← Chapters

အခန်း (၄၈၅)

Vol. 33 Ch. 485

အခန်း (၄၈၅)

Vol. 33 Ch. 485

“မလုံလောက်သေးဘူး ဟုတ်လား” ယန်ရှိုက သက်ပြင်းချလိုက်၏။ သူသည် ဤကဲ့သို့ ဖြစ်လာမည်ကို အစောကြီး ကတည်းက မျှော်လင့်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် ရွေးချယ်ခွင့် မရှိတော့ချေ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် မျက်နှာပေါ်တွင် ချမ်းသာ ကြွယ်ဝသည့် ဟန်ပန် အခြေအနေမျိုး တည်ရှိသည် ဆိုသော်လည်း သူ ရရှိထားသည့် အရင်းအမြစ်များသည် တကယ်ပင် အကန့်အသတ်ရှိလို့နေ၏။

သူ၏ အထက်တွင် များပြားလှသည့် အကြီးအကဲများ တည်ရှိလို့နေပြီး ၎င်းတို့အားလုံးသည် သူတော်စင်ဘုရင် သို့မဟုတ် တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ကြ၏။ ထို့အပြင် ဂိုဏ်း၏ ဘိုးဘေးကြီး မုန့်ရှင်းကျီ ကလည်း တည်ရှိသေး၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တကယ့် အဆုံးအဖြတ်ကို ချမှတ်သူသည် ၎င်းတို့ဂိုဏ်း၏ ဘိုးဘေးကြီး မုန့်ရှင်းကျီသာလျှင် ဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ အင်ပါယာရန်မိုသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးပစ်ရန်အတွက် သွားလျက် ရှိနေ၏။ အကြီးအကဲများကို အရင်းအမြစ်များ ပေးပို့ရန် တောင်းဆိုခြင်း ဆိုသည်မှာ ယုတ္တိ မတန်တော့ချေ။

“စီနီယာ... ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း လုံခြုံစေဖို့အတွက် တခြားနည်းလမ်း တစ်ခုခု ရှိနေသေးလား” ယန်ရှိုသည် စိတ်မလျော့သေးချေ။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို အသုံးပြု၍ လဲလှယ်ခြင်းသည် မလုံလောက် သေးဘူးဆိုပါက သူ့အနေနှင့် တခြားသော အကြောင်းအရာများကို အသုံးပြုကာ မေးမြန်းရပေလိမ့်မည်။

“ဟုတ်တယ်။ ရှိတာပေါ့” လီယွင်က အသာရယ်မောလိုက်၏။

“တကယ်လား”

ယန်ရှိုသည် အနည်းငယ် စိတ်အေးချမ်းသာ သွားမိ၏။ သူက ထပ်မံကာ မေးမြန်းလိုက်၏။ “စီနီယာ ဆိုလိုတာ ဘာပါလဲ”

“ကျုပ်က ခင်ဗျားကို လိမ်ဖူးလို့လား” လီယွင်က ပြန်လည်ကာ တုံ့ပြန်လိုက်၏။

“အင်း”

ယန်ရှိုက ခေါင်းညိတ်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တကယ်ပဲ ယုံကြည်ရသူ တစ်ယောက်ဖြစ်၏။ တစ်ဖက်လူ ပြောဆိုခဲ့သည့် စကားလုံးများသည် တကယ့် အစစ်အမှန်ပင် ဖြစ်လေ၏။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မလိမ်ညာခဲ့ဘူးချေ။ “ကျုပ် သိချင်တာ စီနီယာပြောတဲ့ နည်းလမ်းဆိုတာ ဘာကို ရည်ညွှန်းလဲ ဆိုတာပါပဲ”

“ဒီမှာလေ”

လီယွင်သည် ခုံတစ်ခု၏ ရှေ့ဆီသို့ မျက်စိထောင့်ဖြင့် ကြည့်ကာ အသာပြောဆိုလိုက်၏။ ထိုခုံပေါ်တွင် ကျောက်စိမ်းပြားတစ်ခု တည်ရှိနေသည်။ “ဒါက ခင်ဗျား ရှာနေတဲ့ ဖြေရှင်းနည်းပဲ”

“ဟမ်”

ယန်ရှိုသည် လီယွင် ပြသရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ကျောက်စိမ်းပြားကို မြင်သည့် အချိန်မှာတော့ သူ၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွား၏။ ဤနေရာသို့ စတင်ကာ ဝင်လာကတည်းက သူသည် ထိုအရာကို သတိပြုမိပြီးသားဖြစ်၏။ သို့ပေမဲ့ သေသေချာချာ ဂရုမစိုက်ခဲ့ချေ။ သို့ပေမဲ့ ကြည့်ရသည်မှာ နန်းဆောင်သခင်သည် သူ့အတွက် ကြိုတင်ကာ ပြင်ဆင်ထားပုံပေါ်၏။ အရာအားလုံးကိုလည်း ကြိုတင်ကာ သိရှိပြီး ဖြစ်ပုံပင်။

