← Chapters

အခန်း (၄၉၁)

Vol. 33 Ch. 491

အခန်း (၄၉၁)

Vol. 33 Ch. 491

“ဪ”

ချင်ကလန်၏ ဘိုးဘေးသည် ဪ ဟူသော စကားလုံး တစ်ခုကိုသာ ပြောဆိုလိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ အံ့အားသင့်သည် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူက တီးတိုး ရေရွတ်လိုက်၏။ “နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက် လောကအသီးသီးမှ အန္တိမ ကျင့်ကြံသူ ဆိုတာတောင် ပေါ်လာပြီလား။ လိုချင်တဲ့ သတင်းအချက်အလက်တွေကို လိုချင်သလို ရနိုင်တယ် ဟုတ်လား။ စိတ်ဝင်စားစရာပဲ”

အစစ်အမှန် အင်မော်တယ် သတင်းနှင့် ပတ်သက်ပြီး သူက စဉ်းစားလိုက်၏။ ပြီးနောက် သူ၏ မျက်နှာပေါ်တွင် တွေးတွေးဆဆ အမူအရာများ ပေါ်ပေါက်လာခဲ့သည်။

“ဒီလိုဆိုရင် မြေအင်မော်တယ်လောကကြီးနဲ့ တခြားလောကတွေရဲ့ ပေါင်းစပ်မှုက အကြောင်းအရာ မရှိဘဲ ဖြစ်လာတာ မဖြစ်နိုင်ဘူး” ချင်ကလန်၏ ဘိုးဘေးသည် ပျော်ရွှင်သွားမိ၏။ သူသည် အရူးတစ်ယောက် မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးသည့်နောက် မြေအင်မော်တယ်လောကကြီးနှင့် တခြားသော လောကတို့ ပေါင်းစပ်မှုကို သူ တစ်ခါမှ မမြင်ခဲ့ချေ။

ရုတ်တရက် လောကကြီးနှစ်ခု ပေါင်းစပ်မှုသည် ရိုးရှင်းလှသည့် အရာမဟုတ်ကြောင်း သူက ကောင်းကောင်း သိရှိ၏။ ထို့အပြင် များပြားလှသည့် လောကကြီ၏ ပေါင်းစပ်မှုများ ကြားထဲတွင် လောကကို ပျက်စီးသွားနိုင်စွမ်း ရှိသည့် နိယာမ ရှုပ်ထွေးမှုများ ဖြစ်တည်လာခဲ့၏။ နှစ်ဖက်လုံးသည် သုတ်သင်ရှင်းလင်းခြင်း ခံရပြီး ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်မျိုးလည်းရှိ၏။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မြေအင်မော်တယ်လောကနှင့် တခြားသော လောကများသည် ထိုကဲ့သို့ သက်ရောက်မှုများ မရှိဘဲ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း ဖြစ်တည်နေခဲ့၏။ သူ တံခါးပိတ် ကျင့်ကြံ နေသည်ကိုပင် သက်ရောက်ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုကဲ့သို့ ဖြစ်တည်လာခဲ့သည့် အန္တရာယ်လှိုင်းများ အားလုံးကို မမြင်ရသည့် လက်ကြီးတစ်ဖက်က ကြိုတင်ကာ ဖယ်ရှားထားသကဲ့သို့ပင်။

“အမှန်ပဲ”

ချင်ကလန် ခေါင်းဆောင်၏ မျက်လုံးများက လင်းလက်လာခဲ့၏။ သူက ပြောလိုက်၏။ “စီနီယာ နန်းဆောင်သခင်ရဲ့ နည်းလမ်းတွေက ဒါတွေ အကုန်လုံးပေါ့။ သူက လောကအသီးသီးကို ပေါင်းစပ်ပြီးတဲ့နောက်မှာ လောကကြီးကို အဆင့်မြှင့်တင်ခဲ့တာပဲ။ သူက သက်ရှိသတ္တဝါတွေ အားလုံးအတွက် တကယ့်ကို ကောင်းမွန်တဲ့ အရာတွေ ပြုလုပ်ခဲ့တဲ့ လူတစ်ယောက်ပဲ”

