← Chapters

အခန်း (၄၈၁)

Vol. 33 Ch. 481

အခန်း (၄၈၁)

Vol. 33 Ch. 481

“မုန့်ရှင်းကျီ ဒီရန်ငြိုးကို ကျုပ်လုံးဝ မှတ်ထားမယ်။ မကြာခင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို လာပြီး ဖျက်ဆီးပစ်မယ်”

လွင့်မျောတိမ်တောင်သခင်သည် စိတ်ထဲတွင် ဒေါသတစ်ကြီး ကြိမ်းဝါးလျက်ရှိ၏။ ၄င်းသည် အနောက်ဘက်တွင်ရှိသည့် ကြီးကြယ်ခမ်းနားလှသော လွင့်မျောတိမ်တောင်ကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။

လက်ရှိအခြေနေမှာတော့ ထိုတောင်ကြီး တစ်ခုလုံးသည် ပျက်စီးလျက် ရှိနေသည်။ သူ၏ နှလုံးသွေးများသည် တစ်စက်စက်နှင့် ယိုကျနေ၏။ ကံကောင်းစွာဖြင့် လွင့်မျောတိမ်တောင် တိုက်ခိုက်မှု မခံရမီ ဂိုဏ်းသားတော်တော်များများ တို့သည် ကောင်းကင်မူလလောကကြီးဆီသို့ ထွက်ခွာခဲ့ကြသည်။

ဂိုဏ်းအနေနှင့် ဖျက်ဆီးခံရသည်ဆိုလျှင်တောင်မှ နှစ်ပေါင်းများစွာကျန်ခဲ့သည့် အမွေအနှစ်များကတော့ ကျန်ရှိနေသေး၏။ ထို့အပြင် ကောင်းကင်မူလလောကကြီးတွင် အင်ပါယာ ရန်မို တည်ရှိနေသေး၏။ သူသည် ဒဏ်ရာရရှိထားသည်ဆိုလျှင်တောင်မှ အင်ပါယာတစ်ယောက်တော့ ဖြစ်သေးသည် မဟုတ်ပါလား။

အင်ပါယာရန်မို နှင့်သူ ပူးပေါင်းလိုက်မည်ဆိုပါက ကျိန်းသေပေါက် လွင့်မျောတိမ်တောင်တစ်ခုလုံးကို ပြန်လည် တည်ဆောက်နိုင်မှာ သေချာ၏။

“ဂိုဏ်းဖျက်ဆီးခံရမှုအတွက် ကျိန်းသေပေါက် အဆပေါင်းတစ်ထောင်လောက်ပြန်ပြီး ပေးဆပ်ရမယ်။ “

လွင့်မျောတိမ်တောင်သခင်သည် အနောက်သို့လှည့်ကြည့်ပြီးသည့်နောက် သူ၏ မျက်လုံးများက နီနီရဲလျက် ရှိနေ၏။ အလွန်ကြမ်းတမ်းလွန်းလှသည့် အော်ရာများသည် ၄င်း၏ ဝိညာဉ်ဆီမှ ထွက်ပေါ်နေ၏။ လူပေါင်းများစွာ တို့သည် ထိုအသံကို ကြားရသည့်အချိန်မှာတော့ ကြောက်လန့်ကာ သွားကြသည်။

သူသည် ရှေ့ဆီသို့လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုအချိန်မှာပဲ သူသည် မိုင်တစ်ထောင်ကျော်ထိ ထွက်ပြေး လွတ်မြောက်ခဲ့ပြီ ဖြစ်လေ၏။ မုန့်ရှင်းကျီ၏ အဆင့်အရဆိုလျှင် သူ့ကို ဖမ်းဆီးရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ လက်ရှိ မည်သည့် အစီအရင်မှလည်း မရှိချေ။

ထို့ကြောင့် ကောင်းကင်မူလလောက ထဲတွင်ရှိနေသည့် တော်၀င်အင်ပါယာ ဆီသို့ သူသည်အရင်ဆုံး သတင်းပေးပို့ ရပေလိမ့်မည်။ ထို့အပြင် လွင့်မျောတိမ်တောင်၏ ရန်ငြိုးကို ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရုံ တင်မက အတိုးပါ ပြန်လည် ယူရပေမည်။

သို့ပေမဲ့ ကျောက်စိမ်းပြားကို ထုတ်ယူပြီး သတင်းအချက်အလက် မပေးပို့ရသေး ခင်မှာပဲ လူငယ်တစ်ယောက်သည် သူ၏ ရှေ့၌ပေါ်ပေါက်လာခဲ့၏။ အသစ်ရောက်ရှိလာသောလူသည် အမဲရောင် ၀တ်စုံကို၀တ်ဆင်ထားပြီး ငယ်ရွယ်သော်လည်း ခန့်မှန်း၍ မရနိုင်သည့် စွမ်းအင်များကို ပိုင်ဆိုင်၏။

