အခန်း (၁၀၉၃-၁၀၉၇)
Vol. 73 Ch. 1093-1097
အခန်း ၁၀၉၃ ဓါးပြတွေကိုအလဲထိုးခြင်း
ထိုဓါးပြတွေလက်ကနေပြီး လွတ်မြောက်နိုင်မည့် နည်းလမ်းကောင်းကို လင်ရှောင်းထင် မတွေးနိုင်ခင်မှာပဲ သူတို့ရှေ့မှကားက ရုတ်တရက်ကြီး ထိုးရပ်ပစ်လိုက်သည်။ “ကားကိုရပ်လိုက်!” ကုနင်းလဲ သူမတို့ကားရှိယာဉ်မောင်းကို ချက်ချင်းပြောလိုက်သည်။
“ဘာဖြစ်လို့လဲ?” ကျီပိုင်ယင်း နားမည်စွာဖြင့်မေးလိုက်သော်လည်း ကုနင်းတွင် သူမကို ရှင်းပြပေးဖို့ အချိန်ရှိလို့မနေပေ။
ယာဉ်မောင်းက ကုနင်းစကားအတိုင်း ကားကိုရပ်လိုက်သော်လည်း ဓါးပြများနှင့် ၃မီတာမျှသာဝေးတော့ပေသည်။
သူတို့ကားရပ်လိုက်ပြီးသည်နှင့် ဓါးပြတွေက သေနတ်ကိုယ်စီဆွဲကာ ကားထဲမှခုန်ဆင်းလာခဲ့ကြသည်။
“ဓါးပြတွေပဲ!”
ယာဉ်မောင်းလဲ ဆိုးရွားတာတွေဖြစ်တော့မည်မှန်း နားလည်သွားသည်။ ယာဉ်မောင်းသည် မြို့ခံတစ်ဦးဖြစ်တာကြောင့် ဒီအခြေအနေကဘယ်လောက်အန္တရာယ်များလဲ သိပေသည်။
ကားရှေ့ခရီးသည်ထိုင်ခံတွင် မန်တရှိနေကာ သူသည်လဲ ရှေ့ကမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
သူတို့ရှေ့တည့်တည့်ကလမ်းပေါ်မှာ ဓါးပြတစ်အုပ်ရှိနေတာပဲ။
“ဘာ? ဓါးပြတွေလား?” ကျီပိုင်ယင်းနှင့်နန်တို့ အံ့ဩတကြီးရေရွတ်လိုက်ကြသည်။
“လေလံပွဲမှာ မင်းတန်ဖိုးကြီးကျောက်ရိုင်းတွေအများကြီးနိုင်လာလို့ သူတို့တွေ သတိထားမိသွားတာဖြစ်မယ်။ သူတို့သာ မင်းရဲ့အဖိုးတန်ပစ္စည်းတွေကို လိုချင်နေတာဆိုရင် ဒီအတိုင်းသာပေးလိုက်၊ ဒါမှ မင်းတို့အသက်အန္တရာယ်မရှိမှာ။” ယာဉ်မောင်းက တုန်တုန်ရီရီဖြင့်ပြောလာသည်။
ဒီလိုမျိုး ဓါးပြတွေက ချမ်းသာသည့်လေလံဆွဲသူတွေ အိမ်ပြန်လမ်းနောက်လိုက်ကာ ဓါးပြတိုက်သည့်အဖြစ်မျိုး အရင်ကလဲ အကြိမ်ပေါင်းမနည်းဖြစ်ဖူးလေသည်။ ပုံမှန်အားဖြင့်တော့ သူတို့တွေက ငွေတစ်ခုတည်းကိုသာ အလိုရှိကြကာ လူတွေကို သတ်လေ့မရှိပေ။
စက္ကန့်အနည်းငယ်ကြပြီးနောက် အနောက်ဘက်မှ ကိုယ်ပိုင်ကားသည်လဲ ရပ်သွားကာ သေနတ်နှင့်လူများထပ်ထွက်လာကြပြန်သည်။ လက်ရှိအခြေအနေအရ ကုနင်းတို့အဖွဲ့လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပေ။
“သူတို့သာ တန်ဖိုးကြီးကျောက်ရိုင်းတွေကိုပဲ လိုချင်ရုံဆိုရင်တို့ ငါတို့ပေးလိုက်ကြတာပေါ့။ သတိထားနေ။ ဖြစ်နိုင်ရင် ငါတို့ပြန်တိုက်ကြမယ်။” ကုနင်း လင်ရှောင်းထင်နှင့်ကျန်လူများကို သတိပေးလိုက်သည်။
ကျောက်ရိုင်းတွေကို သူမဂရုမစိုက်ဘဲ သူတို့အန္တရာယ်ကင်းဖို့ကသာ ပိုအရေးကြီးပေသည်။ သို့သော်လည်း ဖြစ်နိုင်ရင်တော့ ပြန်တိုက်နိုင်မည့်အခွင့်အရေးမျိုး ရချင်သေးသည်။
ကုနင်းကတော့ သူမအပေါ် အခွင့်ကောင်းယူအမြတ်ထုတ်သွားမည်မျိုး ဘယ်သူ့ကိုမှခွင့်မပြုနိုင်ပေ။
“ကောင်းပြီ။” အားလုံး သူမစကားကိုလက်ခံကြသည်။
ကျီပိုင်ယင်းကတော့ မနေနိုင်ဘဲထုတ်ဆဲလိုက်တာကြောင့် သေချာပေါက် ပြန်တိုက်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်ပုံရသည်။
နောက်တစ်စက္ကန့်မှာပဲ ဓါးပြတွေက သူတို့ကားကိုဝိုင်းလာကြသည်။
ထို့နောက် ဓါးပြတစ်ယောက်က ရှေ့ထွက်လာကာ ကားတံခါးကိုခေါက်လိုက်ပြီး သူတို့ကိုထွက်လာဖို့ပြောသည်။
ကုနင်းတို့လဲ သူ့စကားကိုနားထောင်လိုက်ကြသည်။ ဓါးပြအဖွဲ့လိုက်ကြီးက သူတို့နောက်ကျောကို သေနတ်များဖြင့်ချိန်ကာ လမ်းဘေးတွင် ဒူးထောက်ထိုင်ချဖို့ ဖိအားပေးတော့သည်။
“ငါတို့က ငွေလိုချင်ရုံပဲ၊ မင်းတို့အသက်တွေမလိုဘူး။ မင်းတို့ အသက်နဲ့ခန္ဓာမြဲချင်ရင် တိတ်တိတ်နေကြ။” ဓါးပြတစ်ယောက်က အင်္ဂလိပ်လိုပြောလာသည်။
သူတို့က သူတို့၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမျိုးလဲ မရှိပေ။ လမ်းပေါ်ဖြတ်သွားသည့် တခြားကားတွေက သူတို့ကိုသတိထားမိကြပေမည့် ဘယ်သူကမှ သူတို့ကိုဝင်မတားရဲဘဲ အမြန်ဆုံးနှုန်းဖြင့်သာ မောင်းပြေးကြလေသည်။
ကုနင်းတို့အဖွဲ့ကားထဲမှထွက်လာသည်နှင့် ဓါးပြတွေက ကားထဲသို့ဝင်သွားကာ ကျောက်ရိုင်းတုံးအားလုံးကို ဆွဲထုတ်တော့သည်။
ကုနင်းတို့အဖွဲ့ကိုစောင့်ကြည့်ဖို့ရန် ဓါးပြ၄ယောက်ကျန်နေခဲ့ကာ ကျန်ဓါးပြလေးယောက်ကတော့ ကျောက်ရိုင်းများကို သူတို့ဗင်ကားထဲ ရွှေ့ပြောင်းနေလေသည်။
ကုနင်းတို့အဖွဲ့သည် အားနည်းသည့်လူများမဟုတ်မှန်း သူတို့မသိကြတာကြောင့် ၄ယောက်လောက်နှင့် အလွယ်လေးထိန်းချုပ်ထားနိုင်မည်ဟု ထင်နေကြခြင်းပင်။
၄ယောက်က သူတို့ဗင်ကားဆီ ကျောက်ရိုင်းများရွှေ့နေတာကြောင့် ကုနင်းတို့အဖွဲ့အတွက် အခွင့်အရေးရသွားလေသည်။ သူတို့အစောပိုင်းက ညှိထားသည့်အတိုင်း ဓါးပြများကို စတင်တိုက်ခိုက်တော့သည်။
