← Chapters

အခန်း (၁၀၉၈-၁၁၀၅)

Vol. 73 Ch. 1098-1105

အခန်း (၁၀၉၈-၁၁၀၅)

Vol. 73 Ch. 1098-1105

အခန်း ၁၀၉၈ ဝူမီနာ

ရှုကျင်းချန် ရယ်လိုက်ကာ၊ “ကောင်းတာပေါ့၊ လာ၊ ထိုင်ကြ!”

“ကျေးဇူးပဲ။” ကျီပိုင်ယင်းပြန်ပြောလိုက်သည်။

“ဟိုင်း၊ ရှောင်းထင်၊ ဒီဘက်က?” လင်ရှောင်းထင် အခန်းထဲဝင်လာသည်နှင့် စုန့်ဟောက်ယွီ မတ်တပ်ထရပ်လိုက်သော်လည်း လင်ရှောင်းထင်ဘေးတွင်ရပ်နေသည့် မိန်းမငယ်လေးအကြောင်း အရမ်းသိချင်လာသည်။ ထိုကောင်မလေးနဲ့လင်ရှောင်းထင်တို့က သမီးရည်းစားတွေများဖြစ်နေမလားဟု ထင်မိသော်လည်း မဖြစ်နိုင်ဟုလဲ တွေးမိပြန်သည်။

သို့သော်လည်း လင်ရှောင်းထင် ဘာမှပြန်မဖြေနိုင်သေးခင်မှာပဲ ရှုကျင်းချန်က ကြားဖြတ်ပြောလာသည်။ “ဒီအတွက် ကျွန်တော့်ကိုမိတ်ဆက်ခွင့်ပြုပါ။ ဒါကတော့ ငါတို့ဗိုလ်ချုပ်ကြီးလင်ရဲ့ချစ်သူကောင်မလေးပဲ!”

“ဘာ?” စုန့်ဟောက်ယွီ အံ့ဩလွန်း၍ မျက်လုံးများပင်ပြူးကျယ်သွားတော့သည်။

“ဟိုင်း၊” ကုနင်း သူ့ကိုပြုံးပြကာ နှုတ်ဆက်လိုက်သည်။

“အိုး၊ ဟိုင်း။”

“ဟုတ်ပြီ၊ အားလုံးထိုင်ကြပါတော့။” ရှုကျင်းလင်ပြောလိုက်တာကြောင့် အားလုံးနေရာယူဝင်ထိုင်လိုက်ကြသည်။

“ကုနင်း၊ မစ္စကျီ၊ ဒီဘက်က စုန့်ဟောက်ယွီ၊ ကုကျီချွမ်နဲ့ ကျွန်တော့်အစ်ကို ရှုကျင်းလင်။” ရှုကျင်းချန်က မိတ်ဆက်ပေးလာသည်။

“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။”

“ဒီဘက်ကတော့ ရှောင်းထင်ရဲ့ချစ်သူ ကုနင်း၊ ဒီဘက်ကတော့ ငါတို့ညီအစ်ကိုရဲ့ညီမ ကျီပိုင်ယင်း။”

“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကု၊ မစ္စကျီ။”

“ဟုတ်ပြီ၊ အားလုံး သောက်ကြရအောင်!” ရှုကျင်းချန်ကစလိုက်ကာ သူ့ခွက်ကိုမြှောက်လိုက်သည်။

အားလုံးဝိုင်နီကိုသာသောက်ကြတာကြောင့် တစ်ငုံသာသောက်ကြသည်။

“မင်းတို့ဘယ်တော့ ပြိုင်ကြမှာလဲ? အခုလား၊ ခဏနေမှလား?” ရှုကျင်းချန်မေးလိုက်တာကြောင့် စုန့်ဟောက်ယွီက၊ “သူတို့အခုမှရောက်တာလေ၊ ခဏလောက်နားခိုင်းလိုက်ပါဦး။”

ပြိုင်ပွဲ? ဘာပြိုင်ကြမှာလဲ?

ကုနင်း နားမလည်စွာဖြင့် လင်ရှောင်းထင်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ထုတ်မမေးခဲ့ပေ။

ကုနင်းမမေးသော်လည်း လင်ရှောင်းထင် သူ့စိတ်နှင့်သူရှင်းပြလာခဲ့သည်။ “ကိုယ်တို့ အတိုက်အခိုက်ပြိုင်ပွဲတစ်ခုလုပ်မလို့။”

“အေးဆေးပါ၊ ကုနင်း၊ ဒါမျိုးအမြဲလုပ်နေကျ၊ ရှောင်းထင်လဲ တစ်ခါမှမရှုံးဖူးဘူး။” လင်ရှောင်းထင်အတွက် ကုနင်းစိုးရိမ်နေမည်စိုး၍ ရှုကျင်းချန် ဝင်ပြောလာသည်။

တကယ်တမ်း ကုနင်းက လင်ရှောင်းထင်၏အရည်အချင်းကို ယုံကြည်တာကြောင့် မစိုးရိမ်ခဲ့ပေ။ ဒါ့အပြင် အခုဆို သူမ၏မှော်စွမ်းအားကြောင့် လင်ရှောင်းထင်၏ကာယပိုင်းကပိုလို့သန်မာလာကာ ပုံမှန်ထက်ပိုမြန်မြန်လှုပ်ရှားနိုင်နေပြီဖြစ်သည်။

“ရှုကျင်းချန်၊ ငါဘယ်တုန်းကမှမနိုင်ဖူးဘူးဆိုပေမယ့် ငါ့မျက်နှာလေးလဲ နည်းနည်းပါးပါးထောက်ပါဦးလား?” စုန့်ဟောက်ယွီ မနေနိုင်စွာပြောရတော့သည်။

“လိုလို့လား? ဘာပဲဖြစ်ဖြစ် မင်းရှုံးဦးမှာပဲကို။” ရှုကျင်းချန် မျက်စံကိုသာလှည့်လိုက်တော့သည်။

“မင်းလဲ အရှုံးသမားပဲ။”

သူတို့ခဏတဖြုတ်လောက်သာ အချေအတင်ပြောနေကြပြီး ရပ်သွားကြသည်။

“ကြာနေရင် အများကြီးသောက်မိသွားလိမ့်မယ်၊ အခုပဲပြိုင်လိုက်ကြတာမကောင်းဘူးလား?” လင်ရှောင်းထင် ထရပ်လိုက်သည်။

“ကောင်းတာပေါ့!” စုန့်ဟောက်ယွီ ချက်ချင်းပင် သဘောတူလိုက်သည်။

သူတို့တိုက်ခိုက်ကြမည်ဖြစ်တာကြောင့် အထူးကိုယ်ခံပညာခန်းသို့သွားဖို့လိုပေသည်။

စုန့်ဟောက်ယွီက သူတို့အတွက် ဗီအိုင်ပီကိုယ်ခံပညာခန်းတစ်ခန်း ကြိုတင်ငှားထားပြီးဖြစ်သည်။ သူတို့အခုရှိနေသည့် သီးသန့်ခန်းသည် တတိယလွှာတွင်ရှိကာ ကိုယ်ခံပညာခန်းကတော့ ပထမလွှာတွင်ဖြစ်သည်။

“အိုး၊ ဟိုင်း၊ ကျင်းချန်!”

သူတို့ပထမလွှာသို့ရောက်ချိန်မှာပဲ ခန်းမလယ်ဘက်မှ အံ့အားသင့်နေသည့်အမျိုးသမီးသံတစ်သံထွက်ပေါ်လာခဲ့သည်။ သူတို့လှည့်ကြည့်လိုက်ချိန်မှာတော့ သူတို့ရှိရာသို့ ငယ်ရွယ်လှပသည့်အမျိုးသမီးတစ်ဦးလာနေသည်ကို တွေ့လိုက်ရလေသည်။

သို့သော်လည်း ရှုကျင်းချန်ကိုကြည့်ရတာတော့ သူမကိုတွေ့လိုက်ရ၍ ပျော်ရွှင်သွားပုံမရပေ။ “ဟိုင်း၊ မစ္စဝူ။”

“ကျင်းချန်၊ တိုက်ဆိုင်လိုက်တာ!” ဝူမီနာပြောရင်း ရှုကျင်းချန်ကိုပါမြင်သွားတာကြောင့် လှည့်နှုတ်ဆက်လိုက်သည်။ “အိုး၊ ဟိုင်း၊ တွေ့ပြန်ပြီနော်၊ ကျင်းလင်။”

“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စဝူ။” ရှုကျင်းလင်ကတော့ ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်လေသည်။

နှုတ်ဆက်ပုံအရကြည့်လျှင် ရှုကျင်းချန်ရော ရှုကျင်းလင်ပါ ဝူမီနာနှင့်မရင်းနှီးဘဲ သူမနှင့်ခပ်ခွာခွာနေလိုသည့်ပုံတောင်ပေါက်နေသေးသည်။

လင်ရှောင်းထင်နှင့်စုန့်ဟောက်ယွီတို့ကို ဝူမီနာမသိသော်လည်း သူတို့ရုပ်ရည်ကြောင့် သဘောကျသွားသည်။ ဒီလိုကြည့်ကောင်းသည့်အမျိုးသားတွေအများကြီးနဲ့တွေ့လိုက်ရသည့်အတွက် ဒီနေ့ သူမတော်တော်လေးကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။

“မစ္စဝူ၊ ကျွန်တော်တို့သွားရတော့မယ်။ စိတ်မကောင်းပါဘူး။” ရှုကျင်းချန်က ဝူမီနာ၏အတွေးများကို ဖြတ်လိုက်သည်။

“ဘာ?” ထိုတော့မှ ဝူမီနာအသိစိတ်ပြန်ဝင်လာကာ ပြန်မေးလိုက်သည်။ “ဒီလောက်အစောကြီးရှိသေးတာ ဘာလို့ပြန်မှာတုန်း?”

“မီနာ၊ ဒီလူချောတွေအားလုံး နင့်သူငယ်ချင်းလား? ငါတို့နဲ့ဘာလို့မိတ်မဆက်ပေးတာလဲ?” ထိုအချိန်မှာပဲ နောက်ထပ်အမျိုးသမီးနှစ်ဦးက ဝူမီနာရှိရာသို့ရောက်လာပြန်သည်။

“လာပါ၊ ဒီညအတူတူပျော်ကြရအောင်!” တစ်ယောက်ကပြောလိုက်သည်။

ထိုအမျိုးသမီးနှစ်ယောက်လုံး၏ပုံစံက မြူဆွယ်နေမှန်းသိသာလှသည်။

“တိတ်တိတ်နေကြစမ်း!” ရှုကျင်းချန် စိတ်အနှောင့်အယှက်ဖြစ်သွားမည်စိုး၍ ဝူမီနာ ဟောက်လိုက်သည်။

“ကျင်းချန်၊ ငါတောင်းပန်ပါတယ်။ သူတို့ကစနေရုံပါ။ စိတ်မဆိုးနဲ့နော်။”

အမျိုးသမီးနှစ်ယောက်လုံး ချက်ချင်းပါးစပ်ပိတ်သွားကြသည်။ သူတို့ ဝူမီနာကို စိတ်မဆိုးသော်လည်း ဘာကြောင့်များ ဝူမီနာ ဒီလောက်ထူးထူးဆန်းဆန်းပြုမူနေသလဲကိုတော့ နားမလည်နိုင်ဖြစ်နေကြသည်။ ကြည့်ရတာ ဝူမီနာက ဒီတစ်ယောက်ကို သဘောကျနေတာများလား။

ရှုကျင်းချန်သည်လဲ အလွန်ခန့်ညားသူတစ်ယောက်ပင်ဖြစ်တာကြောင့် သူ့ကိုသဘောကျမိသည်ဆိုလျှင်လဲ ပုံမှန်သာဖြစ်သည်။

“မစ္စဝူ၊ ကျွန်တော်စိတ်မဆိုးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့အခု သွားရတော့မယ်။” ရှုကျင်းချန်ထပ်ပြောလိုက်သည်။

“ဟုတ်ပါပြီ၊” ဝူမီနာစိတ်ပျက်သွားရသော်လည်း ရှုကျင်းချန်ကို မတားနိုင်ခဲ့ပေ။

ထို့နောက် ရှုကျင်းချန်တို့အဖွဲ့ သူ့မြင်ကွင်းကပျောက်သွားသည်အထိ လိုက်ကြည့်နေခဲ့သည်။

“သူတို့ဘယ်သူမှန်း နင်တို့သိလို့လား? သူ့ကိုများ နင်တို့ဘယ်လိုပုံစံမျိုးနဲ့စကားပြောလိုက်တာလဲ?” ဝူမီနာ သူမဒေါသတွေကို ဘေးကသူငယ်ချင်းများသို့ ပုံချလိုက်တော့သည်။

ရှုကျင်းချန်တို့အဖွဲ့ထွက်သွားသည်နှင့် သူမ၏အမူအကျင့်က လုံးဝပြောင်းလဲသွားခဲ့လေသည်။

***

အခန်း ၁၀၉၉ ကုနင်းနဲ့တစ်ပွဲလောက်ချမလား?

