← Chapters

အခန်း (၁၀၈၁-၁၀၉၂)

Vol. 72 Ch. 1081-1085

အခန်း (၁၀၈၁-၁၀၉၂)

Vol. 72 Ch. 1081-1085

အခန်း ၁၀၈၁ သူ့လုပ်ငန်းထဲကငွေတွေ ဆုံးရှုံးသွားဖို့မျှော်လင့်နေတာလား?

အမှန်ကိုပဲ လင်ရှောင်းထင်သည် တခြားလူများလက်ထဲမှ ကျောက်ရိုင်းတုံးပေါင်းများစွာကို အနိုင်ရသွားခြင်းဖြစ်သည်။

သို့သော်လည်း လင်ရှောင်းထင်သည်လဲ ကုနင်းလိုနည်းလမ်းမျိုးဖြင့်ပင် လေလံဆွဲခဲ့ခြင်းဖြစ်ကာ ကုနင်း၏ညာဘက်ဘေးတွင် ရပ်နေတာကြောင့် လူများစွာက သူရှိရာကိုကြည့်လာကြပြီး ထိုလူက လင်ရှောင်းထင်ပဲဖြစ်မည်ဟု ယုံသွားကြသည်။

တချို့လူများကတော့ လင်ရှောင်းထင်က ကုနင်းအစားများ လေလံဝင်ဆွဲပေးနေသလားဟုတောင် တွေးနေကြလေသည်။

လုဝေ့ဝေ့နှင့်ထန်ယရှင်းတို့လဲ ထိုအတိုင်းတွေးမိကြတာကြောင့် ပိုလို့တောင် ခံစားချက်တို့ဆိုးလာတော့သည်။ လင်ရှောင်းထင်ကပဲ သူတို့ကို စိတ်ပျက်စေအောင် လုပ်ခဲ့မိသလိုပင်။ သူတို့နှစ်ယောက်လုံး ကုနင်းကိုမနာလိုဖြစ်နေကြတာကြောင့် ကုနင်းအတွက် လင်ရှောင်းထင် အရာအားလုံးလိုက်လုပ်ပေးနေသည့်အပေါ် မနှစ်မြို့ကြတော့ပေ။

“ဘာဖြစ်လို့လဲ?” ချီကျီယွဲ့က ထန်ယရှင်းကိုမေးလေသည်။

“ဘာမှမဖြစ်ဘူး။ ကုနင်းလို့ခေါ်တဲ့ကောင်မလေး သူနိုင်သွားသမျှကျောက်ရိုင်းတုံးတွေထဲမှာ ကျောက်စိမ်းသာဖြတ်လို့မရခဲ့ရင် တော်တော်လေးဆုံးရှုံးသွားနိုင်တယ်လို့ တွေးနေတာ။”

ထိုစကားကိုကြားပြီး ချီကျီယွဲ့ ဘာမှပြန်မပြောခဲ့ပေ။ သူကိုယ်တိုင်လဲ ကုနင်း၏လုပ်ငန်းထဲမှ ငွေတွေဆုံးရှုံးသွားစေဖို့ မျှော်လင့်နေတာဖြစ်သည်။

“သူ ဒီကနေ ငွေအများကြီးပြန်မရလောက်ပါဘူး။” အာယုမီယာမဂုချီကလဲ ပြောလာသည်။ သူမကိုဒေါသထွက်အောင်လုပ်ခဲ့သူက ကျီပိုင်ယင်းတစ်ယောက်သာဆိုသော်လည်း ကုနင်းက ကျီပိုင်ယင်း၏သူငယ်ချင်းဖြစ်နေတာကြောင့် ကုနင်းကိုလဲ သူမမုန်းလေသည်။ ပြောရင်းဖြင့် ကျီပိုင်ယင်းနှင့် ကုနင်းထံသို့ အလွန်အမင်းရန်လိုနေသည့်အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

ကျီပိုင်ယင်းကလဲ သူမဘက်ချက်ချင်းလှည့်ကြည့်လာကာ အထင်သေးသည့်အမူအရာပေါ်တင်ပြလိုက်သည်။ သူမကတော့ အာယုမီယာမဂုချီကို လုံးဝမကြောက်ပေ။

ကျီပိုင်ယင်း၏ လှောင်သလိုအပြုံးကြောင့် အာယုမီယာမီဂုချီ ဒေါသထွက်သွားကာ ကျီပိုင်ယင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲပစ်ချင်လာတော့သည်။

“အာယုမီ၊ ဘာမှမပူနဲ့။ မင်းအတွက် သူ့ကိုသေချာပေါက် သင်ခန်းစာပြန်ပေးပေးမယ်။” ရှိုးတမီနမီနိုင်က အာယုမီယာမဂုချီကို နှစ်သိမ့်ပေးလိုက်သည်။ သူကိုယ်တိုင်လဲ ကျီပိုင်ယင်းကို မုန်းလေသည်။

မနက်ဖြန်က ကျောက်စိမ်းလေလံပွဲနောက်ဆုံးရက်ဖြစ်တာကြောင့် ထိုနေ့မပြီးခင် သူမကို လက်စားပြန်ချေဖို့ နည်းလမ်းကောင်းစဉ်းစားမိဖို့လိုသည်။ ကျီပိုင်ယင်းကို အလွယ်လေးအပြစ်ပေးနိုင်ရန် သူတို့ အခု Rနိုင်ငံမှာရှိနေခြင်းဖြစ်ဖို့တောင် ဆုတောင်းနေမိတော့သည်။

ရှိုးတမီနမီနို သူ့အကြံအစည်တစ်ကြိမ်ကျရှုံးသွားသော်လည်း သူ့အကြံတွေမပေါ်သွားသေးဘူးဟု တွေးနေတာကြောင့် ကျီပိုင်ယင်းနောက်လိုက်ဖို့ရန် လူများဆက်လွှတ်ထားလေသည်။

ကျီပိုင်ယင်းနှင့်သူမသက်တော်စောင့်တွေကတော့ သေချာပေါက်သိနေပေမည့် လက်ရှိပြဿနာကိုဖြေရှင်းဖို့ရန် အခွင့်အလမ်းကောင်းကို စောင့်နေကြခြင်းသာဖြစ်သည်။

သူမသည် အားနွဲ့သည့်မိန်းမငယ်လေးတစ်ယောက်မဟုတ်သလို ရန်ပွဲအကြောင်းတွေးကာ စိတ်ပင်လှုပ်ရှားနေသေးသည်။

ချီကျီယွဲ့နှင့်ထန်ယရှင်းသည်တော့ ထိုပြဿနာထဲဝင်ပါဖို့ စိတ်ကူးမရှိကြပေ။

လင်ရှောင်းထင်အနိုင်ရသွားသည့် ကျောက်ရိုင်းတုံးနံပါတ်ပေါင်းများစွာကို အစီအစဉ်မှူးလဲ အချိန်အတော်ကြာ ရွတ်ဖတ်ပေးလိုက်ရသည်။

ကျန်းမိသားစုနှင့်လုမိသားစုသည် လင်ရှောင်းထင်နှင့်လဲ ကျောက်ရိုင်းအတူတူများစွာကို လေလံဆွဲမိတာကြောင့် အလွန်စိတ်ပျက်နေကြပေပြီ။

……….

ရလဒ်များကို ကြေညာပြီးသည်နှင့် ကျောက်ရိုင်းများကို သယ်သွားနိုင်ပေပြီ။

ကျောက်ရိုင်းတုံးများကို နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်း၍ရပေသည်။ တစ်နည်းကတော့ ကျောက်ရိုင်းတုံးများအတိုင်း အိမ်ပြန်သယ်ဖို့ဖြစ်ကာ နောက်တစ်နည်းကတော့ဖြင့် ကျောက်စိမ်းဖြတ်ပြီး ကျောက်စိမ်းကို ရောင်းချလိုက်ဖို့ပင်။

ကျောက်စိမ်းလေလံပွဲစီစဉ်သူက အနိုင်ရသူများ ကျောက်ရိုင်းတုံးများကိုအိမ်ပြန်သယ်နိုင်ဖို့ရန် ထရက်ကားများစီစဉ်ပေးမည်ဖြစ်သည်။

ဒါကြောင့် ကုနင်း ကျောက်ရိုင်းများကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်လို့ဖို့ မသင့်တော့ပေ။

ကျောက်စိမ်းများဖြတ်ချင်လျှင်တော့ နေ့လည်ပိုင်းတွင် လေလံပွဲလုပ်ကာ ရောင်းချနိုင်မည်ဖြစ်သည်။ တကယ်လို့ ကျောက်စိမ်းများကိုပြန်သယ်သွားမည်ဆိုလျှင်တော့ တရားဝင်စာရွက်စာတမ်းများလုပ်ရပေဦးမည်။

ကျောက်ရိုင်းတုံးများတွင်က ကျောက်စိမ်းပေါင်းများစွာပါဝင်တာကြောင့် ကုနင်း အရင်ဆုံး ထန်မြို့သို့ရွှေ့ဖို့ရန် ဆုံးဖြတ်လိုက်သည်။

ရန်ကုန်ကနေ ထန်မြို့ကိုဆို ၂နာရီလောက်သာ ကားမောင်းရုံဖြင့်ရောက်လေသည်။

တခြားလူများ၏ရလဒ်အကြောင်း ကုနင်းစိတ်မဝင်စားဘဲ မနက်ဖြန်ကျင်းပမည့် လေလံပွဲကိုသာ တက်ရောက်ချင်ပေသည်။

ဒါကြောင့် ကျီပိုင်ယင်းဆီမှထွက်လာကာ ကျောက်ရိုင်းများယူဖို့သွားတော့သည်။

ကုနင်းထွက်သွားသည်ကိုမြင်သည်နှင့် သူမ ကျောက်ရိုင်းတုံးတွေကို ထန်မြို့သို့ပြန်သယ်တော့မည်ဖြစ်ကြောင်း ကျန်းတချွမ်သိလိုက်သည်။ ဘယ်သူကမှ ဒီလိုတန်ဖိုးကြီးကျောက်ရိုင်းတုံးတွေကို သိုလှောင်ရုံထဲ ထားခဲ့မည်မဟုတ်ပေ။

သူမတွင် ကျောက်ရိုင်းတုံးအများကြီး သယ်စရာရှိနေတာကြောင့် ကုနင်း ထရက်ကားအကြီးကြီးတစ်စီးငှားလိုက်ရသည်။

ကားပေါ် ကျောက်ရိုင်းများမတင်ခင် သူမပြန်စစ်လိုက်ကာ တစ်တုံးမှ အစားထိုးခံထားရခြင်းမရှိပေ။

ထိုကျောက်ရိုင်းများတွင် ကျောက်စိမ်းပါမှန်း ဘယ်သူမှမသိတာကြောင့် ဘယ်ကျောက်ကိုမှ ဘယ်သူမှအစားမထိုးခဲ့ကြပေ။

တော်တော်များများက သူမကိုမနာလိုဖြစ်နေကြသည်မဟုတ်လား။

တစ်နာရီကြာပြီးနောက်မှာတော့ ကုနင်းနှင့်တခြားလူများ ထန်မြို့သို့ထွက်ခွာခဲ့ကြသည်။ ထို့နောက် ကျန်းဖန်ထံဖုန်းဆက်ကာ နယ်ခြားစည်းတွင် ထရက်ကားတစ်စီးကြိုပြင်ထားဖို့ ပြောလိုက်သည်။

၂နာရီကြာပြီးနောက်မှာတော့ ထရက်ကားက မြန်မာနိုင်ငံမှထွက်ခွာလာတော့သည်။

ကျန်းဖန်နှင့်ဝန်ထမ်းနှစ်ယောက်သည်လဲ သူတို့ကိုစောင့်နေကြပြီဖြစ်သည်။

ကုနင်း ကျောက်ရိုင်းတွေအများကြီးပြန်ယူလာမည်မှန်း သူတို့သိထားပြီးဖြစ်ပေမည့် တကယ်တမ်းအရေအတွက်ကိုမြင်ပြီးနောက်မှာတော့ အံ့ဩရစဲပင်။

ထိုကျောက်ရိုင်းများထဲတွင် ကျောက်စိမ်းပေါင်းများစွာပါဝင်မည်မှန်း ကျန်းဖန်သိနေသည်။

ကျောက်ရိုင်းတုံးများကို ကျန်းဖန်စီစဉ်ထားသည့် ထရက်ကားပေါ်တင်ပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်လဲ သူနှင့်အတူ ထန်မြို့သို့လိုက်သွားကြလေသည်။

***

အခန်း ၁၀၈၂ ကျောက်စိမ်းလေလံ

သိုလှောင်ရုံတွင် ကုနင်း မိနစ်ပိုင်းလောက်သာနေပြီးနောက် လင်ရှောင်းထင်နှင့်အတူ မြန်မာသို့ ပြန်လာခဲ့လေသည်။

……..

ကုနင်းနှင့်လင်ရှောင်းထင်တို့ အနိုင်ရသွားသည့် ကျောက်ရိုင်းတုံးစာရင်းရှည်ကြီးကို အစီအစဉ်မှူးဖတ်ပြီးအောင် အချိန်အကြာကြီးယူခဲ့ရသော်လည်း တခြားလူများသည်တော့ ကျောက်ရိုင်းဒါဇင်လောက်သာ အနိုင်ရကြလေသည်။

နေ့လည်၁နာရီတွင်တော့ ကျောက်ရိုင်းနံပါတ်အားလုံးကို အစီအစဉ်မှူးကြေညာပေးပြီးသွားပြီဖြစ်သည်။ ကျန်းမိသားစုက ကျောက်ရိုင်းအတုံး၂၀ရသွားကာ ကုနင်း သူတို့အတွက်ချန်ထားပေးခဲ့သည်များလဲ ပါဝင်သည်။

လုမိသားစုသည်လဲ အရေအတွက်အတူတူပင် အနိုင်ရသွားခဲ့ပေမည့် ထိုကျောက်ရိုင်းများထဲတွင် အရည်အသွေးနိမ့်ကျောက်စိမ်းအနည်းငယ်မျှသာ ပါဝင်လေသည်။

ကျန်းမိသားစုနှင့်လုမိသားစုတို့သည် သူတို့လုပ်ငန်းမှ ပါတနာများ ဖောက်သည်များနှင့် စကားပြောဆိုဆက်ဆံမှုလုပ်ရန်အဓိကရည်ရွယ်ကာ ဤပွဲသို့လာခဲ့ခြင်းဖြစ်၍ လေလံပွဲရလဒ်အပေါ် အများကြီးဂရုမစိုက်ကြပေ။

ကျောက်ယွဲ့ဖုန်းသည်လဲ ကျောက်ရိုင်း၁၀တုံးရရှိခဲ့ကာ ထိုထဲမှ၅တုံးတွင် ကျောက်စိမ်းပါဝင်ပေသည်။

လူတိုင်း သူတို့အနိုင်ရရှိခဲ့သည့်ကျောက်ရိုင်းများကို အရင်ဆုံးပြန်လည်ပို့ဆောင်ခဲ့ကြကာ သူတို့ကိုယ်တိုင်ကတော့ နောက်တစ်နေ့တွင်ကျင်းပမည့် လေလံပွဲကြီးအတွက် မြန်မာတွင်သာ နေခဲ့ကြလေသည်။

………

နေ့လည်၂နာရီတွင်တော့ လူတချို့က စတင်ကာ သူတို့ရရှိထားသည့် ကျောက်ရိုင်းများကို ဖြတ်ကြသော်လည်း အရည်အသွေးမြင့်ကျောက်စိမ်းများများစားစားတော့ မထွက်ခဲ့ပေ။

ဒါကြောင့်ပဲ ခရမ်းရင့်ရောင်ကျောက်စိမ်းတစ်တုံးဖြတ်မိသွားသည်နှင့် လူများရူးသွပ်စွာ လေလံဆွဲကြတော့သည်။

ကျီပိုင်ယင်းသည် လေလံပွဲသို့ အပျော်သဘောကြည့်ဖို့သာ သွားခဲ့ခြင်းဖြစ်သော်လည်း အာယုမီယာမဂုချီပါ လေလံပွဲတွင်ပါဝင်လာချိန်မှာတော့ သူမလဲငြိန်မနေနိုင်တော့ပေ။

သုန်းဖန်းကျီယွီသည်လဲ ခရမ်းရင့်ရောင်ကျောက်စိမ်းကို လေလံဝင်ဆွဲခဲ့သည်။ ခရမ်းရင့်ရောင်ကျောက်စိမ်းတွင် သိပ်သည်းလှသည့်မှော်စွမ်းအင်များဖုံးလွှမ်းနေသော်လည်း ကုနင်းလို့တော့ သူမမျက်လုံးနှင့်ကြည့်ရုံဖြင့် အလွယ်တကူ စုပ်ယူနိုင်ခြင်းမရှိတာကြောင့် ဝယ်နိုင်မှဖြစ်ပေမည်။ မှော်စွမ်းအားကိုစုပ်ယူပြီးလျှင်တော့ဖြင့် ထိုကျောက်စိမ်းကို လက်ဝတ်ရတနာလုပ်လို့ရသလို ပြန်ရောင်းလိုက်လဲရပေသည်။

ခရမ်းရင့်ရောင်ကျောက်စိမ်းသည် ဘောလုံးတစ်လုံးအရွယ်မျှကြီးကာ ဈေးစခေါ်ကတည်းကပင် ဒေါ်လာ၁သန်းနှင့်စခဲ့သည်။

“ဒေါ်လာ၁.၅သန်း၊” အာယုမီယာမဂုချီ ဈေးထပ်တိုးလိုက်သည်။

ထို့နောက် ကျီပိုင်ယင်းက “ဒေါ်လာ ၁.၆သန်း။”

ဆက်တိုက်ဆိုသလို သုန်းဖန်းကျီယွီကလဲ “ဒေါ်လာ၁.၇သန်း”ဆိုကာ အသီးသီးဈေးပြိုင်ပေးနေကြတော့သည်။

…….

