အခန်း (၁၀၆၁-၁၀၆၅)
Vol. 71 Ch. 1061-1065
အခန်း ၁၀၆၁ ရွှယ်စုရှို့
တစ်ဖက်အမျိုးသမီးကလဲ ပြုံးကာ ပြန်ပြောလေသည်။ “ငါ့အထင် ဒီကျောက်ရိုင်းအပေါ် ငါတို့နှစ်ယောက်လုံးတစ်ပြိုင်တည်း ထိခဲ့ကြတာဆိုတော့ နှစ်ဖက်မျှမျှတတပြိုင်ခွင့်ရှိတယ်။” ထိုကျောက်ရိုင်းတုံးထဲတွင် ကျောက်စိမ်းရှိမရှိ သူမ မသိသော်လည်း ရှိနိုင်ခြေများလှသည်ဟုထင်မိသည်။ ဒါ့အပြင် သူမ၏ ကျောက်အလောင်းအစား အတွေ့အကြုံအရ အထဲမှကျောက်စိမ်းသည် အရည်အသွေးကောင်းလောက်သည်ဟုလဲ ခံစားရပြန်သည်။
“တကယ်တော့ ရှင့်ထက် စက္ကန့်ဝက်စောပြီး ဒီကျောက်ရိုင်းကို ကျွန်မထိခဲ့တာ။” ကုနင်း ဒေါသမထွက်ဘဲ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
ထိုအမျိုးသမီးက ကျောက်ရိုင်းတုံးကိုယူချင်နေသော်လည်း သူမအပြုအမူတွေက အရမ်းမရိုင်းစိုင်းဘဲ မျှမျှတတသာ ယှဉ်ပြိုင်နေလိုခြင်းဖြစ်သည်။
အနားရှိလူများကလဲ သူတို့ကိုလှည့်ကြည့်လာကြသည်။ အစောတုန်းကတော့ သူမတို့ကို ဘယ်သူမှအာရုံမထားခဲ့ကြတာကြောင့် ထိုကျောက်ရိုင်းတုံးကို သူမတို့တပြိုင်တည်းထိမိလားဆို ဘယ်သူမှမသိပေ။
ဆိုင်ပိုင်ရှင်ကလဲ လက်နှစ်ဖက်လုံးကိုမြင်လိုက်ပေမယ့် နှစ်ယောက်လုံးတစ်ချိန်တည်းထိလိုက်သည်ဟုသာ ထင်မိသည်။ သို့ပေမယ့် ကုနင်းကတော့ သူမက စက္ကန့်ပိုစောကာ ထိမိသည်ဟု သေချာပေါက်ပြောနေပြန်သည်။
ကျန်းဖန်နှင့်လင်ရှောင်းထင်တို့လဲ ထိုအငြင်းပွားမှုကို သတိထားမိကြကာ ကျန်းဖန်က၊ “ဘော့စ်အခက်တွေ့နေပြီထင်တယ်၊ ငါတို့အကူအညီလိုလောက်မလား?” ဟု လင်ရှောင်းထင်ကိုမေးလိုက်သည်။
“ကိစ္စမရှိဘူး။ သူ့ဘာသာဖြေရှင်းနိုင်တယ်။” ကုနင်းတို့စကားပြောနေသံကို လင်ရှောင်းထင်သေချာကြားနေရကာ အထွေအထူးကိစ္စတစ်ရပ်ဟုလဲ မထင်မိပေ။
ကုနင်းက သူ့ကိုအပြင်မှာစောင့်ခိုင်းမှတော့ သူမစကားကိုသာ နားထောင်ပေမည်။ ကုနင်းသာ ဒီပြဿနာကိုမဖြေရှင်းနိုင်လောက်ဘူးဆိုလျှင် သူ့ကိုလှမ်းအကူအညီတောင်းပေလိမ့်မည်။
“မင်းသက်သေပြနိုင်လား?” အမျိုးသမီးက ပြန်မေးလာသည်။
“ဆိုင်ထဲကနေရာတိုင်းမှာ လုံခြုံရေးကင်မရာတွေရှိနေတာပဲ။ အမှန်တရားကိုဖော်ထုတ်ဖို့ မခက်ပါဘူး။” ကုနင်းပြောလိုက်ပြီးနောက် ဆိုင်ပိုင်ရှင်ဘက်သို့လှည့်ကာ မေးလိုက်သည်။ “ဟုတ်တယ်မလား?”
ကုနင်းဘက်က အရမ်းယုံကြည်မှုရှိနေ၍ ဆိုင်ပိုင်ရှင်လဲ ခေါင်းညိတ်လိုက်ရသည်။ “ဒါပေါ့၊ ဒါပေါ့။”
“ကောင်းပြီလေ!” အမျိုးသမီးဘက်ကလဲ အလျှော့ပေးဖို့ စိတ်ကူးရှိပုံမရပေ။
တကယ်လို့ လုံခြုံရေးကင်မရာက ဗီဒီယိုတွေက သူမထက် ကုနင်းစက္ကန့်ဝက်ပိုမြန်ပါသည်ဟု သက်သေပြခဲ့လျှင်တောင် သူမပြန်တောင်းပန်နိုင်သေးသည်။ ဒီလိုအရည်အသွေးမြင့်မည့်ကျောက်စိမ်းမျိုးရှာတွေ့ဖို့ဆိုတာ မလွယ်လှတာကြောင့် လက်လွှတ်မခံနိုင်ပေ။
ထို့နောက် ဆိုင်ပိုင်ရှင်က သူ့လက်ထောင်ကို ဆိုင်ကြည့်ခိုင်းထားကာ သူကတော့ ကုနင်းနှင့်အမျိုးသမီးကိုခေါ်ပြီး ဗီဒီယိုကြည့်ဖိုသွားခဲ့သည်။
ဗီဒီယိုကြည့်ပြီးနောက် ကုနင်းက အမျိုးသမီးထက် အမှန်ကိုစက္ကန့်ဝက်ပိုမြန်ကြောင်း သေချာသွားခဲ့သည်။
“ဒီလိုဆိုတော့လဲ ငါတောင်းပန်ပါတယ်။ ဒါမင်းအပိုင်ပဲ။” အမျိုးသမီးသည် စိတ်ပျက်သွားသော်လည်း တောင်းပန်ဖို့တော့မတွန့်ဆုတ်ပေ။
“ကျေးဇူးပါ။” ကုနင်းပြောလိုက်ပြီးနောက် ဆိုင်ရှင်ဘက်လှည့်ကာ၊ “ဒါလေး အလေးချိန်ပေးပါဦး၊ ကျွန်မဝယ်မယ်။”
ကုနင်းက ကျောက်ရိုင်းကို နည်းနည်းလေးပင် မစစ်ဆေးပါဘဲ တန်းဝယ်ဖို့လုပ်နေတာကြောင့် ဆိုင်ရှင်ခမျာ ကြောင်အသွားရသည်။
အမျိုးသမီးသည်လဲ ကုနင်း၏ယုံကြည်ချက်ပြည့်နေမှုအပေါ် အံ့အားသင့်သွားခဲ့သည်။
“ကောင်းပါပြီ။” ဆိုင်ရှင်လဲ ကျောက်ရိုင်းတုံးကို အလေးချိန်,ချိန်ပေးလိုက်သည်။
ထို့နောက် ကုနင်း ကျသင့်ငွေရှင်းကာ ကျောက်ရိုင်းတုံးကိုသယ်လို့ ပြန်ထွက်ခဲ့လေသည်။
အမျိုးသမီးလဲ ထွက်သွားကာ ကျောက်ရိုင်းတုံးများဆက်ဝယ်ဖို့လုပ်သည်။
သို့သော်လည်း ကုနင်းက ကျန်းဖန်ရှိရာသို့ ပြန်လျှောက်သွားသည်ကိုမြင်ပြီး သူမအံ့ဩသွားကာ ချက်ချင်းထိုနေရာသို့လျှောက်သွားခဲ့သည်။ “ဟိုင်း၊ မစ္စတာကျန်း!”
ကျန်းဖန်လဲ လှည့်ကြည့်လာပြီး အမျိုးသမီးကိုမြင်သည်နှင့် ရွှင်ပြုံးသွားကာ၊ “အိုး၊ မစ္စရွယ်ပဲ၊ မတွေ့တာကြာပြီနော်!”
