← Chapters

အခန်း (၁၁၃၅-၁၁၄၀)

Vol. 75 Ch. 1135-1140

အခန်း (၁၁၃၅-၁၁၄၀)

Vol. 75 Ch. 1135-1140

အခန်း ၁၁၃၅ ငါ့လက်တွေချည်ထားခံရတယ်

ကောဖူရန် ဖုန်းသိမ်းခံထားရသော်လည်း ကောသဲ့ပင်းနှင့်တော့ တွေ့နိုင်တုန်းပင်။ ကောသဲ့ပင်းလဲ သူ့ဇနီးကိုတွေ့သည်နှင့် ချက်ချင်းဆူပူကြိမ်းမောင်းတော့သည်။

ကောဖူရန်လဲ သူမခင်ပွန်းအပေါ်တော့ လျှို့ဝှက်ချက်မထားရဲတာကြောင့် ကျန်းရှူးယွမ်၏အကြံအစည်သာဖြစ်ကြောင်း ကောသဲ့ပင်းကိုပြောပြလိုက်ကာ ကျန်းရှူးယွမ် သူမကိုကူညီပေးလာဖို့ မျှော်လင့်နေတုန်းပင်။

လင်ရှောင်းထင်သည် သူတို့ပြဿနာသွားရှာလို့ရသည့်လူမျိုးမဟုတ်ရင်တောင်မှ နည်းနည်းတော့ကြိုးစားကြည့်ချင်သေးသည်။

ကောသဲ့ပင်းလဲ သူ့ဇနီးထိန်းသိမ်းခံထားရသည်က သူ့ကိုအရှက်ရစေခြင်းကြောင့် မမြင်ချင်ပေ။ ဒါကြောင့် ကျန်းရှူးယွမ်ကို ဆက်သွယ်ပေးဖို့ သဘောတူလိုက်သည်။

ကျန်းရှူးယွမ် ကောသဲ့ပင်းထံမှသတင်းကြားပြီး အလွန်ထိတ်လန့်သွားတော့သည်။

“ဘာ? သူကျရှုံးသွားတယ်လား?” ကောဖူရန် ထိန်းသိမ်းခံရသည်ကို ကျန်းရှူးယွမ် ဂရုမစိုက်ဘဲ အစီအစဉ်ကျရှုံးတာကိုသာ ဂရုစိုက်လေသည်။ သူမအစီအစဉ်ကို ကောဖူရန် ပျက်စီးသွားစေသည့်အတွက်လဲ ဒေါသထွက်နေသေးသည်။

ကျန်းရှူးယွမ်၏အသံအနေအထားကိုကြားရုံနှင့် သူ့ဇနီးကို ကယ်ထုတ်ပေးနိုင်ချေသိပ်မရှိကြောင်း ကောသဲ့ပင်း နားလည်သွားတော့သည်။

တကယ်တမ်း ဒီကိစ္စက ကျန်းရှူးယွမ်၏အကြံအစည်သာဖြစ်သည်။ ကျန်းရှူးယွမ်၏အကြံကြောင့်သာ သူ့ဇနီးထိန်းသိမ်းခံလိုက်ရတာပင်။ သို့သော်လည်း ကျန်းရှူးယွမ်ကတော့ သူ့ဇနီးကိစ္စကို လုံးဝဂရုမစိုက်ဘဲ အပြစ်တောင်တင်ချင်နေသေးသည်။

လောလောဆယ် ကျန်းရှူးယွမ်၏အကူအညီလိုနေသေးတာကြောင့် ကောသဲ့ပင်းလဲ စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ရသည်။

“လင်ဖူရန် ကျေးဇူးပြုပြီးကူညီပေးပါဦး။ ခင်ဗျားတစ်ယောက်ပဲ ကျွန်တော့်ဇနီးကို အာမခံထုတ်ပေးနိုင်မှာ။”

“ကောင်းပါပြီ၊ ကျွန်မကြိုးစားကြည့်လိုက်မယ်။” ကျန်းရှူးယွမ် ပြန်ပြောလိုက်သည်။ ကောဖူရန် ထိန်းသိမ်းခံလိုက်ရခြင်းသည် သူမအကြံကြောင့်ဖြစ်မှန်း သိနေတာကြောင့် ဖုန်းတစ်ကောလ်လောက်ခေါ်ပေးဖို့ကောင်းသည်ဟု သူမလဲတွေးမိသည်။

ကောသဲ့ပင်းကတော့ ကျန်းရှူးယွမ်သာ လင်ရှောင်းထင်ပါဝင်ပတ်သတ်နေမှန်းသိသွားလျှင် သေချာပေါက် သူ့ကိုအကူအညီပေးဖို့ ငြင်းဆန်တော့မည်အားသိနေ၍ ထည့်မပြောခဲ့ပေ။

ကောသဲ့ပင်းနှင့် ဖုန်းချလိုက်ပြီးနောက် ကျန်းရှူးယွမ်လဲ ဖုန်းသုန့်ချိန်ကို ဖုန်းဆက်လိုက်သည်။ သူမသာ ဖုန်းခေါ်လိုက်လျှင် ဖုန်းသုန့်ချိန် သေချာပေါက် သူမစကားအတိုင်းနားထောင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိလို့နေခဲ့သည်။

သို့သော်လည်း သူမကိုအံ့ဩသွားစေသည်က ဖုန်းသုန့်ချိန်က သူမအဆိုကိုငြင်းပယ်ခဲ့ခြင်းပင်။ “လင်ဖူရန်၊ ကျွန်တော်စိတ်မကောင်းပါဘူး။ ကောဖူရန်မှာ အပြစ်ရှိကြောင်းထင်ရှားနေတာကြောင့် လွှတ်ပေးဖို့မဖြစ်နိုင်ဘူး။ ကျွန်တော်သာ သူ့ကိုလွှတ်ပေးလိုက်ရင် ကျွန်တော့်အထက်လူကြီးက ကျွန်တော့်ကို အပြစ်ပေးလိမ့်မယ်။”

ထိုစကားကြောင့် ကျန်းရှူးယွမ် စိတ်တိုသွားတော့သည်။

“ဒါရိုက်တာဖုန်း၊ ရှင့်မှာ လင်မိသားစုကိုတောင် ဆန့်ကျင်နိုင်လောက်တဲ့အထိ အာဏာတွေရှိနေပြီပေါ့?”

“သေချာပေါက် မရှိရပါဘူးဗျာ! လင်ဖူရန် ကျွန်တော်လုပ်နိုင်တဲ့ကိစ္စသာဆို ကူညီပေးပြီးပါပြီ။ အခုဟာက ကျွန်တော်လက်တွေလဲ အချည်ခံထားရတယ်။ သခင်လေးလင်ကိုယ်တိုင် ကျွန်တော့်ကိုဖုန်းဆက်ခေါ်ထားတာ၊ ပြီးတော့ Charmရဲ့ဘော့စ်ကလဲ သူ့မိတ်ဆွေဖြစ်နေသေးတယ်။”

လင်ရှောင်းထင်က သူ့ကိုဘယ်သူဖုန်းဆက်ဆက် ကောဖူရန်ကို မလွှတ်ပေးလိုက်ဖို့ ပြောထားပြီးသားဖြစ်သည်။

“ဘာ? လင်ရှောင်းထင်လဲ ပါနေတာလား?” ကျန်းရှူးယွမ် အလွန်အံ့ဩသွားသော်လည်း ကုနင်းက လင်ရှောင်းထင်၏ချစ်သူမှန်း သိနေတာကြောင့် လက်ခံဖို့မခဲယဉ်းပေ။ ဒီကိစ္စတွေစတင်ကြံစည်တုန်းကတော့ ထိုအကြောင်းကို သူမလုံးဝမေ့နေခဲ့သည်။

“လင်ဖူရန်၊ ကျွန်တော်လုပ်စရာလေးတွေရှိသေးလို့ ဖုန်းချလိုက်ပါတော့မယ်။” ဖုန်းသုန့်ချိန် ပြောပြီးသည်နှင့် ချက်ချင်းဖုန်းချပစ်လိုက်တော့သည်။ သူ ကျန်းရှူးယွမ်နဲ့ဆက်ပြီး စကားမပြောချင်တော့ပေ။

တကယ်တော့ ဖုန်းသုန့်ချိန်သည် ဖြောင့်မတ်သူဖြစ်ကာ အာဏာကိုမလွန်ဆန်နိုင်ရုံသာဖြစ်သည်။

ကျန်းရှူးယွမ် ဘာမှမပြောတော့သော်လည်း အခုလို ဖုန်းသုန့်ချိန် ပြောပြောဆိုဆိုနဲ့ဖုန်းချပစ်လိုက်သည်အတွက် သူမအရှက်ရသလိုခံစားသွားရသည်။

ထိုဖုန်းခေါ်ဆိုမှုပြီးနောက်မှာတော့ စိတ်မပူဘဲမနေနိုင်တော့ပေ။

လင်ရှောင်းထင်ကတော့ ကောဖူရန်ကိုလွှတ်ပေးဖို့မဖြစ်နိုင်ပေ၊ ဒါ့အပြင် လင်ရှောင်းထင်သာ ဒါတွေက သူမအကြံဖြစ်ကြောင်းသိသွားရင် သူမကိုလဲ ပြဿနာလာရှာပေဦးမည်။

ကျန်းရှူးယွမ်သည် လင်ရှောင်းထင်ကို အတော်အသင့်ကြောက်ရွံ့မိသလို သခင်ကြီးလင်ဆိုသည်ကလဲ လင်ရှောင်းထင်ကိုဆို အရမ်းဂရုစိုက်တယ်မဟုတ်လား။ သခင်ကြီးလင်သာ ဒီအကြောင်းသိသွားရင် သူမတော့ ပြဿနာအကြီးကြီးတက်ပေပြီ။ ဒါကြောင့် ကျန်းရှူးယွမ်လဲ ဤပြဿနာထဲကနေ သူမကိုသူမဆွဲထုတ်ဖို့ ကြံစည်ရပြန်သည်။