“သူကဘယ်သူလဲ?” ဝူမီနာ၏သူငယ်ချင်းက စိတ်မဆိုးဘဲ စပ်စပ်စုစုတေင်ပြန်မေးလိုက်သေးသည်။

“သူက သခင်လေးရှု၊ ငါအရင်ကပြောဖူးတာကော!” ဝူမီနာ ဒေါသတကြီးပင်ပြန်ပြောလိုက်သည်။

“ဘာ?”

ဝူမီနာ၏အပြောကြောင့် အမျိုးသမီးနှစ်ယောက်လုံး အံ့ဩသွားကြတော့သည်။

“ဝိုး၊ သူကသခင်လေးရှုလား? လူချမ်းသာမိသားစုရဲ့ ခန့်ညားချောမောတဲ့လူငယ်မျိုးဆက်ထဲမှ တကယ့်ကိုစံနမူနာကောင်းပဲ! နင်သူ့ကိုမမေ့နိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။”

“ငါသာနင်ဆိုလဲ မေ့နိုင်မှာမဟုတ်ဘူး။”

“ဟမ်း၊ သူက ငါ့ကိုစိတ်မဝင်စားဘူး။” ဝူမီနာ ချက်ချင်းဝမ်းနည်းပုံပေါက်သွားသည်။ သူမက တုံးအသူလဲမဟုတ်တာကြောင့် ရှုကျင်းချန် သူမကိုမကြိုက်ကြောင်း ခံစားမိပေသည်။

တကယ်တော့ ဝူမီနာ၏မိသားစုနှင့်ရှုမိသားစုသည် စီးပွားရေးပါတနာများဖြစ်တာကြောင့် အချင်းချင်းသိကြသော်လည်း မရင်းနှီးကြပေ။

ရှုကျင်းချန်၏ရုပ်ရည်နှင့် မိသားစုနောက်ခံကြောင့် သူ့ကိုတွေ့တွေ့ချင်း ဝူမီနာ ချစ်မိသွားခဲ့သည်။ ရှုကျင်းချန်အကြောင်းတွေ သူမသိပ်မသိသော်လည်း သဘောကျနေမိတုန်းပင်။

“မဟုတ်သေးဘူး၊ သူငါ့ကိုချစ်လာအောင်လုပ်နိုင်မယ့် နည်းလမ်းရှာရမယ်။ ငါလဲ ထူးချွန်တဲ့မိန်းမတစ်ယောက်ပဲ။ ငါကသူနဲ့မထိုက်တန်ဘူးလို့တော့ မထင်ဘူး။” ဝူမီနာ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်သည်။

ဝူမီနာသည် အမှန်ကိုစွဲလမ်းနေမိတာကြောင့် လက်မလျှော့ချင်ဖြစ်နေသည်။

ဝူမိသားစုသည် ရှုမိသားစုကို မယှဉ်နိုင်သော်လည်း မြို့တော်တွင် လူသိများသည် ချမ်းသာသောမိသားစုကြီးဖြစ်နေတုန်းပင်။

“မီနာ၊ ငါတို့နင့်ကိုယုံတယ်။ နင်လုပ်နိုင်မှာပါ!” ဝူမီနာ၏သူငယ်ချင်းများက ဖြစ်နိုင်ချေရှိသည်ဟု မထင်ကြသော်လည်း ချက်ချင်းအားပေးစကားပြောလာသည်။

ရှုကျင်းချန်သည် ရှာမရှားသည့်အရည်အချင်းရှိသူတစ်ဦးဖြစ်ကာ သူ့ကိုသဘောကျနေသည့်လူတွေကလဲ မရေမတွက်နိုင်အောင်ရှိသည်။ ဝူမီနာသည် အမှန်ကိုဆွဲဆောင်မှုရှိသည့်အမျိုးသမီးတစ်ယောက်ဆိုသော်လည်း မြို့တော်မှာ သူမထက်ပိုပြီးဆွဲဆောင်မှုရှိသည့်အမျိုးသမီးတွေမှ အများကြီးရှိနေတုန်းပင်။ ဒါ့အပြင် ရှုကျင်းချန်ကို ဝူမီနာသိတာ တော်တော်ကြာနေပြီဖြစ်သည်။ ရှုကျင်းချန်သာ သူမကိုသဘောကျပါက ဒီအချိန်လောက်ဆို တွဲနေကြရောပေါ့။

……

ရှုကျင်းချန် ဝူမီနာနှင့်စကားမပြောချင်တာကြောင့် ကိုယ်ခံပညာအခန်းသို့ မြန်မြန်လေးထွက်လာခဲ့သည်။

မကြာခင်မှာပဲ ပြိုင်ပွဲစတင်လေသည်။

အထူးတပ်ဖွဲ့ဝင်စစ်သားနှစ်ယောက်ကြားက ပြိုင်ပွဲဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။ နှစ်ယောက်လုံးသည် လျင်မြန်ဖြတ်လတ်ကြကာ စုန့်ဟောက်ယွီသည်လဲ လင်ရှောင်းထင်နှင့်ထပ်တူ သန်မာသည်ဟု ထင်ရသည်။

သို့သော်လည်း ကုနင်းကတော့ စုန့်ဟောက်ယွီသည် လင်ရှောင်းထင်ကိုမယှဉ်နိုင်ကြောင်း သေချာသိနေသလို တခြားလူတွေလဲ အလားတူပင်တွေးကြသည်။

အတိုက်အခိုက်ပညာရပ်အကြောင်း သူတို့နက်နက်နဲနဲမသိရင်တောင်မှ လင်ရှောင်းထင်သည် စုန့်ဟောက်ယွီထက်ပိုတော်တာ သိသာနေစဲဖြစ်သည်။

အချိန်အတော်ကြာပြီးနောက်မှာတော့ လင်ရှောင်းထင်ကို အနိုင်ပိုင်းနိုင်ဖို့ခက်ခဲမှုနှုန်းက ပိုပိုတိုးလာကြောင်း စုန့်ဟောက်ယွီ သိရှိသွားတော့သည်။ လင်ရှောင်းထင်၏ တိုးတက်မှုမြန်ဆန်သည့်အပေါ်လဲ သူအံ့ဩမိရသည်။ သူ့အရည်အချင်းကိုသာ အရမ်းမြန်မြန်တိုးတက်လာခဲ့သည်ဟု တွေးထားခဲ့သော်လည်း ကြည့်ရတာ သူတို့ကြားက ကွာဟချက်က များနေတုန်းပင်။

မကြာခင်မှာပဲ စုန့်ဟောက်ယွီကို လင်ရှောင်းထင် အပြည့်အဝထိန်းချုပ်လိုက်နိုင်သည်။ ဒါက အပျော်သဘောပြိုင်ပွဲဖြစ်တာကြောင့် ထိန်းချုပ်နိုင်သည်နှင့် ချက်ချင်းရပ်လိုက်ကြသည်။

“ရှောင်းထင်၊ မင်းဘာတွေများစားပြီး ဘာတွေများလုပ်ခဲ့တာလဲ? မင်းရဲ့တိုးတက်မှုက အံ့မခမ်းပဲ!” စုန့်ဟောက်ယွီ မနေနိုင်စွာထုတ်ပြောလိုက်သည်။

လင်ရှောင်းထင် အမှန်ကိုပဲ ထူးခြားသည့်အရာတစ်မျိုးကိုစားခဲ့တာပေမယ့် စုန့်ဟောက်ယွီကိုတော့ အမှန်အတိုင်းမပြောပြနိုင်ပေ။

“ဟ-ဟ၊ ငါမှော်ဆေးလုံးတွေစားထားတာလေ။” ထိုစကားကို ကုနင်းကလွဲလို့ ဘယ်သူမှယုံကြည်မည်မဟုတ်မှန်း သိနေတာကြောင့် လင်ရှောင်းထင် စနောက်လိုက်သည်။

စုန့်ဟောက်ယွီသည်လဲ ရယ်ရုံသာရယ်တော့သည်။

“ဟ-ဟ၊ ဟ-ဟ၊ စုန့်ဟောက်ယွီ၊ မင်းရှုံးပြန်ပြီ!” ရှုကျင်းချန်က စုန့်ဟောက်ယွီ ရှုံးသွားသည့်အပေါ် အတော်လေးဝမ်းသာအားရဖြစ်နေပုံပင်။

ဒီရလဒ်က အံ့ဩစရာတော့မကောင်းပေ။ စုန့်ဟောက်ယွီ နိုင်သွားခဲ့လျှင်သာ အလွန်အံ့ဩဖို့ကောင်းနေလိမ့်မည်။

“အဲ့တော့ဘာဖြစ်လဲ? မင်းဆို ပြိုင်တောင်မပြိုင်ရဲဘူးမလား၊ ငါက မင်းထက်တော့ ပိုသာသေးတယ်။”

“မင်း…” ရှုကျင်းချန် စိတ်တိုသွားသော်လည်း ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိခဲ့ပေ။

“ငါမလက်မလျှော့ဘူး။ နောက်တစ်ကြိမ်ကျ ထပ်ပြိုင်ကြမယ်။” စုန့်ဟောက်ယွီပြောလိုက်တာကို လင်ရှောင်းထင်ကလဲ သဘောတူလေသည်။ “ကိစ္စမရှိဘူး။”

ရှုကျင်းချန်မှာ စုန့်ဟောက်ယွီကို လှောင်ချင်သေးသော်လည်း စုန့်ဟောက်ယွီက သူ့ကိုပြန်ရယ်လာမည်စိုးတာကြောင့် ပြောချင်သည့်စကားလုံးတွေကို ပြန်မြိုချထားလိုက်ရသည်။ သို့သော်လည်း စုန့်ဟောက်ယွီ လက်မလျှော့သေးသည့်အတွက် သူနေမထိထိုင်မသာဖြစ်နေမိတုန်းပင်။ ကုနင်းသာ သူ့ကိုအလွယ်လေးအနိုင်ယူနိုင်သွားရင် စုန့်ဟောက်ယွီ ဝမ်းနည်းစိတ်ပျက်သွားမလား သူသိချင်လာမိသည်။

ထိုသို့တွေးမိသည်နှင့် ရှုကျင်းချန် ချက်ချင်းအကောင်အထည်ဖော်တော့သည်။ “စုန့်ဟောက်ယွီ၊ မင်းခဏလောက်နားပြီးရင် ကုနင်းနဲ့တစ်ပွဲလောက်ချကြည့်ရင်မကောင်းဘူးလား?”

ရှုကျင်းချန် ပြောပြီးပြီးချင်း သူမပြောသင့်တာပြောမိမှန်း အမှတ်ရသွားကာ လင်ရှောင်းထင်များ စိတ်တိုသွားမလားသိရအောင် မသိမသာလေးလှမ်းကြည့်လိုက်သည်။

ကုနင်းသည် လင်ရှောင်းထင်ထက်ပိုတော်မှန်း သူတို့မသိတာကြောင့် စုန့်ဟောက်ယွီနှင့်သာ သူမပြိုင်လျှင် အနာတရဖြစ်သွားနိုင်သည်ဟု တွေးနေကြသည်။

ကံကောင်းစွာဘဲ လင်ရှောင်းထင်က တည်ငြိမ်နေလေသည်။

တစ်ချိန်တည်းမှာပဲ ကုနင်းကတော့ စိတ်ဝင်စားသွားသည်။

ကုနင်းသည် အားနွဲ့သည့်မိန်းကလေးမဟုတ်မှန်း လင်ရှောင်းထင်သိနေကာ ဒါကလဲ အပျော်သဘောပြိုင်ပွဲမျှသာဖြစ်တာကြောင့် သူမထိခိုက်လိမ့်မည်မဟုတ်ပေ။

သို့ပေမည့် စုန့်ဟောက်ယွီနှင့် ကုကျီချွမ်တို့ကတော့ အံ့ဩသွားကာ ရှုကျင်းချန်နှင့်ကုနင်းတို့ကို ကြည့်လိုက်ကြသည်။ ရှုကျင်းချန် တကယ်ကြီးပြောနေတာလို့ သူတို့မယုံနိုင်ကြပေ။

ဘာပဲဖြစ်ဖြစ် ကုနင်းက ပိန်ပိန်သေးသေးကောင်မလေးတစ်ယောက်မဟုတ်လား၊ ဒီလိုအတိုက်အခိုက်ပြိုင်ပွဲမျိုးမှာ သန်မာသည့်ယောက်ျားတစ်ယောက်ကို သူမအနိုင်ယူနိုင်မည်ဟု သူတို့မထင်မိပေ။

တကယ်တော့ စုန့်ဟောက်ယွီနှင့်ကုကျီချွမ်ကလွဲလို့ ဘယ်သူကမှ ထိုအကြံကိုမှားနေသည်ဟု မထင်ကြပေ။ စုန့်ဟောက်ယွီကို ကုနင်းအနိုင်ယူနိုင်မည်ဟု သူတို့မသေချာကြသော်လည်း ဆိုးဆိုးရွားရွားရှုံးသွားမည်မဟုတ်မှန်းတော့ သိကြလေသည်။

***

အခန်း ၁၁၀၀ စုန့်ဟောက်ယွီကို အနိုင်ယူခြင်း

“ရှုကျင်းချန်၊ ငါကြားတာ ဟုတ်ရောဟုတ်ရဲ့လား? မင်းက ငါ့ကိုမစ္စကုနဲ့တစ်ပွဲတိုက်ခိုင်းနေတာလား?” စုန့်ဟောက်ယွီ အံ့အားသင့်စွာမေးလိုက်သည်။

“ဟုတ်တယ်လေ။” ရှုကျင်းချန်ပြန်ပြောလိုက်ပြီးကာမှ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားကာ၊ “ကုနင်း၊ မင်းတိုက်ချင်လား?”

