← Chapters

အခန်း (၄၉၂)

Vol. 33 Ch. 492

အခန်း (၄၉၂)

Vol. 33 Ch. 492

ချင်ကလန်၏ ခေါင်းဆောင်သည် တည်နေရာမှာတင် မတ်မတ်ရပ်လျက် ရှိနေပြီး ထွက်ခွာသွားခဲ့သော ချင်ကလန်၏ ဘိုးဘေးကြီးကို လှမ်းကာ ကြည့်ရှုနေမိ၏။ ချင်ကလန် တစ်ခုလုံးသည် ဆိုးရွားလွန်းသည့် အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို သူက ကြိုတင် မြင်နေရ၏။

လွင့်မျောတိမ်တောင် ပျက်စီးသွားခြင်းသည် မည်မျှ ကြာမြင့်သေးသနည်း။ ချင်ကလန်သည်လည်း ထိုလမ်းစဉ်ဆီသို့ လိုက်ပါရပေတော့မည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လှုပ်ရှားမှု မပြုလုပ်ဘူး ဆိုလျှင်တောင်မှ တစ်စုံ တစ်ယောက်ကို ညွှန်ကြားနိုင်စွမ်း ရှိနေ၏။ လွင့်မျောတိမ်တောင်ကို ဖျက်ဆီးခဲ့သော မုန့်ရှင်းကျီကဲ့သို့သော အင်ပါယာ တစ်ယောက်ယောက် အား လက်ညှိုးညွှန်ကာ စေခိုင်းနိုင်စွမ်းရှိ၏။ နိရယ အင်ပါယာ ကဲ့သို့သော တစ်စုံ တစ်ယောက်အား စေခိုင်းလိုက်သည်ဆိုပါက ချင်ကလန်သည် သံသယရှိစရာမလိုဘဲ ပျက်စီးသွားမှာ သေချာ၏။

“ကလန်‌ခေါင်းဆောင်…. ကျုပ်တို့ ချင်ကလန်”

ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် ရှေ့ဆီသို့ လှမ်းတက် လာခဲ့၏။ သို့ပေမဲ့ သူ ဆုံးအောင် မပြောခဲ့ရချေ။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ လက်ရှိ ရှိနေသမျှသော လူများသည် မည်သူမှ အရူးမဟုတ်ကြချေ။ ဘိုးဘေးကြီး ထွက်ခွာသွားသည့် တည်နေရာကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ မျက်နှာသွင်ပြင်များသည် တကယ်ပင် ပျက်ယွင်းလျက် ရှိနေသည်။

ပဉ္စမအကြီးအကဲ တစ်ယောက်သည်သာ တည်ငြိမ်သည့် အပြုံးဖြင့် တည်ရှိနေ၏။ သူတို့၏ ဘိုးဘေးကြီး သည် စီနီယာနန်းဆောင်သခင်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်းကို သူက သိရှိ၏။ သို့ပေမဲ့ လ ဘိုးဘေးကြီးသာ အားကုန်ထုတ်၍ တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် အကြောင်းအရာ တစ်ခုခု ပြောင်းလဲ သွားမှာ သေချာ၏။

ဘိုးဘေးကြီးသည်သာ စီနီယာနန်းဆောင်သခင်ကို မောင်းထုတ်နိုင်သည်ဆိုပါက ချင်ကလန် တစ်ခုလုံးသည် ကျိန်းသေပေါက် ကြီးကျယ်မြင့်မြတ်သည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့အတူ မြေအင်မော်တယ် လောကကြီးသည်လည်း လက်ရှိလောကကြီးများကို လွှမ်းမိုးနိုင်စွမ်း ရှိမည်မှာ သံသယရှိစရာ မလိုပေ။ တခြားသော လောကကြီးများနှင့် ထပ်မံပေါင်းစပ်မည့် စိုးရိမ်ပူပန်မှုများမှလည်း လွတ်ကင်း သွားပေမည်။

ထိုသို့ဆိုလျှင် ချင်ကလန်သည် ဌာနခွဲနန်းဆောင်များကို ဖွင့်လှစ်ပြီး လောကအသီးသီးကို သိမ်းပိုက် လွှမ်းခြုံနိုင်ပေလိမ့်မည်။ လှပသည့် အနာဂတ်အကြောင်းကို တွေးတောပြီးသည့်နောက် ပဉ္စမ အကြီးအကဲသည် ထကာ ရယ်မောလိုက်မိ၏။ သူသည် အင်္ကျီလက်ကို ယမ်းခါပြီးသည့်နောက် ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။

“ကျင့်ကြံသူတွေ ဆိုတာက ကောင်းကင်ကို ပုန်ကန်တာပဲလေ။ ကောင်းကင်ကိုမှ မပုန်ကန်နိုင်ဘူးဆိုရင် ဘာလုပ်နိုင်မှာလဲ။ အကြောက်အလန့်တရားတွေကို ဖယ်ရှားလိုက်ကြ”