ယန်ရှိုသည် အသာလှမ်းလာပြီးသည့်နောက် ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။ အထဲတွင် ရှိနေသည့် အကြောင်းအရာများကို နတ်ဘုရား အသိအမြင်ဖြင့် လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်မှောင်သည် ပိုမိုကာ ကုတ်လာခဲ့၏။ စိတ်အေးသက်သာ ဖြစ်သွားသည့် အရိပ်အယောင် သင်္ကေတမျိုး မရှိချေ။

“စီနီယာ... ကျောက်စိမ်းပြားထဲမှာရှိတဲ့ အကြောင်းအရာတွေ အရဆိုရင် ကျုပ်တို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက နောက်ထပ်သုံးရက်ပဲ တောင့်ခံနိုင်တော့မှာပေါ့” ယန်ရှိုသည် မသေချာသလို ပြန်လည်ကာ မေးမြန်းလိုက်၏။

ကျောက်စိမ်းပြားထဲတွင် အစီအရင်တစ်ခုကို မှတ်တမ်းတင်ထား၏။ ထိုအရာကိုသာ ထုတ်ဖော်ထားသည်ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အချိန်တချို့ ခုခံနိုင်ပေလိမ့်မည်။ သို့ပေမဲ့ သုံးရက်ဆိုသည်မှာ တိုတောင်းလွန်း လှ၏။ ဘာတစ်ခုကိုမှ ပြုလုပ်ရန် လုံလောက်သည့် အချိန်မျိုး မဟုတ်ချေ။ သုံးရက်ကြာပြီးသည့်နောက် မုန့်ရှင်းကျီသည် ပြန်မလာနိုင်သေးဘူး ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ဖျက်ဆီးခံရခြင်းမှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် လက်ရှိ ကောင်းကင်မူလလောကကြီး၏ နေရာအနှံ့တွင် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေ၏။ ထွက်ခွာ သွားရန်ဆိုသည်မှာ တကယ်ပင် လွယ်ကူလွန်းလှ၏။ ပြန်လာဖို့ ဆိုသည်မှာ တကယ်ပင် ခက်ခဲလှချေသည်။

ကောင်းကင်မူလလောကကြီး၏ အပြင်ဘက်တွင် မြေအင်မော်တယ်လောကထဲမှ သက်ရှိသတ္တဝါပေါင်း များစွာတို့ တည်ရှိနေ၏။ တိုက်ခိုက်ရေး တည်နေရာထဲကို လွယ်လွယ်ကူကူနှင့် ဖြတ်သန်းလာဖို့ ဆိုသည်မှာ ခက်ခဲလှ၏။ မုန့်ရှင်းကျီကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုနေရာဆီမှ ဖြတ်ပျံလာရန်အတွက် အချိန်ယူရမှာဖြစ်၏။

“သုံးရက်က မလုံလောက်သေးဘူးလား” လီယွင်သည် ခေါင်းကိုမော့ကာဖြင့် အသာမေးမြန်းလိုက်သည်။

“စီနီယာ... အဲဒီ အင်ပါယာရန်မိုက ခန့်မှန်းလို့မရနိုင်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တဲ့ အင်ပါယာ တစ်ယောက်လေ။ သူက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားပြီ ဆိုမှတော့ သုံးရက်ဆိုတာ တကယ့်ကို နည်းလွန်းတဲ့ပုံပဲ” ယန်ရှိုသည် အားပျော့စွာဖြင့် ရေရွတ်လိုက်မိ၏။

“ပြီးတော့”

ယန်ရှိုသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ကိုင်ကာဖြင့် နာနာကျင်ကျင် ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို မလာခင်တုန်းက ကျုပ် ဘိုးဘေးကို မေးခဲ့ပြီးပြီ။ သူ ကောင်းကင်မူလ လောကကြီးကို ပြန်လာမယ် ဆိုရင်တောင်မှ အနည်းဆုံး လဝက်လောက် ကြာမှာတဲ့”

မြေအင်မော်တယ်လောကဆီသို့ သွားခြင်းနှင့် မတူချေ။ ပြန်လာခြင်း ဆိုသည်မှာ မရိုးရှင်းလှပေ။ မုန့်ရှင်းကျီ အနေနှင့် ခက်ခဲသည့် အကြောင်းအရာများကို ကျော်ဖြတ်ကာ လာရပေလိမ့်မည်။ ထို့အပြင် ၎င်း၏ နာမည်သည် မြေအင်မော်တယ်လောက တစ်ခုလုံးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေပြီဖြစ်၏။ ထို့ကြောင့် မည်သူမှသည် သူ့ကို လွယ်လွယ်ကူကူနှင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