ခရမ်းရင့်ရောင်ကျောက်စိမ်း၏ဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ဈေးဆက်မခေါ်သည့်လူ ပိုပိုများလာခဲ့ကာ အဆုံးမှာတော့ အာယုမီယာမဂုချီ၊ ကျီပိုင်ယင်းနှင့် သုန်းဖန်းကျီယွီတို့သာ ကျန်ခဲ့တော့သည်။

အာယုမီယာမဂုချီက၊ “ဒေါ်လာ၅သန်း။”

ထိုဈေးက ခရမ်းရင့်ရောင်ကျောက်စိမ်းအတွက် အမြင့်ဆုံးတက်နိုင်သည့်ဈေးနှုန်းသို့မရောက်သေးသော်လည်း သိပ်တော့မလိုတော့ပေ။ ဈေးနှုန်းကပိုမြင့်လာလေ ပြန်ရလာမည့်အမြတ်က နည်းသွားလေဖြစ်ပေမည်။

“ဒေါ်လာ ၅.၁သန်း။” အာယုမီယာမဂုချီကို အရှုံးမပေးလိုတာကြောင့် ကျီပိုင်ယင်း ဈေးထပ်ပေးလိုက်ပြန်သည်။

အာယုမီယာမဂုချီ သူမကိုဒေါသတကြီးကြည့်လာသည်ကို မြင်ရတော့ ကျီပိုင်ယင်း ပျော်တောင်ပျော်လာရသေးသည်။ သူမအတွက် ငွေကအပေါဆုံးပဲမဟုတ်လား။ ဈေးအရမ်းမြင့်သွားရင်လဲ သူမထွက်လိုက်လို့ရတာပဲ။

“ဒေါ်လာ၅.၂သန်း။” သုန်းဖန်းကျီယွီကလဲ မလျှော့ပေ။

အာယုမီယာမဂုချီနှင့်ကျီပိုင်ယင်းတို့သည် တစ်ယောက်နှင့်တစ်ယောက်အကျောမပေးလို၍ ပြိုင်နေခြင်းဖြစ်သော်လည်း သုန်းဖန်းကျီယွီသည်တော့ ကျောက်စိမ်းကို အမှန်တကယ်လိုချင်သူဖြစ်သည်။ ထိုနှစ်ယောက် ရန်သူတွေဖြစ်လောက်မှန်း သုန်းဖန်းကျီယွီ ရိပ်မိသော်လည်း သူတို့တွေ အပြိုင်အဆိုင်ဈေးမြှင့်နေခြင်းကို ဝင်မတားခဲ့ပေ။

“ဒေါ်လာ၅.၃သန်း။” အာယုမီယာမဂုချီ ဆက်ပြောလိုက်သည်။

“ဒေါ်လာ၅.၄သန်း။” ဤတစ်ခေါက် ကျီပိုင်ယင်းပြောပြီးချိန်တွင်တော့ သုန်းဖန်းကျီယွီ ဆက်ပြီး လေလံဝင်မဆွဲတော့ပေ။ သူမလက်လျှော့လိုက်ခြင်းမဟုတ်သော်လည်း ဈေးဘယ်လောက်အထိမြင့်သွားမလဲ ကြည့်ချင်မိသည်။ တန်းကြေးထက် အရမ်းများနေလျှင်တော့ ထိုအတွက် သူမငွေမဖြုန်းလိုပေ။

“ဒေါ်လာ၅.၅သန်း။”

“ဒေါ်လာ၅.၆သန်း။”

………..

“ဒေါ်လာ၆သန်း။”

“ဒေါ်လာ၆.၂သန်း။”

“ဒေါ်လာ၇သန်း!” အာယုမီယာမဂုချီ စိတ်မရှည်တော့ပေ။

“ကောင်းပြီလေ၊ ဒါဆိုလဲ နင့်အပိုင်ပဲပေါ့။” ကျီပိုင်ယင်း ရပ်ဖို့ဆုံးဖြတ်လိုက်သည်။ ကျောက်စိမ်းသည် သူမအမြင်မှာတော့ ထိုမျှလောက်ငွေအများကြီး မတန်လှတာကြောင့် လမ်းတဝက်မှာထွက်လိုက်ရသည့်အတွက် နေမထိထိုင်မသာတော့ဖြစ်မနေခဲ့ပေ။

အဆုံးမှာတော့ အာယုမီယာမဂုချီက ခရမ်းရင့်ရောင်ကျောက်စိမ်းအတွက် ဒေါ်လာ၇သန်းပေးရတော့မည်ဖြစ်ကာ အမြတ်ရမည့်အရောင်းအဝယ်မဟုတ်တော့ပေ။

“နင်…!” အာယုမီယာမဂုချီ အလွန်ဒေါသထွက်နေသော်လည်း ကျီပိုင်ယင်းကို လှောင်ချင်စိတ်တော့ရှိလို့နေသေးသည်။ “နင်မတတ်နိုင်တာကို စကားအလှတွေသုံးမနေစမ်းပါနဲ့!”

သူမအတွက်တော့ ငွေမှမရှားဘဲ။

“ဒေါ်လာ၇.၂သန်း။” သူတို့စကားနာထိုးတော့မည်အချိန် သုန်းဖန်းကျီယွီက ဖြတ်ပြောလာခဲ့သည်။

ထိုအသံကြောင့် ကျီပိုင်ယင်းအံ့ဩသွားကာ သုန်းဖန်းကျီယွီကို လှည့်ကြည့်လိုက်သည်။ ကျောက်စိမ်းလေးတစ်တုံးအတွက် ရူးရူးမိုက်မိုက်နှင့်ငွေတွေအများကြီးသုံးတာ အာယုမီယာမဂုချီတစ်ယောက်သာ ရှိမည်ဟု သူမတွေးထားခဲ့သော်လည်း တခြားတစ်ယောက်ကပါ ဈေးအမြင့်ကြီးထည်ပေးချင်နေတာကတော့ လက်မခံနိုင်စရာပင်။

“ဒေါ်လာ၇.၃သန်း။” အာယုမီယာမဂုချီ သိပ်တောင်တွေးမနေဘဲ ချက်ချင်းဈေးကိုထပ်မြှင့်လိုက်သည်။

“ဒေါ်လာ၇.၄သန်း။” သုန်းဖန်းကျီယွီက အရယူမည့်ပုံဖြင့် ဆက်ပြောလာပြန်သည်။

အာယုမီယာမဂုချီ ပါးစပ်ဟလိုက်သော်လည်း ဘာစကားလုံးမှထွက်လာတော့ပေ။ အခုချိန် ဈေးတွေထပ်မြှင့်နေလို့လဲ အဓိပ္ပါယ်မရှိမှန်း သူမသိနေသည်။

သူမအစကတည်းက ကျီပိုင်ယင်းနှင့်ပြိုင်လိုခြင်းကြောင့်သာ လေလံဆွဲခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းကို သဘောကျတာကြောင့်မဟုတ်ပေ။ တကယ်တော့ ကျောက်စိမ်းနှင့်ယှဉ်လျှင် သူမကတော့ စိန်ကိုပိုကြိုက်သည်။ ကျောက်စိမ်းကိုလေလံဝင်ဆွဲပေးတာက ရှိုးတမီနမီနိုလိုချင်နေခြင်းကြောင့်သာဖြစ်လေသည်။

ရှိုးတမီနမီနိုက ကျောက်စိမ်းသည် ဒေါ်လာ၆သန်းသာတန်ကြောင်း သူမကိုပြောပြထားပြီးဖြစ်သည်။ ဈေးနှုန်းက ဒေါ်လာ၆သန်းထက်မြင့်သွားပါက သူမလက်လျှော့လိုက်နိုင်သည်။ ကျီပိုင်ယင်းကို အနိုင်မပေးလို၍သာ ဒေါ်လာ၇သန်းအထိ သူမတောင့်ခံနေခဲ့ခြင်းဖြစ်သည်။ အခု ကျီပိုင်ယင်းကလဲ ထွက်သွားပြီဆိုမှတော့ ကျောက်စိမ်းအတွက် သူမဆက်ပြိုင်နေစရာအကြောင်းမရှိတော့ပေ။

ရှိုးတမီနမီနို၏သဘောကို သိရရန် အာယုမီယာမဂုချီ လှမ်းကြည့်လိုက်သည်နှင့် ရှိုးတမီနမီနိုက ခေါင်းညိတ်ပြလာတာကြောင့် အာယုမီလဲ လေလံဆွဲခြင်းကိုရပ်လိုက်တော့သည်။

***

အခန်း ၁၀၈၃ နောက်တစ်ပွဲ

အဆုံးမှာတော့ သုန်းဖန်းကျီယွီကပဲ ဒေါ်လာ၇.၄သန်းဖြင့် ခရမ်းရင့်ရောင်ကျောက်စိမ်းကို ရရှိသွားခဲ့သည်။

“မစ္စယာမဂုချီ၊ ရှင် ကျောက်စိမ်းကို စိတ်ဝင်စားနေတယ်ဆို ဘာလို့ဆက်ပြီး လေလံမဆွဲရတာလဲ?” ကျီပိုင်ယင်း ဟန်ပါပါလက်ပိုက်ရင်း အာယုမီယာမဂုချီကို သရော်လိုက်သည်။

“နင့်ကိစ္စမဟုတ်ဘူး။” အာယုမီယာမဂုချီ ဒေါတကြီးပြန်အော်လိုက်တာကြောင့် ကျီပိုင်ယင်းလဲ အောင်နိုင်သူအပြုံးဖြင့်၊ “ဟုတ်ပါပြီ။”ဆိုကာ ရန်ဆက်မစတော့ပေ။

နောက်ထပ်အချိန်တိုလေးအတွင်းမှာပဲ ရေနှင်းဆီအမျိုးအစားကျောက်စိမ်းတစ်မျိုး ထပ်၍ ဖြတ်မိပြန်သည်။

ကျီပိုင်ယင်းလဲ လုပ်ပြုံးကြီးဖြင့် အာယုမီယာမဂုချီကို စိုက်ကြည့်နေကာ သူမ(အာယုမီ)သာ လေလံပွဲတွင်ပါဝင်လိုက်ပါက သူမလဲ ချက်ချင်းယှဉ်ပြိုင်ပေးမည်ဟု ပြောနေသလိုပင်။

ယခုကျောက်စိမ်းသည် ခရမ်းရင့်ရောင်ကျောက်စိမ်းလောက် တန်ဖိုးမကြီးသော်လည်း မှော်စွမ်းအင်များဖုံးလွှမ်းနေစဲဖြစ်တာကြောင့် သုန်းဖန်းကျီယွီကတော့ အမှန်တကယ် အာရုံစိုက်နေပြန်သည်။ သို့သော်လည်း ကျီပိုင်ယင်းနှင့် အာယုမီယာမဂုချီတို့သာ လေလံဝင်ဆွဲကြပါက ဈေးနှုန်းက မတန်တဆမြင့်တက်သွားပေလိမ့်မည်။

ရှိုးတမီနမီနိုလဲ ထိုပြဿနာကို သတိထားမိတာကြောင့် ဤတစ်ကြိမ်တွင်တော့ သူကိုယ်တိုင်သာ ကျောက်စိမ်းကို လေလံဝင်ဆွဲခဲ့သည်။

သို့သော်လည်း ထိုသို့လူလဲလိုက်ရုံဖြင့် ကျီပိုင်ယင်းအမြင်မှာတော့ မကွာခြားသွားဘဲ ထိုနှစ်ယောက်ထဲက ဘယ်သူ့ကိုဖြစ်ဖြစ် အတိုက်အခံလုပ်နေဖို့ ဆုံးဖြတ်ထားပြီးဖြစ်နေသည်။

ရှိုးတမီနမီနို ဒေါသထွက်သွားသော်လည်း တတ်နိုင်တာမရှိပေ။

အဆုံးမှာတော့ သုန်းဖန်းကျီယွီကပဲ မြင့်မားလှသည့်ဈေးနှုန်းဖြင့် ရေနှင်းဆီအမျိုးအစားကျောက်စိမ်းကို ရရှိသွားခဲ့သည်။

ရှိုးတမီနမီနို ထပ်ပြီးအရှုံးပေးလိုက်ရပြန်သည်။

ထိုအဖွဲ့က ကျောက်စိမ်းတစ်ခုခုဖြတ်နိုင်တိုင်း ပေါ်ပေါ်လာတတ်တာကြောင့် သုန်းဖန်းကျီယွီ မုန်းလာမိတော့သည်။

“ကျီယွီ၊ အဲ့လူတွေ အရမ်းပြဿာရှာလွန်းတယ်!” ဝူရွှမ်းဟွာလဲ မကျေနပ်တော့ပေ။ သို့သော်လည်း အကျယ်ကြီးထုတ်ပြောခြင်းတော့မဟုတ်ခဲ့ပေ။

သုန်းဖန်းကျီယွီလဲ ထိုလူများ၏အမူအကျင့်ကို သဘောမကျပေမည့် ကျောက်စိမ်းမှရရှိမည့်မှော်စွမ်းအားတွေကို သူမအမှန်တကယ်လိုအပ်နေတာကြောင့် သည်းခံနေရသည်။

အရည်အသွေးမြင့်ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်းတုံးအများစုကို ကုနင်းယူဆောင်သွားပြီးဖြစ်တာကြောင့် အခုချိန်မှာ ကျောက်စိမ်းကောင်းအနည်းအကျဉ်းမျှသာ ကျန်ရစ်တော့သည်။

အရည်အသွေးနိမ့်သည့်ကျောက်စိမ်းများတွင်ပါဝင်သည့် မှော်စွမ်းအင်က အားနည်းလှတာကြောင့် သုန်းဖန်းကျီယွီက ထိုသို့သောကျောက်စိမ်းများကိုမဝယ်ယူပေ။ ဖြစ်နိုင်မည်ဆိုလျှင် အမြင့်ဆုံးအဆင့်ကျောက်စိမ်းများကိုသာ ဝယ်ယူလိုတော့သည်။

သို့ပေမည့် ရှိုးတမီနမီနိုကတော့ ကျောက်စိမ်းအပေါ် စံသတ်မှတ်ချက်အမြင့်ကြီး မထား,ထားပေ။

ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကတော့ ရှိုးမီနမီနိုနှင့် အပြိုင်လေလံဆွဲပါက သူတို့ဆက်ဆံရေးပျက်စီးသွားနိုင်တာကြောင့် ခန်းမထဲသို့တောင် အတူလိုက်မလာခဲ့ပေ။

မကြာခင်မှာပဲ ကျီပိုင်ယင်း စိတ်ဝင်စားမှုလျော့နည်းလာကာ ဟိုတယ်တွင် အနားယူဖို့သာ ပြန်သွားတော့သည်။ သူမထွက်သွားတော့မှပဲ သုန်းဖန်းကျီယွီလဲ သက်ပြင်းချနိုင်တော့သည်။ သူတို့ကြားက အနိုင်မခံအရှုံးမပေးပြိုင်ဆိုင်မှုကြီးသာမရှိလျှင် သူမလဲ ကျောက်စိမ်းတွေကို ဈေးနည်းနည်းဖြင့်ဝယ်နိုင်ပေမည်။

ရှိုးတမီနမီနိုသည်လဲ စိတ်အေးသွားခဲ့သည်။

“အရမ်းမုန်းစရာကောင်းတာပဲ!” အာယုမီယာမဂုချီကတော့ ကျီပိုင်ယင်း၏နောက်ကျောကိုကြည့်ရင်း မုန်းတီးမှုဖြင့်ပြောလိုက်သည်။

“အာယုမီ၊ ကိုယ်သူ့ကို သေချာပေါက်ပညာပြပေးမယ်လို့ ကတိပေးတယ်။ အခုတော့ စိတ်လျှော့လိုက်နော်။” ရှိုးတမီနမီနိုက နှစ့်သိမ့်ပေးနေသော်လည်း ထိုစကားကို တစ်ခါမှအကောင်အထည်မဖော်နိုင်ဘဲ ပါးစပ်ကသာပြောနေတာ အကြိမ်ပေါင်းမနည်းတော့ပေ။

အာယုမီယာမဂုချီသည်လဲ သည်းမခံနိုင်တော့ဘဲ ရှိုးတမီနမီနိုထံတွင်သာ သူမဒေါသများကို ပေါက်ကွဲပစ်တော့သည်။ “ဘယ်လိုများ ပညာပြမှာလဲ? သူတို့ရဲ့ကိုယ်ခံပညာက ဒီလောက်ကောင်းတာ၊ မနက်ဖြန်ဆိုပဲ ကျောက်စိမ်းလေလံပွဲကပြီးနေပြီ။ ကျွန်မတို့တွေ သူတို့နဲ့ထပ်တွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။”

အာယုမီ၏စကားတွေက အမှန်တွေချည်းဖြစ်တာကြောင့် ရှိုးတမီနမီနိုလဲ ပြန်မပြောနိုင်တော့ပေ။

“ရှိုးတ၊ ရှင် ကျွန်မအတွက်နဲ့သူ့ကိုပညာပေးချင်နေမှန်းသိပေမယ့် လက်တွေ့မလုပ်ရသေးဘဲ နောက်တစ်ခါ ဒီစကားထပ်မပြောနဲ့တော့။”

“ကိုယ်နားလည်ပါပြီ။” အာယုမီယာမဂုချီ၏ စိတ်အခြေအနေအလွန်ဆိုးရွားနေပြီမှန်း ရှိုးတမီနမီနိုနားလည်သွားသည်။

……

ကုနင်းနှင့်လင်ရှောင်းထင်တို့ မြန်မာသို့ပြန်ရောက်ချိန်တွင် ညနေ၅နာရီပင်ထိုးပြီးနေပြီဖြစ်တာကြောင့် ဟိုတယ်သို့သာ တန်းပြလာခဲ့တော့သည်။

အပြန်လမ်းတွင် ကုနင်း ကျီပိုင်ယင်းကို ဖုန်းဆက်ခဲ့ကာ သူမလဲ ဟိုတယ်မှာသာရှိနေမှန်း သိခဲ့ရသည်။

အားလုံးဟိုတယ်မှာပဲရှိကြမည်ဆိုမှတော့ ညနေစာ အတူတူစားကြဖို့ ဆုံးဖြတ်လိုက်သည်။

ညနေ၆နာရီတွင်တော့ အားလုံး ဟိုတယ်အောက်ထပ်ရှိ စားသောက်ခန်းသို့ ဆင်းလာခဲ့ကြသည်။

“ကုနင်း၊ နင်ဘယ်တော့အိမ်ပြန်မှာလဲ?” ကျီပိုင်ယင်းက မေးလာလေသည်။

“မနက်ဖြန် ကျောက်စိမ်းလေလံပွဲပြီးတဲ့အချိန်ပေါ့။”

“Bမြို့ကိုပဲပြန်မှာလား?”

