အခန်း (၄၈၆)
Vol. 33 Ch. 486
ခဏလောက် ကြာပြီးသည့်နောက် ယန်ရှိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ ထွက်ခွာသွားခဲ့၏။ အပြင်ဘက်လောက တစ်ခုလုံးသည် ယခင်ကအတိုင်း ရှုပ်ထွေးလျက် ရှိနေ၏။ ကောင်းကင်ယံရှိ လေဟာနယ်ကြီး တစ်ခုလုံး ကွဲအက်လျက် ရှိနေပြီး ရှုပ်ထွေးလွန်းလှသည့် မြူများသည် တည်နေရာထဲမှ ထွက်ပေါ်လျက် ရှိနေ၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းအဟုန်များသည် အားလုံးသော သူတို့သည် လွှမ်းခြုံထားလျက် ရှိနေပြီး ကြည့်ရှုနေကြသူများ အားလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ခံစားချက်ကို ခံစားနေကြ၏။ ထိုရှုပ်ထွေး လှသည့် တည်နေရာကြီးထဲတွင် သွေးအလင်းတန်းများလည်း ပေါ်ပေါက်နေပြီး စွမ်းအားမြင့်ကျင့်ကြံသူ များသည် တစ်ယောက်ပြီး တစ်ယောက် သေဆုံးလျက် ရှိနေသည်။
“သုံးရက်”
ယန်ရှိုသည် သက်ပြင်းချလိုက်၏။ သူသည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို ကြည့်ရှုလိုက်မိ၏။ ပြီးနောက် ပါဝင်သည့် သတင်းအချက်အလက်များအား ဂိုဏ်းဆီသို့ ပြန်လည်ကာ ပေးပို့လိုက်၏။
လက်ရှိအခြေအနေမှာတော့ သူမျှော်လင့်ထားသမျှသည် သုံးရက်အတွင်း အရာအားလုံး ပြောင်းပြန်လှန်သွားရန်ပင်။ မဟုတ်ပါက ကောင်းကင်မူလလောကကြီး၏ ကံကြမ္မာသည် ခရမ်းရောင်နက်နဲလောကကြီးထက် ပိုမိုကာ ဆိုးရွားသည့် ကံကြမ္မာဆီသို့ ရောက်ရှိသွားမှာ သေချာသည်။
ထိုအတောအတွင်း မြေအင်မော်တယ်လောကအတွင်းရှိ ချင်ကလန်သည် နှစ်ပေါင်းများစွာ မတ်မတ်ရပ်ကာ တည်ရှိခဲ့သည့် ခန့်မှန်း၍ မရနိုင်သော မိသားစုတစ်ခု ဖြစ်၏။ ၎င်းတို့၏ တည်ရှိမှုသည် မည်သည့် သက်တမ်း ကတည်းက တည်ရှိခဲ့မှန်း မသိသော ရှေးဘိုးဘေးကြီးဆီမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။ ထာဝရ အစစ်အမှန် အင်မော်တယ်မှလွဲလျှင် ချင်ကလန်၏ ဘိုးဘေးကြီးသည် တကယ့်ကို သက်တမ်းကြီးမားလွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူအိုကြီးပင် ဖြစ်၏။
တိတိကျကျ ပြောရမည်ဆိုလျှင် ချင်ကလန်သည် ထိုကြောက်မက်ဖွယ်ရာ ကောင်းလှသည့်လူ တည်ရှိမှုကြောင့်ပင် ဤကဲ့သို့ ရှည်ကြာစွာ ရပ်တန်နိုင်ခဲ့ခြင်းသာဖြစ်၏။ မြေအင်မော်တယ်လောက၏ ထိပ်ဆုံးတည်နေရာတွင် မားမားမတ်မတ် ရပ်တည်လာခဲ့ပြီး ၎င်းတို့အား မည်သူကမှ စိန်မခေါ်ရဲကြချေ။