ထို့နောက် ကောသဲ့ပင်းထံသို့ ဖုန်းဆက်လိုက်ကာ လင်ရှောင်းထင်ပါဝင်ပတ်သတ်နေတာကြောင့် သူမ မကူညီနိုင်တော့ကြောင်း ပြောလိုက်သည်။

ဒါက အံ့ဩစရာကောင်းသည့်အဖြေမျိုးမဟုတ်သော်လည်း ကောသဲ့ပင်း စိတ်ပျက်သွားရတုန်းပင်။ သို့သော်လည်း သူဘယ်လောက်ပဲ ကျန်းရှူးယွမ်ကို မကျေမနပ်ဖြစ်နေနေ လောလောဆယ် လုပ်နိုင်တာဘာမှမရှိတာကြောင့် စိတ်လျှော့လိုက်ရသည်။

ကျန်းရှူးယွမ်လဲ ကောဖူရန် သူမကိုသစ္စာဖောက်သွားမည်စိုးတာကြောင့် ထပ်တိုးပြောလိုက်ရသေးသည်။ “ဥက္ကဌကော၊ ရှင့်ဇနီးထိန်းသိမ်းခံလိုက်ရတာ ကျွန်မအမှားကြောင့်မှန်း နားလည်ပါတယ်၊ စိတ်ချ နောင်တစ်ချိန် ရှင်တို့ ကျွန်မအထောက်အပံ့လိုလာရင် ကျွန်မအတတ်နိုင်ဆုံးကူညီပေးသွားမယ်။”

ဒီတော့မှ ကောသဲ့ပင်း နေလို့ထိုင်လို့ပိုကောင်းသွားတော့သည်။

လက်ရှိ သူ့ဇနီးကို သူလဲအာမခံဖြင့် မထုတ်ပေးနိုင်မှတော့ ကျန်းရှူးယွမ်ကို ပုန်ကန်နေလို့လဲ အသုံးမဝင်ပေ။ ပြောရရင် ကျန်းရှူးယွမ်က အနာဂါတ်မှာ သူ့ကိုကူညီပေးမည်ဟု ကတိပေးထားပြီဖြစ်တာကြောင့် ရလဒ်က သိပ်မဆိုးတော့ပေ။

……

ညနေ၆နာရီခွဲတွင်တော့ သုန့်ချိန်ဌာနခွဲကနေပြီး အဖြစ်မှန်ကိုစာထုတ်ပေးလာကာ အချိန်တိုလေးအတွင်းမှာပဲ ပြန်လည်မျှဝေသည့်အင်တာနက်အသုံးပြုသူများစွာ ရှိသွားတော့သည်။

ဒီကိစ္စရပ်ပြီးနောက်မှာတော့ Charmကိုသိသူ ပိုများလာကာ ချန်းယွဲ့အဖွဲ့အစည်းကတော့ နာမည်ပျက်သွားသည်။

မကြာခင်မှာပဲ ကောသဲ့ပင်းလဲ သိသွားကာ အင်တာနက်ပေါ်တွင် ထိပ်စည်းရောက်နေသည့် သတင်းနှင့်ဓါတ်ပုံများကို ဘယ်သူတင်လိုက်လဲ စုံစမ်းတော့သည်။

ရလဒ်အနေနဲ့ကတော့ ထိုသတင်းတောက်တွေကို ငှားခဲ့သူက သူ့ဇနီးကောဖူရန်ဖြစ်နေလေသည်။

***

အခန်း ၁၁၃၆ ကျီပိုင်ယင်းဒဏ်ရာရသွား

ကောဖူရန်ကသာ ထိုသတင်းထောက်တွေကို သတင်းတင်ခိုးင်းထားခြင်းဖြစ်ရပေမည်၊ မဟုတ်လို့ကတော့ သတင်းထောက်တွေအနေနဲ့ တင်ရဲသည့်သတ္တိမရှိကြလောက်ပေ။

ချန်းယွဲ့အဖွဲ့အစည်းအတွက် ထိခိုက်ဆုံးရှုံးမှုအတွက်ကိုတော့ ကောသဲ့ပင်း လက်ခံရုံသာတတ်နိုင်သည်။

လင်ရှောင်းထင်ဖိအားပေးထားတာကြောင့် ပြည်သူ့လုံခြုံရေးဌာနကလဲ သူ့ကိုအကူညီပေးကြမည်မဟုတ်ကြောင်း နားလည်နေတာကြောင့် အရှက်ရမှုကို မြိုသိပ်သည်းခံရုံသာရှိတော့သည်။

……

လင်ရှောက်ကျားကတော့ဖြင့် သူမအမေ စလှုပ်ရှားလိုက်ပြီမှန်း မသိရှိသေးပေ။

ထိုအချိန်တွင် သူမသည်က သူငယ်ချင်းများနှင့်အတူ စားသောက်ဆိုင်တစ်ခုသို့ရောက်နေခြင်းဖြစ်ကာ သူမသူငယ်ချင်းတစ်ယောက်ထံမှ သတင်းကြားလိုက်ရသည်။

သူမအမေ ကုနင်းနှင့်Charmကိုထိခိုက်အောင် လုပ်လိမ့်မည်မှန်း လင်ရှောက်ကျားမသိသော်လည်း ဒီကနေ့မှာပဲ စောစောစီးစီး Charmက ဝေဖန်မှုတွေခံလိုက်ရတယ်ဆိုကတည်းက သူမအမေအကြံမှန်း သိလိုက်သည်။

ကောဖူရန်နှင့် သူမအမေတို့ သူငယ်ချင်းကောင်းတွေဖြစ်မှန်းလဲသိထားသည်။ သူအမေကြောင့်သာမဟုတ်ရင် ကောဖူရန်က အကြောင်းမရှိ Charmကိုပြဿနာသွားရှာလိမ့်မည်မဟုတ်ပေ။

ချန်းယွဲ့အဖွဲ့အစည်းလက်အောက်တွင် အထည်ဒီဇိုင်းဌာနလဲမရှိတာကြောင့် ကောဖူရန်အနေနဲ့ သူမပုံစံအတိုင်းဆို Charmနှင့် ပြဿနာတက်စရာမရှိပေ။

ကံမကောင်းစွာဘဲ ကောဖူရန်နှင့်သတင်းထောက်တွေသည် ရဲအဖမ်းခံလိုက်ရကာ အခုဆို ထိန်းသိမ်းခံလိုက်ရပြီဖြစ်သည်။ သို့သော်လည်း လင်ရှောက်ကျားသည်လဲ အမေတူသမီးပီသစွာ ကောဖူရန်ကို နည်းနည်းလေးတောင် စိတ်မပူဘဲ ကျရှုံးသွားသည့်အတွက်တောင် အပြစ်တင်နေသေးသည်။

“ဝါး၊ Charmရဲ့ဘော့စ်က အာဏာရှိသွားပဲ! ကောဖူရန်ရဲ့စောင့်ကြည့်ဗီဒီယိုကိုတောင် အချိန်တိုလေးအတွင်း ထုတ်ပြလာနိုင်တယ်။”

“ဟုတ်တယ်၊ ကောဖူရန်ကတော့ ကုနင်းကိုသွားရှုပ်မိတာ တော်တော်မိုက်မဲသွားတာပဲ။ ကုနင်းကို ချောက်မချခင် သူကုမ္ပဏီတွေဘယ်နှခုတောင် ပိုလဲဆိုတာတောင် သေချာမလေ့လာသွားဘူး။”

ထိုစကားပြောနေသည့်အမျိုးသမီးသည် ကုနင်းအကြောင်း အတော်သိပုံရသည်။ တကယ်လဲ သူမသည် ကုနင်း၏ဖန်ဖြစ်ကာ ကုနင်းကို လေးစားအားကျနေသူဖြစ်သည်။ သူမသည် လင်ရှောက်ကျားသူငယ်ချင်း၏သူငယ်ချင်းဖြစ်တာကြောင့် လင်ရှောက်ကျား ကုနင်းကိုဘယ်လောက်တောင် မုန်းနေမှန်း မသိခဲ့ပေ။

သူတို့စကားသံများကိုကြားပြီး လင်ရှောက်ကျား ဒေါသတွေဆူပွက်လာတော့သည်။ သူတို့ပြောနေပုံက သူမအမေကပဲ မိုက်မဲတဲ့သူဖြစ်မသွားဘူးလား။ ကုနင်းကို ချောက်ချတဲ့အကြံက သူမအမေဆီကလာတာလေ။

သို့သော်လည်း ထိုအကြောင်းကို တခြားသူတွေအားမသိစေချင်တာကြောင့် လင်ရှောက်ကျား ထုတ်မပြောနိုင်ဘဲ သူမဒေါသကိုသာ ပြန်မြိုသိပ်လိုက်ရသည်။

သူမမူမမှန်သည်ကို သူမသူငယ်ချင်းများ သတိထားမိသွားကာ စိုးရိမ်တကြီးမေးလာကြသည်။ “ရှောက်ကျား၊ ဘာဖြစ်လို့လဲ? နင့်ကြည့်ရတာ နေမကောင်းသလိုပဲ။”

ဒီတော့မှ လင်ရှောက်ကျား အမြန်ပြန်ပြုံးလိုက်ကာ၊ “ဘာမှမဖြစ်ဘူး၊ မကောင်းတာတစ်ခုခု စားမိသွားလို့။”

“နင့်အမူအရာကြီးကလဲ ကြောက်စရာကြီး။ ရေနည်းနည်းလောက် သောက်လိုက်ဦး။”

“ဟုတ်ပါပြီ။” လင်ရှောက်ကျားလဲ ထလိုက်ကာ သူမဘာသာ ရေတစ်ခွက်ငှဲ့သောက်လိုက်သည်။ တစ်ဆက်တည်းမှာပဲ အကြောင်းပြကာ သန့်စင်ခန်းသို့သွားပြီး ကျန်းရှူးယွမ်ကို ဖုန်းဆက်လိုက်သည်။