ဓါးပြများမှာ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာကြောင့် ဘာမှမပြင်ဆင်နိုင်ဘဲ အံ့ဩလို့သာနေလေသည်။
ကုနင်းကတော့ တစ်ချက်လေးမျှပင် တုံ့ဆိုင်းမနေဘဲ သူမ၏မှော်စွမ်းအားကို ထုတ်သုံးခဲ့သည်။ သူမလက်ထဲတွင် သေနတ်၂လက်ကိုကိုင်ထားကာ ရှေ့မှဓါးပြနှစ်ယောက်ကို ပစ်လိုက်လေသည်။
“ဘမ်း - ဘမ်း၊” ကျည်ဆန်က ထိုနှစ်ဦး၏ပေါင်ကိုထိမိတာကြောင့် ချက်ချင်းမြေပေါ်လဲကျသွားတော့သည်။
ရုတ်တရက်သေနတ်သံထွက်လာတာကြောင့် ကျီပိုင်ယင်းတို့အပါအဝင် အားလုံးထိတ်လန့်သွားကြသော်လည်း လင်ရှောင်းထင်သည်တော့ တည်တည်ငြိမ်ငြိမ်ပင်။
ကုနင်းတွင် သေနတ်ပါကြောင်း ကျီပိုင်ယင်းတို့မသိသော်လည်း အခုချိန်က သေနတ်ဘာကြောင့်ပါလာတာ မပါလာတယ် တွေးနေဖို့အချိန်မဟုတ်သေးပေ။
ကျောက်ရိုင်းသယ်နေသည့် တခြားဓါးပြနှစ်ယောက်လဲ သူတို့လက်ထဲကပစ္စည်းတွေကို အမြန်ချကာ ပြန်လည်တိုက်ခိုက်ကြတော့သည်။ သို့သော်လည်း သူတို့ပြန်တိုက်ခိုက်မှု အောင်မြင်ခင်မှာပဲ ကုနင်းက သေနတ်နေရာတွင် ဓားမြှောင်ကို အစားထိုးကိုင်ထားပြီးပြီဖြစ်ကာ ထိုနှစ်ဦး၏ခါးပတ်ကို ဖြတ်ပစ်လိုက်ပြီး သေနတ်တွေကို လင်ရှောင်းထင်ထံသို့ ပစ်ပေးလိုက်သည်။
လင်ရှောင်းထင်သည်လဲ အခုပဲ ဓါးပြနှစ်ယောက်ကို ရိုက်နှက်ထားပြီးရုံဖြစ်ကာ ကုနင်းဆီသို့ အမြန်ပြေးသွားပြီး လျှပ်စီးလိုအလျင်ဖြင့် သေနတ်တို့ကို လှမ်းဖမ်းလိုက်သည်။
ကုနင်း သူ့ကိုပစ်ပေးလိုက်သည့် သေနတ်များကိုဖမ်းပြီးနောက် လင်ရှောင်းထင်က အစောတုန်းက ပေါင်ကိုသေနတ်မှန်သွားသည့်ဓါးပြနှစ်ယောက်လက်ထဲက သေနတ်တို့ကို ဖယ်ရှားလိုက်သည်။
ဒါ့အပြင် ထိုနှစ်ယောက်၏ရင်ဘက်ကိုလဲ ခပ်ပြင်းပြင်းဆောင့်နင်းခဲ့သေးတာကြောင့် နံရိုးကျိုးအသံအကျယ်ကြီးကိုပင် ကြားလိုက်ရသေးသည်။ ဒါကြောင့် ထိုလူတွေက အခုတော့ သူတို့အတွက် အန္တရာယ်မရှိတော့ပေ
တချိန်တည်းမှာပဲ မန်တသည်လဲ ဗင်ကားယာဉ်မောင်းဆီသို့ပြေးသွားကာ ယာဉ်မောင်းကို ထိန်းချုပ်ဖို့လုပ်သည်။
ကုနင်းတွင် ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် ကားထဲတွင် နောက်ထပ်သေနတ်များ ဒါမှမဟုတ် ဗုံးများမရှိကြောင်း မြင်နိုင်နေ၍ မန်တကို မတားခဲ့ခြင်းဖြစ်သည်။
အချိန်တိုလေးအတွင်းမှာပဲ ရှိနေသည့်ဓါးပြအားလုံး အလဲထိုးခံလိုက်ကြရတော့သည်။
***
အခန်း ၁၀၉၄ သုန်းဖန်းကျီယွီနဲ့ ထပ်တွေ့ပြန်တယ်
ဓါးပြများမှာတော့ အခုလောက်ပိုပြီးအံ့အားမသင့်ပဲ မနေနိုင်တော့ပေ။ သူတို့ဓါးပြတိုက်ဖို့ ကြံရွယ်ထားသည့်ကားထဲတွင် အတိုက်အခိုက်ကောင်းကာ သေနတ်ပါရှိသည့်လူတွေအများကြီး ရှိနေလိမ့်မည်ဟု သူတို့လုံးဝမမျှော်လင့်ထားခဲ့ကြပေ။ ကုနင်းလဲ သူတို့ကားဆီသယ်သွားသည့် ကျောက်ရိုင်းများကို ပြန်ရွှေ့လိုက်သည်။
ဗင်ကားယာဉ်မောင်းကိုတော့ ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးမရှိပေ။ ဒါမှ ဒီဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ဓါးပြတွေကို ယာဉ်မောင်းက ပြန်မောင်းခေါ်သွားနိုင်မှာမဟုတ်လား။
ကုနင်း သူ့ကိုထိခိုက်အောင်မလုပ်မှန်း သိသွားသည်နှင့် ယာဉ်မောင်းလဲ အတော်လေးစိတ်အေးသွားခဲ့သည်။ သူက ဒီနေ့တော့သေပြီဟုတောင် တွေးထားခဲ့တာပင်။
ကျောက်ရိုင်းအားလုံးကို ကုနင်းတစ်ယောက်တည်း ပြန်မရွှေ့နိုင်တာကြောင့် ကျီပိုင်ယင်းနှင့်နန်တို့ကပါ သူမကိုကူဖို့ ပြေးလာကြသည်။ “ကုနင်း၊ နင်အရမ်းမိုက်တာပဲ! ဘယ်လိုလုပ်များ စက္ကန့်ပိုင်းလေးအတွင်း သူတို့ကိုရိုက်နှက်ပစ်နိုင်ရတာလဲ?”
ကျီပိုင်ယင်းမှာ အစောပိုင်းက မြင်ကွင်းကြောင့် အလွန်အံ့ဩနေမိတုန်းပင်။ ကုနင်းသည် အားမနည်းမှန်း သူမသိထားပြီးသားဖြစ်သော်လည်း ဒီလောက်အထိ ကျွမ်းကျင်နေတာကတော့ သူမမျှော်လင့်ထားတာကို ကျော်လွန်သွားပေပြီ။
ကုနင်းက မှော်စွမ်းအားကိုထုတ်သုံးထားတာကြောင့် လင်ရှောင်းထင်ကတောင်မှ သူမထက် အနည်းငယ်ပိုနှေးနေသေးသည်။ သူမသာ မှော်စွမ်းအားမသုံးထားရင်တော့ လင်ရှောင်းထင်ထက် ပိုမြန်မြန်လှုပ်ရှားနိုင်လိမ့်မည်မဟုတ်ပေ။
ကုနင်း ပြုံးရုံသာပြုံးပြကာ ဘာမှပြန်မဖြေခဲ့ပေ။ ထိုဓါးပြများတွင် သေနတ်များရှိသော်လည်း အတိုက်အခိုက်ကတော့ လုံးဝမကောင်းပေ။ သာမာန်လူတွေထက်တော့ သန်မာသည်ဟု ပြော၍ရသော်လည်း ကုနင်းနှင့်တော့ ဘယ်လိုမှမယှဉ်နိုင်ပေ။
လင်ရှောင်းထင်က သေနတ်အားလုံးကို ဗင်ကားထဲပြန်ထည့်ပေးလိုက်သည်။ သူတို့မှ သေနတ်တွေကို မယူသွားနိုင်ဘဲ၊ မဟုတ်ရင် ပြဿနာတက်ကုန်မှာပေါ့။
ကျီပိုင်ယင်းတို့လဲ ရှိနေတာကြောင့် သေနတ်တွေကို ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲလဲ သူထည့်မပေးလိုက်နိုင်ပေ။
….