လောကကြီးများ ပေါင်းစပ်ခြင်းသည် ကျင့်ကြံသူများအတွက် တိုက်ရိုက်ဆိုသလိုပဲ အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့၏။ ၎င်းတို့ လျှောက်ရမည့် ကျင့်ကြံခြင်းလမ်းစဉ်သည် ပိုမိုကာ အဆင်ပြေချောမွေ့လာသလို ပိုမိုကာလည်း ရှည်လျားလာခဲ့ကြ၏။ သာမန်လူများပင်လျှင် ကောင်းမွန်သည့် အကျိုးကျေးဇူးများကို ရရှိကြ၏။ ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် ရှိနေသည့် လူများသည် မည်ကဲ့သို့ အကျိုးမရှိဘဲ နေမည်နည်း။

လောကတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမိုကာ တိုးပွားလာပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်များသည်လည်း ပိုမိုကာ အားကောင်းလာခဲ့သည်။ အသက်လည်း ပိုမိုကာ ရှည်လာပေလိမ့်မည်။ ပါရမီရှင်အားလုံးတို့သည် ကြီးမားသည့် အကျိုးကျေးဇူးများကို ရရှိကာဖြင့် ကောင်းကင်ယံထက်မှ နဂါးများကဲ့သို့ပင် ဝံ့ကြွားစွာ နေထိုင်နိုင်တော့မည် ဖြစ်သည်။

“ဒီလိုနည်းလမ်းတွေ။ ငါ သူ့ကို ယှဉ်လို့ မရဘူး” ချင်ကလန်၏ ဘိုးဘေးက အသာပြောလိုက်၏။

ထိုစကားကို ကြားသည့်အချိန်မှာတော့ ချင်ကလန်၏ ခေါင်းဆောင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ပိုမိုအားကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် စီနီယာနန်းဆောင်သခင် ၏ ကြောက်မက်ဖွယ်ရာ အားအင်အဆင့်ကို ကောင်းကောင်းသိရှိပုံပေါ်သည်။

သူတို့၏ ဘိုးဘေးသည်သာ ထိုအရာကို မြင်နိုင်သည်ဆိုလျှင် သားတစ်ယောက် ဆုံးရှုံးခြင်းသည် ဘာမှ မဟုတ်ကြောင်း သိရှိနားလည်ပေလိမ့်မည်။ ချင်ကလန် တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်း ခံရသည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် ပြန်လည်ကာ နိုးထနိုင်သည့် အရာမျိုး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။

“ဒါပေမဲ့”

ချင်ကလန် ဘိုးဘေးကြီး၏ လေသံက ပြောင်းလဲသွားခဲ့၏။ သူက ပြောလိုက်၏။ “ကျုပ် သူနဲ့သာ တိုက်ခိုက်ရမယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီး ရမှာပဲ။ ပိုမို မြင့်မားတဲ့ အဆင့်ကိုတောင် ခြေလှမ်း နိုင်လိမ့်မယ်”

ချင်ကလန်၏ ခေါင်းဆောင်သည် သူ့အား စီနီယာနန်းဆောင်သခင် ဆိုသည်မှာ အရာအားလုံးကို သိရှိနိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်ကြောင်း ပြောပြခဲ့၏။ ထို့ကြောင့် ချင်ကလန်၏ ဘိုးဘေးအနေနှင့် စီနီယာနန်းဆောင်သခင်သည် ကံကြမ္မာဖတ်ခြင်း အတတ်ပညာတွင် စွမ်းဆောင်ရည် ကောင်းမွန်သူဖြစ်ကြောင်း ယုံကြည်မိ၏။ ထိုကဲ့သို့သော သူ၏ တိုက်ခိုက်ရေး အားအင်အဆင့်သည်လည်း ကျိန်းသေပေါက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။

တစ်စုံတစ်ယောက်၏ အားအင်အဆင့် မြင့်မားလေလေ ဖြစ်နိုင်သည့် အကျိုးဆက်ကို သိရှိလေပင် ဖြစ်၏။ ဥပမာအားဖြင့် သူ့အနေနှင့် ကံကြမ္မာဖတ်ခြင်း အတတ်ပညာကို မကျွမ်းကျင်ဘူး ဆိုလျှင်တောင်မှ သာမန်လူ တစ်ယောက် ဘာတွေ တွေးနေသည်ကို လွယ်လွယ်ကူကူ သိရှိနိုင်၏။ တစ်ဖက်လူ ဘာလိုချင်သည်။ တစ်ဖက်လူ၏ အနာဂတ်သည် ဘာတွေဖြစ်လာမည် ဆိုသည်ကို ကြိုတင်ကာ ခန့်မှန်းနိုင်၏။ တူညီသည့် အဆင့်တွင် ရှိနေသည်ဆိုပါက ထိုကဲ့သို့သော သုံးသပ်မှုသည် မှားယွင်းနိုင်သည်။