ကျန်းရှူးယွမ်လဲ ဖြစ်ပျက်သမျှ လင်ရှောက်ကျားကို ပြန်ပြောပြခဲ့သည်။

သေချာနားထောင်ပြီးနောက်မှာတော့ လင်ရှောက်ကျား၏ ကုနင်းနှင့်လင်ရှောင်းထင်အပေါ် မုန်းတီးစိတ်က ပိုတောင်ကြီးထွားလာလေသည်။ ဖြစ်သမျှကိစ္စတိုင်းအတွက် အပြစ်တွေအားလုံးကို ကုနင်းအပေါ်သာ ပုံချပစ်ခဲ့သည်။

တကယ်တမ်း ကုနင်းသည် Charm၏ဘော့စ်ဖြစ်တာကြောင့် သူမကုမ္ပဏီတိုက်ခိုက်ခံနေရချိန် ပြန်လည်တိုက်ခိုက်ပေးသည်သာ သဘာဝကျသည်။ သူတို့သာ ကုနင်းကို ချောက်ချဖို့ မကြံစည်ခဲ့လျှင် ကောဖူရန်လဲ အခုလို ထိန်းသိမ်းခံလိုက်ရမည်မဟုတ်ပေ။

သို့သော်လည်း လင်ရှောက်ကျားဆိုသည်က ထိုသို့တွေးမိဖို့ရန် မာနခေါင်ခိုက်နေသူဖြစ်နေလေသည်။

ဒီတစ်ကြိမ်တော့ သူတို့ရှုံးနိမ့်သွားခဲ့ပေမယ့် လင်ရှောက်ကျားကတော့ လက်လျှော့လိုက်ဖို့ စိတ်ကူးမရှိဘဲ အခွင့်ကောင်းကြုံသည်နှင့် ကုနင်းကို ခွင်ဆင်ဖို့စိတ်ကူးနေသေးသည်။

…..

ကုနင်းတို့ ညစာစားပြီးနောက် အတော်ကြာသည်အထိ စားသောက်ဆိုင်တွင် ဆက်နေကာ စကားပြောဖြစ်ခဲ့ကြသည်။

စကားဝိုင်းတစ်လျှောက် ကျီပိုင်ယင်းနှင့်ရှုကျင်းချန်တို့ကတော့ တစ်ယောက်နှင့်တစ်ယောက် စကားပြောသိပ်မပြောခဲ့ပေ။ နှစ်ယောက်သား စိတ်ထဲတွင် မခွဲနိုင်ဖြစ်နေသော်လည်း အမူအရာမပြကြပေ။ နောက်တော့ သူတို့လဲ ဆန့်ကျင်ဘက်လားရာတွေဆီ ပြန်ခဲ့ကြသည်။

သို့သော်လည်း မကြာခင်မှာပဲ ကျီပိုင်ယင်းနှင့် သက်တော်စောင့်နှစ်ယောက်မှာ သူတို့နောက် လူတချို့လိုက်နေကြကြောင်း သတိပြုမိသွားသည်။

သူတို့အခု ရပ်ကွက်ထဲမှာရှိနေတာကြောင့် လမ်းပေါ်တွင် လူလဲသိပ်မရှိဘဲ တိုက်ခိုက်ဖို့ နေရာကောင်းပင်။

“သူတို့ရောက်နေကြပြီဆိုမှတော့ ရင်ဆိုင်လိုက်ကြတာပေါ့။” ကျီပိုင်ယင်း အေးစက်စွာပြောလိုက်သည်။ သူမသည် သတ္တိနည်းသူမဟုတ်သလို သူမရန်သူတွေဆို အလွတ်မပေးဘဲ တိုက်ခိုက်ဖို့ အသင်ဖြစ်နေသူဖြစ်သည်။ ဒါ့အပြင် ရှုကျင်းချန်နဲ့ခွဲခွာခဲ့ရတာကြောင့် သူမစိတ်အခြေအနေကလဲ ကောင်းမနေပေ။

“နားလည်ပါပြီ။” မန်တပြောရင်းနှင့် ကားကို လမ်းဘေးသို့ဆွဲချသွားလိုက်သည။ လူတွေမရှိသည့်နေရာတွင် သူတို့ကားရပ်လိုက်ပြီးနောက် ထွက်လာလိုက်ကြသည်။

၁၀စက္ကန့်အကြာမှာပဲ သူတို့နောက်ကကားသည်လဲ ရပ်သွားကာ လူငါးယောက်ထွက်လာခဲ့သည်။ သူတို့ခြေချလိုက်သည်နှင့်တပြိုင်နက် ကျီပိုင်ယင်းနှင့် သူမသက်တော်စောင့်များကို စတင်ပစ်ခတ်တော့သည်။

ကျီပိုင်ယင်း၊ မန်တနှင့်နန်သည်လဲ သေချာလေ့ကျင့်ထားသူများဖြစ်တာကြောင့် ချက်ချင်းသူတို့သေနတ်တွေကိုဆွဲထုတ်လိုက်ကြသည်။ သူတို့သေနတ်တွေအားလုံးကို အသံတိတ်ပြောင်းတပ်ထားကြတာကြောင့် ဆူဆူညံညံအသံများမထွက်ကြပေ။

တစ်ဖက်လူငါးယောက်နှင့်ယှဉ်လျှင် ကျီပိုင်ယင်း၊ မန်တနှင့်နန်၏လှုပ်ရှားမှုတွေက ပိုမြန်ကာ ပစ်ချက်တွေကလဲ တိကျသည်။

တစ်ဖက်လူငါးယောက်သည်လဲ မြန်ကြပေမယ့် မကြာခင်မှာပဲ ကျည်ထိမှန်သွားကြတော့သည်။

တစ်ဖက်ကရန်သူက သန်မာမှန်း ကျီပိုင်ယင်းသိနေတာကြောင့် အမြန်ဆုံးသတ်ပစ်ချင်နေသည်။ ကံမကောင်းစွာဘဲ ဒီည ကျီပိုင်ယင်းမူးနေတာကြောင့် အနည်းငယ်ရီဝေနေကာ သူမသတိမထားမိခင်မှာပဲ သူမလက်မောင်းကို ကျီထိသွားလေသည်။

“မမလေးကျီ!” မန်တရော နန်ပါ ထိတ်လန့်လို့သွားတော့သည်။

ကျီပိုင်ယင်းလဲ သူမလက်မောင်းမှနာကျင်မှုကိုခံစားရသည်နှင့် ဒေါသပိုထွက်လာတာကြောင့် တစ်ဖက်ကရန်သူတွေကို ကျည်တစ်တောင့်တစ်ယောက်နှုန်းနှင့် ပစ်သတ်တော့သည်။

မန်တနှင့်နန်လဲ ကျီပိုင်ယင်းနား အပြေးဝိုင်းလာကာ ကာကွယ်ပေးရင်း သူတို့လဲ ရန်သူတွေကို အမြစ်ဖြုတ်တော့သည်။

အတော်ကြာပစ်ခတ်ပြီးနောက်မှာတော့ ရန်သူငါးယောက်လုံး ကျကုန်သည်။ အသက်အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် တစ်ဖက်ကို သတ်ပစ်ဖို့တုံ့ဆိုင်းနေမည်မဟုတ်ပေ။

***

အခန်း ၁၁၃၇ ရက်ပိုင်းအတွင်း အပြည့်အဝပြန်ကောင်းသွားတယ်

အနားမှာသာ တခြားလူတွေရှိနေခဲ့ရင် ဒီလူတွေကိုချက်ချင်းသတ်ပစ်မိမည်မဟုတ်သော်လည်း အနားတွင် တစ်ယောက်မှရှိမနေတာကြောင့် သူတို့ကိုရှင်းထုတ်လိုက်ဖို့ အလွန်လွယ်ကူသွားခဲ့သည်။

ကျီပိုင်ယင်းကားထဲပြန်ရောက်သည်နှင့် ကုနင်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။

“ကုနင်း၊ ငါ့ကိုတစ်ကြိမ်လောက် ကူညီပေးလို့ရမလား? ငါXXလမ်းမှာ ပြဿနာတက်ခဲ့တယ်။ ဒီလမ်းတစ်လျှောက်က စောင့်ကြည့်ကင်မရာတွေကို ဟက်ပေးဖို့ ကေကိုပြောပေးလို့ရမလား?” သူမတို့လူတွေအများကြီးသတ်ခဲ့မိတာကြောင့် ကျီပိုင်ယင်း တောင်းဆိုလိုက်ရသည်။

“နင်ရော ဒဏ်ရာရသွားသေးလား?” ကုနင်း၏နားလျင်ပုံအရ ကျီပိုင်ယင်းအသံကိုကြားရုံနှင့် တစ်ခုခုဖြစ်နေမှန်း ခံစားမိသည်။

“အရမ်းမဆိုးပါဘူး။ ဒဏ်ရာပါးပါးလေးရသွားရုံပဲ။”

ကုနင်းကိုစိတ်မပူစေချင်တာကြောင့် သူမလျှော့ပြောလိုက်သည်။

“ငါနင့်ကိုပေးထားတဲ့ဆေးလုံးတွေရှိသေးလား?”

“အာ… ငါယူခဲ့ဖို့မေ့သွားတယ်။” ထိုတော့မှ ကျီပိုင်ယင်းလဲ သူမကိုကုနင်းပေးထားသည့် ဆေးလုံးများ ယူခဲ့ဖို့မေ့နေကြောင်း အမှတ်ရသွားတော့သည်။

“ငါတို့လမ်းခွဲခဲ့တဲ့နေရာဆီ ပြန်မောင်းခဲ့၊ ငါအဲ့မှာစောင့်နေမယ်။”

အရေးပေါ်အခြေအနေဖြစ်နေတာကြောင့် ကုနင်း ကျီပိုင်ယင်းကို ကိုယ်တိုင်တွေ့ချင်မိသည်။

“ကောင်းပြီလေ။” ကျီပိုင်ယင်းလဲ မန်တကို နောက်ကြောင်းပြန်မောင်းဖို့ပြောလိုက်သည်။ သူတကယ်လဲ ကုသမှုခံယူဖို့လိုနေတာကြောင့် ကုနင်း၏အကြံကို သဘောတူလိုက်ခြင်းဖြစ်သည်။ ကုနင်း၏ဆေးလုံးများသည် အစွမ်းထက်တာကြောင့် သူမပြန်ကောင်းသွားလိမ့်မည်ဟု ယုံကြည်နေသည်။

သူမအပြင်တွင် ဒဏ်ရာရခဲ့ကြောင်းသာ သူမမိသားစုသိသွားခဲ့လျှင် ထပ်ပြီးအပြင်ထွက်ခွင့်ပြုကြမည် မဟုတ်လောက်တော့ပေ။

…….

