဘူး။ ဒါက လေးရောင်ခြယ်မီးတောက်လေးပါကွာ။ ကျိုးမျိုးနွယ်စုနည်းလမ်းတွေသုံးပြီး ငါးရောင်ခြယ်မီးတောက်ကို ဒီကောင် ဘယ်နည်းနဲ့မှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဘာပဲပြောပြော ငါးရောင်ခြယ်မီးတောက်ဖန်တီးတာက အတော်ခက်တဲ့တာလို့ လူတော်များများ "

သူ့အတွေးပင် မဆုံးလိုက်မီ ပိုင်ရှောင်ချန်းက အမုန်းဝိညာဥ်တစ်ထောင်ကျော်ကို ထုတ်ကာ စုပေါင်းပြီး လေးရောင်ခြယ်မီးထဲသို့ ထည့်လိုက်လေသည်။ မီးတောက်မှာ ငြိမ်းသေတော့မည့်အလား ဟိုမှသည် ယိမ်းနွဲ့လှုပ်ရှားနေသည့်တိုင် ပိုင်ရှောင်ချန်းက ၄င်းအပေါ်သို့ လက်ဖြင့် အုပ်လိုက်၏။ ထို့နောက် အချိန်အနည်းငယ်ကြာသော် သူ၏လက်သီးဆုပ်ကို ဖြေလိုက်ရာ ငါးရောင်ခြယ်မီးတောက်ပေါ်လာတော့သည်။

ကျိုးရီရှင်းမှာ ကျောက်ရုပ်ဖြစ်သွားပြီး သူ့ဦးရေခွံမှာ စပ်ဖျဥ်းဖျဥ်းဖြစ်လာလေသည်။

" ဒီကောင် ဘယ်လောက် အံ့သြစရာကောင်းအောင် လုပ်ပြနေပါစေ သောက်ဂရုမစိုက်ဘူးကွာ။ ကိုးရောင်ခြယ်မီးတောက်ကိုတော့ ဒီကောင်ဘယ်နည်းနဲ့မှ လုပ်နိုင်မှာမဟုတ်ဘူး။ သူ့ကိုယ်သူ ဘယ်လိုမျိုး တော်နေပါတယ်လို့ ထင်နေပါစေ သောက်ဂရုမစိုက်ဘူးကွာ။ မိုးပျံနေအောင် ပါရမီပါတဲ့လူတွေတောင် မီးတောက်ကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်လိုသေးတယ် "

ကျိုးရီရှင်းသည် ရူးသွပ်လုနီးပါးဖြစ်နေသည်ကို ပိုင်ရှောင်ချန်း မသိပေ။ သူသာသိခဲ့လျှင် အလွန်ကျေနပ်နေမည်ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် သူက သူ့လက်ဝါးပေါ်ရှိ ငါးရောင်ခြယ်မီးတောက်ကိုသာ အပြည့်အဝအာရုံစူးစိုက်နေလေသည်။ မီးတောက်များ ဆက်လက်ဖန်တီးရန် ကြိုးစားမည့်အစား အစောပိုင်းက မည်သည့်အတွက်ကြောင့် ငါးရောင်ခြယ်မီးတောက်က ငြိမ်းသေလုနီးပါးဖြစ်သွားသည်ကို သူ အချိန်ပေးစဥ်းစားလိုက်လေသည်။

အချိန်အနည်းငယ်ကုန်လွန်သွားသော် သူက ကောက်ချက်ချလိုက်၏။

" ဝိညာဥ်ပါဝင်ပစ္စည်းတွေ လွဲနေတာပဲ။ ဖန်တီးနည်းက မပြည့်စုံသေးဘူး။ ငါးရောင်ခြယ်မီးတောက်ဖြစ်လာရင် ဝိညာဥ်တွေက တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေကြတယ်။ အဲဒီလို ဆူပူလှုပ်ရှားမှုတွေပါဝင်လာရင် မီးတောက် ဖြစ်ပေါ်လာတယ်။ မဟုတ်ရင်တော့…မီးငြိမ်းသွားလိမ့်မယ် "

"ဒါကြောင့် ဖန်တီးနည်းကို လုံးဝမျက်စိမှိတ်ယုံလို့မရဘူး "

အနည်းငယ်ထပ်တွေးပြီးနောက် သူက ခြောက်ရောင်ခြယ်မီးတောက်ဖန်တီးရန် ဆက်လက်ကြိုးစားလိုက်ပြီး ဖန်တီးနည်းမှာ ဖော်ပြထားသည့်အတိုင်း ဝိညာဥ်သုံးထောင် ထုတ်လိုက်၏။

