← Chapters

အခန်း (၄၈၈)

Vol. 33 Ch. 488

အခန်း (၄၈၈)

Vol. 33 Ch. 488

“တကယ့်ကိုကောင်းတဲ့ အကြောင်းပြချက်ပဲ” ချင်ကလန်မှာရှိသည့် လူပေါင်းများစွာတို့သည် နှာခေါင်းကို ရှုံ့လိုက်မိကြ၏။ ဤနည်းလမ်းကို သူတို့က ကောင်းကောင်းသိရှိပြီးသားဖြစ်၏။ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကို ပြုလုပ်ချင်သည်ဆိုပါက မိမိ၏ စိတ်ဝင်စားမှုကို ခဏဖယ်ရှားပြီး တခြားသောသူများ၏ ကောင်းကျိုးအတွက် ပြုလုပ်ပါသည်ဆိုသော အကြောင်းပြချက်ဖြင့် မိမိ၏ အတ္တကို ဖုံးကွယ် ထားတတ်ကြသည်။ ဤအရာသည် လောကကြီး၏ သဘောသဘာဝဖြစ်ကြောင်း သူတို့က သိရှိပြီး ဖြစ်၏။

ယခု ပဉ္စမအကြီးအကဲသည်လည်း တူညီသည့် နည်းဗျူဟာများကို ထုတ်ဖော်ကာ အသုံးပြုလျက်ရှိနေ၏။ သို့ပေမဲ့ သူတို့ စိတ်မဝင်စားလှချေ။ ထိုအစား ရင်ထဲတွင်ကြိတ်ကာဖြင့် ရယ်မောနေမိကြ၏။ အားလုံးသော သူတို့သည် ရာထူးအဆင့် မြင့်မြင့်မားမားတွင် နေထိုင်ပြီးကြသော စွမ်းအားမြင့် ကျင့်ကြံသူအိုကြီးများ ဖြစ်၏။ ထို့ကြောင့် စကားစုအနည်းငယ်ဖြင့် ၎င်းတို့၏စိတ်များသည် ယိမ်းယိုင်သွားလိမ့်မည် မဟုတ်ချေ။ ယိမ်းယိုင်သွားသည်ဆိုပါကလည်း ကြီးမားလှသည့် အကျိုးအမြတ်ကို မြင်၍သာ ဖြစ်ပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ ပဉ္စမအကြီးအကဲ၏ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ရင်ဆိုင်ရမည် ဆိုသည့် အကြံအစည်သည် အကျိုးကျေးဇူးအစား တစ်ခါတည်း စုတ်ပြတ်သတ်သွားနိုင်သည့် အခြေအနေဆီသို့ပါ ရောက်ရှိသွားနိုင်သည်။

“အင်း ကျားကိုမောင်းပြီးတော့ ဝံပုလွေကို စားတယ်ဆိုတာ အကြံအစည်ကောင်းတစ်ခု ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အရင်ဆုံး ခင်ဗျားက စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အမဲလိုက်သမားတစ်ယောက်တော့ ဖြစ်ဖို့ လိုအပ်တယ်” တစ်စုံတစ်ယောက်က အေးစက်စက်ဖြင့် မှတ်ချက်ပြုလိုက်၏။

သင့်လျော်သည့်အားအင်အဆင့်ကို ပိုင်ဆိုင်ခြင်းမရှိဘဲ ဘာမှန်းမသိနိုင်သည့် အကျိုးအမြတ်အတွက် မဟာဗျူဟာများကို ရေးဆွဲခြင်းဆိုသည်မှာ ကျိန်းသေပေါက် ဒုက္ခရောက်နိုင်သည့် အကြောင်းအရာမျိုးပင် ဖြစ်၏။ ထိုအရာများကို ပြုလုပ်နိုင်ရန် လုံလောက်သည့် စွမ်းဆောင်မှုသည် အရေးကြီးဆုံးအရာ ဖြစ်နေသည် မဟုတ်ပါလား။