ကုနင်းတို့အတွက်ကားမောင်းပေးရသည့် ယာဉ်မောင်းသည်လဲ ကြောက်လန့်လို့နေလေသည်။ ကြောက်လွန်းလို့ တုန်တောင်တုန်နေတာကြောင့် မန်တကပဲ သူ့ကိုယ်စား ကားဝင်မောင်းပေးရသည်။
အစမှအဆုံးတိုင် လမ်းပေါ်တွင် ဖြတ်သွားသည့် ယာဉ်အနည်းငယ်လောက်သာရှိသည်။ ထို့အပြင် တိုက်ခိုက်မှုကလဲ ငါးမိနစ်လောက်သာ အများဆုံးကြာခဲ့ကာ မကြာခင်မှာပဲ ကားပြန်ထွက်နိုင်ခဲ့သည်။
သို့သော်လည်း နှစ်မိနစ်အကြာမှာတော့ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့၏ကိုယ်ပိုင်ကားက ဖြတ်လာခဲ့သည်။
ထိုအချိန်တွင် ကံကောင်းလို့လွတ်သွားသည့်ယာဉ်မောင်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော ဓါးပြများကို ကားနောက်ခန်းထဲသို့ ဆွဲထည့်နေချိန်ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့လိုက်ပါကာ ကား၏ယာဉ်မောင်းက ချက်ချင်း အရှိန်တင်ကာ အမြန်မောင်းပြေးတော့သည်။
“ဘာဖြစ်လို့လဲ?” ဝူရွှမ်းဟွာက ရုတ်တရက်ကြီးအရှိန်မြင့်သွားတာကြောင့် မေးလိုက်သည်။
ကားမတော်တဆတစ်ခုခုများတာလားဟု သူတွေးလိုက်မိသော်လည်း ဗင်ကားက အကောင်းအတိုင်းရှိနေကာ လူတွေကသာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားကြတာဖြစ်သည်။
“အဲ့လူတွေက ဓါးပြတွေ၊ ကြည့်ရတာ တခြားကားတစ်စီးကို ဓါးပြတိုက်ဖို့ကြိုးစားပေမယ့် ကျရှုံးသွားတဲ့ပုံပဲ။” ယာဉ်မောင်းက ပြန်ဖြေလေသည်။
“သူတို့မှာ သေနတ်တွေရှိတာတောင် ရှုံးသွားတယ်လား?” သုန်းဖန်းကျီယွီ အံ့ဩသွားရသည်။ သာမာန်လူတွေမှာ သေနတ်ကိုယှဉ်တိုက်နိုင်မည့်အရည်အချင်းရှိမယ်လို့တော့ သူမမထင်ပေ။
“ဘယ်လိုလူတွေကိုများ သူတို့ဓါးပြတိုက်ဖို့ကြံလဲ ငါတောင်သိချင်လာပြီ။ ကြည့်ရတာတော့ ဖြစ်သွားတာမကြသေးဘူး။ ငါတို့ရှေ့မှာ ဘယ်ကားရှိလဲ အမြန်မောင်းလိုက်ရင် မှီနိုင်ဦးမယ်!” ဝူရွှမ်းဟွာကတော့ စိတ်လှုပ်ရှားနေလေသည်။
သုန်းဖန်းကျီယွီလဲ သိချင်နေတာကြောင့် သူ့ကိုမတားခဲ့ပေ။ ဒါကြောင့် ယာဉ်မောင်းလဲ ကားအရှိန်ကိုမြှင့်လိုက်တော့သည်။
သို့သော်လည်း သူတို့ကားအရှိန်ကို ဘယ်လောက်ပဲ မြှင့်ပါစေ မန်တ၏ကားမောင်းစွမ်းရည်က အလွန်ကျွမ်းကျင်မှုရှိလှတာကြောင့် ရှေ့ကကားကို ဘယ်လိုမှမလိုက်နိုင်ဖြစ်နေသည်။
ကုနင်းတို့အဖွဲ့ တော်တော်ဝေးဝေးရောက်လာချိန်မှာတော့ ကြောက်လန့်ကာ ထိုင်နေရသည့် သူမတို့ယာဉ်မောင်းလဲ အသိစိတ်ပြန်ကပ်လာပြီဖြစ်သည်။ “ဝါး၊ မင်းတို့အရမ်းမိုက်တာပဲ!”
ဒီလိုလက်နက်ရှိဓါးပြတွေကို ပြန်တိုက်ခိုက်တာမျိုးက အလွန်အန္တရာယ်များသည်ဟု သူတွေးမိသော်လည်း ထိုဓါးပြတွေက သူမတို့၏ပြိုင်ဘက်မဟုတ်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပေပြီ။
…..
ည၈နာရီလောက်တွင်တော့ သူတို့မြန်မာမှထွက်လာနိုင်ကာ ကျန်းဖန်ကလဲ နယ်စပ်တွင် စောင့်နေလေသည်။
သူတို့ ကျန်းဖန်းရှိရာသို့ရောက်သည်နှင့် မြန်မာက ယာဉ်မောင်းလဲ နောက်ကြောင်းပြန်လှည့်သွားသည်။
ကုနင်းတို့လဲ ကျောက်ရိုင်းတွေကို ကျန်းဖန်မောင်းလာသည့်ကားပေါ်တင်ကာ ထန်မြို့သို့အတူတူပြန်ကြသည်။
…..
သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာသည်လဲ မကြာခင်မှာပဲ နယ်စပ်သို့ရောက်လာခဲ့ကြကာ သူတို့ရှေ့မှကားကို အမှီမလိုက်နိုင်ခဲ့ကြ၍ အနည်းငယ်စိတ်ပျက်လို့သွားကြသည်။
……
ကျန်းဖန်က ကုနင်းတို့အဖွဲ့အတွက် အဆင့်မြင့်ဟိုတယ်တစ်ခုတွင် အခန်းပေါင်းများစွာကြိုတင်ငှားထားပေးခဲ့ကာ ကျောက်ရိုင်းတုံးများကိုတော့ ကျန်းဖန်လက်ထဲ အပ်လိုက်သည်။
သူမတို့ကတော့ ဗိုက်အရမ်းဆာနေကြပြီဖြစ်တာကြောင့် အရင်ဆုံးဟိုတယ်တွင် ညစာစားကြလေသည်။
ညစာစားပြီးနောက် ကုနင်းက နောက်နေ့မြို့တော်ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ဖြတ်လိုက်သည်။ သူတို့အလျင်စလိုပြန်ဖို့မလိုအပ်တာကြောင့် နေ့လည်၂နာရီလေယာဉ်ကိုသာဖြတ်လိုက်သည်။
သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာသည်လဲ သူတို့နောက်ကပါလာကာ ဟိုတယ်တစ်ခုတည်းတွင်ပဲ တည်းခဲ့ကြသည်။
ကုနင်းတို့တည်းသည့်ဟိုတယ်သည် ထန်မြို့၏နာမည်အကြီးဆုံးကြယ်ငါးပွင့်ဟိုတယ်ဖြစ်တာကြောင့် လူချမ်းသာတွေအားလုံး ဤဟိုတယ်တွင်သာ တည်းလေ့ရှိကြသည်။
ကျီပိုင်ယင်းတွင် ယနေ့ကြုံတွေ့ခဲ့ရသည့်ဓါးပြတိုက်မှုအကြောင်းနှင့်ပတ်သတ်၍ မေးချင်သည့်မေးခွန်းပေါင်းများစွာရှိနေသော်လည်း ဘာမှမမေးဘဲ ထားလိုက်လေသည်။
အားလုံးလဲပင်ပန်းနေကြပြီဖြစ်တာကြောင့် ညစာစားပြီးသည်နှင့် ကိုယ့်အခန်းကိုယ်ပြန်ကာ အနားယူကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ သူ့တို့အခန်းသို့ပြန်ချိန်မှာပဲ တစ်ဖက်ဘေးခန်းမှနေပြီး ရင်းနှီးသည့်အငွေ့အသက်တစ်ခုကို ကုနင်းအာရုံခံမိသွားသည်။
အဲ့ဒါက သူမ၏မှော်စွမ်းအားနှင့် တစ်မျိုးမျိုးဆင်တူနေကာ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ဆီကနေ အာရုံခံမိခဲ့ဖူးပြီး သူတို့ကတော့ ဆန်းကြယ်စွမ်းအင်လို့ ခေါ်ကြသည်။
သူတို့လဲ ဒီဟိုတယ်မှာပဲ တည်းကြတာလား?