ကုနင်းနှင့်ကျီပိုင်ယင်းတို့ပြောနေသည့်စကားများကို လင်ရှောင်းထင်ကြားနေရတာကြောင့် ကုနင်းဘာမှမပြောခင်မှာပဲ သူ့ဘာသာ ကားကိုပြန်ကွေ့လိုက်သည်။

ကုနင်းကတော့ ကေကိုချက်ချင်းဖုန်းဆက်ကာ ကျီပိုင်ယင်းကို ကူညီခိုင်းလိုက်သည်။ ထို့နောက် ရှုကျင်းချန်ကိုလဲ ဖုန်းဆက်ကာ ကျီပိုင်ယင်းဒဏ်ရာရထား၍ အစောကတွေ့ခဲ့သည့်ဆုံမှတ်တွင် ပြန်သွားတွေ့မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ရှုကျင်းချန်ကို သတင်းပေးလိုက်ရသည်က ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ကျီပိုင်ယင်းနှင့် ပိုနီးစပ်သွားစေဖို့ မျှော်လင့်မိသောကြောင့်ဖြစ်သလို သူတို့အားလုံး သူငယ်ချင်းတွေဖြစ်ခြင်းကြောင့်လဲပါသည်။ သူတို့နှင့်လမ်းခွဲပြီးပြီးချင်း ကျီပိုင်ယင်း ဒဏ်ရာရသွားတာဆိုမှတော့ သူတို့ပြန်သွားပြီး သူမကိုဂရုစိုက်ပေးသင့်သည်။

…..

ရှုကျင်းချန် သတင်းကြားသည်နှင့် အလွန်စိုးရိမ်သွားကာ ချက်ချင်းဆိုသလို ကားကို အရှိန်ဖြင့် ပြန်ကွေ့လိုက်သည်။

“ကျင်းချန်၊ ဘာဖြစ်လို့လဲ?” ရုတ်တရက်ကြီး ကားကိုကွေ့ပစ်တာကြောင့် ရှုချင်ယင်း လန့်သွားတော့သည်။

“မစ္စကျီ ဒဏ်ရာရထားတယ်လို့ ကုနင်းပြောတယ်။” ရှုကျင်းချန်အသံက ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ လက်တွေကတော့ဖြင့် တုန်ရီလို့နေလေသည်။

“ဘာ? ဒါဆို မြန်မြန်သွားရအောင်။”

……..

တစ်ချိန်တည်းမှာပဲ ကျီပိုင်ယင်းနှင့်သူမသက်တော်စောင့်နှစ်ဦးသည် ဆုံရပ်သို့ရောက်နေကြပြီဖြစ်ကာ ကုနင်းနှင့်လင်ရှောင်းထင်တို့ကတော့ အနည်းငယ်နောက်ကျနေသည်။

ကုနင်း၏ကားကို မန်တမြင်လိုက်သည်နှင့် ချက်ချင်း ကားပေါ်မှဆင်းကာ ကုနင်းအတွက် ကားတံခါးဖွင့်ပေးလိုက်သည်။ ကျီပိုင်ယင်းသည်က ကျည်ထိထားကာ ကျည်ဆံက အခုထိ သူမကိုယ်ထဲတွင်ရှိနေစဲဖြစ်တာကြောင့် အတော်လေးနာကျင်နေရပြီး ကားထဲတွင်သာနေနိုင်သည်။

ကုနင်း ဆုံရပ်သို့မရောက်ခင်ကတည်းက ဆေးပြင်ဆင်ထားခဲ့သည်။ ကျီပိုင်ယင်းကိုတွေ့လိုက်သည်နှင့် သူမလက်မောင်းတွင်ဒဏ်ရာရထားခြင်းဖြစ်ကြောင်း ကုနင်းသိလိုက်သည်။

ကျီပိုင်ယင်း၏လက်မောင်းထဲတွင် ကျည်ဆံကရှိနေတုန်းပင်။ ကုနင်းဘာမှပြောမနေဘဲ အရင်ဆုံး ကျီပိုင်ယင်းကို စွမ်းအင်သလင်းကျောက်တစ်လုံးတိုက်လိုက်ပြီး သူမကတော့ ဒဏ်ရာကိုစစ်ဆေးကြည့်သည်။

ထို့နောက် ကုနင်း သူမလွယ်အိတ်ကိုချကာ အထဲရှိ ခွဲစိတ်ခန်းသုံးပစ္စည်းများထည့်ထားသည့် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ အရေးကြုံလျှင်အဆင်သင့်ဖြစ်စေရန်အတွက် ထိုသေတ္တာကို တစ်ချိန်လုံး စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားခဲ့ခြင်းဖြစ်သည်။

ကုနင်း ဘာမှပြင်ဆင်မနေဘဲ ကျီပိုင်ယင်း၏လက်မောင်းထဲမှ ကျည်ဆံကိုဆွဲထုတ်လိုက်သည်။ ကျီပိုင်ယင်းက စွမ်းအင်သလင်းကျောက်ကို ကြိုသောက်ထားခဲ့တာကြောင့် အရမ်းမနာကျင်သွားပေ။

လင်ရှောင်းထင်သည်တော့ ကုနင်းနှင့်အတူ ကားထဲမှလိုက်ထွက်လာခဲ့သော်လည်း အပြင်ဘက်မှာသာနေခဲ့ကာ ကျီပိုင်ယင်း၏ကားထဲ လိုက်မဝင်သွားပေ။ ကျီပိုင်ယင်းက ဘာပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်သာဖြစ်တာကြောင့် သူဝင်မကြည့်သင့်ပေ။

…….

မကြာခင်မှာပဲ ရှုချင်ယင်းနှင့်ရှုကျင်းချန်တို့လဲ ရောက်ရှိလာကြသည်။

“သူဘယ်လိုနေသေးလဲ?” ရှုကျင်းချန် ရောက်ရောက်ချင်းမှာပဲ စိုးရိမ်တကြီးမေးလိုက်သည်။

“ကျွန်တော်တို့ လက်နက်ကိုင်လူငါးယောက်လိုက်တာခံရပြီး မမလေးကျီရဲ့လက်မောင်းကို ကျည်ထိသွားတာ။ ကံကောင်းလို့ မစ္စကုရှိနေတယ်ဆိုတော့ မမလေးကျီအဆင်ပြေသွားပါလိမ့်မယ်။” မန်တပြန်ဖြေလိုက်သည်။

“ဘာ? လက်နက်ကိုင်ငါးယောက်?” ရှုချင်ယင်း ထိတ်လန့်သွားလေသည်။ ကျီပိုင်ယင်း၏မိသားစုနောက်ခံအကြောင်း သူမသေချာမသိတာကြောင့် ဒီလိုကိစ္စမျိုးက မယုံနိုင်စရာကောင်းလွန်းသည်ဟု တွေးနေမိသည်။ သို့သော်လည်း အခုချိန်က ဒါတွေပြောနေသင့်သည့်အချိန်မဟုတ်မှန်း သိနေတာကြောင့် ဆက်တွေးမနေတော့ပေ။

…….

ရှုကျင်းချန်ပါ လာမည်မှန်း ကျီပိုင်ယင်းမသိထားတာကြောင့် သူ့အသံကိုကြားလိုက်ရသည်နှင့် အလွန်စိတ်လှုပ်ရှားသွားသည်။

ကျီပိုင်ယင်း၏တုံ့ပြန်ချက်တစ်ခုလေးကတောင် ကုနင်း၏အကြံအောက်က မလွတ်သွားခဲ့ပေ။ သူတို့နှစ်ယောက်လုံး အချင်းချင်းခံစားချက်ရှိနေမှန်း ကုနင်းလဲသိပေမယ့် တစ်ယောက်ကိုတစ်ယောက် လက်ခံနိုင်ဖို့ကိုတော့ အချိန်ယူရပေဦးမည်။

ဘာပဲဖြစ်ဖြစ် ဒါက သူတို့နှစ်ကိုယ်ကြားကိစ္စသာဖြစ်ကာ ကုနင်းအနေနဲ့ တိတ်တိတ်လေးနေတာ အကောင်းဆုံးပင်။

ခဏကြာပြီးနောက် ကုနင်း ကားတံခါးပြန်ဖွင့်လိုက်ကာ အပြင်သို့ထွက်လာခဲ့သည်။

သူမထွက်လာသည်နှင့် သူငယ်ချင်းတွေအားလုံးရဲ့အဝိုင်းခံလိုက်ရကာ မေးခွန်းတွေ တန်းစီလာတော့သည်။ “သူဘယ်လိုနေသေးလဲ?”

“အဆင်ပြေပါတယ်။ ရက်ပိုင်းအတွင်း လုံးဝပြန်ကောင်းသွားလိမ့်မယ်။”

ထိုအဖြေကြောင့် အားလုံးစိတ်အေးသွားတော့သည်။ သို့သော်လည်း ရှုကျင်းချန်ကတော့ ကျီပိုင်ယင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင် မမြင်တွေ့ရသေးတာကြောင့် ပူပန်နေမိတုန်းပင်။

ထို့နောက် ရှုကျင်းချန် စိုးရိမ်ပူပန်နေသည့်မျက်ဝန်းများဖြင့် ကျီပိုင်ယင်းရှိရာသို့လှည့်ကြည့်လိုက်ကာ၊ “မင်းဘယ်လိုနေသေးလဲ?”