လက်ရှိအခြေအနေမှာတော့ စီနီယာနန်းဆောင်သခင်၏ တည်ရှိမှုသည် မြေအင်မော်တယ်လောကနှင့် တခြားသော လောကအသီးသီးတို့၏ အကျိုးကျေးဇူးကို ပိုမိုကာ တိုးလာစေခဲ့၏။ ၎င်းတို့အားလုံးသည် သက်ဆိုင်သည့် အကျိုးကျေးဇူးများကို ရရှိခဲ့သည်ဟု ပြောဆိုရပေလိမ့်မည်။ သူတို့သည်သာ စီနီယာ နန်းဆောင်သခင်ကို ရင်ဆိုင်ရန် အလို့ငှာ ပိုမိုအားကောင်းလှသည့် ရန်ဘက် စွမ်းအားမြင့် ကျင့်ကြံသူများကို ဆွဲဆောင်ခြင်း ဆိုသည်မှာ မြေအင်မော်တယ်လောကကြီးကို သစ္စာဖောက်သလို ဖြစ်သွားနိုင်၏။ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ကို သူတို့မည်သို့မျှ ခုခံကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

“အလကား မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ သူ့ကို ဖမ်းပြီးတော့ စီနီယာနန်းဆောင်သခင်ရှေ့ကိုသာ ပို့လိုက်တော့။ စီနီယာနန်းဆောင်သခင်က ကျုပ်တို့ချင်ကလန်ကို သနားညှာတာမှု ပေးရင်ပေးလိမ့်မယ်။ မသိသလို နေထိုင်နေရင် ပြဿနာ တက်နိုင်တဲ့ကိစ္စပဲ” ဆယ်သုံးယောက်မြောက် အကြီးအကဲသည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက် ၎င်း၏ခန္ဓာကိုယ်မှ အရှိန်အဝါများကို ထုတ်ဖော်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တာအို၏ သင်္ကေတများသည် ပြေးလွှားလျက်ရှိနေပြီး မိုးကောင်းကင်၏ ပိုက်ကွန် တစ်ခုကဲ့သို့ ဖြစ်တည်ကာ တည်နေရာတစ်ခုလုံးကို စတင်ကာ စည်းခတ်လေ၏။

အမူအရာတစ်ခုကို ပြုလုပ်လိုက်သည်နှင့် တပြိုင်နက် ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် တုံ့ပြန်ရန် အဆင်သင့်ဖြစ်လို့ နေခဲ့၏။ ချင်ကလန်၏ အခြေအနေတစ်ခုလုံးသည် ရုတ်တရက် တင်းမာသွားခဲ့သည်။

အဝေးမှ တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည့် အကြီးအကဲ အားလုံးသည်လည်း သတိအပြည့်နှင့် ဖြစ်သွားကြ၏။ ၎င်းတို့သည် အဝေးမှ ကြည့်ရှုချင်ရုံသာရှိ၏။

အခြားသောသူများမှာတော့ ပွဲကြည့်ပရိတ်သတ် သက်သက်မျှသာ။ တချို့သော လူအနည်းငယ်တို့သည် ပဉ္စမ အကြီးအကဲ၏ နည်းလမ်းကို စမ်းသပ်ကြည့်ရန် စိတ်ပါဝင်စားကြသည် ဆိုသော်လည်း ပဉ္စမ အကြီးအကဲကို တိုက်ရိုက်ဆိုသလိုပဲ ဖိနှိပ်ချင်စိတ်က ပိုမိုများပြားသည်။

“ဆယ်သုံးယောက်မြောက် အကြီးအကဲ... ခင်ဗျား ကျုပ်ကို မယှဉ်နိုင်ပါဘူး”

ပဉ္စမ အကြီးအကဲသည် အေးစက်စက်နှင့် တစ်ချက်လှမ်းကြည့်ကာ ပြောဆိုလိုက်၏။ “ကျုပ်သာ ဆက်သွားချင်တယ်ဆိုရင် ခင်ဗျားတို့ ကျုပ်ကို ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်ဘူး။ မြေအင်မော်တယ်လောကမှာရှိတဲ့ အင်အားစုတွေ တော်တော်များများက တခြားသူတွေရဲ့ စစ်တုရင်အရုပ် ဖြစ်လာမယ်လို့ ကျုပ်တွေးနေတာ မှန်တယ် မဟုတ်ဘူးလား”

“တကယ်လို့ စီနီယာနန်းဆောင်သခင်သာ အနာဂတ်မှာ ပိုမိုခန့်မှန်းမရတဲ့ လောကအသီးသီးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် မြေအင်မော်တယ် လောကကြီး တစ်ခုလုံးက ပျက်စီးသွားမှာပဲ။ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းက မြေအင်မော်တယ် လောကကို သစ္စာဖောက်နေတဲ့လူတွေဖြစ်တယ်”

“ဟုတ်လား”