လင်ရှောင်းထင်ကတော့ သဘောတူထားပေမည့် ကုနင်း၏အတွေးကိုလဲ မေးဦးမှဖြစ်ပေမည်။

“တိုက်ချင်တာပေါ့။” ကုနင်း အမှန်ကိုစိတ်ပါလက်ပါပြန်ဖြေလိုက်သည်။

စုန့်ဟောက်ယွီ တစ်ခုခုပြန်ပြောချင်သော်လည်း ကုနင်းကတောင် လက်ခံပြီးနေပြီဖြစ်တာကြောင့် သူ့ကိုမကြောက်ဘူးဟု ဆိုလိုနေ၍ ဘာပြောလို့ပြောရမှန်းမသိတော့ပေ။ ဒါပေမယ့် ကုနင်း တကယ်ပဲတိုက်ရည်ခိုက်ရည်ကောင်းလားဆိုသည်ကိုလဲ သူသိချင်မလာသည်။

သူမကြည့်ရတာ အခုမှကျောင်းသူငယ်လေးတစ်ယောက်လောက်သာရှိသေးပြီး သူကတော့ အထူးတပ်ဖွဲ့က စစ်သားတစ်ယောက်ဖြစ်နေပေပြီ။ သူသာရှုံးသွားရင်တော့ အရမ်းရှက်ဖို့ကောင်းမှာပဲ။ ကောင်မလေးတစ်ယောက်ကို ရှုံးမည့်အကြောင်းတွေးမိလိုက်သည်နှင့် စုန့်ဟောက်ယွီ စိုးရိမ်စိတ်များဝင်လာသော်လည်း အတတ်နိုင်ဆုံးစိတ်ကိုထိန်းချုပ်လိုက်သည်။

လင်ရှောင်းထင်ကိုတောင် စိန်ခေါ်ရဲတဲ့သတ္တိသူ့မှာရှိမှတော့ ကောင်မလေးတစ်ယောက်ကို စိန်ခေါ်ဖို့ဆိုလဲ တည်ငြိမ်နေသင့်သည်။

အချိန်ခဏလောက်ယူပြီးနောက် စုန့်ဟောက်ယွီ သူ့စိတ်အခြေအနေကို ထိန်းညှိနိုင်သွားသည်။

တခြားလူတွေအားလုံးကတော့ သူတို့လွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်အောင် နေရာလွတ်ထားပေးကြသည်။

“ငါတို့လောင်းကြရင်မကောင်းဘူးလား?” ရုတ်တရက် ရှုကျင်းချန် စကားစလာပြန်သည်။

“ငါ နင်းနင်းနိုင်မယ့်ဘက်ကလောင်းမယ်။” ချက်ချင်းပင် လင်ရှောင်းထင်ပြောလိုက်သည်။ ကုနင်းအနိုင်ရမည်ဟု သူယုံကြည်ချက်အပြည့်ရှိပေသည်။

“ငါရောပဲ၊ ဒါပေမယ့် ဘာနဲ့လောင်းမှာလဲ?” ကျီပိုင်ယင်းမေးလိုက်သည်။

“ရှုံးတဲ့လူက နိုင်တဲ့သူကိုဒီနေ့ညစာကျွေးရမယ်၊ နိုင်တဲ့သူက သူ့စိတ်ကြိုက်စားချင်တာ ရွေးပိုင်ခွင့်ရှိမယ်။” ရှုကျင်းချန် သတ်မှတ်ပေးလိုက်သည်။ အားလုံးက ချမ်းသာသည့်လူငယ်တွေချည်းဖြစ်တာကြောင့် ဒီလောင်းကြေးကို အပျော်သဘောဟုသာ မှတ်ယူ၍ရပေသည်။

“ငါလဲ ကုနင်းနိုင်မယ့်ဘက်ကလောင်းမယ်။” ချန်းမင်ပြောလိုက်သည်။

“ငါရောပဲ!” ရှုကျင်းလင်ကတော့ လင်ရှောင်းထင်ကြောင့် ကုနင်းဘက်ကလောင်းလိုက်ခြင်းပင်။

“ကျီချွမ်၊ မင်းကရော?” ရှုကျင်းချန်မေးလိုက်သည်။

“ငါကတော့ ဟောက်ယွီဘက်က။” ကုကျီချွမ်သည် စုန့်ဟောက်ယွီ၏သူငယ်ချင်းဖြစ်တာကြောင့် သေချာပေါက် သူ့သူငယ်ချင်းဘက်ကလောင်းပေးသည်။

“ဟုတ်ပြီ၊ ငါလဲ ကုနင်းနိုင်မယ့်ဘက်ကလောင်းမယ်။ ကြည့်ရတာ ဟောက်ယွီ နိုင်မယ်လို့ယုံတာ ကျီချွမ်တစ်ယောက်တည်းရှိပုံပဲ။” ရှုကျင်းချန် အရမ်းပျော်ရွှင်နေသံကြီးဖြင့်ပြောလိုက်သည်။

“ရှုကျင်းချန်၊ မင်းတမင်လုပ်တာမဟုတ်လား?” ဒီတော့မှ စုန့်ဟောက်ယွီခဗျာ ထောင်ချောက်မိသွားပြီဟု ခံစားလိုက်ရတော့သည်။

“အဲ့တော့?” ရှုကျင်းချန် တမင်ကိုရန်စသည့်အသံဖြင့်ပြောလိုက်သည်။ သူတို့တွေက သူငယ်ချင်းကောင်းတွေချည်းဖြစ်တာကြောင့် စုန့်ဟောက်ယွီ သူ့ကိုတကယ်စိတ်ဆိုးသွားမည်အား မစိုးရိမ်ခဲ့ပေ။

ကောင်လေးတွေအချင်းချင်းစနောက်နေသည်ကိုမြင်ပြီး ကုနင်းရယ်ချင်မိသွားသည်။ ဒါတင်မကသေး ရှုကျင်းချန်နှင့်စုန့်ဟောက်ယွီတို့ကို တကယ်လိုက်ဖက်ညီသည့်အတွေးဟုပင် မနေနိုင်ဘဲတွေးမိသွားသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာပဲ သူမအတွေးကိုသူမထိတ်လန့်သွားရသည်။ ဘယ်လိုလုပ် သူတို့တွေက လိင်တူစုံတွဲဖြစ်နိုင်မှာလဲ?

ကုနင်း ထိုအကြောင်းဆက်ပြီး မတွေးကြည့်ရဲတော့ပေ။

မကြာခင်မှာပဲ ကုနင်းနှင့်စုန့်ဟောက်ယွီတို့၏ပြိုင်ပွဲကို စတင်လေသည်။

“မစ္စတာစုန့်၊ ကျွန်မက မိန်းကလေးဆိုပြီး ညှာတာမနေပါနဲ့။ ဒါကပြိုင်ပွဲဆိုမှတော့ ကိုယ့်အရည်အချင်းအစစ်အမှန်ကို ထုတ်သုံးကြတာပေါ့။” ကုနင်းပြောလိုက်သည်။

“ကိစ္စမရှိဘူး။” စုန့်ဟောက်ယွီလဲ လက်ခံလိုက်လေသည်။ ကုနင်းတောင် လက်ခံနိုင်မှတော့ သူလဲ သူ့အရည်အချင်းအစစ်အမှန်အတိုင်း ထုတ်ပြပေတော့မည်။

ထို့နောက် စတင်တိုက်ခိုက်ကြလေသည်။

အစပိုင်းမှာတော့ ကုနင်း မှော်စွမ်းအားအကူအညီ မယူခဲ့ပေ။ သို့သော်လည်း သူမကို အနိုင်ရစေချင်သည့်လူက များနေတာကြောင့် သူတို့ကိုစိတ်မပျက်သွားစေလိုပြန်ပေ။ သူမသာ သူမကိုယ်ပိုင်ခွန်အားကိုပဲသုံးပြီး ပြိုင်နေမည်ဆိုလျှင် ရှုံးသွားနိုင်တာကြောင့် မှော်စွမ်းအားကို ထုတ်သုံးရပေတော့မည်။

အစပိုင်းတွင် နှစ်ဖက်လုံးက အချင်းချင်းအကဲစမ်းသည့်သဘောနှင့်သာ တိုက်ခိုက်နေကြခြင်းဖြစ်၍ အားအကုန် ထုတ်မသုံးခဲ့ကြပေ။

စုန့်ဟောက်ယွီ ဘယ်လောက်တော်မှန်း ကုနင်းသိသော်လည်း ကုနင်း ဘယ်လောက်ထိတော်မှန်းကိုတော့ စုန့်ဟောက်ယွီ မသိသေးပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ကုနင်းသည် မာစတာတစ်ယောက်အဆင့်မှန်း စုန့်ဟောက်ယွီ သိရှိသွားတာကြောင့် ပြိုင်ပွဲကို ပို၍စိတ်နှစ်ကာ စတင်တိုက်ခိုက်တော့သည်။

ကုနင်းသည်လဲ သူမခွန်အားကို ပိုပြီးထုတ်သုံးလာခဲ့သည်။ ပြိုင်ပွဲက ပြင်းထန်လာသည်နှင့် စုန့်ဟောက်ယွီသည်လဲ ကုနင်းကိုအံ့ဩလာမိကာ သူ့ထက် ကုနင်းကပိုတောင် တော်နေလောက်သည်ဟု ခံစားမိလာရသည်။

ကုကျီချွမ်သည်လဲ ကုနင်း၏တိုက်ခိုက်နိုင်စွမ်းအပေါ် အလွန်အံ့ဩနေခဲ့သည်။

၁၀မိနစ်ကြာပြီးသည် နှစ်ဖက်လုံး လက်ရည်တူသာဖြစ်နေသေးကာ ကုနင်းကလဲ မှော်စွမ်းအားကို ထုတ်မသုံးခဲ့သေးပေ။

ခဏအကြာတွင်တော့ ကုနင်းရော စုန့်ဟောက်ယွီပါ အားကုန်လာကြပေမည့် အနိုင်အရှုံးက မကွဲသေးပေ။

ကုနင်းကို စုန့်ဟောက်ယွီအတွက် ဒီလောက်အထိ အားစိုက်ရမည့်ပြိုင်ဘက်ကြီးဖြစ်နေမှန်း မသိကြတာကြောင့် အားလုံးအံ့အားသင့်လို့နေတော့သည်။

တကယ်တော့ ကုနင်းသာ မှော်စွမ်းအားကို ထုတ်သုံးလိုက်ပါက မိနစ်အနည်းငယ်အတွင်း ပြိုင်ပွဲကို အလွယ်တကူ အဆုံးသတ်ပစ်နိုင်ပေသည်။

“မိနစ်၂၀တောင်ရှိပြီကို အခုထိ သရေပဲ။ ကြည့်ရတာ ဒီတစ်ပွဲတော့ အနိုင်ရသူမရှိဘူးထင်တယ်။” ချန်းမင်ကပြောလိုက်သည်။

“လွယ်လွယ်မဆုံးဖြတ်နဲ့ဦး။” ကုနင်း အခုထိ အားကုန်ထုတ်မသုံးသေးမှန်း လင်ရှောင်းထင်သိနေလေသည်။ ကုနင်း၏မှော်စွမ်းအားအကြောင်းကိုတော့ သူမသိသေးသော်လည်း ကုနင်း ဒီထက်မက တိုက်ခိုက်နိုင်ကြောင်းကိုတော့ သိပေသည်။

ကုနင်းလဲ အမှန်ကို အနိုင်ယူလိုက်ချင်ပေမည့် သူမစိတ်ကျေနပ်တဲ့အထိ တိုက်ခိုက်ပြီးကာမှ ပွဲသိမ်းမည်ဖြစ်သည်။ သူမ ကျေနပ်လောက်သည်အထိတိုက်ခိုက်ပြီးနောက်မှာတော့ သူမအင်အားကိုပြန်ပြည့်သွားအောင် မှော်စွမ်းအားကို ရုတ်တရက်ထုတ်သုံးလိုက်ကာ စုန့်ဟောက်ယွီကို အလွယ်တကူ ထိန်းချုပ်လိုက်တော့သည်။

ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် လင်ရှောင်းထင်ကလွဲပြီး လူတိုင်းအံ့ဩသွားကြလေသည်။ အစကတည်းက ကုနင်းသူမအင်အားကို လျှိုထားသည်ဟုတောင် သူတို့တွေးလာမိတော့သည်။

တကယ်လဲ ကုနင်းသည် သူတို့တွေးထားတာတွေထက်ကို ပိုတော်သူဖြစ်သည်။

စုန့်ဟောက်ယွီမှာ အားကုန်နေပြီဖြစ်တာကြောင့် အလိုအလျောက်ပင် ရှုံးသွားတော့သည်။

အားလုံးအံ့ဩနေကာ ဖြစ်နိုင်ချေတစ်ခုကို မတွေးမိဘဲမနေနိုင်ကြတော့ပေ။ ကုနင်းက စုန့်ဟောက်ယွီကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ လင်ရှောင်းထင်ကိုဆိုရင်ရော?