လက်ရှိ အခြေအနေမှာတော့ ချင်ကလန်၏ ဘိုးဘေးတည်နေရာ အထက် လေဟာနယ်ထဲတွင်တော့ ကြယ်စင်စုများ မှေးလိုက်မှိန်လိုက်နှင့် ဖြစ်ပေါ်လျက် ရှိနေပြီး ထိုမြင်ကွင်းသည် တကယ့်ကို နတ်ဆန်သည့် တည်နေရာတစ်ခု အဖြစ် ဖော်ညွှန်းနေ၏။ တည်နေရာကြီး တစ်ခုလုံးတွင် ကြီးမားသည့် မြေဆွဲအားများ ဖြစ်တည်နေပြီး ရှေးဘိုးဘေးနယ်မြေအတွင်းရှိ ဆန်းကြယ်လွန်းလှသည့် နန်းတော်ထဲ၌ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်လျက် ရှိနေ၏။ ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းသည် မျက်မှောင်များ ကုတ်လျက် ရှိနေပြီး လေထုတစ်ခုလုံးကလည်း လေးနက်ကာ တင်းမာခက်ထန်လျက် ရှိနေ၏။
“ဘိုးဘေးချင်ကန်က သေဆုံးသွားခဲ့ပြီလေ။ ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ”
ချင်ကလန်၏ ခေါင်းဆောင်သည် လူငယ်တစ်ယောက်၏ အသွင်မျိုးဖြစ်သည် ဆိုသော်လည်း တကယ့်ကို ထက်ရှသည့် မျက်လုံးအကြည့်များဖြင့် အားလုံးသော သူတို့ကို ပြောဆိုလိုက်သည်။
ချင်ကန်သည် ချင်ကလန်၏ မြင့်မားသည့် ရာထူး တည်နေရာကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်၏။ ကလန်၏ ဘိုးဘေးများထဲမှ တစ်ယောက်ဖြစ်သည်သာမက ချင်ကလန်မှ အစစ်အမှန် အင်မော်တယ်၏ တစ်ဦးတည်းသော သားလည်း ဖြစ်၏။ ၎င်းသည် နှစ်သန်းပေါင်းများစွာအတွင်း အင်မော်တယ် ဖြစ်လာရန်အတွက် တကယ့်ကို လုံလောက်သည့် လူတစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထားခဲ့ပြီးသား ဖြစ်၏။
ချင်ကလန်မှ ထိုသူ၏နာမည်သည် အင်ပါယာဆက်ခံသူ စာရင်းတွင် ပေါ်ပေါက်မလာသည် ဆိုလျှင်တောင်မှ ချင်ကလန်သည် ၎င်းတို့၏လူမှာ အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝ ထားရှိကြ၏။ ထို့အပြင် ၎င်းတို့၏ နောက်ကွယ်တွင် အင်မော်တယ် တစ်ယောက်ကလည်း ကျောထောက် နောက်ခံအဖြစ် တည်ရှိနေသည် မဟုတ်ပါလား။
အင်မော်တယ် တစ်ယောက်သည်သာ သက်ဆိုင်သည့် ပမာဏကို ပေးအပ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ အခွင့်အရေးများကို ဝယ်ယူလိုက်သည် ဆိုပါက ချင်ကလန် အနေနနှင့် အင်မော်တယ်အဆင့်ကို ကျိန်းသေပေါက် ချိုးဖြတ်နိုင်မှာ သေချာ၏။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ရန် ဆိုသည်မှာ ခက်ခဲလှသည် မဟုတ်ပေ။
သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပင် အားလုံးသော သူတို့၏ မျှော်လင့်ချက်များကို ထမ်းပိုးထား ရသောသူသည် ရုတ်တရက် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သေဆုံးသွားသည်သာမက ၎င်းထက် ပိုမိုကာ အားနည်းလှသည့် အင်ပါယာနှစ်ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကောင်းကင်မူလလောကကြီးထဲတွင် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်၏။