သူ၏အမြင်အရဆိုလျှင် စီနီယာနန်းဆောင်သခင်သည် အားကောင်းကောင်း အားကောင်းပေလိမ့်မည်။ သို့ပေမဲ့ အလိုဆန္ဒနှင့် ပြည့်စုံသည့် လူတစ်ယောက်တော့ ဖြစ်သည့်ပုံ မပေါ်ချေ။

သူ၏ လက်ရှိအဆင့်ဆီမှ အဆင့် ချိုးဖြတ်နိုင်ရန် ရည်မှန်းချက်အတွက် တစ်ဖက်လူနှင့် စမ်းသပ် တိုက်ခိုက် ကြည့်ရပေလိမ့်မည်။

တစ်ဖက်လူသည်သာ သူ၏ အလိုဆန္ဒကို မဖြည့်ဆည်းနိုင်ပါက ဘာမှထူးခြားလှမည် မဟုတ်သော်လည်း အလိုဆန္ဒကို ဖြည့်ဆည်းနိုင်မည် ဆိုပါက သူသည် အတွေးအမြင်များကို ရရှိပေလိမ့်မည်။ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း ဆိုသည်မှာ တစ်စုံတစ်ယောက်၏ ဉာဏ်အလင်းနှင့် အားအင်အဆင့်ကို ရရှိနိုင်သော အလွယ်ကူဆုံး နည်းလမ်းပင် ဖြစ်လေ၏။

မြေအင်မော်တယ်လောကကြီးတွင် အစစ်အမှန် အင်မော်တယ်များ တည်ရှိသည် ဆိုသော်လည်း ထာဝရ အစစ်အမှန် အင်မော်တယ်သည် တကယ့်ကို ဆန်းကြယ်စွာ တည်ရှိခဲ့၏။ သို့ပေမဲ့ ထိုထာဝရ အစစ်အမှန် အင်မော်တယ်မှာ သူ့ထက် ပိုမိုကာ အားကောင်းသည်ဟု ချင်ကလန် ဘိုးဘေးက ဘယ်သောအခါကမှ မတွေးတောခဲ့ချေ။

အားကောင်းလှပါသည်ဆိုသော လူများသည် သူ နင်းလျှောက်နိုင်ရန် ကျောက်လှေကားများပင် ဖြစ်လေ၏။ လက်ရှိ အချိန်မှာတော့ စီနီယာနန်းဆောင်သခင်သည် ထိုကဲ့သို့သော ကျောက်လှေကားများထဲမှ တစ်ခုဖြစ်သည်ဟု သူက သတ်မှတ်လိုက်သည်။

မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် အနေနှင့် အန္တိမ လမ်းစဉ်ကို မရောက်သေးဘူးဆိုလျှင်တောင်မှ ထိုနေရာနှင့် ဝေးသည့်နေရာတွင် မရှိချေ။ ထို့ကြောင့် တစ်ဖက်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီး သူ့အနေနှင့် အနိုင်မယူနိုင်ဘူး ဆိုလျှင်တောင်မှ သူထွက်ခွာသွားရန် အတွက်တော့ ထိုစီနီယာနန်းဆောင်သခင်က တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

“မဟုတ်ဘူး ဘိုးဘေး” ချင်ကလန်ခေါင်းဆောင်၏ ဝိညာဉ်တစ်ခုလုံးသည် တုန်ခါသွား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အေးစက်သွား၏။ သူ ကြားရသည်များကို မယုံကြည်နိုင်သလိုပင် ဖြစ်လို့နေခဲ့၏။ ဘိုးဘေးကြီးသည် တကယ်ပဲ ရူးသွပ်သွားလေသည်လား။ စီနီယာနန်းဆောင်သခင်ကို စိန်ခေါ်ချင်နေသည်လား။ ဤအရာမှာ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကိစ္စရပ်ပင် ဖြစ်၏။

