← Chapters

အခန်း (၄၈၀)

Vol. 33 Ch. 480

အခန်း (၄၈၀)

Vol. 33 Ch. 480

“လွင့်မျောတိမ်တောင်ကတော့သွားပြီပဲ” စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။ သူသည် လွင့်မျောတိမ်တောင် တည်ရှိရာ တည်နေရာဆီသို့လှမ်းကာ ကြည့်ရှုနေ၏။ တောင်ကာကွယ်ခြင်း အစီရင်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီး အင်မော်တယ်တစ်ယောက်၏ စိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို တိုက်စားနေ၏။

လွင့်မျောတိမ်တောင်အနေနှင့် အလုံးစုံ သုတ်သင်ရှင်းလင်းခြင်းမခံရဘူး ဆိုလျှင်တောင်မှ ကျိန်းသေပေါက် စုတ်ပြတ်သပ်သွားခဲ့ပြီဖြစ်၏။ ကောင်းကင်မူလလောကကြီးဆီသို့ သွားရောက်ခဲ့သော တပည့်များသာလျှင် အသက်ရှင် ကျန်ရစ်ပေတော့မည်။

ထိုသို့ဆိုလျှင်တောင်မှ ပြန်လာလျှင် နေစရာနေရာ ရှိတော့မည်မဟုတ်ချေ။ လွင့်မျောတိမ်တောင်တစ်ခုလုံးကို အပျက်အစီးများကြားမှ ပြန်လည်တည်ဆောက်ဖို့မှာ လွယ်ကူလျှင်တောင်မှ ယခင်ကရှိခဲ့သော ဂုဏ်သိက္ခာများကို ပြန်လည်ရယူရန် အမှန်ပင် ခက်ခဲပေလိမ့်မည်။

“အင်း … တကယ့်ကိုပြိုင်ဘက်ကင်းတယ် လို့ခံစားမိတယ်။ လွင့်မျောတိမ်တောင် ချက်ချင်း ဖျက်ဆီးခံရမယ်လို့ ဘယ်သူကထင်မှာလဲ “

လူပေါင်းများစွာတို့သည် သက်ပြင်း ကြိတ်ချမိကြ၏။ သူတို့အနေနှင့် ဖြစ်ရပ်မှန်များကို မယုံကြည်နိုင်သလို ဖြစ်နေသည်ဆိုသော်လည်း သူတို့၏ မျက်လုံးအောက်တွင် တကယ်ပင် လွင့်မျောတိမ်တောင်တစ်ခုလုံးက ဖျက်ဆီးခြင်း ခံလိုက်ရ၏။

အတိတ်တုန်းက လွင့်မျောတိမ်တောင် ဆိုသည်မှာ အစစ်အမှန် အင်မော်တယ် အဆင့် အကာအကွယ်တစ်ခု တည်ရှိပြီး နက်နဲလှသည့် နောက်ခံကိုလည်း ပိုင်ဆိုင်၏။ထို့ကြောင့် ကျောက်စိမ်း လေဟာနယ်နန်းတော်ကဲ့သို့ ဂိုဏ်းဂဏ တစ်ချို့မှလွဲ၍ ၄င်းတို့ကို တိုက်ခိုက်ရဲသည့်လူဟူ၍ မရှိခဲ့ပေ။

လက်ရှိအခြေနေမှာတော့ အစစ်အမှန် အင်မော်တယ်အဆင့် အစီအရင်က ချိုးဖျက်ခံလိုက်ရပြီး လွင့်မျော တိမ်တောင်သည် အသက်ကျန်ရှိခဲ့သည် ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်အဆင့်တွင် မရှိသောကြောင့် မည်သူကမှ လေးစားတော့မည် မဟုတ်ချေ။

“လွင့်မျောတိမ်တောင်ကို တိတ်တိတ် ဆိတ်ဆိတ်တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့တာ ဘယ်သူလဲ” စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ လေးလေးနက်နက်နှင့် ပြောဆိုလိုက်၏။