“ဟုတ်တယ်၊ မတွေ့တာကြာပြီ!” မစ္စရွှယ်ဆိုသူက ကုနင်းနှင့်လင်ရှောင်းထင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ လင်ရှောင်းထင်၏ခန့်ညားသည့်သွင်ပြင်ကြောင့် သူမမှင်သက်သွားခဲ့သော်လည်း သိပ်မကြာလိုက်ပါဘဲ ပြန်တည်ငြိမ်သွားခဲ့သည်။ သူမက ဆယ်ကျောက်သက်မိန်းမငယ်လေးလဲမဟုတ်တော့တာကြောင့် ချောမောသည့်ကောင်ငယ်လေးတွေအပေါ် စိတ်မဝင်စားတော့ပေ။
“မစ္စရွှယ်ကို ကုနင်းနဲ့မိတ်ဆက်ပေးရဦးမယ်။ သူက ကျွန်တော့်ရဲ့ဘော့စ်လေ။”
ကျန်းဖန်၏စကားကြောင့် ရွှယ်စုရှို့ ထိတ်လန့်သွားတော့သည်။ Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်း၏ဘော့စ်သည် ငယ်ရွယ်သည့်မိန်းကလေးတစ်ယောက်ဖြစ်မှန်း သူမသိသော်လည်း ထိုမိန်းမငယ်လေးက ကုနင်းဖြစ်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
“ကျွန်မတောင်းပန်ပါတယ်၊ မစ္စကု၊ မင်းက Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်းရဲ့ဘော့စ်မှန်း မသိလိုက်ဘူး။” ရွှယ်စုရှို့က ထပ်တောင်းပန်လာပြန်သည်။ ငယ်ရွယ်ကာအောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကုနင်းကို သူမလေးစားသလို သူတို့ချင်းလဲ စီးပွားရေးပူးပေါင်းဆောင်ရွယ်မှုများရှိသည်။
ရွှယ်စုရှို့သည် လက်ဝတ်ရတနာနယ်ပယ်တွင်ပဲ လုပ်ကိုင်သူဖြစ်ကာ ကျောက်စိမ်းဖြည့်သွင်းရေးအတွက် တာဝန်ရှိသူဖြစ်သည်။ ဒါကြောင့် သူမသည်လဲ Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်း၏ ဖောက်သည်တစ်ဦးဖြစ်လာခဲ့သည်။
“ကိစ္စမရှိပါဘူး။ မစ္စရွှယ်။” ကုနင်းပြန်ပြောလိုက်သည်။
“ဘော့စ်၊ ဒါက xxလက်ဝတ်ရတနာကုမ္ပဏီက မန်နေဂျာရွှယ်ပါ။ သူက ကျောက်စိမ်းဖြည့်သွင်းရေးဘက်မှာတာဝန်ရှိပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ဖောက်သည်ပဲ။” ကျန်းဖန်က မိတ်ဆက်ပေးလာသည်။
Xxလက်ဝတ်ရတနာကုမ္ပဏီသည် လက်ဝတ်ရတနာလောကတွင် နာမည်ကြီးသည့်ကုမ္ပဏီတစ်ခုပင်ဖြစ်သည်။
“အဲ့လိုလား၊ ကျွန်မတို့ကုမ္ပဏီကနေ ကျောက်စိမ်းတွေဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စရွှယ်။”
“ကျွန်မကသာ ကျေးဇူးတင်သင့်တာပါ၊ မစ္စကုရဲ့ကုမ္ပဏီက ကျောက်စိမ်းတွေက အမြဲအရည်အသွေးမြင့်တွေချည်းပဲ။”
“ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။” ကုနင်းပြုံးလိုက်သည်။
“ကျွန်မလဲဝမ်းသာပါတယ်။ ခွင့်ပြုပါဦးနော်၊ ကျွန်မသွားရတော့မယ်။”
“ဘိုင့်-ဘိုင်။”
မကြာခင်မှာပဲ ကုနင်းတို့လဲ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏စက်ရုံရှိရာသို့ ရောက်ရှိသွားကြသည်။
သူမအခုပဲဝယ်ယူထားခဲ့သည့် ကျောက်စိမ်းပါသော ကျောက်ရိုင်းတုံးများကို စက်ရုံတွင်ဖြတ်ဖို့စိတ်ကူးထားတာဖြစ်သည်။
ကျောက်ဖြတ်သူတွေကတော့ နေ့တိုင်းကျောက်စိမ်းတွေဖြတ်နိုင်တာနှင့် ကျင့်သားရနေပြီဖြစ်၍ ကုနင်း ကျောက်ရိုင်းကောင်းတွေတပွေ့တပိုင်နှင့်ရောက်လာသည့်အပေါ် မအံ့ဩသွားကြတော့ပေ။
ဤစက်ရုံထဲက ကျောက်ရိုင်းတိုင်းတွင် ကျောက်စိမ်းကောင်းများရှိနေသည့်အပေါ် သူတို့တွေသိချင်စိတ်ဖြစ်မိကြသော်လည်း အလုပ်ဝင်ကတည်းက လုပ်ငန်းမှအချက်အလက်များကို မပေါက်ကြားစေရဟု စာချုပ်ချုပ်ဆိုထားတာကြောင့် ဘာမှမမေးရဲကြပေ။ ဒါ့အပြင် နယ်ပယ်တစ်ခုတည်းမှ ပြိုင်ဘက်စီးပွားရေးသမားများသည်လဲ Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်းအပေါ် မနာလိုဖြစ်နေကြသည်။
အားလုံးက အကြောင်းအရင်းကိုသိချင်နေကြသော်လည်း စက်ရုံရှိဘယ်အလုပ်သမားဆီကမှ စကားနှိုက်လို့မရပေ။ တကယ်တမ်း စက်ရုံအလုပ်သမားများကိုယ်တိုင်ပင် အကြောင်းအရင်းကို မသိကြတာဖြစ်သည်။
***
အခန်း ၁၀၆၂ ရွှယ်စုရှို့ကိုကူညီခြင်း
ညနေ၅နာရီလောက်မှာတော့ ကုနင်း၊ လင်ရှောင်းထင်နှင့် ကျန်းဖန်တို့ ညနေစာစားရန် စက်ရုံမှပြန်ထွက်လာကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမတို့ရွေးလိုက်သည့်စားသောက်ဆိုင်တွင် ရွှယ်စုရှို့နှင့်ထပ်ဆုံခဲ့ပြန်သည်။
ရွှယ်စုရှို့နှင့်အတူအမျိုးသားတစ်ယောက်ပါလာကာ အတွင်းရေးမှူးဖြစ်ဟန်တူသည်။
နောက်ထပ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးလဲ အတူရှိနေကြကာ အမျိုးသမီးငယ်ကတော့ သက်လတ်ပိုင်းအမျိုးသား၏ အတွင်းရေးမှူးဖြစ်လောက်သည်။
ကုနင်းကတော့ အမြဲတမ်း အမျိုးသားအတွင်းရေးမှူးသာရှိကြကာ အမျိုးသားများတွင်တော့ တခါတရံအမျိုးသမီးအတွင်းရေးမှူးများထားတတ်ရခြင်းအကြောင်းကိုသာ တွေးမိသွားသည်။
သို့သော်လည်း ထိုသို့တွေးနေရင်းမှာပဲ သက်လတ်ပိုင်းအရွယ်အမျိုးသား၏ အကြည့်ထဲမှ မူမမှန်မှုကို ကုနင်းသတိပြုမိသွားသည်။
ထိုအမျိုးသားက ရွှယ်စုရှို့ကို ထောင်ချောက်ဆင်ဖမ်းဖို့ကြံစည်နေပုံရသော်လည်း သူမနှင့်ဘာမှမပတ်သတ်တာကြောင့် ကုနင်းလဲ သိပ်အာရုံစိုက်မနေပေ။
ခဏအကြာမှာတော့ ရွှယ်စုရှို့က သူမတို့နှင့်ဘေးချင်းကပ်မှ သီးသန့်ခန်းတွင်ညစာစားမှန်းသလိုက်ရသည်။
သက်လတ်ပိုင်းလူကြီး၏အပြုအမူတွေက ထူးဆန်နေတာကြောင့် ကုနင်းကျောက်စိမ်းမျက်ဝန်းဖြင့် ဘေးအခန်းကို ဂရုထားကြည့်နေမိပြန်သည်။
သူမအထင်အတိုင်းပင်။ ရွှယ်စုရှို့၏အတွင်းရေးမှူးက သူမအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးရင်း ဆေးတစ်လုံးကိုပါ တိုးတိုးတိတ်တိတ်ထည့်လိုက်သည်ကို ကုနင်းမြင်သွားတော့သည်။
ဒီလိုနှင့် သက်လတ်ပိုင်းလူကြီးရော ရွှယ်စုရှို့၏အတွင်းရေးမှူးကပါ သူမကိုထိခိုက်အောင်လုပ်ဖို့ ပူးပေါင်းကြံစည်နေမှန်း သိရှိသွားတော့သည်။
“အန်ကယ်ကျန်းမှာ မစ္စရွှယ်ရဲ့ဖုန်းနံပါတ်ရှိလား?” ရုတ်တရက် ကုနင်းထမေးလိုက်သည်။
“ဒါပေါ့၊ ရှိတယ်။” ကျန်းဖန်လဲ သူ့ဖုန်းကိုချက်ချင်းထုတ်ယူလိုက်သည်။
“သူ့ကိုဖုန်းဆက်ပေးပါလား။ ကျွန်မ သူနဲ့ပြောစရာလေးရှိလို့။” ကုနင်း၏ပြောစကားကို ဘယ်လိုမှငြင်းဆန်နိုင်စွမ်းမရှိပေ။
တခြားလူ၏ကိုယ်ရေးကိုယ်တာကိစ္စထဲ သူမဝင်မပါချင်ပေမယ့် အခုလို မကောင်းမှုကို မျက်မြင်တွေ့နေမှတော့ သူမ မမြင်ချင်ယောင်မဆောင်သင့်ဟု ထင်မိပြန်သည်။
“ရတာပေါ့။” ကျန်းဖန်က ချက်ချင်းပဲ ရွှယ်စုရှို့ကိုဖုန်းခေါ်လိုက်ပြီးနောက် ကုနင်းကို ဖုန်းလှမ်းပေးလိုက်သည်။
လင်ရှောင်းထင်ကတော့ ကုနင်းကိုတစ်ချက်သာ ကြည့်လိုက်သည်။ သူမအကြောင်းရှိလို့ ရုတ်တရက်ဤသို့ထလုပ်မှန်း သူသိပြီးသားပင်။
ဘေးခန်းမှာတော့ ရွှယ်စုရှို့ ဝိုင်သောက်ဖို့ရန် ခွက်ကိုမြှောက်လိုက်ရုံရှိသေး သူမဖုန်းကမြည်လာခဲ့သည်။ ဒါနဲ့ သူမလဲ သက်လတ်ပိုင်းလူကြီးကို တစ်ခုခုပြောလိုက်ပြီး ဖုန်းကိုပြန်ဖြေလိုက်သည်။
ဘာမှမသောက်ရသေးခင် ရွှယ်စုရှို့ဖုန်းကိုင်လိုက်ကာမှ ကုနင်းစိတ်အေးသွားတော့သည်။
“ဟလို၊ မစ္စတာကျန်း။”
“မစ္စရွှယ်၊ ကျွန်မ ကုနင်းပါ။”
ရွှယ်စုရှို့အံ့ဩသွားကာ အကြောင်းအရင်းမေးလိုက်သည်။ “အိုး၊ ဟလို မစ္စကု၊ ကျွန်မဘာများကူညီပေးရမလဲ?”