“ခင်ဗျား မှားနေပြီ”

ချင်ကလန်၏ ခေါင်းဆောင်သည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကောင်းကင်ကို ပုန်ကန်တယ်ဆိုတာ ဖြစ်နိုင်တဲ့ အကြောင်းအရာပဲ။ ဒါပေမဲ့ စီနီယာနန်းဆောင်သခင်ကို ပုန်ကန်တယ်ဆိုတာ အသက်ရှင်ဖို့ လမ်းမရှိဘူး”

စီနီယာနန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကိုသာ တွက်ချက်နိုင်စွမ်း ရှိသည်ဟု သူက မယုံကြည်ပေ။ တိုက်ခိုက်နိုင်မှုစွမ်းရည် မရှိဘူးဆိုသည်မှာ ဝေလားဝေးပင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော ကျင့်ကြံသူတစ်ယောက် ….. အင်ပါယာအဆင့် အခွင့်အရေးများကိုပါ လမ်းညွှန်ပေးနိုင်စွမ်း ရှိနေသည့် လူတစ်ယောက်အနေနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေခံကို ပိုင်ဆိုင်မှာ သေချာ၏။

တစ်ဖက်လူများကို လမ်းညွှန်ပြသပေးနိုင်သည် ဆိုမှတော့ သူ့အတွက် ရရှိနိုင်သည့် အခွင့်အရေးများကို မည်ကဲ့သို့ လက်လွှတ်ထားမည်နည်း။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မူလအရင်းအမြစ်နှင့် အားအင်အဆင့်ကို ပိုင်ဆိုင်သော လူတစ်ယောက်၊ ချင်ကလန်သည် ကျိန်းသေပေါက် ထိုသူကို သွားရောက် ရန်ပြု၍ မရနိုင်ဘူး ဆိုသည်ကို ဦးနှောက်ရှိသော လူအားလုံးက သိရှိပြီးဖြစ်သည်။

“အင်း.. စောင့်ကြည့်ကြတာပေါ့” ပဉ္စမ အကြီးအကဲက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“ခင်ဗျား အရမ်းကြီး ပွဲခံမနေဖို့ ကျုပ် အကြံပေးချင်တယ်”

ချင်ကလန်၏ ခေါင်းဆောင်သည် အသက်ကို ပြင်းပြင်း ရှူလိုက်၏။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေခဲ့၏။ ပဉ္စမ အကြီးအကဲကို သိုသိုသိပ်သိပ် နေထိုင်ရန်အတွက် သူ အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့၏။ သို့ပေမဲ့ ဘိုးဘေးကြီးကို သွားရောက်ကာ ရှုပ်ထွေးခဲ့လေသည်။

ထို့ကြောင့် သူသည် လေဟာနယ် တစ်ခုလုံးကို စည်းခတ်လိုက်၏။ ပဉ္စမ အကြီးအကဲ ထွက်ပြေးသွားနိုင်သည့် လမ်းစဉ်အားလုံးကို ပိတ်ပင်လိုက်ခြင်းပင်။

ဤအရာသည် ရှင်းလင်းလွန်းလှ၏။ ပဉ္စမ အကြီးအကဲ ပြောဆိုခဲ့သလို စီနီယာနန်းဆောင်သခင်သည်သာ ကောင်းကင်မူလလောကကြီးထဲမှ ထွက်ခွာသွားသည် ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဘိုးဘေးကြီးသာ သေဆုံးသွားသည်ဆိုပါက ချင်ကလန်သည် ကျိန်းသေပေါက် ပဉ္စမအကြီးအကဲကို တိုက်ရိုက်ဆိုသလိုပဲ ဖမ်းဆီးကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပေးပို့ရပေမည်။

“ဟား ဟား ဟား”

ပဉ္စမ အကြီးအကဲက ရယ်မောလိုက်၏။ သူသည် ချင်ကလန် ခေါင်းဆောင် ပြုလုပ်သည့် အကြောင်းအရာကို မြင်၏။ သို့ပေမဲ့ တစ်ချက်ကလေးမှ မတားဆီးခဲ့ချေ။

လက်ရှိအခြေအနေ၌ ကောင်းကင်မူလလောကကြီး၏ အပြင်ဘက်မှာတော့ ကြီးမားသည့် တိုက်ပွဲကြီးများ ဖြစ်တည်လျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီး၏ နယ်နိမိတ်သည် တဖြည်းဖြည်းနှင့် အနောက်သို့ ဆုတ်ခွာလျက် ရှိနေပြီး ကောင်းကင်မူလလောကကြီး၏ တောနက် အတွင်းပိုင်းဆီသို့ပင် ရောက်ရှိလာခဲ့၏။ ထပ်မံကာ ရှေ့ဆီသို့ လှမ်းတက်နိုင်မည်ဆိုပါက ကောင်းကင်မူလလောကကြီး တကယ့်နေရာ၊ ဗဟိုနေရာ သို့ပင် ရောက်ရှိပေတော့မည်။