ယုတ္တိဗေဒ အရပြောဆိုရမည်ဆိုလျှင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် ကျင့်ကြံသူအားလုံး ၏ အာရုံ သည် ကောင်းကင်မူလလောကကြီး ထဲသို့ရောက်ရှိနေ၏။အဘယ့်ကြောင့် တစ်စုံတစ်ယောက်သည် ကြီးမားသည့် စွန့်စားမှုကိုပြုလုပ်ကာဖြင့် လွင့်မျောတိမ်တောင်ကို လာရောက် တိုက်ခိုက် ရသနည်း။

ထို့အတူ လွင့်မျောတိမ်တောင်ဆိုသည်မှာ လွယ်လွယ်ကူကူနှင့် ရန်ပြု၍ ရသည့် အရာမျိုးမဟုတ်ပေ။ တိုက်ခိုက်မှု ကျရှုံးခဲ့သည် ဆိုပါက လွင့်မျောတိမ်တောင်သည် ကျိန်းသေပေါက် ပြန်လည်တိုက်ခိုက်ပြီး အမဲပြန်ဖျက်ပေလိမ့်မည်။ အင်မော်တယ်လက်နက်တစ်ခုသည် ပြိုင်ဘက်ကင်းလှသည်ဆိုလျှင်တောင်မှ လွင့်မျောတိမ်တောင်၏ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင်တော့ မည်သို့ မျှခုခံနိုင်လိမ့်မည်မဟုတ်ချေ။

“ကြည့်ရတာခရမ်းရောင်နက်နဲ လောကရဲ့ အင်အားစုများလား” ဘေးတစ်ဖက်တွင်ရှိနေသည့် အကြီးကဲ တစ်ယောက်က အသာပြောဆိုလိုက်၏။

သူတို့ယခင်က ခရမ်းရောင်နက်နဲလောကကို တိုက်ခိုက်ရန် စဉ်းစားချိန်တွင် ကြမ်းတမ်းလွန်းလှသည့် နိရယလောကကဲ့သို့သော လောကတစ်ခု တည်ရှိနေသည်ကို သတိရှိပြီးဖြစ်သည်။ သို့ပေမဲ လွင့်မျောတိမ်တောင်လောက် အားကောင်းပုံမပေါ်ချေ။

ယခု ခရမ်းရောင်နက်နဲလောကကို သေချာပင် အခြေမချရသေးချေ။ ခရမ်းရောင်နက်နဲ လောကက တုံ့ပြန်လာခဲ့ပြီ ဖြစ်သည်။ မထင်မှတ်ထားသည့် ကိစ္စရပ်မျိုးပင်။

“ခရမ်းရောင်နက်နဲလောကကြီးရဲ့ သမိုင်းကို ကြည့်ရှုမယ်ဆိုရင် အစစ်အမှန် အင်မော်တယ်တစ်ယောက်မှ ပေါ်မလာခဲ့ဖူးဘူး ။ ဘယ်ကနေပြီး အင်မော်တယ်လက်နက်တစ်ခုက ရောက်လာတာလဲ။”

အကြီးအကဲတစ်ယောက်က စဉ်းစားလိုက်မိ၏။ ခရမ်းရောင်နက်နဲလောကကြီးမှ အင်ပါယာပိုင်လီ၏ လက်ထဲ တွင် အင်မော်တယ်လက်နက်ရှိကြောင်း သူတို့ သိရှိပြီးဖြစ်၏။ ထိုအရာသည် လွင့်မျောတိမ်တောင်၏ ဘိုးဘေး ချန်ထားခဲ့သည့် အရာဖြစ်၏။

ခရမ်းရောင်နက်နဲလောကကြီး၏ အစစ်အမှန်အင်မော်တယ်၌ ၎င်း၏ ကိုယ်ပိုင် အစစ်အမှန် လက်နက်ဟူ၍ မရှိချေ။ ထို့ကြောင့် တခြားသော လွင့်မျောတိမ်တောင်၏လက်နက် ကို ငှားရမ်းကာ တိုက်ခိုက်ခဲ့ရသည်။

“စီနီယာ မေ့နေပြီလား”