ကုနင်းလဲ သေချာသွားအောင် ကျောက်စိမ်းမျက်ဝန်းဖြင့် ဘေးခန်းကိုကြည့်လိုက်ကာ သုန်းဖန်းကျီယွီတစ်ယောက်တည်း ကျောက်စိမ်းကောင်းတစ်တုံးရှေ့မှာချကာ တရားထိုင်နေတာကို တွေ့လိုက်လေသည်။
သို့သော်လည်း ဒါက သူမတွေ့ရသည့်ထဲတွင် အံ့ဩစရာအကောင်းဆုံးတော့မဟုတ်ခဲ့ပေ။
***
အခန်း ၁၀၉၅ ဘေးခန်းကအမျိုးသမီးကျင့်ကြံသူ
ကုနင်း၏အံ့ဩသွားစေဆုံးအရာကတော့ ကျောက်စိမ်းထဲကမှော်စွမ်းအားတွေက သုန်းဖန်းကျီယွီ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားတာဖြစ်သည်။
ကုနင်း မျက်လုံးများပြူးကျယ်သည်အထိ အံ့ဩသွားသော်လည်း ကျင့်ကြံသူတွေက သူတို့ကျင့်ကြံရေးအတွက် မှော်စွမ်းအားတွေကို အမှန်တကယ်လိုအပ်ကြောင်း သိရှိသွားခဲ့သည်။
သုန်းဖန်းကျီယွီ ကျင့်ကြံမှုအလည်တွင်ရှိနေသော်လည်း တစ်ယောက်ယောက် သူမကိုစိုက်ကြည့်နေသည်ကိုတော့ ခံစားမိတုန်းပင်။ သို့သော်လည်း အခန်းတစ်ခုလုံးက လုံးဝအလုံပိတ်ဖြစ်တာကြောင့် ဘယ်ကြနေကြည့်နေမှန်း မဖော်ထုတ်နိုင်ပေ။ ဒါကြောင့် အခန်းထဲကိုလှည့်ပတ်ရှာကြည့်ပြန်တော့လဲ လျှို့ဝှက်ကင်မရာဆိုလို့လဲ မတွေ့ရပြန်ပေ။
အထင်မှားသွားတာများလား။
သူမလဲ အခုကျင့်ကြံမှုလုပ်နေတုန်းဖြစ်တာကြောင့် ရပ်လို့လဲမရမရပေ၊ မဟုတ်ရင် သူမစိတ်ဝိညာဉ်ပျက်စီးသွားပေလိမ့်မည်။ ဒါကြောင့် တစ်ယောက်ယောက် သူမကိုစောင့်ကြည့်နေတယ်လို့ခံစားနေရတာတောင်မှ ဆက်ပြီးသာကျင့်ကြံနေရလေသည်။
ကျင့်ကြံသူတိုင်း အလိုအလျောက်အာရုံခံစားနိုင်စွမ်းမြင့်လွန်းကြောင်း ကုနင်းလဲသိတာကြောင့် သိပ်ကြာကြာဆက်မကြည့်ဘဲ ရုတ်သိမ်းလိုက်သည်။
“နင်းနင်း၊ ဘာဖြစ်လို့လဲ?” ကုနင်း၏ရုတ်တရက်အပြုအမူများကြောင့် လင်ရှောင်းထင် စိုးရိမ်စိတ်ဝင်သွားသည်။
“တိတ်တိတ်နေ။” လင်ရှောင်းထင်အသံကိုတိုးဖို့ရန် ကုနင်းလက်ဟန်ခြေဟန်ဖြင့်ပြလိုက်ပြီးနောက် အိပ်ခန်းထဲသို့ဆွဲခေါ်သွားလိုက်သည်။
သုန်းဖန်းကျီယွီက ဧည့်ခန်း၏ဘေးတစ်ဖက်ခန်းတွင်ထိုင်နေခြင်းဖြစ်တာကြောင့် သူမတို့စကားပြောနေသံအား သုန်းဖန်းကျီယွီကြားသွားမည်ကို ကုနင်းစိုးရိမ်မိသည်။
ကျီပိုင်ယင်းသည်က သူမတို့အိပ်ခန်း၏ဘေးချင်းကပ်အခန်းတွင်နေသည်ဆိုသော်လည်း သူမကတော့ သာမာန်လူတစ်ယောက်ဖြစ်တာကြောင့် တစ်ဖက်အခန်းကပြောစကားကို ကြားနိုင်စရာအကြောင်းမရှိပေ။
အိပ်ခန်းဆီရောက်ကာမှ ကုနင်းစကားစပြောခဲ့သည်။ “ဘေးအခန်းမှာ အမျိုးသမီးကျင့်ကြံသူရှိနေတယ်။”
ထိုစကားကြောင့် လင်ရှောင်းထင် အံ့ဩသွားရလေသည်။
“ကျင့်ကြံသူတွေရဲ့ အာရုံကအရမ်းထက်မြက်တယ်၊ ဒီတော့ ကျွန်မတို့ ဒီညဆူဆူညံညံတွေသိပ်လုပ်လို့မဖြစ်ဘူး။” ရုတ်တရက် ကုနင်း၏စကားလမ်းကြောင်းက ပြောင်းလဲသွားလေသည်။
လင်ရှောင်းထင်သည်လဲ ကုနင်း၏ဆိုလိုရင်းကို ချက်ချင်းနားလည်ကာ ဝမ်းနည်းသွားတော့သည်။
ကုနင်းကတော့ သုန်းဖန်းကျီယွီသာ သူမတို့ချစ်ရည်လူးနေသည့်အသံများအားကြားသွားလျှင် သေချာပေါက်အရမ်းရှက်စရာကောင်းမည်ဟု တွေးမိခြင်းသာဖြစ်သည်။
လင်ရှောင်းထင်သည်လဲ ကုနင်း၏ဆန္ဒကိုလေးစားသူဖြစ်တာကြောင့် လက်ခံပေးကာ အိပ်ရာမဝင်ခင် အနည်းငယ်မျှ နမ်းရှုံ့ခြင်းသာပြုလေသည်။
သုန်းဖန်းကျီယွီ ကြားသွားမည်စိုးတာကြောင့် အခြားသောအရေးကြီးကိစ္စရပ်များကိုလဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ မပြောခဲ့ကြပေ။
ည၁၁နာရီလောက်မှာတော့ သုန်းဖန်းကျီယွီ၏ကျင့်ကြံမှုပြီးသွားလေသည်။ ကျောက်စိမ်းဆီမှ မှော်စွမ်းအင်များကိုစုပ်ယူပြီးနောက် သူမ၏ဆန်းကြယ်စွမ်းအင်က အနည်းငယ်တိုးတက်လာသော်လည်း နောက်ထပ် နောက်ထပ်သောမှော်စွမ်းအားများကို ပိုပြီးစုပ်ယူဖို့လိုအပ်နေတုန်းဖြစ်သည်။
သူမ၏ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့တက်နိုင်ဖို့ရန်ကတော့ အချိန်အကြာကြီးယူရပေဦးမည်။
ထို့နောက် သုန်းဖန်းကျီယွီလဲ ရေမိုးချိုးကာ အိပ်ရာဝင်ခဲ့သည်။
…….