“မဟုတ်ဘူး။ အရင်ဆုံး ထန်မြို့ကိုသွားမယ်၊ နောက်နေ့ကျ မြို့တော်ကိုပဲသွားမှာ။ Bမြို့ကိုတော့ နောက်မှပဲပြန်တော့မယ်။”

“ငါလဲလိုက်မယ်လေ!” ကျီပိုင်ယင်း စိတ်လှုပ်ရှားသွားသည်။ “ငါလဲ မြို့တော်ကိုသွားလည်ချင်နေတာ။”

“ရပါတယ်၊ ဒါပေမယ့် နင်နဲ့အတူလျှောက်လည်ပေးနိုင်မယ်လို့တော့ အာမ,မခံဘူးနော်။”

“ကိစ္စမရှိဘူး။ မြို့တော်မှာ ငါ့သူငယ်ချင်းတွေလဲရှိတယ်။ ငါ့ဘာသာနေ,နိုင်ပါတယ်။ နင်အားတဲ့အချိန်မှာ ထမင်းတစ်နပ်လောက်အတူစားကြတာပေါ့။”

“ကောင်းပြီလေ။” ကုနင်းသဘောတူလိုက်သည်။ သူမလဲ လင်ရှောင်းထင်နှင့် သီးသန့်အချိန်လေးရှိချင်သေးသည်။

ညစာစားပြီးနောက်မှာတော့ ကုနင်းထံသို့ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ကာ ကုနင်းကလဲ ပြန်ဖြေခဲ့သည်။

***

အခန်း ၁၀၈၄ မူရွှီရှင်းအကူအညီတောင်းခံလာခြင်း

“ဟလို၊ ဘယ်သူပါလဲ?” ကုနင်း မေးလိုက်သည်။

“ဟလို၊ မစ္စကု၊ ငါမူရွှီရှင်းပါ။ မင်းကိုနှောင့်ယှက်ရတဲ့အတွက် စိတ်မကောင်းပါဘူး ဒါပေမယ့် ငါ့မှာလဲ ရွေးချယ်စရာမရှိလို့ပါ။” ကုနင်း သူ့ဖုန်းကိုဖြေလိုက်သည်နှင့် ချက်ချင်းဆိုသလို မူရွှီရှင်းတောင်းပန်လိုက်သည်။

မူရွှီရှင်း ပြန်လည်နာလန်မထနိုင်ခင် နှစ်ရက်မျှ အိပ်ရာထဲလဲသွားခဲ့သည်။ သူ့သားအရင်းက သူ့ကိုပြန်လုပ်ကြံသည်ဆိုသည့်အဖြစ်မှန်းအား လက်ခံနိုင်ဖို့ရန် သူ့အတွက် အတော်လေးခက်ခဲခဲ့သည်။

ဤရက်များအတွင်း မူမိသားစုသည် ကပ်ဘေးကြီးတွင်ဆိုက်ရောက်နေစဲဖြစ်ကာ အခုဆို သူ့ကုမ္ပဏီသည် ဒေဝါလီခံရလုနီးနီးဖြစ်နေပေပြီ။ မူရွှီရှင်းလဲ မူယဲ့ကိုဆက်သွယ်ကာ ရပ်ပေးဖို့ပြောချင်နေပေမယ့် ဆက်သွယ်၍မရခဲ့ပေ။ မူယဲ့ ဘယ်မှာနေသလို ဘယ်မှာအလုပ်လုပ်သလဲဆိုတာကိုလဲ သူမသိတာကြောင့် နောက်ဆုံး ကုနင်းကိုဆက်သွယ်လိုက်ရခြင်းဖြစ်သည်။

ကုနင်းကတော့ မူရွှီရှင်းမှန်းသိပြီး အံ့ဩသွားခဲ့သည်။

“ကျွန်မဘာများကူညီပေးရမလဲ၊ မစ္စတာမူ?” ကုနင်း ယဉ်ယဉ်ကျေးကျေးပင် မေးလိုက်သည်။ မူရွှီရှင်း သူမကိုဘာကြောင့် ဖုန်းဆက်လာမှန်းကိုတော့ ခန့်မှန်းမိပြီးသားပင်။ သေချာပေါက် ကေကြောင့်သာဖြစ်ပေမည်။

“ငါ အခု မူယဲ့နဲ့ အရေးတကြီးစကားပြောဖို့လိုနေတာ၊ ဒါပေမယ့် သူ့ကိုဘယ်မှာမှရှာလို့မတွေ့ဘူးလေ။ မင်း ငါ့ကိုကူညီပေးလို့ရမလား?” မူရွှီရှင်းမေးလိုက်သည်။ ကုနင်းက မူယဲ့၏မူမိသားစုအပေါ် ဆန့်ကျင့်သည့်လုပ်ရပ်အကြောင်း သိထားမလားဆိုတာ သူမသိတာကြောင့် ထိုအကြောင်းကို ထည့်မပြောခဲ့ပေ။

“ဒါကျတော့ ကျွန်မဘာသာဆုံးဖြတ်ပေးလို့မရဘူး။ သူ့ကိုတဆင့် ပြန်မေးပေးလို့တော့ရပါတယ်။” ကေသာ မူရွှီရှင်းကို သူ့ဖုန်းနံပါတ်ပေးချင်သည်ဆိုလျှင်တော့ အဆင်ပြေပေမည်။

“ဒါက…” မူယဲ့ဘက်က သူ့ကိုတွေ့ဖို့ငြင်းဆန်မည်မှန်း မူရွှီရှင်းနားလည်နေသည်။ သို့သော်လည်း လက်မလျှော့ချင်သေးတာကြောင့်၊ “ကောင်းပြီလေ၊ ကျေးဇူးတင်ပါတယ်၊ မစ္စကု။”

အခုချိန် မူယဲ့နဲ့စကားပြောလို့လဲ အချည်းအနှီးသာဖြစ်မည်ဆိုပေမည့် မူရွှီရှင်းကတော့ ကြိုးစားကြည့်ချင်နေသေးသည်။ သူသာ တောင်းပန်လိုက်ပါက မူယဲ့လဲ မူမိသားစုကို ဆက်တိုက်ခိုက်တော့မည်မဟုတ်ဟု တွေးနေလေသည်။

မူရွှီရှင်းသည် အရာရာတိုင်းထက် ငွေကိုချစ်သူဖြစ်တာကြောင့် သူ့ကုမ္ပဏီကိုကယ်တင်နိုင်ဖို့ ဘယ်အရာကိုမဆိုလုပ်မည့်သူဖြစ်သည်။ လက်ရှိလို အဆင့်အတန်းမြင့်သည့်ဘဝကို သူဘယ်လိုမှမစွန့်လွှတ်နိုင်ပေ။

……..

မူရွှီရှင်းနှင့် ဖုန်းချပြီးသည်နှင့် ကုနင်း ကေ့ထံဆက်သွယ်လိုက်သည်။

ထင်ထားသလိုပဲ ကေက မူရွှီရှင်းကို မတွေ့ချင်ဘဲ ကုနင်းကို အနှောင့်အယှက်ဖြစ်စေမိသည့်အတွက် တောင်းပန်လာသည်။

ကုနင်းကတော့ စိတ်ထဲမထားပေ။ ကေက မတွေ့ချင်ဘူးဆိုမှတော့ သူမလဲ အတင်းမတိုက်တွန်းဘဲ ဂိမ်းကုမ္ပဏီအကြောင်းသာမေးလိုက်သည်။

ဒါနဲ့ ကေက အစိုးရဌာနဘက်မှ ဘာသတင်းမှပြန်အကြောင်းမကြားလာသေးကြောင်း ပြောလာခဲ့သည်။

ထိုစကားကို လင်ရှောင်းထင်ကြားသွားကာ၊ “နင်းနင်း၊ ကိုယ့်အကူအညီလိုသေးလား?”

“ကောင်းသားပဲ၊ ကေက ဂိမ်းတစ်ခုရေးထားလို့ ကျွန်မတို့ High-speed Techဆိုတဲ့နာမည်နဲ့ ဂိမ်းကုမ္ပဏီတစ်ခု စာရင်းသွင်းထားတယ်။ အစိုးရဌာနဘက်က ကျွန်မတို့ကို လုပ်ငန်းလိုင်စင်ပေးတာနဲ့ စပြီးထုတ်လွှင့်လို့ရပြီ။”

“ကေ? ဂိမ်းကုမ္ပဏီ? ဟိုနာမည်ကြီးဟက်ကာကေလား?” ကျီပိုင်ယင်းကလဲ သူတို့စကားဝိုင်းထဲဝင်လာခဲ့သည်။

ကေဆိုသည့် နာမည်လေးတစ်ခုသာဖြစ်ပေမည့် ကွန်ပျူတာပရိုဂရမ်အကြောင်းပါ,ပါလာတာကြောင့် ကျီပိုင်ယင်းက ဟက်ကာကေကို သွားတွေးမိလိုက်တာဖြစ်သည်။ အင်တာနက်နယ်ပယ်တွင် ကေနှင့်နာမည်တူသုံးသည့်လူ တစ်ယောက်မှမရှိပေ။

“ဟုတ်တယ်၊ နင်သူ့ကိုသိတာလား?” ကုနင်းပြန်မေးလိုက်သည်။

“ရင်းတော့မရင်းနှီးပါဘူး။ ငါတို့တစ်ခေါက်လောက်တွေ့ဖူးရုံပဲ။ ငါ့မိသားစုအိမ်က စနစ်ပိုင်းကို သူကူညီပေးဖူးတယ်လေ။ ဘာလဲ၊ သူက နင့်အတွက်အလုပ်လုပ်ပေးနေတာလား?”

“ဟုတ်တယ်။” ကုနင်းပြန်ဖြေလိုက်သည်။

“ဂျီးဆပ်၊ အံ့ဩဖို့ကောင်းလိုက်တာ! ကေရဲ့အကူအညီနဲ့သာဆို နင့်ကုမ္ပဏီရဲ့ကွန်ပျူတာစနစ်ပိုင်းတွေကို ဘယ်သူမှတိုက်ခိုက်ရဲမှာမဟုတ်တော့ဘူး။” ကျီပိုင်ယင်း အံ့ဩတကြီးမှတ်ချက်ပေးလိုက်သည်။

ထိုမှတ်ချက်က တကယ်လဲအမှန်တရားပင်။

နည်းပညာခေတ်ကြီးတွင် ကုမ္ပဏီတစ်ခု၏ကွန်ပျူတာစနစ်ပိုင်းသည် လွန်စွာအရေးပါလှသည်။ ကေ၏အကူညအညီဖြင့်သာဆိုလျှင် ကုနင်း သူမသိလိုသမျှ ထိပ်တန်းလျှို့ဝှက်ချက်များကိုပင် ရှာတွေ့နိုင်ပေသည်။

ကေသည် သူမအတွက် ငွေထုတ်စက်ကြီးလိုလဲဖြစ်နေဦးမည်။ ဂိမ်းကုမ္ပဏီသာတည်ထောင်ပြီးပါက သူတို့နေ့ရက်တိုင်း ငွေတွေဆက်တိုက်ဝင်နေပေတော့မည်။

…….

ထို့နောက် ကုနင်း မူရွှီရှင်းကို ဖုန်းပြန်ဆက်ကာ မူယဲ့က သူနှင့်မတွေ့လိုကြောင်း ပြန်ပြောပေးခဲ့သည်။

ဒါက မမျှော်လင့်ထားသည့်အဖြေမျိုးမဟုတ်သော်လည်း တကယ်တမ်းကြားလိုက်ရချိန်တွင် မူရွှီရှင်း စိတ်ပျက်သွားရသေးသည်။

“မစ္စကု၊ မူယဲ့ ငါ့စီးပွားရေးကို ဆက်ပြီးမတိုက်ခိုက်တော့အောင် တားပေးလို့ရမလား? ငါ သူ့အပေါ် စိတ်ဒဏ်ရာပေးခဲ့မိမှန်းသိပါတယ်၊ ဒါပေမယ့် ငါအခု သင်ခန်းစာလဲရနေပါပြီ။” မူရွှီရှင်း ကုနင်းဘက်သို့လှည့်လာတော့သည်။

“မစ္စတာမူ၊ ကျွန်မက အပြင်လူပါ။ ရှင်တို့မိသားစုအတွင်းရေးထဲ ကျွန်မမှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။”

“မစ္စကု…” ကုနင်း သူ့ကိုမကူညီလိုမှန်း မူရွှီရှင်းနားလည်လိုက်သည်။

“တောင်းပန်ပါတယ်၊ မစ္စတာမူ၊ ကျွန်မမှာ လုပ်စရာလေးတွေရှိသေးလို့ ဖုန်းချလိုက်ပါတော့မယ်။” ကုနင်း စကားကိုဖြတ်ပြောလိုက်ပြီး ချက်ချင်း ဖုန်းချလိုက်လေသည်။

ကေနှင့်မူရွှီရှင်းကြားမှ ဆက်နွှယ်မှုများအကြောင်း သူမကြားပြီးကတည်းက မူမိသားစုအပေါ် သူမအမြင်ကောင်းမရှိတော့ပေ။ ဒါ့အပြင် မူဝမ်ချီ၏လုပ်ရပ်ကလဲ ရှိနေသေးတာကြောင့် မူမိသားစုကို သူမမုန်းပေသည်။

ကေကသာ ဘာမှမလုပ်ပါက သူမကိုယ်တိုင် မူရွှီရှင်းကို အပြစ်ပေးမည်ဖြစ်သည်။ ဒါကြောင့် မူမိသားစု၏လက်ရှိအခြေအနေအပေါ် သူမလုံးဝမသနားမိဘဲ မူရွှီရှင်းနှင့်တန်သည်ဟုသာ တွေးမိသည်။

***

အခန်း ၁၀၈၅ မာကျင်းရှန်း

မူရွှီရှင်း အတော်လေးစိုးရိမ်ပူပန်နေမိတော့သည်။ သူမြို့တော်မှာ ရှိနေတာ ရက်အတော်ကြာနေပြီဖြစ်တာကြောင့် Bမြို့သို့ပြန်ကာ သူ့ကုမ္ပဏီကို စီမံခန့်ခွဲဖို့အချိန်ရောက်ပေပြီ။

……..

ညစာစားပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ သီးသန့်အချိန်ရရန်အတွက် ကျီပိုင်ယင်း အရင်ထွက်သွားပေးနှင့်သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ ခဏတဖြုတ်လမ်းလျှောက်ထွက်ခဲ့ကြသည်။

သူတို့ ဟိုတယ်ခန်းမသို့ဖြတ်လာချိန်မှာပဲ သူတို့အကြောင်း လူတချို့ပြောနေကြသည်ကို ကြားလိုက်ရသည်။

“ဟိုးက လူငယ်နဲ့ကောင်မလေးကိုကြည့်လိုက်၊ ကျောက်ရိုင်းတုံး၆၀၀ကျော်အနိုင်ရသွားတာ သူတို့တွေပဲ!”

“ငွေတွေဆုံးရှုံးကုန်မှာ သူတို့မကြောက်ဘူးလားပဲ?”

“ငါကြားတာတော့ ဥက္ကဌမာလဲ သူတို့နဲ့ နံပါတ်တူတဲ့ကျောက်ရိုင်းတုံးတော်တော်များများကို လေလံဆွဲခဲ့တယ်တဲ့။ ဒီတော့ သူတို့ရသွားတဲ့ကျောက်ရိုင်းအများစုမှာ ကျောက်စိမ်းပါနိုင်ချေရှိတာပဲပေါ့။ မင်း သူတို့ကိုမယုံရင်တောင် ဥက္ကဌမာရဲ့စွမ်းရည်ကိုတော့ ယုံသင့်တယ်။”

ဥက္ကဌမာ၏နာမည်အပြည့်အစုံသည် မာကျင်းရှန်းဖြစ်ကာ ကျောက်ရိုင်းပေါများလှသည့် ယင်နိုင်ငံ၊ ယွမ်စီရင်စုမှ ကျောက်စိမ်းအစည်းအရုံး၏ဒုဥက္ကဌဖြစ်သည်။

မာမိသားစုသည် ယင်နိုင်ငံရှိ အကြီးမားဆုံးကျောက်ရိုင်းတင်ပို့သူဖြစ်ကာ သူ့လုပ်ငန်းအရွယ်အစား၊ ရင်းနှီးငွေပမာဏသည် ထန်မြို့ရှိ အကြီးမားဆုံးကျောက်ရိုင်းတင်ပို့သူသုံးဦးနှင့် အတူတူပင်ဖြစ်သည်။

သို့သော်လည်း မာကျင်းရှန်၏အဆင့်အတန်းသည် ကျန်းတချွမ်ထက်ပိုမြင့်ပေသည်။

မာကျင်းရှန်သည် သူရွေးသမျှကျောက်ရိုင်းအများစုတွင် ကျောက်စိမ်းဖြတ်နိုင်တာကြောင့် ယွမ်စီရင်စု ကျောက်စိမ်းလောကတွင် ကျောက်အလောင်းအစားဘုရင်အဖြစ် ကျော်ကြားသူဖြစ်သည်။

ထန်အိုက်နင်းပေါ်လာသည်နှင့် လူများ၏စိတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့ကာ ကျောက်စိမ်းဘုရင်မဘွဲ့အပေးခံလိုက်ရတော့သည်။

သို့သော်လည်း ထန်အိုက်နင်းသည် လူအများကြား ပေါ်လာခဲတာကြောင့် သူမကို အပြင်တွင်မြင်ဖူးသူ သိပ်မများပေ။

မြန်မာရှိကျောက်စိမ်းလေလံပွဲကို ထန်အိုက်နင်းတက်ရောက်လိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြသော်လည်း ပေါ်မလာခဲ့ပေ။ တကယ်တမ်း သူမက ကုနင်းအဖြစ် ရှေ့ထွက်လာခြင်းဖြစ်သည်။

ဥက္ကဌမာအကြောင်း ကုနင်းမကြားဖူးသော်လည်း ထိုလူများပြောပုံအရတော့ အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်ပုံရသည်။

သူတို့ပြောနေသည့်စကားများကိုကြားပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ ဟိုတယ်မှထွက်သွားသော်လည်း ထိုလူများကတော့ သူတို့စကားကိုဆက်နေကြတုန်းပင်။

“ဘာ? ဒီတော့ သူတို့တွေ ကျောက်စိမ်းပါတဲ့ကျောက်ရိုင်းတုံးတွေအများကြီး နိုင်သွားတယ်လို့ပြောတာလား?”

“အဲ့လိုဖြစ်နိုင်ချေများတယ်၊ သူတို့တော့ အချီကြီးရသွားတာပဲ။”

ထိုစကားကို ကျန်လူများလဲ ထောက်ခံကြသည်။

…….

ထိုအချိန်တွင် မာကျင်းရှန်းသည်တော့ သူနှင့်ရင်းနှီးသည့်လက်ဝတ်ရတနာလုပ်ငန်းရှင်တချို့နှင့်အတူ ညစာစားရင်း ကျောက်စိမ်းလေလံပွဲအကြောင်းပြောနေသည်။

မာကျင်းရှန်းသည် ယခုနှစ်ဆို အသက်၅၅နှစ်ရှိပြီဖြစ်သော်လည်း အားအင်အပြည့်ဖြင့် ဖျတ်လတ်နေတုန်းပင်။

“တကယ်တော့ ငါလဲ ဒီနေ့တော့ ကျောက်စိမ်းဘရင်မနဲ့တွေ့ရဖို့မျှော်လင့်နေခဲ့တာ၊ အခုတော့ မတွေ့ခဲ့ရဘူးလေ။” မာကျင်းရှန်း အတော်လေးစိတ်ပျက်နေဟန်ဖြစ်ပြောလိုက်သော်လည်း ထန်အိုက်နင်းကို မနာလိုဖြစ်နေခြင်းတော့မဟုတ်ပေ။ ဆန့်ကျင်ဘက်ဖြစ်စွာဘဲ သူမကို‌ လေးစားနေခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်က မင်းထက်ပိုသာလွန်နေပါက ထိုလူအပေါ် လေးစားမှုသာ ထားနိုင်တော့သည်။

ထန်အိုက်နင်း၏ ကျောက်အလောင်းအစားအရည်အချင်းသည် သူမတူအောင် ထူးခြားလှကာ မာကျင်းရှန်းကတော့ သူ့ကံကောင်းမှုအပေါ်တွင်သာ မူတည်ခြင်းဖြစ်သည်။ သာမာန်လူများနှင့်ယှဉ်လျှင် သူသည် အရည်အချင်းရှိသူဖြစ်နေသော်လည်း ကုနင်းကိုတော့ မယှဉ်နိုင်ပေ။

“ထန်အိုက်နင်းက ကျောက်အလောင်းအစားလုပ်တာမှာ တော်တယ်ဆိုမှတော့ ဒီလိုနေ့မျိုးမှာ လာသင့်တာပေါ့!” တစ်ယောက်ကဝင်ပြောလိုက်သည်။

“သူသာ တကယ်လာမယ်ဆို ငါတို့တွေ ကျောက်ရိုင်းကောင်းရဖို့အခွင့်အရေးတစ်ခုတောင် ရှိတော့မယ်မထင်ဘူး။”

“ဟုတ်သားပဲ, သူမလာတာလဲကောင်းပါတယ်လေ၊ ဟ-ဟ။”

ထိုစကားကို တော်တော်များများ သဘောတူလိုက်ကြသည်။

သူတို့တွေ ဒဏ္ဍာရီလာကျောက်စိမ်းဘုရင်မကို ဘယ်လောက်ပဲတွေ့ချင်စိတ်ပြင်းပြနေပါစေ အရည်အသွေးမြင့်ကျောက်စိမ်းကောင်းပိုဝယ်နိုင်ရေးကိုသာ ပိုလိုလားပေသည်။

သူမ၏ကျောက်အလောင်းအစားစွမ်းရည်အကြောင်း သူတို့မဖော်ထုတ်နိုင်သော်လည်း သူမသည် သူတို့ထက်များစွာပိုသာလွန်နေတာကတော့ အမှန်တရားဖြစ်နေတုန်းပင်။

တကယ်တော့ ထန်အိုက်နင်းသည် ဤပွဲသို့မလာခဲ့လျှင်တောင်မှ သူတို့အဖို့ အရည်အသွေးကောင်းကျောက်ရိုင်းတုံးရှာတွေ့နိုင်ချေက သိပ်မများလှပေ။

“အိုး၊ ဒီနေ့ ကျောက်ရိုင်းတွေအများကြီးနိုင်သွားတဲ့ ကုနင်းလို့ခေါ်တဲ့ကောင်မလေးကို ငါသတိထားမိခဲ့သေးတယ်။ သူလေလံဆွဲသမျှကျောက်ရိုင်းတိုင်းကို ဈေးအမြင့်ကြီးတွေပဲပေးထားတာ။”

“တိုက်ဆိုင်သွားတာဖြစ်ပါလိမ့်မယ်။”

…….