စောနကပြောဆိုခဲ့တဲ့သူသည် အသာ ပြုံးလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “အင်ပါယာပိုင်လီက ဘာ့ကြောင့် အင်မော်တယ်ဖြစ်လာတာလဲ။ သူ ဘယ်ကနေ အင်မော်တယ် လက်နက် ကိုရခဲ့တာလဲ “

ဤအခြေအနေသည် ထိုအကြီးအကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင် သွားစေခဲ့၏။ သူ့မျက်လုံး၏ နက်ရှိုင်းသော အတွင်းပိုင်းထဲမှာတော့ မယုံကြည်နိုင်လောက်သည့် အဓိပ္ပာယ်များ ပေါ်ပေါက်လာခဲ့သည်။

“ပြောချင်တာ ဒီနောက်ကွယ်မှာရှိနေတာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်လား” ထိုအကြီးအကဲသည် ထိတ်လန့် အံ့သြသွားသည့် အမူအရာမျိုးဖြင့် ပြောဆို လိုက်၏။

“သတိထား”

ထိုသူသည် လေဟာနယ်ထဲကို လှမ်းကြည့်ပြီးသည့်နောက် ခေါင်းကို အသာခါယမ်းလိုက်၏။ ထိုအကြီးအကဲ က ဆက်မပြောရန် သင်္ကေတ ပြလိုက်၏။ ထိုသို့သော အရာများသည် သူတို့ဘာသာ နားလည်ခြင်းကသာ ကောင်း၏။ အပြင်ဘက်သို့ ထုတ်ဖော်ပြောဆိုဖို့ မသင့်တော်ချေ။ မဟုတ်ပါက ကြီးမားသည့် ကပ်ဘေး ကြီးကို ကြုံရပေလိမ့်မည်။

“ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျုပ်တို့အနေနဲ့ အားလုံး ရှင်းလင်းသွားတဲ့အချိန်မှာ သိလာရမှာပဲလေ။ ပြီးတော့ လူတွေအားလုံးရဲ့ စိတ်၀င်စားမှုကို ဘယ်သူတွေက တွန်းလှန်နိုင်လို့လဲ။ ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီ သွားပြီးတော့ စုံစမ်းကြလိမ့်မယ်”

ထိုလူသည် အနှစ်ချုပ်ကာ ပြောဆိုလိုက်၏။ ပြောပြီးပြီးချင်းမှာပဲ ကောင်းကင်အစွန်းဘက်တွင် နတ်ဘုရား အလင်းတန်းများ ထိုးထွက်လာခဲ့၏။ သွေးများ ဖုံးလွှမ်းလျက်ရှိနေသည့် လူတစ်ယောက်သည် မီးညွန့် မီးလျှံများ လွှမ်းခြုံထားလျက်မှ ပေါ်ပေါက်လာ၏။

၎င်း၏ ခန္ဓာကိုယ်သွင်ပြင်တစ်ခုလုံးသည် ဆိုးဝါးစုတ်ပြတ်လျက်ရှိနေပြီး မျက်လုံးထဲတွင် ကြောက်လန့်မှုများက အထင်းသား ပေါ်ပေါက်နေ၏။ သူသည် အလွန်တရာ ကြောက်လန့်ဖွယ်ကောင်းသည့် အ​ခြေအနေမျိုးကို ကြုံဆုံခဲ့ရပုံ ပေါ်၏။ ထွက်ပြေးလာသည့်အချိန်အတွင်းမှာပဲ တည်နေရာတစ်ခုကို ရွေးချယ်ကာ လျှင်လျှင်မြန်မြန် ပြေးလေသည်။

“လွင့်မျောတိမ်တောင်ရဲ့သခင်ပဲ”

မျက်စိအမြင်စူးရှသည့် တစ်စုံတစ်ယောက်က လှမ်းကာ အော်ဟစ်လိုက်၏။ မထင်မှတ်ထားလောက်အောင်ပင် လွင့်မျောတိမ်တောင်၏ သခင်သည် အင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်ချက်အောက်တွင် အသက်ရှင်ခဲ့၏။