ထိုသတင်း ချင်ကလန်ဆီသို့ ရောက်ရှိလာသည့် အချိန်မှာတော့ အားလုံးသော သူတို့သည် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်မိနေခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကောင်းကင်မူလလောကကြီး ဆိုသည်မှာ ကစားစရာ ကစားကွင်း တစ်ခုနှင့်ပင် ဆင်တူ၏။ ချင်ကန် အနေနှင့် အင်မော်တယ် ဖြစ်လာနိုင်ရန် ရေပန်းစားလျက် ရှိသည့် လူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အားအင်အဆင့်သည် သံသယရှိစရာ မလိုဘဲ အလွန်အမင်း အားကောင်းမှာ သေချာသည်။
ကောင်းကင်မူလလောကကြီးထဲကို သွားရောက်ပြီးသည့်နောက် ချင်ကန်သည် မိမိ လုပ်ချင်သည့် အရာများကို ကျိန်းသေပေါက် ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ ၎င်းနှင့် သက်တူရွယ်တူများ အကြားထဲတွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်မှာ သေချာ၏။
သို့ပေမဲ့ အခြေအနေသည် လုံးဝ ပြောင်းပြန်အဖြစ် ဖြစ်တည်ခဲ့သည်။ ဤကဲ့သို့သော ရုတ်တရက် ပြောင်းလဲသွားမှုသည် ချင်ကလန်မှ လူများအားလုံးကို ကျိန်းသေပေါက် အံ့အားသင့်စေခဲ့၏။ ချင်ကလန်၏ တခြားသော အင်ပါယာ တစ်ယောက်ယောက်သာ သေဆုံးသွားခဲ့သည်ဆိုပါက သူတို့ ဒေါသထွက်ကောင်း ထွက်ပေလိမ့်မည်။ ဤမျှ ဆိုးဆိုးရွားရွား ခံစားရလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ချင်ကန်မှာတော့ ထူးခြားလွန်းလှ၏။ ၎င်းသည် တိုက်ရိုက် သားတော်တစ်ပါး ဖြစ်ပြီး သူတို့၏ ဘိုးဘေးကြီး တန်ဖိုးအထားရဆုံးသော သားတော် တစ်ယောက်လည်း ဖြစ်သည်။
ချင်ကလန် အဖွဲ့ဝင်များ၏ မျက်လုံးထဲတွင် ချင်ကန်သည် လက်ရှိဂိုဏ်းချုပ်ထက်ပင် ပိုမိုကာ အားကောင်းသည့် လူအဖြစ် တည်ရှိသည်။ ချင်ကလန်သည် ၎င်းတို့၏ မျိုးဆက်ကို ဆုံးရှုံးရရုံသာမက ဘိုးဘေးကြီးသည်လည်း အလွန်အမင်း ဒေါသထွက်မှာ သေချာ၏။ ထိုသို့ဆိုလျှင် အားလုံးသော သူတို့သည် ပြဿနာ တက်ပေလိမ့်မည်။
နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီး လောကကြီး တစ်ခုလုံး၏ ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရသည့်လူများ ဖြစ်သည် ဆိုလျှင်တောင်မှ မျိုးဆက်သစ်များ သေဆုံးသွားရသည်ကို မြင်ရသည် ဆိုပါက ကျိန်းသေပေါက် စိတ်မငြိမ်းချမ်းနိုင်ဖွယ်ရာ ဒေါသတရားများ ဖြစ်တည်လာမည်မှာ သဘောသဘာဝပင် ဖြစ်၏။
“ဘာပြောချင်သေးလဲ တတိယ အကြီးအကဲ” ချင်ကလန်၏ ခေါင်းဆောင်သည် လေးနက်သည့် အသံဖြင့် မေးမြန်းလိုက်သည်။
“ကျုပ်ဆိုချင်တာ”
တတိယ အကြီးအကဲသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ထပ်မံကာ ပြောဆိုလိုက်၏။ “ဘိုးဘေးက အခု တံခါးပိတ် ကျင့်ကြံရာကနေ ထွက်မလာသေးဘူး။ ကျုပ်တို့ ချင်ကန်အစား ဘာလို့ လက်စားမချေရမှာလဲ။ ဒါဆိုရင် ဘိုးဘေး ထွက်လာပြီဆိုတာနဲ့ ကျုပ်တို့ ရှင်းပြလို့ ရပြီလေ”