“ရှင်အစောက xxစားသောက်ဆိုင်ထဲဝင်သွားတာတွေ့လိုက်တယ်၊ ရှင့်ဘေးမှာမိတ်ဆွေတွေပါနေတာနဲ့ လှမ်းမနှုတ်ဆက်တော့တာ။ အခုမှ အရေးကြီးကိစ္စတစ်ခုတွေးမိသွားလို့ ကျွန်မတို့ အခုတစ်မိနစ်လောက် စကားပြောလို့ရမလား? ကျွန်မ အခန်းနံပါတ်666မှာရှိတယ်။” ကုနင်းပြောလိုက်ပြီးနောက် ဆက်ပြီး၊ “တစ်ယောက်တည်းလာခဲ့ပါနော်။”
ကုနင်း သူမကိုဘာကြောင့် ရုတ်တရက်ဖုန်းဆက်မှန်း ရွှယ်စုရှို့နားမလည်နိုင်သေးသော်လည်း အရေးကြီးကိစ္စရှိလို့ဖြစ်မှန်းတော့ နားလည်တာကြောင့် သဘောတူလိုက်သည်။ “ရပါတယ်၊ ကျွန်မအခုပဲ လာခဲ့မယ်။”
……..
ဖုန်းချလိုက်ပြီးနောက် ရွှယ်စုရှို့က သက်လတ်ပိုင်းလူကြီးကို စကားလှည့်ပြောလိုက်သည်။ “မစ္စတာကျန့်၊ ကျွန်မတောင်းပန်ပါတယ်။ အခု Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်းရဲ့ဘော့စ်က ဘေးခန်းမှာရှိနေတာနဲ့ ကျွန်မကိုတွေ့ချင်တယ်ပြောလာလို့။ ခဏနေပြန်လာခဲ့ပါ့မယ်။”
“ကောင်းပြီလေ။” သက်လတ်ပိုင်းလူကြီးက ဘာမှသိပ်မတွေးနေပေ။ သူ့အကြံအစည်တွေကို ဘယ်သူမှမသိလောက်ဘူးလို့လဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေသည်။
ထို့နောက် ရွှယ်စုရှို့လဲ ခုံမှထကာ ကုနင်းတို့အခန်းရှိရာဆီလာခဲ့သည်။
ကုနင်းတို့ရှိရာ သီးသန့်အခန်းမှ တံခါးခေါက်သံပေါ်လာသည်နှင့် ကုနင်းကိုယ်တိုင်ထကာ တံခါးသွားဖွင့်ပေးလေသည်။
“ဟိုင်း၊ မစ္စကု၊ မစ္စတာကျန်း။” ရွှယ်စုရှို့ အခန်းထဲသို့ဝင်လိုက်ပြီးနောက် ကုနင်းနှင့်ကျန်းဖန်တို့ကို နှုတ်ဆက်လိုက်သည်။ လင်ရှောင်းထင်ကိုတော့ သူမမသိတာကြောင့် မနှုတ်ဆက်ခဲ့ပေ။
လင်ရှောင်းထင်ကလဲ သူမနှင့်မသိတာကြောင့် ဘာမှမပြောဘဲ တိတ်နေသည်။
“မစ္စရွှယ်၊ ရှင်နဲ့အတူလာတဲ့ သက်လတ်ပိုင်းလူကြီး တစ်ခုခုထူးဆန်းနေတာ ကျွန်မသတိထားမိခဲ့တယ်။ ရှင့်ဘေးက လူငယ်လေးကလဲ အဲ့ဒီသက်လတ်ပိုင်းလူကြီးနဲ့ အကြည့်ချင်းဖလှယ်နေကြတယ်။ ကျွန်မတော့ ခံစားချက်သိပ်မကောင်းဘူး။ ရှင်သေချာဂရုစိုက်သင့်တယ်။ ဒီည ဘာမှမစားမသောက်ရင် အကောင်းဆုံးပဲ။”
ရွှယ်စုရှို့သည် တုံးအသူလဲမဟုတ်တာကြောင့် ကုနင်းပြောလာသည်နှင့် ဘာတွေဖြစ်နေလဲ ခန့်မှန်းမိသွားသည်။ တကယ်တော့ သူမဘော့စ်က သက်လတ်ပိုင်းလူကြီးကို ဒုဥက္ကဌအဖြစ်တာဝန်ခံအပ်လိုက်ကတည်းက သူမစိတ်ထင့်နေခဲ့တာဖြစ်သည်။
သက်လတ်ပိုင်းလူကြီးနှင့် သူမသည် တစ်လျှောက်လုံးအဆင်မပြေခဲ့ကြတာကြောင့် တစ်နေ့နေ့တော့ သူမကိုလုပ်ကြံလာလောက်မည်ကို စိုးရိမ်နေခဲ့ရသည်။ သို့သော်လည်း သူမမှာ ဘာသက်သေမှရှိမနေခဲ့ပေ။
အံ့ဩစရာကောင်းသည်ကတော့ သူမအတွင်းရေးမှူးကပါ ဒီကိစ္စထဲပါဝင်နေခဲ့တာပင်။
သူမအတွင်းရေးမှူးဖြစ်သည့် လူငယ်လေးသည် သူမအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တာကြောင့် သစ္စာဖောက်လိမ့်မည်ဟု မသေချာသော်လည်း နောက်မှသေချာစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။
ရွှယ်စုရှို့၏တုံ့ပြန်ပုံအရ သူမလဲ သက်လတ်ပိုင်းလူကြီးအပေါ် သံသယတချို့ရှိနေလောက်ကြောင်း ကုနင်းနားလည်သွားသည်။
“မစ္စကု ကျွန်မကို ဒီကိစ္စပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ရွှယ်စုရှို့ စိတ်ရင်းဖြင့်ကျေးဇူးတင်လိုက်သော်လည်း အခုချက်ချင်းတော့ ဒီပြဿနာကို သူမမဖြေရှင်းနိုင်သေးပေ။ လက်ရှိသူမအခြေအနေမှာ အန္တရာယ်များမှန်းသိနေရင်တောင်မှ သူမမှာ သက်သေမရှိသေးပေ။
ဒါ့အပြင် ဟင်းပွဲတွေထဲမှာ အန္တရာယ်ရှိသည့်ပစ္စည်းမပါနေတာမျိုးလဲ ဖြစ်နိုင်သေးသည်။
“ရပါတယ်၊ ကျွန်မလဲ ခံစားချက်မကောင်းရုံပါ။ ရှင်ဘေးကင်းဖို့မျှော်လင့်ပါတယ်။ ချက်ချင်းကြီးတော့ ရှင်ထွက်သွားလို့မရမှန်းလဲ နားလည်ပါတယ်။ ရှင်သာ ကျွန်မကိုယုံမယ်ဆို ဒီဆေးကိုသောက်ထားလိုက်ပါ။ စားစရာ ဒါမှမဟုတ် သောက်စရာထဲမှသာ တကယ်ပဲ အန္တရာယ်ရှိတဲ့ပစ္စည်းပါလာရင် ဒီဆေးက ရှင့်ကိုကာကွယ်ပေးနိုင်တယ်။” ကုနင်း လွယ်အိတ်ထဲမှ ဆေးတစ်ပုလင်းကိုထုတ်ယူလိုက်သည်။
ရွှယ်စုရှို့ အံ့ဩသွားသလို သံသယလဲရှိနေသည်။
ဘာပဲဖြစ်ဖြစ် ကုနင်း သူမကိုဂရုစိုက်ဖို့သတိပေးလာတာကပင် အကြင်နာတရားရှိလွန်းနေပြီဖြစ်ကာ သူမကိုထိခိုက်အောင်မလုပ်လောက်တာကြောင့် ဆေးပုလင်းကို လက်ခံထားလိုက်သည်။ “ကျေးဇူးပါပဲ၊ မစ္စကု။”
“ဂရုစိုက်ပါ။”
“စိတ်ချပါ။”
သူမ မထွက်သွားခင် ဆေးပုလင်းကို တုံ့ဆိုင်းစွာဖြင့် ကြည့်နေမိသော်လည်း အဆုံးမှာတော့ အဖုံးကိုဖွင့်ကာ အထဲမှဆေးလုံးကို ထုတ်ယူလိုက်သည်။
ဆေးလုံး သူမပါးစပ်ထဲဝင်သွားသည်နှင့် အရည်ပျော်ကျသွားကာ ခံစားရ သက်သောင့်သက်သာရှိလာသည်။
***
အခန်း ၁၀၆၃ မြန်မာသို့ခရီးတစ်ခေါက်
ဤရက်များအတွင်း ရွှယ်စုရှို့ ညတိုင်းလိုလို ညဉ့်နက်သည်အထိ အလုပ်လုပ်ရလေ့ရှိတာကြောင့် အိပ်ရေးပျက်ကာ အားမရှိသလိုခံစားနေခဲ့ရသော်လည်း ကုနင်းပေးသည့်ဆေးကိုသောက်ပြီးနောက် ပြန်လည်လန်းဆန်းသွားတော့သည်။ ‘ကုနင်းရဲ့ဆေးက အံ့ဩဖို့ကောင်းတာပဲ။’
ရွှယ်စုရှို့ ဘေးခန်းသို့ပြန်ရောက်သည်နှင့် သူမစိတ်အခြေအနေကိုဖုံးကွယ်ကာ၊ “စောင့်ခိုင်းရတဲ့အတွက် တောင်းပန်ပါတယ်။”
“အဆင်ပြေပါတယ်။” သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။ “ညစာစားကြရအောင်!”