လက်ရှိအခြေနေတွင် ၎င်းသည် လွင့်မျောတိမ်တောင်၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့သူပင် ဖြစ်သည်။

“သူတကယ်တမ်း အသက်ရှင်ခဲ့တာပဲ။ မယုံနိုင်စရာပါလား” လူပေါင်းများစွာသည် အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်သည်။ သို့ပေမဲ့ အံ့အားသင့်၍ မဆုံးခင်မှာဘဲ လွင့်မျောတိမ်တောင်သခင်၏ အနောက်တွင် အမဲရောင်အရိပ်တစ်ခု ပေါ်ပေါက်လာပြီး ထိုသူအား ဖမ်းဆီးလိုက်၏။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆူနာမီ မုန်တိုင်းကဲ့သို့ပင် ကြမ်းတမ်းလွန်းသည့် စွမ်းအင်များ လွှမ်းခြုံလျက် ရှိနေ၏။ မီးတောင်ကြီးတစ်ခု ပေါက်ကွဲတော့မလို အရှိန်အဝါမျိုးပင်။

“သေစမ်း”

ထိုစကားစုကို ရွတ်ဆိုလိုက်ပြီးသည့် နောက်အမဲရောင်၀တ်စုံနှင့် လူသည် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုလက်ဝါးရိုက်ချက်သည် တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ကြည့်ရှုနေသော လူများ၏ ဝိညာဉ်များကိုပင် တုန်ခါသွားစေခဲ့သည်။

ထို လက်ဝါးရိုက်ချက်ကြီးသည် လွင့်မျောတိမ်တောင်သခင်အား လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

“မုန့်ရှင်းကျီ …. ခင်ဗျားတကယ်ပဲ အားလုံးကို သတ်ချင်နေတာလား “

လွင့်မျောတိမ်တောင်သခင်သည် ကြောက်လန့်တကြားနှင့်ထကာ အော်ဟစ်လိုက်၏။ ဤစကားစုသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ မြေအင်မော်တယ်လောကထဲတွင်ရှိနေသည့် သက်ရှိ သတ္တဝါပေါင်းများစွာတို့သည် ထိုစကားစုကို ကြားလိုက်ရသည်။

မုန့်ရှင်းကျီ ဟူသော နာမည်ကို ကြားရသည့်အချိန်မှာတော့ ၄င်းတို့၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။

“မုန့်ရှင်းကျီလား ….. ကောင်းကင်မူလ လောကကြီးရဲ့ မုန့်ရှင်းကျီလား”

“ဒီအချိန်မှာ တော်၀င်အင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်တဲ့လူက မုန့်ရှင်းကျီပဲ။ ဒါပေမဲ့ သူက ဒီလိုကြီးလာပြီး တိုက်ခိုက်နေတာလား။ ကောင်းကင်မူလလောကကြီးနဲ့ ပတ်သက်ပြီး ကျုပ်တို့က လှုပ်ရှားတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူတို့က ကြိုပြီး တုံ့ပြန်နေခဲ့ပြီ။ ဒါကို ခင်ဗျား သတိထားမိလား”

မြေအင်မော်တယ်လောကတွင်ရှိသည့် သက်ရှိသတ္တဝါပေါင်းများစွာတို့သည် အပြန်အလှန် ဆွေးနွေးလျက် ရှိနေကြ၏။ လူပေါင်းများစွာတို့သည် နားဝေတိမ်တောင်နှင့် ဖြစ်လို့နေခဲ့၏။ သူတို့သည် ကောင်းကင်မူလ လောကကြီးထဲသို့ ၀င်လာကာစသာ ရှိသေး၏။ သို့ပေမဲ့ တစ်ချို့သော ဆုံးရှုံးမှုများကိုခံစားနေရပြီဖြစ်သည်။

ဖြစ်ပျက်ခဲ့သည့် အကျိုးဆက်ကို သေသေချာချာ မသိရှိရသေးခင်မှာ မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် အင်အားစု တစ်ခုသည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီဖြစ်၏။ ကောင်းကင်မူလလောကကြီး၏ ကလဲ့စားပေလား။ ကြည့်ရသည်မှာ မြန်ဆန်လွန်းသလိုကြမ်းတမ်းလွန်းလှချေ၏။