***

အခန်း ၁၁၀၁ ပင်ပန်းသွားလား?

သူတို့ဘယ်လောက်ပဲ သိချင်နေကြပါစေ လင်ရှောင်းထင်က ကုနင်းကို ထိခိုက်မိမည်စိုး၍ သေချာပေါက် အားကုန်ထုတ်သုံးမည်မဟုတ်မှန်းကိုလဲ သိနေပြန်သည်။

ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ စုန့်ဟောက်ယွီ ရှုံးသွားပေပြီ။ စုန့်ဟောက်ယွီ တော်တော်လေးယူကျုံးမရဖြစ်နေကာ ဒါကပဲ ရှုကျင်းချန်မြင်ချင်နေသည့် ရလဒ်မှန်းလဲသိသွားတော့သည်။

“ဟ-ဟ၊ စုန့်ဟောက်ယွီ၊ မင်းရှုံးပြန်ပြီ!” ရှုကျင်းချန် အကျယ်ကြီးထရပ်တော့သည်။

“မင်းအသက်အရွယ်လေးနဲ့ ဒီလောက်တော်နေတာ ရူးလောက်တယ်။ ပြီးတော့ မိန်းကလေးလဲဖြစ်သေးတာကို!” စုန့်ဟောက်ယွီ၏ပြောစကားကြောင့် ကုနင်းပြုံးသာပြုံးနိုင်တော့သည်။ “ကျေးဇူးပါပဲ။”

“ပင်ပန်းသွားလား?” ချက်ချင်းဆိုသလိုပင် လင်ရှောင်းထင်လဲ ကုနင်းအနားသို့ရောက်လာကာ စိုးရိမ်တကြီးမေးလိုက်သည်။

“မပင်ပန်းပါဘူး။ အေးဆေးပဲ။”

သူမကတော့ လင်ရှောင်းထင်ကို နှစ်သိမ့်ပေးသည့်သဘောဖြင့်ပြောလိုက်သော်လည်း ထိုစကားက စုန့်ဟောက်ယွီကို အတော်လေးထိရှနာကျင်သွားစေလေသည်။ သူကတော့ အတော်လေးအမောဆို့မလိုဖြစ်နေပေမည့် ကုနင်းကကျ ပင်တောင်မပင်ပန်းဘူးတဲ့လား။ ကုနင်းတွင်က မှော်စွမ်းအင်ရှိတာကြောင့် မောပန်းသည်ဟု မခံစားရသည်က ပုံမှန်ပင်။

“မစ္စကု၊ မင်းကလေးဘဝကတည်းက လေ့ကျင့်ခဲ့တာလား? ကျွမ်းကျင်ပညာရှင်ရဲ့လေ့ကျင့်ပေးတာကိုကော ခံခဲ့ရတာလား?” စုန့်ဟောက်ယွီမေးလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မ အရင်က ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးတာခံခဲ့ရတယ်။”

ဒီတော့မှ စုန့်ဟောက်ယွီ ခံစားရသက်သာလာတော့သည်။ ကုနင်းက သာမာန်ကောင်မလေးတစ်ယောက်မဟုတ်ဘဲ ပြင်းထန်သည့်လေ့ကျင့်မှုမျိုးခံခဲ့ရတာကြောင့် သူရှုံးသွားသည့်အပေါ် ရှက်စရာမလိုတော့ပေ။ သို့သော်လည်း ရှက်စရာကိစ္စမဟုတ်ရင်တောင်မှ စိတ်ထဲကတော့ နာကျင်နေမိတုန်းပင်။

“ဟုတ်ပါပြီ၊ ငါတို့ သီးသန့်ခန်းကိုပြန်ကြရအောင်။” ရှုကျင်းချန်ပြောလိုက်ပြီးနောက် စုန့်ဟောက်ယွီနှင့်ကုကျီချွမ်တို့ဘက်လှည့်ကာ၊ “မင်းတို့ကျွေးရမှာကို မမေ့ကြနဲ့နော်။ အမ်… ငါတို့အတူစုဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ညစာအစား ညလယ်စာအဆာပြေစားတာအတွက် ပြောင်းလိုက်ရင်ပိုမကောင်းဘူးလား?”

“ကောင်းသားပဲ၊ ငါလက်ခံတယ်။” ကျီပိုင်ယင်း ချက်ချင်းပင် ထောက်ခံလိုက်ကာ အားလုံးကလဲ ဒီညအားနေကြတဖြစ်၍ သဘောတူကြသည်။

“ကောင်းပြီ၊ ဒီညမင်းတို့ကြိုက်ရာစား၊ ငါဒကာခံမယ်။” စုန့်ဟောက်ယွီပြောလိုက်ပြီးနောက် အားလုံး သီးသန့်ခန်းသို့ပြန်လာခဲ့ကြသည်။

……

နောက်ထပ်သီးသန့်ခန်းတစ်ခုထဲတွင်ထိုင်နေသည့် ဝူမီနာသည်လဲ သူတို့ကိုသတိထားမိသွားသည်။ ရှုကျင်းချန်ကိုမြင်လိုက်ရတာကြောင့် ဝူမီနာအံ့ဩသွားလေသည်။ အစက သူတို့ထွက်သွားကြပြီဟု ထင်ထားခြင်းဖြစ်သော်လည်း အခုပြန်လာကြတာလား။

ဒါကြောင့် ဝူမီနာ ဖုန်းပြောနေတာကိုချလိုက်ကာ ချက်ချင်းပင် ရှုကျင်းချန်ရှိရာသို့သွားလိုက်သည်။

ရှုကျင်းချန်ကတော့ ချက်ချင်းပင် စိတ်အနှောင့်အယှက်ဖြစ်သွားကာ ဝူမီနာနှင့် ထပ်ဆုံရသည့်အတွက် တော်တော်လေးကံဆိုးတာပဲဟုတောင် တွေးလိုက်မိသေးသည်။

“ဟိုင်း၊ ကျင်းချန်၊ ရှင်တို့ပြန်သွားပြီလို့ထင်လိုက်တာ။ ကျွန်မရဲ့သီးသန့်ခန်းထဲ လိုက်ခဲ့ပါလား?” ဝူမီနာ မျှော်လင့်တကြီးဖိတ်ကြားလိုက်သည်။

“ကျေးဇူးပါပဲ၊ မစ္စဝူ၊ ကျွန်တော်တို့ဒီမှာပဲ အဆင်ပြေပါတယ်။” ရှုကျင်းချန် ယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ်လိုက်သည်။

မမျှော်လင့်ထားသည့်အဖြေမျိုးမဟုတ်သော်လည်း ဝူမီနာကတော့ ရှုကျင်းချန်နှင့် ခဏလောက်စကားပြောခွင့်ရနိုင်မည့်အခွင့်အရေးကို လက်လွှတ်မခံလို၍သာ ပြောခဲ့ခြင်းဖြစ်သည်။

“အားလုံးသူငယ်ချင်းတွေချည်းပဲကို၊ အတူတူဆိုတော့ ပိုပျော်ဖို့ကောင်းတာပေါ့။” ဝူမီနာလက်မလျှော့သွားသေးပေ။

“ကျေးဇူးပါ၊ မလိုတော့ဘူး။”

“ကျင်းချန်၊ ရှင် ကျွန်မကိုဒီလောက်တောင် မုန်းတာလား?” ဝူမီနာ အတော်လေးစိတ်ထိခိုက်သွားလေသည်။

“မစ္စဝူ၊ ကျွန်တော် ခင်ဗျားကိုမမုန်းပါဘူး။ ကျွန်မကိုမစွပ်စွဲပါနဲ့။” ရှုကျင်းချန် သည်းခံနိုင်စိတ်များကုန်ဆုံးသွားပြီဖြစ်တာကြောင့် ဆက်ပြီးယဉ်ကျေးမနေနိုင်တော့ပေ။

“ရှင် ကျွန်မကိုမမုန်းဘူးဆို ဘာလို့ ကျွန်မနဲ့အပြင်ထွက်ဖို့ပြောတိုင်း ငြင်းနေရတာလဲ? ဘာလို့ ကျွန်မကိုအမြဲရှောင်နေရတာလဲ?” ဝူမီနာ အမှန်ကိုမတရားခံနေရဟန်ဖြင့်ပြောလိုက်သည်။

“ဒါတော့….” ရှုကျင်းချန် ဘာပြန်ပြောလို့ပြောရမှန်းမသိတော့ပေ။ ဝူမီနာကို သူ့သဘောထားအား အကြိမ်တိုင်းရှင်းရှင်းလင်းလင်း ချပြခဲ့ပြီးဖြစ်သော်လည်း ဝူမီနာဘက်က အခုထိလက်မလျှော့နိုင်သေးပေ။

ကျီပိုင်ယင်း ဆက်ပြီးရပ်ကြည့်မနေနိုင်တော့တာကြောင့် ဝူမီနာကိုတည့်တည့်စိုက်ကြည့်လိုက်ကာ၊ “မစ္စ၊ ရှင် ကျောင်းကောသွားခဲ့ရရဲ့လား? သူအခုပြောလိုက်တဲ့စကားကို သဘောမပေါက်ဘူးလား? ဒါဆိုလဲ ကျွန်မပဲရှင်းပြပါ့မယ်၊ သူက ရှင့်ကိုသဘောမကျဘူး။”

“နင်…” ဝူမီနာ ဒေါသထွက်သွားတော့သည်။ “နင်ကဘယ်သူမို့လို့လဲ?”

ကျီပိုင်ယင်း အကြံတစ်ခုပေါ်လာကာ ချက်ချင်း ရှုကျင်းချန်၏လက်မောင်းကို ဆွဲဖက်လိုက်ရင်း၊ “ကျွန်မက သူ့ကောင်မလေးလေ၊ ဒီတော့ ရှင်လက်လျှော့လိုက်တော့။ ကျွန်မလူကို ခိုးဖို့စိတ်တောင်မကူးနဲ့!”

ကျီပိုင်ယင်း၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ရှုကျင်းချန်အံ့ဩသွားသော်လည်း သူ့ကိုကူညီပေးနေမှန်းသိတာကြောင့် တားမနေတော့ပေ။

တခြားလူတွေလဲ ကျီပိုင်ယင်းက ရှုကျင်းချန်ကို တမင်သက်သက်ကူညီပေးနေခြင်းသာဖြစ်မှန်း သိကြပေမယ့် သူတို့ကို တော်တော်လေးလိုက်ဖက်သည်ဟု ခံစားနေကြရသည်။

ကျီပိုင်ယင်း၏သက်တော်စောင့်များဖြစ်သည့် မန်တနှင့်နန်တို့ကတော့ သူမပျော်နေသ၍ လွှတ်ပေးထားမှာပင်။ ရှုကျင်းချန်သာဆို ကျီပိုင်ယင်းအတွက် ရွေးချယ်မှုကောင်းဟုလဲ သူတို့တွေးမိကြသည်။

“နင်…” ဝူမီနာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးကျယ်နေတော့သည်။

ရှုကျင်းချန်မှာ ဘယ်တုန်းကချစ်သူရှိသွားတာလဲ? ဘာလို့ငါ့ကိုမပြောရတာလဲ?

ဝူမီနာ ငိုချင်လာကာ၊ “ကျင်းချန်၊ ရှင့်မှာချစ်သူရှိတာ ဘာလို့ကျွန်မကိုမပြောပြရတာလဲ?”

သူမအပြုအမူတွေအရ ရှုကျင်းချန်ကပဲ သူမအပေါ်ဖောက်ပြန်သွားသလို။

သူမ၏အမေးကြောင့် ရှုကျင်းချန် စိတ်တိုလာမိတော့သည်။ “မစ္စဝူ၊ ဒါ ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ။ မင်းကိုဘာလို့ပြောပြနေရမှာလဲ?”