“ဒါပေမဲ့ ဘိုးဘေးချင်ကန်က တကယ် သေဆုံးသွားခဲ့ပြီ” ချင်ကလန်၏ ခေါင်းဆောင်သည် ထူးမခြားနားသလို ပြောလိုက်၏။ ၎င်းအနေနှင့် ရန်ငြိုးများအတွက် လက်စားချေမည် ဆိုလျှင်တောင်မှ ဘာကွာခြားမည်နည်း။ သေဆုံးသူကို ပြန်လည်၍ အသက်ရှင်အောင် ပြုလုပ်၍ မရနိုင်ချေ။ တံခါးပိတ် ကျင့်ကြံရာမှ ဘိုးဘေး ထွက်လာသည်ဆိုပါက ၎င်းတို့သည် ကျိန်းသေပေါက် ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရပေတော့မည်။
“ဘိုးဘေးချင်ကန်က အားနည်းတာ မဟုတ်ဘူး။ အင်ပါယာတွေ တော်တော်များများထဲမှာ တကယ့်ကို အားကောင်းတယ်လို့ ပြောရမယ်။ ကောင်းကင်မူလလောကကြီးဆီက ကြောင်တွေ၊ ခွေးတွေက ကျိန်းသေပေါက် ဘိုးဘေးချင်ကန်ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး” တခြားသော အကြီးအကဲ တစ်ယောက်က ဝင်ရောက်ကာ ပြောလိုက်သည်။
ချင်ကန် အနေနှင့် တကယ့်ကို သာမန်ထက် ထူးခြားလှသည့် ပါရမီကို ပိုင်ဆိုင်သည် မဟုတ်ဘူးဆိုလျှင်တောင်မှ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင် လာခဲ့ပြီးသည့်နောက် ကျိန်းသေပေါက် အခြေအနေ တစ်ခုဆီသို့ ချိုးဖြတ်ပြီး အင်ပါယာ ဖြစ်လာနိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်ကြောင်း အားလုံးက သိရှိ နားလည်ပြီးသား ဖြစ်၏။
သို့ပေမဲ့ ချင်ကန်ကို သတ်ဖြတ်လိုက်သည့် လူများသည် ကောင်းကင်မူလလောကကြီးဆီမှ ယခုမှ ဖြစ်တည် လာခဲ့သော အင်ပါယာနှစ်ယောက် ဖြစ်ကြောင်း သူတို့ ကြားသိရသည့် အချိန်မှာတော့ တစ်ယောက်ချင်းစီတိုင်း သည် ယုံကြည်ရန်ပင် ခက်ခဲလို့ နေခဲ့၏။ ကြည့်ရသည်မှာ သူတို့ အတွေးအမြင်များထက် ပိုမိုကာ ဝေးကွာသည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိနေခဲ့သည့်ပုံပင်။
ဘိုးဘေးချင်ကန်သည် ခြုံခိုတိုက်ခိုက်ခြင်းကိုခံရသည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော အခြေအနေမျိုးတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ တကယ့် တကယ်တမ်းမှာတော့ ထွက်ပြေးရန် အခွင့်အရေးပင် မရရှိခဲ့ချေ။
“ဘာကို ဆိုလိုတာလဲ ပဉ္စမ အကြီးအကဲ”
ချင်ကလန်၏ ခေါင်းဆောင်သည် မျက်မှောင်ကို ကုတ်လိုက်၏။ ၎င်းသည် စိတ်သက်သာရသည့် ခံစားချက်မျိုး မရှိလှချေ။ အေးစက်စက်ဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ချင်ကန်သည် သူ၏ ဘိုးဘေးကြီးဖြစ်၏။ အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် သူသည် တစ်ဖက်လူကို အရမ်းကြီး အထင်ကြီးခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ့ထက် အနည်းငယ် ပိုမိုကာ အားနည်းသည်ဟု သူက ယုံကြည်နေသောကြောင့်ပင်။ အချိန်တစ်ခု ပေးသည်ဆိုပါက သူသည် ချင်ကန်ထက်ပင် ပိုမိုကာ အင်မော်တယ်ဖြစ်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်မည့်လူဖြစ်ကြောင်း ယုံကြည်မိသည်။