ထို့အပြင် သက်ရှိကောင်းကင်တာအိုကဲ့သို့ပင် ၎င်း၏အော်ရာများသည် ဆန်းကြယ်လွန်းလှ၏။ ၎င်း၏ ခြေထောက်အောက်တွင်တော ့ကြက်သွေးရောင်စွမ်းအင်များက ရစ်သိုင်းလျက်ရှိ၏။ သွေးစွမ်းအင်နှင့် အသက်ဓာတ်စွမ်းအင်များသည် ထိုသူ့နားတွင် လိမ်ယှက်ကာဖြစ်တည်နေပြီး မတ်မတ်ရပ်လျက်ရှိနေသည် ဆိုလျှင်တောင်မှ ပတ်၀န်းကျင်တည်နေရာ တစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။

၎င်းသည် သက်ရှိသတ္တဝါ အားလုံးတို့၏ စိတ်ဆန္ဒကို ဖိနှိပ်နေသကဲ့သို့ပင်။ ထိုလူ ပေါ်ပေါက်လာသည့် အချိန်မှာတော့ မြေအင်မော်တယ်လောကတစ်ခုလုံးသည် ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာခဲ့၏။ ဤလူ၏ မျက်နှာသွင်ပြင်သည် ဖန်းကလန်ခေါင်းဆောင်ဟောင်းနှင့် ဆင်တူလှ၏။

“ဖန်းဟန်”

လွင့်မျောတိမ်တောင်သခင်သည် ထိုစကားစုကို မနည်းပင် ရွတ်ဆိုလိုက်မိ၏။ သူ၏လေသံထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်တည်နေခဲ့၏။ သူသည် ဖန်းဟန်ကို မမြင်ခဲ့ဖူးချေ။ သို့ပေမဲ့ ဖန်းဟန်၏ အဖေကိုတော့ မြင်ဖူး၏။ ၎င်းတို့နှစ်ယောက်သည် ဆင်တူလွန်းလှ၏။ ဖန်းဟန်၏ အဖေသည် အစောကြီးထဲက သေဆုံးသွားခဲ့ပြီး ဖြစ်ကြောင်း သူက ကောင်းကောင်းသိသည်။ ထို့ကြောင့် အသက်ပြန်ရှင်အောင် လုပ်၍ မရနိုင်ပေ။

သူ၏ ရှေ့တွင်ရှိသည့် သူသည် ကျိန်းသေပေါက် ဖန်းဟန်ပင် ဖြစ်ရပေလိမ့်မည်။ ဖန်းဟန်သည် လူငယ်မျိုးဆက်ထဲတွင် ရှိနေသည့် လူငယ်တစ်ယောက် မဟုတ်ပါလား။ ၎င်း၏ နာမည်သည် လောကအသီးသီး၏ ပါရမီရှင်စာရင်းတွင် ပါ၀င်လျက်ရှိနေ၏။ ၄င်း၏ အစစ်အမှန်အားအင် အဆင့်အား ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က သေချာရှင်းလင်းပြောပြထားပြီး ဖြစ်သည်။ သူတော်စင်အဆင့်ကိုပင် မရောက်ရှိသေးပေ။ တော်ဝင် အင်ပါယာအဆင့်သို့ ရောက်ရှိရန် ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်၏။ ယခု အဘယ့်ကြောင့်တော်ဝင် အင်ပါယာတစ်ယောက်ဖြစ်နေရသနည်း။ အဘယ့်ကြောင့် ရုတ်တရက်ကြီး အားကောင်းလာရသနည်း။

“ခင်ဗျား ဖန်းကလန်ကို သုတ်သင်ရှင်းလင်းလိုက်တဲ့အချိန်တုန်းက လွင့်မျော တိမ်တောင်တစ်ခုလုံး ဒီလိုအခြေနေမျိုးကို ရင်ဆိုင်ရလိမ့်မယ်လို့ တွေးခဲ့ဖူးလား။”

ဖန်းဟန်သည် မငြင်းပယ်ချေ။ ထိုအစား တစ်ယောက်တည်း ပြောဆိုလိုက်၏။ အလွန် လေးနက်လွန်းလှသည့် ဖန်းကလန်၏ အမုန်းတရားများအတွက် ယနေ့အချိန်၌ လက်စား ပြန်ချေ ရပေလိမ့်မည်။