ရွှယ်စုရှို့ စိုးရိမ်စိတ်ရှိနေသေးသော်လည်း အားလုံးနှင့်အတူ ညစာကိုစားလိုက်စဲပင်။
စားပွဲဝိုင်းရှိကျန်လူသုံးယောက်သည် ရွှယ်စုရှိုးစတင်စားသောက်လိုက်သည်နှင့် ချက်ချင်းအခြေအနေအကဲခတ်လာကြသည်။ သို့ပေမည့် သူမတော်တော်ကြာအထိ ခေါင်းကြည်ကြည်နှင့်သတိရှိနေတာကိုမြင်လိုက်ရချိန်မှာတော့ သုံးယောက်လုံး နားမလည်နိုင်ဖြစ်သွားကြသည်။
သူတို့ခတ်ထားသည့်ဆေးသည် တစ်မိနစ်အတွင်း အစွမ်းပြတာဆိုပေမယ့် ရွှယ်စုရှိုးကတော့ မိနစ်အနည်းငယ်ကြာပြီးသည်အထိ ဘာမှမဖြစ်ခဲ့ပေ။
ရွှယ်စုရှိုးသည်လဲ သူတို့အကဲခတ်နေသည်ကို သတိထားနေတာကြောင့် စားပွဲထက်ရှိ စားသောက်စရာများတွင် မကောင်းတာတစ်ခုခုပါမှန်း သေချာသွားတော့သည်။ သူမ၏အတွင်းရေးမှူးကလဲ သူမအပေါ် သစ္စာဖောက်သွားပေပြီ။
သူမ၏သံသယတွေသေချာသွားသည်နှင့် စိတ်ထဲနာကျင်သွားရသလို စိတ်လဲပျက်မိသွားသည်။ သို့သော်လည်း သူမပုံစံကို အတတ်နိုင်ဆုံး ပုံမှန်ဖြစ်အောင်ထိန်းချုပ်ကာ ဘာမှမသိသေးသလို ဟန်ဆောင်နေလိုက်သည်။
ကုနင်း၏ဆေးက အရမ်းထိရောက်မှုရှိကြောင်းလဲ သေချာသွားပြီဖြစ်တာကြောင့် သူမကြိုက်သမျှ ဟင်းပွဲတိုင်းကို ပျော်ပျော်ရွှင်ရွှင်စားသောက်နေလိုက်ကာ သက်လတ်ပိုင်းလူကြီးကိုတောင်မှ သူမနှင့်တစ်ခွက်လောက်အတူသောက်ရန် ဖိတ်ခေါ်လိုက်သေးသည်။
…….
ရွှယ်စုရှို့ဘေးကင်းရေးအတွက် ကုနင်းအနည်းငယ်စိုးရိမ်နေမိစဲဖြစ်တာကြောင့် ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ တစ်ဖက်အခန်းမှအခြေအနေကို အကဲခတ်ကြည့်နေသည်။
မစ္စတာကျန့်ဟုခေါ်သည့် သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် ကျန်အတွင်းရေးမှူးနှစ်ယောက်မှာတော့ ရွှဘ်စုရှို့ ပုံမှန်အတိုင်းဖြစ်နေတာကြောင့် ဘာမှမတတ်နိုင်ဘဲ ဆက်တိုက်သာကြည့်နေတော့သည်။ ထိုအကြည့်များကို လျစ်လျူရှုထားဖို့ဆိုတာ အတော်လေးခက်လှတာကြောင့် နောက်ဆုံးရွှယ်စုရှို့ ထုတ်မေးလိုက်တော့သည်။ “ရှင်တို့ဘာလို့ ကျွန်မကိုခဏခဏကြည့်နေကြတာလဲ?”
သုံးယောက်သား လန့်ဖြန့်သွားကာ ချက်ချင်းပင် အကြည့်လွှဲလိုက်ကြပြီး မစ္စတာကျန့်က၊ “ဘာမှမဟုတ်ပါဘူး။ မစ္စရွှယ် ကြည့်ရတာ ဒီနေ့တော်တော်လေးခံတွင်းလိုက်နေပုံပဲ။ မင်းလဲ တခြားအမျိုးသမီးတွေလို ခန္ဓာကိုယ်အချိုးအစားထိန်းဖို့အတွက် အစားလျှော့စားမယ်ထင်နေတာ။”
“ကျွန်မက အဲ့ဒါမျိုးတွေ သိပ်ဂရုမစိုက်ဘူး။ ကျွန်မစားချင်တာမှန်သမျှစားတာပဲ။”
မစ္စတာကျန့်လဲ ပြုံးရုံသာပြုံးလိုက်ပြီး ထိုအကြောင်းဆက်မပြောတော့ပေမယ့် သူစီစဉ်ထားတဲ့အတိုင်းဘာကြောင့်မဖြစ်တာလဲဆိုတာကိုတော့ စဉ်းစားမရဖြစ်နေသည်။
ရွှယ်စုရှို့က သူ့အကြံအစည်တွေကို သိထားပြီးလောက်ပြီဟုလဲ မထင်မိပေ။
ဆေးကပဲ အလုပ်မဖြစ်တာလဲ?
မစ္စတာကျန့် စိတ်ပျက်သွားသော်လည်း ထင်သာမြင်သာအခြေအနေနှင့်တော့ ရွှယ်စုရှို့ကို ရန်မစရဲပြန်ပေ။ ဒါကြောင့် ညစာပဲအေးအေးဆေးဆေးစားကာ လမ်းခွဲလိုက်ကြသည်။
……
ဆိုးဆိုးရွားရွားအခြေအနေမျိုးမဖြစ်သွားတော့မှပဲ ကုနင်းလဲ စိတ်အေးသွားခဲ့သည်။
……
ကားထဲတွင်…
ရွှယ်စုရှို့ သူမအတွင်းရေးမှူးကိုကြည့်ရင်း သူ့ကိုအရင်ဘယ်လိုဖြေရှင်းသင့်သလဲ တွေးတောနေသည်။ ပြဿနာအကြောင်းတွေးလိုက်မိသည်နှင့် သူမခေါင်းနည်းနည်းကိုက်လာတာကြောင့် နားထင်ကိုဖိလိုက်သည်။
“မန်နေဂျာရွှယ်၊ ဘာဖြစ်လို့လဲ? နေရမသက်သာဘူးလား?” သူမနေမကောင်းပုံရတာကြောင့် သူမအတွင်းရေးမှူးက မေးလာသည်။
“ဘာမှမဖြစ်ဘူး။ နည်းနည်းပင်ပန်းသွားရုံပဲ။” ထိုစကားကြောင့် သူမအတွင်းရေးမှူး ဘာမှဆက်မပြောတော့သော်လည်း စိတ်ခံစားချက်တွေတော့ရှုပ်ထွေးနေပုံရသည်။
………
ကုနင်းနှင့်လင်ရှောင်းထင်တို့ ညစာစားပြီးနောက် ဘာမှလုပ်စရာမရှိတော့၍ ဟိုတယ်သို့သာ ပြန်ခဲ့လေသည်။
………..