အားလုံးက တိုက်ဆိုင်မှုဟုထင်နေကြသော်လည်း မာကျင်းရှန်း၏အတွေးကတော့ မတူပေ။

ကုနင်းနှင့်လင်ရှောင်းထင်အကြောင်း သူသိချင်လာမိသည်။ ကုနင်းသည် အရမ်းငယ်သေးတာကြောင့် ဒီလောက်ကျောက်ရိုင်းတွေအများကြီးအတွက် ငွေပေးချေနိုင်လိမ့်မည်ဟု မာကျင်းရှန်း မထင်မိပေ။

“ကုနင်း သူနိုင်သွားတဲ့ကျောက်ရိုင်းပုံကြီးကနေ ကျောက်စိမ်းဘယ်နှတုံးများဖြတ်နိုင်မလဲ ငါလဲ သိချင်လာပြီ။”

“ဘယ်လောက်ပဲဖြစ်နိုင်နိုင်ပါ၊ သူ ငွေတွေအများကြီးတော့ ဆုံးရှုံးမှာမဟုတ်တော့ဘူး။”

“ဟုတ်တယ်။”

ကုနင်း၏အရည်အချင်းအပေါ် သူတို့မယုံကြည်သော်လည်း မာကျင်းရှန်း၏ရွေးချယ်မှုကိုတော့ ယုံကြည်ပေသည်။

***

အခန်း ၁၀၈၆ ပိုင်လီကျုံးရန်

ကုနင်းနှင့်လင်ရှောင်းထင်တို့ လမ်းပေါ်လျှောက်သွားကြည့်နေရင်း အနားရှိစားသောက်ဆိုင်တစ်ခုထဲရှိ သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ကို မတော်တဆသတိထားမိသွားသည်။ ထိုနှစ်ယောက်သည် ကျင့်ကြံသူများဖြစ်နေလောက်မလားဟု ကုနင်းသံသယဝင်နေမိတာကြောင့် သူတို့အကြောင်း ပိုစုံစမ်းချင်နေသည်။

ဒါကြောင့် လင်ရှောင်းထင်ကို၊ “ရှောင်းထင်၊ ဟိုးက အမျိုးသားနဲ့အမျိုးသမီးက ကျင့်ကြံသူတွေလို့ ကျွန်မထင်တယ်။ သူတို့အကြောင်းပိုသိရအောင် သူတို့နားမှာ သွားထိုင်ကြရင်မကောင်းဘူးလား?”

ကုနင်း၏စကားကြောင့် လင်ရှောင်းထင် အံ့ဩသွားလေသည်။

သူတို့မနေ့ညကပဲ နတ်ဆိုးကျင့်ကြံသူနောက်တစ်ဦးနှင့်တွေ့ခဲ့ကြခြင်းဖြစ်ကာ ဒီနေ့လဲ ကျင့်ကြံသူများနဲ့တွေ့ပြန်ပြီလား?

ကုနင်းကိုတော့ လင်ရှောင်းထင်ယုံကြည်သည်။ ဒါကြောင့် ကုနင်းက ဖြစ်နိုင်သည်ဟုတွေးနေလျှင် သူကလဲ သူမအတွေးမှန်သည်ဟု ယုံကြည်သည်။

“ကိစ္စမရှိဘူး။”

ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ စားသောက်ဆိုင်ထဲဝင်သွားလိုက်ကြသည်။

အလျဉ်းသင့်စွာဘဲ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ စားပွဲဘေးတွင် နောက်ထပ်တစ်ဝိုင်းလွတ်နေတာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ထိုစားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။

သူတို့စားသောက်ဆိုင်ထဲဝင်လာကတည်းက သုန်းဖန်းကျီယွီက သတိထားမိနေကာ မှတ်လဲမှတ်မိနေသည်။

သို့သော်လည်း ကုနင်းနှင့်လင်ရှောင်းထင်တို့က သူတို့ကိုမမြင်ဟန်ဆောင်ကာ ကော်ဖီနှစ်ခွက်ကိုသာ မှာလိုက်သည်။

သုန်းဖန်းကျီယွီသည်လဲ တခြားသာမာန်အမျိုးသမီးများနည်းတူ လင်ရှောင်းထင်၏ရုပ်ရည်အပေါ် စိတ်ဝင်စားသွားခဲ့သော်လည်း သွားတော့မနှောင့်ယှက်ခဲ့ပေ။

“ကျီယွီ၊ ဘေးဝိုင်းကလူငယ်ကိုကြည့်လိုက်။ သူက ပိုင်လီကျုံးရန်ထက်တောင်မှ ပိုပြီးခန့်ညားသေးတယ်! သူ့ရဲ့အရှိန်အဝါကလဲ အဆင့်အတန်းမြင့်ပြီး အားကောင်းတယ်။ ဒီကမ္ဘာရဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းကပဲဖြစ်လောက်မယ်။” ရုတ်တရက် ဝူရွှမ်းဟွာက လင်ရှောင်းထင်ကိုကြည့်ကာ မှတ်ချက်ပေးလာသည်။

လင်ရှောင်းထင်သည် သူ့ထက်များစွာပိုလို့ဆွဲဆောင်မှုရှိသော်လည်း ဝူရွှမ်းဟွာသည် မနာလိုမဖြစ်သွားပေ။ သူက အဲ့လိုမျိုးလိုက်ကပ်တွက်တတ်သည့်လူမျိုးမှမဟုတ်ဘဲ။

ဝူရွှမ်းဟွာ၏စကားသံက မကျယ်သော်လည်း လင်ရှောင်းထင်နှင့်ကုနင်းတို့ကြားနိုင်လောက်အောင် လုံလောက်နေတုန်းပင်။

ကုနင်းလဲ ချက်ချင်းပဲ ထိုနှစ်ယောက်သည် ကျင့်ကြံခြင်းကမ္ဘာမှလာခြင်းဖြစ်မှန်း သိရှိသွားတော့သည်။ အကြောင်းကတော့ ကျင့်ကြံခြင်းကမ္ဘာကလူတွေသာ သူတို့ကိုယ်သူတို့ သာမာန်လူသားများနှင့် ခွဲခြားပြောဆိုခြင်းဖြစ်သည်။

အစောပြောသွားသည့် ပိုင်လီကျုံးရန်ဆိုသူသည်လဲ ကျင့်ကြံခြင်းကမ္ဘာမှပင်ဖြစ်လောက်မည်။

“ဟုတ်တယ်၊ သူက ပိုင်လီကျုံးရန်ထက်အများကြီး ပိုခန့်ညားတယ်၊ ဒါပေမယ့် သူက သာမာန်လူသားတစ်ယောက်ဖြစ်နေတယ်လေ။” သုန်းဖန်းကျီယွီ ပြန်ပြောလိုက်သည်။

သူတို့သည် သာမာန်လူသားများနှင့် လုံးဝကွာခြားသူများဖြစ်သည်။ သူတို့အမြင်မှာတော့ သာမာန်လူသားများသည် ကြွယ်ဝမှုမှာရော အင်အားမှာပါ သူတို့ကိုနည်းနည်းလေးတောင် မယှဉ်နိုင်ကြပေ။

နတ်ဘုရား၊ နတ်ဘုရားမများက သာမာန်လူသားများကို သဘောထားသလိုပုံဖြင့် သူတို့သည်လဲ သူတို့ကိုယ်သူတို့ အထူးခြားဆုံးအင်အားအကြီးဆုံးဟု သတ်မှတ်ယုံကြည်ထားကြသည်။

“အိုး၊ ဟုတ်သားပဲ၊ မင်းဘာလို့ ပိုင်လီကျုံးရန်ကို သဘောမကျတာလဲ? ငါ့အထင်တော့ သူက အရည်အချင်းရှိပါတယ်။” ဝူရွှမ်းဟွာမေးလိုက်သည်။

ပိုင်လီမိသားစုသည် ကျင့်ကြံခြင်းလောကမှ အင်အားကြီးမိသားစုကြီးလေးခုတွင် တစ်ခုအပါအဝင်ဖြစ်ကာ သုန်းဖန်းမိသားစုထက်တောင် ပိုလို့အာဏာရှိသေးသည်။ ပိုင်လီကျုံးရန်သည် ငယ်ရွယ်ခန့်ညားကာ ထူးချွန်သည့်လူတစ်ယောက်ဖြစ်ပြီး ပိုင်လီမိသားစု၏အမွေခံလဲဖြစ်သေးတာကြောင့် အမျိုးသမီးပေါင်းများစွာက သူ့ကိုသဘောကျကြသည်။

သို့သော်လည်း ပိုင်လီကျုံးရန်ကတော့ သုန်းဖန်းကျီယွီတစ်ယောက်ကိုသာ နှစ်သက်ပြီး သုန်းဖန်းကျီယွီက သူ့ကိုမနှစ်သက်တာကြောင့် ဝူရွှမ်းဟွာ နားမလည်နိုင်ဖြစ်နေလေသည်။

“သူဘယ်လိုပဲဖြစ်နေနေ၊ ငါက ဒီအတိုင်းသဘောမကျရုံပဲ။ ပြီးတော့ သူငါ့ကိုပိုးပန်းနေတယ်ဆိုတာလဲ သူနဲ့လိုက်ဖက်တဲ့မိန်းမက ငါတစ်ယောက်တည်းရှိတယ်လို့ တွေးနေလို့ပဲ။ ငါ့ကိုတကယ်ကြိုက်တာမဟုတ်ဘူး၊ သူ့ဘက်သူပဲတွေးနေတဲ့လူ။” သုန်းဖန်းကျီယွီ ပြန်ပြောလိုက်သည်။ “အဲ့ဒါတွေထားပါ၊ သွားကြရအောင်။”

သုန်းဖန်းကျီယွီ ထိုအကြောင်းဆက်ပြီး မပြောချင်တော့ပေ။ တကယ်တော့ ပိုင်လီကျုံးရန်သည် ကျင့်ကြံခြင်းကမ္ဘာတွင်တော့ သတိမထားမိဘဲမနေနိုင်လောက်အောင် ထူးချွန်လွန်းသူဖြစ်တာကြောင့် သူမလဲ အရင်က သဘောကျခဲ့ဖူးသည်။ သို့သော်လည်း သူ ဘာကြောင့် သူမကိုရွေးချယ်ခဲ့ရသလဲဆိုသည့် အကြောင်းအရင်းအမှန်ကို သိရှိသွားချိန်မှာတော့ ထပ်ပြီးသဘောမကျတော့ပေ။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ စားသောက်ပြီးသည်နှင့် ထွက်သွားကြချိန်တွင် ကုနင်းနှင့်လင်ရှောင်းထင်တို့ မှာထားသည့်ကော်ဖီကတော့ အခုမှလာချပေးရုံရှိသေးသည်။

“ကိုယ်တို့ သူတို့နောက်လိုက်သွားကြမလား?” လင်ရှောင်းထင်မေးလိုက်သည်။

“မလိုတော့ဘူး။ မနက်ဖြန်လေလံပွဲမှာ သူတို့နဲ့ ထပ်တွေ့ရလောက်တယ်။”

သူတို့တွေက သာမာန်လူသားမဟုတ်မှတော့ သူတို့သတိမထားမိအောင် နောက်ယောင်ခံလိုက်ဖို့ မလွယ်လောက်ပေ။

ဒါကြောင့် ကုနင်းနှင့်လင်ရှောင်းထင်လဲ စားသောက်ဆိုင်တွင်သာ နေရစ်ခဲ့ရင်း အေးအေးဆေးဆေး ကော်ဖီသောက်နေလိုက်ကြသည်။

လင်ရှောင်းထင်၏ရုပ်ရည်ကြောင့် ကောင်မလေးတော်တော်များများ သူ့ကိုခိုးကြည့်နေကြသော်လည်း ဘယ်သူကမှ စကားလာမပြောကြတာကြောင့် ကုနင်းလဲ စိတ်ထဲထားမနေတော့ပေ။

ကော်ဖီသောက်ပြီးနောက် သူတို့နှစ်ဦး ဟိုတယ်သို့သာ ပြန်ခဲ့လေသည်။

လမ်းတွင် ကုနင်းထံသို့ သခင်ကြီးလင်ဆီမှ ဖုန်းဝင်လာခဲ့သည်။

“ဟိုင်း၊ ကောင်မလေးကု၊ မြန်မာမှာဘယ်လိုနေလဲ? ရှောင်းထင် မင်းကို ကောင်းကောင်းဂရုစိုက်ပေးရဲ့လား?” ကုနင်း ဖုန်းပြန်ဖြေလိုက်သည်နှင့် သခင်ကြီးလင် မေးလာခဲ့သည်။

သခင်ကြီးလင် သူမကိုဂရုစိုက်ပေးနေတာကြောင့် ကုနင်းကြည်နူးသွားရသည်။

“အဖိုးလင်၊ ကျွန်မအဆင်ပြေပါတယ်၊ ရှောင်းထင်ကလဲ ဂရုစိုက်ပေးတယ်။ မြန်မာမှာ အတော်လေးအဆင်ပြေနေတယ်။”

“ကောင်းတယ်၊ ကောင်းတယ်!” သခင်ကြီးလင် ပျော်ရွှင်စွာရယ်မောလိုက်သည်။

လင်ရှောင်းထင်ကတော့ သခင်ကြီးလင်က ကုနင်းကိုသာဂရုစိုက်ပြီး သူ့အကြောင်းမမေးတာကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပဲ သူ့အဖိုးက သူ့ချစ်သူကောင်မလေးကို သဘောကျနေတာကြောင့် ပျော်ရွှင်နေမိပြန်သည်။

သခင်ကြီးလင်နှင့်ဖုန်းပြောပြီးနောက် ကုနင်းစနောက်လိုက်သည်။ “ရှင် ကျွန်မကို မနာလိုဖြစ်နေပြီမလား?”

လင်ရှောင်းထင်က ကုနင်း၏လက်ကို တစ်ချက်မျှခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ၊ “လုံးဝမဖြစ်ဘူး။” လင်ရှောင်းထင်၏စိတ်ထဲတွင် ကုနင်းကသာ သူ့ထက်အရာရာပို၍ အရေးပါပေသည်။

ကုနင်းပြုံးလိုက်ပြီး ဘာမှမပြောတော့ပေ။

…..

မြို့တော်တွင်တော့ သခင်ကြီးလင်က ထန်ဟိုင်ဖုန်းထံ ဆက်ပြီးဖုန်းဆက်ခဲ့သည်။

ထန်ဟိုင်ဖုန်း ခြံထဲတွင် လမ်းလျှောက်နေစဉ် ဖုန်းဝင်လာခဲ့ကာ ခေါ်ဆိုသူနာမည်ကိုမြင်ပြီး အံ့ဩသွားလေသည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့အကြောင်း သခင်ကြီးလင်သိသွားလို့ပဲဖြစ်မည်ဟု သူတွေးလိုက်မိကာ ထိုအကြောင်းနှင့်ပတ်သတ်လို့ သခင်ကြီးလင်ဘာများပြောလာမလဲဆိုတာ စိုးရိမ်လာမိတော့သည်။

***

အခန်း ၁၀၈၇ စေ့စပ်ပွဲ

ကုနင်းက လင်ရှောင်းထင်နှင့် မလိုက်ဖက်ဟု ထန်ဟိုင်ဖုန်းမထင်သော်လည်း သူ့မြေးမလေး၏အနာဂါတ်ပျော်ရွှင်မှုနှင့်သက်ဆိုင်နေတာကြောင့် အနည်းငယ်စိုးရိမ်စိတ်ဝင်နေမိသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သခင်ကြီးထန် ဖုန်းကိုင်လိုက်သည်။ သူစိုးရိမ်နေသော်လည်း ပေါ်လွင်အောင်တော့ မပြခဲ့ပေ။

“ဟိုင်း၊ သခင်ကြီးလင်၊ အထူးအဆန်းပါလား!”

“လောင်ထန်၊ မင်းရဲ့မြေးမက ငါ့မြေးရဲ့ချစ်သူမှန်း ဘာလို့ငါ့ကိုစောစောမပြောရတာလဲ?” တစ်ဖက်ကဖုန်းကိုင်သည်နှင့် သခင်ကြီးလင် မကျေနပ်သည့်စကားနှင့်စလိုက်သည်။ “ငါ့မြေးလေး တစ်သက်လုံးတစ်ယောက်တည်းနေသွားတော့မလားဆိုပြီး စိုးရိမ်နေရတဲ့ခံစားချက် ဘယ်လောက်ဆိုးမှန်း မင်းသိရဲ့လား? ငါ့မြေးက မင်းမြေးမနဲ့လက်ထပ်ဖို့ အရည်အချင်းမမှီဘူးလို့ မင်းထင်နေတာလား?”

သခင်ကြီးလင်၏လေသံက စိတ်ဆိုးနေဟန်ပေါ်သော်လည်း တကယ်တမ်းမဟုတ်ပေ။

ထန်ဟိုင်ဖုန်းလဲ နားလည်တာကြောင့် စိတ်အနှောင့်အယှက်မဖြစ်သွားသည့်အပြင် စိတ်အေးကာ စိတ်လှုပ်ရှားသွားရသည်။

လင်ရှောင်းထင်ကို လက်ထပ်ချင်သည့်အမျိုးသမီးတွေက မရေမတွက်နိုင်အောင်များလှတာကြောင့် သူတစ်သက်လုံး တစ်ကိုယ်တည်းနေသွားမည်ဆိုသည့်အချက်ကိုတော့ ထန်ဟိုင်ဖုန်းမယုံပေ။

လင်ဝေ့ဟွာ ထိုသို့ပြောလာခြင်းက ကုနင်းသည် အရမ်းအရေးပါသည်ဟု တွေးခြင်းကြောင့်သာဖြစ်၍ပင်။

“သခင်ကြီးလင်၊ ဒါငါ့အမှားပါ၊ ငါက မင်းသိပြီးလောက်ပြီလို့ပဲ ထင်နေတာ!”