တချို့သော အင်ပါယာများသည် မုန့်ရှင်းကျီနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် စဉ်းစားကောင်း စဉ်းစားထားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မုန့်ရှင်းကျီ၌ တန်ဖိုးကြီးမားလှသည့် အရာများ တည်ရှိနေသောကြောင့်ပင်။ ထို့အပြင် ဖန်းဟန်ကို ဖမ်းဆီးနိုင်သည် ဆိုပါကလည်း အင်မော်တယ်လက်နက် တစ်ခုကို ရရှိကောင်း ရရှိပေလိမ့်မည်။ ထို့ကြောင့် မုန့်ရှင်းကျီ၏ အပြန်ခရီးသည် မူလတုန်းကလို မလွယ်ကူတော့ချေ။

“မုန့်ရှင်းကျီ အနေနဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ကယ်တင်ဖို့ လိုအပ်နေတယ်လို့ ခင်ဗျား တကယ် ထင်တာလား။ ပြီးတော့ မုန့်ရှင်းကျီ ဝင်ပြီး လှုပ်ရှားပေးမှ ဂိုဏ်းတစ်ခုကို ကာကွယ်ပေးနိုင်မယ်လို့ ထင်လား” လီယွင်က ထူးမခြားနားသလို ပြောလိုက်၏။

“စီနီယာ... တစ်စုံတစ်ယောက်က အရှေ့ကို လှမ်းတက်ပြီးတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက် ကူညီပေးဖို့ အကြံပြုနေတာလား” ယန်ရှို၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် မယုံကြည်နိုင်သလို ဖြစ်မိနေသည်။

သူတို့ ဘိုးဘေး၏ အားအင်အဆင့်ကို သူက ကောင်းကောင်းသိ၏။ ကျိန်းသေပေါက် အင်ပါယာရန်မိုကို ယှဉ်ပြိုင် နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးရှိ တားမြစ်တည်နေရာထဲမှ အင်ပါယာ တစ်ယောက်ယောက်သာ ထွက်လာသည် ဆိုပါက အရာအားလုံးသည် ခြားနားသွားမှာ သေချာ၏။

ထို့အပြင် ကောင်းကင်မူလလောကကြီးသည် အားနည်းလျက် ရှိနေသည် ဆိုလျှင်တောင်မှ တားမြစ်တည်နေရာ ထဲတွင် ရှိနေသော အင်ပါယာအနည်းငယ်သည် ရန်မိုနှင့် နှိုင်းယှဉ်၍ ရနိုင်၏။ ပြဿနာမှာ ဤအင်ပါယာများသည် တားမြစ်တည်နေရာထဲမှ ထွက်ခွာသွားခဲ့ပြီးသည့်နောက် မြေအင်မော်တယ်လောကနှင့် တိုက်ပွဲသို့ ရောက်ရှိလျက် ရှိနေခြင်းပင်။ ၎င်းတို့သည်သာ တံခါးပိတ် ကျင့်ကြံလျက်ရှိနေတုန်း ဆိုလျှင်လည်း လောက၏ ကိစ္စရပ်များ၌ ပါဝင်ပတ်သက် လိမ့်မည် မဟုတ်ချေ။

ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် မည်သို့သောလူမျိုးက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အရှေ့သို့ ရောက်လာပြီး လာရောက်ကာ ကူညီပေးမည်နည်း။

“ကောင်းကင်မူလလောကကြီးက လက်ရှိအခြေအနေမှာ ခုခံနေရတယ်။ အကန့်အသတ်ကိုတောင် ရောက်နေပြီ” လီယွင်သည် ယန်ရှို၏ မေးခွန်းကို တိုက်ရိုက်ဆိုသလို မဖြေဆိုခဲ့ချေ။ ထိုအစား သေသေချာချာ တစ်ယောက်တည်း သုံးသပ်နေသည့် ဟန်ပန်မျိုးဖြင့် ပြောဆိုလိုက်သည်။

ထိုအရာသည် ယန်ရှိုကို တကယ်ပဲ နဝေတိမ်တောင် ဖြစ်စေခဲ့၏။ ကောင်းကင်မူလလောကကြီးသည် မြေအင်မော်တယ်လောကနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း အားလုံးက သိရှိပြီးဖြစ်၏။

မူလအားဖြင့် မြေအင်မော်တယ်လောက နှင့် တိုက်ခိုက်သည့်အချိန်က ခရမ်းရောင်နက်နဲလောကကြီး အနေနှင့် တော်တော်ကြီးကို ထိခိုက်ခဲ့ရ၏။ ခရမ်းရောင်နက်နဲလောကကြီးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ဝယ်ယူထားခဲ့သည့် သတင်း အချက်အလက်များကို အမှီအခို ပြုပြီးသည့်နောက် လဝက်နီးပါးခန့်ကြာအောင် ခုခံနိုင်ခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်သာ ပေါ်ပေါက်လာခြင်း မရှိပါက ကျိန်းသေပေါက် ကံကြမ္မာ၏ အလှည့်အပြောင်းသည် ဆိုးရွားစွာ ပြောင်းလဲသွားမှာ သေချာသည်။