နာကျည်းဖွယ်ကောင်းလှ၏။ မည်သို့မှ ခွင့်လွှတ်၍ မရနိုင်သော လွင့်မျောတိမ်တောင်သခင်သည် သူ၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းသည် ဒဏ်ရာရရှိထားသော ခွေးတစ်ကောင်ကဲ့သို့ပင် တစ်ကိုယ်လုံးလည်း စုတ်ပြတ်သတ်နေ၏။

သူ ညစဉ်ညတိုင်းမက်ခဲ့ရသည့် အိပ်မက်ဆိုးများကို ပြန်လည်ကာ မြင်ယောင်ပြီးသည့်နောက် ဖန်းဟန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ လက်ရှိအခြေနေမှာတော့ တစ်ဖက်လူကို အမှုန့်ချေချင်စိတ်များပင် ဖြစ်လို့နေ သည်။

“တကယ်ပဲ မင်းကိုး …. ဘယ်လိုလုပ်ပြီး တော်ဝင်အင်ပါယာ ဖြစ်လာရတာလဲ။ ဒီလိုအဆင့်ရောက်ဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး။ ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်ကနေ တော်၀င်အင်ပါယာအဆင့်ကို ရောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”

လွင့်မျောတိမ်တောင်သခင်သည် အနောက်သို့ အသာလှမ်းဆုတ်လိုက်၏။။ သူသည် ကြောက်ရွံ့လျက် ရှိနေသည့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ပင်။

“ဒီလောကကြီးက ခင်ဗျားထင်တာထက် ပိုပြီးတော့ ကြီးကျယ်ခမ်းနားတယ်။ တစ်ချို့သော အကြောင်းအရာ တွေက ခင်ဗျား နားလည်ထားတာထက် ပိုတယ်။ မြေအင်မော်တယ်လောကကြီးက အားကောင်းတယ်ဆိုပေမဲ့ အသင်္ချေများပြားတဲ့ လောကတွေကြားထဲမှာတော့ ဘာမှမဟုတ်ဘူး။”

ဖန်းဟန်သည် လွင့်မျောတိမ်တောင်သခင်လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကိုလှမ်းကြည့်လိုက်၏။ ပြီးနောက် ထိုသူ၏ လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းပြားသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွား၏။

“ခင်ဗျား သတင်းပို့ချင်သေးတာလား။ နောက်ကျသွားပြီ။ “

ဖန်းဟန်သည် ခေါင်းကို အသာခါယမ်းပြီး ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ရုတ်တရက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပြိုလဲလုမတတ် ဖြစ်စေသော ဖိအားများ ဖြစ်ပေါ်လာသည်။

လွင့်မျောတိမ်တောင်သခင်၏ နတ်ဘုရားဝိညာဉ်သည် အလင်းမှုန်များအဖြစ် အစိတ်စိတ် အမွှာမွှာ ပြောင်းလဲသွားခဲ့၏။ တစ်ဖက်လူသည် ထိုအလင်းမှုန်များကို ပြန်လည် စုစည်းရန်အတွက် မည်သို့မှ မတတ်နိုင်တော့ချေ။

လွင့်မျောတိမ်တောင်သခင်၏ ဆိုးဆိုးဝါးဝါး အခြေနေကိုကြည့်ပြီးသည့်နောက် ဖန်းဟန်၏ မျက်လုံး များသည် အေးစက်လျက်ရှိနေသည်။ သူက ပေါ့ပေါ့ပါးပါးပြောလိုက်၏။ “ကောင်းကင်မူလလောကကြီးထဲမှာ ရှိတဲ့ ရန်မို နဲ့တခြားသူတွေ အားလုံးက မကြာခင်မှာ ခင်ဗျားနောက်ကို လိုက်လာလိမ့်မယ်။ ခင်ဗျားတို့ အဲ့အချိန်ကျမှ ပြန်ဆုံကြပေါ့။ “

“လွင့်မျောတိမ်တောင် ဒီနေ့ကနေစပြီး လောကကြီးကနေ ပျောက်ကွယ်သွားပြီ။ “

လွင့်မျောတိမ်တောင်သခင် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသည်ကို မြင်ရချိန်မှာတော့ အားလုံးသော သူတို့သည် တွေဝေငေးငိုင်စွာဖြင့် ရေရွတ်လိုက်မိကြ၏။

အလွန်အားကောင်းလှသည်ဆိုသော ဂိုဏ်းကဏ္ဏတစ်ခုသည် အလုံးစုံ သုတ်သင်ခြင်းကို ခံလိုက်ရ၏။ လက်ရှိ တောင်သခင်ပင် လွတ်မြောက်ခြင်း မရှိခဲ့ပေ။ ဤအရာသည် မယုံကြည်နိုင်စရာကောင်းသည့် အချက်လက် ပင်ဖြစ်သည်။