ထိုစကားကြားရသည်နှင့် သခင်ကြီးလင် မကျေမနပ်ထပ်မံညည်းတွားပြန်လေသည်။ “ဟွန့်၊ ရှောင်းထင်က သူရည်စားရသွားတဲ့နဲ့ ငါ့ကိုလုံးဝမေ့သွားတယ်လေ!”

“ထားပါ၊ သူမိန်းမကောင်းလေးကို ရှာနိုင်ခဲ့မှတော့ ငါလဲ ခွင့်လွှတ်ပေးနိုင်ပါတယ်။ ပြောရရင် ငါကတော့ နင်းနင်းကို ငါ့မြေးချွေးမလေးအဖြစ် သတ်မှတ်ပြီးနေပြီ၊ ဒါပေမယ့် သူက အခုထိ လက်ထပ်ရမယ့်အရွယ်မရောက်နေသေးဘူး။ သူတို့မြန်မြန်လေးလက်ထပ်နိုင်ကြရင် ကောင်းမှာပဲ။ လောင်ထန်၊ ငါတို့တွေ သူတို့ကို အရင်ဆုံးစေ့စပ်ပေးထားကြရင် မကောင်းဘူးလား?”

လင်ဝေ့ဟွာက ကုနင်းကို စိတ်တိုင်းကျနေကြောင်းသိရပြီး ထန်ဟိုင်ဖုန်း အံ့ဩလို့သွားသည်။

သူတို့ အရင်ကလဲ စေ့စပ်ပွဲအကြောင်းပြောဖူးတာကြောင့် လင်ဝေ့ဟွာစကားကို သူလက်ခံလိုက်သည်။

“ငါတို့လဲ ရှောင်းထင်ကို အရမ်းသဘောကျတာပေါ့။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက်ချစ်နေကြပြီဆိုမှတော့ ဒီအကြောင်း သေချာလေးဆွေးနွေးဖို့ ငါတို့တစ်ယောက်လောက်ဆုံကြတာပေါ့။ မင်းရော ဘယ်လိုတွေးလဲ?” ထန်ဟိုင်ဖုန်း ပြန်မေးလိုက်သည်။

နှစ်ယောက်လုံး စေ့စပ်ပွဲကို အမြန်မြင်ချင်နေကြသည်။

“ဟ-ဟ၊ ဟ-ဟ၊ ကောင်းတာပေါ့! ငါ Bမြို့ကိုလာခဲ့မယ်၊ အဲ့တော့မှ အေးအေးဆေးဆေး ပြောကြတာပေါ့။”

လင်ဝေ့ဟွာက သူကိုဘ်တိုင် ထန်မိသားစုဆီ သွားရောက်ဖို့ တွေးထားခြင်းဖြစ်သည်။

“ဟုတ်ပြီ၊ တွေ့ကြတာပေါ့!” ထန်ဟိုင်ဖုန်း ပျော်ရွှင်နေတော့သည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့ စေ့စပ်ကြတော့မည်ဆိုလျှင် လင်မိသားစုက တောင်းရမ်းဖို့အတွက် ထန်မိသားစုဆီ လာသင့်ပေသည်။ ဒါကသာ ဓလေ့ပင်။

ပြီးနောက်မှာတော့ နှစ်ယောက်သား ကြည်နူးပျော်ရွှင်မှုအပြည့်ဖြင့် ဖုန်းချလိုက်ကြသည်။

ထို့နောက် ထန်ဟိုင်ဖုန်းက ထန်ယွင်ဟန်တို့ဇနီးမောင်နှံကို ထိုအကြောင်းပြောပြလိုက်သည်။

ထန်ယွင်ဖန်းနှင့်ကုမန့်တို့ကတော့ သူတို့ပျားရည်စမ်းခရီးစဉ်ကမပြီးဆုံးသေးတာကြောင့် သူတို့ကိုတော့ မနှောင့်ယှက်နေတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့လဲ သန်ဘက်ခါလောက်ဆို အိမ်ပြန်ရောက်လာကြမှာပဲကို။

ထန်ယွင်ဟန်တို့ဇနီးမောင်နှံတို့ကတော့ ထောက်ခံအားပေးကြသည်။ ပျော်ရွှင်ဖွယ်လက်ထပ်ပွဲတစ်ခုဖြစ်ဖို့ရန် အကြီးများ၏ထောက်ခံပေးမှုကို လိုအပ်ကြောင်း သူတို့လဲ သိကြတာကြောင့်ပင်။

……..

တစ်ဖက်ရှိ လင်ဝေ့ဟွာသည်တော့ ထိုအကြောင်းကို တခြားလင်မိသားစုဝင်များအား မပြောပြဘဲ လျှို့ဝှက်ထားလေသည်။

သူသည်သာ လင်မိသားစု၏အဓိကအရေးပါဆုံးလူဖြစ်ကာ လင်ရှောင်းထင်ကလဲ တခြားမိသားစုဝင်များနှင့် ဆက်ဆံရေးအဆင်မပြေလှတာကြောင့် ဒီသတင်းမျိုးကို တခြားမိသားစုဝင်တွေနဲ့ မျှဝေပေးနေဖို့ မလိုအပ်ပေ။

ဒါကြောင့် ထန်မိသားစုဆီ သူသွားလည်ကာမှ လင်ယွမ်ကျန်းတို့မိသားစုကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

…..

ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ သူတို့အဖိုးတွေက သူတို့စေ့စပ်ပွဲအတွက် စိစဉ်နေကြပြီးမှန်း လုံးဝမတွေးမိခဲ့ကြပေ။

တတိယမြောက်နေတွင်တော့ လေလံပွဲကျင်းပခဲ့သည်။

မနေ့ကနဲ့ရှေ့တစ်နေ့ကသည် အိတ်ပိတ်လေလံပွဲနေ့များဖြစ်ကာ ဒီနေ့သည်တော့ အိတ်ဖွင့်လေလံပွဲနေ့ပင်။

လေလံပွဲအတွက် လေလံဆွဲမည့်လူအားလုံး ခန်းမထဲတွင် စုဝေးနေကြကာ ကျောက်စိမ်းအား အမြင့်ဆုံးလေလံဆွဲသူကို ရောင်းချပေးသွားမည်ဖြစ်သည်။

အိတ်ဖွင့်လေလံပွဲအတွက် ကျောက်ရိုင်းအမျိုးအစားနှစ်မျိုးကို ထည့်သွင်းထားလေသည်။ တစ်မျိုးကတော့ လုံးဝကျောက်ရိုင်းတုံးပင်ဖြစ်ကာ ကျန်တစ်မျိုးသည်တော့ တစ်စိတ်တစ်ပိုင်း ဖြတ်တောက် လျစ်ဟပြထားမည့် ကျောက်ရိုင်းတုံးပင်။

လုံးဝအရိုင်းသက်သက်ကျောက်ရိုင်းတုံးကို လေလံဆွဲရာတွင် ထိုကျောက်မှနေပြီး အမြတ်ပြန်ရရှိဖို့ရန်အတွက် ကံနှင့်ကျွမ်းကျင်မှုရှိဖို့လိုအပ်သည်။

တစ်စိတ်တစ်ပိုင်းဖွင့်ဟပြပြီးသားကျောက်ရိုင်းအတွက်တော့ဖြင့် ၎င်းတွင်က အစိမ်းရောင်ဝင်းဒိုးဖွင့်ပြထားပြီးဖြစ်တာကြောင့် ကျောက်စိမ်းဖြတ်လို့ရနိုင်ချေက အတော်လေးမြင့်နေပြီဖြစ်သည်။

အိတ်ဖွင့်လေလံပွဲ၏ရလဒ်ကိုတော့ဖြင့် ဆိုဒ်တွင် ဖော်ပြသွားမည်ဖြစ်သည်။ ကျောက်ရိုင်းတုံးကို အနိုင်ရသွားသူသည် ၎င်းကို အိမ်ပြန်သယ်နိုင်ဖို့ရန်အတွက် တရားဝင်စာရွက်စာတမ်းများ လုပ်သွားဖို့လိုအပ်သည်။ ထိုသို့စာရွက်စာတမ်းများမရှိပါက တရားမဝင်ဖြစ်သွားပေမည်။

လေလံပွဲကို နေ့လည်၁၂နာရီတွင် စတင်သွားမည်ဖြစ်သော်လည်း လူအများကတော့ မနက်၁၀နာရီကတည်းက ကြိုတင်ရောက်ရှိလို့နေပေပြီ။

လေလံတင်မည့်ကျောက်ရိုင်းပေါင်း အတုံး၁၀၀ရှိကာ အားလုံးကို လေလံဆွဲမည့်သူများ အနီးကပ်ကြည့်ရှုနိုင်ရန်အတွက် ခန်းမထဲတွင်သာ ထား,ထားသည်။

ကုနင်းတွင်က ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ဘယ်ကျောက်ရိုင်းတုံးတွင် ကျောက်စိမ်းရှိလဲ တန်းမြင်နိုင်ပေသည်။

***

အခန်း ၁၀၈၈ ချီကျီယွဲ့ကို လျစ်လျူရှုထားခြင်း

လေလံဝင်ဆွဲမည့်လူတိုင်း အရင်ဆုံးစာရင်းသွင်းပြီးပါမှ လေလံပွဲအတွက် လေလံဆွဲကဒ်ကို ရရှိမည်ဖြစ်သည်။

လေလံပွဲတွင် ကုနင်းတစ်ယောက်တည်းသာ ပါဝင်မည်ဖြစ်သော်လည်း လင်ရှောင်းထင်နှင့်ကျန်လူများသည်လဲ စာရင်းပေးသွင်းကြသည်။ စာရင်းမသွင်းသည့် ဘယ်သူမှ ထိုင်ခုံနေရာရမည်မဟုတ်သလို လေလံခန်းမထဲသို့လဲ ဝင်ခွင့်ပြုမည်မဟုတ်ပေ။

ဖိတ်ကြားလွှာမပါသည့်လေလံဆွဲသူများကိုတော့ သာမာန်ဧည့်သည်များအဖြစ်သာ သတ်မှတ်မည်ဖြစ်ကာ အနောက်ဘက်တန်းများတွင်သာ ထိုင်နိုင်မည်ဖြစ်သည်။

……..

ကုနင်းတို့အဖွဲ့ စာရင်းသွင်းဖို့လာကြချိန်မှာပဲ ချီကျီယွဲ့တို့အဖွဲ့နှင့်တိုးလေသည်။

ယခုတစ်ကြိမ်မှာတော့ ချီကျီယွဲ့နှင့်ထန်ယရှင်းတို့သည် ကုနင်းနှင့်လင်ရှောင်းထင်ကို မနှစ်မြို့သည့်အမူအရာမျိုးမပြဝံ့တော့ကြသော်လည်း အာယုမီယာမဂုချီနှင့် ရှိုးတမီနမီနိုတို့ကတော့ဖြင့် ထုံးစံအတိုင်းပင်။

“ဟိုင်း၊ သခင်လေးလင်၊ တွေ့ရတာဝမ်းသာပါတယ်! ကျွန်တော်က ထန်လုပ်ငန်းစုရဲ့ မားကတ်တင်းဒါရိုက်တာ ချီကျီယွဲ့ပါ၊ မနေ့တုန်းက သခင်လေးကို မမှတ်မိသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။” ချီကျီယွဲ့က အရင်စကာ လင်ရှောင်းထင်ကို နှုတ်ဆက်လိုက်သည်။

သို့ပေမည့် လင်ရှောင်းထင်ကတော့ သူ့ကိုတစ်ချက်မျှသာ စောင်းကြည့်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ကုနင်း၏ဆရာဖြစ်သူ ထန်အိုက်နင်းသည် ထန်မိသားစု၊ ချီကျီယွဲ့တို့နှင့် ရန်ငြှိုးများရှိကြောင်း သူမှတ်မိနေတာကြောင့် ထိုလူများအပေါ် အမြင်ကောင်းမရှိပေ။

ကုနင်းလဲ တစ်နေ့နေ့ ထန်မိသားစုနှင့်ချီကျီယွဲ့တို့ကို တန်ရာတန်ကြေးပြန်ပေးဆပ်ခိုင်းမည်မှန်းလဲ လင်ရှောင်းထင်နားလည်ပေသည်။

……

လင်ရှောင်းထင်က သူ့ကိုလျစ်လျူရှုထားတာကြောင့် ချီကျီယွဲ့ အလွန်အမင်းအရှက်ရသွားရသည်။ လင်ရှောင်းထင် သူ့ကို တိုက်ရိုက်ကြီးလျစ်လျူရှုထားလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့သော်လည်း သူဘယ်လောက်ပဲ ဒေါသထွက်လာရင်တောင်မှ သူ့ဒေါသကို မထုတ်ဖော်ရဲပေ။

ထန်ယရှင်းသည်လဲ လင်ရှောင်းထင်ကို နှုတ်ဆက်ချင်ခဲ့ပေမယ့် လင်ရှောင်းထင်က ချီကျီယွဲ့ကိုတောင် လျစ်လျူရှုထားသည်ကိုမြင်တော့ သူမအကြံကိုလက်လျှော့လိုက်ရသည်။

တခြားယောက်ျားတစ်ယောက်ယောက်ကသာ ချီကျီယွဲ့၏နှုတ်ဆက်စကားကို လျစ်လျူရှုရဲခဲ့သည်ဆိုလျှင် သူမ ရန်ပြန်တွေ့မှာဖြစ်သော်လည်း လင်ရှောင်းထင်ကတော့ သူမသဘောကျသူဖြစ်တာကြောင့် ဘာမှမလုပ်ခဲ့ပေ။ ဒါ့အပြင် လင်ရှောင်းထင်၏ အေးစက်စက်ပင်ကိုယ်စရိုက်အကြောင်းကိုလဲ သူမကြားဖူးတာကြောင့် ချီကျီယွဲ့ကို လျစ်လျူရှုသွားသည်က အထူးအဆန်းတော့ မဟုတ်လှပေ။

သို့သော်လည်း လင်ရှောင်းထင်၏မိသားစုနောက်ခံအကြောင်း မသိသည့် အာယုမီယာမဂုချီကတော့ သူ့ကို ထေ့ငေါ့လို့လာသည်။ “ဘယ်လောက်တောင်ရိုင်းလိုက်သလဲ? ကျီယွဲ့ နင့်ကို နှုတ်ဆက်နေတာ မကြားဘူးလား?”

ထိုစကားကြောင့် ချီကျီယွဲ့ ကြောက်လန့်သွားကာ ချက်ချင်းပင် အာယုမီယာမဂုချီကို ဝင်တားလိုက်သည်။ “မစ္စ ယာမဂုချီ၊ ဒါ အရေးကြီးကိစ္စမဟုတ်ဘူး။”

သူ့အသံက အလျင်စလိုဖြစ်သွားတာကြောင့် သူမကို အပြစ်တင်သည့်ပုံစံမျိုးဖြစ်သွားရသည်။ လင်ရှောင်းထင်သည် အာယုမီယာမဂုချီနှင့် ရှိုးတမီနမီနိုတို့ သွားရှုပ်လို့မရနိုင်သည့်လူမျိုးဖြစ်ကြောင်း ချီကျီယွဲ့ သိပေသည်။

မီနမီနိုမိသားစုသည် Rနိုင်ငံတွင် အလွန်အာဏာရှိသည်ဆိုသော်လည်း အင်အားအကြီးဆုံးမိသားစုမဟုတ်ဘဲ လင်မိသားစုသည်တော့ သူတို့နိုင်ငံတွင် အင်အားအကြီးဆုံးမိသားစုဖြစ်သည်။

ချီကျီယွဲ့က သူမဘက်ကမရပ်တည်ပေးတာကြောင့် အာယုမီယာမဂုချီ ဒေါသထွက်သွားကာ၊ “ဘယ်လို….”

သို့ပေမည့် ရှိုးတမီနမီနိုကတော့ တစ်ခုခုလွဲနေကြောင်း သတိထားမိသွားသည်။ ‘ချီကျီယွဲ့က ဒီလူငယ်ကို အရမ်းလေးစားသမှုထားနေရုံသာမကဘူး အာယုမီယာမဂုချီ သူတို့ကြားဖြတ်ပြောလာချိန်မှာလဲ အရမ်းစိုးရိမ်သွားပုံရတယ်။ ဒီတော့ ဒီလူငယ်က သာမာန်လူတစ်ယောက်တော့ မဖြစ်နိုင်လောက်ဘူး။’ “အာယုမီ၊ စိတ်လျှော့..”

ရှိုးတမီနမီနိုသည် အာယုမီယာမဂုချီကို သဘောကျကာ အများအားဖြင့် သူမ၏ဒေါသကြီးသည့်အပြုအမူအပေါ် သည်းခံပေးလေ့ရှိသော်လည်း သူမကို ပြဿနာရှာခွင့်ပေးထားမည်လို့တော့ မဆိုလိုပေ။

ရှိုးတမီနမီနို၏သတိပေးသံကြောင်း အာယုမီယာမဂုချီလဲ သူမဒေါသကို ပြန်လည်ချုပ်ထိန်းလိုက်ရသည်။

“သခင်လေးလင်၊ ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ မစ္စ ယာမဂုချီက နိုင်ငံခြားသားဆိုတော့ ဒီနေရာရဲ့ အဆင့်အတန်းတွေအကြောင်း သိပ်မသိဘူး။ စိတ်ထဲမထားပါနဲ့နော်။” ချီကျီယွဲ့က ချက်ချင်းပင် လင်ရှောင်းထင်ကို တောင်းပန်လိုက်သည်။

လင်ရှောင်းထင်ကတော့ နဂိုအတိုင်း နှုတ်ဆိတ်နေကာ လျစ်လျူရှုထားမြဲပင်။ သူ Rနိုင်ငံသားတွေကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ ဒါတင်မကသေး၊ အစမှအဆုံးတိုင် ထိုRနိုင်ငံကလူနှစ်ယောက်သာ သူတို့ကို ဆက်တိုက်ပြဿနာရှိနေခဲ့သေးသည်။

ထိုအချိန်မှာပဲ ကုနင်းက လင်ရှောင်းထင်ကို ပြောလာသည်။ “သွားကြရအောင်။”

“ဟုတ်ပြီ၊” ဤတစ်ကြိမ်မှာတော့ လင်ရှောင်းထင်အသံထွက်လာကာ ကုနင်းနှင့်အတူထွက်သွားလေသည်။

သူတို့ထွက်သွားသည်နှင့် ကျီပိုင်ယင်းက အာယုမီယာမဂုချီကို အထင်သေးစွာကြည့်လိုက်ကာ၊ “ကိုယ့်ကိုယ်ကိုယ် တခြားလူတွေထက် သာလွန်တယ်ဆိုပြီးတွေးမနေနဲ့၊ မဟုတ်ရင် ဘာအစအနမှတောင် မကျန်ဘဲ အသတ်ခံလိုက်ရလိမ့်မယ်။”

ကျီပိုင်ယင်း ထိုကိုစကားပြောပြီးသည်နှင့် ထောင်လွှားမှုအပြည့်ဖြင့် လှည့်ထွက်သွားတော့သည်။

သူတို့ လင်ရှောင်းထင်ကို အနှောင့်အယှက်မပေးရဲဘူးဆိုရင်တောင် ကျီပိုင်ယင်းဒေါသထွက်လျှင်လဲ သူတို့ခံနိုင်မည်မဟုတ်ပေ။ လင်ရှောင်းထင်ကတော့ သူသတ်ချင်စိတ်ဖြစ်တိုင်း တစ်ဖက်လူကိုလိုက်သတ်မည့်သူမဟုတ်သော်လည်း ကျီပိုင်ယင်းကတော့ မတူပေ။ အရှေ့အာရှမှာတော့ သူမလို အင်အားကြီးလက်နက်တင်သွင်းသူတစ်ယောက်က ရန်သူတစ်ယောက်ကို အလွယ်လေးလက်စဖျောက်နိုင်ပေသည်။

…….