နောက်တစ်နေ့မနက်တွင်တော့ လူတိုင်း ၇နာရီတွင် နိုးထလာကြသည်။
ကုနင်းတို့အဖွဲ့ အခန်းများဆီမှထွက်လာချိန် သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို မတွေ့ခဲ့သော်လည်း မနက်စာစားခန်းရောက်ချိန်မှာတော့ ဆုံခဲ့ကြသည်။
ကုနင်းတို့အဖွဲ့ကိုမြင်ပြီး သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ အနည်းငယ်အံ့ဩသွားခဲ့သော်လည်း သိပ်တော့အာရုံမထားကြပေ။
ကုနင်းတို့သည်လဲ မနက်စာစားပြီးသည်နှင့် ထွက်လာခဲ့လေသည်။
“ကျီယွီ၊ မနေ့ကဓါးပြတွေ ဓါးပြတိုက်တာ သူတို့တွေကိုများဖြစ်နိုင်လား?” ကုနင်းတို့အဖွဲ့ထွက်သွားသည်နှင့် ဝူရွှမ်းဟွာမေးလိုက်သည်။ ကုနင်းတို့အားလုံး အတိုက်အခိုက်ကောင်းသည်လူတွေဖြစ်ကြမှန်း သူမြင်နိုင်ပေသည်။
သုန်းဖန်းကျီယွီလဲ ထိုထင်မြင်ချက်က ဖြစ်နိုင်ချေရှိသည်ဟုထင်မိသည်။
“အဲ့လိုသာဆို၊ သူတို့တွေရဲ့ ကိုယ်ခံပညာအရည်အချင်းက အရမ်းကောင်းလောက်မယ်။” သုန်းဖန်းကျီယွီ ပြန်ပြောလိုက်သည်။
လက်နက်ပါသည့်ဓါးပြတွေကို တိုက်ခိုက်အနိုင်ယူဖို့ဆိုတာက လွယ်ကူသည့်အရာတော့မဟုတ်ပေ။ ကုနင်းသည်လဲ သေနတ်သုံးခဲ့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲနေဦးမည်ဖြစ်သည်။
“ထားပါ၊ အဲ့ဒါ အရေးမကြီးပါဘူး။ မနက်စာပဲစားကြတာပေါ့။”
…….
ကုနင်းတို့အဖွဲ့ ဟိုတယ်မှ ၉နာရီတွင်ထွက်ဖို့ ညှိလိုက်ကြသည်။
“နင်တို့ ငါတို့နဲ့အတူလိုက်မှာလား?” ကုနင်း ကျီပိုင်ယင်းကိုမေးလိုက်သည်။
“လိုက်မှာပေါ့။ ဒီမှာနေပြီး ဘာလုပ်ရမယ်မှန်းမှမသိတာ။”
“ကောင်းပြီ၊ ဒါဆို ငါတို့၉နာရီဟိုတယ်က ထွက်ကြမယ်။”
“ရတယ်လေ။”
၉နာရီမှာတော့ ကုနင်းတို့တစ်ဖွဲ့လုံး ဟိုတယ်မှထွက်လာကာ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းရှိရာသို့ သွားခဲ့ကြသည်။
“ဝါး၊ ဒီမှာ ကျောက်စိမ်းတွေမှအများကြီးပဲ!” ကျီပိုင်ယင်း စက်ရုံထဲသို့ဝင်သွားရင်း အံ့ဩတကြီးရေရွတ်နေလေသည်။
ကျောက်စိမ်းအကြောင်း သူမအနည်းအကျဉ်းမျှသာသိသော်လည်း ကျောက်စိမ်းတစ်တုံးဖြတ်နိုင်ဖို့တောင် ဘယ်လောက်ခက်ကြောင်းတော့သိလေသည်။ အထူးသဖြင့် အရည်အသွေးမြင့်သည့်ကျောက်စိမ်းမျိုးတွေကိုပေါ့။
သို့သော်လည်း ကုနင်းတွင်က ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် ကျောက်စိမ်းကောင်းရှာတွေ့ဖို့ဆိုတာ သူမအတွက် အလွန်လွယ်ကူသည့်လွန်သွားသည်။
“ကုနင်း၊ ငါက နင့်ကိုJadeBeautyလက်ဝတ်ရတနာလုပ်ငန်းတစ်ခုတည်းပိုင်တယ်လို့ ထင်နေတာ။ အခုမှပဲ ထန်မြို့ရဲ့ကျောက်စိမ်းတင်ပို့မှုလုပ်ကြီးသုံးခုထဲကတစ်ခုကိုပါ ပိုင်မှန်းသိတော့တယ်!” ကုနင်းကိုအရင်ကထက်ပင် ကျီပိုင်ယင်းပိုလို့လေးစားလာမိတော့သည်။
“နင်မသိသေးတာတွေ အများကြီးရှိသေးတယ်။” ကုနင်း လျှို့ဝှက်ဆန်းကြယ်သည့်အပြုံးမျိုးဖြင့်ပြောလိုက်သည်။
“နင့်မှာ တခြားကုမ္ပဏီတွေရှိသေးတာလား?” ကျီပိုင်ယင်း ပိုလို့သိချင်လာသည်။
“ဒီအတိုင်းပြောပြလိုက်ရင် ဘယ်ပြောဖို့ကောင်းမလဲ။ နင့်ဘာသာ သိအောင်လုပ်ကြည့်ပေါ့။”
“နင်ပြောတာလဲ ဟုတ်သားပဲ။” ကျီပိုင်ယင်း ခေါင်းတညိတ်ညိတ်နှင့်လက်ခံသွားသည်။
………….
တစ်ချိန်တည်းမှာပဲ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာသည်တော့ ကျောက်ရိုင်းလမ်းသို့သွားခဲ့ကြသည်။ သူတို့ ကျောက်အလောင်းအစားလုပ်ကြည့်ဖို့အတွက် သွားခြင်းမဟုတ်ဘဲ ကျောက်စိမ်းလေလံဆွဲဖို့အတွက်ဖြစ်သည်။
သူတို့ အတော်ကြာလမ်းလျှောက်လာပြီးနောက် လမ်းဘေးတစ်ဖက်တွင် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ ရုံးခန်းကို သုန်းဖန်းကျီယွီ တွေ့သွားသည်။ ထိုကုမ္ပဏီကို ကုနင်းပိုင်မှန်း သူတို့မသိသော်လည်း ကျောက်စိမ်းတွေအများကြီးရှိလောက်မည်ဟုသာ တွေးမိကြသည်။
ဒါကြောင့် သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာလဲ တွေဝေမနေဘဲ ရုံးထဲသို့ဝင်သွားကြလေသည်။
***
အခန်း ၁၀၉၆ စုန့်ဟောက်ယွီ
“Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်းကနေ ကြိုဆိုပါတယ်။” ဧည့်ကြိုမိန်းကလေးက နွေးထွေးပျူငှာစွာကြိုဆိုလာသည်။
“မင်းတို့ဆီမျာ အရည်အသွေးမြင့်ကျောက်စိမ်းရှိလား?” သုန်းဖန်းကျီယွီမေးလိုက်သည်။ အရင်ကတစ်ခါမှ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းအကြောင်း သူမမကြားဖူးပေ။ မဟုတ်ရင် လက်ဝတ်ရတနာလောကတွင် အခုချိန်မှာ နာမည်ကြီးလူသိများနေပြီဖြစ်သည့် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကို ဤသို့သောမေးခွန်းမျိုး မေးလိမ့်မည်မဟုတ်ပေ။
“ဒါပေါ့၊ ကျွန်မတို့ဆီမှာရှိပါတယ်။ လက်ဝတ်ရတနာလုပ်ငန်းရှင်တစ်ယောက်အဖြစ် ကျွန်မတို့နဲ့ပူးပေါင်းမှာလား၊ ဒါမှမဟုတ် ကာစတန်မာတစ်ယောက်အနေနဲ့ ကျောက်စိမ်းကိုဝယ်ယူမှာပါလား?”
Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် သူတို့ကျောက်စိမ်းများကို ရောင်းချရာတွင် နည်းလမ်းနှစ်မျိုးရှိကာ တစ်နည်းကတော့ လက်ဝတ်ရတနာလုပ်ငန်းရှင်များနှင့် ပူးပေါင်းခြင်းဖြစ်ပြီး ဒုတိယတစ်နည်းသည်တော့ တစ်ဦးချင်းဖောက်သည်များကို ရောင်းချပေးခြင်းဖြစ်သည်။ ဘယ်နည်းလမ်းကိုပဲ ရွေးချယ်ပါစေ ဝယ်ယူရရှိနိုင်မည့်အရေအတွက်ကတော့ အကန့်အသတ်နှင့်ပင်။
ဧည့်ကြိုမိန်းကလေး၏စကားကြောင့် သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ ဝမ်းသာသွားကြသည်။
“ကျွန်မက ဖောက်သည်ပါပဲ။” သုန်းဖန်းကျီယွီ ပြန်ဖြေလိုက်သည်။ လက်ဝတ်ရတနာလုပ်ငန်းရှင်အဖြစ် ကျောက်စိမ်းတင်ပို့မှုလုပ်ငန်းနှင့်ပူးပေါင်းမည်ဆိုပါက ဥပဒေအရစာရွက်စာတမ်းများပြုလုပ်ဖို့လိုကာ လောလောဆယ် သူမအတွက် အချိန်မရှိပေ။
“ကျွန်မတို့ဆီမှာ ဖောက်သည်တစ်ယောက်ကို တစ်လမှာ အဆင့်မတူတဲ့ကျောက်စိမ်းနှစ်တုံးဆီပဲ ရောင်းချပေးပါတယ်။” ပြောရင်းဖြင့် ဧည့်ကြိုမိန်းကလေးက ရောင်းချပေးသည့်ကျောက်စိမ်းများ၏အချက်အလက်များပါဝင်သော စာအုပ်တစ်အုပ်ကို ထုတ်ပြလေသည်။
စာအုပ်ထဲတွင် ကျောက်စိမ်းတစ်တုံးချင်းစီကို နံပါတ်များတပ်ထားကာ အရွယ်အစား အလေးချိန်များ အတိအကျဖော်ပြထားသော်လည်း ဖောက်သည်များရှေ့မှောက်တွင် ပြန်လည်တိုင်းပေးသွားဦးမှာဖြစ်သည်။ ထို့အပြင် ဖောက်သည်များဘက်ကလဲ သူတို့နှစ်သက်ရာကျောက်စိမ်းကိုဝယ်ယူရာတွင် စာချုပ်၌လက်မှတ်ထိုးပေးရဦးမှာဖြစ်သည်။
တစ်လကို ကျောက်စိမ်းနှစ်တုံး?
ဒီလိုမျိုး ကျောက်စိမ်းဝယ်ယူရာမှာ ကန့်သတ်ချက်ထား,ထားတာကို သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ ကံကောင်းလို့ သူတို့က နှစ်ယောက်လာတာကြောင့် ကျောက်စိမ်းလေးတုံးရနိုင်ပေသည်။
ကျောက်စိမ်းများကို အဆင့်မတူတာကိုလဲ သူတို့ရွေးနိုင်သေးသည်။
“ထိုင်ပြီး အေးအေးဆေးဆေးရွေးကြပါ။” ဧည့်ကြိုမိန်းကလေးက သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို နားနေခန်းဆီခေါ်သွားကာ စာအုပ်ကိုပေးရင်း လက်ဖက်ရည်နှစ်ခွက်ကိုပါ ငှဲ့ပေးခဲ့သည်။
စာအုပ်ထဲတွင်တော့ ထိပ်တန်းအဆင့်ကျောက်စိမ်းမပါဝင်ပေ။ အကြောင်းကတော့ ထိပ်တန်းအဆင့်ကျောက်စိမ်းကို လက်ဝတ်ရတနာကုန်သည်များအတွက်သာ သိမ်းထားခြင်းကြောင့်ဖြစ်သည်။
အဆုံးမှာတော့ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ ကျောက်စိမ်းနှစ်တုံးဝယ်သွားကြသည်။
……
နေ့လည်၁၁နာရီဝန်းကျင်မှာတော့ ကုနင်းတို့လဲ ကျန်းဖန်နှင့်အတူ နေ့လည်စာစားကြသည်
နေ့လည်စာစားပြီးချိန်တွင် ၁၂နာရီလဲခွဲနေပြီဖြစ်တာကြောင့် ကျန်းဖန်ကပဲ ကုနင်းတို့ကို လေဆိပ်သို့လိုက်ပို့ပေးခဲ့သည်။
လေယာဉ်က ၂:၁၀နာရီတွင်ထွက်ခွာမည်ဖြစ်၍ ကုနင်းတို့အဖွဲ့ တစ်နာရီတွင် လေဆိပ်သို့ရောက်ခဲ့ကြသည်။
လေယာဉ်လက်မှတ်ကို ပထမတန်းအတွက်မှာထားခြင်းဖြစ်၍ ဗီအိုင်ပီနားနေခန်းအရောက်တွင် လမ်းခွဲလိုက်ကြသည်။
ကျီပိုင်ယင်းသည်တော့ ကုနင်းနှင့်အတူ မြို့တော်တွင် လျှောက်လည်ရတော့မည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေလေသည်။ သူမ မြို့တော်သို့ပထမဆုံးအကြိမ်ရောက်ဖူးခြင်းမဟုတ်သော်လည်း ခံစားချက်ကတော့မတူညီပေ။
ကျီပိုင်ယင်းသည် ပုံမှန်အားဖြင့် အနည်းငယ်ကလေးဆန်သော်လည်း အရေးကြီးတစ်စုံတစ်ရာနှင့် ကြုံတွေ့ချိန်တွင်တော့ ချက်ချင်းကို အလွန်ရင့်ကျက်ကာ တည်ငြိမ်သွားနိုင်ပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ လေယာဉ်တစ်စီးတည်းတွင် သုန်းဖန်းကျီယွီ၊ ဝူရွှမ်းဟွာတို့နှင့် တွေ့ပြန်သည်။
သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကတော့ စီးပွားရေးတန်းတွင်ထိုင်ကြခြင်းဖြစ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် စကားတော့မပြောဖြစ်ခဲ့ကြပေ။
“ဘာလို့များ သူတို့နဲ့နေရာတိုင်းတွေ့နေရတာလဲပဲ?” ဝူရွှမ်းဟွာက သုန်းဖန်းကျီယွီကိုပြောလိုက်သည်။
ကုနင်းသည်လဲ သူမသူငယ်ချင်းများကို ထိုအတိုင်းသာပြောခဲ့လေသည်။ “ငါတို့ သူတို့နဲ့နေရာတိုင်းတွေ့နေသလိုပဲ။”
တကယ်တော့ လင်ရှောင်းထင်သည် ထိုကျင့်ကြံသူများ ကုနင်းကိုထိခိုက်အောင်လုပ်မည်စိုး၍ သူတို့စကားပြောနေသည်အား ကြားသွားမည်ကို အချိန်တိုင်းစိုးရိမ်နေခဲ့သည်။ သို့သော်လည်း ကုနင်းသာ သူတို့နှင့်တိုက်ခိုက်လိုလျှင် သူတားနိုင်မည်မဟုတ်ပေ။
လင်ရှောင်းထင် စိတ်ခံစားချက်တို့အတက်အကျဖြစ်နေသည်ကို ကုနင်းခံစားမိတာကြောင့် နား,နားကပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ရှင် ကျွန်မအတွက်စိုးရိမ်နေမှန်းသိတယ်၊ ဒါပေမယ့် သူတို့က နတ်ဆိုးကျင့်ကြံသူတွေမှမဟုတ်ဘဲ၊ အဆင်ပြေမှာပါ။”
ကုနင်း၏စကားကမှန်နေတာကြောင့် လင်ရှောင်းထင် ခေါင်းသာညိတ်ပြလိုက်သည်။
၁နာရီ၅၀မိနစ်ကြာပြီးနောက် လေယာက ခွန်မြို့လေဆိပ်တွင် ဆင်းသက်ခဲ့ကာ မိနစ်၄၀ရပ်နားမည်ဖြစ်သည်။