လွင့်မျောတိမ်တောင်သည် ကောင်းကင်မူလလောကကြီးထဲသို့ မျှော်လင့်ချက်အပြည့်နှင့် ၀င်ရောက်ခဲ့သည် ဆိုသော်လည်း ၎င်းတို့သည်သာ ပျောက်ကွယ်သွားသည့် အခြေအနေမျိုးကို ကြုံဆုံနေရ၏။ အိမ်ပြန်လာသည် ဆိုပါကလည်း တခြားသော ဒေသတွင်း ရန်သူများ၏ ပစ်မှတ်ထားခြင်းကို ထပ်မံခံရပေလိမ့်မည်။

တစ်ဖက်လူများ ပြန်လာသည့်အချိန်တွင် ၄င်းတို့အနေဖြင့် မုန့်ရှင်းကျီ မှာ ဖန်းဟန်တို့နှင့် ရင်ဆိုင် တွေ့ရသည်သာမက မြေအင်မော်တယ် လောကတွင်ရှိသော တခြားသော ဂိုဏ်းကဏ္ဏအသီးသီး တို့နှင့်လည်း ရင်ဆိုင် တွေ့ရပေတော့မည်။ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေသည့်လူများအား မည်သူကမှ သနားကြင်နာလိမ့်မည် မဟုတ်ချေ။ ဝိုင်းဝန်း နင်းခြေရန်သာ ကြိုးစားကြပေလိမ့်မည်။

အင်မော်တယ်နန်းတော်ကဲ့သို့သော ၄င်းတို့နှင့်မဟာမိတ်ဖွဲ့ထားခဲ့သည့် အင်အားစုများပင် ၎င်းတို့အား မိတ်ဆွေ အဖြစ် သတ်မှတ်ကြတော့မည် မဟုတ်ချေ။ ထို့အပြင် မဟာမိတ်ဖွဲ့ခြင်းဆိုသည်မှာ တူညီသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် ဂိုဏ်းကဏ္ဏနှစ်ခု ပြုလုပ်သည့် အရာမျိုးဖြစ်၏။

လက်ရှိ လွင့်မျောတိမ်တောင်သည် အရာအားလုံးကို ဆုံးရှုံးထားပြီဖြစ်၏။ ထို့ကြောင့် မဟာမိတ်ဖြစ်တည်ရန် အတွက် လုံလောက်သည့် အရည်အသွေးများမရှိတော့ဟု သတ်မှတ်ရပေမည်။ ကံမကောင်းသည်ဆိုပါက အင်မော်တယ်နန်းတော်ဆီမှ လူပေါင်းများစွာတို့၏ အခွင့်ရေးယူ အနိုင်ကျင့်ခြင်းကို ခံရပေလိမ့်မည်။

“အခုနောက်ဆုံး တိုက်ခိုက်ခဲ့တဲ့လူက ဖန်းဟန်မဟုတ်လား။ သူက တော်၀င်အင်ပါယာအဆင့် စွမ်းအင်ကို ပိုင်ဆိုင်နေတယ် ဆိုတာ ငါအာရုံမိတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင် ဆီကနေ တစ်ချို့သော မျက်နှာသာပေးမှုကို ရရှိခဲ့တယ်နဲ့တူတယ်။” တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ဖန်းဟန်သည် အဆုံးသတ်တွင် ပေါ်ပေါက်လာခဲ့၏။ ၄င်းသည် လွင့်မျောတိမ်တောင်၏ သခင်ကို တစ်ခါတည်း ဖျက်ဆီးသတ်ဖြတ်ခဲ့သည်။ အကျဉ်းချုပ်ကာ ပြောရမည်ဆိုလျှင် တော်တော်များများသည် သူ့ကို မှတ်မိလျက် ရှိနေ၏။

၄င်းတို့အားလုံးသည် ကျောက်စိမ်းပြားများကို ထုတ်ယူကာဖြင့် ပါဝင်သည့် အကြောင်းအရာများကို သေသေချာချာ ကြည့်ရှုလိုက်၏။ ဖန်းဟန်၏ နာမည်သည် ကောင်းကင်ပါရမီရှင်စာရင်းတွင် တည်ရှိနေပြီး အားအင်အဆင့်ကလည်း ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်သာလျှင် ရှိ၏။ သို့ပေမဲ့ သူတို့ လက်ရှိမြင်တွေ့နေရသည့် ဖန်းဟန်၏ အားအင်အဆင့်သည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ရေးသားထားသည့် အဆင့်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်လျက် ရှိနေသည်။

All Chapters