သူ၏ ဘိုးဘေးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည် ဖြစ်သောကြောင့် စီနီယာနန်းဆောင်သခင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးချေ။ ထို့ကြောင့် ထိုကဲ့သို့သော အတွေးမျိုး ရှိနေသည်လား မသိရှိနိုင်ပေ။

တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် ၎င်းတို့၏ ဘိုးဘေးကြီးသည် တူညီသည့် အဆင့်တွင် တည်ရှိ၏။ ထာဝရ အစစ်အမှန် အင်မော်တယ်သည် ယခင်တုန်းက လှုပ်ရှားခဲ့ဖူးသည် ဆိုလျှင်တောင်မှ စီနီယာနန်းဆောင်သခင်ကို စိန်ခေါ်ရန် စိတ်ဆန္ဒ ရှိခဲ့ပုံ မပေါ်ချေ။ သို့သော်ငြား အဘယ့်ကြောင့် သူတို့၏ ဘိုးဘေးကြီးသည် ဤမျှ ယုံကြည်ချက် ရှိနေရသနည်း။

စီနီယာနန်းဆောင်သခင် အနေနှင့် လောကကြီးထဲသို့ ရောက်ရှိသည့် အချိန်တွင် ကြင်နာနူးညံ့စွာ နေထိုင်ခဲ့သည့်လူ တစ်ယောက်ဖြစ်ပြီး အင်ပါယာကျန်းထျန်ကိုပင် သတ်ဖြတ်ခဲ့သူ တစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ ထိုအရာသည် တစ်စုံတစ်ယောက် အနေနှင့် သွားရောက်ကာ အနိုင်ကျင့်၍ ရနိုင်သည်ဟူသော အဓိပ္ပာယ် မဟုတ်ချေ။

စီနီယာ နန်းဆောင်သခင်သည်သာ စိတ်ဆိုးသည်ဆိုပါက ကျိန်းသေပေါက် ဘိုးဘေးကြီးကို သေဆုံးသွားအောင် ရိုက်သတ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် တရားမျှတစွာဖြင့် သေဆုံးသွားပေလိမ့်မည်။

“ဘိုးဘေး... ဘိုးဘေးရဲ့ အားအင်အဆင့်က မြေအင်မော်တယ်လောကမှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီ ဆိုပေမဲ့ အန္တိမလမ်းစဉ်ဆီကို ရောက်ဖို့အတွက်တော့ နည်းနည်း လိုသေးတယ်။ စီနီယာနန်းဆောင်သခင်က အရမ်းကို အားကောင်းတယ်။ သူက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်ဖို့ အရာကိုသာ အာရုံစိုက်တယ် ဆိုပေမဲ့ ကြောက်စရာ ကောင်းတယ်”

“လူငယ်မျိုးဆက် ရဲ့ အထင်အရဆိုရင် သူ့ရဲ့ တိုက်ခိုက်မှု စွမ်းရည်အဆင့်က မှတ်မှတ်သားသား မရှိလောက်ပါဘူး” တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ပဉ္စမ အကြီးအကဲသည် အချိန်ကိုက် ဝင်ရောက်ကာ ပြောဆိုလိုက်၏။

ကောင်းကင်၏ လျှို့ဝှက်ချက်များကိုသာ တွက်ချက်နိုင်စွမ်း ရှိနေသည့် တစ်စုံတစ်ယောက်သည် လောကထဲတွင် ပြိုင်ဘက်ကင်းဖြစ်သည်ဟု ဖော်ညွှန်း၍ မရနိုင်ခဲ့ချေ။ ၎င်း၏ ကံကြမ္မာဖတ်ခြင်း အတတ်ပညာသည် တကယ့်ကို ကောင်းမွန်သည် ဆိုလျှင်တောင်မှ ကိုယ်ပိုင်အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု သတ်မှတ်၍ မရနိုင်ချေ။

ဆေးပညာ၊ လက်နက်သန့်စင်သည့် အတတ်ပညာတွင်လည်း ထူးချွန်လှသူများရှိ၏။ သို့ပေမဲ့ တချို့သော လူများသည် တိုက်ခိုက်နိုင်မှု စွမ်းရည်တွင် လျော့ပါးလျက် ရှိသည်။ ထိုအတွေးကို ပဉ္စမ အကြီးအကဲကော၊ ချင်ကလန်၏ ဘိုးဘေးရောပါ တွေးမိကြသည်။