ရွှယ်စုရှို့အိမ်ပြန်ရောက်သည်နှင့် သူမခေါင်းဆောင်ထံသို့ဖုန်းဆက်ကာ ဒီညဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြန်ပြောပြလိုက်သည်။
သူမအတွင်းရေးမှူးက သူမအပေါ် သစ္စာမရှိဘူးဆိုမှတော့ သူ့ကို ဖယ်ထုတ်ပစ်ချင်နေသည်။
နောက်တစ်နေ့မနက်မှာတော့ ရွှယ်စုရှို့၏အတွင်းရေးမှူးသစ်က သူမရုံးခန်းသို့ လာရောက်သတင်းပို့ကာ အတွင်းရေးမှူးဟောင်းသည်တော့ သူတို့ကုမ္ပဏီကစီစဉ်သည့် နိုင်ငံခြားသို့ပညာသင်သွားရန်စာကို လက်ခံရရှိခဲ့သည်။
ပုံမှန်အားဖြင့် ထူးချွန်လွန်းသည့်ဝန်ထမ်းများသည်သာ နိုင်ငံခြားသို့ပညာသင်သွားဖို့အခွင်အရေးရတတ်တာဖြစ်သော်လည်း ရွှယ်စုရှို့၏အတွင်းရေးမှူးအတွက်ကတော့ ချွင်းချက်ပင်။
အတွင်းရေးမှူးဟောင်းကို ချက်ချင်းအလုပ်ထုတ်ပစ်ဖို့က မသင့်လျော်တာကြောင့် ရွှယ်စုရှို့၏ခေါင်းဆောင်က ရွှယ်စုရှို့အနားမှ အတွင်းရေးမှူးကိုဖယ်ထုတ်ဖို့ရန် ဤကဲ့သို့ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
အတွင်းရေးမှူးလူငယ်သည်တော့ ပညာသင်သွားရမည့်သတင်းကိုကြားကာ အလွန်အံ့အားသင့်နေတော့သည်။ ‘ဒါက အရမ်းရုတ်တရက်ဆန်လွန်းတယ်လေ။ ရွှယ်စုရှို့တောင် ဒီအကြောင်းတစ်ခါမှမပြောဖူးဘူး။’ ဒါနဲ့ပဲ ရွှယ်စုရှို့တော့ သူမနောက်ကွယ်တွင် သူလုပ်ထားသည့်လုပ်ရပ်များကို သိသွားတာဖြစ်လောက်မည်ဟု တွေးလိုက်မိတော့သည်။ သို့သော်လည်း ရွှယ်စုရှို့က သူ့ကိုပုံမှန်အတိုင်းသာ ဆက်ဆံပြောဆိုနေပြန်သည်။
ရွှယ်စုရှို့သိသွားပြီဆိုရင်တောင် သူကတော့ ကိုယ်တိုင်ဝန်မခံနိုင်တာကြောင့် ထုတ်မေးလိုက်ဖို့ကလဲ မဖြစ်ပြန်ပေ။
“ဒီလိုနိုင်ငံခြားပညာသင်သွားဖို့အခွင့်အရေးမျိုး ရုတ်တရက်ကြီးရလာတာဆိုတော့ မင်းလဲ နားမလည်နိုင်ဖြစ်နေမှာပေါ့။ ငါလဲ အရင်ကတစ်ခါမှမပြောဖူးဘူးဆိုတော့လေ။ ငါ့ရဲ့အတွင်းရေးမှူးအသစ်က ငါ့ခေါင်းဆောင်ရဲ့ဆွေမျိုးလေ။ ငါလဲ ဒီကိစ္စမနေ့ကမှသိခဲ့တာ။ ဒါကြောင့် မင်းမတရားသလိုမခံစားရအောင် ငါတို့က ဒီအခွင့်အရေးမျိုးပြန်ပေးတာ။ မင်းဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ထား၊ ဒီလိုဆို ငါတို့ကုမ္ပဏီမှာ မင်းရဲ့အနာဂါတ်က ဒီထက်မကပိုတောက်ပလာလိမ့်မယ်။” ရွှယ်စုရှို့ ခပ်ပေါ့ပေါ့ပင်စကားကိုလှည့်ပြောလိုက်သည်။
ဒါက လက်ခံနိုင်စရာအကြောင်းပြချက်ဆိုသော်လည်း ကျိုးကြောင်းမသင့်သလိုခံစားရပြန်သည်။
လူငယ်လဲ မငြင်းနိုင်တော့တာကြောင့် နောက်ဆုံးလက်ခံလိုက်ရသည်။
ရွှယ်စုရှို့၏ရုံးခန်းထဲမှထွက်လာပြီးသည်နှင့် မစ္စတာကျန့်ကိုဖုန်းဆက်ကာ သူရုတ်တရက်ရရှိခဲ့သည့် အခွင့်အရေးနှင့်စပ်လျဉ်း၍ သူ့သံသယများအကြောင်းပြောပြလိုက်သည်။
မစ္စတာကျန့်ကတော့ သူ့လှည့်ကွက်ကို ဘယ်သူမှမသိလောက်ပါဟု ယုံကြည်ချက်အလွန်ပြင်းထန်နေတာကြောင့် ရွှယ်စုရှို့ပြောတာတွေက အမှန်တရားသာဖြစ်သည်ဟု သေချာနေသည်။ ဒါနဲ့ပဲ လူငယ်လဲ စိတ်အေးသွားတော့သည်။
……
တချိန်တည်းမှာပဲ ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ရန်ကုန်၊ မြန်မာနိုင်ငံ သို့ထွက်လာခဲ့သည်။ အခုမှ ဧပြီလ၏နံနက်၉နာရီအချိန်သာဆိုသော်လည်း နေအပူရှိန်က ပြင်းထန်လှသည်။
ကျောက်စိမ်းလေလံပွဲရှိတာကြောင့် ပုံမှန်ထက်လူသွားလူလာလဲ များပြားနေသည်။
ကျန်းဖန်က ရန်ကုန်ဟိုတယ်တွင် ကုနင်းအတွက် ဧည့်ခန်းပါအထူးခန်းတစ်ခန်းကို ကြိုတင်ငှားထားပေးပြီးဖြစ်သည်။
***
အခန်း ၁၀၆၄ မြန်မာမှ ကျောက်စိမ်းလေလံပွဲ
ကုနင်းနှင့်လင်ရှောင်းထင်တို့ ရန်ကုန်၊ မြန်မာနိုင်ငံ သို့ရောက်သည်နှင့် ချက်ချင်းဟိုတယ်သို့သာတန်းသွားခဲ့သည်။ ကျောက်စိမ်းလေလံပွဲသို့မသွားခင် ရေချိုးအနားယူဖို့ စီစဉ်ထားတာကြောင့်ပင်။ သို့သော်လည်း ရန်ကုန်ဟိုတယ်ထဲသို့ဝင်လိုက်သည်နှင့် ရင်းနှီးနေသည့်လူတစ်ယောက်ကို ကုနင်းမြင်လိုက်ရသည်။ ထိုလူကတော့ ကျောက်ယွဲ့ဖုန်းပင်။
ကုနင်းကိုမြင်သွားသည်နှင့် ကျောက်ယွဲ့ဖုန်းအမူအရာက ဝင်းလက်သွားတော့သည်။
“မစ္စကု၊ တိုက်ဆိုင်လိုက်တာ!” ကျောက်ယွဲ့ဖုန်း ပြုံးရယ်ကာ ကုနင်းကိုနှုတ်ဆက်လိုက်ပြီးနောက် လင်ရှောင်းထင်ကိုပါ ကြည့်လိုက်ကာ၊ “မင်္ဂလာပါ၊ မစ္စတာလင်။”
“ဟိုင်း၊ အန်ကယ်ကျောက်၊ ဘယ်တုန်းကရောက်နေတာလဲ?” ကုနင်းကပြုံးကာ ပြန်နှုတ်ဆက်လိုက်ချိန် လင်ရှောင်းထင်ကတော့ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းသာတစ်ချက်ညိတ်ပြသည်။
လင်ရှောင်းထင်၏စရိုက်က အမြဲတမ်းအေးစက်စက်နိုင်ကြောင်း ကျောက်ယွဲ့ဖုန်းလဲ သိနေ၍ စိတ်ထဲမထားပေ။
“မနေ့ကပဲရောက်တာ၊ မစ္စကုကော အခုမှရောက်တာလား?” ကုနင်းက အခုထိ အင်္ကျီလက်ရှည်ဝတ်ထားတာကြောင့် ကျောက်ယွဲ့ဖုန်းမေးလိုက်ခြင်းဖြစ်သည်။ မြန်မာရှိလူတိုင်းက ပူလောင်လွန်းလှသည့်ရာသီဥတုကြောင့် အင်္ကျီလက်တိုလောက်သာ ဝတ်နိုင်ကြသည်။
“ဟုတ်တယ်၊ အခုပဲရောက်တာ။”