ချင်ကလန်၏ခေါင်းဆောင်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်၏။ သူသည် မျက်မှောင်ကို တင်းမာစွာ ကုတ်ထားမိ၏။ သူ၏ မျက်စိအကြည့်များသည်လည်း စူးရှလှ၏။ အချိန်၏ မြစ်ရေစီးကြောင်းဆီမှ ထွက်ပေါ်လာခဲ့သည့် ရှေးတောင်တန်းကြီးတစ်ခုကဲ့သို့ပင် ၎င်း၏ အရှိန်အဝါများက ကြီးမားလွန်းလှသည်။

ဟောခန်းတစ်ခုလုံးတွင် ကြီးမားလှသည့် ဖိအားများ ဖြစ်တည်လာခဲ့ပြီး အားအင်အဆင့် နိမ့်ကျသူ အားလုံးတို့သည် အနောက်သို့ပင် ခြေလှမ်းဆုတ်သွားခဲ့ကြ၏။ ၎င်းတို့၏ ရင်ဘတ်ပေါ်သို့ ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ကျဆင်းလာသကဲ့သို့ပင် အားလုံးသောသူတို့သည် အသက်ရှူရန် ခက်ခဲလာခဲ့၏။

“ကြည့်ရတာ ခင်ဗျားဆီမှာ ဒီလိုအကြံအစည်ရှိတာ ကြာပြီထင်တယ်။ ဘိုးဘေးချင်ကန်အတွက် လက်စား ချေတယ်ဆိုတာ အကြောင်းပြချက် တစ်ခုပဲ။ ခင်ဗျားရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ ရင်ဆိုင်ဖို့မဟုတ်လား” ၎င်းက အော်ဟစ်လိုက်၏။ ခေါင်းဆောင်၏ အသံသည် တည်ငြိမ်လျက် ရှိနေသည်ဆိုသော်လည်း အဖြစ်မှန်တစ်ခုလုံးကို သေသေချာချာ နားလည်ပြီးသား လူတစ်ယောက်၏ ဟန်ပန်အမူအယာမျိုးနှင့် ပြောဆိုနေခြင်းပင်။

“အဲတော့ ဘာဖြစ်လဲ။ ဘာတွေများ ထူးခြားသွားလဲ” ပဉ္စမအကြီးအကဲသည် မျက်နှာ မပျက်ယွင်းသွားခဲ့ချေ။ ပင်လယ်ထဲတွင် ရှိနေသည့် ကျောက်တုံးကြီးတစ်ခုကဲ့သို့ပင် မားမားမတ်မတ်ဖြင့် ပြန်လည်ကာ ပြောဆို ခွန်းတုံ့ပြန်လျက် ရှိနေ၏။ သူသည် ချင်ကလန်ခေါင်းဆောင်နှင့် ရင်ဆိုင်သည့်နေရာတွင်ပင် ကြောက်လန့်ခြင်း မရှိပေ။

“မြေအင်မော်တယ်လောကကြီးက တခြားလောကအသီးသီးနဲ့ လက်ရှိပေါင်းစပ်ပြီးတဲ့နောက်မှာ လောကရဲ့ အဆင့်အတန်းက ပိုပြီးမြင့်သွားခဲ့တယ် မဟုတ်လား။ အနည်းဆုံး အန္တိမကျင့်ကြံသူတွေတောင်မှ ဒီနေရာမှာ ပေါက်ဖွားလာနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ ထာဝရအသက်ရှင်နေထိုင်မှုဆိုတာ အားလုံးရရှိနိုင်တဲ့ အရာပဲ။ ဒါကြောင့် စီနီယာနန်းဆောင်သခင် ရှိခြင်း၊ မရှိခြင်းက မြေအင်မော်တယ်လောကကြီးအတွက် ဘာမှ မထူးခြားတော့ဘူး”

ဤအဆင့်တွင် နေထိုင်ကြသည့် အင်ပါယာများသည် နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် လူများဖြစ်ပြီး ခက်ခဲသည့် အခြေအနေများကို ကျော်ဖြတ်ခဲ့ဖူးသည့် လူများသာလျှင်ဖြစ်၏။ အစစ်အမှန် အင်မော်တယ်များသည် လေဟာနယ်၏ တည်နေရာပတ်လမ်းကြောင်းများကြားထဲတွင် လွတ်လွတ်လပ်လပ် ဖြင့် သွားလာနိုင်စွမ်း ရှိနေ၏။