“တကယ်လို့ မုန့်ရှင်းကျီသာဆိုရင် သူ့ရဲ့ အားအင်အဆင့်နဲ့ လွင့်မျောတိမ်တောင် ကိုရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူး။ ကြည့်ရတာ နောက်ကွယ်ကနေ လမ်းညွန်ပေးနေတဲ့လူ တစ်ယောက်တော့ ရှိရမယ်။ ဖြစ်နိုင်တာက… “

တော်တော်များများတို့သည် မြန်မြန်ဆန်ဆန်ပဲ နားလည်သွားကြ၏။ မုန့်ရှင်းကျီ၏ အားအင်အဆင့်ကို သူတို့ ကောင်းကောင်းသိ၏။ မုန့်ရှင်းကျီ ပိုင်ဆိုင်သည်မှာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်းသည် ကောင်းကင် လျှို့ဝှက် နန်းဆောင်ဆီမှ ပထမဦးဆုံး အကျိုးအမြတ် ရရှိခဲ့သည့် ဂိုဏ်းလည်း ဖြစ်သည်။

“ဒီလိုဆိုရင် မုန့်ရှင်းကျီရဲ့အင်မော်တယ်လက်နက်ကလည်း အဲကနေရတာလား”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် သက်ပြင်းကို အသာချလိုက်၏။ ခရမ်းရောင်နက်နဲလောကကြီးနှင့် တူညီစွာပင် ကောင်းကင်မူလလောကကြီးသည် အစစ်အမှန်အင်မော်တယ် တစ်ယောက်ကို ပျိုးထောင် ပေးနိုင်သည့် လောကမျိုး မဟုတ်ချေ။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီမှ ငှားရမ်းလာခြင်းပင် ဖြစ်ပေလိမ့်မည်။

“လွင့်မျောတိမ်တောင်ကတော့ တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံရပြီ”

တစ်စုံတစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။ လွင့်မျောတိမ်တောင်သည် ဤ ကပ်ဘေးမှ လွတ်မြောက်ခဲ့မည် ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။

“ဘုန်း”

ကောင်းကင်ကြီးတစ်ခုလုံး ကွဲအက်သွားခဲ့၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါလျက်ရှိ​နေပြီး သွေးနီ ရောင်စဉ်များသည် ကောင်းကင်ယံဆီသို့ပျံ့နှံ့သွားခဲ့၏။ အရာအားလုံးသည် သွေးကဲ့သို့နီရဲသောအရာ၏ ဖုံးလွှမ်းမှု ကိုခံလိုက်ရ၏။ အင်ပါယာတစ်ယောက် ၏ သွေးများသည် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသော လူများ၏နှလုံးသားသည် လက်နှင့် ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ ခံစားနေကြရ သည်။ ၎င်းတို့သည် မယုံကြည်နိုင်သည့် မြင်ကွင်းကို ကြည့်ရှုရင်း အသက်ရှုရန်ပင် ခက်ခဲနေခဲ့၏။ သွေးနီအလင်းတန်းမျာ း၏ ကြားထဲမှာ လွင့်မျောတိမ်တောင် သခင်၏ နတ်ဘုရားဝိညာဉ်သည် ပျံသန်းသွားခဲ့သည်။

ထိုအရာသည် နတ်ဘုရားရောင်စဉ်ကဲ့သို့ အသွင်ပြောင်းကာဖြင့် လေဟာနယ်ထဲသို့ ထိုးခွင်း ဝင်ရောက်သွား၏။ အချိန်ခဏအတွင်းမှာပဲ ၎င်းသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။

“ထွက်ပြေးသွားခဲ့တယ်ဟုတ်လား … ဟမ့်”

ခပ်ဝေးဝေးကောင်းကင် တည်နေရာ မှာတော့ မုန့်ရှင်းကျီသည် သူ၏လက်ကို အသာပြန်ရုတ်ကာဖြင့် တီးတိုး ရေရွတ်လိုက်သည်။

All Chapters