***

အခန်း ၁၁၀၂ ငိုသွားရပြီ

“ကျွန်မ ရှင့်ကိုသဘောကျမှန်း ရှင်သိနေတာပဲ!” ဝူမီနာ အော်ဟစ်လိုက်တော့သည်။ သူမက သူ့ကိုသဘောကျနေတာကြောင့်ပဲ ရှုကျင်းချန်က သူမကိုတာဝန်ယူပေးသင့်သလိုဟန်။

ထိုအခါ ရှုကျင်းချန်ကလဲ၊ “ငါမင်းကို သဘောမကျမှန်း မင်းလဲသိနေတာပဲမဟုတ်ဘူးလား?”

“ကျွန်မ…” ဝူမီနာ ကြောင်အလို့သွားတော့သည်။ ရှုကျင်းချန် သူမကို သဘောမကျမှန်း သူမသိတာပေါ့၊ ဒါပေမယ့်လဲ သူမဘာသာ လက်မလျှော့သွားခြင်းဖြစ်သည်။ ရှုကျင်းချန် သူမကိုဘာလို့သဘောမကျမှန်း သူမနားလည်နိုင်ပေ။

“ကျွန်မကို ဘာလို့သဘောမကျရတာလဲ? ကျွန်မ ဘာတွေများလုံလုံလောက်လောက် မကောင်းလို့လဲ?”

တကယ်တမ်း ကျီပိုင်ယင်းက ရှုကျင်းချန်၏ချစ်သူပါလို့ပြောလာကတည်းက သူမကိုယ်သူမ ကျီပိုင်ယင်းနှင့် နှိုင်းယှဉ့်ကြည့်လိုက်သင့်သည်။

မိသားစုနောက်ခံအနေအထားချင်းပဲ ယှဉ်ကြည့်လျှင်တောင်မှ ဝူမီနာသည် ကျီပိုင်ယင်းကို ဘယ်လိုမှယှဉ်လို့မရနိုင်သေးပေ။

သူတို့ရုပ်ရည်သွင်ပြင်ကိုပဲယှဉ်ကြည့် ဝူမီနာထက် ကျီပိုင်ယင်းက သိသိသာသာ ပိုလှပပေမည့် ဝူမီနာကတော့ အမှန်တရားကို ငြင်းဆန်နေသည်။

“မစ္စဝူ၊ ငါမင်းကို မကြိုက်တာ မင်းရဲ့ပုံပန်းသွင်ပြင်တွေ မိသားစုနောက်ခံတွေနဲ့ တစ်ခုမှမဆိုင်ဘူး။ မင်းအပေါ်မှာ ခံစားချက်မရှိရုံပဲ။” ရှုကျင်းချန် အမှန်ကိုစိတ်မရှည်တော့ပေ။

တကယ်လဲ သူသာ မိန်းကလေးတစ်ယောက်ကိုကြိုက်မိနေသ၍ သူမလှသည်ဖြစ်စေ မိသားစုက ချမ်းသာသည်ဖြစ်စေ ဘာကိုမှဂရုစိုက်နေမည်မဟုတ်ပေ။ တကယ်လို့ သူသာ ထိုမိန်းကလေးကို သဘောမကျလျှင်လဲ သူမဘာသာ ဘယ်လောက်ပဲထူးချွန်ထက်မြက်နေပါစေ သူလက်ခံမည်မဟုတ်ပေ။

ဝူမီနာ ပြန်မပြောနိုင်တော့ပေ။ ရှုကျင်းချန်ကို သူမအားကြိုက်ပါဆိုပြီး ဖိအားပေးလို့ရတာမှမဟုတ်ဘဲ။ သူမအကြိမ်ပေါင်းမနည်းကြိုးစားခဲ့ပြီးဖြစ်ကာ ရလဒ်ကလဲ ဘယ်တော့မှမကောင်းခဲ့ပေ။

“မစ္စဝူ၊ ဒီကိစ္စကို ထပ်ပြီးအစမဖော်ပါနဲ့တော့။ ဒီကိစ္စကြောင့်နဲ့ ငါတို့မိသားစုတွေရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုပါ မဖျက်ဆီးပစ်ချင်ဘူး။” ရှုကျင်းချန် လေသံဖျော့ဖျော့နှင့်ပင် သတိပေးလိုက်သည်။

ဝူမိသားစုသည် ကဏ္ဍတော်တော်များများတွင် ရှု်မိသားစု၏အကူအညီကို လိုအပ်နေသည်။ ဝူမီနာသာ သူ့ကိုစိတ်အနှောင့်အယှက်ဆက်ပေးနေမည်ဆိုလျှင် သူမအပေါ် ဆက်ပြီးသက်ညှာပေးနေမည်မဟုတ်ပေ။

ဒါက နည်းနည်းတော့မောက်မာသွားပုံပေါက်သော်လည်း ဝူမီနာလက်ထဲကလွတ်ဖို့ဆို ဒီလောက်တော့လုပ်မှဖြစ်ပေမည်။

ဝူမီနာလဲ ကောင်းကောင်းနားလည်တာကြောင့် ချက်ချင်းကြောက်ရွံ့သွားလေသည်။ သူမကြောင့် သူမမိသားစုသာ တစ်ခုခုဖြစ်သွားပါက သူမမိဘတွေ သူမကိုမုန်းသွားပေလိမ့်မည်။ အဲ့လိုမျိုးတော့ သူမမဖြစ်ချင်ပေ။

“မင်းတို့ကို စောင့်နေစေမိပြီ။ အထဲဝင်ကြရအောင်!” ရှုကျင်းချန် ဝူမီနာကို လျစ်လျူရှုလိုက်ကာ သူ့သူငယ်ချင်းများနျင့်အတူ သီးသန့်ခန်းထဲသို့ဝင်သွားတော့သည်။

သီးသန့်ခန်းတံခါးပိတ်သွားသည်နှင့် ဝူမီနာ မတတ်သာစွာ ငိုမိလေသည်။

……..

သီးသန့်ခန်းထဲသို့ရောက်သည်နှင့် ကျီပိုင်ယင်း ချက်ချင်းပင် ရှုကျင်းချန်လက်မောင်းကို ကိုင်ထားသည့်လက်အား ပြန်ဖြုတ်လိုက်ကာ၊ “ဒီလိုမိန်းမတွေကိုဖြေရှင်းဖို့ဆို ရှင့်မှာချစ်သူရှိပါတယ်လို့ပြောလိုက်တာ အကောင်းဆုံးနည်းလမ်းပဲ။ သူသာရှက်တတ်ရင် ရှင့်နားကပ်တော့မှာမဟုတ်ဘူး။ ဒါတောင် မရှက်ဘူးဆိုရင်တော့ ကျွန်မလဲ မတတ်နိုင်ဘူး။”

ကျီပိုင်ယင်း သူ့လက်ကိုလွှတ်လိုက်ချိန်တွင် ရှုကျင်းချန် ရုတ်တရက် ဝမ်းနည်းသလိုခံစားလိုက်ရတာကြောင့် သူကိုယ်တိုင်ပင် အံ့ဩသွားရသည်။ ဘာလို့ သူကဝမ်းနည်းသွားရတာလဲ?

ရှုကျင်းချန် ထိတ်လန့်သွားသော်လည်း သူ့စိတ်သူအမြန်ပြန်ထိန်းလိုက်သည်။ “မစ္စကျီ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“မပြောပလောက်ပါဘူး။ ကျွန်မလဲ အဲ့မိန်းမကို သဘောမကျလို့။” ကျီပိုင်ယင်း လက်ကိုခါယမ်းလိုက်သည်။

ထို့နောက် အားလုံးထိုင်လိုက်ကာ ညစာစားသောက်ကြသည်။

ခဏအကြာမှာတော့ ကုနင်းထံသို့ ကေစာပို့လာသည်။ ကေက သုန်းဖန်းကျီယွီသည် ရှုမိသားစုပိုင် ကျင်းလင်ဟိုတယ်တွင် တည်းခိုကြောင်း ပြောလာခြင်းပင်။

ကုနင်းလဲ နောက်နေ့မနက်အထိ သူတို့ကိုဆက်ပြီးစောင့်ကြည့်ထားဖို့ ကေကို ပြောလိုက်သည်။

….

ဝူမီနာ အခန်းပြင်တွင် ငိုနေချိန် သူမသူငယ်ချင်းတွေက သူမကိုထွက်လာရှာကြသည်။ “မီနာ၊ အဆင်ပြေရဲ့လား?” ဝူမီနာငိုနေတာကြောင့် သူမသူငယ်ချင်းတွင် လန့်သွားကြသည်။

“ဘာမှမဖြစ်ဘူး။” ဝူမီနာ အစောကအဖြစ်အပျက်အကြောင်း သူမသူငယ်ချင်းတွေကို မသိစေချင်တာကြောင့် မပြောခဲ့ပေ။ “ငါ့ကို အိတ်ယူပေး။ အိမ်ပြန်တော့မယ်။”

“နင်တကယ်အဆင်ပြေတာပါနော်?”

“ပြေတယ်လို့ ပြောနေတယ်လေ!” ဝူမီနာ အော်လိုက်တော့သည်။

သူမစိတ်အခြေအနေဆိုးရွားနေမှန်း သူမသူငယ်ချင်းတွေသိတာကြောင့် ဆက်ပြီးမေးမနေကြတော့ပေ။

ဝူမီနာ၏သူငယ်ချင်းတစ်ယောက်က သူမအိတ်ကိုယူလာပေးကာ သူမလဲ တစ်ယောက်တည်း အိမ်ပြန်သွားတော့သည်။

….

ည၁၁ခွဲမှာတော့ ရှုကျင်းချန်တို့အဖွဲ့ ညလယ်စာအဆာပြေစားဖို့ ထွက်လာခဲ့လေသည်။

အားလုံးအရက်သောက်ထားခဲ့ကြတာကြောင့် ကားမမောင်းနိုင်သော်လည်း ကံကောင်းစွာပဲ မန်တနှင့်နန်တို့က အရက်မသောက်ထားကြတာကြောင့် အလိုလိုနေရင်း ဒရိုင်ဘာများဖြစ်လာကြသည်။

အားလုံးပေါင်း ၉ယောက်သာရှိတာကြောင့် ကားနှစ်စီးနဲ့ကိုလုံလောက်နေပေပြီ။

ကုနင်းရော ကျီပိုင်ယင်းကပါ ပင်လယ်စာစားချင်ကြကာ အားလုံးကလဲ သဘောတူကြသည်။

လင်ရှောင်းထင်တွင် ပင်လယ်စာဓာတ်မတည့်မှုရှိခဲ့သော်လည်း ကုနင်း၏စွမ်းအင်သလင်းကျောက်များကို သောက်ပြီးနောက်မှာတော့ ပျောက်ကင်းသွားပြီဖြစ်သည်။

ပြီးတော့ ပင်လယ်စာဆိုတာ အရမ်းဈေးကြီးတယ်လေ၊ အခုလိုအလကားစားရမယ့်အခွင့်အရေးမျိုးမှာ လက်မလွှတ်သင့်တဲ့စားစရာမျိုးပဲ။ စုန့်ဟောက်ယွီ ဒကာခံပေးမှာမလား။

ဒါကြောင့် သူတို့အဖွဲ့ ညလယ်စာအဆာပြေအဖြစ် ပင်လယ်စာ၂သောင်းဖိုးနီးနီးစားသောက်ခဲ့ကြတော့သည်။

ထိုဈေးနှုန်းက လူချမ်းသာတွေအတွက် မပြောပလောက်သော်လည်း သာမာန်လူတွေအတွက်တော့ အလွန်များလွန်းသည်။

ညလယ်စာစားပြီးနောက် အားလုံးအိမ်ပြန်ကြသည်။

လင်ရှောင်းထင်နှင့်ကုနင်းတို့ကို မန်တက လင်ရှောင်းထင်၏အိမ်အားပြန်လိုက်ပို့ပေးကာ ကျီပိုင်ယင်းတို့အတွက်ကိုတော့ လင်ရှောင်းထင်က ရှန်းရှစ်ဟိုတယ်တွင် အခန်းစီစဉ်ပေးထားသည်။ လင်ရှောင်းထင်စီစဉ်ပေးခြင်းဖြစ်တာကြောင့် အလကားနေခွင့်ရမှာပါ။

နန်သည်တော့ တခြားလူများကို အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။

….