ကျီပိုင်ယင်းက သူမကိုတည့်တည့်ကြည့်ကာ ထိုစကားမျိုးပြောသွားတာကြောင့် အာယုမီယာမဂုချီ အလွန်ဒေါသထွက်သွားတော့သည်။

“ကျီယွဲ့၊ သူတို့က ဘယ်သူတွေလဲ?”

ကုနင်းတို့တစ်ဖွဲ့လုံးထွက်သွားပြီးသည်နှင့် ရှိုးတမီနမီနိုမေးလိုက်သည်။

“သခင်လေးလင်က မြို့တော်လင်မိသားစုရဲ့ မြေးအကြီးဆုံး၊ အသက်အငယ်ဆုံးဗိုလ်ချုပ်ကြီးတစ်ယောက်လဲဖြစ်သေးတယ်။”

“ဘာ?” ထိုစကားကြောင့် အာယုမီယာမဂုချီရော ရှိုးတမီနမီနိုတို့ပါ အံ့ဩထိတ်လန့်သွားကြသည်။

မြို့တော်၏နံပါတ်တစ်မိသားစုအကြောင်း သူတို့ကြားဖူးသလို စစ်တပ်ထဲတွင် ဗိုလ်ချုပ်ကြီးအဆင့်က ဘယ်လောက်တောင် မြင့်ကြောင်းလဲသိသည်။ ဒါကြောင့် လင်ရှောင်းထင်၏အဆင့်အတန်းကိုကြားပြီး အလွန်အမင်းအံ့အားသင့်သွားကြတော့သည်။

“မစ္စယာမဂုချီ၊ အစောတုန်းက ကျွန်တော်နည်းနည်းရိုင်းသလိုဖြစ်သွားတဲ့အတွက် ခွင့်လွှတ်ပေးပါ။” ချီကျီယွဲ့ပြောလိုက်သည်။

“ရပါတယ်။” ရှိုးတမီနမီနိုက ကြားထဲမှ ပြန်ဖြေပေးလိုက်သည်။ ဒီတစ်ခေါက် အာယုမီယာမဂုချီကို ချီကျီယွဲ့တားပေးလိုက်တာကြောင့် သူကံကောင်းသွားတာပင်။

ရှိုးတမီနမီနို၏မိသားစုသည် Rနိုင်ငံတွင် အလွန်အာဏာရှိသည်ဆိုလျှင်တောင်မှ ဒီနိုင်ငံ၏အင်အားအကြီးဆုံးမိသားစုကို သွားအာမခံသင့်မှန်းတော့ သိသေးသည်။

အာယုမီယာမဂုချီသည်လဲ တော်တော်လေး နောင်တရလို့သွားလေသည်။ သူမမိသားစုသည် Rနိုင်ငံမှာဆိုလျှင်ပင် မီနမီနိုမိသားစုထက် မသာလွန်တာကြောင့် သေချောပေါက် လင်မိသားစုကို အာခံဖို့စိတ်ကူးမရှိပေ။

……

အချိန်ခဏကြာပြီးနောက်မှာတော့ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့လဲ ရောက်လာခဲ့သည်။

ခန်းမထဲရှိ လူအားလုံးသည် ကျောက်ရိုင်းများကို စိတ်ဝင်စားတာကြောင့် ရောက်ရှိနေခြင်းပင်။

ခန်းမသည် အလွန်ကြီးမားတာကြောင့် လူနှစ်ထောင်လောက်အထိ အေးအေးဆေးဆေးဆံ့ပေသည်။

***

အခန်း ၁၀၈၉ လေလံပွဲစတင်ပြီ

ကုနင်းလဲ လင်ရှောင်းထင်တို့နှင့်အတူ သူတို့ခုံကိုသွားရှာကြသည်။

ထိုင်ခုံနေရာများကို A, B, C နှင့် Dဟူ၍ အပိုင်း၄ပိုင်းခွဲခြားလို့ထားသည်။ ဧရိယာAသည်တော့ ဗီဗီအိုင်ပီဧရိယာဖြစ်ကာ၊ Bသည်တော့ ဗီအိုင်ပီဧရိယာဖြစ်ပြီး C နှင့် Dသည်တော့ သာမာန်ဧည့်သည်များအတွက်ဖြစ်သည်။

ကုနင်းသည် ဤပွဲသို့ ထန်မြို့မှ လွှမ်းမိုးမှုရှိသည့်ကျောက်စိမ်းကုမ္ပဏီတစ်ခုဖြစ်သော Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏‌ ဘော့စ်တစ်ယောက်အနေဖြင့် လာခဲ့ခြင်းဖြစ်တာကြောင့် ဧရိယာAတွင် ထိုင်ရပေသည်။

ကျီပိုင်ယင်းနှင့်ကျန်လူများသည်လဲ သူမနှင့် ဧရိယာအတူတူပင်။

ရောက်ရှိချိန်ပေါ်လိုက်၍ သူတို့က ဧရိယာA၏နောက်တန်းများသို့ကျသွားသော်လည်း သိပ်တော့ အရေးမကြီးပေ။

ချီကျီယွဲ့တို့အဖွဲ့သည်လဲ ဧရိယာAတွင်သာထိုင်ရမည်ဖြစ်သော်လည်း ခန်းမထဲသို့ဝင်လာပြီးသည်နှင့် ဝင်းဒိုးဖွင့်ပြီးသားကျောက်ရိုင်းများကို ကြည့်ဖို့ထွက်သွားလေသည်။ ကျောက်စိမ်းအကြောင်း သူတို့သိပ်မသိသော်လည်း စိတ်ဝင်စားမှုတော့ရှိကြသည်။

သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့တွင်က ဖိတ်ကြားလွှာမပါတာကြောင့် ဧရိယာDတွင် နေရာရကြသည်။

မိနစ်၂၀အကြာတွင် လေလံပွဲစတင်တော့မည်ဖြစ်တာကြောင့် လူများလဲ နေရာယူလာကြသည်။

ကျောက်ယွဲ့ဖုန်းက ကုနင်းကို သတိထားမိသွားပြီး သူမအနားသို့လျှောက်လာလေသည်။ “ဟိုင်း၊ မစ္စကု၊ ကျောက်ရိုင်းတွေ ဘာလို့အနီးကပ်သွားမကြည့်တာလဲ?”

ကုနင်းပြုံးလိုက်ကာ၊ “မလိုဘူးထင်လို့ပါ။”

ထိုစကားကြောင့် ကျောက်ယွဲ့ဖုန်းလဲ ပြုံးလိုက်သည်။ ကုနင်း၏မယုံနိုင်စရာစွမ်းရည်ဖြင့်ဆိုလျှင် အရည်အသွေးမြင့်ကျောက်စိမ်းရှာဖို့ဆိုတာ အလွယ်လေးမှန်း သူနားလည်ပေသည်။

ထို့နောက် ကျောက်ယွဲ့ဖုန်းလဲ သူ့ထိုင်ခုံရှိရာ ဧရိယာBသို့ပြန်သွားခဲ့သည်။

……

နေ့လည်၁၂နာရီထိုးခါနီးတွင်တော့ ဧည့်သည်တော်အားလုံးနီးပါး ကိုယ့်ထိုင်ခုံရှိရာဆီ ပြန်လာခဲ့ကြကာ ချီကျီယွဲ့တို့သည်လဲ ဧရိယာAသို့ပြန်လာလေသည်။ အခုတော့ ဘယ်သူမှ ကုနင်းတို့အဖွဲ့ကို ရန်လိုသလို မနှစ်မြို့သလို မကြည့်ရဲကြတော့ပေ။

၁၂နာရီအတိတွင်တော့ လေလံပွဲစတင်လေသည်။

စင်မြင့်ထက်သို့ အနီရဲရဲဂါဝန်ဝတ်ဆင်ထားသည့် လှပသောအမျိုးသမီးငယ်တစ်ဦး တက်လာတာကြောင့် လူတော်တော်များများ မှင်သက်လို့သွားကြရသည်။

“ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ မင်္ဂလာရှိသောနေ့လည်ခင်းလေးပါ။ မြန်မာနိုင်ငံရဲ့ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ကျောက်စိမ်းလေလံပွဲကြီးကနေ ကြိုဆိုလိုက်ပါတယ်။ အားလုံးက စည်းကမ်းချက်များနဲ့ မိတ်ဆက်ပေးပါရစေ…” အစီအစဉ်တင်ဆက်သူမိန်းကလေးက လေလံပွဲစည်းမျဉ်းများကို ဧည့်သည်တော်များအား အရိုးရှင်းဆုံး ရှင်းပြခဲ့သည်။

တကယ်တမ်း စည်းမျဉ်းများသည် သိပ်မရှုပ်ထွေးပေ။

“ဒီနေ့ရဲ့‌လေလံပွဲ အခုပဲစတင်ပါပြီ။”

အစီအစဉ်မှူးကြေညာလိုက်သည်နှင့် နံပါတ်၁တစ်ကျောက်ရိုင်းနှင့်ပတ်သတ်သည့် အချက်အလက်များက သူမနောက်ကျောဘက်ရှိ စခရင်အကြီးကြီးတွင် ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းသည် ဝင်းဒိုးဖွင့်ပြီးသားဖြစ်တာကြောင့် သေချာပေါက် ဈေးကြီးပေသည်။

၎င်းသည် ၈၃ကီလိုဂရမ်ခန့်လေးကာ ဝင်းဒိုးပြထားသလောက်တော့ အကောင်းဆုံး တွင်းဟောင်းဖန်သားကျောက်စိမ်းအမျိုးအစားပင်။ ဝင်းဒိုးပြထားသည့် အချင်းသည့် သာမာန်ခွက်တစ်ခွက်စာမျှသာကျယ်တာကြောင့် လေလံဆွဲသူအနေနှင့် အထဲရှိကျောက်စိမ်း၏အရွယ်အစားနှင့် အရည်အသွေးကို သိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ကုနင်းလို ကျောက်စိမ်းမျက်ဝန်းရှိသူအတွက်တော့ အလွယ်လေးပင်။

နံပါတ်၁ကျောက်ရိုင်းသည် တွင်းဟောင်းဖန်သားကျောက်စိမ်းအမျိုးအစားဖြစ်ကာ တော်တော်လေးကြီးပြီး ကျောက်ရိုင်း၏သုံးပုံနှစ်ပုံလောက်တွင် ကျောက်စိမ်းပါရှိနေသည်။

လေလံကြမ်းခင်းဈေးက ဒေါ်လာ၁သန်းဖြစ်ကာ လေလံဆွဲသူများသည် တစ်ကြိမ်လျှင် အနည်းဆုံး ဒေါ်လာ၅သိန်း တိုးသွားရမည်ဖြစ်သည်။

ကျောက်စိမ်းထွက်လာမည့်အရွယ်အစားအရ ကုနင်းကတော့ ၎င်း၏ဈေးနှုန်းကို ယွမ်သန်း၅၀၀ ဝန်းကျင်ဖြစ်သင့်သည်ဟု တွေးလေသည်။ သို့သော်လည်း အနည်းငယ်သာဖွင့်ပြထားသည့်ကျောက်ရိုင်းဖြစ်တာကြောင့် တခြားလေလံဆွဲသူများသည် ယွမ်သန်းနှစ်ရာ(ဒေါ်လာ သန်းသုံးဆယ်ဝန်းကျင်)တွင် ရပ်သွားကြသည်။

အထဲတွင် ကျောက်စိမ်းအစစ်ရှိမလားသေချာမသိကြတာကြောင့် ဈေးအများကြီးပေးခြင်းက စွန့်စားလွန်းရာကျပေသည်။

ဒါ့အပြင် ကျောက်ရိုင်း၏အပေါ်ယံလွှာက အရမ်းထူလွန်းနေတတ်တာကြောင့် အထဲရှိကျောက်စိမ်းအရွယ်အစားကလဲ သေးသွားနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ယွမ်သန်း၃၀၀အထိရောက်သွာတာကပင် အတော်လေးမြင်ရခဲသည့်လေလံဈေးဖြစ်သည်။

“ဒေါ်လာ၂သန်း။”

“ဒေါ်လာ၂.၅သန်း။”

“ဒေါ်လာ၃သန်း။”

……..

“ဒေါ်လာသန်း၂၀။”

မကြာခင်မှာပဲ ဒေါ်လာသန်း၂၀အထိရောက်ရှိသွားကာ လေလံဆွဲသူကတော့ သုန်းဖန်းကျီယွီပင်။ အထဲရှိကျောက်စိမ်းအရွယ်အစား ဘယ်လောက်ရှိမှန်း သူမ,မသိသော်လည်း ကျောက်ရိုင်းအရည်အသွေးကမြင့်တာကြောင့် စမ်းကြည့်ချင်နေသည်။

ဈေးနှုန်းက ယွမ်သန်း၂၀ထိရောက်သွားပြီးနောက်မှာတော့ ဆက်ပြီးလေလံဆွဲသူလဲ တစ်စထက်တစ်စ လျှော့ကျလာတော့သည်။

ကုနင်းကတော့ ထိုအချိန်အထိ တိတ်နေတုန်းပင်။ သူမက နောက်ဆုံးမိနစ်အထိစောင့်ပြီးကာမှ လေလံဆွဲဖို့ကြံစည်နေခြင်းပင်။

သို့ပေမည့် ကုနင်းနှင့်ရင်းနှီးသည့်လူတချို့ကတော့ လေလံဝင်ဆွဲဖို့ တုံ့ဆိုင်းလို့နေကြလေသည်။ သူတို့၏မသိစိတ်ထဲတွင် နံပါတ်၁ကျောက်ရိုင်းမှာ ကျောက်စိမ်းမရှိလို့ပဲလား ဒါမှမဟုတ် လက်ရှိရောက်နေသည့်ဈေးနှင့်မတန်လို့ပဲလားဟု တွေးနေမိကြသည်။

ကုနင်းကတော့ သူမကြောင့် သူတို့စိတ်တွေကို ယိမ်းယိုင်နေစေမှန်း နားလည်ပေမည့် ဂရုစိုက်မနေပေ။

“ဒေါ်လာ၂၄သန်း။”

“ဒေါ်လာ ၂၄.၅သန်း။”

အခုဆို သုန်းဖန်းကျီယွီတစ်ဦးနှင့် လက်ဝတ်ရတနာလုပ်ငန်းရှင်တစ်ဦးသာ ဈေးပြိုင်ပေးနေကြပြီဖြစ်သည်။

သုန်းဖန်းကျီယွီက ဒေါ်လာ၂၄.၅သန်းပေးလိုက်ချိန်မှာတော့ လက်ဝတ်ရတနာလုပ်ငန်းရှင်ဘက်က ရပ်သွားတော့သည်။ ဒီဈေးဆို အရမ်းမြင့်နေပြီလေ။

ဒေါ်လာ၂၄.၅သန်းသည် ယွမ်၁၆၆သန်းနှင့်ညီမျှသည်။

အစိမ်းရောင် တွင်းဟောင်းဖန်သားကျောက်အမျိုးအစား ကျောက်စိမ်းဟု ဝင်းဒိုးပြနေသော်လည်း အထဲတွင် တန်ဖိုးကြီးကျောက်စိမ်းရှိနေမည်ဟုတော့ မဆိုပေ။

“ဒေါ်လာ၂၅သန်း။”

နောက်ဆုံးတော့ ကုနင်း လေလံစဆွဲပေပြီ။

ထိုအသံကိုကြားလိုက်သည်နှင့် ကုနင်းကို စောင့်ကြည့်နေကြသည့် ကျန်းတချွမ်နှင့်တခြားလက်ဝတ်ရတနာလုပ်ငန်းရှင်များစွာသည် ချက်ချင်းစိတ်လှုပ်ရှားကုန်ကြတော့သည်။

ကုနင်းက ဒီလောက်ဈေးအမြင့်ကြီးကို ကမ်းလှမ်းချင်တယ်ဆိုမှတော့ အထဲမှာ အရမ်းတန်ဖိုးကြီးတဲ့ကျောက်စိမ်းပါလို့မှန်း သိလိုက်ကြသည်။

ဒါကြောင့် တချို့ကပြန်ပြီး ကျောက်ရိုင်းကို လေလံဆွဲလာပြန်သည်။

ထိုလက်ဝတ်ရတနာလုပ်ငန်းရှင်တွေ တမင်လုပ်နေမှန်း ကုနင်းသိတာကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်လာရသည်။

“ဒေါ်လာ၂၅.၅သန်း။”

“ဒေါ်လာ၂၆သန်း။” သုန်းဖန်းကျီယွီ ပြန်ပြောလိုက်သည်နှင့် ကုနင်းကလဲ “ဒေါ်လာ၂၆.၅သန်း။”

……

အလှည့်ပေါင်းများစွာပြီးနောက်မှာတော့ တခြားလေလံဆွဲသူများ လက်လျှော့သွားကြကာ သုန်းဖန်းကျီယွီနှင့်ကုနင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။

***

အခန်း ၁၀၉၀ မာကျင်းရှန်း

“ဒေါ်လာ၂၉.၅သန်း။”

“ဒေါ်လာသန်း၃၀။”

ကုနင်း ဒေါ်လာသန်း၃၀ပေးလိုက်ချိန်မှာတော့ သုန်းဖန်းကျီယွီလဲ ထိုဈေးက သူမအမြင့်ဆုံးပေးလိုသည့်ဈေးဖြစ်တာကြောင့် လက်လျှော့သွားလေသည်။ ဒါ့အပြင် ကုနင်းကလဲ လေလံဆွဲတာကို ရပ်ဖို့စိတ်ကူးရှိပုံမရတာကြောင့် ဈေးက ဒီထက်ပို၍သာ မြင့်တက်သွားဖို့ရှိလေသည်။ သူမ ထိုကျောက်ရိုင်းကို တကယ်လိုချင်သော်လည်း အထဲရှိကျောက်စိမ်းသည် ဒေါ်လာသန်း၃၀တန်ပါ့မလားမသေချာပေ။

အခုဆို ကုနင်းနှင့်ပြိုင်မည့်သူ ဘယ်သူမှမရှိတော့တာကြောင့် အစီအစဉ်မှူးက စက္ကန့်ပိုင်းမျှစောင့်ပြီးနောက် ပြောလာတော့သည်။ “ဒေါ်လာသန်း၃၀တစ်ကြိမ်၊ ဒေါ်လာသန်း၃၀နှစ်ကြိမ်၊ နောက်ထပ်ပိုပေးမယ့်လူရှိသေးလား?”