ကံဆိုးစွာဖြင့် တစ်ဖက်လူသည် ဘိုးဘေးကြီး၏ သားတစ်ယောက်ဆိုသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် သူစိတ်ရှိတိုင်း ပြုလုပ်၍ မရနိုင်ခဲ့ချေ။ ချင်ကလန်၏ အမွေအနှစ်အားလုံးကို သူက ကိုင်ဆောင်ထားခဲ့သည် ဆိုလျှင်တောင်မှ ချင်ကန် သေဆုံးခြင်းသည် သူ့အား ကျိန်းသေပေါက် ဒုက္ခပေးနိုင်သည့် အရာပင် ဖြစ်၏။
“တကယ်ကြီး ကျုပ်တို့ ချင်ကလန်က လက်စားချေမယ် ဆိုရင်တောင်မှ ပထမဦးဆုံး ရန်သူက ဘယ်သူလဲဆိုတာ ရှာဖို့လိုမယ်။ ကျုပ်ရဲ့ အထင်အရဆိုရင် ရန်သူက အခုမှ အသစ်ဖြစ်လာတဲ့ အင်ပါယာ နှစ်ယောက်တင် မကဘူး” ပဉ္စမ အကြီးအကဲသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
ထိုစကားစု ထွက်ပေါ်လာလာချင်းမှာပဲ ဟောခန်းတစ်ခုလုံးတွင် ရှိနေသည့် အတွေ့အကြုံ ရင့်ကျက်လှသော စွမ်းအားမြင့် ကျင့်ကြံသူများ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ တချို့သည် ရုတ်တရက် မတ်တပ်ပင် ထရပ်လိုက် မိကြ၏။ သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်များနှင့် ပြည့်နှက်နေ၏။
ဟောခန်း၏ထိပ်တွင် ရပ်တန့်လျက် ရှိနေသော စီနီယာ အကြီးအကဲသည် ကြောက်လန့်ဖွယ်ရာကောင်းသည့် ပုံပန်း သွင်ပြင်မျိုးဖြင့် လှမ်းကာ အော်ဟစ်လိုက်သည်။ “ပဉ္စမ အကြီးအကဲ... ခင်ဗျား ဘာတွေပြောနေတာလဲ ဆိုတာကိုရော သိရဲ့လား”
ချင်ကလန် တစ်ခုလုံးတွင်သာမက မြေအင်မော်တယ်လောက တစ်ခုလုံးတွင်ပင်လျှင် အသစ် ဖြစ်တည်လာသည့် အင်ပါယာနှစ်ယောက်တို့သည် ချင်ကန်ကို သတ်ဖြတ်နိုင်ရန် လုံလောက်သည့် စွမ်းအင် မရှိကြောင်း သိရှိပြီးသား ဖြစ်၏။ ကောင်းကင်မူလလောကကြီး အနေနှင့် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာသည့် လူများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဆိုသည်မှာ နောက်ကွယ်တွင် ရှိနေသည့် တစ်စုံတစ်ယောက်၏ လမ်းညွှန် ပြသမှု ဖြစ်ကြောင်း မည်သူက မသိရှိဘဲ နေမည်နည်း။
သို့ပေမဲ့ မည်သူမှသည် ယနေ့အချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။ သို့ပေမဲ့ ပဉ္စမ အကြီးအကဲသည် ရုတ်တရက် ဆိုသလိုပဲ ထကာ ပြောဆိုလျက် ရှိနေ၏။ ထိုကဲ့သို့သော စကားစုသည် ချင်ကလန် တစ်ခုလုံးကို ကပ်ဘေးကြီး ကျရောက်စေနိုင်သည့် စကားစုပင် ဖြစ်သည် မဟုတ်ပါလား။