***

အခန်း ၁၁၀၃ တိုက်တိုက်ဆိုင်ဆိုင်

နောက်တစ်နေ့မနက်မှာတော့ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ ဟိုတယ်မှထွက်လာကြပြီဖြစ်ကြောင်း ကုနင်းကို ကေသတင်းလှမ်းပို့လာသည်။ သူကတော့ ထိုနှစ်ယောက်သွားရာကို စောင့်ကြည့်နေတုန်းပင်။

၉နာရီထိုးပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ အိမ်မှထွက်လာဖို့ပြင်ကြချိန် လင်ရှောင်းထင်ထံ အရေးပေါ်ဖုန်းတစ်ကောလ်ဝင်လာခဲ့တာကြောင့် သူအရင်သွားနှင့်ရသည်။

သူပြန်လာနိုင်မလားမသေချာတာကြောင့် ကုနင်း အကူအညီတစ်ခုခုလိုအပ်လျှင် ရှုကျင်းချန်ကို ဆက်သွယ်လိုက်ဖို့သာ ပြောခဲ့ရလေသည်။

ကုနင်း သဘောတူကြောင်းပြလိုက်ပေမည့် လင်ရှောင်းထင် ဘာသွားလုပ်မလဲဆိုသည်နှင့်ပတ်သတ်လို့ တစ်ခွန်းမှမမေးခဲ့ပေ။ လင်ရှောင်းထင်၏အလုပ်များသည် သေချာပေါက်လျှို့ဝှက်ထားရမည့်မစ်ရှင်များသာဖြစ်မည်မှန်း သူမနားလည်ပေသည်။

လင်ရှောင်းထင်က သူ့ကားနှင့်ထွက်သွားတာကြောင့် ကုနင်းတစ်ယောက်တည်း တက္ကစီတစ်စီးငှားခဲ့ရသည်။

လင်ရှောင်းထင် သူမနှင့်အတူမရှိနေတာကြောင့် ကျီပိုင်ယင်းကို အချိန်အနည်းငယ်ပေးနိုင်တော့မည်ဖြစ်၍ ကျီပိုင်ယင်းကို ဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမကိုမဆက်ခင် အရင်ဆုံး ကေထံသို့ဆက်လိုက်လေသည်။

“ဘော့စ်၊ မင်းစောင့်ကြည့်ခိုင်းထားတဲ့နှစ်ယောက်က ချန်လင်တောင်ကိုသွားတယ်၊ ငါခြေရာခံလို့မရတော့ဘူး။”

ချန်လင်တောင်သည် ရှုခင်းသာနေရာတစ်ခုဖြစ်သော်လည်း တချို့သောနေရာများတွင်သာ လုံခြုံရေးကင်မရာများကို တပ်ဆင်ထားသည်။

ချန်လင်တောင်?

သူတို့တွေ ချန်လင်တောင်ကို အပျော်တက်ဖို့သွားကြတယ်လို့တော့ ကုနင်းမထင်ပေ။ ချန်လင်တောင်မှာ ကျင့်ကြံရေးကမ္ဘာနဲ့သက်ဆိုင်တဲ့ တစ်ခုခုရှိနေလို့ပဲဖြစ်ရမယ်။

“ဟုတ်ပြီ၊ ကျေးဇူးပဲ။ သူတို့ပျောက်သွားတဲ့တည်နေရာ ငါ့ကိုပို့ပေး။” ကုနင်းပြန်ပြောလိုက်သည်။

“ကောင်းပြီ။” ကေဖုန်းချလိုက်ပြီးနောက် တည်နေရာပြဓါတ်ပုံတစ်ခုကိုရိုက်ကာ ကုနင်းကိုပို့ပေးလိုက်သည်။

ထိုအခိုက်မှာပဲ ကုနင်းစိတ်ကူးပြောင်းသွားကာ ချန်လင်တောင်ကို ဒီနေ့ပဲသွားဖို့ ဆုံးဖြတ်လိုက်လေသည်။ သုန်းဖန်းကျီယွီတို့ကို ရှာတွေ့ဖို့ ဖြစ်နိုင်ချေမရှိလုနီးပါးဆိုသော်လည်း ဒီအတိုင်းတော့ လက်မလျှော့လိုက်ချင်ပေ။

ထို့နောက် ကုနင်း သူမကိုယ်သူမ ထန်အိုက်နင်းအဖြစ်ရုပ်ဖျက်ကာ တက္ကစီငှား၍ ချန်လင်တောင်သို့ သွားခဲ့သည်။

ချန်လင်တောင်သည် မြို့တော်ကနေပြီး ကီလိုမီတာ၃၀ခန့်ဝေးတာကြောင့် ထိုနေရာသို့ရောက်ဖို့ရန် နာရီဝက်ကျော်မောင်းရပေသည်။ ထိုနေရာသည် ကျော်ကြားသည့်ရှုခင်းသာနေရာဖြစ်တာကြောင့် တောင်တက်ဖို့လာသူ အတော်လေးများသည်။

လုံခြုံရေးကင်မရာများကနေ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ ပျောက်သွားသည့်နေရာကို ကုနင်းရောက်သွားပြီးနောက် သူတို့ကျန်ရစ်ခဲ့သည့် ခြေရာများကနေတစ်ဆင့် လားရာကိုရှာဖွေရလေသည်။

ထိုနေရာသည် တောင်၏မဖွံ့ဖြိုးသေးသည့်အပိုင်းဖြစ်တာကြောင့် မြက်ပင်များ ခြုံများထူထပ်လှတာကြောင့် ကုနင်း ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုရလေသည်။

ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် ခြုံတွေကြားထဲဖြစ်နေတာတောင်မှ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ထိုနေရာတွင် သီးသန့်လမ်းမရှိသော်လည်း တချို့လူများဖြတ်သွားရာနေပြီး လမ်းကြောင်းလေးတွေတော့ ကျန်ရစ်ခဲ့သည်။ လမ်းအားလုံး၏ဦးတည်ရာ ၃၀၀မီတာခန့်အဝေးတွင် တောင်ကုန်းလေးများရှိသည်မှအပါး တခြားထူးဆန်းတာမရှိနေပေ။

ဘာထူးဆန်းတာကိုမှ ကုနင်းမတွေ့ရတာတောင် ထိုလမ်းကြောင်းများအတိုင်း ဆက်လျှောက်သွားကြည့်တုန်းပင်။ သူမတောင်ခြေသို့ရောက်ချိန်မှာတော့ ထိုခြေရာတွေအားလုံး ပျောက်သွားကြလေသည်။

ဒါကြောင့် ဒီနေရာအရောက်တွင် သူတို့ကို တခြားသူတွေရှာမတွေ့အောင် ချင်းကုန်း(ကိုယ်ဖော့ပညာ)ကို သုံးလိုက်လို့များလားဟု ကုနင်းတွေးမိသွားသည်။

သစ်ပင်တွေပေါ်မှာများ ခြေရာတွေ့လုတွေ့ငြား ကုနင်း ကျောက်စိမ်းများဖြင့် ထပ်ကြည့်ခဲ့ပြန်သည်။ သို့သော်လည်း ဘာခြေရာကိုမှရာမတွေ့ခဲ့ပေ။ သူမဆက်လိုက်ဖို့လမ်းကြောင်းလဲ မရှိတော့တာကြောင့် ပြန်ဖို့သာရှိပေတော့သည်။

ကျင့်ကြံရေးကမ္ဘာကိုရောက်ရှိဖို့ဆိုသည်က လွယ်ကူမည်မဟုတ်မှန်း ကုနင်းသိထားပြီးဖြစ်တာကြောင့် လွယ်လွယ်စိတ်မပျက်သွားပေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကုနင်း လုံခြုံရေးကင်မရာများရှိရာ ဧရိယာသို့ပြန်ရောက်ချိန်တွင် ချီကျီယွဲ့၊ ထန်ယရှင်း၊ ရှိုးတမီနမီနိုနှင့် အာယုမီယာမဂုချီတို့ကို သက်တော်စောင့်နှစ်ယောက်နှင့်အတူ တွေ့လိုက်ရလေသည်။

သူတို့တွေ တောင်တက်ဖို့ရောက်လာတာပဲဖြစ်ရမယ်။

ကုနင်းကိုမြင်လိုက်ရသည်နှင့် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ စိတ်ပျက်မှုအတိဖုံးလွှမ်းသွားရသည်။ အတိအကျပြောရရင်တော့ ‘ထန်အိုက်နင်း’ ကိုပေါ့။

‘ထန်အိုက်နင်း’ကိုမြင်သည်နှင့် ထန်ယရှင်း၏မျက်လုံးများထဲ မုန်းတီးစိတ်များလျှံကျလာတော့သည်။ ‘ထန်အိုက်နင်း’ဆီမှာ ငါယွမ်၁ဘီလီယံတောင် ရှုံးသွားတာ!

“နင်ပါလား?” ထန်ယရှင်း ဒေါတကြီး အံ့ကြိတ်ကာပြောလိုက်သော်လည်း ‘ထန်အိုက်နင်း’ကို ထိခိုက်အောင်တော့ မလုပ်ရဲပေ။ ‘ထန်အိုက်နင်း’သည် ကီရင်းဂိုဏ်းနှင့်ဆက်ဆံရေးရှိသည့်အပြင် ယူအက်စ်ဘီလဲရှိနေသေးတယ်မလား။

‘ထန်အိုက်နင်း’ကို ထန်ယရှင်း ကြောက်သော်လည်း ဒီရန်သူဆီကနေ လွတ်မြောက်အောင်လုပ်ဖို့ နည်းလမ်းကောင်းကိုတော့ အမြဲတမ်းရှာဖွေနေလေသည်။

“အိုး၊ ဟိုင်း၊ မစ္စတာချီ၊ မစ္စထန်၊ တိုက်ဆိုင်လိုက်တာ!” ကုနင်း ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ၊ မစ္စထန်!” ‘ထန်အိုက်နင်း’ကို ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ချီကျီယွဲ့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သေးသည်။

“အိုး…” ချီကျီယွဲ့ ပြောချင်တာတစ်ခုခုကို သတိရသွားဟန်ဖြင့်၊ “မစ္စထန်၊ မင်းမှာ ယူအက်စ်ဘီရှိတယ်လို့ပြောခဲ့တယ်မလား။ အိုက်နင်းပေးခဲ့တယ်ဆိုတာလေ၊ အခု အိုက်နင်း အိမ်ပြန်ရောက်နေပြီ၊ ဒါပေမယ့် စိတ်မကောင်းစရာက သူ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားတယ်လေ။ မင်း ငါ့ကို အဲ့ဒီယူအက်စ်ဘီပေးလိုက်လို့ရလား? ငါ သူ့ကိုပြန်ပေးလိုက်မယ်။ ဒီလိုဆို သူတစ်ခုခု သတိပြန်ရရင် ပြန်ရလာနိုင်တယ်။”

ချီကျီယွဲ့ ထိုစကားကိုပြောရင်း ဝမ်းနည်းဟန်ဆောင်လိုက်သေးသည်။

ထန်အိုက်နင်းက အိမ်ပြန်ရောက်နေတယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ထန်အိုက်နင်းကဖြင့် သေတောင်သေသွားပြီ။ သေသွားလို့ပဲ ထန်အိုက်နင်းကနေ ကုနင်းဖြစ်လာခဲ့ပြီမလား။

ကုနင်းယုံကြည်စေရန်အတွက် ချီကျီယွဲ့က အမျိုးသမီးတစ်ယောက်ကိုငှားကာ ထန်အိုက်နင်းနှင့်တူအောင် ခွဲစိတ်ပြုပြင်စေခဲ့သည်။ သို့သော်လည်း ထိုအမျိုးသမီးသည် ထန်အိုက်နင်းနှင့် အနည်းငယ်ကွဲပြားနေစဲပဲဖြစ်တာကြောင့် ချီကျီယွဲ့လဲ ထန်အိုက်နင်း ဒဏ်ရာရပြီး မှတ်ဉာဏ်ပျောက်သွားသည်ဟု လိမ်ရတော့သည်။

“ဘာ? အိုက်နင်း ဒဏ်ရာရပြီး မှတ်ဉာဏ်တွေအားလုံး ပျောက်ဆုံးသွားတာလား?” ကုနင်း အရမ်းလန့်သွားသလို ဟန်ဆောင်ပြလိုက်သည်။ “အဲ့ဒီတစ်ယောက်က အိုက်နင်းဆိုတာ သေရောသေချာရဲ့လား? အိုက်နင်းရဲ့ ကိုယ်ခံပညာက ဒီလောက်ကောင်းတာ။ ဘယ်လိုလုပ် ဒဏ်ရာရသွားရတာလဲ?”

“မစ္စထန်၊ မင်းအနေနဲ့ လက်ခံနိုင်ဖို့ခက်ခဲနေမှန်း ငါနားလည်ပေမယ့် ဒါအမှန်တွေပဲ။ ငါအိုက်နင်းနဲ့အတူရှိလာတာ နှစ်ပေါင်းများစွာကြာနေပြီ၊ သူ့ကိုမခွဲနိုင်ဘဲနေမလား။ ယရှင်းဆိုလဲ အိုက်နင်းနဲ့အတူကြီးပြင်းလာတာ။ ဒါကြောင့် အဲ့ဒီအမျိုးသမီးက အိုက်နင်းဆိုတာ သေချာတယ်။ အာ… အိုက်နင်းရဲ့အဖေလဲ ဒီသတင်းဆိုးကို သိပြီးသွားပြီ။” ချီကျီယွဲ့ ဝမ်းနည်းနေသည့်အမူအရာဖြင့်ပင် ပြန်ပြောလာသည်။

***

အခန်း ၁၁၀၄ ဘာကိုဆိုလိုတာလဲ?