အခုလိုစိုက်ကြည့်ခံလိုက်ရတာကြောင့် ကျီပိုင်ယင်းနေရခက်သွားကာ နှလုံးခုန်သံတွေ မြန်ဆန်လာတော့သည်။ “အဆင်ပြေပါတယ်၊ ကုနင်းရဲ့ဆေးကြောင့် နည်းနည်းတောင်မနာတော့ဘူး။”

စွမ်းအင်သလင်းကျောက်ကြောင့် ကျီပိုင်ယင်း၏မျက်နှာသည်လဲ အစောကလို ဖြူဖျော့မနေတော့ဘဲ သွေးရောင်ပြန်လွှမ်းနေပြီဖြစ်သည်။

“ကောင်းလိုက်တာ။” ရှုကျင်းချန် အခုမှအမှန်တကယ်စိတ်ချသွားကာ လင်ရှောင်းထင်ဘက် စကားလှည့်ပြောလိုက်သည်။ “ရှောင်းထင်၊ ငါတို့ သူတို့ကိုဟိုတယ်ပြန်လိုက်ပို့ပေးကြရင်မကောင်းဘူးလား?”

***

အခန်း ၁၁၃၈ သခင်ကြီးလင်နှင့်ညစာစားခြင်း

အစောပိုင်းကအဖြစ်အပျက်ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ ကျီပိုင်ယင်းကို တစ်ယောက်ထဲ ပြန်မလွှတ်ချင်တော့ပေ။ ဒါကြောင့် အားလုံးအတူတူပဲ ဟိုတယ်သို့ပြန်လိုက်ပို့ပေးဖြစ်ခဲ့ကြသည်။

လမ်းတစ်လျှောက်မှာတော့ ကျီပိုင်ယင်းတစ်ယောက် ရှုကျင်းချန်အကြောင်းသာ ဆက်တိုက်တွေးနေမိခဲ့သည်။ အစောတုန်းက ရှုကျင်းချန် သူမကိုကြင်ကြင်နာနာကြည့်လိုက်ချိန်တွင် သူမနှလုံးသားအမှန်တကယ်ခုန်လှုပ်သွားခဲ့ကြောင်း ဝန်ခံရမည်။

“မမလေးကျီ၊ နေလို့မကောင်းလို့လား?” ကျီပိုင်ယင်း တွေတွေကြီးငေးနေတာကို နန်သတိထားမိသွားတာကြောင့် စိုးရိမ်တကြီးမေးလိုက်သည်။

“အာ.. ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး။” ဒီတော့မှ ကျီပိုင်ယင်း အသိပြန်ကပ်ကာ ရှက်သွားတော့သည်။

ဟိုတယ်ရောက်သည်နှင့် ကုနင်းက၊ “ပိုင်ယင်း၊ စောင့်ကြည်ကင်မရာတွေနဲ့ပတ်သတ်လို့ နင်ဘာမှပူမနေနဲ့တော့။ အဲ့ဒီလမ်းပေါ်မှာ ဘာဖြစ်ခဲ့လဲ ဘယ်သူမှသိမှာမဟုတ်တော့ဘူး။”

အစောတုန်းက ကေက သူမကို စာပို့ကာ ထိုလမ်းတွင်ဘာတွေဖြစ်ခဲ့ကြောင်း အသေးစိတ်ပြောပြခဲ့သည်။

မကြာခင်မှာပဲ ရဲတွေလဲ လူသေအလောင်း၅လောင်းကိုတွေ့သွားခဲ့ပေမယ့် စောင့်ကြည့်ကင်မရာတွေအားလုံး ဟက်ခံထားရတာကြောင့် လူသတ်သမားအားရှာဖွေရန် သဲလွန်စမကျန်ရှိခဲ့တော့ပေ။ သဲလွန်စမလုံလောက်တာကြောင့် ရဲတွေအဖို့လဲ အမှန်တရားကိုရှာဖွေရန် အလွန်ခက်ခဲသွားပေပြီ။

ပထမအဆင့်စစ်ဆေးမှုပြီးနောက်မှာတော့ ထိုလူငါးယောက်သည် အရှေ့တောင်အာရှမှဖြစ်ကြောင်း ရဲများသိရှိသွားခဲ့သည်။ ထိုလူများကိုင်ဆောင်ထားသည့် အိုင်ဒီကဒ်များရှိသော်လည်း အိုင်ဒီကဒ်ပေါ်က အချက်အလက်တွေက သူတို့နဲ့မကိုက်ညီနေပေ။ ဒါကြောင့် ထိုလူတွေသည် တရားမဝင်လုပ်ရပ်တစ်ခုခုကိုလုပ်နေချိန် အသတ်ခံလိုက်ရမှန်း ပေါ်လွင်သွားတော့သည်။

သူတို့တွေကိုယ်တိုင်က အပြစ်သားတွေဆိုမှတော့ ရဲတွေအနေနဲ့ အလုပ်ရှုပ်ခံကာ ဆက်စုံစမ်းမနေကြတော့ပေ။

…..

“ကူညီပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။” ကျီပိုင်ယင်း ကုနင်းကို ကျေးဇူးတင်လိုက်သည်။

တကယ်တော့ ရဲတွေသာ သူမလူသတ်သမားမှန်း တွေ့ရှိသွားကြလျှင်တောင် သူတို့အားလုံး အရှေ့တောင်အာရှမှလာကြခြင်းဖြစ်တာကြောင့် အားလုံးဘေးကင်းနေကြဦးမည်ဖြစ်ကာ ပြစ်ဒဏ်စီရင်ဖို့အတွက် သူတို့နိုင်ငံကိုပြန်လွှဲပေးမည်ဖြစ်သည်။

ကျီမိသားစုသည် အရှေ့တောင်အာရှတွင် အလွန်ဩဇာအာဏာရှိကြသူများဖြစ်ကာ သူမမိသားစုက သူမကိုကောင်းကောင်းကာကွယ်ပေးနိုင်ကြလိမ့်မည်ဟု ကျီပိုင်ယင်း ယုံကြည်ချက်ရှိသည်။

“နင်မနက်ဖြန် ဘယ်အချိန်ပြန်မှာလဲ?” ကုနင်းမေးလိုက်သည်။

“လေယာဉ်ချိန်က ၉နာရီ၄၀မိနစ်လောက်ဖြစ်မယ်။”

“ကောင်းပြီလေ၊ ဒါဆို မနက်ဖြန် ငါနင့်ကိုလေဆိပ်လိုက်ပို့ပေးမယ်။”

ကုနင်း သူမအတွက်စိုးရိမ်နေခြင်းဖြစ်ကြောင်း ကျီပိုင်ယင်းနားလည်ပေမယ့် ကုနင်းကို အလုပ်မရှုပ်စေလိုပေ။ “ရပါတယ်၊ ငါတို့ကိုယ်ဘာသာဂရုစိုက်နိုင်ပါတယ်။”

“ငါလိုက်ပို့ပေးပါ့မယ်။ ၈နာရီကျတွေ့ကြတာပေါ့။” ကုနင်းကတော့ လက်မခံပေ။

ကျီပိုင်ယင်းလဲ ပြောမရသည့်အဆုံး ကုနင်း၏စေတနာကိုလက်ခံလိုက်ရတော့သည်။

သူတို့ပြောနေသည်များကိုကြားပြီး ရှုကျင်းချန်တစ်ယောက် ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေခဲ့ပေမယ့် ဘာမှမပြောနိုင်ခဲ့ပေ။ သူလဲ ကျီပိုင်ယင်းကို လေဆိပ်သို့ ကိုယ်တိုင်လိုက်ပို့ပေးချင်ပေမယ့် ကျီပိုင်ယင်းက ကုနင်း၏အဆိုကို လက်ခံလိုက်ပြီဖြစ်တာကြောင့် သူပါးစပ်သာပိတ်ထားလိုက်ရတော့သည်။ ထို့အပြင် လက်ရှိမှာ ကျီပိုင်ယင်းကိုစကားသွားပြောဖို့ရန်လဲ အလွန်စိတ်လှုပ်ရှားနေမိသေးသည်။

သူတို့အားလုံး ကျီပိုင်ယင်းတို့ကို အခန်းရောက်သည်အထိ လိုက်ပို့ပေးခဲ့ကြသည်။

ကျီပိုင်ယင်းနှင့်ရှုကျင်းချန်တို့ကတော့ စကားသာမပြောဖြစ်ကြသော်လည်း ခွဲခွာခါနီးတွင် ဝမ်းနည်းနေကြသေးသည်။

……..

ထန်ပင်းစန်သည် ပြီးခဲ့သည့်ရက်များအတွင်း ‘ထန်အိုက်နင်း’ဘာတွေ လှုပ်ရှားနေလဲသိရဖို့ရန် လူအချို့လွှတ်ထားခဲ့ပေမည့် အသုံးဝင်တာတစ်ခုမှ စုံစမ်းမရခဲ့ပေ။

ကေသည် ကုနင်းနှင့် ‘ထန်အိုက်နင်း’တို့ကြားက ဆက်နွှယ်မှုမှန်သမျှ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေပါအပါအဝင် အားလုံးကို ရှင်းထုတ်ခဲ့ပြီးသားဖြစ်သည်။ ဒါကြောင့် ကုနင်းနှင့် ‘ထန်အိုက်နင်း’က တစ်ယောက်တည်းဖြစ်ကြောင်း ဘယ်သူမှသိကြမည်မဟုတ်ပေ။

ထန်ပင်းစန်မှာ မနေ့က ‘ထန်အိုက်နင်း’ ချီကျီယွဲ့ကိုတွေ့ဖို့ရန်အတွက် ထိုအိမ်သို့မောင်းလာသည့် ကားကိုသာတွေ့ခဲ့သည်။ ထိုကားမှလွဲ၍ တခြားဘာကိုမှမရှာတွေ့ခဲ့ပေ။

စုံစမ်းမှုရလဒ်ကြောင့် ထန်ပင်းစန်အလွန် အံ့ဩသွားရလေသည်။ ကြည့်ရတာ ‘ထန်အိုက်နင်း’ဘယ်မှာလဲ သိဖို့ဆို အရမ်းခက်ခဲနေတော့မှာပဲ။