“ကလန်ထဲမှာ စောင့်နေအုံး။ ငါ နန်းဆောင်သခင်နဲ့ သွားပြီးတော့ တွေ့လိုက်အုံးမယ်”

ချင်ကလန်၏ ဘိုးဘေးသည် ပဉ္စမ အကြီးအကဲကို လှမ်းပြီးကြည့်လိုက်၏။ သူသည် အကြီးအကဲ၏ စိတ်ထဲတွင် ရှိနေသည့် အတွေးများကို အာရုံခံမိပြီးဖြစ်၏။ သို့ပေမဲ့ ထုတ်ကာ မပြောခဲ့ချေ။ အရာအားလုံးသည် သူပြန်လာပြီးမှ ဖြေရှင်းရပေမည်။ ပြီးသည့်နောက် သူသည် ရှေ့သို့ လှမ်းတက်ကာဖြင့်‌ ပျောက်ကွယ်သွားလေ၏။

သူ၏ ခရီးစဉ်တွင် ရည်ရွယ်ချက်နှစ်ခု ရှိ၏။ တစ်ခုသည် စီနီယာနန်းဆောင်သခင် ဆိုသူကို စိန်ခေါ်ရန်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့် ပိတ်မိနေခြင်းအား ကျော်ဖြတ် အဆင့်မြှင့်တင်ရန်ဖြစ်၏။ ဒုတိယတစ်ခုမှတော့ သူ့သားအတွက် လက်စားချေရန်ပင်ဖြစ်၏။ ချင်ကန်၏ သေဆုံးမှုသည် အဖေတစ်ယောက်အနေနှင့် ပြန်လည်ကာ လက်စားချေရမည့် အရာမျိုးဖြစ်သည်။ ကျိန်းသေပေါက် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေရမည့် အရာမျိုး မဟုတ်ချေ။

အကျိုးသင့်၊ အကြောင်းသင့် နှစ်ခုလုံး တည်ရှိနေသည် ဖြစ်သောကြောင့် ကျိန်းသေပေါက် သူ့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားရောက်လည်ပတ်ရမှာဖြစ်သည်။

“သွားပြီပဲ”

ဘိုးဘေးကြီး ထွက်ခွာသွားသည်ကို မြင်ရသည့် အချိန်မှာတော့ ချင်ကလန်ခေါင်းဆောင်သည် ခန္ဓာကိုယ် ထဲတွင် ရှိနေသည့် အားအင်များအားလုံး ကုန်ဆုံးသွားသလို ခံစားနေမိ၏။ ဘိုးဘေးကြီးသည် အဘယ်ကြောင့် ဤမျှ ဉာဏ်နည်းရသနည်း။

လက်ရှိလောကကြီးတွင်ရှိသည့် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလှသော ကျင့်ကြံသူ အားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရန်မစရဲချေ။ ယခု ဘိုးဘေးကြီးသည် စီနီယာနန်းဆောင် သခင်ကို ပြဿနာရှာရန် ရွေးချယ်ခဲ့၏။

လက်ရှိလောကကြီးတွင် သက်ရှိသတ္တဝါပေါင်းများစွာတို့သည် မည်သည့် ဖိအားပေးမှုမှ မရှိဘူး ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အလုပ်အကြွေးပြုရန် အဆင်သင့် ဖြစ်လို့နေခဲ့၏။ အခြေအနေလေး တစ်ခုသည် ချင်ကလန် တစ်ခုလုံးအား သုတ်သင်ရှင်းလင်းပစ်နိုင်သည့် အခြေအနေမျိုး ဆီသို့ ရောက်ရှိသွားနိုင်သည်။

ရန်သူ တစ်ယောက်၊ နှစ်ယောက်လောက်ကို ရင်ဆိုင်နိုင်စွမ်း ရှိသည် ဆိုလျှင်တောင်မှ ချင်ကလန်သည် လောကကြီး တစ်ခု သို့မဟုတ် များပြားလှသည့် လောကအသီးသီးတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

All Chapters