သို့ပေမဲ့ ထိုကဲ့သို့သော တည်နေရာ ပတ်လမ်းကြောင်း ဆိုသည်မှာလည်း အကန့်အသက်တော့ တည်ရှိနေ၏။ လေဟာနယ် အရှုပ်အထွေးများကြားထဲသို့ ဝင်ရောက်သွားသည်ဆိုပါက အစစ်အမှန် အင်မော်တယ် တစ်ယောက်ပင်လျှင် လမ်းပျောက်သွားနိုင်သည့် အခြေအနေမျိုးကို ကြုံရနိုင်၏။ လမ်းပျောက်သွားသည် ဆိုပါက ကျိန်းသေပေါက် ၎င်းတို့၏ နေထိုင်ရာဆီသို့ ပြန်လည် မရောက်ရှိနိုင်သော အခြေအနေကို ရင်ဆိုင်ရပေလိမ့်မည်။

သို့ပေမဲ့ အန္တိမ ကျင့်ကြံသူ ဆိုသည်မှာတော့ ခြားနားလျက်ရှိ၏။ ထိုကဲ့သို့သော သူများအတွက် အသက် ဆိုသည်မှာ အရေအတွက်တစ်ခုသာလျှင်ဖြစ်၏။ ၎င်းအနေနှင့် တည်နေရာ လမ်းကြောင်းထဲ၌ လမ်းပျောက်သွားမည် ဆိုလျှင်တောင် ကိစ္စမရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် မသေဆုံးနိုင် သောကြောင့်ပင်။ ဆက်လက်ကာသွားလျှင် တစ်ချိန်ချိန်၌ လမ်းကိုပြန်တွေ့မည် မဟုတ်ပါလား။

ချင်ကလန်၏ ဘိုးဘေးကြီးသည် အန္တိမလမ်းစဉ်ဆီသို့ ချိုးဖြတ်နိုင်ရန် နီးကပ်သည့်အဆင့်တွင် ရောက်ရှိနေခဲ့၏။ တစ်နေ့တွင် အဆင့်ချိုးဖြတ်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ၏ ထိန်းချုပ်မှုမှ အလုံးစုံ လွတ်မြောက်နိုင်သည် မဟုတ်ပါလား။

“ဒီတော့ ခင်ဗျားဆိုလိုတာက နို့သောက်နေရရင် အမေရှိတာနဲ့ တူတူပဲ ဆိုတဲ့ အဓိပ္ပာယ်လား။” ချင်ကလန်၏ ခေါင်းဆောင်သည် စင်မြင့်ဆီမှ တစ်လှမ်းချင်းစီ လျှောက်ဆင်းလာခဲ့၏။ ၎င်း၏ ဝတ်စုံများသည် လေနှင့် အတူ လွင့်မျောလျက်ရှိနေပြီး ၎င်း၏ဆံနွယ်များသည် နတ်ဘုရားဓား‌ကဲ့သို့ပင် လင်းလက်နေ၏။ အလွန် ဆန်းကြယ်လှသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးကို ထိုးခွင်းလု မတတ်ပင်။ လက်ရှိအခြေအနေမှာတော့ ၎င်းသည် နတ်ဘုရားဘုရင် တစ်ပါးကဲ့သို့ပင်‌ ပြောင်းလဲသွားခဲ့ပြီး အားလုံးသောသူများကို ငုံ့ကာ ကြည့်ရှုနေ၏။

“မမေ့နဲ့အုံး... ခင်ဗျားရဲ့ သက်တမ်းက အဆုံးသတ်ကို ရောက်တော့မယ်။ ခင်ဗျားအနေနဲ့ အခုချိန်ထိ အသက်ရှင်နေတာ စီနီယာနန်းဆောင်သခင်ရဲ့ မျက်နှာသာပေးမှုကြောင့်ပဲ။ စီနီယာသာ လောကတွေကို ပေါင်းစပ်လိုက်တာ မဟုတ်ဘူးဆိုရင် ခင်ဗျား အစောကြီးတည်းက သေသွားခဲ့ပြီ”

“အဲတော့ ဘာဖြစ်လဲ”

ပဉ္စမအကြီးအကဲသည် မျက်လုံးများကို မှေးကျဉ်းကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မြေအင်မော်တယ်လောကကြီးက အနာဂတ်မှာ ဖျက်ဆီးခံလိုက်ရမယ်ဆိုရင် စီနီယာနန်းဆောင်သခင်ရဲ့ ဂုဏ်ကျက်သရေကြောင့်လို့ ပြောအုံးမှာလား”

“ဟမ့်”