သူသာ ‘ထန်အိုက်နင်း’နှင့်ပတ်သတ်လို့ အသုံးဝင်တာတစ်ခုခုရှာမတွေ့ရင် သူမကိုသတ်ဖို့ဆိုတာလဲ မဖြစ်နိုင်တော့ပေ။

တကယ်တမ်း ‘ထန်အိုက်နင်း’သည် ရုတ်တရက်ပေါ်လာတတ်ကာ ဘယ်သူမှမသိခင်မှာပဲ ပျောက်ကွယ်သွားနိုင်သူဖြစ်သည်။

ထန်ပင်းစန် အတော်ကြာတွေးကြည့်ပြီးနောက် ထို’ထန်အိုက်နင်း’သည် သူ့သေသွားသည့်သမီး ထန်အိုက်နင်း မဟုတ်မှန်း ပိုတောင်သေချာသွားသည်။ သူမသည် သူ့သေသွားသည့်သမီးနှင့် သူငယ်ချင်းကောင်းတွေသာဖြစ်နိုင်သည်။

ထန်အိုက်နင်း၏သူငယ်ချင်းကောင်းက ထန်အိုက်နင်း၏သေဆုံးမှုအတွက် လက်စားချေပေးရန် သူမကိုယ်သူမ ‘ထန်အိုက်နင်း’အဖြစ် သရုပ်ဖျက်ထားတာပဲဖြစ်မည်။

ဒီအတွေးက ပိုဖြစ်နိုင်ချေများသည်ဟု ထန်ပင်းစန်ယုံကြည်သွားတော့သည်။

ဒီ’ထန်အိုက်နင်း’က သူ့လက်ကြောင်းတွေကို ခြေရာဖျောက်နိုင်ကာ ထန်မိသားစုကို ဆန့်ကျင်ရဲမှတော့ သူလဲ သတိထားကာ ကြိုတင်ပြင်ဆင်ထားမှဖြစ်တော့မည်။

ဘာပဲဖြစ်ဖြစ် သူ့မှာ ‘ထန်အိုက်နင်း’၏ဓါတ်ပုံတွေအများကြီးရှိနေတာကြောင့် သူမကိုရှာရာတွင် အထောက်အကူဖြစ်ပေလိမ့်မည်။

……

နောက်တစ်နေ့မှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ကျီပိုင်ယင်းတို့ကိုသွားကြိုကာ လေဆိပ်သို့မောင်းပို့ပေးခဲ့ကြသည်။

လေဆိပ်မှအပြန်တွင်တော့ ကုနင်းက လင်ရှောင်းထင်ကို၊ “ကျွန်မမနက်ဖြန်လေယာဉ်နဲ့ Bမြို့ကိုပြန်ပြီး ရက်ပိုင်းလောက်နေဖြစ်မယ်။ ပြီးရင် Fမြို့ကိုပြန်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲသွားဖြေရမယ်။”

ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်အတွက် ရက်၂၀သာလိုတော့သည်။ ကုနင်းသည် အခုထိကျောင်းသူတစ်ယောက်သာဖြစ်နေသေးတာကြောင့် ဒီလိုအရေးကြီးစာမေးပွဲမဖြေခင် ကျောင်းပြန်တက်သင့်ပေပြီ။

ထို့အပြင် သူမ၏အထက်တန်းကျောင်းမှသူငယ်ချင်းများနှင့်လဲ အတူရှိနေချင်သေးသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲသာပြီးသားရင် သူတို့ချင်းပြန်တွေ့ဖို့က မလွယ်တော့ပေ။

“ကိုယ်လဲ တပ်ထဲကိုပြန်သွားရမှာဆိုတော့ မင်းနဲ့အတူ မလိုက်နိုင်လောက်တော့ဘူး။”

“ရပါတယ်။”

“ကျွန်မတို့ မြို့တော်က မထွက်ခင် အဖိုးလင်ရယ် သူ့မိတ်ဆွေတွေရယ်နဲ့ ညစာအတူစားကြရင်မကောင်းဘူးလား?” ကုနင်းအကြံပေးလိုက်သည်။

“ကောင်းတာပေါ့။”

ထို့နောက် ကုနင်းလဲ သခင်ကြီးလင်နှင့် သူ့မိတ်ဆွေကြီးများကို ဖုန်းဆက်ခေါ်လိုက်ကာ အားလုံးလဲ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သဘောတူခဲ့ကြသည်။

ထို့နောက် ကုနင်းက သူတို့အတွက် လင်ရှောင်းထင်၏အိမ်တွင် သူမကိုယ်တိုင်ချက်ပြုတ်ပေးနိုင်သည်ဟုပါ ထည့်ပြောလိုက်သေးသည်။

***

အခန်း ၁၁၃၉ ပိုင်လီမိသားစုနှင့်တွေ့ဆုံခြင်း

သခင်ကြီးလင်လဲ ကုနင်းချက်သည့်လက်ရာကို အမှန်မြည်းစမ်းကြည့်ချင်ပေမယ့် သူမမနက်ဖြန်ဆို ပြန်ရမည်ဖြစ်တာကြောင့် မပင်ပန်းစေလိုတော့ပေ။ ဒါကြောင့် သူတို့အပြင်မှာပဲထွက်စားဖို့ ဆုံးဖြတ်လိုက်ကာ သခင်ကြီးလင်ကို သူမနောက်တစ်ကြိမ်မှ ချက်ကျွေးဖြစ်ပေတော့မည်။

ကုနင်း အလွန်စိတ်အားထက်သန်နေမှန်းသိတာကြောင့် သခင်ကြီးလင်မငြင်းတော့ဘဲ စားသောက်ဆိုင်သာရွေးလိုက်သည်။

သူတို့အားလုံး ပတ်ဝန်းကျင်ရှုခင်းကောင်းသည့် စားသောက်ဆိုင်မျိုးကို သဘောကျကြတာကြောင့် လင်မိသားစုအိမ်တော်နှင့် သိပ်မဝေးသည့် တောင်ဗီလာတစ်ခုတွင်သာ ဆုံကြဖို့ သဘောတူလိုက်သည်။ အခုတော့ စောနေသေးတာကြောင့် ၆နာရီလောက်မှသာ ဆုံကြပေမည်။

ဒါကြောင့်ကုနင်းလဲ ရှန်းနဉ်လုပ်ငန်းစုသို့ ထွက်လာခဲ့သည်။

ကျီပိုင်ယင်း လေယာဉ်ပေါ်တက်ချိန် ကုနင်း၊ ရှုကျင်းချန်နှင့် ရှုချင်ယင်းတို့ကို စာပို့ခဲ့သည်။

ကုနင်းနှင့်ရှုချင်ယင်းတို့က ချက်ချင်းစာပြန်ခဲ့ကြသော်လည်း ရှုကျင်းချန်သည်တော့ စာကိုကြည့်ရင်း အတော်ကြာအောင် တိတ်ဆိတ်နေခဲ့လေသည်။

လေယာဉ်မကြာခင်ထွက်ခွာတော့မည်ဖြစ်တာကြောင့် ကျီပိုင်ယင်း ဖုန်းပိတ်လိုက်သည်။ သူမဖုန်းပိတ်လိုက်သည်အထိ ရှုကျင်းချန်ထံမှ ပြန်စာကိုမရခဲ့တာကြောင့် အနည်းငယ်စိတ်ပျက်သွားရသည်။

ကျီပိုင်ယင်း ဖုန်းပိတ်လိုက်ပြီးနောက်မှာတော့ ရှုကျင်းချန် စာပြန်ခဲ့လေပြီ။

ရှုကျင်းချန် : ဘေးကင်းတဲ့ခရီးစဉ်ဖြစ်ပါစေ။ မင်းရောက်သွားရင် အသိပေးပါဦး။

…….

ညနေ၄နာရီခွဲမှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ တောင်ဗီလာသို့ထွက်ခဲ့လေသည်။

ထိုနေရာသို့ရောက်အောင် နာရီဝက်လောက်သာမောင်းရမည်ဖြစ်သော်လည်း သူတို့က လူငယ်တွေဖြစ်တာကြောင့် အကြီးတွေကို လေးစားသည့်အနေဖြင့် စောရောက်နေသင့်သည်။

၅နာရီထိုးပြီးသိပ်မကြာခင်မှာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်နေခဲ့ကြပြီဖြစ်တာကြောင့် ဝန်းထဲလမ်းလျှောက်ထွက်ခဲ့ကြသည်။ စားသောက်ဖို့ သီးသန့်ခန်းတစ်ခန်းကတော့ ကြိုတင်မှာထားပြီးသားပင်။

တောင်ဗီလာ၏နာမည်သည် ဖီးနစ်ဗီလာဖြစ်ကာ ခေတ်ဟောင်းစတိုင်လ်အဆောက်အဦဂကိုမှ မှန်နံရံကြီးများတပ်ထာကာ သစ်ပင်ပန်းမန်ပေါင်းများစွာကိုလဲ အလှစိုက်ပျိုးထားသည်။

ဤမျှကြီးမားကာ လှပသည့်မြင်ကွင်းမျိုးရအောင် တည်ဆောင်နိုင်မှတော့ စားသောက်ဆိုင်တည်ထောင်သူသည် သေချာပေါက် အလွန်ချမ်းသာလောက်ပေမည်။

ဤစားသောက်ဆိုင်သည် ရှုမြင်ကွင်းကြောင့်သာမက အရသာရှိလှသည့်အစားအသောက်များကြောင့်လဲ နာမည်ကြီးသည်။

ဖီးနစ်ဗီလာရှိအရာရာတိုင်းသည် ဈေးကြီးလှတာကြောင့် ဤနေရာတွင် စားသောက်နိုင်သူများသည့် အထက်တန်းလွှာအသိုင်းအဝိုင်းများကသာဖြစ်ကြသည်။ ပုံမှန်အားဖြင့် သာမာန်ဟင်းပွဲတစ်ပွဲကိုတောင် ယွမ်သောင်းကျော်ကျတာကြောင့် သာမာန်လူများ လုံးဝမတတ်နိုင်ပေ။

ခဏကြာလမ်းလျှောက်ခဲ့ကြပြီးနောက် ကျင့်ကြံသူတွေဆီမှသာရတတ်သည့်အနံ့မျိုး ကုနင်းခံစားမိလိုက်တာကြောင့် ရုတ်တရက်ရပ်လိုက်ကာ ဘေးပတ်လည်ကိုလိုက်ရှာကြည့်ခဲ့သည်။

သီးသန့်ခန်းတစ်ခန်းထဲတွင် လူအိုကြီးတစ်ဦးနှင့် ၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ မျက်နှာချင်းဆိုင်ထိုင်နေကြကာ သူတို့သည် ကျင့်ကြံသူများသာ။

ကျင့်ကြံသူများတွင် အလိုလိုသိစိတ်မြင့်ကြောင်း ကုနင်းသိတာကြောင့် ချက်ချင်းအကြည့်ပြန်လွှဲလိုက်သည်။

ထိုသီးသန့်ခန်းနှင့် ၅မီတာခန့်အကွာတွင် ဒန်းတစ်ခုရှိကာ ကုနင်းလဲ သူတို့ဘာတွေပြောနေမှန်း သိချင်တာကြောင့် လင်ရှောင်းထင်ကို၊ “ရှောင်းထင်၊ ကျွန်မတို့ ဟိုဒန်းမှာ ခဏသွားနားကြရင်မကောင်းဘူးလား?”