ကုနင်း ချီကျီယွဲ့၏စကားများကိုနားထောင်ရင်း ရယ်ချင်လာမိတော့သည်။

ထန်ယရှင်းက ထန်အိုက်နင်းနဲ့အတူတူကြီးပြင်းလာတာမှမဟုတ်ဘဲ။ ထန်ယရှင်း ထန်အိမ်တော်ကိုပေါင်းလာကတည်းက သခင်မလေးတစ်ယောက်ရဲ့ဘဝကိုပျော်မွေ့နေပြီး ထန်အိုက်နင်းနဲ့ တွေ့ခဲတာကို။

ထန်အိုက်နင်းရဲ့အဖေကတော့… လုံးဝအရှက်မဲ့တဲ့လူပဲ!

“အင်း… ရှင်ပြောတာလဲဟုတ်ပါတယ်။” ကုနင်း ထိုသို့ပြောလိုက်သော်လည်း ယူအက်စ်ဘီကိုပေးဖို့ စိတ်ကူးတော့မရှိပေ။ “ကျွန်မ အိုက်နင်းဆီလာလည်လို့ရမလား? သူ့ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တချို့ရှိတယ်။ အဲ့ဒီအမျိုးသမီးက အိုက်နင်းမှန်းသေချာတာနဲ့ ယူအက်စ်ဘီကို ကျွန်မပေးပါ့မယ်။”

ထိုစကားကိုကြားသည်နှင့် ချီကျီယွဲ့ရော ထန်ယရှင်းပါ လွန်စွာ ထိတ်လန့်သွားကြတော့သည်။ ထန်အိုက်နင်းရဲ့ခန္ဓာကိုယ်ဘယ်နားမှာ အမာရွတ်ရှိမှန်း သူတို့မှမသိကြဘဲ။

ချီကျီယွဲ့သည် ထန်အိုက်နင်း၏ရည်းစားဟောင်းဆိုသော်လည်း သူတို့တစ်ခါမှမအိပ်ဖူးကြတာကြောင့် သူမခန္ဓာကိုယ်ပေါ်မှာ အမာရွတ်ရှိမှန်း သူမသိပေ။ ထန်ယရှင်းဆိုသည်ကလဲ ထန်အိုက်နင်းရဲ့သွေးတစ်ဝက်နှောညီမဖြစ်ပေမယ့် ရန်သူသာသာဖြစ်သည်။ ထန်အိုက်နင်းရဲ့ကိုယ်ပေါ်က အမာရွတ်အကြောင်း ထန်အိုက်နင်းသိစရာအကြောင်းမရှိပေ။

ဒီ‘ထန်အိုက်နင်း’ကို သူတို့နည်းနည်းပါးပါး အလိမ်အညာသုံးလိုက်ရုံနှင့် လှည့်လို့ရမည်ဟု သူတွေ့တွေးထားကြသော်လည်း ဒီ’ထန်အိုက်နင်း’က သူတို့ထက်တောင်မှ ပိုတွေးနိုင်နေသေးသည်။

“အဓိပ္ပါယ်မရှိတာတွေလုပ်မနေနဲ့။” ဒီ ‘ထန်အိုက်နင်း’ တမင်ပြောနေတာပဲဖြစ်မည်ဟု ထန်ယရှင်းတွေးကာ မလုံမလဲတွေဖြစ်ပြီး ဒေါသတကြီးအော်လိုက်တော့သည်။

ကုနင်း တကယ်ကိုတမင်ပြောလိုက်ခြင်းဖြစ်သော်လည်း ထန်ယရှင်းအနေနဲ့ သူမကိုအပြစ်တင်ခွင့်မရှိပေ။

“ယရှင်း။” ချီကျီယွဲ့ ချက်ချင်းဝင်ထိန်းလိုက်သည်။ ထန်ယရှင်းသာ ဒေါသကိုမထိန်းနိုင်ပါက သူတို့အစီအစဉ်တွေ ပျက်စီးသွားပေလိမ့်မည်။

သို့သော်လည်း ကုနင်းကတော့ ထန်ယရှင်းကိုအလွတ်မပေးဘဲ သူမကိုဆက်မေးလေသည်။ “ကျွန်မက အဓိပ္ပါယ်မရှိတာတွေလုပ်နေတယ်တဲ့လား? မစ္စထန်၊ မင်းဘာကိုဆိုလိုချင်တာလဲ? ကျွန်မက အိုက်နင်းဆီ သွားလည်ချင်ရုံပါပဲ။ ဘယ်လိုကြောင့် အဓိပ္ပါယ်မရှိတာတွေဖြစ်ကုန်ရတာလဲ?”

“မစ္စထန်၊ ယရှင်းပြောတာကို အထင်မလွဲပါနဲ့။ သူအဲ့သဘောပြောချင်တာမဟုတ်ပါဘူး။” ချီကျီယွဲ့ ချက်ချင်းဝင်ဖြေရှင်းပေမယ့် ကုနင်းက သူကိုစကားဆုံးခွင့်မပေးပေ။ “အဲ့သဘောမဟုတ်ဘူးလား? ဒါဆို သူက ဘာကိုများဆိုလိုချင်တာလဲ?”

“နင်…” ထန်ယရှင်းအလွန်ဒေါသထွက်နေသော်လည်း ဘယ်လိုပြန်ပြောရမှန်းတောင်မသိသလို ချီကျီယွဲ့ကလဲ သူမကို ကုနင်းနှင့်စကားအချေအတင်ပြောခွင့်မပြုပေ။ “မစ္စထန်၊ မင်းအိုက်နင်းဆီလာလည်ချင်တယ်ဆို ငါတို့အချိန်စီစဉ်ပေးပါ့မယ်။”

အခုချက်ချင်းကြီးတော့ ကုနင်းကို ထန်အိုက်နင်းထံခေါ်သွားလို့မဖြစ်ပေ။ မဟုတ်ရင် သူတို့အကြံအစည်တွေပေါ်ကုန်မှာပေါ့။ ဒါကြောင့် ထန်အိုက်နင်း ရုတ်တရက်ထပ်ပျောက်သွားပြန်ပြီဟူသည့် အကြောင်းပြချက်မျိုးပေးရန် အစီအစဉ်ဆွဲလိုက်သည်။ ယူအက်စ်ဘီကိုတော့ သူတို့တခြားနည်းလမ်းသုံးကာ ပြန်ယူပေမည်။

“ကောင်းပြီလေ၊ ကျွန်မသွားတော့မယ်။ အိုက်နင်းနဲ့တွေ့လို့ရမယ့် ဘယ်အချိန်ဖြစ်ဖြစ် ကျွန်မကိုဆက်သွယ်လိုက်ပါ၊ မစ္စတာချီ။”

“ကောင်းပါပြီ၊ နောက်မှတွေ့တာပေါ့၊ မစ္စထန်။” ချီကျီယွဲ့ပြန်ပြောလိုက်ပြီးနောက် ကုနင်းလဲ ထွက်သွားတော့သည်။

“ကျီယွဲ့၊ ဘာလို့သူ့ကို ဒီအတိုင်းထွက်သွားခွင့်ပေးလိုက်တာလဲ?” ထန်ယရှင်း ဒေါသထွက်နေစဲပင်။

“သူက တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်နော်။ သူ့ကိုသင်ခန်းစာပေးဖို့ ငါတို့အကူအညီလိုသေးလား?” ရှိုးတမီနမီနိုမေးလာခဲ့သည်။

“ကျေးဇူးပါပဲ၊ မစ္စတာမီနမီနို၊ ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်။”

“ကောင်းပြီလေ။” ရှိုးတမီနမီနို အတင်းမတိုက်တွန်းနေပေ။

ဒီ’ထန်အိုက်နင်း’ကို ဒဏ်ရာရနေသည့်ထန်အိုက်နင်းအားတွေ့ဖို့ ဆက်သွယ်ရင်း ငါးစားချကာ ယူအက်စ်ဘီကို သူ့ဆီလွှဲပေးဖို့ ဖိအားပေးရမည်ဟု ချီကျီယွဲ့တွေးလိုက်သည်။

ထိုအကြံဖြစ်နိုင်သည်ဟုတွေးမိကာမှ ချီကျီယွဲ့ စိတ်အခြေအနေပြန်ကောင်းလာသော်လည်း ထန်ယရှင်းသည်တော့ ဒေါသမပြေနိုင်ပေ။

…….

ကုနင်း မြို့သို့ပြန်ရောက်ချိန်တွင် နေ့လည်၁၂နာရီပင်ကျော်နေပြီဖြစ်သည်။ သူမအပြင်မှာပဲ နေ့လည်စာစားလိုက်ပြီးနောက် အိမ်ပြန်ကာ မိတ်ကပ်တို့ကိုဖျက်လိုက်သည်။

ခဏတာအနားယူပြီးနောက် ကျီပိုင်ယင်းကိုဖုန်းဆက်ကာ သူမလုပ်ငန်းသို့တစ်ပတ်လောက် လိုက်ကြည့်မလားမေးလိုက်သည်။

ကျီပိုင်ယင်းလဲ စိတ်လှုပ်တရှားပင် ချက်ချင်းသဘောတူလာခဲ့သည်။ ကုနင်းမှာ ကုမ္ပဏီတွေဘယ်နှခုတောင်ရှိလဲ သူမတကယ်ကိုသိချင်နေလေသည်။

ထို့နောက် ကုနင်းက သူမကို လင်ရှောင်းထင်အိမ်တွင် လာကြိုပေးဖို့ရန် ကျီပိုင်ယင်းကိုပြောလိုက်သည်။ ကျီပိုင်ယင်းမှာက လင်ရှောင်းထင်ရဲ့နောက်ကားတစ်စီးရှိနေတယ်လေ။

မိနစ်၂၀ကြာပြီးနောက် ကျီပိုင်ယင်းနှင့်သူမသက်တော်စောင့်နှစ်ယောက် ရောက်လာကာ ကုနင်းကိုမေးလိုက်သည်။ “ရှောင်းထင်ရော?”

“သူလုပ်စရာရှိလို့ ထွက်သွားတယ်။”

ကျီပိုင်ယင်း ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မမေးပေ။

ကုနင်း ကားထဲဝင်ပြီးနောက် သူမတို့သွားရမည့်လိပ်စာကို မန်တအားပြောလိုက်သည်။

မြို့တော်ရှိလမ်းများကို မန်တမရင်းနှိးသော်လည်း ယာဉ်မောင်းလမ်းညွှန်ကိုသုံးလို့ရတာကြောင့် သိပ်တော့အခက်မတွေ့ပေ။

ကုနင်း၏စီးပွားရေးအင်ပါယာကြီးအကြောင်း ကျီပိုင်ယင်း အရမ်းသိချင်နေသော်လည်း မကြာခင်ကိုယ်တိုင်တွေ့မြင်နိုင်တော့မည်ဖြစ်၍ ကားထဲတွင် ဘာမှမမေးခဲ့ပေ။

“ကုနင်း၊ မြို့တော်ရဲ့ထူးခြားတဲ့နေရာတွေကို သိလား?” ကျီပိုင်ယင်းမေးလိုက်သည်။ သူမသည် အရသာရှိသည့်အစားအသောက်တွေကို အထူးစိတ်ဝင်စားကာ ဘယ်နေရာရောက်ရောက် ဒေသထွက်အစားအသောက်များကို စမ်းသပ်စားသုံးကြည့်သူဖြစ်သည်။

“အမ်၊ ငါလဲ သိပ်မသိဘူး။ ရှုကျင်းချန်ရဲ့ညီမဆိုရင်တော့ ကောင်းကောင်းသိလောက်တယ်။ နင်အဆင်ပြေတယ်ဆို ငါတို့နဲ့ထွက်လည်ဖို့ သူ့ကိုပါခေါ်လိုက်မယ်လေ။”

“ရတာပေါ့။” ကျီပိုင်ယင်း ချက်ချင်းသဘောတူလိုက်သည်။ သူစိမ်းတစ်ယောက်ပါ သူတို့နဲ့အတူပါလာမည်ကို စိတ်ထဲမထားနေပေ။ သူမကိုယ်တိုင်က ပေါင်းသင်းရလွယ်ကူသူဖြစ်ကာ တစ်ဖက်လူကလဲ ရှုကျင်းချန်ရဲ့ညီမပဲမလား။

ဒါကြောင့် ကုနင်းလဲ ရှုချင်ယင်းကို ဖုန်းဆက်လိုက်သည်။

……

ရှုချင်ယင်းမှာ ထိုအချိန်အထိ အိပ်ရာမှမထသေးပေ။ ဖုန်းသံမြည်လာတာကြောင့် သူမစိတ်တိုသွားကာ ဖုန်းချပစ်ဖို့ကြံနေတုန်းမှာပဲ ခေါ်ဆိုသူနာမည်ကိုတွေ့ပြီး ချက်ချင်းကိုင်လိုက်တော့သည်။ “ဟိုင်း၊ ကုနင်း!”

“ချင်ယင်း၊ နင်ဒီနေ့အားလား?”