ကောင်းကင်မူလလောကကြီးထဲတွင်တော့ ယခုအချိန်၌ ဂိုဏ်းဂဏအနည်းငယ်တို့ပင် ဝင်ရောက်နှင့်ပြီး ဖြစ်၏။

“စီနီယာ ဆိုလိုတာက ကောင်းကင်မူလလောကကြီးက ပြိုလဲလုမတတ် ဖြစ်နေပြီလား” ယန်ရှိုသည် သတိအပြည့်ဖြင့် မေးမြန်းလိုက်၏။ သူ၏ ဂိုဏ်းတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရခြင်းသည် ကိစ္စရပ်တစ်ခုဖြစ်၏။ ကောင်းကင်မူလလောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားမည်ဆိုပါက တကယ့်ကို ကပ်ဘေးကြီးပင် ဖြစ်ပေလိမ့်မည်။ ကောင်းကင်မူလလောကကြီး ပျက်စီးသွားသည်ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် မည်သည့်နေရာတွင် တည်ရှိမည်နည်း။

“ဟုတ်တယ်” လီယွင်သည် မငြင်းပယ်ဘဲ ခေါင်းညိတ်လိုက်သည်။

“ဒါက” ယန်ရှိုက ကြောင်အသွား၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိလာသည့် တချိန်တည်းမှာပဲ ဤမျှအရေးကြီးသည့် သတင်းအချက်အလက်များကို ရရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ လက်ရှိ သူသိရှိခဲ့သည့် သတင်းအချက်အလက်သည် တကယ်ပင် စိတ်ပျက် အားငယ်စရာ ကောင်းလွန်းလှ၏။ ကောင်းကင်မူလလောကကြီးသည် မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားတော့မည်လား။

စီနီယာ ပြောဆိုသည့် အလှည့်အပြောင်းဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ သူ မသိရှိချေ။

“မုန့်ရှင်းကျီ တစ်ယောက်တည်းနဲ့ ကောင်းကင်မူလလောကကြီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ သူ ပြန်လာခြင်း၊ ပြန်မလာခြင်းက အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားနိုင်မှာ မဟုတ်ဘူးလေ။ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဆိုတာက သမုဒ္ဒရာထဲက ရေတစ်စက်ပဲ။ လောကကြီးရဲ့ အဆုံးသတ်ကို ရောက်နေတဲ့ အချိန်မှာ ခင်ဗျားတို့ကလည်း နောက်ဆုံးအချိန်အထိ ခုခံတာတစ်ခုပဲ ပြုလုပ်နိုင်တယ်။ တကယ်လို့ ခင်ဗျားတို့ မခုခံနိုင်ဘူး ဆိုရင်တော့ ...”

လီယွင်သည် ခဏရပ်တန့်လိုက်၏။ ပြီးနောက် ထပ်မံကာ မပြောဆိုတော့ချေ။ ရှေးစာအုပ်ကို ကောက်ယူပြီးသည့် နောက် ဆက်လက်ကာ ဖတ်ရှုလျက် ရှိနေ၏။ သူသည် ပြောသင့်သလောက်ကို ပြောခဲ့ပြီးပြီ ဖြစ်သည်။

“စီနီယာ ဆိုလိုတာ ကောင်းကင်မူလလောကကြီးရဲ့ အနာဂတ်က နောက်ထပ် သုံးရက်အပေါ်မှာ မူတည်နေတာပေါ့” ယန်ရှိုသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားမိ၏။ သူ၏ မျက်လုံးများက လင်းလက်သွား၏။

သို့ပေမဲ့ လီယွင်သည် သူ၏ ရှေးစာအုပ်ကိုသာ လှန်၍ ဖတ်ရှုလျက် ရှိနေ၏။ ပြီးနောက် ယန်ရှိုကို ခဏလှမ်းကြည့်ကာဖြင့် စားပွဲခုံကို လက်ချောင်းဖြင့် အသာခေါက်လိုက်၏။ ဘာမှ ဆက်မပြောတော့ချေ။

“အင်း”

ယန်ရှို၏ အမူအရာက အေးခဲသွား၏။ သူသည် နဝေတိမ်တောင် ခံစားမိနေပြီး လက်ရှိ အချိန်တွင်တော့ နားလည်သွားခဲ့ပြီ ဖြစ်လေ၏။ စီနီယာ၏ အဓိပ္ပာယ်မှာ ပိုမိုကာ သိချင်သည်ဆိုပါက ပိုက်ဆံပေးရပေတော့မည်။

All Chapters