လက်ရှိအချိန်မှာတော့ ကောင်းကင်မူလလောကကြီးဘက်တွင် အားလုံးသော သူများသည် ဒဏ်ရာ ရရှိထားပြီး တော်တော်များများ သေဆုံးသွားခဲ့၏။ များပြားလှသည့် အင်ပါယာများသည် သုတ်သင်ခြင်းကို ခံနေရပြီး ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူများ၊ တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံသူများပင်လျှင် ဆိုးဆိုးရွားရွား သေဆုံး နေကြ၏။

အင်ပါရီယာရီကလန်၏ ဘိုးဘေးပင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ဝိညာဉ်သာလျှင် ကျန်ရှိတော့၏။ တခြားသောသူများ၏ ကူညီပေးမှု မရှိသည်ဆိုပါက ကောင်းကင်မူလလောကကြီး၏ အင်ပါယာ တစ်ယောက်သည် သေဆုံးသွားမှာ သေချာသည်။

တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလှျင် မြေအင်မော်တယ်‌လောကကြီးသည် ရှေ့ကို တစ်လှမ်းတိုးတိုင်း ကြီးမားသည့် ပေးဆပ်မှုကြီးကို ပေးဆပ်နေရ၏။ သို့ပေမဲ့ ၎င်းတို့သည် ၎င်းတို့လောက၏ အမွေအနှစ်ကောင်းများကို ရရှိထားသောကြောင့် စွမ်းအားမြင့် ကျင့်ကြံသူများ လုံလုံလောက်လောက် တည်ရှိနေ၏။ ထို့ကြောင့် ပေးဆပ်ရသည့် တန်ဖိုးကို ကောင်းကောင်း ပေးဆပ်နိုင်၏။ အင်ပါယာ ခုနှစ်ယောက်၊ ရှစ်ယောက်လောက် ဆုံးရှုံးသွားခြင်းသည် သူတို့အတွက် ဘာမှ မဟုတ်လှချေ။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီး အတွက်တော့ တကယ့်ကို ကြီးမားသည့် ဆုံးရှုံးမှုပင် ဖြစ်၏။

“ကောင်းကင်မူလလောကကြီးက ဘယ်အချိန်မှာ ခုခံတာကို ရပ်တန့်မှာလဲ” အောင်းရွှမ်နှင့် တိုက်ခိုက်လျက် ရှိနေသည့် အင်ပါယာတစ်ယောက်က မေးမြန်းလိုက်သည်။ သူ၏ လှုပ်ရှားတိုက်ခိုက်မှုများ အားလုံးသည် လောက၏ စွမ်းရည်များ အားလုံးကို ထိန်းချုပ်ထားသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ၎င်း၏ လှုပ်ရှား တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းသည် မီးညွှန့် မီးပန်းများပင် ထွက်ပေါ်စေသည်။

ဘုန်း

အောင်းရွှမ်၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းပြင်းထန်ထန်ဖြင့် ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ၏ ကြီးမားလှသည့် နဂါးခန္ဓာကိုယ်ကြီးသည် ဒဏ်ရာ ဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိ၏။ တချို့သော နဂါးအကြေးခွံများပင်လျှင် ကွာကျလျက် ရှိနေ၏။ အရိုးကိုပင် မြင်နိုင်လောက်သည့် ဒဏ်ရာနက်ကြီးများ လည်း ကိုယ်ပေါ်တွင် တည်ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ ဂုဏ်ယူရလောက်ပါသည်ဆိုသော နဂါးကလန်၏ နဂါးခန္ဓာကိုယ် တစ်ခုလုံးသည် ကြံ့ကြံ့ခံနိုင်ရန်ပင် မနည်းကြိုးစားနေရ၏။ ခန့်မှန်း၍ မရနိုင်သည့် ရန်သူနှင့် ရင်ဆိုင်နေရပြီး သူ့ထက် ပိုမိုကာ အားကောင်းလှသည့် အင်ပါယာတစ်ယောက်နှင့် တိုက်ခိုက်နေရသည့် အချိန်မှာတော့ အောင်းရွှမ်သည် မည်သို့မှ မယှဉ်နိုင်တော့ချေ။ သူသည် အစစ်အမှန် ပုံစံကို ပြောင်းလဲထားသည် ဆိုလျှင်တောင်မှ ဆိုးဆိုးရွားရွား ဖိနှိပ် ရိုက်နှက်ခြင်းကို ခံနေရ၏။