“အခန်းရော မရသေးဘူးလား?” အခုချိန်က လူအရမ်းများတာကြောင့် အခန်းလွတ်မကျန်တော့တာကြောင့် ကျောက်ယွဲ့ဖုန်းစိုးရိမ်ကာမေးလိုက်သည်။
“ရပြီးပါပြီ၊ အခုပဲ ကျွန်မတို့အခန်းကိုသွားတော့မလို့။”
ဤတစ်ခေါက်ခရီးတွင်တော့ အဝတ်အစားတချို့နှင့်အလှကုန်ပစ္စည်းတချို့ထည့်ထားသည့် ခရီးဆောင်အိတ်ငယ်တစ်လုံးကို ကုနင်းသယ်လာခဲ့သည်။
သူမအခု လင်ရှောင်းထင်နှင့်အတူလာခြင်းဖြစ်တာကြောင့် သူမပစ္စည်းတွေကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်သယ်လာဖို့ အဆင်မပြေလှပေ။
“ကောင်းပြီ၊ နောက်မှတွေ့ကြတာပေါ့!” ကျောက်ယွဲ့ဖုန်း ပြောလိုက်သည်။ “အရည်အသွေးမြင့်ကျောက်စိမ်းတွေရှာဖို့အချိန်ပိုရအောင် မင်းမြန်မြန်လေးလုပ်သင့်တယ်နော်။”
တကယ်တော့ ကျောက်ယွဲ့ဖုန်းသည် ကုနင်းတို့အဖွဲ့ထဲဝင်ချင်နေခြင်းဖြစ်သည်။ ကုနင်းနှင့်သာဆိုလျှင် သူမ၏ထူးချွန်ပြောင်မြောက်သည့်ကျောက်အလောင်းအစား အရည်အချင်းကြောင့် သူ့ကိုလဲ နည်းပေးလမ်းပြလုပ်ပေးနိုင်လိမ့်မည်။ သို့သော် ကုနင်းကိုသာ အနှောင့်အယှက်မပေးလိုပြန်ပေ။
ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းလေလံပွဲက သုံးရက်တာကျင်းပမည်ဖြစ်ကာ သူတို့လဲ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြန်ဆုံကြနိုင်သေးသည်။
ပထမနေ့တွင် ကျောက်စိမ်းကို အိတ်ပိတ်လေလံတင်ရမည်ဖြစ်ပြီး နောက်တစ်နေ့တွင်မှ လေလံဈေးနှုန်းများအား အများကိုချပြမည်ဖြစ်သည်။ ကျောက်စိမ်းကိုတော့ ဒုတိယနေ့၏နေ့လည်ပိုင်းတွင် ဖြတ်နိုင်မည်ဖြစ်ကာ ဝယ်သူ၏ဆန္ဒအပေါ်မူတည်သည်။
တတိယမြောက်နေ့တွင်တော့ လေလံပွဲလုပ်ကာ အများရှေ့တွင် အိတ်ဖွင့်လေလံဆွဲရမည်ဖြစ်သည်။
“နောက်မှတွေ့တာပေါ့။” ကုနင်းနှုတ်ဆက်လိုက်ပြီးနောက် လင်ရှောင်းထင်နှင့်အတူထွက်သွားသည်။
သူတို့နှစ်ယောက် ပြင်ဆင်တာမြန်လှတာကြောင့် နာရီဝက်နေသည်နှင့် ဟိုတယ်မှပြန်ထွက်လာနိုင်ကြသည်။
……
ကျောက်စိမ်းလေလံပွဲတွင် ငွေသား သို့မဟုတ် ဆွဇ်ဘဏ်မှဘဏ်ကဒ်ကိုသာ လက်ခံပေသည်။ ကုနင်းတွင် ဆွဇ်ဘဏ်ကဒ်တစ်ကဒ်ရှိထားသော်လည်း ဒီနေရာမှသုံးလို့ရနိုင်မရနိုင် မသေချာတာကြောင့် ပြည်တွင်းဘဏ်တစ်ခုသို့သွားကာ ဒေါ်လာလဲလှယ်လိုက်သည်။
ကျောက်စိမ်းလေလံပွဲသည် မြို့လယ်ခေါင်တည်ကျင်းပခြင်းမဟုတ်ဘဲ မြို့ထဲနှင့်၂၀ကီလိုမီတာခန့်ဝေးသည့် ဆင်ခြေဖုံးတစ်နေရာတွင် ကျင်းပခြင်းဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ တက္ကစီတစ်စီးငှားကာ ထိုနေရာသို့ရောက်အောင် ဆယ်မိနစ်ကျော်မျှသွားခဲ့ရသည်။
သူမတို့ ဝင်ပေါက်သို့ရောက်သည်နှင့် ကုနင်းက ဖိတ်ကြားလွှာထုတ်ကာပြလိုက်ပြီး ဝန်ထမ်းတစ်ယောက်က ကုနင်းအတွက် လေလံဆွဲရာတွင် အထူးဂရုပြုရမည့်အချက်အလက်များ၊ လေလံဆွဲရမည့်ပစ္စည်းနံပါတ်၊ လေလံအမျိုးအစား (အိတ်ပိတ် သို့မဟုတ် အိတ်ဖွင့်)၊ အရေအတွက်နှင့် ကြမ်းခင်းဈေးနှုန်း၊ လေလံချိန်များပါဝင်သည့် စာရွက်စာတမ်းတစ်ခုပေးလာသည်။
…..
စည်းမျဉ်းအရတော့ ဖိတ်ကြားလွှာပါရှိသည့်လူတွေသာ ပွဲကျင်းပသည့်အထဲသို့ဝင်နိုင်မည်ဟု ပြောထားသော်လည်း ငွေပေး၍လဲ အထဲသို့ဝင်နိုင်ကြသေးသည်။
ကျောက်စိမ်းလေလံပွဲကို ရင်ပြင်ကျယ်တစ်ခုတွင်ကျင်းပခြင်းဖြစ်ကာ တစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းများရှိပြီး အလယ်တွင်တော့ ကျောက်ရိုင်းတုံးထားသည့်စင်များရှိသည်။
ဆိုင်ခန်းများတွင်ရှိသည့် ကျောက်ရိုင်းတုံးတွေကတော့ သေချာဂရုတစိုက်ရွေးချယ်ထားသည်များဖြစ်ကာ ကျောက်စိမ်းဖြတ်မိနိုင်ချေမြင့်လှတာကြောင့် ဈေးနှုန်းကလဲမြင့်လှသည်။
ဆန့်ကျင်ဘက်အနေနှင့် စင်ပေါ်တွင်ခင်းကျင်းထားသည့် ကျောက်ရိုင်းတုံးများသည်တော့ ကျပန်းရွေးချယ်ထားခြင်းဖြစ်၍ ကျောက်စိမ်းဖြတ်နိုင်ချေနည်းပါးသလို ဈေးနှုန်းကလဲ နိမ့်သည်။
ရင်ပြင်ပတ်လည်ရှိဆိုင်ခန်းများသည် သုံးထပ်ရှိသည်။ ပထမတစ်ထပ်သည်တော့ ဝယ်သူများအတွက်ဖွင့်ပေးထားကာ ဒုတိယထပ်နှင့်တတိယထပ်သည်တော့ ဖိတ်ကြားလွှာနှင့်ဝင်သူများသာ ဝင်ရောက်နိုင်သည့် လက်ဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင်ရှိသည်။ ရင်ပြင်၏ဆန့်ကျင်ဘက်တွင်တော့ ငါးထပ်ဆောင်တစ်ခုရှိကာ ကျောက်စိမ်းလေလံပွဲကို ထိုအဆောက်အအုံ၌ကျင်းပမည်ဖြစ်သည်။
ရင်ပြင်တွင် လူများစွာရှိနေသော်လည်း ရင်ပြင်က ကျယ်ဝန်းလှတာကြောင့် ပြွတ်သိပ်နေခြင်းတော့မရှိပေ။
သို့သော်လည်း ရင်ပြင်ထဲတွင် မရေမတွက်နိုင်လောက်အောင်များပြားသည့် ကျောက်ရိုင်းတုံးများချထားတာကြောင့် သာမာန်လူတစ်ယောက်အနေနှင့် ဒါတွေအားလုံးကို ကြည့်ရှုဖို့ရန် မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ကုနင်းမှာကတော့ ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် ဒါက သူမအတွက် ပြဿနာတစ်ခုဟု ဆိုမရပေ။