ဘယ်သူမှဖြေလာခြင်းမရှိတာကြောင့် အစီအစဉ်မှူးက၊ “ဒါဆို ရောင်းထွက်သွားပါပြီ! နံပတ်၁ကျောက်ရိုင်းကို လေလံတင်သူ A-222 ပိုင်ဆိုင်သွားပါပြီ။”

ကုနင်းရရှိသွားခဲ့ပေပြီ။ ထိုတွင်းဟောင်းဖန်သားကျောက်စိမ်းသည် ယွမ်သန်း၅ရာကျော်တန်ကြေးရှိကာ ကုနင်းကတော့ ယွမ်၂၀၄သန်းနှင့်အရယူနိုင်ခဲ့တာကြောင့် သူမမမျှော်လင့်ထားသည့် ဈေးနှုန်းမျိုးပင်။

နောက်ဆက်ပြီး နံပါတ်၂ကျောက်ရိုင်းအကြောင်းကိုပြသလေသည်။ ၎င်းသည်လဲ ဝင်းဒိုးဖွင့်ထားသည့် ရေသားကျောက်စိမ်းဖြစ်ကာ သိပ်တော့မကြီးပေ။ ဒါကြောင့် ကုနင်းလဲ ထိုကျောက်ရိုင်းကို လေလံမတင်ချင်ပေ။

ကျောက်ရိုင်းနံပါတ်၃ကတော့ လုံးဝမဖွင့်ထားပေ။ အထဲတွင်ကျောက်စိမ်းပါရှိသော်လည်း အရည်အသွေးက အရမ်းမကောင်းတာကြောင့် ကုနင်းလက်လျော့လိုက်ပြန်သည်။

ဝင်းဒိုးဖွင့်ထားသည့်ကျောက်ရိုင်းဖြစ်နေလျှင်တောင် ကုနင်းကတော့ အရည်အသွေးမြင့်ကျောက်စိမ်းမျိုးသာ လိုချင်ပေသည်။ သူမမှာ ကျောက်စိမ်းပြတ်လတ်နေသည်မှ မဟုတ်ဘဲ။

ကုနင်း လေလံဝင်မဆွဲတာကြောင့် ဤလေလံပွဲတွင် ကျောက်ရိုင်းဒါဇင်များစွာရောင်းချပြီးနောက်မှာ သုန်းဖန်းကျီယွီက ကျောက်စိမ်းနှစ်တုံးရရှိသွားလေသည်။

ကျင့်ကြံခြင်းကမ္ဘာမှလူများသည်လဲ သူတို့၏ကျင့်ကြံခြင်းတွင်လဲ ကျောက်စိမ်းကောင်းက မှော်စွမ်းအားကို လိုအပ်ကြောင်း ကုနင်းမသိတာကြောင့် သုန်းဖန်းကျီယွီ ဒါမှမဟုတ် သုန်းဖန်းကျီယွီတို့မိသားစုသည် လက်ဝတ်ရတနာလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့်ဟုသာ သူမတွေးလိုက်မိသည်။

ကျီပိုင်ယင်း၏နှောင့်ယှက်မှုမရှိတာကြောင့် ရှိုးတမီနမီနိုသည်လဲ ကျောက်စိမ်းပေါင်းများစွာ ရသွားခဲ့သည်။

ဒါက တရားဝင်လေလံပွဲကြီးဖြစ်တာကြောင့် ကျီပိုင်ယင်း ပြဿနာရှာလို့မရပေ။

……

ကုနင်း အချိန်အတော်ကြာထိစောင့်နေသော်လည်း အရည်အသွေးမြင့်ကျောက်စိမ်းမပေါ်လာတာကြောင့် တိတ်ဆိတ်နေခဲ့သည်။

လေလံပွဲတွင် ကျောက်စိမ်းကောင်းပေါင်းများစွာ ပါဝင်သော်လည်း လေလံဆွဲသူတိုင်းသည် လူချမ်းသာတွေချည်းဖြစ်တာကြောင့် ဈေးတွေက အလွန်မြင့်ကြသည်။

နံပါတ်၁၈ကျောက်ရိုင်းကို စခရင်ပေါ်တွင် ပြလာချိန်မှာတော့ ကုနင်းလိုချင်သွားတော့သည်။ ထိုထဲတွင် အဆင့်မြင့်ကျောက်စိမ်းရှိနေခြင်းကြောင့်ပင်။

ကြမ်းခင်းဈေးက ဒေါ်လာ၁သိန်းဖြစ်ကာ တစ်ကြိမ်လျှင် ဒေါ်လာ၁သောင်းအနည်းဆုံး တိုးရမည်ဖြစ်သည်။ အချိန်ကြာလာသည်နှင့် ဈေးနှုန်းက ဒေါ်လာ၁သန်းအထိမြင့်တက်သွားလေသည်။

ကုနင်းကလဲ အရင်လိုပဲ အစပိုင်းတွင် လေလံဝင်မဆွဲခဲ့ပေ။ ကျောက်ရိုင်းက ဒေါ်လာ၂သန်းအထိမြင့်တက်လို့သွားကာ ဈေးပြိုင်ပေးသူလဲ နည်းပါးလာခဲ့သည်။

ဈေးနှုန်းက ဒေါ်လာ၃သန်းသို့ရောက်သွားချိန်မှာတော့ လေလံဆွဲသူနှစ်ဦးသာ ကျန်ရစ်တော့သည်။

ဒေါ်လာ၃.၆သန်းအရောက်တွင်တော့ အားလုံးရပ်ကုန်ကြကာ ကုနင်းစပြီးဝင်လာခဲ့သည်။ “ဒေါ်လာ၃.၇သန်း။”

“ဒေါ်လာ၃.၈သန်း။”

“ဒေါ်လာ၃.၉သန်း။”

……

“ဒေါ်လာ၄.၂သန်း။” ကုနင်းပြောလိုက်သည်။

ကုနင်းနောက်မှလိုက်ကာ လေလံဆွဲသူအချို့ရှိသော်လည်း အဆုံးမှာတော့ လက်လျှော့သွားကြစဲဖြစ်တာကြောင့် ကုနင်းသာ ရသွားပြန်သည်။

နောက်ပိုင်း အဆင့်မြင့်ကျောက်စိမ်းပါသည့်ကျောက်ရိုင်း ရှာတွေ့တိုင်းမှာ ကုနင်း ထိုနည်းအတိုင်းပင် ဆက်သုံးခဲ့သည်။

လေလံဆွဲသူများက သူမနောက်လိုက်ကာ ဝင်ဆွဲကြသော်လည်း ကျောက်စိမ်းရသည်အထိ ဘယ်သူမှ သူမနှင့်ယှဉ်ပြိုင်ဖို့ သတ္တိမရှိကြသလို ငွေလဲ မလုံလောက်ကြပေ။

လေလံပွဲကို ပထမပိုင်းနှင့်ဒုတိယပိုင်းဟူ၍ခွဲထားသည်။ ပထမပိုင်းတွင် ကျောက်ရိုင်းပေါင်း၅၀ရောင်းချခဲ့ကာ နှစ်နာရီနီးပါးကြာမြင့်သွားသည်။ ထို့နောက် ဒုတိယပိုင်းပြန်မစခင် နာရီဝက်အနားယူကြလေသည်။

လေလံပွဲ ပထမပိုင်းတွင် ကုနင်းက ဝင်းဒိုးပြထားသည့်ကျောက်ရိုင်းသုံးတုံးနှင့် လုံးဝမဖြတ်ရသေးသည့် ကျောက်ရိုင်းသုံးတုံး ရရှိသွားခဲ့သည်။

သူမတစ်ယောက်သည်သာ တန်ဖိုးအကြီးဆုံးကျောက်စိမ်းများ ရရှိသွားသူဖြစ်သည်။

သုန်းဖန်းကျီယွီကတော့ ဝင်းဒိုးပြထားသည်ကျောက်ရိုင်းလေးတုံးရသွားကာ ရှိုးတမီနမီနိုသည်လဲ ဝင်းဒိုးပြထားသည့် ကျောက်ရိုင်းသုံးတုံးရသွားခဲ့သည်။ ကျန်းတချွမ်သည်လဲ ဝင်းဒိုးကျောက်ရိုင်း၁တုံးနှင့် အပြည့်ကျောက်ရိုင်း၂တုံးရသွားခဲ့ကာ ကျောက်ယွဲ့ဖုန်းသည်တော့ ဝင်းဒိုး

၁တုံး နှင့် အပြည့်ကျောက်ရိုင်း၁တုံးရရှိခဲ့သည်။

အခြားလေလံဆွဲသူတချို့သည်လဲ တချို့အဖိုးတန်ကျောက်ရိုင်းများကို ရရှိသွားကြသည်။

လေလံပွဲတွင် ကျောက်ရိုင်းတုံးထက် လေလံဆွဲသူက ပိုများနေတာကြောင့် တစ်ဦးလျှင် ကျောက်ရိုင်း၂တုံးထက် ပိုရဖို့ မလွယ်လှပေ။

…….

လေလံပွဲစီစဉ်သူက ဘေးဘက်ရှိစားသောက်ဆိုင်တွင် ဧည့်သည်များအတွက် အချိုပွဲများ၊ သစ်သီးများ၊ သောက်စရာများပြင်ဆင်ပေးထားကာ ဧည့်သည်တော်များ စိတ်ကြိုက်သုံးဆောင်နိုင်ပေသည်။

လေလံဆွဲသူတိုင်းသည် လူချမ်းသာတွေချည်းဖြစ်တာကြောင့် စားသောက်ဆိုင်သည်လဲ အဆင့်မြင့်လှသည်။

ပထမပိုင်းပြီးသည်နှင့် ကျန်းတချွမ်၊ ကျောက်ယွဲ့ဖုန်းနှင့် တခြားလူများသည် ချက်ချင်းပင် ကုနင်းထံသို့သွားကြကာ ပုံမှန်အတိုင်း ဖော်ဖော်ရွေရွေနှင့် နှုတ်ဆက်စကာပြောဆိုကြသည်။

ထိုအချိန်မှာပဲ မာကျင်းရှန်းသည်လဲ သူ့မိသားစုမှ တခြားသောမိသားစုဝင်များနှင့်အတူ ကုနင်းဆီသို့ရောက်လာခဲ့သည်။

ကျန်းတချွမ်၊ ကျောက်ယွဲ့ဖုန်းနှင့် မာကျင်းရှန်းတို့သည် အလွန်ရင်းနှီးကြသည်။ ကျန်းတချွမ်နှင့်မာကျင်းရှန်းတို့နှစ်ဦးလုံးသည် ကျောက်စိမ်းအစည်းအရုံးမှပင်ဖြစ်ကြတာကြောင့် သူတို့ချင်း အစည်းအဝေးပွဲများတွင် တွေ့ဖြစ်ကြသည်။

ကျောက်ယွဲ့ဖုန်းသည်က လက်ဝတ်ရတနာလုပ်ငန်းရှင်ဖြစ်ကာ လက်ဝတ်ရတနာလုပ်ငန်းရှင်များစုဝေးပွဲများတွင် ပါဝင်လေ့ရှိသည်။ ဒါကြောင့် ကျောက်ယွဲ့ဖုန်းနှင့် ကျန်းတချွမ်တို့သည်လဲ သူစိမ်းများမဟုတ်ကြပေ။ ဒါ့အပြင် ကျောက်ယွဲ့ဖုန်းသည် မာမိသားစု၏ကျောက်ရိုင်းဆိုင်သို့ အကြိမ်များစွာ ရောက်ဖူးတာကြာင့် သူနှင့်မာကျင်းရှန်းသည်လဲ သူစိမ်းများမဟုတ်ကြတော့ပေ။

“ဟိုင်း၊ မစ္စတာမာ၊ တွေ့ကြပြန်ပြီပဲ!” ကျန်းတချွမ်၊ ကျန်းပင်းရှန်နှင့် ကျောက်ယွဲ့ဖုန်းတို့က မာကျင်းရှန်းကို နှုတ်ဆက်ကြသည်။

“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်!” မာကျင်းရှန်းသည် အလွန်ကြင်နာတတ်သူဖြစ်သည်။ နောက်တော့ သူ့အကြည့်က ကုနင်းဆီသို့ရောက်သွားကာ၊ “မစ္စကု၊ တွေ့ရတာဝမ်းသာပါတယ်။ ငါက ယွမ်စီရင်စု ကျောက်စိမ်းအစည်းအရုံးရဲ့ ဒုဥက္ကဌ မာကျင်းရှန်းပါ။ မင်းမှာ ကျောက်အလောင်းအစားနဲ့ပတ်သတ်ပြီး အရမ်းအရည်အချင်းရှိတာ ငါမြင်နိုင်တယ်။”

ကုနင်း ငယ်နေတာကြောင့်နှင့် မာကျင်းရှန်းသည် သူမကိုအထင်မသေးပေ။ ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက်မဟုတ်မှန်း သူသိနိုင်ပေသည်။

“အခုလိုတွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ မစ္စတာမာ။” ကုနင်းပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။

***

အခန်း ၁၀၉၁ ကျွန်မပဲ!

ကုနင်းသည်လဲ ကျောက်စိမ်းစီးပွားရေးလုပ်သူတစ်ဦးဖြစ်တာကြောင့် မာကျင်းရှန်းအကြောင်း ကြားဖူးပေသည်။ မနေ့ကလဲ ဥက္ကဌမာအကြောင်း လူတချို့ပြောနေခဲ့ကြသေးပေမည့် နာမည်အပြည့်အစုံကို မကြားခဲ့ရတာကြောင့် ဥက္ကဌမာဆိုသူသည် မာကျင်းရှန်းမှန်း သူမ,မသိခဲ့တာဖြစ်သည်။

မာကျင်းရှန်းသည် ယွမ်စီရင်စု ကျောက်စိမ်းအစည်းအရုံး၏ ဒုဥက္ကဌဖြစ်ရုံသာမကသေး ယင်နိုင်ငံ၊ ယွမ်စီရင်စုရှိ ကျော်ကြားလှသောမာမိသားစုမှလဲဖြစ်သေးသည်။

မာမိသားစုသည် ယင်နိုင်ငံရှိ နံပါတ်၁ကျောက်စိမ်းတင်ပို့သူမိသားစုဖြစ်ကာ ထန်မြို့ရှိ အဓိကကျောက်စိမ်းတင်ပို့သူသုံးဦးလိုပဲ အာဏာရော ကြွယ်ဝမှုပါ တူညီပေသည်။

ဒီလိုပုဂ္ဂိုလ်မျိုးနှင့် မိတ်ဆွေဖွင့်ခွင့်ရနိုင်ခြင်းက သေချာပေါက် ဝမ်းသာစရာကိစ္စပင်။

“မင်းက တကယ်ကိုထက်မြက်တဲ့မိန်းကလေးပဲ။” မာကျင်းရှန်းပြုံးကာ ပြောလိုက်သည်။ ကုနင်း၏ယဉ်ကျေးဖော်ရွေသည့်အပြုအမူကြောင့် သူအမြင်ကောင်းရှိသွားခဲ့လေသည်။

ထို့နောက် မာကျင်းရှန်းက သူ့နာမည်ကဒ်ကိုထုတ်ယူကာ ကုနင်းကိုပေးလိုက်ပြီး၊ “ဒါ ငါ့နာမည်ကဒ်ပဲ။ မစ္စကု၊ မင်း ယင်နိုင်ငံကို လာလည်တဲ့အခါ ငါ့ကိုဖုန်းဆက်လိုက်၊ မင်းကို အထူးဧည့်သည်အဖြစ်အမြဲကြိုဆိုနေမယ်။”

မာကျင်းရှန်းအလုပ်လုပ်ရာ အစိုးရပိုင်တက္ကသိုလ်သည် ယွမ်စီရင်စု၏ မြို့တော်ဖြစ်သော ယွင်မြို့တွင် တည်ရှိခြင်းဖြစ်သော်လည်း မာကျင်းရှန်းကတော့ အသက်လဲရပြီဖြစ်ကာ အငြိမ်းစားယူလိုက်ပြီဖြစ်၍ ယင်နိုင်ငံတွင်သာ အများဆုံးနေထိုင်တော့သည်။

“ကျေးဇူးတင်ပါတယ်၊ မစ္စတာမာ။” ကုနင်း မာကျင်းရှန်း၏နာမည်ကဒ်ကို လက်ခံယူလိုက်သည်။ သူမကလဲ ပြန်ပြီး ယဉ်ယဉ်ကျေးကျေးနှင့်ပင် သူမ၏နာမည်ကဒ်ကိုလဲ မာကျင်းရှန်းအား ပြန်ပေးလိုက်လေသည်။ “တစ်လလောက်နေရင် ကျွန်မ မြို့တော်မှာ အခြေချဖြစ်တော့မှာ။ မစ္စတာမာ မြို့တော်ကိုရောက်ဖြစ်တဲ့တစ်ရက် ကျွန်မကို အချိန်မရွေးဆက်သွယ်လိုက်ပါ။”

“ကျေးဇူးပါပဲ။” မာကျင်းရှန်းကလဲ ကုနင်း၏ကဒ်ကို လက်ခံလိုက်သည်။

သူတို့ချင်း အခုမှတွေ့ဖူးကာ ရင်းနှီးခြင်းမရှိသေးသော်လည်း မိတ်ဆွေကောင်းများ ဖြစ်လာနိုင်ပေသည်။

ထို့အပြင် ကုနင်း၏ကျောက်စိမ်းကုမ္ပဏီများသည် ယွမ်စီရင်စုတွင်ရှိတာကြောင့် နောင်တစ်ချိန်မှာ မာကျင်းရှန်း၏အကူအညီကို လိုအပ်လာနိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် အဆက်အသွယ်ကောင်းများ တိုးများလာလို့ မကောင်းတာမှမဟုတ်ဘဲ။

“မစ္စကု၊ မင်းဒီလောက် ကျောက်ရိုင်းတွေအများကြီးဝယ်နေတယ်ဆိုတော့ မင်းတို့မိသားစုကလဲ လက်ဝတ်ရတနာလုပ်ငန်း လုပ်နေတာလား။” မာကျင်းရှန်းမေးလိုက်သည်။

ဒီလောက်ကျောက်ရိုင်းတွေအများကြီးကို ကုနင်းဘာသာ ဝယ်နေခြင်းဖြစ်လိမ့်မည်ဟု သူမထင်ပေ။ ကုနင်းက ဘယ်လောက်ပဲ ရင့်ကျက်မှုအပြည့်နှင့်စီးပွားရေးသမားတစ်ယောက်လို ပြုမူနေပါစေ ငယ်သေးတာပဲမဟုတ်လား။

ကုနင်း၏ အသက်အတိအကျကို မာကျင်းရှန်းမသိသော်လည်း ဒီနှစ်မှ အသက်၂၀လောက်သာရှိသေးကာ ကျောင်းသူသာဖြစ်လောက်ဦးမည်ဟုတော့ တွေးမိသည်။

ကုနင်းပြုံးလိုက်ကာ၊ “အဲ့လိုမဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ကျောက်စိမ်းလုပ်ငန်းလုပ်နေတာပါ။”

“ဘာပြောတယ်?” မာကျင်းရှန်း အံ့ဩသွားတော့သည်။ ဒါက သိပ်တော့မကြာလိုက်ဘဲ ကုနင်းလဲ သူမဘာသာ ကုမ္ပဏီတစ်ခု စတင်တည်ထောင်နေခြင်းဖြစ်လောက်မည်ဟု နားလည်လိုက်သည်။

“မစ္စတာမာ၊ တော်တော်ကြာတုန်းက ထန်မြို့ ဝမ်မိသားစုရဲ့နေရာမှ ကျောက်စိမ်းကုမ္ပဏီအသစ်တစ်ခု အစားထိုးဝင်လာတာကို ကြားလိုက်သေးလား?” ကုနင်းမေးလိုက်သည်။

“ဒါပေါ့၊ အဲ့ဒါ အမျိုးသမီးတစ်ယောက်လို့ ငါကြားလိုက်တယ်။” မာကျင်းရှန်း ပြောနေရင်း ရုတ်တရက်ရပ်သွားကာ၊ “မဟုတ်မှ၊ အဲ့ဒီအမျိုးသမီးက မင်းလား?”