ပြောရလျှင် သင့်တင့်သော ဝိညာဥ်အချိုးအစားရရန်နှင့် အချိန်မှန် အတူတကွပေါင်းစည်းရန်လည်း အရေးကြီးသည်။ နယ်လှည့်အောက်လမ်းဆရာအများစုအတွက် ထိုသည်မှာ အလွန်ခက်ခဲသောအလုပ်တစ်ခုဖြစ်သော်လည်း ပိုင်ရှောင်ချန်းအတွက် ဝိညာဥ်သုံးထောင်ဖြစ်နေသည့်တိုင် ရိုးရှင်းသောအရာတစ်ခု ဖြစ်သည်။

မကြာမီ ဝိညာဥ်သုံးထောင်လုံး အစဥ်တကျဖြစ်သွားပြီး သင့်တင့်စွာ ထိန်းညှိထားပြီး၍ ငါးရောင်ခြယ်မီးတောက်ထဲ ပစ်ထည့်လိုက်သည်။များမကြာမီ သူ့မှာ ခြောက်ရောင်ခြယ်မီးတောက် ရှိသွားလေပြီ။

ထို့နောက် ခုနစ်ရောင်ခြယ်မီးတောက်။ ဤအချိန်တွင် ကျိုးရီရှင်းသည် အကြီးအကျယ် မတုန်လှုပ်နိုင်တော့ပေ။ အမှန်တွင် ပြင်းထန်သောမနာလိုသည့်ခံစားချက်များနှင့် မွန်းကြပ်နေပြီး တချိန်တည်းမှာပင် သူ့ကိုယ်သူ စိတ်ပျက်အားငယ်နေမိတော့သည်။

လူတစ်ယောက်က သူ၏ မျိုးနွယ်စုမီးတောက်ဖန်တီးနည်းများကို အသုံးပြု၍ ခုနစ်ရောင်ခြယ်မီးတောက်အထိအရာအားလုံးကို တစ်ခါတည်း ဖန်တီးနိုင်သည်အထိ မည်မျှ အလွန်တရာ ပါရမီထူးနေရသည်ကို မတွေးတတ်နိုင်အောင် ဖြစ်နေတော့သည်။

၄င်းက လူသားမဟုတ်တန်ရာ၊ ကျိုးရီရှင်းကို ပို၍ အံအားသင့်နေစေသည်မှာ သူ့ကို ဖန်တီးနည်းများအကြောင်း ပြောခဲ့ချိန်က သတိပြုသင့်သည့် အရေးကြီးသောအရာများကို မပြောခဲ့ပေ။ ဥပမာတစ်ခုမှာ ငါးရောင်ခြယ်မီးတောက်တွင် ဖြစ်ပေါ်လာသည့် ဆူပူလှုပ်ရှားမှုများပါဝင်ရန် မည်မျှအရေးကြီးသည့် အကြောင်းဖြစ်သည်။

သို့တိုင်အောင် ထိုသို့သောအရာများချန်ထားခဲ့သည်ကိုပင် ဤအောက်လမ်းဆရာပိုင်က သူ့နည်းသူ့ဟန်နှင့် ရှာတွေ့ခဲ့သည်။ ကျိုးရီရှင်း၏စိတ်ထဲတွင် အကြောင်တရားများ ကြီးစိုးလာတော့သည်။

ပိုင်ရှောင်ချန်း၏ လက်ဝါးပေါ်တွင် ရှစ်ရောင်ခြယ်မီးတောက်ပေါ်လာသောအခါ ကျိုးရီရှင်းမှာ ကြက်သေသေသွားပြီး ထင်ယောင်ထင်မှားဖြစ်သည်လားပင် မသေချာတော့ဘဲ အံ့သြတုန်လှုပ်လျက်သာ စိုက်ကြည့်နေမိတော့သည်။

သို့သော် ကိုးရောင်ခြယ်မီးတောက်ဖြစ်ပေါ်လာစဥ်တွင် ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာပြီး ကျိုးရီရှင်းမှာ မရည်ရွယ်ပဲ စူးစူးဝါးဝါးအော်လိုက်မိတော့သည်။ သူက အလန့်တကြား ထခုန်၍ သရဲကို မြင်နေရသည့်အလား ဖြူဆုပ်နေသော မျက်နှာဖြင့် ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးလိုက်သည်။ သူ့နှလုံးသားထဲတွင် အံသြတုန်လှုပ်ခြင်းများ ပြည့်နှက်နေလျက် မူးမေ့လဲတော့မတတ်ဖြစ်နေတော့သည်။