လူတစ်ယောက်လေလံဆွဲဖို့ အကန့်အသတ်မထား,ထားပေ။ မင်းမှာငွေအလုံအလောက်ရှိနေသ၍ ကျောက်ရိုင်းတိုင်းကို ဈေးပေးနိုင်မှာဖြစ်သော်လည်း ထိုသို့လုပ်သည့်လူကတော့ မရှိပေ။
ရင်ပြင်တွင် ကျောက်ရိုင်းပေါင်း ထောင်ချီရှိနေသော်လည်း အားလုံးတွင် ကျောက်စိမ်းရှိနေမှာတော့မဟုတ်ပေ။ ဒါက စွန့်စားလွန်းအားကြီးတာကြောင့် ဘယ်သူကမှ မဝယ်ကြပေ။
လက်ရှိ ကုနင်း၏လက်ထဲတွင် ဘောပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ရှိနေသည်။ လောလောဆယ် ဆိုင်တွေထဲတွင် လူများလှတာကြောင့် ကုနင်းလဲ စင်ဘက်ရှိကျောက်စိမ်းများကနေစလိုက်သည်။
ပထမနေ့တွင် အိတ်ပိတ်လေလံသာတင်နိုင်မည်ဖြစ်တာကြောင့် ကျောက်ရိုင်းတုံးတစ်ခုတည်းအတွက် ဈေးခေါ်မည့်လူများစွာရှိနိုင်ကာ အများဆုံးပေးနိုင်သူကသာ ရရှိပိုင်ဆိုင်မည်ဖြစ်သည်။ ကျောက်ရိုင်းပေါင်းများစွာရှိတာကြောင့် ကျောက်ရိုင်းတိုင်းကတော့ ဈေးပေးခံရမည်မဟုတ်ပေ။
ကုနင်းကတော့ သူမသဘောကျသည့် ကျောက်ရိုင်းတွေ့သ၍ ဈေးအမြင့်ဆုံးထည့်ဖို့ ဆုံးဖြတ်ထားသည်။ ဘာပဲဖြစ်ဖြစ် သူမပြန်ရောင်းရင် လေလံဈေးထက် အဆများစွာပိုမြတ်လာမှာပဲကို။
လင်ရှောင်းထင်ကတော့ တိတ်တဆိတ်ပဲ ကုနင်းနောက်မှ ပတ်လိုက်နေသည်။ ကုနင်း သူ့ကိုစကားမပြောလာတာတောင်မှ ပျင်းသည်ဟု မခံစားရပေ။
အလယ်အမြင့်အဆင့်နှင့်အထက်ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းတုံးများကိုသာ ကုနင်းရွေးချယ်သွားမည်ဖြစ်သော်လည်း သူမတစ်ယောက်တည်း အကြိမ်ပေါင်းများစွာ လေလံဆွဲဖို့က မသင့်တော်တာကြောင့် လင်ရှောင်းထင်ကို အကူအညီတောင်းလိုက်သည်။
အများအားဖြင့်တော့ ကျောက်ရိုင်းတုံးများထဲတွင် ကျောက်တုံးများသာရှိကြသည်။ ကျောက်စိမ်းရိုင်းပုံတစ်ပုံတွင် ၁၀တုံးလောက်ကသာ ကျောက်စိမ်းပါရှိတာကြောင့် အရည်အသွေးမြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတွေ့ဖို့က ခက်လှသည်။
စင်ငါးခုကိုစစ်ဆေးပြီးနောက်မှာတော့ ကုနင်း ကျောက်ရိုင်း၅တုံးကို လေလံတင်လိုက်တော့သည်။
သူမ ၉စင်မြောက်သို့လျှောက်လာချိန်မှာတော့ ကျောက်ယွဲ့ဖုန်းနှင့်ထပ်တွေ့ပြန်ကာ ဒီတစ်ခါတော့ သူနှင့်အတူ တခြားစီးပွားရေးသမားများပါ ပါလာသည်။
“ဟိုင်း၊ မစ္စကု။” ကျောက်ယွဲ့ဖုန်း နှုတ်ဆက်လာသည်။
ကုနင်း ကျောက်ယွဲ့ဖုန်းလက်ထဲမှ ကျောက်ရိုင်းတုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ “ကျွန်မအထင်တော့ ဒီထဲမှာကျောက်စိမ်းမရှိလောက်ဘူး။”
ကုနင်း၏စကားကိုကြားသည်နှင့် ကျောက်ယွဲ့ဖုန်းတစ်ယောက် သူ့လက်ထဲမှ ကျောက်ရိုးတုံးကို ချက်ချင်းပြန်ချလိုက်တော့သည်။
***
အခန်း ၁၀၆၅ အေမီနှင့်တွေ့ဆုံခြင်း
သို့သော်လည်း ကျောက်ယွဲ့ဖုန်း၏ဘေးမှအမျိုးသားတစ်ယောက်ကတော့ မကျေမချမ်းဖြစ်သွားကာ အေးစက်စက်မျက်နှာထားဖြင့်ပြောလာသည်။ “မင်းလိုမိန်းမငယ်လေးက ကျောက်အလောင်းအစားအကြောင်း ဘယ်လောက်သိမှာမို့လို့လဲ?”
ကျောက်ယွဲ့ဖုန်း အနည်းငယ်စိတ်တိုသွားကာ၊ “ဥက္ကဌဝူ၊ မစ္စကုက ငါ့မိတ်ဆွေ၊ လေးစားသမှုလေးတော့ထားဦး။”
“မင်း…” ကျောက်ယွဲ့ဖုန်းက ကုနင်းဘက်လိုက်ပေးနေတာကြောင့် ဥက္ကဌဝူ ဒေါသထွက်သွားတော့သည်။ “ကောင်းပြီလေ၊ မင်းဘာသာမင်း မိန်းမငယ်လေးတစ်ယောက်ရဲ့စကားကို နားထောင်ချင်မှတော့ မင်းသဘောပေါ့။” ပြောပြီးသည်နှင့် ထိုနေရာမှ ထွက်သွားတော့သည်။
ကျောက်ယွဲ့ဖုန်းကတော့ ထိုလူကို လျစ်လျူရှုကာ ကုနင်းကိုသာ တောင်းပန်လိုက်သည်။ “မစ္စကု၊ စိတ်ထဲမထားနဲ့နော်။ သူက အမြဲအဲ့လိုပဲ။”
“ရပါတယ်။” ကုနင်း သူစိမ်းတစ်ယောက်ကြောင့်နှင့် ဒေါသမထွက်ပေ။
ထို့နောက် စင်ပေါ်က ကျောက်ရိုင်းတုံးများကို ကုနင်းတစ်ချက်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ကျောက်ယွဲ့ဖုန်းကိုပြောလိုက်သည်။ “ဟိုက F-1003ကျောက်ရိုင်းတုံးကိုကြည့်။ ကျွန်မအထင် အဲ့ထဲမှကျောက်စိမ်းရှိလောက်မယ်။”
ထိုကျောက်ရိုင်းထဲတွင် အလယ်အမြင့်ဆင့်ကျောက်စိမ်းရှိကာ ကုနင်းက ကျောက်ယွဲ့ဖုန်းကို အရိပ်အမြွက်ပေးလိုက်သည်။
ကျောက်ယွဲ့ဖုန်းလဲ ကုနင်းဆိုလိုရင်းကို နားလည်သလို ကုနင်းကိုယုံလဲယုံကြည်သည်။ “ကျေးဇူးတင်ပါတယ်၊ မစ္စကု။”
“ရပါတယ်။ ကျွန်မသွားတော့မယ်။”
“နောက်မှတွေ့တာပေါ့။” ကျောက်ယွဲ့ဖုန်း ကုနင်းကိုမတားခဲ့ပေ။
ကုနင်းထွက်သွားသည်နှင့် ကျောက်ရိုင်းတုံးနံပါတ်ကို ကျောက်ယွဲ့ဖုန်း ချရေးလိုက်တော့သည်။ ထိုထဲတွင် ကျောက်စိမ်းရှိကြောင်း သူယုံကြည်တာကြောင့် နိုင်ဖို့သေချာစေရန် ဈေးကိုတော်တော်လေးမြှင့်ထားလိုက်သည်။
……
မြန်မာက ကျောက်စိမ်းလေလံပွဲတွင် ကုနင်း ရင်းနှီးသည့်မျက်နှာတစ်ယောက်ထက်မကတွေ့ရဖို့ ကံပါလာပုံရသည်။ အခုလဲ သိပ်တောင်မကြာလိုက် အေမီဟေးလ်နှင့် ထိတိုက်တွေ့ရပြန်ပြီ။
အေမီက သူမအစ်ကိုနှင့်အတူလာခြင်းဖြစ်ကာ အက်ဒမ်နှင့်ကုနင်းကြားတွင် ရန်ငြှိုးရန်စမရှိသော်လည်း အေမီနှင့်ကတော့ ရှိထားသည်။