သူမယုံနိုင်သော်လည်း ဖြစ်နိုင်ချေကတော့ များလှသည်။

“ဟုတ်တယ်၊ ကျွန်မပါပဲ။” ကုနင်း ကြွားဝါနေခြင်းမဟုတ်ဘဲ သူမမိတ်ဆွေအပေါ် ရိုးသားသင့်သည်ဟု တွေးမိခြင်းသာဖြစ်သည်။ သူတို့က လုပ်ငန်းနယ်ပယ်တစ်ခုတည်းတွင် လုပ်ကိုင်နေကြခြင်းဖြစ်တာကြောင့် အမှန်အတိုင်းကြိုပြောထားလျှင် မလိုအပ်သည့် ပြိုင်ဆိုင်မှုများဖြစ်လာခြင်းကို အလိုအလျောက်ရှောင်ရှားသွားနိုင်လိမ့်မည်။

မာကျင်းရှန်းတင်မကဘဲ သူ့ဘေးမှာရပ်နေသည့်လူများသည်လဲ အလွန်အံ့ဩလို့သွားကြသည်။ အံ့ဩရသည့်အကြောင်းအရင်းကတော့ သူတို့ရှေ့က မိန်းမငယ်လေးက ဝမ်မိသားစုနေရာကို အရယူသွားတာကြောင့်ပင်။

ဝမ်မိသားစု နေ့ချင်းညချင်း အာဏာကျကာ နေရာပျောက်သွားရခြင်း၏အကြောင်းအရင်းက ကုနင်းမှန်း သူတို့သေချာမသိသော်လည်း ဒီလိုမျိုး အစားနေရာယူဖို့ကပင် မလွယ်ကူလှပေ။

ဒါကြောင့် ကုနင်း၏နောက်ကွယ်တွင် အင်အားကြီးအဆက်အသွယ် ဒါမှမဟုတ် အင်အားကြီးအထောက်အပံ့မျိုးရှိရပေမည်။ ဒါ့အပြင် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် ဤနယ်ပယ်တွင် အလွန်အောင်မြင်လာနေသည်က လျှို့ဝှက်ချက်တစ်ခုလဲ ဟုတ်မနေပြန်ပေ။

ကုနင်းကိုယ်တိုင် ကုမ္ပဏီကိုဦးစီးခြင်းမရှိဘူးဆိုလျှင်တောင်မှ သူမပိုင်သည့်ကုမ္ပဏီဖြစ်နေတုန်းပင်။ သူမသည် ဉာဏ်ထက်သည့်စီးပွားရေးသမားဖြစ်ကာ သူမအတွက် ကုမ္ပဏီကိုကောင်းမွန်စွာ ဦးစီးပေးနိုင်မည့်မန်နေဂျာကောင်းတစ်ယောက်ကို ဘယ်လိုရှာရမလဲဆိုတာကိုလဲ သိသည်။

သူမကိုယ်ပိုင်စီးပွားရေးအင်ပါယာတစ်ခု တည်ဆောက်ချင်ပါက သူမကိုအကူအညီပေးနိုင်မည့် အရည်အချင်းရှိသည့်လူများအပေါ် ဘယ်လိုမှီခိုတက်ရမလဲဆိုတာကိုပါ ကောင်းစွာ သင်ယူထားဖို့လိုပေသည်။

“မစ္စကု၊ မင်းအသက်ကိုသိလို့ရမလား?” မာကျင်းရှန်း ထပ်မေးလိုက်သည်။

“၁၉နှစ်ပါ။”

မာကျင်းရှန်း ပိုလို့တောင်အံ့ဩသွားတော့သည်။

“မင်းနဲ့သက်တူရွယ်တူတွေနဲ့ယှဉ်ရင် အများကြီးသာတာပဲ!”

“ချီးမွမ်းတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ဥက္ကဌမာ။ ကျွန်မတို့က နယ်ပယ်တစ်ခုတည်းလုပ်ကိုင်နေကြတာဆိုတော့ ပြိုင်ဆိုင်မှုတွေဆိုတာကလဲ ရှောင်လွှဲလို့မရနိုင်ဘူးဆိုပေမယ့် အချင်းချင်း မသမာမှုတွေမသုံးဘဲ စည်းမျဉ်းဘောင်တွေအတွင်းကနေပဲ ယှဉ်ပြိုင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။”

စီးပွားရေးလောကရှိယှဉ်ပြိုင်မှုများသည် အမြဲပြင်းထန်လွန်းနေတတ်သည်။

“ဒါပေါ့။” မာကျင်းရှန်းလဲ ထိုစကားကိုသဘောတူပေသည်။

လုပ်ငန်းတူတိုင်း ရန်သူတော့မဟုတ်ပေ။ တစ်ဖက်နှင့်တစ်ဖက် မသမာသည့်နည်းလမ်းများဖြင့်မတိုက်ခိုက်သ၍ အဆင်ပြေနေကြမည်သာဖြစ်သည်။

ထို့နောက် အနားရှိစားသောက်ဆိုင်သို့သွားကာ အဆာပြေစားသောက်ခဲ့ကြပြီးနောက် နာရီဝက်အကြာတွင် ကိုယ့်ထိုင်ခုံရှိရာဆီ ပြန်သွားခဲ့ကြလေသည်။

…..

လေလံပွဲဒုတိယပိုင်းတွင်တော့ ကုနင်းက ဝင်းဒိုးပြထားသည့် ကျောက်ရိုင်းနှစ်တုံးနှင့် အပြည့်ကျောက်ရိုင်း၄တုံးရရှိသွားခဲ့သည်။

***

အခန်း ၁၀၉၂ ဓါးပြများနှင့်ကြုံရခြင်း

ကုနင်းရသွားသမျှကျောက်ရိုင်းတိုင်းသည် အရည်အသွေးမြင့်ကျောက်စိမ်းရှိကြတာချည်းပင်။

လေလံပွဲပြီးနောက်ဆုံးဆုံးခါနီးအချိန်တွင်တော့ နောက်ဆုံးနှင့်တန်ဖိုးအရှိဆုံးကျောက်ရိုင်းတုံးကို စခရင်ထက်တွင် ပြသလာတော့သည်။ ထိုကျောက်ရိုင်းထဲတွင် အစိမ်းရောင်ဘုရင်ရှိနေသည်ကို ကုနင်းမြင်လိုက်ရသည်။

အစိမ်းရောင်ဘုရင်၏အဆင့်သည် တွင်းဟောင်းဖန်သားကျောက်နှင့်တူသော်လည်း သူ့ဈေးနှုန်းကတော့ အများကြီးပိုမြင့်ပေသည်။

အရွယ်အစားက သိပ်မကြီးဘူးဆိုလျှင်တောင်မှ အလွန်ဈေးကြီးလှသည်။

သို့သော်လည်း ခန်းမထဲရှိလူတွေကတော့ ထိုကျောက်ရိုင်းထဲရှိအစိမ်းအရောင်ဘုရင် ဘယ်လောက်ကြီးသလဲဆိုသည်ကို မသိကြပေ။

အရွယ်အစားအရတွက်ကြည့်လျှင် ယွမ်သန်း၃၀၀လောက်တန်မည်ဟု ကုနင်းခန့်မှန်းလိုက်သည်။ ဒါကြောင့် လေလံဈေးက ယွမ်သန်း၂၀၀လောက်တွင် ရပ်သွားသင့်ပေသည်။

အစိမ်းရောင်ဘုရင်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံးရူးသွပ်ကုန်ကြတော့သည်။

အစိမ်းရောင်ဘုရင်သည် မြင်ရခဲသည်ဆိုလျှင်တောင် သူ့ဈေးကလဲ အဆမတန်မြင့်သွားနိုင်တာကြောင့် ကုနင်း ဤတစ်ကြိမ်တွင် တိတ်နေလိုက်သည်။ လေလံဈေးက သင့်တော်သည့်အချိန်တွင်ရပ်သွားမလားဆိုသည်ကိုသာ သူမစောင့်ကြည့်နေတော့သည်။

ထိုအစား သုန်းဖန်းကျီယွီကတော့ဖြင့် ယွမ်သန်း၂၅၀အထိ ဈေးကိုမြှင့်ချလိုက်လေသည်။ အစိမ်းရောင်ကျောက်စိမ်းပါရှိသည့်ကျောက်ရိုင်းကနေ သိပ်သည်းလှသည့်မှော်စွမ်းအင်တို့ကို သူမခံစားမိနေတာကြောင့် လက်မလွှတ်လိုက်ချင်ပေ။

ဒါက အစိမ်းရောင်ဘုရင်အတွက် အမြင့်ဆုံးဈေးသို့မရောက်သေးသော်လည်း အဲ့လောက်အထိမတန်တာကြောင့် ကုနင်းကတော့ လက်လျှော့လိုက်လေသည်။

ရလဒ်အနေဖြင့် အစိမ်းရောင်ဘုရင်ကို သုန်းဖန်းကျီယွီ ရရှိသွားလေသည်။

လေလံပွဲပြီးဆုံးချိန်မှာတော့ လေလံအောင်သွားသူများလဲ ငွေပေးချေကာ သက်ဆိုင်ရာစာရွက်စာတမ်းများကို သွားလုပ်ကြသည်။

ကျန်းတချွမ်၊ ကျောက်ယွဲ့ဖုန်းတို့အဖွဲ့သည်လဲ ခန်းမထဲမှထွက်သွားနှင့် ကုနင်းရှိရာသို့တန်းသွားကြသည်။ “မစ္စကု၊ မင်းဘယ်အချိန်ပြန်မှာလဲ?” ကျန်းတချွမ်က မေးလေသည်။

“ခဏနေပြန်မှာ၊ မစ္စတာကျန်းရော?”

“ငါရောပဲ။”

ထန်မြို့သည် ဤနေရာနှင့်အလွန်နီးကာ နှစ်နာရီ၊ သုံးနာရီလောက်နှင့် ပြန်ရောက်နိုင်သည်။ ဒါ့အပြင် မြန်မာနိုင်ငံသည် ဘေးကင်းလုံခြုံသည့်နိုင်ငံမဟုတ်တာကြောင့် အမြန်ဆုံးပြန်သင့်ပေသည်။

ကျောက်ယွဲ့ဖုန်းသည်လဲ စာရွက်စာတမ်းများလုပ်ရန်အတွက် ထွက်သွားလေသည်။

စာရွက်စာတမ်းများဖြည့်ရန် နေရာများစွာရှိတာကြောင့် ကုနင်းသည်လဲ တစ်ခါတည်းဝင်လိုက်ကာ သိပ်မကြာခင်မှာပဲ စာရွက်စာတမ်းများလုပ်လို့ပြီးသွားလေသည်။ သူမ ကျောက်ရိုင်းအများကြီးမဝယ်ခဲ့တာတောင်မှ ပြန်သယ်သွားဖို့ရာက အလွန်လေးလွန်းနေသေးသည်။

ပွဲစီစဉ်သူဘက်ကတော့ သူတို့အတွက် ဗင်ကားတစ်စီးစီစဉ်ပေးလေသည်။

……….

ကုနင်းအရင်ဆုံး ဟိုတယ်သို့ပြန်ကာ အထုတ်သိမ်းပြီးနောက် ထန်မြို့သို့ထွက်လာခဲ့လေသည်။

သုန်းဖန်းကျီယွီကို ကုနင်းလိုက်စောင့်ကြည့်ချင်သေးသော်လည်း အခုက အချိန်ကောင်းမဟုတ်သေးပေ။

ကျင့်ကြံခြင်းကမ္ဘာသည် သူမတို့ကမ္ဘာနှင့်ကွဲထွက်နေကာ သာမာန်လူသားများ မရောက်နိုင်သည့်နေရာလဲဖြစ်သေးသည်။ ဒါကြောင့် ကုနင်းဘယ်လောက်ပဲ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေပါစေ သူတို့တွေက စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားနိုင်ပေသည်။ ဒါတင်မကသေး၊ သူမ သူတို့နောက်လိုက်နေသည်အား သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ အလွယ်တကူမြင်တွေ့သွားနိုင်သေးသည်။

ဘာပဲဖြစ်ဖြစ် ကုနင်းကတော့ သူတို့တွေ အနှေးနှင့်အမြင်ပြန်တွေ့ကြဦးမည်ဟု ခံစားနေရသည်။

တစ်ချိန်တည်းမှာပဲ အာယုမီယာမဂုချီသည်လဲ ကျီပိုင်ယင်းထွက်သွားတာကို စောင့်ကြည့်နေလေသည်။

မြန်မာနိုင်ငံသည် မလုံခြုံသော်လည်း ကံမဆိုးနေသ၍တော့ လူတိုင်း အန္တရာယ်နှင့်ရင်ဆိုင်ရမည်မဟုတ်ပေ။

ကံမကောင်းစွာဘဲ ကုနင်းကတော့ အပြန်လမ်းတစ်ဝက်တွင် နည်းနည်းထူးဆန်းနေသည့်ကားနှစ်စီးရှိနေသည်ကို သတိထားမိလိုက်သည်။ တစ်စီးက သူတို့ကား၏ရှေ့တွင်ရှိကာ နောက်တစ်စီးကတော့ နောက်တွင်ဖြစ်သည်။

သူမကျောက်စိမ်းမျက်ဝန်းဖြင့်ကြည့်လိုက်ရာ သူတို့နှင့်သိပ်မဝေးသည့် ဗင်ကားထဲတွင် သေနတ်နှင့်လူများထိုင်နေကြသည်ကို မြင်လိုက်လေသည်။

သူတို့တွေက သေချာပေါက် စစ်သားမဟုတ်ရင် ဓါးပြတွေပဲဖြစ်မည်ဟုတွေးကာ ကုနင်းလဲ ဖော်ထုတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ကားထဲတွင်လူ၇ယောက်ရှိနေသည်။ ယာဉ်မောင်းမှလွဲ၍ လူတိုင်းတွင် အနည်းဆုံးသေနတ်တစ်လက်စီရှိနေသော်လည်း အဝတ်အစားတွေက စစ်ယူနီဖောင်းမဟုတ်ဘဲ သာမာန်ဝတ်စုံများသာ။ ဒါ့အပြင် ပုံစံတွေကလဲ လူကောင်းပုံမပေါက်တာကြောင့် ဓါးပြတွေဖြစ်လောက်ဖို့များပေသည်။

ကားနောက်ခံမှလူနှစ်ယောက်က မကြာခဏဆိုသလို သူမတို့ကားဘက်သို့လှည့်ကြည့်နေကြသည်။ သူတို့ကိုကြည့်နေတာပေါ့!

ကုနင်း စိုးရိမ်လာမိလာကာ ထိုလူတွေက လူကောင်းတွေမဟုတ်မှန်းလဲ သေချာသွားလေသည်။

အရှေ့ကကားက ဓါးပြတွေပဲ။ ဒါဆို သူတို့နောက်က ကားကကော?

အတွေးဆုံးသည်နှင့် ကုနင်းချက်ချင်းလှည့်ကြည့်လိုက်သည်။

အနောက်ကကားသည်က ကိုယ်ပိုင်ကားတစ်စီးဖြစ်ကာ လူလေးယောက်ပါဝင်သည်။ သူတို့သည်လဲ ယာဉ်မောင်းမှလွဲလို့ လူတိုင်းတွင် သေနတ်တစ်လက်စီရှိနေကြသည်။

“ကုနင်း ဘာတွေကြည့်နေတာလဲ?” ကျီပိုင်ယင်းနှင့်နန်တို့က ကားနောက်ခန်းတွင် ထိုင်နေကြခြင်းဖြစ်သည်။ ကုနင်းက သူတို့နှစ်ယောက်ကြားက နေရာလွတ်ကိုစူးစိုက်ကြည့်နေတာကြောင့် ကျီပိုင်ယင်း သိချင်လာသည်။

“ဘာမှမဟုတ်ဘူး။” ကုနင်းခေါင်းယမ်းပြလိုက်သည်။ လောလောဆယ် ကျီပိုင်ယင်းကို မပြောပြဖို့ ဆုံးဖြတ်ထားခြင်းပင်။ ထိုအစား သူမဖုန်းကိုထုတ်ကာ စာကြောင်းအနည်းငယ်ရိုက်လိုက်သည်။

ကုနင်း : ရှောင်းထင်၊ ကျွန်မတို့အန္တရာယ်ရှိနေပြီ။ ရှေ့ကဗင်ကားထဲမှာ လူ၇ယောက်ရှိတယ်။ ယာဉ်မောင်းကလွဲပြီး ကျန်တဲ့၆ယောက်မှာ အနည်းဆုံးသေနတ်တစ်လက်စီပါတယ်။ နောက်က ကိုယ်ပိုင်ကားအနက်ကလဲ စိတ်မချရဘူး။ အဲ့ထဲမှာက ၄ယောက်။ ယာဉ်မောင်းကလွဲပြီး အားလုံးသေနတ်တစ်လက်စီပါတယ်။ သူတို့တွေက စစ်သားတော့မဟုတ်လောက်ဘူး။ ဓါးပြတွေပဲဖြစ်မယ်။

ထို့နောက် ကုနင်း သူမဖုန်းကို လင်ရှောင်းထင်ထံထိုးပေးလိုက်သည်။ လင်ရှောင်းထင်က သူမတွင်ကျောက်စိမ်းမျက်ဝန်းရှိကြောင်း သိထားပြီးဖြစ်တာကြောင့် သူမစာကိုမြင်ပြီး အံ့ဩမသွားခဲ့ပေ။

ကုနင်း စာကိုဖတ်ကြည့်ပြီးနောက် ထိတ်လန့်သွားကာ အမူအရာက တည်ကြည်လေးနက်လို့သွားသည်။

ထိုဓါးပြတွေလက်ကလွဲဖို့အတွက် နည်းလမ်းရှာရပေမည်။ လင်ရှောင်းထင်၊ ကုနင်းနှင့် ကျီပိုင်ယင်းတွင်သာ သေနတ်ပါကြသည်။ လင်ရှောင်းထင်သည်က စီနီယာအဆင့်စစ်သားဖြစ်တာကြောင့် သေနတ်သယ်ဆောင်ခွင့်ရှိသည်။ ကုနင်းကတော့ စိတ်စွမ်းအင်အာကာပြင်ရှိတာကြောင့် သေနတ်ကိုသိမ်းထားနိုင်သည်။ သို့သော်လည်း ကျီပိုင်ယင်းသည်က လက်နက်တင်ပို့သည့်မိသားစုမှဖြစ်တာကြောင့် ဘယ်လုံခြုံရေးကိုမဆို ဖြတ်ကျော်နိုင်သည့် အထူးသေနတ်တစ်လက်ပိုင်ဆိုင်ပေသည်။

အထူးသေနတ်အရေအတွက်ကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထုတ်လုပ်ထားကာ တရားဝင်ဈေးကွက်တွင် မရနိုင်ပေ။ ကျီမိသားစု၏အဓိကမိသားစုဝင်များသည်သာ တစ်လက်စီပိုင်ဆိုင်နိုင်ကြသည်။

လင်ရှောင်းထင်နှင့်ကျီရှောက်မင်သည် အလွန်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြတာတောင် လင်ရှောင်းထင်ကို ဈေးကွက်တွင်ဝယ်၍ရသည့်ထဲက အကောင်းဆုံးသောသေနတ်ကိုသာ သူပေးနိုင်ပေသည်။

All Chapters