“အသစ် ပေါ်ပေါက်လာခဲ့တဲ့ အင်ပါယာ တစ်ယောက်က ကျုပ်ကို အရှုံးပေးလိုက်တော့။ ကျုပ်ရဲ့ စီးတော်ယာဉ်သာ ဖြစ်လာမယ်ဆိုရင် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးမယ်” မြေအင်မော်တယ်လောက၏ အင်ပါယာသည် မောက်မာစွာဖြင့် ပြောဆိုလိုက်၏။ ၎င်းသည် ဆန်းကြယ်လှသည့် ဟန်ပန် အမူအရာများ တည်ရှိပြီး တောင့်တင်း ခိုင်မာလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ ၎င်း၏ အော်ရာသီးသန့်နှင့်ပင် လေဟာနယ်တစ်ခုလုံးသည် တွန့်လိမ်နေစေသည်။

“ဘယ်သူ့ကိုမှ အလျော့မပေးဘူး ...” အောင်းရွှမ်သည် အံကိုကြိတ်ကာဖြင့် ပြောဆိုလိုက်၏။

သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရချေ။ တစ်ဖက်လူက တားဆီး လိုက်သည်။

“ခင်ဗျား အညံ့မခံဘူး ဆိုမှတော့ သေလိုက်တော့” မြေအင်မော်တယ်လောက၏ အင်ပါယာသည် အေးစက်စက် ပြောဆိုလိုက်၏။

ရှေ့ဆီသို့ တစ်လှမ်းလှမ်းတက် ပြီးသည့်နောက် ၎င်းသည် အောင်းရွှမ်၏ ရှေ့တည့်တည့်ဆီသို့ ရောက်ရှိ လာခဲ့၏။ ကြမ်းတမ်းလှသည့် အားအင်လှိုင်းများကို ထုတ်ဖော်ကာဖြင့် အောင်းရွှမ်ကို တည့်တည့်ဆိုသလိုပဲ တိုက်ခိုက်လေ၏။ စွမ်းအင်လှိုင်းများသည် အောင်းရွှမ်ဆီသို့ ကျဆင်းလာခဲ့သည်။

“အရမ်း အားကောင်းလွန်းတယ်”

အောင်းရွှမ်၏ မျက်စိသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့၏။ ၎င်း၏ အသက်ရှူနှုန်းများသည် ခက်ခဲလာခဲ့၏။ ဤတိုက်ခိုက်ချက်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို သူက တိတိကျကျ သိရှိပြီးဖြစ်၏။ လက်ရှိအခြေအနေတွင် ခုခံနိုင်ရန်အတွက်ပင် စိန်ခေါ်မှု ဖြစ်လို့နေခဲ့၏။ သူသည်သာ သေဆုံးသွားသည် ဆိုပါက ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားပြီး ဝိညာဉ်သာ ကျန်ရှိပေတော့မည်။ ထိုသို့ဆိုလျှင် ပြန်လည်ကောင်းမွန်ပင် အတော်ပြန်ကြိုးစားရမှာဖြစ်၏။

အဆုံးသတ်တော့ ဘာဖြစ်သွားသနည်း။ အောင်းရွှမ်သည် လက်လျော့ အရှုံးမပေးချင်ပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဤတိုက်ခိုက်ချက်ကို မရှောင်နိုင်သောကြောင့် ကျိန်းသေပေါက် မျှော်လင့်ချက်အားလုံးကို အလျှော့ပေးရပေတော့မည်။

ထိုကဲ့သို့သော အခြေအနေမှာတော့ အဝေးတစ်နေရာ၏ မိုးကုတ် စက်ဝိုင်းတွင် ခြေနင်းသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

ဘုတ် ဘုတ်

ထိုခြေသံသည် မကျယ်လှချေ။ သို့ပေမဲ့ ကောင်းကင်၊ မြေပြင်တစ်ခုလုံးနှင့် ဆက်စပ်နေသကဲ့သို့ပင်။ တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါလာခဲ့၏။ အစပိုင်းတုန်းက ထိုခြေသံသည် ခပ်ဝေးဝေး တည်နေရာတွင် ရှိသည် ဆိုသော်လည်း နောက်ခဏအတွင်းမှာပဲ တိုက်ခိုက်ရေး တည်နေရာနှင့် နီးကပ်လာခဲ့၏။

လူများအားလုံးတို့သည် မျက်မှောင်ကို ကုတ်ကာဖြင့် ထိုခြေသံထွက်ပေါ်ရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ အသစ်ဝင်ရောက်လာသူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သူဖြစ်ကြောင်းကို အားလုံးက အလိုလို သိရှိနေ၏။ ၎င်းတို့၏ ဝိညာဉ်များသည်ပင်လျှင် တုန်ခါလျက် ရှိနေသည်။

All Chapters