အေမီက အရင်က ကုနင်းကိုသတ်ပစ်ဖို့အထိပင်ကြိုးစားဖူးတာကြောင့် ကုနင်းကလဲ ဒီတစ်ကြိမ်တော့ သူမကိုအလွတ်ပေးမည်မဟုတ်ပေ။
ကုနင်းကို အေမီမြင်လိုက်သည်နှင့် ကုနင်း၏သတိပေးစကားကို ပြန်အမှတ်ရကာ ကြောက်လန့်သွားတော့သည်။ သူမသည် ဟေးလ်မိသားစုတွင်မွေးလာသည်ဆိုသော်လည်း သူမသာ ကုနင်းကို စိတ်အနှောင့်အယှက်သွားပေးပါက သူတို့မသားစုက ဝင်ကူပေးမည်မဟုတ်ကြောင်း သူမအစ်ကိုက ပြောထားပြီးပြီဖြစ်သည်။
ကုနင်းနှင့်စစ်ထူယဲ့ကလဲ အလွန်ရင်းနှီးကာ စစ်ထူယဲ့ကလဲ ကုနင်းကိုအလွန်ဂရုစိုက်သည်။
စစ်ထူယဲ့က ကုနင်းကိုသဘောကျကာ ကုနင်းကလဲ သူမကိုထိခိုက်ဒဏ်ရာရအောင်လုပ်ထားခဲ့တာကြောင့် အေမီက ကုနင်းကို မနာလိုဖြစ်နေသေးသလို မုန်းလဲမုန်းတီးနေတုန်းပင်။
ထိုအကြောင်းများပြန်တွေးမိသည်နှင့် ကုနင်းကို တစ်ခေါက်လောက်တော့ သင်ခန်းစာပြန်ပေးသင့်သည်ဟု အေမီတွေးလိုက်သည်။
ကုနင်းကတော့ အေးအေးဆေးဆေးဖြင့် အေမီဘာတွေးတွေး ဂရုစိုက်မနေပေ။ အေမီ သူမအပေါ်လုပ်ခဲ့သည့်ကိစ္စကို မမေ့သွားသော်လည်း အေမီကိုအရင်စတိုက်ခိုက်ဖို့တော့ စိတ်ကူးမရှိပေ။ သို့သော်လည်း ဒီနေ့မှ အေမီက သူမရှေ့ ဘာသာပေါ်လာခဲ့မှတော့ ဒီလိုအခွင့်အရေးကို လက်လွှတ်လိုက်စရာအကြောင်းလဲမရှိပေ။
အေမီသာ သူမနှင့်မတွေ့ဖို့ရှောင်ရင်း ခပ်ဝေးဝေးမှာနေပါက သူမလဲ ကြင်နာသမှုနှင့် သူမကိုလွှတ်ထားလိုက်မည်ဖြစ်သော်လည်း အေမီကတော့ ထိုသို့မလုပ်ချင်ပုံပင်။ ဒါကြောင့် ကုနင်းလဲ အေမီ သူမကို ထပ်ပြီးထိခိုက်အောင်မလုပ်ဖို့ရန် တစ်ခုခုတော့လုပ်ရမည်မှန်း သိလိုက်သည်။
အေမီ၏အမူအရာကို လင်ရှောင်းထင်မြင်လိုက်သည်နှင့် ထိုအမျိုးသမီးနှင့်ကုနင်းကြား ရန်ငြှိုးတစ်ခုခုရှိလောက်ကြောင်းသိလိုက်ကာ အေးစက်စက်အကြည့်တစ်ချက်ပစ်လွှတ်လိုက်တော့သည်။
ထိုအကြည့်ကြောင့် အေမီထိတ်လန့်သွားကာ ချက်ချင်းပင် ကြောက်လန့်တကြားအကြည့်လွှဲလိုက်တော့သည်။ အက်ဒမ်သည်လဲ ကုနင်း၏အမူအရာကိုမြင်နေတာကြောင့် စိုးရိမ်လာကာ ကုနင်းကို ဘာမှမကြံစည်ဖို့ရန်ပြောလိုသည့်အနေနှင့် အေမီကို သတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
သို့သော်လည်း အေမီ ကုနင်းအပေါ် ဘာတွေလုပ်ခဲ့လဲ အက်ဒဏ်အတိအကျမသိထားပေ မဟုတ်လို့ကတော့ အခုလို ဘာမှမဖြစ်သလိုနှုတ်ဆက်နိုင်မည်မဟုတ်ပေ။
“မစ္စကု၊ တွေ့ရတာဝမ်းသာပါတယ်။” အက်ဒမ် ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ အက်ဒမ်။”
လင်ရှောင်းထင်ကိုတော့ အက်ဒမ်မသိတာကြောင့် ခေါင်းညိတ်ရုံသာနှုတ်ဆက်လိုက်ကာ လင်ရှောင်းထင်လဲ ထိုအတိုင်းပင် ပြန်အသိအမှတ်ပြုသည်။
အေမီကိုလက်စားပြန်ချေဖို့ ကုနင်းစိတ်ကူးထားသော်လည်း အခုချက်ချင်းတော့မဟုတ်ပေ။ လောလောဆယ် ကျောက်စိမ်းကောင်းရှာတွေ့ဖို့ကသာ သူအတွက်အရေးအကြီးဆုံးဖြစ်သည်။
“အက်ဒမ်၊ ကျွန်မတို့ဟိုဘက်ထဲသွားချင်လို့။” ကုနင်းပြောလိုက်သည်။
“ရပါတယ်၊ သွားပါ။” အက်ဒမ်ပြန်ဖြေကာ ကုနင်းနှင့်လင်ရှောင်းထင်တို့သွားဖို့အတွက် ဘေးကပ်ရပ်ပေးလိုက်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ထွက်သွားပြီးသည်နှင့် အေမီကိုထပ်ပြီးသတိပေးလိုက်ပြန်သည်။ “အေမီ၊ မင်း အဲ့မိန်းကလေးကိုထပ်ပြီးထိခိုက်အောင်လုပ်ဖို့ စိတ်တောင်းမကူးနဲ့။ မင်း ငါတို့မိသားစုဆီ အရှုပ်ထုတ်တွေသပ်လာရဲသယ်လာကြည့် ဘယ်သူမှ မင်းကိုကူပေးမှာမဟုတ်ဘူး။ အာသာ ငါတို့ဆီက အထောက်အပံ့တွေ ယူသွားရင် ငါတို့မိသားစုအန္တရာယ်ဖြစ်လိမ့်မယ်။”
အာသာဟေးလ်သည်လဲ ဟေးလ်မိသားစုဝင်တစ်ဦးဖြစ်ကာ အေမီ၏အစ်ကိုဝမ်းကွဲဖြစ်သည်။ ဟေးလ်မိသားစုသည် အပြင်ပန်းအရ သဟဇာတဖြစ်ပုံပေါက်နေသော်လည်း တကယ်တမ်း အမွေဆက်ခံခွင့်နှင့်ပတ်သတ်၍ အငယ်တန်းများသည် ယှဉ်ပြိုင်နေကြတာဖြစ်သည်။
အင်အားကြီးမိသားစုများအတွက် ထိုသို့သောအခြေအနေမျိုးက မလွှဲမရှောင်နိုင်ဖြစ်ကာ လင်ရှောင်းထင်ဆိုလဲ ထိုအခြေအနေကို ဖြတ်သန်းနေရတာပင်။ Bမြို့မှထန်မိသားစုသည်သာ အထူးသလည် ထိုအခြေအနေမျိုးနှင့် ကွာခြားနေခြင်းဖြစ်သည်။ ထန်မိသားစုသည် အင်အားကြီးမိသားစုများထဲတွင် မြင်ရခဲသည့် အစစ်အမှန်သဟဇာတရှိသည့်မိသားစုပင်ဖြစ်သည်။
“နားလည်ပါတယ်။” အေမီထိုသို့ပြောလိုက်သော်လည်း စိတ်ထဲမှ အမှန်တကယ်နားလည်နေခြင်းတော့မဟုတ်ပေ။
အက်ဒမ်လဲ အေမီကို ဘယ်လိုပြုမူနေထိုင်ဖို့အထိ သင်ကြားပြသပေးဖို့ အချိန်မရတာကြောင့် ကျောက်ရိုင်းတုံးများကိုသာ ဆက်ကြည့်နေတော့သည်။
ဟေးလ်မိသားစုသည်လဲ လက်ဝတ်ရတနာလောကတွင်ပါဝင်သည်။ အက်ဒမ်နှင့်အေမီအပြင် အာသာနှင့် ယက်ခ်သည်လဲ ဟေးလ်မိသားစုကို ကိုယ်စားပြုသူများဖြစ်သည်။
ဒါက ဟေးလ်မိသားစုမှစမ်းသပ်မှုတစ်ခုဖြစ်သည်။ အက်ဒမ်က အမြဲတမ်း အငယ်မိသားစုဝင်များကြားတွင် အကောင်းဆုံးရလဒ်ထွက်သူဖြစ်သော်လည်း မိသားစု၏ပင်တိုင်အမွေဆက်ခံသူဖြစ်ဖို့အတွက်ကိုတော့ တခြားကလေးများနှင့် ဆက်လက်ယှဉ်ပြိုင်နေရတုန်းပင်။
***