ခွန်မြို့တွင်ဆင်းမည့်ခရီးသည်အားလုံးက လေယာဉ်ပေါ်မှဆင်းသွားကြကာ ကုနင်းကတော့ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို သတိထားစောင့်ကြည့်နေသည်။ သူတို့ လေယာဉ်ပေါ်ဆက်နေကြမှန်းသိကာမှ မြို့တော်သို့သာ သွားကြမည်မှန်း သေချာသွားတော့သည်။
သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကလဲ မြို့တော်ကိုသာသွားကြမည်ဆိုမှတော့ သူတို့အဲ့မှာဘာလုပ်လဲဆိုတာကို သူမလိုက်စုံစမ်းသင့်ပြီဟု ကုနင်းတွေးလိုက်သည်။
ကုနင်း ချက်ချင်းပင် ကေထံစာပို့လိုက်ကာ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို ခြေရာခံဖို့ပြောလိုက်သည်။ သူမမှာ သူတို့ဓါတ်ပုံတွေမရှိတာကြောင့် သူတို့ပုံစံနှင့်အသက်ကိုသာ အကြမ်းဖျင်းရှင်းပြလိုက်သည်။
ထို့နောက် ကုနင်း သူမဖုန်းကို ပြန်ပိတ်ထားလိုက်သည်။
လင်ရှောင်းထင်လဲ သူ့ဖုန်းထဲ အဝင်ကောလ်ရှိမရှိ ထုတ်စစ်လေသည်။
ရှုကျင်းချန်က သူ့ဆီဖုန်းတစ်ခေါက်ခေါ်ထားကာ စာတစ်စောင်ပါချန်ထားသည်။
ရှုကျင်းချန် : စုန့်ဟောက်ယွီက မင်းကိုစိန်ခေါ်ထားတယ်၊ မင်းလက်ခံမှာလား? မင်းဒီနေ့ မြို့တော်ပြန်လာမှသိလို့ အရင်ဆုံး မင်းစိတ်ကူးကို လှမ်းမေးတာ။
ဒါက စာကြောင်းအနည်းငယ်မျှသာဆိုသော်လည်း လင်ရှောင်းထင်ကတော့ ရှုကျင်းချန်ဘယ်လောက် အားရဝမ်းသာနေကြောင်းခံစားမိနိုင်သေးသည်။ ရှုကျင်းချန်တင်မကဘဲ မီးတောက်နီအဖွဲ့ထဲကလူတိုင်း ထိုသို့ဖြစ်နေလောက်မှာပင်။
စစ်တပ်ထဲတွင် စုန့်ဟောက်ယွီတစ်ယောက်သာ လင်ရှောင်းထင်ကိုယှဉ်နိုင်ကြောင်း သူတို့အားလုံးသိထားတာကြောင့် ဘယ်သူကပိုသာမလဲဆိုသည်ကို အရမ်းသိချင်နေကြသည်။
***
အခန်း ၁၀၉၇ လင်းယုန်များ
အကြိမ်တိုင်း စုန့်ဟောက်ယွီသာ ရှုံးနိမ့်ခဲ့သော်လည်း လင်ရှောင်းထင်ဘက်ကလဲ သူတို့ကြားမှာ ကွာဟချက်ကြီးအောင် မလုပ်နိုင်ခဲ့ပြန်ပေ။
စုန့်ဟောက်ယွီကလဲ အကြိမ်တိုင်းရှုံးနေပေမယ့် အခွင့်သင့်တိုင်း လင်ရှောင်းထင်ကို စိန်ခေါ်နေတုန်းပင်။ သူတို့နှစ်ယောက်၏တိုက်ရည်ခိုက်ရည်က အရမ်းမကွာဟတာကြောင့် စုန့်ဟောက်ယွီက အချိန်တိုင်း လင်ရှောင်းထင်ကို အနိုင်ပိုင်းချင်နေသည်။
စုန့်ဟောက်ယွီသည်လဲ တပ်ထဲတွင် နာမည်ကြီးသူဖြစ်သည်။ သူသည် ဒီနှစ်ဆို ၂၉နှစ်ရှိပြီဖြစ်ပြီး ထိပ်တန်းအဖွဲ့ဖြစ်သော လင်းယုန်များအဖွဲ့၏ခေါင်းဆောင်လဲဖြစ်သည်။ သို့သော်လည်း ရာထူးကတော့ လင်ရှောင်းထင်ထက်နိမ့်ကာ စီနီယာကိုလိုနယ်သာဖြစ်သည်။
လင်းယုန်များအဖွဲ့သည် မီးတောက်နီအဖွဲ့ထက်မသာသော်လည်း ဆိုးရွားနေသည့်အဖွဲ့လဲမဟုတ်ပြန်ပေ။
လင်ရှောင်းထင်ဘက်ကလဲ သူအားလပ်ချိန်အကြာကြီးရတိုင်း စုန့်ဟောက်ယွီအား သူ့ကိုစိန်ခေါ်နိုင်ခွင့်ပေးကာ သဘောတူညီချက်ယူထားသည်။ ဒါကြောင့် လင်ရှောင်းထင် သဘောတူလိုက်ကာ ဒီည၉နာရီလောက် မြို့တော်သို့ သူတို့ရောက်မည်ဖြစ်ကြောင်း ရှုကျင်းချန်ကိုပြောလိုက်သည်။
ရှုကျင်းချန်ကလဲ လင်ရှောင်းထင်ထံမှ အကြောင်းပြန်စကားရသည်နှင့် စုန့်ဟောက်ယွီကို ပြန်ပြောလိုက်သည်။
သုံးမိနစ်ကြာပြီးနောက် စုန့်ဟောက်ယွီက ဒီညပဲပြိုင်ပွဲလုပ်ချင်နေကြောင်း ရှုကျင်းချန်ကကြားကပဲ လင်ရှောင်းထင်ကို စာထပ်ပို့ပေးပြန်သည်။
လင်ရှောင်းထင် သဘောတူလိုက်ကာ ကုနင်းကိုပြောပြလိုက်သည်။
“နင်းနင်း၊ ဒီည ကိုယ်တို့မြို့တော်ကိုပြန်ရောက်ရင် ရှုကျင်းချန်တို့တွေနဲ့ ကလပ်မှာသွားတွေ့လို့ရလား?”
“ရတာပေါ့၊ ပိုင်ယင်းတို့ကိုကော ခေါ်သွားလို့ရလား?” ကုနင်းပြန်မေးလိုက်သည်။
“ဒါပေါ့၊ သူတို့လဲ လိုက်လို့ရတယ်။”
ထို့နောက် ကုနင်းက ကျီပိုင်ယင်းကို ဒီညသူမတို့နဲ့အတူလိုက်မလားမေးလိုက်ကာ ကျီပိုင်ယင်းဘက်ကလဲ ချက်ချင်းသဘောတူခဲ့သည်။
…….
မိနစ်၄၀ခန့်ကြာပြီးနောက် လေယာဉ်ပြန်လည်ထွက်ခွာခဲ့သည်။
နောက်ဆုံး မြို့တော်သို့လေယာဉ်ဆိုက်ရောက်ချိန်မှာတော့ ည၈:၁၅ရှိပြီဖြစ်သည်။
လင်ရှောင်းထင်၏ကားက လေဆိပ်ကားပါကင်တွင် ရပ်ထားခဲ့ခြင်းဖြစ်တာကြောင့် အားလုံးတစ်ခါတည်း အတူတူမြေအောက်ကားပါကင်သို့သွားခဲ့ကြသည်။
လူတိုင်းလေယာဉ်ပေါ်မှဆင်းသည်နှင့် ဖုန်းများလိုင်းပြန်ဖွင့်ကာ စစ်လိုက်ကြသေးသည်။
သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို ကေက သူမကိုယ်စားစောင့်ကြည့်ပေးထားမည်ဖြစ်၍ ကုနင်း သူတို့ကိုအာရုံမထားတော့ပေ။
ကေသည်လဲ သိပ်အချိန်မကြာလိုက်ပါဘဲ ကုနင်း၏ဖော်ပြချက်များအရ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ကို ရှာတွေ့သွားသလို ကုနင်း၊ လင်ရှောင်းထင်နှင့် ကျီပိုင်ယင်းတို့ကိုတောင် မြင်ခဲ့သေးသည်။
ကေ ကျီပိုင်ယင်းကိုမြင်လိုက်သည်နှင့် အလွန်အံ့ဩသွားခဲ့သည်။ သူ ကျီပိုင်ယင်းကို အရင်ကတစ်ကြိမ်တွေ့ဖူးမှန်း သေချာမှတ်မိနေသေးသည်။
ကျီပိုင်ယင်းသည် အရှေ့တောင်အာရှရှိ အင်အားအကြီးဆုံးလက်နက်တင်ပို့သူမိသားစုကြီးမှဖြစ်သည်။ သူက ဘယ်လိုလုပ် ကုနင်းနဲ့အတူရောက်လာတာလဲ?