ချင်ကလန်၏ ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျယ်ပြောလှတဲ့ လောကအသီးသီးထဲမှာ စွန့်စားမှုနဲ့ အခွင့်အရေးဆိုတာ ပူးတွဲပြီး တည်ရှိနေတာ။ လောကအသီးသီးနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ အားလုံးသောသူတွေက အန္တရာယ်တွေ ကြုံရမှာ သေချာတယ်။ မြေအင်မော်တယ်လောကကြီးအတွက် ဒါက စမ်းသပ်မှုတစ်ခုပဲ။ အဲဒီစမ်းသပ်မှုကိုမှ ကျုပ်တို့ မကျော်လွန်နိုင်ဘူးဆိုရင် စီနီယာနန်းဆောင်သခင် ပါဝင်တာဖြစ်ဖြစ်၊ မပါဝင်တာဖြစ်ဖြစ် အားလုံးသောသူတွေ ဒုက္ခရောက်မှာ သေချာတယ်။ ခင်ဗျားလို လူတွေပေါ့၊ စွန့်စားမှုကို မလုပ်ချင်ဘဲနဲ့ အကျိုးကျေးဇူးကိုပဲ ရရှိချင်နေတယ်။ ဒီအချိန်မှာ ခင်ဗျားက ဘာကိစ္စ ပေါက်ကရတွေ လျှောက်ပြောနေရ တာလဲ”

လက်ရှိရှိနေသည့် လူတော်တော်များများတို့သည် သူတို့ခေါင်းဆောင်၏ စကားကို သဘောတူညီ လိုက်မိကြ၏။ သူတို့၏ရှေ့တွင် ခရမ်းရောင်နက်နဲလောကကြီးက ဥပမာအဖြစ် တည်ရှိနေခဲ့၏။ စွမ်းအားမြင့် အစစ်အမှန် အင်မော်တယ်တစ်ယောက်ပင်လျှင် တည်ရှိမွေးဖွားလာသည် မဟုတ်ပါလား။ လာမည့်နှစ်များ အတွင်း ခရမ်းရောင်နက်နဲလောကကြီးသည် တောက်ပသည့် ခေတ်ဦးတစ်ခုကို စတင်ကာ ပိုင်ဆိုင်ပေ လိမ့်မည်။ နှစ်ဆယ်သန်းလောက် ကြာမြင့်သွားသည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး၏ အခြေခံသည် ကျိန်းသေပေါက် မြေအင်မော်တယ်လောကကြီးထက် မည်သို့မျှ နိမ့်ကျတော့မည် မဟုတ်ပေ။

စီနီယာနန်းဆောင်သခင်ဆီမှ ရရှိသည့် သာမာန်ထက်ပိုသည့် အခွင့်အရေးတစ်ခုသည် ခရမ်းရောင်နက်နဲ လောကကြီးကို ဤကဲ့သို့ အခြေအနေမျိုးရောက်အောင် ရောက်ရှိသွားစေခဲ့၏။ ထိုကဲ့သို့သော အခွင့်အရေးများ နှင့်အတူ အန္တရာယ်များသည်လည်း ပါဝင်လာခဲ့သည် မဟုတ်ပါလား။ အန္တရာယ်များကို ကျော်ဖြတ်ပြီးမှ အခွင့်အရေးကို ရရှိနိုင်သည် ဆိုခြင်းသည် လောက၏ သဘာဝပင်။

“ကလန်ခေါင်းဆောင်က လှုပ်ရှားဖို့ စီစဉ်နေတာလား”

ပဉ္စမအကြီးအကဲ၏ မျက်နှာအသွင်အပြင်သည် အေးစက်လျက် ရှိနေ၏။ ၎င်းဆီမှ ရောင်စဉ်ရောင်ဝါလှိုင်းများ ထွက်ပေါ်လျက် ရှိနေလေ၏။ ၎င်းနှင့် ကလန်ခေါင်းဆောင်တို့၏ကြားတွင် တင်းမာခက်ထန်သည့် အခြေအနေတစ်ခုက စတင်ကာ ဖြစ်တည်လာခဲ့၏။

“အမှန်ပဲ”

ချင်ကလန်၏ ခေါင်းဆောင်သည် ဘာတစ်ခုကိုမှ သိုဝှက် မထားချေ။ ခေါင်းညိတ်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည် “ဒီနေ့ ခင်ဗျားကို ကျုပ် အမှန်ပြောပြမယ်။ လူတိုင်းက ရိုသေလေးစားထိုက်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်သင့်တယ်”

All Chapters