ဒီတစ်ခေါက်တော့ သူမဘာကိုတွေ့ရှိထားလဲ လင်ရှောင်းထင်ကို မပြောဖို့ ကုနင်းဆုံးဖြတ်ထားသည်။

“ကောင်းပြီလေ။” လင်ရှောင်းထင် ချက်ချင်းသဘောတူလိုက်ကာ နှစ်ယောက်သား ဒန်းရှိရာသို့ သွားခဲ့ကြသည်။

ကုနင်း ဒန်းပေါ်တွင် အမြန်ဝင်ထိုင်လိုက်ကာ လင်ရှောင်းထင်ကတော့ သူမအတွက် ဒန်းကို အသာလေးတွန်းပေးလိုက်သည်။

ဒန်းစတင်ရွေ့လျားသွားနေသော်လည်း ကုနင်းကတော့ သီးသန့်ခန်းထဲမှအသံတွေကိုသာ အာရုံစိုက်နားထောင်နေလေသည်။

“ကျုံးရွှယ်၊ Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်းရဲ့ပိုင်ရှင်ကောင်မလေးက ကုနင်းလို့ ငါသိထားတယ်။ သူက အခု အထက်တန်းကျောင်းတက်နေတာ၊ ဒီနှစ်ရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဝင်ဖြေလိမ့်မယ်။ သူဘယ်တက္ကသိုလ်တက်ဖို့ စိတ်ကူးထားလဲတော့ငါမသိပေမယ့် မင်းကို သူ့ကျောင်းဆီအရင်ပို့ထားနိုင်တယ်။ မင်းရသမျှအခွင့်အရေးတိုင်း အမိအရဆုပ်ကိုင်ပြီး သူနဲ့သူငယ်ချင်းဖြစ်အောင်လုပ်။ မင်းတို့ သူငယ်ချင်းကောင်းတွေဖြစ်သွားရင် ငါတို့ သူ့ဆီကကျောက်စိမ်းတွေ ဝယ်ရတာ ပိုလွယ်သွားလိမ့်မယ်။” အဖိုးကြီးက လေးနက်သည့်အမူရာဖြင့်ပြောနေခဲ့သည်။

ထိုအကြောင်းကြားလိုက်ရသည့် ကုနင်းမှာတော့ အလွန်အံ့ဩသွားလေသည်။ ထိုကျင့်ကြံသူတွေလဲ သူမအကြောင်း စိတ်ဝင်စားနေလိမ့်မည်ဟု မထင်မှတ်ထားပေ။

“သိပ်ပါပြီ၊ ဖိုးဖိုး။” ပိုင်လီကျုံးရွှမ် ပြန်ဖြေလိုက်သည်။

ပိုင်လီကျုံးရွှမ်သည် ကျင့်ကြံခြင်းလောကရှိ အင်အားအကြီးဆုံးမိသားစုကြီးတွင် ဦးဆောင်နေသည့် ပိုင်လီမိသားစု၏ အကြီးဆုံးသခင်မလေးဖြစ်သည်။

အဖိုးကြီးသည်ကတော့ ပိုင်လီမိသားစု၏ခေါင်းဆောင် ပိုင်လီချီဖုန်းဖြစ်သည်။

Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် အရည်အသွေးမြင့်ကျောက်စိမ်းတွေ ထုတ်လုပ်နိုင်ပေမယ့် အရေအတွက်ကန့်သတ်၍သာ ဝယ်ယူ၍ရကြောင်း ပိုင်လီချီဖုန်းသိလိုက်ရသည်နှင့် သိချင်စိတ်များဖြစ်လာကာ အကြံတစ်ခုလဲပေါ်လာခဲ့သည်။ ကုနင်းနှင့်အသက်တူသည့် ပိုင်လီကျုံးရွှယ်ကို ကုနင်းနှင့်သူငယ်ချင်းဖွဲ့ဖို့ စေလွှတ်ဖို့ပင်။

သူတို့တွေက အရည်အသွေးမြင့်ကျောက်စိမ်းတွေ ပိုရချင်ရုံသာဖြစ်ပြီး ကုနင်းကိုလုပ်ကြံဖို့စိတ်ကူးမရှိပေ။ ကျောက်စိမ်းဖိုးတွေကိုလဲ အတိအကျပေးချေပေးမှာဖြစ်သည်။

ပိုင်လီကျုံးရွှယ်သည် ကုနင်းထက်ငယ်တာကြောင့် ကုနင်းနှင့်သူငယ်ချင်းဖွဲ့ဖို့ဆို ၁၂တန်းသို့ကျောက်တက်မှရပေမည်။

တကယ်တော့ ထိုကိစ္စကို စီစဉ်ပြီးထားပြီဖြစ်ကာ အခု ပိုင်လီချီဖုန်းက ကူညီပေးထားသူများကို ကျေးဇူးတင်ဖို့ ထမင်းစားဖိတ်ထားခြင်းဖြစ်သည်။

ပိုင်လီကျုံးရွှယ်သည် ပညာရေးပိုင်းတွင် အားသာတာကြောင့် ၁၂တန်းသို့ခုန်ကျော်တက်ဖို့ဆိုတာ မခက်ခဲလှပေ။ ကျင့်ကြံရေးကမ္ဘာတွင်တော့ အင်အားကြီးမိသားစုများ၏သားသမီးမျာသည်သာ သာမာန်လူများ၏ကမ္ဘာတွင် ကျောင်းတက်ခွင့်ရှိကြသည်။

နောက်ဆက်ပြီး ပိုင်လီချီဖုန်းက ပိုင်လီကျုံးရွှယ်ကို ရောက်တက်ရာရာစကားများပြောနေခဲ့သည်။

ကုနင်းလဲ တဖြည်းဖြည်းပျင်းလာတာကြောင့် လင်ရှောင်းထင်နှင့်အတူ သူမတို့ငှားထားသည့် သီးသန့်ခန်းသို့သာ ပြန်ခဲ့တော့သည်။

…..

အခုဆို ၅နာရီခွဲပြီဖြစ်ကာ သခင်ကြီးလင်တို့လဲ မကြာခင်ရောက်လာကြပေတော့မည်။

၅မိနစ်ကြာပြီးနောက် သခင်ကြီးလင်နှင့် လင်ရှောက်ရွှမ်းတို့ ရောက်လာကြသည်။

လင်ရှောက်ရွှမ်းကတော့ သူ့အဖိုး ကုနင်းနှင့်ညနေစာအတူစားဖို့သွားမည်မှန်း သိလိုက်ရသည်နှင့် သူ့အဖိုးနှင့်အတူ အတင်းတွယ်ကပ်လိုက်လာခဲ့ခြင်းဖြစ်သည်။

သခင်ကြီးလင်ရောက်လာသည်နှင့် ကုနင်းနှင့်လင်ရှောင်းထင်လဲ နှုတ်ဆက်ဖို့ရန် ချက်ချင်းမတ်တပ်ထရပ်လိုက်ကြသည်။

***

အခန်း ၁၁၄၀ ဝိတ်ကျသွားပြန်ပြီ!

“ဟိုင်း၊ ဖိုးဖိုးလင်၊ ရှောက်ရွှမ်း!” ကုနင်း ပြုံးကာနှုတ်ဆက်လိုက်သည်။

“တွေ့ပြန်ပြီနော်၊ မရီးရေ။” ကုနင်း လင်မိသားစုထဲ လက်ထပ်မဝင်ရသေးမှန်း လင်ရှောက်ရွှမ်းသိနေသော်လည်း သူ့အဖိုးနှင့်လင်ရှောင်းထင်တို့က ကုနင်းကို အရမ်းသဘောကျနေကြပြီဖြစ်သည်။ သူသည်လဲ ကုနင်းလိုမျိုး မရီးတစ်ယောက်ရချင်မိသည်။

လင်ရှောက်ရွှမ်း သူမကို မရီးဟုခေါ်လိုက်တာကြောင့် ကုနင်းအနည်းငယ်ရှက်သွားမိသော်လည်း သခင်ကြီးလင်နှင့်လင်ရှောင်းထင်သည်တော့ အလွန်ကျေနပ်နေကြသည်။

“ထိုင်ကြပါဦး။”

“နင်းနင်း၊ မင်း ဝိတ်ကျသွားပြန်ပြီ! မတွေ့ရတာဖြင့် ရက်ပိုင်းလေးပဲရှိသေးတယ်။ အစားစားဖို့တောင် မအားဘူးလား?” သခင်ကြီးလင် ပြောရင်း လင်ရှောင်းထင်ကို အပြစ်တင်ဟန်လှမ်းကြည့်လိုက်သည်။