ကုနင်း၏အဆက်အသွယ်လုပ်နိုင်စွမ်းအပေါ် ကေထပ်ပြီးလေးစားမိသွားပြန်သည်။ သူ အံ့ဩနေမိသော်လည်း ဒါမျိုးက သူနားလည်နိုင်သည့်အရာမဟုတ်ပေ။ လောလောဆယ် သူ့စိတ်ထဲမှာတော့ ကုနင်းသာဆိုလျှင် မဖြစ်နိုင်တာဘာမှမရှိဟုသာ တွေးမိတော့သည်။
ထို့နောက် ကေလဲ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ဘက်ကိုသာ ပြန်ပြီးအာရုံစိုက်ထားလိုက်သည်။
…….
ကုနင်းတို့အားလုံး ကားတစ်စီးတည်းဖြင့်သာသွားခဲ့ကြကာ ကားကအတော်လေးကြီးတာကြောင့် ငါးယောက်လုံး သက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်ပေသည်။
ည၉နာရီတွင်တော့ ချိန်းဆိုထားရာကလပ်သို့ရောက်ရှိခဲ့ကာ လင်ရှောင်းထင်က ရှုကျင်းချန်ကို အရင်ဖုန်းဆက်လိုက်သည်။
…….
သီးသန့်ခန်းတစ်ခန်းထဲတွင်…
ရှုကျင်းချန်၊ ရှုကျင်းလင်၊ ချန်းမင်၊ စုန့်ဟောက်ယွီနှင့် စုန့်ဟောက်ယွီ၏သူငယ်ချင်းများ အတူတူသောက်စားနေကြသည်။
စုန့်ဟောက်ယွီသည် အချိုးကျသည့်သွင်ပြင်လက္ခဏာများဖြင့် အလွန်ခန့်ညားသူဖြစ်ကာ အရပ်ရှည်ပြီး သန်မာသည့်ပုံစံမျိုးဖြစ်သည်။ စုန့်ဟောက်ယွီသည်လဲ အနည်းငယ်အေးစက်ပုံပေါက်ပေမည့် သူကတော့ သူစိမ်းများအပေါ်တွင်သာ အေးစက်တတ်သူဖြစ်တာကြောင့် လင်ရှောင်းထင်နှင့် ကွာခြားနေတုန်းပင်။ စုန့်ဟောက်ယွီသည် သူငယ်ချင်းမိတ်ဆွေများနှင့်ဆိုလျှင် ကြင်နာတတ်ကာ ပေါင်းသင်းရလွယ်ကူသည့်ပုံစံဖြစ်သည်။
ရှုကျင်းချန်က စုန့်ဟောက်ယွီထံ သူ့ဖုန်းကိုရမ်းပြရင်း ခေါ်ဆိုသူနာမည်ကိုပြလိုက်ကာ၊ “ရှောင်းထင်ရောက်ပြီ။”
ထို့နောက် ဖုန်းဖြေလိုက်ကာ သူတို့ရှိရာ သီးသန့်ခန်းနံပါတ်ကိုပြောလိုက်သည်။
“စုန့်ဟောက်ယွီ၊ မင်းဘာလို့များ လက်မလျှော့နိုင်ရသေးတာလဲ? ဘယ်တော့မှနိုင်မှာလဲမဟုတ်ဘဲနဲ့။” ရှုကျင်းချန် စနောက်လိုက်သည်။ တကယ်လဲ လင်ရှောင်းထင်ကို စုန့်ဟောက်ယွီ အနိုင်ယူနိုင်လိမ့်မည်ဟု သူမထင်ပေ။
စုန့်ဟောက်ယွီဘယ်လောက်ပဲ သူ့စွမ်းရည်ကို အမြဲမြှင့်တင်နေပါစေ လင်ရှောင်းထင်သည်လဲ ရပ်နေသူမဟုတ်ပေ။ ဒါ့အပြင် ဤရက်များအတွင်း လင်ရှောင်းထင်၏တိုက်ရည်ခိုက်ရည်က ပိုပိုပြီးတောင် အားကောင်းလာသည်ဟု ရှုကျင်းချန်ခံစားရသေးသည်။
“ငါဘယ်တော့မှ အရှုံးမပေးဘူး။” စုန့်ဟောက်ယွီပြောရင်း ရှုကျင်းချန်ကိုတောင် အထင်သေးစွာကြည့်လိုက်သေးသည်။ ဆိုလိုသည်ကတော့ ရှုကျင်းချန်က အလွယ်တကူအရှုံးပေးသည်ဟူ၍ပင်။
စုန့်ဟောက်ယွီပြောချင်သည့်သဘောကလဲ အမှန်တရားဖြစ်နေတာကြောင့် ရှုကျင်းချန်ပြန်မပြောနိုင်တော့ပေ။ လွန်ခဲ့သည့်အချိန်တစ်ခုတုန်းက သူလဲ တစ်နေ့တော့ လင်ရှောင်းထင်ကို အနိုင်ယူမည်ဟု စိတ်ဆုံးဖြတ်ခဲ့ဖူးပေမည့် နောက်ပိုင်းလက်လျှော့လိုက်ကာ သူ့စကားတွေကို ဝါးစားပစ်ခဲ့လေသည်။
သူတို့စကားများကိုနားထောင်ရင်း ချန်းမင်ကတော့ တစ်ခွန်းမှဝင်မပြောခဲ့ပေ။ စုန့်ဟောက်ယွီက သူ့ကိုလဲ အထင်သေးနေမှန်း သူသိတာကြောင့်ပင်။
တကယ်တမ်း ဒါက သူတို့အမှားတော့မဟုတ်ဘဲ လင်ရှောင်းထင်ကိုက အမှီလိုက်နိုင်ဖို့ ခက်ခဲလွန်းနေသည့်ပန်းတိုင်ကြီးဖြစ်နေရုံသာ။ စုန့်ဟောက်ယွီကတော့ လင်ရှောင်းထင်ကို စိန်ခေါ်ခြင်းအမှုအား လက်လျှော့သွားမည်မဟုတ်သော်လည်း အနိုင်ရဖို့ကျလဲ မဖြစ်နိုင်ပြန်ပေ!
……
မကြာခင်မှာပဲ လင်ရှောင်းထင်တို့အဖွဲ့ သီးသန့်ခန်းထဲသို့ဝင်လာလေသည်။
သူတို့ဝင်လာသည်နှင့် လူတိုင်းအံ့ဩသွားကြသည်။
လင်ရှောင်းထင် အမျိုးသမီးတွေနဲ့အတူလာလိမ့်မည်ဟု စုန့်ဟောက်ယွီ လုံးဝမထင်ထားခဲ့ပေ။ လင်ရှောင်းထင်ကို မိန်းမတွေနားနီးကပ်ရခြင်းအား ဘယ်တော့မှမနှစ်သက်သူဟုတောင် သူသတ်မှတ်ထားခဲ့တာဖြစ်သည်။
“ဟိုင်း၊ ကျင်းချန်၊ ချန်းမင်!” ကျီပိုင်ယင်းက ရှုကျင်းချန်နှင့်ချန်းမင်တို့ကို နှုတ်ဆက်လိုက်သည်။
“အိုး၊ မစ္စကျီလဲ ပါလာတာပါလား!”
“ဟိုင်း၊ မစ္စကျီ။”
“ဟ-ဟ၊ ရှင်တို့ရှိနေတယ်ဆိုလို့လာတာလေ၊ ဒါမှလူတွေအများကြီးနဲ့ပိုပျော်ဖို့ကောင်းမှာပေါ့။” ကျီပိုင်ယင်း ရယ်မောရင်းပြန်ဖြေလိုက်သည်။