" ဒါ မဖြစ်နိုင်ဘူး"

ကျိုးရီရှင်းက ဆောက်တည်ရာမရ အော်လိုက်သည်။

" ဒါ လုံးဝ မဖြစ်နိုင်ဘူး။ မင်း တစ်ရောင်ခြယ်မီးတောက်ကို ပထမအကြိမ်ကြိုးစားတုန်းက မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါပြီးတော့ ကိုးရောင်ခြယ်မီးတောက်အထိ အောင်မြင်သွားတယ်။ငါ၊ ငါ အောက်လမ်းဆရာသခင်တစ်ယောက်က ဒီလိုမျိုးလုပ်နိုင်ပါ့မယ်လို့ အခိုင်အမာပြောရဲပါ့မလားတောင် မသိဘူး။ မြေအောက်လမ်းဆရာတွေပဲ ဒီလိုအရာမျိုးလုပ်နိုင်တာ။ မင်းက ဘယ်သူလဲ "

သူအစောပိုင်းက မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော အံ့ဖွယ်သရဲလုပ်ဆောင်ချက်များမှာ မယုံကြည်နိုင်ဖွယ်ကောင်းလောင်အောင် ကြီးကျယ်လွန်းလေသည်။

ပိုင်ရှောင်ချန်းမှာ နှောင့်ယှက်ခံလိုက်ရသောကြောင့် မျက်မှောင်ကြုတ်သွားပြီး စိတ်တိုနေသော အကြည့်စူးစူးဖြင့် ကျိုးရီရှင်းကို လှမ်းကြည့်လိုက်သည်။ တချိန်တည်းမှာပင် ကိုးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်လိုက်သည့်အတွက်လည်း သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်နေတော့သည်။

" ပါးစပ်ပိတ်ထား"

သူက ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်သဖွယ် ပြောဆိုလိုက်၏။ သူ့လက်ဝါးထဲတွင် ကိုးရောင်ခြည်မီးတောက် ရှိနေခြင်းကြောင့် စိတ်လှုပ်ရှားနေသည်ကို ဖိနှိပ်ရင်း သူ့စိတ်သူတည်ငြိမ်အောင် ထိန်းကာ ဝိညာဥ်သုံးသောင်းထုတ်လိုက်သည်။ ထို့နောက် လက်ချောင်းများဖြန့်၍ ကိုးရောင်ခြယ်မီးတောက်ကို မီးပင်လယ်အဖြစ် ပြောင်းသွားစေလိုက်သည်။ ဝိညာဥ်သုံးသောင်းကို ဂရုတစိုက် အစီအစဥ်ချပြီး သူ၏စိတ်စွမ်းအားများလောင်းထည့်ပေးလိုက်ကာ ဝိညာဥ်များကို မီးထဲပစ်ထည့်လိုက်လေသည်။ အချို့က တစ်ကောင်တည်းဝင်သွားပြီး တချို့က သုံးလေးငါးကောင် အုပ်စုဖွဲ့၍ ဝင်သွားကြသည်။ မကြာမီ သူတို့အားလုံး အထဲရောက်သွားလေပြီ။

အမှန်တကယ်တော့ ထိုအရာအားလုံးကို လုပ်ဆောင်လိုက်သော သူ၏ အမြန်နှုန်းမှာ ဖော်ပြရန်ပင်မဖြစ်နိုင်ပေ။ အသက်ရှူချိန်ဆယ်ကြိမ်အတွင်း ဝိညာဥ်များ မီးထဲတွင် ပေါင်းစပ်သွားချိန်တွင် ပိုင်ရှောင်ချန်းက လက်ကို ဆန့်ကာ လက်သီးဆုပ်လိုက်၏။

ဝုန်း

သူ့လက်သည် ဝန်းရံနေသော မီးတောက်များအားလုံးကို စုပ်ယူနေသည့် တွင်းနက်ကြီးကဲသို့ ဖြစ်လာလေသည်။ ထို့နောက် လက်ချောင်းများ ဖြန့်လိုက်သောအခါ ဆယ်ရောင်ခြယ်မီးတောက် ကို မြင်လိုက်ရတော့သည်။

All Chapters