တကယ်တမ်း သခင်ကြီးလင်သည် အမြဲတမ်းဆိုသလို လင်ရှောင်းထင်က ကုနင်းကို သူ့ထက်ပိုဂရုစိုက်သည့်အတွက် အပြစ်တင်လေ့ရှိပေမယ့် သူကိုယ်တိုင်ကလဲ လင်ရှောင်းထင်ထက် ကုနင်းကိုပိုဂရုစိုက်မိနေကြောင်းကိုတော့ မေ့နေခဲ့သည်။

သခင်ကြီးလင်သည် သူ့မြေးချွေးမလောင်း၏နောက်ခံမိသားစုအကြောင်း အထူးအရေးမထားသော်လည်း ပြောဆိုရလွယ်ကူသည့်မိန်းကလေးမျိုးကိုတော့ သဘောကျသည်။ ဒီလိုလိုက်လျောညီထွေရှိသည့်မိန်းကလေးမှသာ သူလဲ ဆက်ဆံရပိုလွယ်ကူပေလိမ့်မည်။

“အဲ့လိုမဟုတ်ပါဘူး။ ပုံမှန်လိုအများကြီးပဲ စားဖြစ်ပါတယ်။” ကုနင်းကတော့ သူမကိုယ်သူမ ဝိတ်အရမ်းကျသွားသည်ဟု မထင်သော်လည်း လူကြီးများအမြင်မှာတော့ သူမကတော်တော်လေးပိန်နေလောက်သည်။

သူမရွယ်တူများနှင့်ယှဉ်လျှင် သူမကပိုတောင်ထွားသေးသည်။ မိန်းကလေးအများစုသည် ပိုပိန်လေပိုကောင်းလေဟု တွေးကြပေမယ့် ကုနင်းကတော့ မတူပေ။ သူမကတော့ လေ့ကျင့်ခန်းများများလုပ်၍ရလာသည့် ကျန်းမာကာ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်အချိုးအစားမျိုးကို ပိုနှစ်သက်သည်။

“မင်းတို့အရွယ်မိ်နးကလေးတွေက ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး အရမ်းအာရုံထားမှန်းသိပါတယ်၊ ဒါပေမယ့် ငါကတော့ ပိန်တဲ့မိန်းကလေးကို လှတယ်လို့မထင်ဘူး။ ကျန်းကျန်းမာမာရှိနေဖို့ ပိုလိုလားတယ်။”

သခင်ကြီးလင် သူမကိုဂရုစိုက်သောကြောင့် ပြောနေမှန်းသိ၍ ကုနင်း ရင်ထဲခံစားသွားရသည်။

“လင်ဖိုးဖိုး၊ ကျွန်မအတွက် မစိုးရိမ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်နိုင်ပါတယ်။ လေ့ကျင့်ခန်းလဲ မှန်မှန်လုပ်ဖြစ်တယ်။ ပြီးတော့ ကျွန်မကို သန်စွမ်းပြီး အားအင်ပြည့်နေစေဖို့အတွက် မှော်ဆေးလုံးတွေလဲ ရှိသေးတယ်။” ကုနင်းပြုံးကာ ရှင်းပြလိုက်သည်။

ဒီတော့မှ သခင်ကြီးလင်လဲ ကုနင်းတွင် မှော်ဆေးလုံးတွေအများကြီးရှိမှန်း ပြန်အမှတ်ရသွားသည်။ ကုနင်းအဖို့ မကျန်းမာဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူမရဲ့မှော်ဆေးလုံးတွေနဲ့ လူတွေအများကြီးကိုတောင် ကုသပေးခဲ့ပြီးပြီမဟုတ်လား။

“ဟ-ဟ၊ ဟုတ်သားပဲ။”

ထိုအခါမှ သခင်ကြီးလင် နောက်ဆုံးတော့ လင်ရှောင်းထင်ဘက် လှည့်ကြည့်တော့သည်။ သို့သော်လည်း မေးခွန်းကတော့ ကုနင်းအတွက်ပင်။ “နင်းနင်း၊ ရှောင်းထင် မင်းကို စိတ်ဆိုးအောင်လုပ်သေးလား?”

ကုနင်း ရုတ်တရက်ကြောင်သွားကာ ရယ်ချင်သွားတော့သည်။ “မလုပ်ပါဘူး။ ရှောင်းထင် ကျွန်မကိုကောင်းကောင်းဆက်ဆံပေးပါတယ်။”

“ကောင်းတယ်၊ သူမင်းကို စိတ်တိုအောင်လုပ်ရဲရင် အဖိုးကိုပြော။ အဖိုး သမီးကိုကူပြီး သူ့ကိုပညာပြပေးမယ်။”

လင်ရှောင်းထင်လဲ ရယ်လိုက်မိသည်။ သူ သေချာပေါက် ကုနင်းကို စိတ်ဆိုးအောင်လုပ်မည်မဟုတ်ပေ။

ကုနင်း လင်ရှောင်းထင်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ၊ “ဟုတ်ကဲ့ပါ၊ ရှောင်းထင် သမီးကိုစိတ်ဆိုးအောင်လုပ်ရဲရင် အဖိုးကိုပြောပါ့မယ်။”

တကယ်တမ်း သခင်ကြီးလင် ထိုသို့ပြောရခြင်းမှာ တစ်နေ့နေ့တစ်ချိန်ချိန်ကျ လင်ရှောင်းထင်ကို ကုနင်းထားသွားခဲ့မည်စိုးသောကြောင့်ဖြစ်သည်။

လင်ရှောင်းထင်၏အဖိုးတစ်ယောက်အနေနဲ့ သခင်ကြီးလင်ကတော့ လင်ရှောင်းထင် ကုနင်းကို ကောင်းကောင်းစောင့်ရှောက်မည်မှန်း ယုံကြည်သည်။ အခုလိုပြောရတာက သူ သူမကိုဘယ်လောက်အရေးထားကြောင်း ကုနင်းသိသွားစေဖို့သာဖြစ်သည်။

………

ခဏကြာပြီးနောက် သခင်ကြီးရှုရောက်လာခဲ့သည်။

“မင်္ဂလာပါ၊ ရှုဖိုးဖိုး။” ကုနင်း ထရပ်ကာနှုတ်ဆက်လိုက်ပြီး လင်ရှောင်းထင်နှင့် လင်ရှောက်ရွှမ်းတို့ကပါ၊ “ဟိုင်း၊ ရှုဖိုးဖိုး။”

“မတွေ့တာကြာပြီပဲ၊ ကောင်မလေးကု!”

“ဒီရက်တွေအတွင်း လာမတွေ့မိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒီညမှပဲ ဆုံဖြစ်တော့တယ်။”

“ကောင်မလေးကု၊ မင်းဒီလောက်ငယ်ငယ်လေးနဲ့ အလုပ်တွေအရမ်းလုပ်နေဖို့ မလိုပါဘူး။ တခြားဆယ်ကျော်သက်တွေဆို ပျော်ပါးနေကြတာ၊ မင်းကတော့ တစ်ချိန်လုံး အလုပ်ထဲမှာပဲ။” သခင်ကြီးရှုထပ်ပြောလိုက်သည်။

“ကျွန်မ ကိုယ်ပိုင်အစီအစဉ်နဲ့မို့ပါ၊ ပြီးတော့ တစ်နေ့လုံးအပြင်ထွက်လည်ရတာမျိုးလဲ သဘောမကျလို့ပါ။”

သူမတကယ်ကို စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အရမ်းရှုပ်နေခဲ့သည်။ သူမပြန်မွေးဖွားရုံရှိသေး သူမနှင့်ကုမန့်တို့၏ဘဝတွေက အလွန်ခက်ခဲနေတာကြောင့် သူမလဲ သူမတို့ဘဝကိုပြောင်းလဲပစ်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဒါ့အပြင် သူမရန်သူတွေကို လက်စားချေဖို့လဲ လိုသေးသည်။

သူမသာ ဒုက္ခတွေအများကြီး မဖြတ်ကျော်ခဲ့ရလျှင် တခြားဆယ်ကျော်သက်တွေလိုပဲ ပျော်ပျော်ပါးပါးနေမိပေမည်။ သို့သော်လည်း သူမရည်မှန်းချက်တွေ ပြည့်ဝဖို့ရန်အတွက် မြန်နိုင်သမျှမြန်မြန်အောင်မြင်ဖို့ရန် အလုပ်ကြိုးစားဖို့လိုသည်။

…..

အတော်ကြာပြီးနောက်မှာတော့ ကျန်းကျုံးယွီနှင့် ကျန်းယွေ့နဉ်တို့ ရောက်လာကြသည်။

ကျန်းယွေ့နဉ်ကို သူတို့နဲ့အတူ ညနေစာလာစားရန် လင်ရှောက်ရွှမ်း ခေါ်ထားခဲ့ခြင်းဖြစ်သည်။

အရင်တစ်ခေါက် ကုနင်းက သူတို့ကိုကယ်တင်ခဲ့ကာ အတိုက်အခိုက်ပြိုင်ပွဲတွင် ဖန်းယွင်လုံကိုလဲ အနိုင်ယူခဲ့တာကြောင့် သူတို့နှစ်ယောက်လုံး ကုနင်းဖန်များဖြစ်လာခဲ့ကြသည်။ ကုနင်းသာ လင်ရှောင်းထင်၏ချစ်သူဟုတ်မနေလျှင် သူမနှင့်ပိုပြီးဆုံဖြစ်ကြပေလိမ့်မည်။

လင်ရှောက်ရှီသည်လဲ ကုနင်းက သူမယောက်မလောင်းမှန်း ကျောင်းကအတန်းဖော်များသိသွားသည်နှင့် အထူးအာရုံစိုက်ခံရကာ အားကျခံနေရသည်။

တခြားလူတွေ သူမကိုမနာလိုဖြစ်နေသည်ကိုကြည့်ရင်း လင်ရှောက်ရှိကတော့ ပျော်ရွှင်ကျေနပ်နေလေသည်။

***

All Chapters