“ဒါပေါ့၊ ငါအမြဲအားတယ်၊ ဘာကိစ္စရှိလို့လဲ?”

“ငါနဲ့အတူ အပြင်ထွက်မလည်ချင်ဘူးလား? ငါ့သူငယ်ချင်းတစ်ယောက်က မြို့တော်ရဲ့ဒေသထွက်စားစရာတွေစားကြည့်ချင်လို့တဲ့။ နင် ငါတို့ကိုခေါ်သွားပေးလို့ရလား?”

“နင်တို့ လမ်းပြသာမလိုရင် ငါ့ကိုမခေါ်တော့ဘူးပေါ့?” ရှုချင်ယင်း စိတ်ဆိုးသလိုဟန်ဆောင်လိုက်သည်။

“ခေါ်မှာပေါ့!” ကုနင်းရယ်လိုက်မိသည်။ “ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား?”

***

အခန်း ၁၁၀၅ ကေမတ်တပ်ရပ်နိုင်နေတယ်

“ဟုတ်ပါပြီ၊ နင်အခု ဘယ်နားမှာလဲ? ငါထွက်လာခဲ့မယ်။” ရှုချင်ယင်း သူမဘာသာထွက်လာခဲ့ဖို့ရန်အတွက် မေးလိုက်သည်။

“ငါ xxလမ်းကနေထွက်လာပြီ၊ xxအဆောက်အအုံကိုသွားမှာ။ နင်ရောက်တဲ့အချိန်ဖုန်းလှမ်းဆက်လိုက်လေ။”

“ကောင်းပြီ၊ ငါအခုလာခဲ့မယ်။”

“အာ၊ နင်ကားယူမနေနဲ့။ တက္ကစီပဲငှားခဲ့လိုက်နော်။” ကုနင်း သူမတို့မှာ ကားအကြီးကြီးရှိနေပြီးသားဖြစ်တာကြောင့် ရှုချင်ယင်းကို ထပ်မယူခိုင်းနေတော့သည်။

ရှုချင်ယင်းသည်လဲ အစကတည်းက ကားမမောင်းချင်သူဖြစ်တာကြောင့် အကြိုက်တွေ့သွားတော့သည်။ “ကောင်းလိုက်တာ။”

ဖုန်းချပြီးသည်နှင့် ရှုချင်ယင်းအချိန်ဆွဲမနေဘဲ ချက်ချင်းအိပ်ရာကထကာ အဝတ်အစားလဲလိုက်သည်။

ပုံမှန်ဆိုလျှင် သူမအလှတစ်ခါပြင်ဖို့ နာရီဝက်ကျော်ကြာတတ်သော်လည်း ဒီကနေ့တော့ မိနစ်၂၀တည်းနဲ့အပြီးပြင်ပြီးခဲ့လေသည်။

ရှုချင်ယင်း သူမစိတ်နဲ့သူမအိပ်ရာကထလာတာမြင်ပြီး ရှုမားမားမှာ အံ့ဩနေတော့သည်။

“ချင်ယင်း၊ ဘယ်သွားမလို့လဲ?”

“ကုနင်း ဖုန်းဆက်လို့၊ သမီးတို့အတူ အပြင်ထွက်လည်ကြမလို့လေ။”

“ကုနင်း ဖုန်းဆက်တာလား? ကိုယ့်ဘာကိုယ်ထလာတာ အံ့ဩစရာမရှိတော့ပါဘူး။”

ကုနင်းတစ်ယောက်သာ သူမကိုပြောနိုင်စွမ်းရှိပေသည်။

ရှုချင်ယင်း၏အမေသည် အခုထိ ကုနင်းနှင့်မဆုံဖူးသော်လည်း ကုနင်းအကြောင်းတွေအများကြီးကြားဖူးနေကာ ကုနင်းဘာတွေစွမ်းဆောင်ခဲ့လဲ သိနေပြီးသားဖြစ်သည်။

သခင်ကြီးရှုကလဲ ကုနင်းအကြောင်း မကြာမကြာပြောတတ်သလို ရှုချင်ယင်းသည်လဲ အကြိမ်ပေါင်းများစွာ ကုနင်းကိုအမွှမ်းတင်နေတတ်သေးသည်။

ကုနင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် အလွန်အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီဖြစ်ကာ တခြားလူတွေအနေနဲ့ သူမ၏အရည်အချင်းအပေါ် မလေးစားမိဘဲမနေနိုင်စေပေ။ ဒါကြောင့် ရှုချင်ယင်း၏အမေသည်လဲ ကုနင်းအပေါ် အမြင်ကောင်းများရှိလေသည်။

ကုနင်းက လင်ရှောင်းထင်၏ချစ်သူကောင်မလေးဖြစ်လာသည့်သတင်းက သူမကိုပိုလို့တောင် အံ့အားသင့်သွားစေခဲ့သည်။ လင်ရှောင်းထင် တစ်ခါမှမိန်းမတွေအပေါ် စိတ်မဝင်စားဖူးသည့်အချက်က လျှို့ဝှက်ချက်တစ်ခုမဟုတ်သလို သခင်ကြီးလင်သည်လဲ သူ့မြေးချွေးမလောင်းလေးအပေါ် အလွန်စိတ်ကျေနပ်မှုရှိနေပြန်သည်။

သခင်ကြီးရှုတောင်မှ ကုနင်းကို သူ့မြေးချွေးမလေးသာဖြစ်လိုက်စေဖို့ ကြိတ်ဆုတောင်းနေသေးသည်။

……

ကုနင်းနှင့်ကျီပိုင်ယင်းတို့ ရှန်းနဉ်တာဝါသို့ရောက်ချိန်တွင် ကုနင်းက ကျီပိုင်ယင်းကို မိတ်ဆက်ပေးလာသည်။ “ကြည့်၊ ဒီအဆောက်အဦးကို ရှန်းနဉ်တာဝါလို့ခေါ်တယ်၊ လက်ရှိတရားဝင်မဖွင့်လှစ်ရသေးတဲ့ ရှန်းနဉ်လုပ်ငန်းစုရဲ့ရုံးချုပ်ပဲ၊ ဒါကြောင့် နာမည်ဆိုင်းဘုတ်မထည့်သေးတာ။ ဒီအဆောက်အဦးအနောက်က မြေနေရာကလဲ တစ်ဆက်တည်းပဲ လောလောဆယ်တော့ ဆောက်လုပ်ရေးလုပ်နေတုန်း။”

“ဝါး၊ ကုနင်း အရမ်းမိုက်တာပဲ!” ကျီပိုင်ယင်း အမှန်ကိုအံ့အားသင့်နေလေသည်။

ဒီအဆောက်အဦးနဲ့မြေနေရာဆိုသည်က ကျီမိသားစုအတွက် ဘာမှမဟုတ်သော်လည်း ကျီပိုင်ယင်းကတော့ အရမ်းမိုက်တယ်ဟု တွေးနေမိတုန်းပင်။

ကုနင်းက အခုမှ၁၉နှစ်သာရှိသေးကာ သူမကတော့ ၂၄နှစ်ရှိပြီဖြစ်သည်။ ကုနင်းက အခုချိန်မှာတောင် အောင်မြင်မှုမှတ်တိုင်တွေအများကြီးစိုက်ထူခဲ့ပြီးဖြစ်ပေမည့် သူမကတော့ ထူးထူးခြားခြားတစ်စုံတစ်ရာမလုပ်ရသေးပေ။ ဒါတင်ဘယ်ကမလဲ၊ ကုနင်းလို အရွယ်လေးနဲ့ ဘီလျံနာဖြစ်မယ့်နောက်ထပ်မိန်းကလေးတစ်ယောက် မရှိနိုင်တော့ဘူး! ကုနင်းက တကယ်ကိုဉာဏ်ကြီးရှင်ပဲ။

ကုနင်းလို လှပကာ ဉာဏ်ရည်ထက်မြက်သည့်မိန်းကလေးသည်သာ လင်ရှောင်းထင်ရဲ့ချစ်သူဖြစ်နိုင်တာပင်။

လင်ရှောင်းထင် ဘာကြောင့်များ သူမအစား ကုနင်းကိုသာရွေးချယ်သွားမှန်း ကျီပိုင်ယင်း ပိုနားလည်လာတော့သည်။ ကုနင်းနှင့်ယှဉ်လျှင် သူမသည် လုံးဝနည်းပါးကို ထူးချွန်မှုမရှိသလိုဖြစ်သွားသည်မဟုတ်လား။ ကုနင်းက သူမထက်အများကြီးပိုသာကာ သူမတောင် ကုနင်း၏ပရိသတ်ဖြစ်လာပြီး အခုဆို ကုနင်းက သူမအိုင်ဒေါပင်ဖြစ်လာပေပြီ။

“အထဲဝင်ကြရအောင်!” ကုနင်းပြောပြီး ကျီပိုင်ယင်းတို့ကို ဦးဆောင်ခေါ်သွားပေးသည်။

ရှန်းနဉ်လုပ်ငန်းစုသည် အခုထိ တရားဝင်မဖွင့်လှစ်ရသေးသော်လည်း လုပ်ငန်းတွေအများကြီးရှိနေပြီဖြစ်သည်။ ဧည့်ကြိုစားပွဲတွင် အရပ်ရှည်ရှည်နှင့်လှပသည့်အမျိုးသမီးတစ်ဦးရှိနေသည်။

“ကြိုဆိုပါတယ်၊ မစ္စကု!” ကုနင်းဝင်လာသည်နှင့် အားလုံးစိတ်လှုပ်တရှားနှုတ်ဆက်လိုက်ကြသည်။

ကုနင်းသည် ရှန်းနဉ်လုပ်ငန်းစု၏တည်ထောင်သူမှန်း သူမတို့သိကြသော်လည်း စည်းမျဉ်းအရ မစ္စကုဟုသာ ခေါ်ကြရသည်။

ကုနင်း သူတို့ကိုပြုံးပြလိုက်ရင်း ရှေ့ဆက်လျှောက်သွားလေသည်။

ကုနင်းတို့ ဓါတ်လှေကားထဲဝင်သွားသည်နှင့် ဧည့်ကြိုမိန်းကလေးသုံးဦးမှာ အော်မိမတတ်စိတ်လှုပ်ရှားနေကြတော့သည်။

“အိုးမိုင်ဂေါ့ဒ်၊ ငါအခုပဲ ကုမ္ပဏီရဲ့တည်ထောင်သူကို မြင်လိုက်တာမလား! အရမ်းလှတာပဲ!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဓါတ်ပုံတွေထဲကထက်ကို အများကြီးပိုလှသေးတယ်။”

“ငါဒီမှာအလုပ်ရတာ အရမ်းကံကောင်းတာပဲ။”

“ဟုတ်တယ်၊ အရမ်းကံကောင်းတယ်။”

……

ကုနင်း သူတို့ကို ချန်စန်းယိ၏ စီအီးအိုရုံးခန်းရှိရာ ၁၇လွှာသို့ခေါ်သွားခဲ့သည်။ သူမရုံးခန်းကတော့ ၁၈လွှာမှာပင်။

ကုနင်းတို့ရောက်သွားချိန် ကေကထွက်သွားဖို့ပြင်နေတာဖြစ်သည်။ လင်ရှောင်းထင်၏အကူအညီဖြင့် ဂိမ်းကုမ္ပဏီသည် စစ်ဆေးမှုကို အလွယ်တကူဖြတ်ကျော်နိုင်သွားကာ အခုဆို တရားဝင်လက်မှတ်သွားထုတ်နိုင်ပြီဖြစ်သည်။ သူတို့တရားဝင်လက်မှတ်ရသည်နှင့် ဂိမ်းကိုစတင်ထုတ်လွှင့်နိုင်ပေတော့မည်။

“ဟိုင်း၊ ဘော့စ်၊ သတင်းကောင်းရှိတယ်။” ကုနင်းကိုမြင်သည်နှင့် ကေပြုံးရွှင်သွားကာ၊ “ငါအခုပဲ စက်မှုနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေပြီး ဖုန်းရတယ်၊ ငါတို့ဂိမ်းကုမ္ပဏီဖွင့်လို့ရသွားပြီ!”

ကေပြောလို့ပြီးကာမှ ကျီပိုင်ယင်းကိုတွေ့သွားလေသည်။ သို့သော်လည်း မနေ့က လုံခြုံရေးကင်မရာတွေကနေပြီး သူမကိုတွေ့ထားပြီးဖြစ်တာကြောင့် အံ့ဩမသွားခဲ့ပေ။

သို့သော်လည်း ကျီပိုင်ယင်းကတော့ ကေသူ့ခြေထောက်ပေါ်သူ မတ်တပ်ရပ်နေနိုင်သည်အားမြင်ပြီး အလွန်အံ့အားသင့်သွားလေသည်။ ကျီပိုင်ယင်းတင်မကဘဲ မန်တနှင့်နန်တို့လဲ အံ့ဩထိတ်လန့်သွားကြသည်။

“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကျီ။” ကေဘက်ကပဲစကာ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်လေသည်။

All Chapters